တရုတ္ႏုိင္ငံက အခ်မ္းသာဆုံး ေက်းရြာ 

Posted on

တ႐ုတ္ႏိုင္ငံ၊ က်န္းစုျပည္နယ္ အတြင္းရွိ ဟြာစီးေက်း႐ြာသည္ တ႐ုတ္ႏိုင္ငံ၏ အခ်မ္းသာဆုံးေက်း႐ြာအျဖစ္ အမည္ တပ္ခံထားရၿပီး ၇၂ ထပ္မိုးေမၽွာ္ တိုက္၊ ရဟတ္ယာဥ္တကၠစီ၊ အပန္းေျဖ အားကစားကြင္း ႏွင့္ဗီလာမ်ားကို ျမင္ ေတြ႕ႏိုင္သည္ဟု သိရသည္။ ေဒသခံ ၂၀၀၀ ၏ ဘဏ္စာရင္းတိုင္းတြင္ အနည္းဆုံး ေဒၚလာ ၁၄၃၀၀၀ ကိုယ္စီရွိသည္။ ႐ြာသို႔ေျပာင္းေ႐ႊ႕လာသည္ ႏွင့္ အာဏာပိုင္မ်ားက မိသားစုတစ္စုအတြက္ ကား တစ္စီး ႏွင့္ ဗီလာတစ္လုံးေပးေလ့ရွိေသာ္ လည္း ႐ြာမွထြက္သြားသည္ႏွင့္ ပိုင္ဆိုင္မႈ မ်ားကို ထားခဲ့ရေလ့ရွိသည္။

ဟြာစီးေက်း႐ြာသည္ ၿပီးခဲ့သည့္ႏွစ္ႏွစ္က ႐ြာတည္ေထာင္သည့္ ၅၅ ႏွစ္ျပည့္ အထိမ္းအမွတ္ေအာင္ပြဲခံခဲ့ၾကသည္။ စိုက္ပ်ိဳးသီးႏွံအထြက္တိုးၿပီး လွပေသာ ႐ႈေမၽွာ္ခင္းမ်ားေၾကာင့္ လူသိမ်ားသည့္ ကမ္း႐ိုးတန္း ေဒသေလးျဖစ္ၿပီး ရွန္ဟိုင္း ၿမိဳ႕မွႏွစ္နာရီၾကာ ကားေမာင္းသြားလၽွင္ ေရာက္ရွိႏိုင္သည္။ ႏွစ္ေပါင္းမ်ားစြာ အတြင္းတ႐ုတ္အာဏာပိုင္မ်ားက ကြန္ျမဴနစ္အုပ္ခ်ဳပ္ေရး၏ ေအာင္ျမင္မႈတစ္ခု အေနျဖင့္ ရာစုႏွစ္ဝက္အတြင္း ဆင္းရဲ ေသာ ႐ြာငယ္ေလးမွ ခ်မ္းသာႂကြယ္၀ေသာ ႐ြာအျဖစ္ေျပာင္းလဲႏိုင္ခဲ့ပုံကို ဥပမာျပေျပာဆိုေလ့ရွိသည္။

