ကမာၻေက်ာ္စုံေထာက္ႀကီး ရွားေလာ့ခ္ဟုမ္း ႏွင့္ ဖန္တီးသူ ဆာအာသာ ကိုနင္ဒြိဳင္း

Posted on

ရွားေလာ့ခ္ဟုမ္းသည္ ဆာ အာသာ ကိုနင္ဒြိဳင္း ဖန္တီးထားေသာ စုံေထာက္ဝတၳဳထဲမွာ ဇာတ္ေကာင္ တစ္ေကာင္ ျဖစ္သည္။ စုံေထာက္ ဦးစံရွား ဝတၳဳအမ်ားစု၏ အေျခခံဝတၳဳမ်ားကား အဂၤလိပ္စာေပတြင္ ထင္ရွားေသာ ရွားေလာ့ဟုမ္း ဝတၳဳမ်ား ျဖစ္၏။ ယင္းရွားေလာ့ဟုမ္းဝတၳဳမ်ားကို ဖန္တီးသူမွာ ဆာအာသာ ကိုနင္ဒြိဳင္း ျဖစ္သည္။ ကိုနင္ဒြိဳင္းသည္ အိုင္းရစ္ အမ်ိဳးသားအဆက္အႏြယ္ျဖစ္သည္။ ၁၈၉၅ ေမ ၂၂ တြင္ အဂၤလန္ႏိုင္ငံ အီဒင္ဘာရာၿမိဳ႕၌ ေမြးဖြားခဲ့သည္။ ေဆးပညာကို သင္ယူေစခဲ့ကာမူ အက္ဂါလင္ပိုး၊ ဝီလကီေကာလင္း၊ ဂါဗရီယို စေသာ စုံေထာက္ဝတၳဳေရးဆရာမ်ား၏ ဝတၳဳမ်ားကို ဖတ္ၿပီး စာေပ၌ စိတ္ဝင္စားခဲ့သည္။

ရွားေလာ့ဟုမ္း၏ ပုံသ႑ာန္အား ၿဗိတိန္ပန္းခ်ီဆရာ Sidney Paget က သရုပ္ေဖာ္ထားပုံ

၁၈၈၁တြင္ ကိုနင္ဒြိဳင္းသည္ ေဆာက္ဆီး(ေတာင္ပင္လယ္)၌ဆရာဝန္အျဖစ္ အသက္ေမြးခဲ့၏။ သို႔ေသာ္ သူ႕ရည္မွန္းခ်က္မွာ စာေပလုပ္ငန္းသာ ျဖစ္သည္။ သူသည္ စုံေထာက္ဝတၳဳမ်ား၌ စိတ္ဝင္စားသည္။ သူ ေဆးပညာသင္ယူခဲ့ေသာ ဆရာရင္း ေဒါက္တာ ဂ်ိဳးဆက္ဗဲ ထံတြင္ ပညာသင္စဥ္ကပင္ ေဆးပညာႏွင့္ သိပၸံပညာကို စိတ္ဝင္စားခဲ့သည္။ ဗဲသည္ တပည့္မ်ားကို ေဆးပညာသင္ရင္း ထုတ္ႏုတ္ ဆင္ျခင္နည္း မ်ားကိုပါ သင္ျပပို႔ခ်ခဲ့၏၊ ဤသည္တို႔ကား ကိုနင္ဒြိဳင္းအဖို႔ သိပၸံနည္းက်ေသာ ထုတ္ႏုတ္ဆင္ျခင္နည္းႏွင့္ ယွဥ္သည့္ ရွားေလာ့ဟုမ္းဝတၳဳမ်ားကို ဖန္တီးေစလာသည့္ ေနာက္ခံအေၾကာင္း ျဖစ္ေလသည္။

ကိုနင္ဒြိဳင္းသည္ မူလကပင္ ကြန္းဟီး မဂၢဇင္းႏွင့္ အဆက္အသြယ္ရွိၿပီး ျဖစ္သည္။ ကြန္းဟီးမဂၢဇင္း၌ စာမ်ားေရးစျပဳေနၿပီျဖစ္၏။ ယခုမူ ကိုနင္ဒြိဳင္းသည္ ရွားေလာ့ဟုမ္းကို စတင္ဖန္တီးေလၿပီ။ သူ႕ဆရာ ဂ်ိဳးဆက္ဗဲ၏ စ႐ိုက္ကို အေျခခံ၍ ရွားေလာ့ဟုမ္းကို ဖန္တီးကာ အစတာဒီအင္ စကားလက္ အမည္ရွိ ဝတၳဳကို စ၍ေရးေလသည္။ ၁၈၈၆ ဧၿပီလတြင္ ဝတၳဳကို အဆုံးသတ္ၿပီး ကြန္းဟီး မဂၢဇင္းတိုက္ သို႔ပို႔ခဲ့သည္။ သို႔ေသာ္ ကြန္းဟီး အယ္ဒီတာမ်ားသည္ ထိုပထမဆုံး ရွားေလာ့ဟုမ္းကို မ်ားစြာစိတ္ဝင္စားပုံ မေပၚေခ်။

