ကမာၻႀကီးကို ေျပာင္းလဲေစခဲ့သည့္ မေတာ္တဆ တီထြင္မႈမ်ား

Posted on

Via : သုတကမာၻ

မေတာ္တဆေတြ႕ရွိခ်က္ကေန တီထြင္မႈမ်ားျဖစ္ေစျပီး လူသားအက်ိဳးျပဳေစခဲ့တာအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ စတိန္းလက္စ္စတီး (Stainless Steel)

သင့္ရဲ႕ အိမ္မွာ၊ စားေသာက္ဆိုင္ေတြ၊ ဟိုတယ္ေတြမွာ အစားအေသာက္ေတြ တည္ခင္းဧည့္ခံရာမွာ သုံးတဲ့ဇြန္း၊ ခက္ရင္း၊ ဓားေတြဟာ စတိန္းလက္စ္စတီးနဲ႔ လုပ္ထားတာ ေတြ႔ရပါလိမ့္မယ္။ အဲဒီ စတိန္းလက္စ္ စတီးေတြကို မူလအစ ၂၀ ရာစုတုန္းက ဇြန္း၊ ခက္ရင္းေတြ အတြက္ ရည္ရြယ္ တီထြင္ ထုတ္လုပ္ခဲ့တာ မဟုတ္ပါဘူး။ ၂၀ ရာစုထဲမွာ လက္နက္ ထုတ္လုပ္တဲ့ သူေတြကေန အဂၤလိပ္လူမ်ိဳး သတၱဳေဗဒပညာရွင္ ဟာရီဘယ္ရာရီ (Harry Brealy) ကို သံေခ်း၊ အညစ္အေၾကး မတက္တဲ့ ေသနတ္ေျပာင္း တီထြင္ဖို႔ ငွားရမ္းခဲ့ပါတယ္။

သိပ္မၾကာခင္မွာ သတၱဳေတြကို စားတတ္တဲ့ အရာ အမ်ိဳးမ်ိဳး၊ သံပုရာရည္လို အက္ဆစ္ေတြနဲ႔ပါ ဓာတ္မျပဳ၊ မစားတဲ့ သတၱဳဓာတ္ တမ်ိဳးျဖစ္တဲ့ စတိန္းလက္စ္ စတီးကို တီထြင္ႏိုင္ခဲ့ပါတယ္။ သူဟာ အစားအေသာက္ေတြ တည္ခင္း ဧည့္ခံရာမွာ သုံးတဲ့ဇြန္း၊ ခက္ရင္း၊ ဓားေတြ ထုတ္လုပ္ဖို႔ စိတ္ကူး ရခဲ့ၿပီး စတိန္းလက္စ္စတီး ဇြန္း၊ ခက္ရင္း၊ ဓားေတြကို ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ ဒီအခ်ိန္မွာေတာ့ အစား အေသာက္ထည့္တဲ့ ပစၥည္းေတြ၊ မီးဖိုေခ်ာင္ ပရိေဘာဂေတြနဲ႔၊ စားေသာက္ ကုန္လုပ္ငန္းစက္႐ုံေတြမွာ စတိန္းလက္စ္ စတီးကို အေျမာက္အမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ သုံးစြဲေနၾကၿပီ ျဖစ္ပါတယ္။

၂။ လုံၿခံဳစိတ္ခ်ရတဲ့မွန္ (Safety Glass)

ျပင္သစ္ ဓာတုေဗဒပညာရွင္ အက္ဒဝပ္ဘီနီဒစ္တုစ္ (Edouard Benedictus) ဟာ သူ႔စားပြဲေပၚက ဓာတ္ခြဲ ခန္းသံုး ဖန္ပုလင္းကို မေတာ္တဆ တိုက္မိသြားပါတယ္။ အဲဒီပုလင္းဟာ ေအာက္က်ၿပီး အစိတ္စိတ္ အမႊာမႊာ ကြဲသြားရမယ့္ အစား အက္သြားတာကို ေတြ႔ရပါတယ္။ အဲဒီအေျခအေနဟာ ထူးဆန္းေနတာေၾကာင့္ အေသးစိတ္ ေလ့လာၾကည့္တဲ့ အခါမွာ အဲဒီပုလင္းဟာ သိပ္မၾကာခင္ကပဲ ပလပ္စတစ္ဆဲလ္လူလို႔စ္ ႏိုက္ထရိတ္ (Plastic Cellulose Nitrate) ထည့္ထားတဲ့ အတြက္ ဖန္ပုလင္းရဲ႕ အတြင္းဘက္ကုိ အဲဒီ ဓာတုပစၥည္းသုတ္ထား သလိုျဖစ္ေနလုိ႔ အစိတ္စိတ္ အမႊာမႊာကြဲ မသြားတာကို သတိျပဳမိၿပီး လုံၿခံဳစိတ္ခ် ရတဲ့ မွန္ေတြကို တီထြင္ခဲ့တာ ျဖစ္ပါတယ္။

