ပတ္၀န္းက်င္ႏွင့္ အက်င့္စရိုက္မ်ား

Posted on

ေရးသားသူ – Ko Kyaw Hlaing Win

ဒီဓာတ္ပုံ (၂)ပုံကို ႏိႈင္းယွဥ္ၾကည့္ပါ။ ဘာမ်ား ကြာျခားမႈရွိပါသလဲ။ ပထမပုံ။ ေဘစင္ နီညိဳေရာင္။ ႐ုံးတစ္႐ုံးမွာ ေတြ႕ခဲ့တာပါ။ ေခ်းအထပ္ထပ္ ညစ္ေထးေပပြလို႔ ျမင္တာနဲ႔ ေအာ့အန္ခ်င္စရာအတိ။

ဒုတိယပုံ။ ေဘစင္ အျဖဴေရာင္။ ကုမၸဏီ႐ုံးခန္းတစ္ခုမွာ ေတြ႕ခဲ့ရတယ္။ သန္႔ျပန္႔ၿပီး ျဖဴေဖြးေတာက္ပ၀င္းလက္လို႔။

ပထမ ေဘစင္နီညိဳေရာင္။


တစ္႐ုံးလုံး အသုံးျပဳၾကတယ္။ လူတိုင္း အသုံးျပဳၿပီးတာနဲ႔ ခ်ာကနဲ လွည့္ထြက္သြားၾကတယ္။ တစ္ေယာက္မွ ေဘစင္ကို ေဆးေၾကာဖို႕ သတိမရၾက။ စိတ္ကူးထဲေတာင္မထည့္။ အဲဒီ႐ုံးတစ္႐ုံးလုံးက ၀န္ထမ္းေတြကိုၾကည့္ရတာလည္း ေလ်ာ့တိေလ်ာ့ရဲ။ မနက္ကို ၁၀း၃၀ မွ႐ုံးစေရာက္။ အခ်ိန္ေလွ်ာက္ျဖဳန္း။ သုန္မႈန္မ်က္ႏွာနဲ႔ ဟိုေအာ္၊ ဒီေအာ္။ ညေန ၄နာရီအတိမွာ အလွ်ဳိလွ်ဳိျပန္ေျပးၾက။ ႐ုံးလာတဲ့ ဧည့္သည္ေတြကို ဘယ္လို တြယ္လိုက္ရမလဲဆိုတဲ့ စြန္ရဲမ်က္လုံးႀကီးေတြနဲ႔ ၾကည့္တတ္တာကလဲြၿပီး ေစတနာ နတိၱ။

ဒုတိယ ေဘစင္အျဖဴေရာင္။


ကုမၸဏီ၀န္ထမ္းအေယာက္တိုင္း အသုံးျပဳၿပီးတိုင္း ေဘစင္ကို နည္းနည္းျဖစ္ျဖစ္ ေဆးေၾကာသြားတတ္ၾကတယ္။ အုပ္ခ်ဳပ္သူမ်ားက ေလ့က်င့္သင္ၾကားေပးထားၾကတာလည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုေဆးေၾကာရလြယ္ေအာင္ အၾကမ္းဖတ္နဲ႕ ဆပ္ျပာတုံးကို ေဘစင္နားအသင့္ထားေပးထားတာကလည္း ခ်ီးက်ဳးစရာပါ။ သူတို႕႐ုံးက ၀န္ထမ္းအားလုံး မ်က္ႏွာေတြၾကည္လင္ရႊင္ျပ ျပဳံးခ်ဳိေနၾကတယ္။ တက္ၾကြေနၾကတယ္။ အ၀တ္အစားေတြသပ္ရပ္ေနၾကတယ္။ ၀န္ထမ္းေတြ အားလုံး အလုပ္လုပ္ၾကတာ သိပ္ေစတနာပါတယ္။ သူတို႔ ကုမၸဏီလုပ္ငန္းေတြလည္း တစ္ေန႔ထက္တစ္ေန႔ ေအာင္ျမင္လို႕ေပါ့။