ထို႔ေၾကာင့္ “မဂၢဇင္းတြင္ ေဖာ္ျပရန္ ဝတၳဳတစ္ပုဒ္ အျဖစ္ရွည္လြန္းၿပီး စာအုပ္အျဖစ္ ႐ိုက္ႏွိပ္ထုတ္ေဝရန္ တိုလြန္းသည္” ဟူေသာ သာမန္အေၾကာင္းျပခ်က္ျဖင့္ ဝတၳဳကို ကိုနင္ဒြိဳင္းထံသို႔ ျပန္ပို႔ခဲ့၏။ ထို႔ေနာက္ ထိုဝတၳဳ ပုံႏွိပ္ေရးအတြက္ အျခားပုံႏွိပ္တိုက္ တစ္ခုႏွင့္ဆက္သြယ္ၾကည့္ေသးေသာ္လည္း စာမူကို ဖတ္၍မၽွပင္ မၾကည့္ဘဲ ျပန္ပို႔ခဲ့၏။ ေနာက္ဆုံးတြင္ ဝပ္ဒေလာ့ႏွင့္ကုမၸဏီ စာအုပ္တိုက္သို႔ ပို႔ခဲ့ရာ ယင္းစာအုပ္တိုက္က ထိုဝတၳဳကို ေလာေလာဆယ္ မ႐ိုက္ႏိုင္ေသးေစကာမူ ၁၈၈၇ ႏွစ္ပတ္လည္ ခရစ္စမတ္ အထူးထုတ္ ဗီးတြန္ စာေစာင္တြင္ ထည့္သြင္းေဖာ္ျပေပးခဲ့ျခင္းျဖင့္ ရွားေလာ့ဟုမ္းဝတၳဳကို စာဖတ္ပရိသတ္တြင္းသို႔ စတင္ေရာက္ရွိလာခဲ့ေလသည္။

ရွားေလာ့ခ္ဟုမ္းအား ဖန္တီးသူ ဆာ အာသာ ကိုနင္ဒြိဳင္း

ဤတြင္ လစ္ပင္ကုတ္ မဂၢဇင္း အယ္ဒီတာသည္ ဗီးတြန္စာေစာင္၌ ပါလာေသာ ရွားေလာ့ဟုမ္းဝတၳဳကို ဖတ္ရၿပီး သေဘာက်သျဖင့္ ကိုနင္ဒြိဳင္းထံသို႔ ရွားေလာ့ဟုမ္းဝတၳဳမ်ား ဆက္လက္ေရးသားေပးပို႔ရန္ ေတာင္းခံလိုက္ေလသည္။ သို႔ျဖင့္ ကိုနင္ဒြိဳင္သည္ ဒုတိယေျမာက္ ရွားေလာ့ဟုမ္း ဝတၳဳျဖစ္ေသာ ေလးဂဏန္း အမွတ္အသားကို ေရးခဲ့၏။ ယင္းကို ၁၈၉၀တြင္ အဂၤလန္ႏွင့္ အေမရိကတို႔၌ တစ္ၿပိဳင္တည္း ပုံႏွိပ္ထုတ္ေဝခဲ့ေလသည္။ ၁၈၉၁ တြင္ ကိုနင္ဒြိဳင္းသည္ သမိုင္းေနာက္ခံ ဝတၳဳႀကီးမ်ားကို ေရးသားလာ၏။ စာေရးသားမႈကို ေစာက္ခ်လုပ္ကိုင္လာခဲ့ၿပီ ျဖစ္ရာ ဆရာဝန္အလုပ္ကို စြန္႔လႊတ္ရန္ ဆုံးျဖတ္ခဲ့ေလသည္။ ထိုအခါမွစ၍ ကိုနင္ဒြိဳင္းသည္ ကေလာင္ကို စြဲစြဲၿမဲၿမဲ ကိုင္စျပဳလာ၏။ စာေရးဆရာေလာကသို႔ ဝင္ခဲ့၏။

ထိုအခ်ိန္မွာပင္ စထရင္းမဂၢဇင္းက ကိုနင္ဒြိဳင္းအား ရွားေလာ့ဟုမ္းဝတၳဳတို ေျခာက္ပုဒ္ခန္႔ ေရးေပးရန္ ေတာင္းခံခ်က္အရ အစကင္းဒ္အင္ဗိုဟီးမီးယား ဝတၳဳမွ အစျပဳကာ သရက္ဟက္ဒက္လိ၊ အေက့စ္ေအာ့(ဖ္)အိုက္ဒင္တတီ၊ သေဗာ့စကြန္ဗီးဗဲလီးမစ္စထရီ၊ သဖိုက္ေအာ့ရိန္႔ပစ္ႏွင့္ သမင္းဝစ္သတြစ္စတက္လစ္ ဝတၳဳမ်ားကို ေရးေလေတာ့သည္။ ပထမဝတၳဳကို ဇူလိုင္ထုတ္ မဂၢဇင္းတြင္ ထည့္သြင္းေဖာ္ျပလိုက္သည္မွစ၍ ရွားေလာ့ဟုမ္းႏွင့္ သူ႕မိတ္ေဆြ ဝပ္ဆန္ တို႔သည္ စာဖတ္ပရိသတ္၏ စိတ္ဝင္စားဖြယ္ရာ အသည္းစြဲ ျဖစ္လာ၏။

သို႔ေသာ္ ထိုအခ်ိန္အထိ စာမူခမွာ တစ္ပုဒ္လၽွင္ ၃၅ေပါင္သာ ရခဲ့သည္။ ထိုပထမအသုတ္ ဝတၳဳေျခာက္ပုဒ္ ကုန္သြားေသာအခါ စထရင္မဂၢဇင္း အယ္ဒီတာသည္ ကိုနင္ဒြိဳင္းထံသို႔ ရွားေလာ့ဟုမ္းဝတၳဳမ်ား ဆက္လက္ေရးသားရန္ ေတာင္းခံခဲ့ေလသည္။ သို႔ေသာ္ ကိုနင္ဒြိဳင္းသည္ ႐ုတ္တရက္ ဆက္မေရးခဲ့ေပ။ မဂၢဇင္းအယ္ဒီတာက အႀကိမ္ႀကိမ္ ေတာင္းခံလာမွ စာမူခ တိုးေပးရန္ ေတာင္းဆိုလိုက္ရာ အယ္ဒီတာတို႔မွာလည္း စာမူခကို တစ္ပုဒ္လၽွင္ ေပါင္ငါးဆယ္သို႔ တိုးေပးရ၏။ သို႔ျဖင့္ ဒုတိယအသုတ္ ဝတၳဳေျခာက္ပုဒ္ကို ဆက္ေရးျဖစ္ေလေတာ့သည္။