သူဟာ လံုၿခံဳစိတ္ခ်ရတဲ့ မွန္ကို ၁၉၀၉ မွာ လံုၿခံဳစိတ္ခ် အႏၲရာယ္ကင္းတဲ့ ကားေတြ ထုတ္လုပ္ရာမွာ ကားမွန္ အေနနဲ႔ သံုးဖို႔ မူပိုင္ခြင့္ မွတ္ပံုတင္ခဲ့ေပမယ့္၊ ကားထုတ္လုပ္သူေတြက ကုန္က်စရိတ္ ေလ်ာ့ခ်ႏိုင္ေအာင္ အဲဒီမွန္ေတြ မသံုးခဲ့ပါဘူး။ ပထမကမာၻစစ္ မွာေတာ့ စစ္ပြဲေတြမွာ သံုးဖို႔ဓာတ္ေငြ႔ကာ မ်က္ႏွာဖံုး အတြက္အဲဒီမွန္ ေတြသံုးခဲ့ပါတယ္။ ေမာ္ေတာ္ကားေတြ မွာေတာ့ ၁၉၃၀ ေလာက္ ကစၿပီး တပ္ဆင္သံုးခဲ့ၿပီး ေနာက္ပိုင္း ကားတိုင္းမွာ သံုးျဖစ္ပါတယ္။

၃။ စူပါဂလူးေကာ္ (Super Glue)

ေသနတ္ေတြ အတြက္ ခ်ိန္သီးမွန္ကို ပလပ္စတစ္နဲ႔လုပ္ဖို႔ ႀကိဳးပမ္းရင္း စူပါဂလူးေကာ္ကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ကိုဒတ္ (Kodak) သုေတသန ဓာတ္ခြဲခန္းက သုေတသီ ဟာရီကူးဗား (Harry Coover) က ဆိုင္ယန္ ႏိုအခ႐ိုက္လိတ္(Cyano-acrylate) ကေန အရာ၀တၳဳ ေတာ္ေတာ္မ်ားမ်ား ကပ္ႏိုင္ေစတဲ့ စူပါ ဂလူးေကာ္ကို ေတြ႔ရွိခဲ့ ပါတယ္။ အဲဒီ ေကာ္ရည္ေတြဟာ အရမ္း ေစးကပ္ေနတဲ့ အတြက္ သူ ရည္ရြယ္တီထြင္တဲ့ ပလပ္စတစ္မွန္ အတြက္ အသုံးမ၀င္ဘူး၊ အဆင္မေျပဘူး ဆိုၿပီး မသုံးဘဲ ပယ္ခဲ့ပါတယ္။ ႏွစ္ေတာ္ေတာ္ ၾကာခဲ့ၿပီးမွ အဲဒါကို ျပန္သတိထားမိၿပီး ဒီေန႔ ေစ်းကြက္ တင္ေရာင္းခ်ေနတဲ့ စူပါဂလူးေကာ္ေတြ အျဖစ္ ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။

၄။ ေရာင္စုံရႊံ႕ေစးတု (Play Doh)

ကေလးေတြ အ႐ုပ္ေတြ လုပ္ ကစားဖို႔ ေရာင္စုံရႊံ႕ေစးလို ေရာင္စုံ အတုံးေလးေတြ ေရာင္းခ်တာ သတိထားမိမွာပါ။ အလြယ္ တကူေျခာက္မသြားဘဲ ရႊံ႕ေစးလို၊ ဂ်ံဳလုံးေတြလို ေပ်ာ့တြဲ ေနၿပီး ကေလးေတြ အ႐ုပ္မ်ိဳးစုံလုပ္ကစားဖို႔ ေရာင္းခ် ထားပါတယ္။ အဲဒီ ရႊံ႕ေစးလို အတုံးေလးေတြကို မူလအစ ၂၀ ရာစုတုန္းက နံရံကပ္စကၠဴေတြ သန္႔ရွင္း ေရးလုပ္ဖို႔ ကလီယိုမက္ဗစ္ကာ (Cleo McVicker) က ရည္ရြယ္ တီထြင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီ အခ်ိန္က ေအးတဲ့ ေဒသေတြမွာ အခန္းကို အပူေပးဖို႔ မီးေသြးေတြ သုံးခဲ့တဲ့ အတြက္ အခန္းေတြရဲ႕ နံရံက စကၠဴေတြ သန္႔ရွင္းေရး လုပ္ဖို႔ လိုပါတယ္။ အဲဒီ သန္႔ရွင္းေရးလုပ္ဖို႔ ထြင္ထားတဲ့ ရႊံ႕ေစးတုေတြကို သူ႔သားက အ႐ုပ္လုပ္ ေဆာ့တာကို ေတြ႔ၿပီး အ႐ုပ္လုပ္ ေဆာ့ဖို႔ ရႊံ႕ေစးတု (Modeling Clay) ေတြ ေစ်းကြက္တင္ ေရာင္းခဲ့တာ အခုထိ ေရာင္းခ်ေနဆဲ ျဖစ္ပါတယ္။

၅။ ပစ္တိုင္းေထာင္ စပရိန္ (Slinky)

ဒုတိယ ကမာၻစစ္ အတြင္းမွာ ေရတပ္ အင္ဂ်င္နီယာ ရစ္ခ်တ္ဂ်ိမ္းစ္ (Richard James) ကေန စစ္သေဘၤာေတြမွာ သုံးတဲ့ အထိအခိုက္ မခံတဲ့ ပစၥည္းကိရိယာေတြ အတြက္ စပရိန္ေတြကို တီထြင္ခဲ့ပါတယ္။ အဲဒီ စပရိန္တခုကို စမ္းသပ္ရင္း မေတာ္တဆ လက္ထဲက လြတ္က်သြားပါတယ္။ အဲဒီစပရိန္ဟာ သူ႔ဖာသာသူ ျပန္မတ္သြားတာ ေတြ႔ခဲ့ရပါတယ္။ အဲဒီစပရိန္ေတြကို ကေလးေတြ ေဆာ့ဖို႔ ထုတ္လုပ္ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။

၆။ ဓာတုဆိုးေဆး (Synthetic dye)