ဟြာစီးေက်း႐ြာ ဝင္ေပါက္တြင္ ‘တစ္မိုးေအာက္တစ္ ေယာက္ေက်း႐ြာ’ဟု ေရးသားထားေသာ ဆိုင္းဘုတ္ႀကီးကို ခ်ိတ္ဆြဲထားသည္။ ဒီေက်းရြာအား ၁၉၆၁ခုႏွစ္မွ စတင္တည္ေထာင္သည္ျဖစ္၍ ေက်းရြာသက္တမ္းမွာ ႏွစ္ေပါင္း ၆၀ခန္႔သာ ရွိေသးသည္။ ၂၀၀၃ ခုႏွစ္က ဟြာစီးေက်း႐ြာ၏ ႏွစ္စဥ္စီးပြားေရးဝင္ေငြသည္ ေဒၚလာ ၁၄ဒသမ၄ ဘီလ်ံရွိေသာေၾကာင့္ မီဒီယာမ်ားတြင္ ေဖာ္ျပခံခဲ့ရသည္။ တစ္ႏွစ္အၾကာတြင္ ဟြာစီးေက်း႐ြာက ေဒသခံမ်ား၏ ႏွစ္စဥ္ပ်မ္းမၽွဝင္ေငြသည္ ေဒၚလာ ၁၇၇၁၇ ခန္႔ရွိသည္ဟု ေၾကညာခဲ့ၿပီး ၎မွာ တ႐ုတ္ႏိုင္ငံတစ္ဝွမ္းမွ လယ္သမားမ်ား၏ ပ်မ္းမၽွဝင္ေငြထက္ အဆ ၄၀ေက်ာ္ ပိုမိုမ်ားျပားေနသည္။

ေက်းရြာျပတုိက္
၁၀၇၆ ေပအျမင့္ရွိေသာ မိုးေမၽွာ္တိုက္ႀကီး

ေက်း႐ြာ၏ စီးပြားေရး အင္အားေတာင့္တင္းမႈကို ျပသရန္ ၂၀၁၁ ခုႏွစ္တြင္ ေဒၚလာသန္း ၄၃၀ အကုန္အက်ခံ၍ Hanging Village ဟု ေခၚဆိုေသာမိုးေမၽွာ္တိုက္ႀကီးကို တည္ ေဆာက္ခဲ့သည္။ ၁၀၇၆ ေပအျမင့္ရွိေသာ မိုးေမၽွာ္တိုက္ႀကီးသည္ ပဲရစ္ရွိ ၁၀၆၃ ေပျမင့္ေသာ အီဖယ္တာဝါထက္ ၁၃ ေပ၊ နယူးေယာက္ရွိ ၁၀၄၇ အျမင့္ရွိေသာ Chrysler Building ထက္ေပ ၃၀ ႏွင့္ လန္ဒန္ရွိ ၁၀၁၄ ေပ ျမင့္ေသာShard တာဝါထက္ ၅၉ ေပပိုျမင့္သည္။ မိုးေမၽွာ္တိုက္တြင္ ၾကယ္ငါးပြင့္ Long Wish ႏိုင္ငံတကာဟိုတယ္ကိုဖြင့္လွစ္ထား ၿပီး အထပ္ ၆၀ ေျမာက္တြင္ ေ႐ႊအတိျဖင့္ထု လုပ္ထားေသာႏြား႐ုပ္ႀကီးကို ေတြ႕ျမင္ႏိုင္ သည္။ ထုိဟုိတယ္တြင္ အခန္းေပါင္း ၈၂၆ခန္း ရွိၿပီးထုိအထဲတြင္ presidential suites ၁၆ခန္းႏွင့္ ‘gold’ presidential suite တစ္ခန္းပါ၀င္သည္။ ထုိအခန္းတြင္ တစ္ညတည္းခုိခမွာ ေဒၚလာ ၁၅၀၀၀ ျဖစ္သည္။

presidential suite

အနီးအနားရွိၿမိဳ႕မ်ားသို႔ ၁၀ မိနစ္ အတြင္းေရာက္ရွိႏိုင္ေစရန္ Tongyong Airline ကုမၸဏီက ရဟတ္ယာဥ္မ်ား ေျပးဆြဲေပးလ်က္ရွိသည္။ ထုိသုိ႔ခ်မ္းသာရျခင္းမွာ စေတာ့အိတ္ခ်ိန္းစာရင္း၀င္း multi-sector စက္မႈကုမၸဏီႀကီးေၾကာင့္ျဖစ္ၿပီး ရြာသားအားလုံး ထုိ ကုမၸဏီႀကီး၏ ရွယ္ယာမ်ားအသီးသီးပိုင္ဆုိင္ထားၾကသည္ဟုဆုိသည္။ သို႔ေသာ္လည္း ထုိအခ်က္မွာ အတိအက်အေၾကာင္းအရင္းမဟုတ္ေပ။ ေဒသခံမ်ားက မိမိတို႔ခ်မ္းသာေနရသည့္အေၾကာင္းရင္းမ်ား ကို လၽွိဳ႕ဝွက္ထားၾကၿပီး မီဒီယာမ်ားကို လည္းဝင္ေရာက္ခြင့္တင္းက်ပ္ထားသည္။