ထိုပထမအသုတ္ ဝတၳဳေျခာက္ပုဒ္ႏွင့္ ဒုတိယအသုတ္ ဝတၳဳေျခာက္ပုဒ္ကို စုေပါင္း၍ ၁၈၉၂တြင္ရွားေလာ့ဟုမ္းဝတၳဳတိုစု ပထမအုပ္အျဖစ္ထုတ္ေဝလိုက္ေလသည္။ ထိုပထမစာအုပ္ကို ကိုနင္ဒြိဳင္းသည္ ဆရာျဖစ္သူ ဂ်ိဳးဆက္ဗဲကို အၫႊန္းျပဳ ထုတ္ေဝခဲ့သည္။ စထရင္းမဂၢဇင္းသည္ ရွားေလာ့ဟုမ္းဝတၳဳမ်ား ထည့္သြင္းရသည္ကို မေရာင့္ရဲ။ ဤဆယ့္ႏွစ္ပုဒ္ျဖင့္ အဆုံးသတ္သြားမည္ကိုလည္း မေက်နပ္။ ထို႔ေၾကာင့္ ေနာက္ထပ္ ဝတၳဳ ဆယ့္ႏွစ္ပုဒ္ ေရးေပးရန္ ေတာင္းခံခဲ့၏။ ထိုဆယ့္ႏွစ္ပုဒ္အတြက္ စာမူခ ေပါင္ တစ္ေထာင္ ခ်ီးျမႇင့္ခဲ့၏။ သို႔ျဖင့္ ၁၈၉၂ ဒီဇင္ဘာလတြင္ ဆီးလဗားဗေလ့မွ အစျပဳကာ ေနာက္ထပ္ ရွားေလာ့ဟုမ္း ဝတၳဳမ်ား ဆက္လက္ထြက္ေပၚလာခဲ့၏။

ကိုနင္ဒြိဳင္းသည္ တစ္ဖက္တြင္ ရွားေလာ့ဟုမ္းဝတၳဳမ်ားျဖင့္ ေက်ာ္ၾကား ေအာင္ျမင္မႈရေနဆဲမွာပင္ စိတ္မခ်မ္းေျမ႕ဖြယ္ ကိုယ္ေရးကိုယ္တာ အျဖစ္အပ်က္မ်ားကို ရင္ဆိုင္ေနရသည္။ ယင္းအျဖစ္အပ်က္မ်ားကား ဇနီးျဖစ္သူ၏ က်န္းမာေရးအေျခအေနျဖစ္သည္။ ဇနီးျဖစ္သူမွာ တီဘီေရာဂါျဖင့္ အိပ္ရာတြင္လဲေန၏။ ကိုနင္ဒြိဳင္းမွာ ဇနီး၏ ေဝဒနာကို မၽွယူခံစားေနရသည့္ အေျခအေနျဖစ္၏။ ဇနီး၏အေျခအေနမွာ ေမၽွာ္လင့္ခ်က္ မရွိေတာ့ေသာ အေျခအေနသို႔ေရာက္လာသည္။ ဆရာဝန္ႀကီးမ်ား၏ အႀကံေပးခ်က္အရ ဇနီး၏ က်န္းမာေရးအတြက္ ဆြစ္ဇာလန္ႏိုင္ငံသို႔ ေျပာင္းေ႐ြ႕ေနထိုင္ရသည့္ အေျခအေနသို႔ပင္ ဆိုက္လာ၏။

ကိုနင္ဒြိဳင္းမွာ ဇနီးအတြက္ စိတ္ဒုကၡခံစားေနရသည့္အခ်ိန္မွာပင္ သူ၏ ရွားေလာ့ဟုမ္းဝတၳဳမ်ား ဆက္လက္ေရးသားေနရသည္ကိုလည္း ၿငီးေငြ႕စျပဳလာ၏။ သို႔ျဖင့္ ၁၈၉၃ ဒီဇင္ဘာလတြင္ ကိုနင္ဒြိဳင္းသည္ ဖိုင္နယ္ ပေရာ္ဗလင္ ဝတၳဳကို ေရးကာ ထိုဝတၳဳ၌ လူဆိုးႀကီး ေမာ္ရီယာတီက ရွားေလာ့ဟုမ္းကို ေရတံခြန္ေပၚမွ တြန္းခ် အဆုံးစီရင္လိုက္ေလသည္။ ဤနည္းျဖင့္ ကိုနင္ဒြိဳင္းသည္ သူ၏ ဇာတ္ေဆာင္ ရွားေလာ့ဟုမ္းကို အေသသတ္၍ သူ၏ ရွားေလာ့ဟုမ္း ဝတၳဳမ်ားကို အဆုံးသတ္လိုက္ျခင္း ျဖစ္သည္။