တကယ္ေတာ့ မိမိပတ္၀န္းက်င္က ပစၥည္း၊ ပစၥယေတြ သန္႕ရွင္းေတာက္ေျပာင္ သစ္လြင္ေနျခင္းဟာ မိမိရဲ႕ စိတ္ဓာတ္ကို တက္ၾကြမႈ၊ လန္းဆန္းမႈ၊ ေပ်ာ္ရႊင္မႈ၊ ခြန္အားေတြ ေျမာက္မ်ားစြာ ေပးပါတယ္။ ဒီလို စိတ္ဓာတ္ခြန္အားေတြဟာ မိမိရဲ႕ အလုပ္ ေအာင္ျမင္မႈ၊ ဆုံးျဖတ္ခ်က္ မွန္ကန္မႈေတြကို တစ္ေန႕နည္းနည္းစီ ေကာင္းက်ဳိးသက္ေရာက္မႈေပးသြားပါတယ္။

ဒီေန႔ ထိပ္တန္း ဂ်ပန္ႏိုင္ငံဟာ ဒီအေလ့အထကို ေကာင္းေကာင္းႀကီး အသုံးခ်သြားခဲ့တာပါ။ ဂ်ပန္ဟာ ေက်ာင္းစတက္စဥ္ ကေလးဘ၀ကတည္းက မိမိေရခ်ဳိးခန္း၊ အိမ္သာ ကိုယ့္ဘာသာကိုယ္ေဆးတတ္တဲ့အေလ့အက်င့္ကို အထူးအေလးေပးျခင္းနဲ႔ ပတ္သက္လို႔ ကမာၻေက်ာ္ပါတယ္။ ဂ်ပန္မွာ ေကာ္ပိုေရးရွင္းႀကီးေတြရဲ႕ ဥကၠဌမ်ား၊ CEO မ်ားကိုယ္တိုင္ေတာင္ အိမ္သာကို ကိုယ္တိုင္ေဆးေၾကာေနၾကတယ္ဆိုတာ မွတ္သားေလ့လာဖူးပါတယ္။

တစ္ခါတုန္းက FB ေပၚမွာ ဂ်ပန္ေက်ာင္းသူေလးမ်ား ေက်ာင္းက အမ်ားသုံးသန္႔စင္ခန္းေတြကို ကုိယ္တိုင္ မရြံမရြာေဆးေၾကာေနၾကတဲ့ Post တစ္ခုကို အားလုံး ဖတ္ဖူးၾကမွာပါ။ ဒီလို အက်င့္ေကာင္း၊ စိတ္ဓာတ္ေကာင္းေတြကပဲ ဂ်ပန္ေတြကို Total Quality Management နဲ႕ ထုံမႊမ္းတဲ့ႏိုင္ငံ ျဖစ္ေစခဲ့ၿပီး ကမာၻ႕ထိပ္တန္းစာရင္း၀င္ႏိုင္ငံၾကီးအျဖစ္ တြန္းပို႕ခဲ့တာပါ။

ကၽြန္ေတာ္ဟာ ငယ္စဥ္ကေလးဘ၀တစ္ေလွ်ာက္လုံး တ႐ုတ္လူမ်ဳိးအရမ္းမ်ားျပားတဲ့ ျမစ္ႀကီးနားမွာ ေနခဲ့ရေတာ့ တ႐ုတ္လူမ်ဳိး မိဘေတြက ကိုယ့္သားသမီးေတြကို နံနက္အိပ္ယာထရင္ အိပ္ယာ၊ ေစာင္၊ ျခင္ေထာင္ ေသခ်ာေခါက္ဖို႕၊ သိမ္းဖို႕၊ အိမ္သာ၊ ေရခ်ဳိးခန္းမ်ား ကိုယ္တိုင္ ေဆးေၾကာဖို႕ ၊ ကုိယ့္အခန္းကိုယ္ ၾကမ္းတိုက္၊ တံမ်က္စည္းလွည္းဖို႕ အစဥ္ပုံစံသြင္းေလ့က်င့္ေပးေနၾကတာ မေရမတြက္ႏိုင္ေအာင္ ျမင္ေတြ႕ခဲ့ရပါတယ္။ အဲဒီလို ပုံသြင္းခံရတဲ့ တ႐ုတ္လူငယ္မ်ားဟာ ဒီေန႕မွာ အျခားလူမ်ဳိးမ်ားထက္ စီးပြားေရးေအာင္ျမင္ေနတာကို ေတြ႕ရွိေနရပါတယ္။