၁၈၅၆ မွာ ၁၈ႏွစ္သား ဓာတုေဗဒပညာရွင္ ၀ီလီယံပါကင္ (William Perkin) ဟာ ငွက္ဖ်ားေရာဂါ ကုသဖို႔ ေဆး ထုတ္လုပ္ ႏိုင္ဖို႔ အပတ္တကုတ္ ႀကိဳးပမ္းခဲ့ပါတယ္။ သူ႔ရဲ႕ စမ္းသပ္ႀကိဳးပမ္း မႈတခုဟာ လုံး၀လြဲေနၿပီး၊ ဘာမွ အလုပ္ မျဖစ္ခဲ့ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ ဓာတ္ခြဲခန္းသုံး ဖန္ပန္းကန္ အ၀ိုင္းျပားေလးထဲမွာ လွပတဲ့ မရမ္းေစ့ေရာင္ႏု ေတာက္ေနတာ ေတြ႔ရၿပီး ဓာတုဆိုးေဆးကို တီထြင္ ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ငွက္ဖ်ားေရာဂါ ကုသတဲ့ေဆး တီထြင္ဖို႔ ႀကံတာ ဓာတုဆိုးေဆး ေပၚေပါက္လာခဲ့တာ ဆိုေတာ့ အလြဲေကာင္း လို႔ပဲ ေျပာရမွာပါ။

၇။ မိုက္ခ႐ိုေ၀့ဖ္မီးဖို (Microwave Oven)

ခ်က္ျပဳတ္ ေကၽြးေမြးမယ့္သူ မရွိ၊ ခ်က္ျပဳတ္လည္း မစားခ်င္တဲ့ တကုိယ္တည္း လူပ်ိဳႀကီးေတြ ေက်းဇူး တင္ ရမယ့္ တီထြင္မႈ ျဖစ္ပါတယ္။
အသင့္ခ်က္ျပဳတ္ထားတဲ့ အထုတ္ေတြ ၀ယ္လာၿပီး ေရခဲေသတၱာထဲ ထည့္ထားတဲ့ စားစရာေတြ ကို အလြယ္ တကူ ေႏႊးစားႏိုင္တဲ့ မိုက္ခ႐ိုေ၀့ဖ္မီးဖိုကို တီထြင္ထားလို႔ ျဖစ္ပါတယ္။ အဲဒီမီးဖိုကလည္း မေတာ္တဆ ေတြ႔ရွိခဲ့တဲ့ တီထြင္မႈျဖစ္ပါတယ္။ ၁၉၄၅ ဒုတိယကမာၻစစ္ အတြင္းမွာ ေရတပ္ ေရဒါအထူး ကၽြမ္းက်င္သူ ပါစီစပင္န္ဆာ (Percy Spancer) ဟာ မိုက္ခ႐ိုေ၀့ဖ္ေတြ ထုတ္လႊတ္တဲ့ ပစၥည္း ေရွ႕မွာ ဟိုဟိုဒီဒီ သြားလာ လုပ္ကိုင္ရင္း သူ႔ရဲ႕ အိပ္ကပ္ထဲက ေခ်ာကလက္ေတြ အရည္ ေပ်ာ္သြားတာ သတိျပဳမိခဲ့ပါတယ္။

ဒါေပမယ့္ တျခားတဘက္က ေခ်ာကလက္ေတြကေတာ့ အရည္မေပ်ာ္တာ ေတြ႔ရပါတယ္။ အဲဒီအေျခအေနကို သူျပန္သံုးသပ္ၾကည့္ခဲ့တဲ့အခါမွာ မိုက္ခ႐ိုေဝ့ ေတြဟာ စားအေသာက္ေတြကို အပူေပးႏိုင္ေၾကာင္း သတိထား မိၿပီး တျခား အစားအေသာက္ေတြကို စမ္းသပ္ခဲ့ပါတယ္။ သူ ေနာက္ထပ္ စမ္းသပ္တာက ေျပာင္းေစ့ေတြ ျဖစ္ၿပီး ေျပာင္းဖူး ေပါက္ေပါက္ (Popcorn) ေဖာက္ၾကည့္ တာပါ။ တျခားအစား အေသာက္ေတြ စမ္းသပ္ရာမွာလည္း ေအာင္ျမင္ခဲ့ ပါတယ္။ အဲဒီ အခါမွာ သူဟာ မိုက္ခ႐ိုေဝ့သံုးၿပီး အစားအေသာက္ခ်က္ျပဳတ္၊ အပူေပးႏိုင္တဲ့စက္ကို တီထြင္ခဲ့ပါတယ္။

၁၉၄၇မွာ ေရသီယြန္ (Raytheon) ကေန ပထမဦးဆံုး မိုက္ခ႐ိုေ၀့ဖ္မီးဖိုကို တည္ေဆာက္ခဲ့ပါ တယ္။ အဲဒီမီးဖိုဟာ ေပါင္ ၇၅၀ ေလးၿပီး၊ ၅ေပခြဲျမင့္ကာ ကုန္က်စားရိတ္ ေဒၚလာ ၅၀၀၀ ေလာက္ ရိွပါတယ္။ အိမ္သံုး အေနနဲ႔ကေတာ့ ၁၉၅၀ ေလာက္ေရာက္ရိွ လာေပမယ့္ အရြယ္အစားနဲ႔ ေစ်းႏႈန္းေၾကာင့္ေရပန္းမစား ခဲ့ပါဘူး။၁၉၆၇ မွာေတာ့ စားပြဲတင္ အရြယ္အစား ထုတ္လုပ္ႏိုင္ ခဲ့ၿပီးေစ်းႏႈန္းက လည္း ၄၉၅ေဒၚလာျဖစ္လာပါတယ္။