ထိုအခါ ရွားေလာ့ဟုမ္း၏ပရိသတ္တို႔အၾကားမွ ခံစားမႈအျဖာျဖာ ေဝဒနာအဖုံဖုံတို႔ သည္ေပါက္ကြဲလာခဲ့ေတာ့သည္။ ထိုရွားေလာ့ဟုမ္း၏ ေနာက္ဆုံးဇာတ္သိမ္းဝတၳဳပါလာေသာအခါ စာဖတ္ပရိသတ္ႀကီးသည္ ရွားေလာ့ဟုမ္းအတြက္ ယူက်ဳံးမရ ျဖစ္လာသည္။ တကယ့္ သက္ရွိတစ္ေယာက္၊ မိမိတို႔ႏွင့္ ရင္းနီးၿပီး မိတ္ေဆြေကာင္း တစ္ေယာက္ ကြယ္လြန္ရသည့္ႏွယ္ အမွတ္ထားကာ လန္ဒန္ၿမိဳ႕ တစ္ဝန္းလုံးက စာဖတ္ပရိသတ္သည္ ဝမ္းနည္းျခင္း အထိမ္းအမွတ္အျဖစ္ အဝတ္နက္မ်ားကို ဝတ္ဆင္ၾကသည္။ လက္ပတ္နက္မ်ားကို ပတ္ၾကသည္။ အမွန္တကယ္ ဝမ္းနည္းပက္လက္ ျဖစ္ၾကရသလို မေက်မနပ္ႏိုင္ေအာင္လည္း ျဖစ္ၾကရသည္။ တစ္ခ်ိန္တည္းမွာပင္ အခ်ိဳ႕ စာဖတ္ပရိသတ္သည္ ေဒါသအမ်က္ ေျခာင္းေျခာင္းထြက္ၾကရေလ၏။

သို႔ျဖင့္ စာဖတ္ပရိတ္သတ္အမ်ားပင္ ကိုနင္ဒြိဳင္းထံသို႔ “ခင္ဗ်ားဟာ အလြန္ရက္စက္တဲ့ လူတစ္ေယာက္ပဲ” ဟုစာမ်ားေရးကာ ရွားေလာ့ဟုမ္း ေသဆုံးရသည့္အတြက္ ေဒါသတႀကီး ျပစ္တင္ကန္႔ကြက္ၾကေလသည္။ သို႔ေသာ္ ၁၈၉၂ တြင္ ေရးခဲ့ေသာ ဝတၳဳဆယ့္ႏွစ္ပုဒ္ကို ၁၈၉၄တြင္ ရွားေလာ့ဟုမ္း၏ အမွတ္တရမ်ား အျဖစ္ စာအုပ္ ထုတ္ေဝခဲ့သည္မွအပ ကိုနင္ဒြိဳင္းသည္ ရွားေလာ့ဟုမ္းဝတၳဳမ်ားကို ဆက္ေမရးခဲ့ေတာ့ေပ။ သို႔ေသာ္ ၁၉၀၁ တြင္ ကိုနင္ဒြိဳင္းသည္ မိတ္ေဆြတစ္ဦးထံမွ စိတ္ဝင္စားဖြယ္ ဇာတ္လမ္းတစ္ခုကို နားေထာင္ခဲ့ရာမွ အစျပဳကာ ရွားေလာ့ဟုမ္းကို ျပန္လည္ အသက္သြင္းရင္ စိတ္ကူးရလာခဲ့၏။ သို႔ျဖင့္ ၁၉၀၁-၀၂တြင္ စထရင္းမဂၢဇင္း၌ ရွားေလာ့ဟုမ္း ဝတၳဳရွည္ႀကီး တစ္ပုဒ္ ထည့္သြင္းခဲ့ေလသည္။ ထိုဝတၳဳကား ရွားေလာ့ဟုမ္းကို ျပန္လည္ အသက္သြင္းေပးလိုက္ေသာ ဗာစကာဗ်ီးလ္ ေခြးႀကီး အမည္ရွိ ဝတၳဳျဖစ္သည္။

ရွားေလာ့ဟုမ္း အမွတ္တရ ရုပ္တု

ကိုနင္ဒြိဳင္းသည္ ဗာစကာဗ်ီးလ္ေခြးႀကီး အခန္းဆက္ ဝတၳဳရွည္ႀကီးကို ေရးသားပုံႏွိပ္ထုတ္ေဝၿပီးေနာက္ ၁၉၀၃တြင္ ရွားေလာ့ဟုမ္းအသက္မေသပဲ လြတ္ေျမာက္လာခဲ့ရပုံကို သအမ္းပတီးေဟာက္(စ္) ဝတၳဳတိုျဖင့္ ျပန္လည္ ေဖာ္ျပကာ ရွားေလာ့ဟုမ္းဝတၳဳတိုမ်ား ဆက္လက္ေရးသားခဲ့ေလသည္။ ယင္းဝတၳဳတိုမ်ားကို စုေပါင္း၍ ရွားေလာ့ဟုမ္း ျပန္လာၿပီ အမည္ျဖင့္ ၁၉၀၅ တြင္ ရွားေလာ့ဟုမ္း ဝတၳဳတိုစု တတိယေျမာက္ကို ထုတ္ေဝခဲ့ေလသည္။ ထို႔ေနာက္ ၁၉၁၇တြင္ သူ၏ေနာက္ဆုံးဦးၫြတ္ႏႈတ္ဆက္ျခင္း ဝတၳဳတိုစုႏွင့္ ၁၉၂၇ တြင္ ရွားေလာ့ဟုမ္း၏ မႈခင္းမွတ္တမ္းစာအုပ္ အမည္ရွိ ဝတၳဳတိုစုမ်ားကို ထုတ္ေဝခဲ့၏။ ၁၉၂၈တြင္ ယင္းဝတၳဳတိုစုေလးတြဲကို ဝတၳဳတိုေပါင္းခ်ဳပ္အျဖစ္ ထုတ္ေဝခဲ့ၿပီး ၁၉၂၉တြင္ ရွားေလာ့ဟုမ္း၏ ဝတၳဳရွည္စုမ်ားကို စာအုပ္အျဖစ္ ပထမအႀကိမ္ထုတ္ေဝခဲ့ေလသည္။