ေက်း႐ြာ၏ ကြန္ျမဴနစ္ပါတီေခါင္း ေဆာင္ေဟာင္းဝူရန္ေပါင္၏ ႐ိုးသားႀကိဳး စားေသာေခါင္းေဆာင္မႈမ်ားေၾကာင့္ ျဖစ္သည္ဟုသာဆိုၾကၿပီး ဝူရန္ေပါင္သည္ ၂၀၁၃ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ ေသာ္လည္း ေက်း႐ြာတြင္ ဝူရန္ေပါင္၏ပုံရိပ္မ်ားကိုျမင္ေတြ႕ေနရဆဲျဖစ္သည္။ ၀ူရန္ေပါင္သည္ အလူမီနီယံလုပ္ငန္းအား အဓိကလုပ္ခဲ့ၿပီး ေက်းရြာအားခ်မ္းသာေစခဲ့ျခင္းျဖစ္သည္ဟုဆုိသည္။ သူကြယ္လြန္ၿပီးခဲ့သည့္ေနာက္ပုိင္း လက္ရွိေက်းရြာေခါင္းေဆာင္မွာ ၀ူရန္ေပါင္၏ သား Wu Xiéen ျဖစ္သည္။

ေက်းရြာေခါင္းေဆာင္ ၀ူရန္ေပါင္
ေက်းရြာ ႏွစ္ ၅၀ျပည့္ က်င္းပခဲ့စဥ္

စီးပြားေရး အခြင့္အလမ္းေကာင္းလွသျဖင့္ လူဦးေရ ၂၀၀၀ခန္႔သာ ရွိေသာထုိေက်းရြာသို႔ အျခားေဒသမွ အလုပ္သမား ၂ေသာင္းေက်ာ္ ႏွင့္ အနီးအနားရြာမ်ားမွ အလုပ္သမား ၂ေသာင္းေက်ာ္တုိ႔ လာေရာက္လုပ္ကုိင္လွ်က္ရွိသည္။ ေက်း႐ြာအတြင္းရွိ အပန္းေျဖကစားကြင္း ႀကီးထဲတြင္လည္း မဟာမတံတိုင္းႀကီး ႏွင့္ တားျမစ္ၿမဳိ႕ေတာ္ အပါအဝင္ ကမာၻတစ္ဝွမ္းမွ အထင္ကရအ ေဆာက္အအုံမ်ား၏ ပုံစံတူ အေဆာက္အအုံမ်ား ဖန္တီေဆာက္လုပ္ထားေသးသည္။ ေက်း႐ြာ တည္ေဆာက္သည့္ ၅၅ ႏွစ္ျပည့္အထိမ္း အမွတ္အခမ္းအနားကို ႀကီးက်ယ္ခမ္းနားစြာ က်င္းပကာ တ႐ုတ္ႏိုင္ငံ၏နာမည္ ေက်ာ္အႏုပညာရွင္မ်ားကို ဖိတ္ၾကားခဲ့ၾကသည္ဟု သိရသည္။

