ရန္ကုန္ၿမိဳ႕ ရဲ႕ သမိုင္း၀င္ အေဆာက္အဦးအခ်ိ႕အေၾကာင္း

Posted on

ေရးသားသူ – ေအာင္မိုးသူ

ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားသူ မိတ္ေဆြအားလုံးကို ေက်းဇူးတင္ပါတယ္

မဟာဗႏၶဳလပန္းၿခံနဲ႕႔ အဲ့သည္ေရွ႕က ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ အေဆာက္အဦးႀကီးကိုေတာ့ သိၾကမွာေပါ့။ မဟာဗႏၶဳလပန္းၿခံရဲ႕ မူလအမည္ကေတာ့ Fytche Square ျဖစ္ပါသတဲ့။ စတင္တည္ေဆာက္ကတည္းက ပြဲေတာ္ေတြ ၊ လူထုအစည္းအေ၀းပြဲေတြကို အစဥ္အဆက္ က်င္းပခဲ့တဲ့ေနရာလည္းျဖစ္ပါတယ္။ ၁၈၆၇ကတည္းက တည္ရွိခဲ့ၿပီး အဲသည္ကတည္းကတည္ေဆာက္ခဲ့တယ္ သံ၀င္ေပါက္ (လူ၀င္ေပါက္)ကို ယာဘက္အစြန္ဆံုးမွာ ယေန႔ထိတုိင္ေတြ႕ျမင္ႏိုင္ပါေသးပါတယ္။

မဟာဗႏၶဳလပန္းၿခံႀကီးဟာ Fytche Square ဆိုၿပီးတည္ရွိခင္က လြတ္လပ္ေက်ာက္တိုင္းႀကီးေနရာမွာ ဗစ္တိုးရီးယားဘုရင္မရုပ္တုႀကီး ရွိခဲ့ပါတယ္။ ဗစ္တိုးရီးယားဘုရင္မရုပ္တုႀကီး ထားတဲ့ရည္ရြယ္ခ်က္ကေတာ့ ပန္းၿခံႀကီးရဲ႕ အေရွ႕ဘက္မွာရွိတဲ့ ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္ (ယခု) အေဆာက္အဦးႀကီးနဲ႔ သက္ဆိုင္ပါသတဲ့။

၁၉၀၅ခုႏွစ္ ၿဗိတိသွ်လက္ထပ္က ေဆာက္ခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္(ယခု) အေဆာက္အဦးႀကီးဟာ အဲသည္ေခတ္တုန္းကလည္း (၁၉၀၅ ကေန ၁၉၁၁) အထိ တရားလႊတ္ေတာ္အျဖစ္ အသံုးျပဳခဲ့ၾကပါတယ္။ ကိုလိုနီေတြဟာ သူတို႔အင္ပါယာပါ၀ါ ဘယ္ေလာက္ႀကီး ေၾကာင္းျပသတဲ့ အေနနဲ႕ အေဆာက္အဦးကိုကို ထုထည္ခိုင္မာ ဗိသုကာပညာ ခမ္းခမ္းနားနားနဲ႔ တည္ေဆာက္ခဲ့ပါတယ္။ သူတို႔ရဲ႕ ပါ၀ါႀကီးမားပံုကိုျပတဲ့အေနနဲ႔ အေဆာက္အဦးရဲ႕ အမိုးတစ္ဖက္တစ္ခ်က္ဆီမွာ ႀကီးမားတဲ့ ျခေသၤ့ရုပ္ ေလးရုပ္ကို တစ္ဖက္စီမွာတည္ထားခဲ့ပါတယ္။

ထပ္ၿပီးေတာ့ အေဆာက္အဦးရဲ႕ မ်က္ႏွာခ်င္းဆိုင္ျဖစ္တဲ့ ပန္းၿခံ (မဟာဗႏၶဳလပန္းျခံ (ယခု) Fytche Square (ယခင္)) အလယ္မွာလည္း ဗစ္တိုးရီးယား ဘုရင္မ ရုပ္တုကို ထုလုပ္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံကို ဂ်ပန္ေတြ ၀င္လာၿပီးေနာက္ပိုင္းမွာေတာ့ ဗစ္တိုးရီးယားဘုရင္မ ရုပ္တုကို ျဖိဳကာ သူတို႔ရဲ႕ လြတ္လပ္ေရးေက်ာက္တိုင္ကို ထပ္စိုက္ခဲ့ပါတယ္။