၁၉၃၀ ဇူလိုင္၇တြင္ ကိုနင္ဒြိဳင္း ကြယ္လြန္ခဲ့သည္။ ယင္းကာလအတြင္း ရွားေလာ့ဟုမ္းဝတၳဳမ်ားသာမဟုတ္၊ သမိုင္းေနာက္ခံ ဝတၳဳႀကီးမ်ားကိုလည္း ေရးခဲ့၏။ ဗိုလ္မႉးခ်ဳပ္ ဂ်ရတ္၊ ပါေမာကၡ ခ်ဲလင္းဂ်ား အမည္ရွိ ပင္တိုင္ဇာတ္ေဆာင္မ်ား ေမြးၿပီး စြန္႔စားခန္း ဝတၳဳမ်ားႏွင့္ သိပၸံဝတၳဳမ်ားကိုလည္း ေရးခဲ့၏။ သို႔ေသာ္ ရွားေလာ့ဟုမ္းဝတၳဳမ်ားသည္ကား ပရိသတ္၏ အႏွစ္ၿခိဳက္ဆုံး ဝတၳဳမ်ားအျဖစ္ထင္ရွားခဲ့ေလသည္။

စုံေထာက္ႀကီးဦးစံရွား၊ ေ႐ႊဥေဒါင္း၊ ပၪၥမအႀကိမ္၊
Myanmar Wikipedia


ကမ္ဘာကျော်စုံထောက်ကြီး ရှားလော့ခ်ဟုမ်း နှင့် ဖန်တီးသူ ဆာအာသာ ကိုနင်ဒွိုင်း (unicode)

ရှားလော့ခ်ဟုမ်းသည် ဆာ အာသာ ကိုနင်ဒွိုင်း ဖန်တီးထားသော စုံထောက်ဝတ္ထုထဲမှာ ဇာတ်ကောင် တစ်ကောင် ဖြစ်သည်။ စုံထောက် ဦးစံရှား ဝတ္ထုအများစု၏ အခြေခံဝတ္ထုများကား အင်္ဂလိပ်စာပေတွင် ထင်ရှားသော ရှားလော့ဟုမ်း ဝတ္ထုများ ဖြစ်၏။ ယင်းရှားလော့ဟုမ်းဝတ္ထုများကို ဖန်တီးသူမှာ ဆာအာသာ ကိုနင်ဒွိုင်း ဖြစ်သည်။ ကိုနင်ဒွိုင်းသည် အိုင်းရစ် အမျိုးသားအဆက်အနွယ်ဖြစ်သည်။ ၁၈၉၅ မေ ၂၂ တွင် အင်္ဂလန်နိုင်ငံ အီဒင်ဘာရာမြို့၌ မွေးဖွားခဲ့သည်။ ဆေးပညာကို သင်ယူစေခဲ့ကာမူ အက်ဂါလင်ပိုး၊ ဝီလကီကောလင်း၊ ဂါဗရီယို စသော စုံထောက်ဝတ္ထုရေးဆရာများ၏ ဝတ္ထုများကို ဖတ်ပြီး စာပေ၌ စိတ်ဝင်စားခဲ့သည်။

၁၈၈၁တွင် ကိုနင်ဒွိုင်းသည် ဆောက်ဆီး(တောင်ပင်လယ်)၌ဆရာဝန်အဖြစ် အသက်မွေးခဲ့၏။ သို့သော် သူ့ရည်မှန်းချက်မှာ စာပေလုပ်ငန်းသာ ဖြစ်သည်။ သူသည် စုံထောက်ဝတ္ထုများ၌ စိတ်ဝင်စားသည်။ သူ ဆေးပညာသင်ယူခဲ့သော ဆရာရင်း ဒေါက်တာ ဂျိုးဆက်ဗဲ ထံတွင် ပညာသင်စဉ်ကပင် ဆေးပညာနှင့် သိပ္ပံပညာကို စိတ်ဝင်စားခဲ့သည်။ ဗဲသည် တပည့်များကို ဆေးပညာသင်ရင်း ထုတ်နုတ် ဆင်ခြင်နည်း များကိုပါ သင်ပြပို့ချခဲ့၏၊ ဤသည်တို့ကား ကိုနင်ဒွိုင်းအဖို့ သိပ္ပံနည်းကျသော ထုတ်နုတ်ဆင်ခြင်နည်းနှင့် ယှဉ်သည့် ရှားလော့ဟုမ်းဝတ္ထုများကို ဖန်တီးစေလာသည့် နောက်ခံအကြောင်း ဖြစ်လေသည်။

ကိုနင်ဒွိုင်းသည် မူလကပင် ကွန်းဟီး မဂ္ဂဇင်းနှင့် အဆက်အသွယ်ရှိပြီး ဖြစ်သည်။ ကွန်းဟီးမဂ္ဂဇင်း၌ စာများရေးစပြုနေပြီဖြစ်၏။ ယခုမူ ကိုနင်ဒွိုင်းသည် ရှားလော့ဟုမ်းကို စတင်ဖန်တီးလေပြီ။ သူ့ဆရာ ဂျိုးဆက်ဗဲ၏ စရိုက်ကို အခြေခံ၍ ရှားလော့ဟုမ်းကို ဖန်တီးကာ အစတာဒီအင် စကားလက် အမည်ရှိ ဝတ္ထုကို စ၍ရေးလေသည်။ ၁၈၈၆ ဧပြီလတွင် ဝတ္ထုကို အဆုံးသတ်ပြီး ကွန်းဟီး မဂ္ဂဇင်းတိုက် သို့ပို့ခဲ့သည်။ သို့သော် ကွန်းဟီး အယ်ဒီတာများသည် ထိုပထမဆုံး ရှားလော့ဟုမ်းကို များစွာစိတ်ဝင်စားပုံ မပေါ်ချေ။