အားနာနာနဲ႔ ကိုယ့္ေပါင္ကိုယ္လွန္ေထာင္းရရင္ ျမန္မာလူမ်ဳိးအမ်ားစုကေတာ့ သားသမီးကို ပုံသြင္းရာမွာ အဲဒီ အေလ့အက်င့္ေလးမ်ား အားနည္းေနသလားလို႕ ထင္မိတယ္။ အလုပ္ခြင္မွာ တပည့္ေလးေတြကို အဲဒီလို လုပ္ဖို႔ ပညာေပးရင္ အားလုံးက ကိုယ့္ကို အ႐ူးတစ္ေယာက္လို ေၾကာင္ၿပီး ၾကည့္ေနၾကေရာ။ အတင္းအၾကပ္ ေျပာရင္ေတာ့ ေဆာင့္ၾကီးေအာင့္ၾကီးနဲ႕ လုပ္တတ္တယ္။ၿပီးရင္ ကြယ္ရာမွာ အတင္းေျပာတယ္။

“ဆရာက ငါတို႔ကို ဘာေတြလုပ္ခိုင္းေနမွန္းမသိဘူး။ သန္႔ရွင္းေရး၀န္ထမ္းေတြ လုပ္ရမယ့္ အလုပ္ႀကီးကို။ မဆိုင္တာေတြ လာခိုင္းေနတယ္။ အရစ္ရွည္ႀကီး..” စသျဖင့္ေပါ့။ တစ္ေခါက္၊ ႏွစ္ေခါက္ လုပ္ၿပီး ေနာက္မလုပ္ၾကေတာ့ပါဘူး။

လူငယ္ အမ်ားစုက ဒီလိုမလုပ္ခ်င္ၾကပါဘူး။ သူတို႔ အေနနဲ႔လည္း ဒီလို မလုပ္လိုက္ရတာကို ေပ်ာ္ရႊင္ေက်နပ္ ဂုဏ္ယူၾကပါတယ္။ ေနာက္ပိုင္း ဘယ္လိုျဖစ္လာသလဲဆိုေတာ့ သူတို႔လုပ္ကိုင္တဲ့ အလုပ္ထဲထိပါ အဲဒီအက်င့္ေတြက ကူးစက္လာပါတယ္။ အစစအရာရာ တြက္ကပ္မႈ၊ ေရသာခိုမႈေတြ ျပည့္ႏွက္လာတယ္။ တာ၀န္ယူမႈေတြ အရမ္းအားနည္းလာတယ္။ ေခါင္းေရွာင္၊ မ်က္ႏွာလႊဲတတ္လာတယ္။ ပတ္၀န္းက်င္ထိန္းသိမ္းမႈ အသိတရား၊ ဗဟုသုတ ဘာမွ မရွိေတာ့ဘူး။

႐ုံးစားပဲြ၊ ဗီ႐ိုတစ္ခုလုံး ေျဗာင္းဆန္ရႈပ္ပြေနလည္း မရွင္းဘူး။ ကိုယ္အသုံးျပဳေနက်ျဖစ္တဲ့ ကိရိယာ၊ ပစၥည္းေလးတစ္ခုေပ်ာက္သြားတဲ့အခါ ၾကိဳးစားျပီး ရွာလိုစိတ္မရွိေတာ့ဘူး။ အသစ္ထပ္၀ယ္ခိုင္းတယ္။ ေနာက္ပိုင္း ဘယ္အလုပ္ကိုမွ ေသေသသပ္သပ္လုပ္လိုစိတ္မရွိေတာ့ဘူး။အလြယ္လုပ္ခ်င္စိတ္မ်ားလာတယ္။ ဒီလိုနဲ႔ မေကာင္းတဲ့အက်င့္၊ အလြယ္လိုက္တဲ့စိတ္ေတြ မ်ားသထက္မ်ားလာပါေတာ့တယ္။ ခုဆိုရင္ လူတန္းစားအလႊာအသီးသီးကို ကူးစက္စျပဳေနၿပီလို႕ေတာင္ ေျပာႏိုင္ပါတယ္။