အဲဒီ ေနာက္ပိုင္းမွာေတာ့ အမ်ားျမင္ေတြ႔ေနၾကရတဲ့ မိုက္ခ႐ိုေ၀့ဖ္မီးဖိုေတြ ျဖစ္လာ၊ ထုတ္လုပ္ ေရာင္းခ်လာ ပါတယ္။ ၁၉၄၅ ခုႏွစ္မွာ စတင္ခဲ့တဲ့ တီထြင္ ထုတ္လုပ္မႈဟာ ႏွစ္ေပါင္း ၆၅ ႏွစ္ေက်ာ္ေလာက္ ၾကာ ၿပီးခဲ့တဲ့ အခ်ိန္မွာ ေတာ့ အေမရိကန္ ႏိုင္ငံအိမ္ေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္ မိုက္ခ႐ိုေ၀့ဖ္ မီးဖိုေတြ သံုးစြဲေနၾကၿပီ ျဖစ္ပါတယ္။ မိုက္ခ႐ိုေ၀့ဖ္ေတြဟာ အစားအေသာက္ေတြကို အပူေပးႏိုင္ေၾကာင္း သတိထားမိၿပီး မိုက္ခ႐ိုေ၀့ဖ္မီးဖို (Microwave Oven) ေတြျဖစ္ လာတာပါ။

၈။ ကပ္ခြာ မွတ္စုစာရြက္ (Post-it Notes)

အိမ္က မိသားစုတေယာက္ကို၊ အခန္းေဖာ္သူငယ္ခ်င္း တေယာက္ေယာက္ကို၊ သင္ကိုယ္တိုင္ မေမ့ေအာင္၊ စာအုပ္ တအုပ္မွာ စာမ်က္ႏွာ မွတ္ထားႏိုင္ေအာင္ ေကာ္သုတ္ၿပီးသား စကၠဴေလးေတြ သုံးၾကပါတယ္။ မလိုအပ္ရင္ အလြယ္ တကူ ခြာလိုက္ႏိုင္ၿပီး ေကာ္ေတြ စကၠဴေတြလည္း ကပ္ၿပီး က်န္မေနလို႔ အဆင္ေျပပါ တယ္။

အဲဒီတီထြင္မႈကို ၁၉၆၈ မွာ စပင္ဆာ ဆီးလ္ဗား (Spencer Silver) ကေန သရီးအမ္ (3 M) အတြက္ သိပ္ မကပ္တဲ့ ေကာ္ေတြကို တီထြင္ရင္း၊ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ အာသာဖ႐ိုင္း (Arthor Fry) ကေန ေစ်းကြက္ တင္ေရာင္းခ်ဖို႔ သတိထားမိခဲ့ၿပီး ေစ်းကြက္တင္ ေရာင္းခ်ခဲ့လို႔ စာရြက္ မွတ္ဖို႔ မွတ္စုေတြ၊ မေမ့ေအာင္ ေရးမွတ္ဖို႔ သုံးတဲ့ ကပ္ခြာ စကၠဴေလးေတြ (Post-it Notes) ေတြ ဒီေန႔သုံးေနၾကရတာ ျဖစ္ပါတယ္။

၉။ ပလပ္စတစ္ (Plastic)

၁၉၀၀ ျပည့္ႏွစ္ အေစာပိုင္းေလာက္မွာ လွ်ပ္ကာ၊ အပူကာ ပစၥည္းတခု ရွဲလ္လက္ (Shellac) ကုိ အေရွ႕ ေတာင္ အာရွက ပိုးေတာင္မာ (beetle) ကေန ထုတ္လုပ္ႏိုင္ခဲ့ ပါတယ္။ ဒါေပမယ့္ အဲဒီ ကုန္ၾကမ္းပစၥည္းကို တင္သြင္း ထုတ္လုပ္ဖို႔ မလြယ္ကူ ျဖစ္ေနပါတယ္။ အဲဒီ အတြက္ ဓာတုေဗဒပညာရွင္ လီယိုဟင္းန္ဒရစ္ ဘိတ္ကီလန္င္း (Leo Hendrik Backeland) ကေန အဲဒီ ပစၥည္း ၀ယ္သုံးမယ့္ ပိုက္ဆံတခ်ိဳ႕ကို အစားထိုး သုံးႏုိင္မယ့္ ပစၥည္းတခု တီထြင္ဖို႔ သုံးခဲ့ပါတယ္။ သူ႔ရဲ႕တီထြင္မႈကေန မိုေလာင္းၿပီး သုံးႏိုင္တဲ့ အျပင္ အပူခ်ိန္ ေတာ္ေတာ္ မ်ားမ်ားေပးတဲ့ အထိ ပုံေျပာင္း မသြားတဲ့ ပစၥည္းတခုျဖစ္တဲ့ ပလပ္စတစ္ကို တီထြင္ႏိုင္ခဲ့ ပါတယ္။

၁၀။ တက္ဖလြန္ (Teflon)