လြတ္လပ္ေရးရၿပီးမွာေတာ့ ျမန္မာဗိသုကာဆရာ ဦးေသာင္းညႊန္႔ကေနၿပီးေတာ့ လြတ္လပ္ေရးေက်ာက္တုိင္ကို ဒီဇိုင္းဆြဲကာ တည္ေဆာက္ခဲ့ပါတယ္။ လြတ္လပ္ေရးေက်ာက္တိုင္ကို အေပၚစီးက ၾကည့္မယ္ဆို ယခင္ျမန္မာႏို္င့္အလံျဖစ္တဲ့ ၾကယ္အႀကီးႀကီးေဘးမွာ ၾကယ္ေလးငါးလံုး ၀န္းရံေနပံုကို ေတြ႕ရမွာျဖစ္ပါတယ္။ ယခုေတာ့ မဟာဗႏၶဳလပန္းၿခံဟာ ရန္ကုန္ၿမိဳ႔ လယ္ေကာင္ အနားယူစရာ Green Space အျဖစ္ လွပစြာ တည္ရွိေနၿပီး ရန္ကုန္တုိင္ေဒသႀကီး တရားလႊတ္ေတာ္ဟာလည္း ႏွစ္ေပါင္းရာေက်ာ္ကာ ယခုထရားလႊတ္ေတာ္အျဖစ္တည္ရွိပါေသးတယ္။

ၿမိဳ႕ေတာ္ခန္းမ

ရန္ကုန္ၿမိဳ႕ ရဲ႕ အေမြအႏွစ္ေတြအေၾကာင္းေျပာမယ္ဆိုရင္ေတာ့ ၿမိဳ ႕ေတာ္ခန္းမႀကီးနဲ႕႔ သူရဲ႕တစ္ဖက္က ဧရာ၀တီဘဏ္(ယခု)တို႔ အေဆာက္အဦး နွစ္ခုဟာလည္း မပါမျဖစ္ပါ။

ၿမိဳ႕ေတာ္ခန္းမဟာႀကီးရဲ႕ ယခင္က ေနရာဟာ ဂ်ပန္ေတြေဆာက္ခဲ့တဲ့ ရုံးအေသးစားေလးတစ္ခုပါ။ ဗံုးဒဏ္ထိၿပီး စစ္ၿပီးကာလမွာ အဂၤလိပ္ေတြဟာ ရန္ကုန္ျမဴနီစပယ္ရုံးခန္ေဆာက္ဖို႔ ၾကံစည္ၾကပါတယ္။

ျမဴနီစီပယ္ရုံးျဖစ္ခဲ့စဥ္

ၿမိဳ႕ေတာ္ခန္းမ(ယခု)ရဲ႕ ဗိသုကာပညာရွင္ဟာ ျမန္မာႏိုင္ငံသား စည္သူဦး တင္ျဖစ္ပါတယ္။ စတင္တည္ေဆာက္တဲ့အခ်ိန္မွာ အဂၤလိပ္ေတြဟာ အေဆာက္အဦးကို သူတို႔လက္ရာပံုစံတည္ေဆာက္ခ်င္သလို စည္သူဦးတင္ဟာလည္း ျမန္မာမႈပံုစံတည္ေဆာက္ခ်င္ပါတယ္။ ဒီလိုနဲ႔ ျမိဳ႕ ေတာ္ခန္းမ(ယခု)ရဲ႕ လက္ရာဟာ မူလအေနာက္တိုင္းဗိသုကာလက္ရာကို ျမန္မာ့ဗိသုကာပညာရွင္ စည္သူဦးတင္က ပုဂံလက္ရာ အေျပာက္အမႊန္းမ်ားထည့္သြင္းကာတည္ေဆာက္ခဲ့ပါတယ္။

ၿမိိ႕ေတာ္ခန္းမအျဖစ္ေဆာက္လုပ္ခဲ့အၿပီး
ၿမဳိ႕ေတာ္ခန္းမေပၚက ေျပာသြားတဲ့ ဗုိလ္ခ်ဳပ္ရဲ႕ေနာက္ဆုံးမိန္႔ခြန္း

၁၉၂၅ ကေန ၁၉၄၀ထိ ရန္ကုန္ျမဴနီစပယ္ရုံးအျဖစ္တည္ရွိခဲ့ၿပီး ယခုအခါမွာေတာ့ ရန္ကုန္ၿမိဳ႕ ေတာ္ခန္းမ အျဖစ္တည္ရွိပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေနာက္ဆံုးမိန္႔ခြန္းေျပာၾကားသြားတဲ့ ေနရာတစ္ခုလည္း ျဖစ္ပါသတဲ့။