အေရးႀကီးဆုံးတစ္ခ်က္က မိမိကုိယ္ကို မိမိ ေလးစားတဲ့စိတ္ပါ။ မိမိေနရာထိုင္ခင္း၊ ကုတင္၊ စားပဲြ၊ စာအုပ္စင္၊ ႐ုံးခန္း၊ ေရခ်ဳိးခန္းတို႕ကို ေန႕တိုင္း သန္႕ရွင္းသပ္ရပ္စြာ ထားၾကည့္ပါ။ အဲဒီလို လုပ္ရင္းနဲ႕ စိတ္ဓာတ္အၾကည္ဓာတ္ေတြ ျဖစ္ေပၚလာၿပီးေတာ့ မိမိကုိယ္မိမိလည္း ေလးစားစိတ္ေတြျဖစ္ေပၚလာပါတယ္။ ဒီစိတ္ဓာတ္ဟာ လူ႕ဘ၀မွာ အလြန္အေရးပါလွပါတယ္။

ပရမ္းပတာ ေနထိုင္တတ္သူတစ္ေယာက္ဟာ သူ႕ကိုယ္သူ ေလးစားအထင္ၾကီးစိတ္ေတြ ေပ်ာက္ဆုံးေနတာ ဘယ္သူသိသိ၊ မသိသိ သူ႕ဟာသူ သိပါတယ္။ သူတို႕ကေတာ့ ကိုယ့္ကိုကိုယ္ ေျဖသိမ့္တဲ့စကားတစ္ခြန္းရွိပါတယ္။ ကမာၻေက်ာ္ပုဂၢိဳလ္ႀကီးေတြ အိပ္ခန္းကလည္း ရႈပ္ပြေနတာပါပဲတဲ့။ ဒါေပမယ့္ ဒါမ်ဳိးဥပမာဟာ အမ်ားစုကို ကိုယ္စားမျပဳပါဘူး။ ဟိုကပုဂၢိဳလ္ႀကီးရဲ႕ ေကာင္းကြက္ (၁၀၀)ကိုေတာ့ တစ္ခုမွ အတုမယူႏိုင္ပဲ ဆိုးတဲ့တစ္ကြက္ေလးကို သြားအတုယူသလို ျဖစ္ေနပါတယ္။

ႏိုင္ငံထူေထာင္ရာမွာ မ်ဳိးဆက္သစ္ေလးမ်ား စိတ္ေနျမင့္မားဖို႕ ေစတနာျဖင့္ အမုန္းခံ ေရးပါသည္။

Kyaw Hlaing Win


ပတ်ဝန်းကျင်နှင့် အကျင့်စရိုက်များ (unicode)

ရေးသားသူ – Ko Kyaw Hlaing Win

ဒီဓာတ်ပုံ (၂)ပုံကို နှိုင်းယှဉ်ကြည့်ပါ။ ဘာများ ကွာခြားမှုရှိပါသလဲ။ ပထမပုံ။ ဘေစင် နီညိုရောင်။ ရုံးတစ်ရုံးမှာ တွေ့ခဲ့တာပါ။ ချေးအထပ်ထပ် ညစ်ထေးပေပွလို့ မြင်တာနဲ့ အော့အန်ချင်စရာအတိ။

ဒုတိယပုံ။ ဘေစင် အဖြူရောင်။ ကုမ္ပဏီရုံးခန်းတစ်ခုမှာ တွေ့ခဲ့ရတယ်။ သန့်ပြန့်ပြီး ဖြူဖွေးတောက်ပဝင်းလက်လို့။