တက္ဖလြန္ (Teflon) သုတ္ထားတဲ့ ဒယ္အိုးေတြ၊ ခြက္ေတြက အိုးမကပ္ေအာင္ ကာကြယ္ေပးပါတယ္။ ၾကက္ဥေမႊေၾကာ္ လို အိုးကပ္တတ္တဲ့ အစားအေသာက္ေတြ ေၾကာ္ခ်က္ရာမွာ ဆီအမ်ားႀကီး ထည့္စရာမလို ေတာ့ပါဘူး။ ဆီေလွ်ာ့စားေနတဲ့ ဒီေန႔ေခတ္မွာ ေတာ္ေတာ္ အဆင္ေျပပါတယ္။ အဲဒီ တက္ဖလြန္ ကို ေတြ႔ရွိခဲ့တာ ကလည္း စိတ္၀င္စား စရာပါ။

ဓာတုေဗဒပညာရွင္ ရြိဳင္းပလန္းကက္(Roy Plunkett) ဟာ ၂၀ရာစု အစပိုင္း ေလာက္က ဒူးပြန္႔ (DuPont) ကုမၸဏီမွာ အလုပ္ လုပ္ေနခဲ့ပါတယ္။ အဲဒီမွာ ေရခဲ ေစတဲ့အရာ ဓာတုပစၥည္း တခုကို စမ္းသပ္ရင္း ဓာတ္ျပဳမႈကင္းၿပီး အုိးမကပ္တဲ့ ဓာတု ပစၥည္းအသစ္ တခုကို ေတြ႔ရွိခဲ့ ပါတယ္။ ဒူးပြန္႔က အဲဒီ ဓာတုပစၥည္းကို ျမန္ျမန္ဆန္ဆန္ပဲ မွတ္ပုံတင္မူပိုင္ခြင့္ ရယူခဲ့ ပါတယ္။ အဲဒီ ဓာတုပစၥည္းက အခု လူအမ်ားသိေန၊ သုံးေနၾကတဲ့ တက္ဖလြန္ (Teflon) ျဖစ္ပါတယ္။


ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သည့် မတော်တဆ တီထွင်မှုများ

Via : သုတကမ္ဘာ

မတော်တဆတွေ့ရှိချက်ကနေ တီထွင်မှုများဖြစ်စေပြီး လူသားအကျိုးပြုစေခဲ့တာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

စတိန်းလက်စ်စတီး (Stainless Steel)

သင့်ရဲ့ အိမ်မှာ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ အစားအသောက်တွေ တည်ခင်းဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေဟာ စတိန်းလက်စ်စတီးနဲ့ လုပ်ထားတာ တွေ့ရပါလိမ့်မယ်။ အဲဒီ စတိန်းလက်စ် စတီးတွေကို မူလအစ ၂၀ ရာစုတုန်းက ဇွန်း၊ ခက်ရင်းတွေ အတွက် ရည်ရွယ် တီထွင် ထုတ်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ၂၀ ရာစုထဲမှာ လက်နက် ထုတ်လုပ်တဲ့ သူတွေကနေ အင်္ဂလိပ်လူမျိုး သတ္တုဗေဒပညာရှင် ဟာရီဘယ်ရာရီ (Harry Brealy) ကို သံချေး၊ အညစ်အကြေး မတက်တဲ့ သေနတ်ပြောင်း တီထွင်ဖို့ ငှားရမ်းခဲ့ပါတယ်။

သိပ်မကြာခင်မှာ သတ္တုတွေကို စားတတ်တဲ့ အရာ အမျိုးမျိုး၊ သံပုရာရည်လို အက်ဆစ်တွေနဲ့ပါ ဓာတ်မပြု၊ မစားတဲ့ သတ္တုဓာတ် တမျိုးဖြစ်တဲ့ စတိန်းလက်စ် စတီးကို တီထွင်နိုင်ခဲ့ပါတယ်။ သူဟာ အစားအသောက်တွေ တည်ခင်း ဧည့်ခံရာမှာ သုံးတဲ့ဇွန်း၊ ခက်ရင်း၊ ဓားတွေ ထုတ်လုပ်ဖို့ စိတ်ကူး ရခဲ့ပြီး စတိန်းလက်စ်စတီး ဇွန်း၊ ခက်ရင်း၊ ဓားတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ အစား အသောက်ထည့်တဲ့ ပစ္စည်းတွေ၊ မီးဖိုချောင် ပရိဘောဂတွေနဲ့၊ စားသောက် ကုန်လုပ်ငန်းစက်ရုံတွေမှာ စတိန်းလက်စ် စတီးကို အမြောက်အများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

လုံခြုံစိတ်ချရတဲ့မှန် (Safety Glass)

ပြင်သစ် ဓာတုဗေဒပညာရှင် အက်ဒဝပ်ဘီနီဒစ်တုစ် (Edouard Benedictus) ဟာ သူ့စားပွဲပေါ်က ဓာတ်ခွဲ ခန်းသုံး ဖန်ပုလင်းကို မတော်တဆ တိုက်မိသွားပါတယ်။ အဲဒီပုလင်းဟာ အောက်ကျပြီး အစိတ်စိတ် အမွှာမွှာ ကွဲသွားရမယ့် အစား အက်သွားတာကို တွေ့ရပါတယ်။ အဲဒီအခြေအနေဟာ ထူးဆန်းနေတာကြောင့် အသေးစိတ် လေ့လာကြည့်တဲ့ အခါမှာ အဲဒီပုလင်းဟာ သိပ်မကြာခင်ကပဲ ပလပ်စတစ်ဆဲလ်လူလို့စ် နိုက်ထရိတ် (Plastic Cellulose Nitrate) ထည့်ထားတဲ့ အတွက် ဖန်ပုလင်းရဲ့ အတွင်းဘက်ကို အဲဒီ ဓာတုပစ္စည်းသုတ်ထား သလိုဖြစ်နေလို့ အစိတ်စိတ် အမွှာမွှာကွဲ မသွားတာကို သတိပြုမိပြီး လုံခြုံစိတ်ချ ရတဲ့ မှန်တွေကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ လုံခြုံစိတ်ချရတဲ့ မှန်ကို ၁၉၀၉ မှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းတဲ့ ကားတွေ ထုတ်လုပ်ရာမှာ ကားမှန် အနေနဲ့ သုံးဖို့ မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ပေမယ့်၊ ကားထုတ်လုပ်သူတွေက ကုန်ကျစရိတ် လျော့ချနိုင်အောင် အဲဒီမှန်တွေ မသုံးခဲ့ပါဘူး။ ပထမကမ္ဘာစစ် မှာတော့ စစ်ပွဲတွေမှာ သုံးဖို့ဓာတ်ငွေ့ကာ မျက်နှာဖုံး အတွက်အဲဒီမှန် တွေသုံးခဲ့ပါတယ်။ မော်တော်ကားတွေ မှာတော့ ၁၉၃၀ လောက် ကစပြီး တပ်ဆင်သုံးခဲ့ပြီး နောက်ပိုင်း ကားတိုင်းမှာ သုံးဖြစ်ပါတယ်။