ထို့ကြောင့် “မဂ္ဂဇင်းတွင် ဖော်ပြရန် ဝတ္ထုတစ်ပုဒ် အဖြစ်ရှည်လွန်းပြီး စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေရန် တိုလွန်းသည်” ဟူသော သာမန်အကြောင်းပြချက်ဖြင့် ဝတ္ထုကို ကိုနင်ဒွိုင်းထံသို့ ပြန်ပို့ခဲ့၏။ ထို့နောက် ထိုဝတ္ထု ပုံနှိပ်ရေးအတွက် အခြားပုံနှိပ်တိုက် တစ်ခုနှင့်ဆက်သွယ်ကြည့်သေးသော်လည်း စာမူကို ဖတ်၍မျှပင် မကြည့်ဘဲ ပြန်ပို့ခဲ့၏။ နောက်ဆုံးတွင် ဝပ်ဒလော့နှင့်ကုမ္ပဏီ စာအုပ်တိုက်သို့ ပို့ခဲ့ရာ ယင်းစာအုပ်တိုက်က ထိုဝတ္ထုကို လောလောဆယ် မရိုက်နိုင်သေးစေကာမူ ၁၈၈၇ နှစ်ပတ်လည် ခရစ်စမတ် အထူးထုတ် ဗီးတွန် စာစောင်တွင် ထည့်သွင်းဖော်ပြပေးခဲ့ခြင်းဖြင့် ရှားလော့ဟုမ်းဝတ္ထုကို စာဖတ်ပရိသတ်တွင်းသို့ စတင်ရောက်ရှိလာခဲ့လေသည်။

ဤတွင် လစ်ပင်ကုတ် မဂ္ဂဇင်း အယ်ဒီတာသည် ဗီးတွန်စာစောင်၌ ပါလာသော ရှားလော့ဟုမ်းဝတ္ထုကို ဖတ်ရပြီး သဘောကျသဖြင့် ကိုနင်ဒွိုင်းထံသို့ ရှားလော့ဟုမ်းဝတ္ထုများ ဆက်လက်ရေးသားပေးပို့ရန် တောင်းခံလိုက်လေသည်။ သို့ဖြင့် ကိုနင်ဒွိုင်သည် ဒုတိယမြောက် ရှားလော့ဟုမ်း ဝတ္ထုဖြစ်သော လေးဂဏန်း အမှတ်အသားကို ရေးခဲ့၏။ ယင်းကို ၁၈၉ဝတွင် အင်္ဂလန်နှင့် အမေရိကတို့၌ တစ်ပြိုင်တည်း ပုံနှိပ်ထုတ်ဝေခဲ့လေသည်။ ၁၈၉၁ တွင် ကိုနင်ဒွိုင်းသည် သမိုင်းနောက်ခံ ဝတ္ထုကြီးများကို ရေးသားလာ၏။ စာရေးသားမှုကို စောက်ချလုပ်ကိုင်လာခဲ့ပြီ ဖြစ်ရာ ဆရာဝန်အလုပ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့လေသည်။ ထိုအခါမှစ၍ ကိုနင်ဒွိုင်းသည် ကလောင်ကို စွဲစွဲမြဲမြဲ ကိုင်စပြုလာ၏။ စာရေးဆရာလောကသို့ ဝင်ခဲ့၏။

ထိုအချိန်မှာပင် စထရင်းမဂ္ဂဇင်းက ကိုနင်ဒွိုင်းအား ရှားလော့ဟုမ်းဝတ္ထုတို ခြောက်ပုဒ်ခန့် ရေးပေးရန် တောင်းခံချက်အရ အစကင်းဒ်အင်ဗိုဟီးမီးယား ဝတ္ထုမှ အစပြုကာ သရက်ဟက်ဒက်လိ၊ အကေ့စ်အော့(ဖ်)အိုက်ဒင်တတီ၊ သဗော့စကွန်ဗီးဗဲလီးမစ်စထရီ၊ သဖိုက်အော့ရိန့်ပစ်နှင့် သမင်းဝစ်သတွစ်စတက်လစ် ဝတ္ထုများကို ရေးလေတော့သည်။ ပထမဝတ္ထုကို ဇူလိုင်ထုတ် မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြလိုက်သည်မှစ၍ ရှားလော့ဟုမ်းနှင့် သူ့မိတ်ဆွေ ဝပ်ဆန် တို့သည် စာဖတ်ပရိသတ်၏ စိတ်ဝင်စားဖွယ်ရာ အသည်းစွဲ ဖြစ်လာ၏။

သို့သော် ထိုအချိန်အထိ စာမူခမှာ တစ်ပုဒ်လျှင် ၃၅ပေါင်သာ ရခဲ့သည်။ ထိုပထမအသုတ် ဝတ္ထုခြောက်ပုဒ် ကုန်သွားသောအခါ စထရင်မဂ္ဂဇင်း အယ်ဒီတာသည် ကိုနင်ဒွိုင်းထံသို့ ရှားလော့ဟုမ်းဝတ္ထုများ ဆက်လက်ရေးသားရန် တောင်းခံခဲ့လေသည်။ သို့သော် ကိုနင်ဒွိုင်းသည် ရုတ်တရက် ဆက်မရေးခဲ့ပေ။ မဂ္ဂဇင်းအယ်ဒီတာက အကြိမ်ကြိမ် တောင်းခံလာမှ စာမူခ တိုးပေးရန် တောင်းဆိုလိုက်ရာ အယ်ဒီတာတို့မှာလည်း စာမူခကို တစ်ပုဒ်လျှင် ပေါင်ငါးဆယ်သို့ တိုးပေးရ၏။ သို့ဖြင့် ဒုတိယအသုတ် ဝတ္ထုခြောက်ပုဒ်ကို ဆက်ရေးဖြစ်လေတော့သည်။