ရဟတ္ယာဥ္ taxi
မဟာရံတံတုိင္း ပုံစံတူ

မီဒီယာမ်ားကေတာ့ ဟြာစီးေက်းရြာ အလြန္အမင္းခ်မ္းသာေနရျခင္းမွာ ကြန္ျမဴနစ္တုိ႔၏ ၀ါဒျဖန္႔ျခင္းတစ္ရပ္ဟု စြပ္စြဲၾကသည္။ က်န္းစုျပည္နယ္မွ လူ႔အခြင့္အေရးလႈပ္ရွားသူ Gu Zhijian ကေတာ့ တစ္ရြာလုံး၏ပုိင္ဆုိင္မႈ စုစုေပါင္း ၉၀% မွာ ၀ူရန္ေပါင္မိသားစု၏ ပုိင္ဆုိင္မႈျဖစ္ၿပီး ရြာသူရြာသားမ်ားအား ခြဲေ၀ေပးခဲ့ျခင္းျဖစ္သည္ဟု US အေျခစုိက္ တရုတ္ခ်န္နယ္ New Tang Dynasty Television ကိုေျပာသည္။ မည္သုိ႔ပင္ျဖစ္ေစ ႏွစ္ေပါင္း ၆၀ မျပည့္ေသးသည့္ ၀ူရန္ေပါင္တည္ေထာင္ခဲ့ေသာ ဟြားစီးေက်းရြာသည္ အခ်မ္းသာဆုံး ထူးဆန္းသည့္ရႊာတစ္ရြာအျဖစ္ ရပ္တည္လွ်က္ရွိပါသည္။

VIDEO

Via : Popular Myanmar
Daily Mail


တရုတ်နိုင်ငံက အချမ်းသာဆုံး ကျေးရွာ (unicode)

တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ် အတွင်းရှိ ဟွာစီးကျေးရွာသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးကျေးရွာအဖြစ် အမည် တပ်ခံထားရပြီး ၇၂ ထပ်မိုးမျှော် တိုက်၊ ရဟတ်ယာဉ်တက္ကစီ၊ အပန်းဖြေ အားကစားကွင်း နှင့်ဗီလာများကို မြင် တွေ့နိုင်သည်ဟု သိရသည်။ ဒေသခံ ၂၀၀၀ ၏ ဘဏ်စာရင်းတိုင်းတွင် အနည်းဆုံး ဒေါ်လာ ၁၄၃၀၀၀ ကိုယ်စီရှိသည်။ ရွာသို့ပြောင်းရွှေ့လာသည် နှင့် အာဏာပိုင်များက မိသားစုတစ်စုအတွက် ကား တစ်စီးနှင့် ဗီလာတစ်လုံးပေးလေ့ရှိသော် လည်း ရွာမှထွက်သွားသည်နှင့် ပိုင်ဆိုင်မှု များကို ထားခဲ့ရလေ့ရှိသည်။

ဟွာစီးကျေးရွာသည် ပြီးခဲ့သည့်နှစ်နှစ်က ရွာတည်ထောင်သည့် ၅၅ နှစ်ပြည့် အထိမ်းအမှတ်အောင်ပွဲခံခဲ့ကြသည်။ စိုက်ပျိုးသီးနှံအထွက်တိုးပြီး လှပသော ရှုမျှော်ခင်းများကြောင့် လူသိများသည့် ကမ်းရိုးတန်း ဒေသလေးဖြစ်ပြီး ရှန်ဟိုင်း မြို့မှနှစ်နာရီကြာ ကားမောင်းသွားလျှင် ရောက်ရှိနိုင်သည်။ နှစ်ပေါင်းများစွာ အတွင်းတရုတ်အာဏာပိုင်များက ကွန်မြူနစ်အုပ်ချုပ်ရေး၏ အောင်မြင်မှုတစ်ခု အနေဖြင့် ရာစုနှစ်ဝက်အတွင်း ဆင်းရဲ သော ရွာငယ်လေးမှ ချမ်းသာကြွယ်၀သော ရွာအဖြစ်ပြောင်းလဲနိုင်ခဲ့ပုံကို ဥပမာပြပြောဆိုလေ့ရှိသည်။