ပထမ ဘေစင်နီညိုရောင်။
တစ်ရုံးလုံး အသုံးပြုကြတယ်။ လူတိုင်း အသုံးပြုပြီးတာနဲ့ ချာကနဲ လှည့်ထွက်သွားကြတယ်။ တစ်ယောက်မှ ဘေစင်ကို ဆေးကြောဖို့ သတိမရကြ။ စိတ်ကူးထဲတောင်မထည့်။ အဲဒီရုံးတစ်ရုံးလုံးက ဝန်ထမ်းတွေကိုကြည့်ရတာလည်း လျော့တိလျော့ရဲ။ မနက်ကို ၁၀း၃၀ မှရုံးစရောက်။ အချိန်လျှောက်ဖြုန်း။ သုန်မှုန်မျက်နှာနဲ့ ဟိုအော်၊ ဒီအော်။ ညနေ ၄နာရီအတိမှာ အလျှိုလျှိုပြန်ပြေးကြ။ ရုံးလာတဲ့ ဧည့်သည်တွေကို ဘယ်လို တွယ်လိုက်ရမလဲဆိုတဲ့ စွန်ရဲမျက်လုံးကြီးတွေနဲ့ ကြည့်တတ်တာကလွဲပြီး စေတနာ နတ္တိ။

ဒုတိယ ဘေစင်အဖြူရောင်။
ကုမ္ပဏီဝန်ထမ်းအယောက်တိုင်း အသုံးပြုပြီးတိုင်း ဘေစင်ကို နည်းနည်းဖြစ်ဖြစ် ဆေးကြောသွားတတ်ကြတယ်။ အုပ်ချုပ်သူများက လေ့ကျင့်သင်ကြားပေးထားကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆေးကြောရလွယ်အောင် အကြမ်းဖတ်နဲ့ ဆပ်ပြာတုံးကို ဘေစင်နားအသင့်ထားပေးထားတာကလည်း ချီးကျုးစရာပါ။ သူတို့ရုံးက ဝန်ထမ်းအားလုံး မျက်နှာတွေကြည်လင်ရွှင်ပြ ပြုံးချိုနေကြတယ်။ တက်ကြွနေကြတယ်။ အဝတ်အစားတွေသပ်ရပ်နေကြတယ်။ ဝန်ထမ်းတွေ အားလုံး အလုပ်လုပ်ကြတာ သိပ်စေတနာပါတယ်။ သူတို့ ကုမ္ပဏီလုပ်ငန်းတွေလည်း တစ်နေ့ထက်တစ်နေ့ အောင်မြင်လို့ပေါ့။

တကယ်တော့ မိမိပတ်ဝန်းကျင်က ပစ္စည်း၊ ပစ္စယတွေ သန့်ရှင်းတောက်ပြောင် သစ်လွင်နေခြင်းဟာ မိမိရဲ့ စိတ်ဓာတ်ကို တက်ကြွမှု၊ လန်းဆန်းမှု၊ ပျော်ရွှင်မှု၊ ခွန်အားတွေ မြောက်များစွာ ပေးပါတယ်။ ဒီလို စိတ်ဓာတ်ခွန်အားတွေဟာ မိမိရဲ့ အလုပ် အောင်မြင်မှု၊ ဆုံးဖြတ်ချက် မှန်ကန်မှုတွေကို တစ်နေ့နည်းနည်းစီ ကောင်းကျိုးသက်ရောက်မှုပေးသွားပါတယ်။

ဒီနေ့ ထိပ်တန်း ဂျပန်နိုင်ငံဟာ ဒီအလေ့အထကို ကောင်းကောင်းကြီး အသုံးချသွားခဲ့တာပါ။ ဂျပန်ဟာ ကျောင်းစတက်စဉ် ကလေးဘဝကတည်းက မိမိရေချိုးခန်း၊ အိမ်သာ ကိုယ့်ဘာသာကိုယ်ဆေးတတ်တဲ့အလေ့အကျင့်ကို အထူးအလေးပေးခြင်းနဲ့ ပတ်သက်လို့ ကမ္ဘာကျော်ပါတယ်။ ဂျပန်မှာ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဥက္ကဌများ၊ CEO များကိုယ်တိုင်တောင် အိမ်သာကို ကိုယ်တိုင်ဆေးကြောနေကြတယ်ဆိုတာ မှတ်သားလေ့လာဖူးပါတယ်။