စူပါဂလူးကော် (Super Glue)

သေနတ်တွေ အတွက် ချိန်သီးမှန်ကို ပလပ်စတစ်နဲ့လုပ်ဖို့ ကြိုးပမ်းရင်း စူပါဂလူးကော်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကိုဒတ် (Kodak) သုတေသန ဓာတ်ခွဲခန်းက သုတေသီ ဟာရီကူးဗား (Harry Coover) က ဆိုင်ယန် နိုအခရိုက်လိတ်(Cyano-acrylate) ကနေ အရာဝတ္ထု တော်တော်များများ ကပ်နိုင်စေတဲ့ စူပါ ဂလူးကော်ကို တွေ့ရှိခဲ့ ပါတယ်။ အဲဒီ ကော်ရည်တွေဟာ အရမ်း စေးကပ်နေတဲ့ အတွက် သူ ရည်ရွယ်တီထွင်တဲ့ ပလပ်စတစ်မှန် အတွက် အသုံးမဝင်ဘူး၊ အဆင်မပြေဘူး ဆိုပြီး မသုံးဘဲ ပယ်ခဲ့ပါတယ်။ နှစ်တော်တော် ကြာခဲ့ပြီးမှ အဲဒါကို ပြန်သတိထားမိပြီး ဒီနေ့ ဈေးကွက် တင်ရောင်းချနေတဲ့ စူပါဂလူးကော်တွေ အဖြစ် ရောင်းချခဲ့တာဖြစ်ပါတယ်။

ရောင်စုံရွှံ့စေးတု (Play Doh)

ကလေးတွေ အရုပ်တွေ လုပ် ကစားဖို့ ရောင်စုံရွှံ့စေးလို ရောင်စုံ အတုံးလေးတွေ ရောင်းချတာ သတိထားမိမှာပါ။ အလွယ် တကူခြောက်မသွားဘဲ ရွှံ့စေးလို၊ ဂျုံလုံးတွေလို ပျော့တွဲ နေပြီး ကလေးတွေ အရုပ်မျိုးစုံလုပ်ကစားဖို့ ရောင်းချ ထားပါတယ်။ အဲဒီ ရွှံ့စေးလို အတုံးလေးတွေကို မူလအစ ၂၀ ရာစုတုန်းက နံရံကပ်စက္ကူတွေ သန့်ရှင်း ရေးလုပ်ဖို့ ကလီယိုမက်ဗစ်ကာ (Cleo McVicker) က ရည်ရွယ် တီထွင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်က အေးတဲ့ ဒေသတွေမှာ အခန်းကို အပူပေးဖို့ မီးသွေးတွေ သုံးခဲ့တဲ့ အတွက် အခန်းတွေရဲ့ နံရံက စက္ကူတွေ သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ အဲဒီ သန့်ရှင်းရေးလုပ်ဖို့ ထွင်ထားတဲ့ ရွှံ့စေးတုတွေကို သူ့သားက အရုပ်လုပ် ဆော့တာကို တွေ့ပြီး အရုပ်လုပ် ဆော့ဖို့ ရွှံ့စေးတု (Modeling Clay) တွေ ဈေးကွက်တင် ရောင်းခဲ့တာ အခုထိ ရောင်းချနေဆဲ ဖြစ်ပါတယ်။

ပစ်တိုင်းထောင် စပရိန် (Slinky)

ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ရေတပ် အင်ဂျင်နီယာ ရစ်ချတ်ဂျိမ်းစ် (Richard James) ကနေ စစ်သင်္ဘောတွေမှာ သုံးတဲ့ အထိအခိုက် မခံတဲ့ ပစ္စည်းကိရိယာတွေ အတွက် စပရိန်တွေကို တီထွင်ခဲ့ပါတယ်။ အဲဒီ စပရိန်တခုကို စမ်းသပ်ရင်း မတော်တဆ လက်ထဲက လွတ်ကျသွားပါတယ်။ အဲဒီစပရိန်ဟာ သူ့ဖာသာသူ ပြန်မတ်သွားတာ တွေ့ခဲ့ရပါတယ်။ အဲဒီစပရိန်တွေကို ကလေးတွေ ဆော့ဖို့ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဓာတုဆိုးဆေး (Synthetic dye)