ဟွာစီးကျေးရွာ ဝင်ပေါက်တွင် ‘တစ်မိုးအောက်တစ် ယောက်ကျေးရွာ’ဟု ရေးသားထားသော ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲထားသည်။ ဒီကျေးရွာအား ၁၉၆၁ခုနှစ်မှ စတင်တည်ထောင်သည်ဖြစ်၍ ကျေးရွာသက်တမ်းမှာ နှစ်ပေါင်း ၆ဝခန့်သာ ရှိသေးသည်။ ၂၀၀၃ ခုနှစ်က ဟွာစီးကျေးရွာ၏ နှစ်စဉ်စီးပွားရေးဝင်ငွေသည် ဒေါ်လာ ၁၄ဒသမ၄ ဘီလျံရှိသောကြောင့် မီဒီယာများတွင် ဖော်ပြခံခဲ့ရသည်။ တစ်နှစ်အကြာတွင် ဟွာစီးကျေးရွာက ဒေသခံများ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေသည် ဒေါ်လာ ၁၇၇၁၇ ခန့်ရှိသည်ဟု ကြေညာခဲ့ပြီး ၎င်းမှာ တရုတ်နိုင်ငံတစ်ဝှမ်းမှ လယ်သမားများ၏ ပျမ်းမျှဝင်ငွေထက် အဆ ၄၀ကျော် ပိုမိုများပြားနေသည်။

ကျေးရွာ၏ စီးပွားရေး အင်အားတောင့်တင်းမှုကို ပြသရန် ၂၀၁၁ ခုနှစ်တွင် ဒေါ်လာသန်း ၄၃၀ အကုန်အကျခံ၍ Hanging Village ဟု ခေါ်ဆိုသောမိုးမျှော်တိုက်ကြီးကို တည် ဆောက်ခဲ့သည်။ ၁၀၇၆ ပေအမြင့်ရှိသော မိုးမျှော်တိုက်ကြီးသည် ပဲရစ်ရှိ ၁၀၆၃ ပေမြင့်သော အီဖယ်တာဝါထက် ၁၃ ပေ၊ နယူးယောက်ရှိ ၁၀၄၇ အမြင့်ရှိသော Chrysler Building ထက်ပေ ၃၀ နှင့် လန်ဒန်ရှိ ၁၀၁၄ ပေ မြင့်သောShard တာဝါထက် ၅၉ ပေပိုမြင့်သည်။ မိုးမျှော်တိုက်တွင် ကြယ်ငါးပွင့် Long Wish နိုင်ငံတကာဟိုတယ်ကိုဖွင့်လှစ်ထား ပြီး အထပ် ၆၀ မြောက်တွင် ရွှေအတိဖြင့်ထု လုပ်ထားသောနွားရုပ်ကြီးကို တွေ့မြင်နိုင် သည်။ ထိုဟိုတယ်တွင် အခန်းပေါင်း ၈၂၆ခန်း ရှိပြီးထိုအထဲတွင် presidential suites ၁၆ခန်းနှင့် ‘gold’ presidential suite တစ်ခန်းပါဝင်သည်။ ထိုအခန်းတွင် တစ်ညတည်းခိုခမှာ ဒေါ်လာ ၁၅၀၀၀ ဖြစ်သည်။