တစ်ခါတုန်းက FB ပေါ်မှာ ဂျပန်ကျောင်းသူလေးများ ကျောင်းက အများသုံးသန့်စင်ခန်းတွေကို ကိုယ်တိုင် မရွံမရွာဆေးကြောနေကြတဲ့ Post တစ်ခုကို အားလုံး ဖတ်ဖူးကြမှာပါ။ ဒီလို အကျင့်ကောင်း၊ စိတ်ဓာတ်ကောင်းတွေကပဲ ဂျပန်တွေကို Total Quality Management နဲ့ ထုံမွှမ်းတဲ့နိုင်ငံ ဖြစ်စေခဲ့ပြီး ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နိုင်ငံကြီးအဖြစ် တွန်းပို့ခဲ့တာပါ။

ကျွန်တော်ဟာ ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံး တရုတ်လူမျိုးအရမ်းများပြားတဲ့ မြစ်ကြီးနားမှာ နေခဲ့ရတော့ တရုတ်လူမျိုး မိဘတွေက ကိုယ့်သားသမီးတွေကို နံနက်အိပ်ယာထရင် အိပ်ယာ၊ စောင်၊ ခြင်ထောင် သေချာခေါက်ဖို့၊ သိမ်းဖို့၊ အိမ်သာ၊ ရေချိုးခန်းများ ကိုယ်တိုင် ဆေးကြောဖို့ ၊ ကိုယ့်အခန်းကိုယ် ကြမ်းတိုက်၊ တံမျက်စည်းလှည်းဖို့ အစဉ်ပုံစံသွင်းလေ့ကျင့်ပေးနေကြတာ မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရပါတယ်။ အဲဒီလို ပုံသွင်းခံရတဲ့ တရုတ်လူငယ်များဟာ ဒီနေ့မှာ အခြားလူမျိုးများထက် စီးပွားရေးအောင်မြင်နေတာကို တွေ့ရှိနေရပါတယ်။

အားနာနာနဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရရင် မြန်မာလူမျိုးအများစုကတော့ သားသမီးကို ပုံသွင်းရာမှာ အဲဒီ အလေ့အကျင့်လေးများ အားနည်းနေသလားလို့ ထင်မိတယ်။ အလုပ်ခွင်မှာ တပည့်လေးတွေကို အဲဒီလို လုပ်ဖို့ ပညာပေးရင် အားလုံးက ကိုယ့်ကို အရူးတစ်ယောက်လို ကြောင်ပြီး ကြည့်နေကြရော။ အတင်းအကြပ် ပြောရင်တော့ ဆောင့်ကြီးအောင့်ကြီးနဲ့ လုပ်တတ်တယ်။ပြီးရင် ကွယ်ရာမှာ အတင်းပြောတယ်။

“ဆရာက ငါတို့ကို ဘာတွေလုပ်ခိုင်းနေမှန်းမသိဘူး။ သန့်ရှင်းရေးဝန်ထမ်းတွေ လုပ်ရမယ့် အလုပ်ကြီးကို။ မဆိုင်တာတွေ လာခိုင်းနေတယ်။ အရစ်ရှည်ကြီး..” စသဖြင့်ပေါ့။ တစ်ခေါက်၊ နှစ်ခေါက် လုပ်ပြီး နောက်မလုပ်ကြတော့ပါဘူး။