၁၈၅၆ မှာ ၁၈နှစ်သား ဓာတုဗေဒပညာရှင် ဝီလီယံပါကင် (William Perkin) ဟာ ငှက်ဖျားရောဂါ ကုသဖို့ ဆေး ထုတ်လုပ် နိုင်ဖို့ အပတ်တကုတ် ကြိုးပမ်းခဲ့ပါတယ်။ သူ့ရဲ့ စမ်းသပ်ကြိုးပမ်း မှုတခုဟာ လုံးဝလွဲနေပြီး၊ ဘာမှ အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဓာတ်ခွဲခန်းသုံး ဖန်ပန်းကန် အဝိုင်းပြားလေးထဲမှာ လှပတဲ့ မရမ်းစေ့ရောင်နု တောက်နေတာ တွေ့ရပြီး ဓာတုဆိုးဆေးကို တီထွင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါ ကုသတဲ့ဆေး တီထွင်ဖို့ ကြံတာ ဓာတုဆိုးဆေး ပေါ်ပေါက်လာခဲ့တာ ဆိုတော့ အလွဲကောင်း လို့ပဲ ပြောရမှာပါ။

မိုက်ခရိုဝေ့ဖ်မီးဖို (Microwave Oven)

ချက်ပြုတ် ကျွေးမွေးမယ့်သူ မရှိ၊ ချက်ပြုတ်လည်း မစားချင်တဲ့ တကိုယ်တည်း လူပျိုကြီးတွေ ကျေးဇူး တင် ရမယ့် တီထွင်မှု ဖြစ်ပါတယ်။
အသင့်ချက်ပြုတ်ထားတဲ့ အထုတ်တွေ ဝယ်လာပြီး ရေခဲသေတ္တာထဲ ထည့်ထားတဲ့ စားစရာတွေ ကို အလွယ် တကူ နွှေးစားနိုင်တဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုကို တီထွင်ထားလို့ ဖြစ်ပါတယ်။ အဲဒီမီးဖိုကလည်း မတော်တဆ တွေ့ရှိခဲ့တဲ့ တီထွင်မှုဖြစ်ပါတယ်။ ၁၉၄၅ ဒုတိယကမ္ဘာစစ် အတွင်းမှာ ရေတပ် ရေဒါအထူး ကျွမ်းကျင်သူ ပါစီစပင်န်ဆာ (Percy Spancer) ဟာ မိုက်ခရိုဝေ့ဖ်တွေ ထုတ်လွှတ်တဲ့ ပစ္စည်း ရှေ့မှာ ဟိုဟိုဒီဒီ သွားလာ လုပ်ကိုင်ရင်း သူ့ရဲ့ အိပ်ကပ်ထဲက ချောကလက်တွေ အရည် ပျော်သွားတာ သတိပြုမိခဲ့ပါတယ်။

ဒါပေမယ့် တခြားတဘက်က ချောကလက်တွေကတော့ အရည်မပျော်တာ တွေ့ရပါတယ်။ အဲဒီအခြေအနေကို သူပြန်သုံးသပ်ကြည့်ခဲ့တဲ့အခါမှာ မိုက်ခရိုဝေ့ တွေဟာ စားအသောက်တွေကို အပူပေးနိုင်ကြောင်း သတိထား မိပြီး တခြား အစားအသောက်တွေကို စမ်းသပ်ခဲ့ပါတယ်။ သူ နောက်ထပ် စမ်းသပ်တာက ပြောင်းစေ့တွေ ဖြစ်ပြီး ပြောင်းဖူး ပေါက်ပေါက် (Popcorn) ဖောက်ကြည့် တာပါ။ တခြားအစား အသောက်တွေ စမ်းသပ်ရာမှာလည်း အောင်မြင်ခဲ့ ပါတယ်။ အဲဒီ အခါမှာ သူဟာ မိုက်ခရိုဝေ့သုံးပြီး အစားအသောက်ချက်ပြုတ်၊ အပူပေးနိုင်တဲ့စက်ကို တီထွင်ခဲ့ပါတယ်။

၁၉၄၇မှာ ရေသီယွန် (Raytheon) ကနေ ပထမဦးဆုံး မိုက်ခရိုဝေ့ဖ်မီးဖိုကို တည်ဆောက်ခဲ့ပါ တယ်။ အဲဒီမီးဖိုဟာ ပေါင် ၇၅၀ လေးပြီး၊ ၅ပေခွဲမြင့်ကာ ကုန်ကျစားရိတ် ဒေါ်လာ ၅၀၀၀ လောက် ရှိပါတယ်။ အိမ်သုံး အနေနဲ့ကတော့ ၁၉၅၀ လောက်ရောက်ရှိ လာပေမယ့် အရွယ်အစားနဲ့ ဈေးနှုန်းကြောင့်ရေပန်းမစား ခဲ့ပါဘူး။၁၉၆၇ မှာတော့ စားပွဲတင် အရွယ်အစား ထုတ်လုပ်နိုင် ခဲ့ပြီးဈေးနှုန်းက လည်း ၄၉၅ဒေါ်လာဖြစ်လာပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ အများမြင်တွေ့နေကြရတဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုတွေ ဖြစ်လာ၊ ထုတ်လုပ် ရောင်းချလာ ပါတယ်။ ၁၉၄၅ ခုနှစ်မှာ စတင်ခဲ့တဲ့ တီထွင် ထုတ်လုပ်မှုဟာ နှစ်ပေါင်း ၆၅ နှစ်ကျော်လောက် ကြာ ပြီးခဲ့တဲ့ အချိန်မှာ တော့ အမေရိကန် နိုင်ငံအိမ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် မိုက်ခရိုဝေ့ဖ် မီးဖိုတွေ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ မိုက်ခရိုဝေ့ဖ်တွေဟာ အစားအသောက်တွေကို အပူပေးနိုင်ကြောင်း သတိထားမိပြီး မိုက်ခရိုဝေ့ဖ်မီးဖို (Microwave Oven) တွေဖြစ် လာတာပါ။