ထိုပထမအသုတ် ဝတ္ထုခြောက်ပုဒ်နှင့် ဒုတိယအသုတ် ဝတ္ထုခြောက်ပုဒ်ကို စုပေါင်း၍ ၁၈၉၂တွင်ရှားလော့ဟုမ်းဝတ္ထုတိုစု ပထမအုပ်အဖြစ်ထုတ်ဝေလိုက်လေသည်။ ထိုပထမစာအုပ်ကို ကိုနင်ဒွိုင်းသည် ဆရာဖြစ်သူ ဂျိုးဆက်ဗဲကို အညွှန်းပြု ထုတ်ဝေခဲ့သည်။ စထရင်းမဂ္ဂဇင်းသည် ရှားလော့ဟုမ်းဝတ္ထုများ ထည့်သွင်းရသည်ကို မရောင့်ရဲ။ ဤဆယ့်နှစ်ပုဒ်ဖြင့် အဆုံးသတ်သွားမည်ကိုလည်း မကျေနပ်။ ထို့ကြောင့် နောက်ထပ် ဝတ္ထု ဆယ့်နှစ်ပုဒ် ရေးပေးရန် တောင်းခံခဲ့၏။ ထိုဆယ့်နှစ်ပုဒ်အတွက် စာမူခ ပေါင် တစ်ထောင် ချီးမြှင့်ခဲ့၏။ သို့ဖြင့် ၁၈၉၂ ဒီဇင်ဘာလတွင် ဆီးလဗားဗလေ့မှ အစပြုကာ နောက်ထပ် ရှားလော့ဟုမ်း ဝတ္ထုများ ဆက်လက်ထွက်ပေါ်လာခဲ့၏။

ကိုနင်ဒွိုင်းသည် တစ်ဖက်တွင် ရှားလော့ဟုမ်းဝတ္ထုများဖြင့် ကျော်ကြား အောင်မြင်မှုရနေဆဲမှာပင် စိတ်မချမ်းမြေ့ဖွယ် ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်များကို ရင်ဆိုင်နေရသည်။ ယင်းအဖြစ်အပျက်များကား ဇနီးဖြစ်သူ၏ ကျန်းမာရေးအခြေအနေဖြစ်သည်။ ဇနီးဖြစ်သူမှာ တီဘီရောဂါဖြင့် အိပ်ရာတွင်လဲနေ၏။ ကိုနင်ဒွိုင်းမှာ ဇနီး၏ ဝေဒနာကို မျှယူခံစားနေရသည့် အခြေအနေဖြစ်၏။ ဇနီး၏အခြေအနေမှာ မျှော်လင့်ချက် မရှိတော့သော အခြေအနေသို့ရောက်လာသည်။ ဆရာဝန်ကြီးများ၏ အကြံပေးချက်အရ ဇနီး၏ ကျန်းမာရေးအတွက် ဆွစ်ဇာလန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်ရသည့် အခြေအနေသို့ပင် ဆိုက်လာ၏။

ကိုနင်ဒွိုင်းမှာ ဇနီးအတွက် စိတ်ဒုက္ခခံစားနေရသည့်အချိန်မှာပင် သူ၏ ရှားလော့ဟုမ်းဝတ္ထုများ ဆက်လက်ရေးသားနေရသည်ကိုလည်း ငြီးငွေ့စပြုလာ၏။ သို့ဖြင့် ၁၈၉၃ ဒီဇင်ဘာလတွင် ကိုနင်ဒွိုင်းသည် ဖိုင်နယ် ပရော်ဗလင် ဝတ္ထုကို ရေးကာ ထိုဝတ္ထု၌ လူဆိုးကြီး မော်ရီယာတီက ရှားလော့ဟုမ်းကို ရေတံခွန်ပေါ်မှ တွန်းချ အဆုံးစီရင်လိုက်လေသည်။ ဤနည်းဖြင့် ကိုနင်ဒွိုင်းသည် သူ၏ ဇာတ်ဆောင် ရှားလော့ဟုမ်းကို အသေသတ်၍ သူ၏ ရှားလော့ဟုမ်း ဝတ္ထုများကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

ထိုအခါ ရှားလော့ဟုမ်း၏ပရိသတ်တို့အကြားမှ ခံစားမှုအဖြာဖြာ ဝေဒနာအဖုံဖုံတို့ သည်ပေါက်ကွဲလာခဲ့တော့သည်။ ထိုရှားလော့ဟုမ်း၏ နောက်ဆုံးဇာတ်သိမ်းဝတ္ထုပါလာသောအခါ စာဖတ်ပရိသတ်ကြီးသည် ရှားလော့ဟုမ်းအတွက် ယူကျုံးမရ ဖြစ်လာသည်။ တကယ့် သက်ရှိတစ်ယောက်၊ မိမိတို့နှင့် ရင်းနီးပြီး မိတ်ဆွေကောင်း တစ်ယောက် ကွယ်လွန်ရသည့်နှယ် အမှတ်ထားကာ လန်ဒန်မြို့ တစ်ဝန်းလုံးက စာဖတ်ပရိသတ်သည် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အဝတ်နက်များကို ဝတ်ဆင်ကြသည်။ လက်ပတ်နက်များကို ပတ်ကြသည်။ အမှန်တကယ် ဝမ်းနည်းပက်လက် ဖြစ်ကြရသလို မကျေမနပ်နိုင်အောင်လည်း ဖြစ်ကြရသည်။ တစ်ချိန်တည်းမှာပင် အချို့ စာဖတ်ပရိသတ်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်ကြရလေ၏။