လူငယ် အများစုက ဒီလိုမလုပ်ချင်ကြပါဘူး။ သူတို့ အနေနဲ့လည်း ဒီလို မလုပ်လိုက်ရတာကို ပျော်ရွှင်ကျေနပ် ဂုဏ်ယူကြပါတယ်။ နောက်ပိုင်း ဘယ်လိုဖြစ်လာသလဲဆိုတော့ သူတို့လုပ်ကိုင်တဲ့ အလုပ်ထဲထိပါ အဲဒီအကျင့်တွေက ကူးစက်လာပါတယ်။ အစစအရာရာ တွက်ကပ်မှု၊ ရေသာခိုမှုတွေ ပြည့်နှက်လာတယ်။ တာဝန်ယူမှုတွေ အရမ်းအားနည်းလာတယ်။ ခေါင်းရှောင်၊ မျက်နှာလွှဲတတ်လာတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတရား၊ ဗဟုသုတ ဘာမှ မရှိတော့ဘူး။

ရုံးစားပွဲ၊ ဗီရိုတစ်ခုလုံး ဗြောင်းဆန်ရှုပ်ပွနေလည်း မရှင်းဘူး။ ကိုယ်အသုံးပြုနေကျဖြစ်တဲ့ ကိရိယာ၊ ပစ္စည်းလေးတစ်ခုပျောက်သွားတဲ့အခါ ကြိုးစားပြီး ရှာလိုစိတ်မရှိတော့ဘူး။ အသစ်ထပ်ဝယ်ခိုင်းတယ်။ နောက်ပိုင်း ဘယ်အလုပ်ကိုမှ သေသေသပ်သပ်လုပ်လိုစိတ်မရှိတော့ဘူး။အလွယ်လုပ်ချင်စိတ်များလာတယ်။ ဒီလိုနဲ့ မကောင်းတဲ့အကျင့်၊ အလွယ်လိုက်တဲ့စိတ်တွေ များသထက်များလာပါတော့တယ်။ ခုဆိုရင် လူတန်းစားအလွှာအသီးသီးကို ကူးစက်စပြုနေပြီလို့တောင် ပြောနိုင်ပါတယ်။

အရေးကြီးဆုံးတစ်ချက်က မိမိကိုယ်ကို မိမိ လေးစားတဲ့စိတ်ပါ။ မိမိနေရာထိုင်ခင်း၊ ကုတင်၊ စားပွဲ၊ စာအုပ်စင်၊ ရုံးခန်း၊ ရေချိုးခန်းတို့ကို နေ့တိုင်း သန့်ရှင်းသပ်ရပ်စွာ ထားကြည့်ပါ။ အဲဒီလို လုပ်ရင်းနဲ့ စိတ်ဓာတ်အကြည်ဓာတ်တွေ ဖြစ်ပေါ်လာပြီးတော့ မိမိကိုယ်မိမိလည်း လေးစားစိတ်တွေဖြစ်ပေါ်လာပါတယ်။ ဒီစိတ်ဓာတ်ဟာ လူ့ဘဝမှာ အလွန်အရေးပါလှပါတယ်။

ပရမ်းပတာ နေထိုင်တတ်သူတစ်ယောက်ဟာ သူ့ကိုယ်သူ လေးစားအထင်ကြီးစိတ်တွေ ပျောက်ဆုံးနေတာ ဘယ်သူသိသိ၊ မသိသိ သူ့ဟာသူ သိပါတယ်။ သူတို့ကတော့ ကိုယ့်ကိုကိုယ် ဖြေသိမ့်တဲ့စကားတစ်ခွန်းရှိပါတယ်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေ အိပ်ခန်းကလည်း ရှုပ်ပွနေတာပါပဲတဲ့။ ဒါပေမယ့် ဒါမျိုးဥပမာဟာ အများစုကို ကိုယ်စားမပြုပါဘူး။ ဟိုကပုဂ္ဂိုလ်ကြီးရဲ့ ကောင်းကွက် (၁၀၀)ကိုတော့ တစ်ခုမှ အတုမယူနိုင်ပဲ ဆိုးတဲ့တစ်ကွက်လေးကို သွားအတုယူသလို ဖြစ်နေပါတယ်။

နိုင်ငံထူထောင်ရာမှာ မျိုးဆက်သစ်လေးများ စိတ်နေမြင့်မားဖို့ စေတနာဖြင့် အမုန်းခံ ရေးပါသည်။

Kyaw Hlaing Win

Leave a Reply