ကပ်ခွာ မှတ်စုစာရွက် (Post-it Notes)

အိမ်က မိသားစုတယောက်ကို၊ အခန်းဖော်သူငယ်ချင်း တယောက်ယောက်ကို၊ သင်ကိုယ်တိုင် မမေ့အောင်၊ စာအုပ် တအုပ်မှာ စာမျက်နှာ မှတ်ထားနိုင်အောင် ကော်သုတ်ပြီးသား စက္ကူလေးတွေ သုံးကြပါတယ်။ မလိုအပ်ရင် အလွယ် တကူ ခွာလိုက်နိုင်ပြီး ကော်တွေ စက္ကူတွေလည်း ကပ်ပြီး ကျန်မနေလို့ အဆင်ပြေပါ တယ်။

အဲဒီတီထွင်မှုကို ၁၉၆၈ မှာ စပင်ဆာ ဆီးလ်ဗား (Spencer Silver) ကနေ သရီးအမ် (3 M) အတွက် သိပ် မကပ်တဲ့ ကော်တွေကို တီထွင်ရင်း၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အာသာဖရိုင်း (Arthor Fry) ကနေ ဈေးကွက် တင်ရောင်းချဖို့ သတိထားမိခဲ့ပြီး ဈေးကွက်တင် ရောင်းချခဲ့လို့ စာရွက် မှတ်ဖို့ မှတ်စုတွေ၊ မမေ့အောင် ရေးမှတ်ဖို့ သုံးတဲ့ ကပ်ခွာ စက္ကူလေးတွေ (Post-it Notes) တွေ ဒီနေ့သုံးနေကြရတာ ဖြစ်ပါတယ်။

ပလပ်စတစ် (Plastic)

၁၉၀၀ ပြည့်နှစ် အစောပိုင်းလောက်မှာ လျှပ်ကာ၊ အပူကာ ပစ္စည်းတခု ရှဲလ်လက် (Shellac) ကို အရှေ့ တောင် အာရှက ပိုးတောင်မာ (beetle) ကနေ ထုတ်လုပ်နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီ ကုန်ကြမ်းပစ္စည်းကို တင်သွင်း ထုတ်လုပ်ဖို့ မလွယ်ကူ ဖြစ်နေပါတယ်။ အဲဒီ အတွက် ဓာတုဗေဒပညာရှင် လီယိုဟင်းန်ဒရစ် ဘိတ်ကီလန်င်း (Leo Hendrik Backeland) ကနေ အဲဒီ ပစ္စည်း ဝယ်သုံးမယ့် ပိုက်ဆံတချို့ကို အစားထိုး သုံးနိုင်မယ့် ပစ္စည်းတခု တီထွင်ဖို့ သုံးခဲ့ပါတယ်။ သူ့ရဲ့တီထွင်မှုကနေ မိုလောင်းပြီး သုံးနိုင်တဲ့ အပြင် အပူချိန် တော်တော် များများပေးတဲ့ အထိ ပုံပြောင်း မသွားတဲ့ ပစ္စည်းတခုဖြစ်တဲ့ ပလပ်စတစ်ကို တီထွင်နိုင်ခဲ့ ပါတယ်။

တက်ဖလွန် (Teflon)

တက်ဖလွန် (Teflon) သုတ်ထားတဲ့ ဒယ်အိုးတွေ၊ ခွက်တွေက အိုးမကပ်အောင် ကာကွယ်ပေးပါတယ်။ ကြက်ဥမွှေကြော် လို အိုးကပ်တတ်တဲ့ အစားအသောက်တွေ ကြော်ချက်ရာမှာ ဆီအများကြီး ထည့်စရာမလို တော့ပါဘူး။ ဆီလျှော့စားနေတဲ့ ဒီနေ့ခေတ်မှာ တော်တော် အဆင်ပြေပါတယ်။ အဲဒီ တက်ဖလွန် ကို တွေ့ရှိခဲ့တာ ကလည်း စိတ်ဝင်စား စရာပါ။

ဓာတုဗေဒပညာရှင် ရွိုင်းပလန်းကက်(Roy Plunkett) ဟာ ၂ဝရာစု အစပိုင်း လောက်က ဒူးပွန့် (DuPont) ကုမ္ပဏီမှာ အလုပ် လုပ်နေခဲ့ပါတယ်။ အဲဒီမှာ ရေခဲ စေတဲ့အရာ ဓာတုပစ္စည်း တခုကို စမ်းသပ်ရင်း ဓာတ်ပြုမှုကင်းပြီး အိုးမကပ်တဲ့ ဓာတု ပစ္စည်းအသစ် တခုကို တွေ့ရှိခဲ့ ပါတယ်။ ဒူးပွန့်က အဲဒီ ဓာတုပစ္စည်းကို မြန်မြန်ဆန်ဆန်ပဲ မှတ်ပုံတင်မူပိုင်ခွင့် ရယူခဲ့ ပါတယ်။ အဲဒီ ဓာတုပစ္စည်းက အခု လူအများသိနေ၊ သုံးနေကြတဲ့ တက်ဖလွန် (Teflon) ဖြစ်ပါတယ်။

Leave a Reply