အနီးအနားရှိမြို့များသို့ ၁၀ မိနစ် အတွင်းရောက်ရှိနိုင်စေရန် Tongyong Airline ကုမ္ပဏီက ရဟတ်ယာဉ်များ ပြေးဆွဲပေးလျက်ရှိသည်။ ထိုသို့ချမ်းသာရခြင်းမှာ စတော့အိတ်ချိန်းစာရင်းဝင်း multi-sector စက်မှုကုမ္ပဏီကြီးကြောင့်ဖြစ်ပြီး ရွာသားအားလုံး ထို ကုမ္ပဏီကြီး၏ ရှယ်ယာများအသီးသီးပိုင်ဆိုင်ထားကြသည်ဟုဆိုသည်။ သို့သော်လည်း ထိုအချက်မှာ အတိအကျအကြောင်းအရင်းမဟုတ်ပေ။ ဒေသခံများက မိမိတို့ချမ်းသာနေရသည့်အကြောင်းရင်းများ ကို လျှို့ဝှက်ထားကြပြီး မီဒီယာများကို လည်းဝင်ရောက်ခွင့်တင်းကျပ်ထားသည်။ ကျေးရွာ၏ ကွန်မြူနစ်ပါတီခေါင်း ဆောင်ဟောင်းဝူရန်ပေါင်၏ ရိုးသားကြိုး စားသောခေါင်းဆောင်မှုများကြောင့် ဖြစ်သည်ဟုသာဆိုကြပြီး ဝူရန်ပေါင်သည် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ် သော်လည်း ကျေးရွာတွင် ဝူရန်ပေါင်၏ပုံရိပ်များကိုမြင်တွေ့နေရဆဲဖြစ်သည်။ ဝူရန်ပေါင်သည် အလူမီနီယံလုပ်ငန်းအား အဓိကလုပ်ခဲ့ပြီး ကျေးရွာအားချမ်းသာစေခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သူကွယ်လွန်ပြီးခဲ့သည့်နောက်ပိုင်း လက်ရှိကျေးရွာခေါင်းဆောင်မှာ ဝူရန်ပေါင်၏ သား Wu Xiéen ဖြစ်သည်။

စီးပွားရေး အခွင့်အလမ်းကောင်းလှသဖြင့် လူဦးရေ ၂၀၀ဝခန့်သာ ရှိသောထိုကျေးရွာသို့ အခြားဒေသမှ အလုပ်သမား ၂သောင်းကျော် နှင့် အနီးအနားရွာများမှ အလုပ်သမား ၂သောင်းကျော်တို့ လာရောက်လုပ်ကိုင်လျှက်ရှိသည်။ ကျေးရွာအတွင်းရှိ အပန်းဖြေကစားကွင်း ကြီးထဲတွင်လည်း မဟာမတံတိုင်းကြီး နှင့် တားမြစ်မြို့တော် အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ အထင်ကရအ ဆောက်အအုံများ၏ ပုံစံတူ အဆောက်အအုံများ ဖန်တီဆောက်လုပ်ထားသေးသည်။ ကျေးရွာ တည်ဆောက်သည့် ၅၅ နှစ်ပြည့်အထိမ်း အမှတ်အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပကာ တရုတ်နိုင်ငံ၏နာမည် ကျော်အနုပညာရှင်များကို ဖိတ်ကြားခဲ့ကြသည်ဟု သိရသည်။

မီဒီယာများကတော့ ဟွာစီးကျေးရွာ အလွန်အမင်းချမ်းသာနေရခြင်းမှာ ကွန်မြူနစ်တို့၏ ဝါဒဖြန့်ခြင်းတစ်ရပ်ဟု စွပ်စွဲကြသည်။ ကျန်းစုပြည်နယ်မှ လူ့အခွင့်အရေးလှုပ်ရှားသူ Gu Zhijian ကတော့ တစ်ရွာလုံး၏ပိုင်ဆိုင်မှု စုစုပေါင်း ၉၀% မှာ ဝူရန်ပေါင်မိသားစု၏ ပိုင်ဆိုင်မှုဖြစ်ပြီး ရွာသူရွာသားများအား ခွဲဝေပေးခဲ့ခြင်းဖြစ်သည်ဟု US အခြေစိုက် တရုတ်ချန်နယ် New Tang Dynasty Television ကိုပြောသည်။ မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း ၆၀ မပြည့်သေးသည့် ဝူရန်ပေါင်တည်ထောင်ခဲ့သော ဟွားစီးကျေးရွာသည် အချမ်းသာဆုံး ထူးဆန်းသည့်ရွှာတစ်ရွာအဖြစ် ရပ်တည်လျှက်ရှိပါသည်။

Via : Popular Myanmar
Daily Mail

Leave a Reply