သို့ဖြင့် စာဖတ်ပရိတ်သတ်အများပင် ကိုနင်ဒွိုင်းထံသို့ “ခင်ဗျားဟာ အလွန်ရက်စက်တဲ့ လူတစ်ယောက်ပဲ” ဟုစာများရေးကာ ရှားလော့ဟုမ်း သေဆုံးရသည့်အတွက် ဒေါသတကြီး ပြစ်တင်ကန့်ကွက်ကြလေသည်။ သို့သော် ၁၈၉၂ တွင် ရေးခဲ့သော ဝတ္ထုဆယ့်နှစ်ပုဒ်ကို ၁၈၉၄တွင် ရှားလော့ဟုမ်း၏ အမှတ်တရများ အဖြစ် စာအုပ် ထုတ်ဝေခဲ့သည်မှအပ ကိုနင်ဒွိုင်းသည် ရှားလော့ဟုမ်းဝတ္ထုများကို ဆက်မေရးခဲ့တော့ပေ။ သို့သော် ၁၉၀၁ တွင် ကိုနင်ဒွိုင်းသည် မိတ်ဆွေတစ်ဦးထံမှ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခုကို နားထောင်ခဲ့ရာမှ အစပြုကာ ရှားလော့ဟုမ်းကို ပြန်လည် အသက်သွင်းရင် စိတ်ကူးရလာခဲ့၏။ သို့ဖြင့် ၁၉၀၁-၀၂တွင် စထရင်းမဂ္ဂဇင်း၌ ရှားလော့ဟုမ်း ဝတ္ထုရှည်ကြီး တစ်ပုဒ် ထည့်သွင်းခဲ့လေသည်။ ထိုဝတ္ထုကား ရှားလော့ဟုမ်းကို ပြန်လည် အသက်သွင်းပေးလိုက်သော ဗာစကာဗျီးလ် ခွေးကြီး အမည်ရှိ ဝတ္ထုဖြစ်သည်။

ကိုနင်ဒွိုင်းသည် ဗာစကာဗျီးလ်ခွေးကြီး အခန်းဆက် ဝတ္ထုရှည်ကြီးကို ရေးသားပုံနှိပ်ထုတ်ဝေပြီးနောက် ၁၉၀၃တွင် ရှားလော့ဟုမ်းအသက်မသေပဲ လွတ်မြောက်လာခဲ့ရပုံကို သအမ်းပတီးဟောက်(စ်) ဝတ္ထုတိုဖြင့် ပြန်လည် ဖော်ပြကာ ရှားလော့ဟုမ်းဝတ္ထုတိုများ ဆက်လက်ရေးသားခဲ့လေသည်။ ယင်းဝတ္ထုတိုများကို စုပေါင်း၍ ရှားလော့ဟုမ်း ပြန်လာပြီ အမည်ဖြင့် ၁၉၀၅ တွင် ရှားလော့ဟုမ်း ဝတ္ထုတိုစု တတိယမြောက်ကို ထုတ်ဝေခဲ့လေသည်။ ထို့နောက် ၁၉၁၇တွင် သူ၏နောက်ဆုံးဦးညွတ်နှုတ်ဆက်ခြင်း ဝတ္ထုတိုစုနှင့် ၁၉၂၇ တွင် ရှားလော့ဟုမ်း၏ မှုခင်းမှတ်တမ်းစာအုပ် အမည်ရှိ ဝတ္ထုတိုစုများကို ထုတ်ဝေခဲ့၏။ ၁၉၂၈တွင် ယင်းဝတ္ထုတိုစုလေးတွဲကို ဝတ္ထုတိုပေါင်းချုပ်အဖြစ် ထုတ်ဝေခဲ့ပြီး ၁၉၂၉တွင် ရှားလော့ဟုမ်း၏ ဝတ္ထုရှည်စုများကို စာအုပ်အဖြစ် ပထမအကြိမ်ထုတ်ဝေခဲ့လေသည်။

၁၉၃၀ ဇူလိုင်၇တွင် ကိုနင်ဒွိုင်း ကွယ်လွန်ခဲ့သည်။ ယင်းကာလအတွင်း ရှားလော့ဟုမ်းဝတ္ထုများသာမဟုတ်၊ သမိုင်းနောက်ခံ ဝတ္ထုကြီးများကိုလည်း ရေးခဲ့၏။ ဗိုလ်မှူးချုပ် ဂျရတ်၊ ပါမောက္ခ ချဲလင်းဂျား အမည်ရှိ ပင်တိုင်ဇာတ်ဆောင်များ မွေးပြီး စွန့်စားခန်း ဝတ္ထုများနှင့် သိပ္ပံဝတ္ထုများကိုလည်း ရေးခဲ့၏။ သို့သော် ရှားလော့ဟုမ်းဝတ္ထုများသည်ကား ပရိသတ်၏ အနှစ်ခြိုက်ဆုံး ဝတ္ထုများအဖြစ်ထင်ရှားခဲ့လေသည်။

စုံထောက်ကြီးဦးစံရှား၊ ရွှေဥဒေါင်း၊ ပဉ္စမအကြိမ်၊
Myanmar Wikipedia

Leave a Reply