ယခုေခတ္မွာေတာ့ ၿမိဳ႕ေတာ္ခန္းမရဲ႕ အေရာင္ဟာ ႏွစ္မ်ဳိးေျပာင္းခဲ့ပါတယ္ အ၀ါရင့္ေရာင္ မွတစ္ဆင့္ အခုေနာက္ဆံုး ခရမ္းႏုေရာင္အျဖစ္တည္ရွိခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ပါေစ မဟာဗႏၶဳလပန္းၿခံကေနပဲျဖစ္ျဖစ္ ဘယ္ကေနၾကည့္ၾကည့္ လွပခန္႔ညားတဲ့ ၿမိဳ႕ေတာ္ခန္းမႀကီးကို ေတြ႔ျမင္ႏိုင္ပါတယ္။

ရုိးလ္ကုန္တိုက္ (ယခင္) ၊ ဧရာ၀တီဘဏ္(ယခု)

ခန္႔ညားတဲ့ ၿမိဳ႕ ေတာ္ခန္းမႀကီးရဲ႕ ယာဘက္တစ္ဖက္တစ္ခ်က္မွာ လွပတဲ့ ဗိသုကာ အေဆာက္အဦးအႀကီးတစ္ခုကိုေတြ႕ ရမွာပါ။ ယခုျမင္ေတြ႔ရမွာေတာ့ အဲသည္အေဆာက္ဦးကို အ၀ါခပ္ႏုႏုနဲ႔ ဆင္စြယ္ေရာင္ကို ခြဲျခားကာ ခန္႔ညာစြာ ေဆးသုတ္ထားတာ ေတြ႔ျမင္ရပါလိမ့္မယ္။ အခုအခါမွာေတာ့ အဲသည္ခန္႔ညားတဲ့ ဗိသုကာအေဆာက္အဦးႀကီးဟာ ဧရာ၀တီဘဏ္အျဖစ္ တည္ရွိေနပါတယ္။

အဲသည္ခန္႔ညားတဲ့အေဆာက္အဦးဟာ ၁၉၀၈ခုႏွစ္စတင္တည္ေဆာက္ခဲ့ၿပီး ၁၉၅၀ခုႏွစ္မွာ ရုိးလ္ကုန္တိုက္အျဖစ္ စတင္တည္ရွိခဲ့တာပါ။ ရုိးလ္ကုန္တိုက္ဟာ ျပည္တြင္းမွာသာမကပဲ အေရွ႕ေတာင္အာရွ တစ္၀မ္းမွာ အလြန္နာမည္ေက်ာ္ၾကားတဲ့ ကုန္တိုက္တစ္ခုအျဖစ္ ရပ္တည္ခဲ့ပါတယ္။ ရုိးလ္ကုန္တိုင္မွာမွ USA Made စစ္စစ္ရတာမ်ဳိး။ ရိုးလ္ကုန္တိုက္က ပစၥည္းကမွ အရည္အေသြးေကာင္းတာကအစ အလြန္နာမည္ေက်ာ္ၾကားတာမို႔ အျခားႏိုင္ငံက လူမ်ားဟာ ျမန္မာႏိုင္ငံလာၿပီး ေစ်း၀ယ္ထြက္ၾကတယ္လို႔ ဆိုပါတယ္။

ရိုးလ္ကုန္တိုက္ရဲ႕ အရွိန္အ၀ါဟာ ဘယ္ေလာက္ႀကီးမားသလဲဆို လူတစ္ေယာက္ဟာ ရုိးလ္ကုန္တိုက္ ပစၥည္းတစ္ခု၀ယ္ၿပီး အဲသည္ကုန္တိုက္တံဆိပ္ပါတဲ့ အိတ္ေလးဆြဲၿပီး လမ္းေလွ်ာက္ထြက္ရင္ေတာ့ ဂုဏ္ယူပါသတဲ့။ အခ်ဳိ႕ခင္မင္ရင္းႏွီးတဲ့ မိတ္ေဆြအခ်ဳိ႕ ကေတာ့ အခ်င္းခ်င္းေျပာတဲ့စကားေတြမွာ “ေဟ့ေကာင္ မင္းငါ့ကို တကယ္ခင္ရင္ ရိုးလ္ကုန္တိုက္က ေၾကြပန္းကန္ျပားနဲ႔ ထမင္းဖိတ္ေကၽြးကြာ’လို႔ေတာင္ ေျပာရတဲ့အထိ အရွိန္အ၀ါႀကီးမားခဲ့ပါတယ္။

၁၉၆၂ခုႏွစ္ေနာက္ပိုင္းမွာ ျပည္သူပိုင္အျဖစ္သိမ္းလာခဲ့ၿပီး (ျပည္သူပိုင္လို႔သာေျပာတာပါ အမွန္ေတာ့ အာဏာရွင္ပိုင္သြားတာ) ျပည္သူ႔အင္အားဦးစီးဌာနရုံးအျဖစ္ ၂၀၀၅ခုႏွစ္ထိ အသံုးျပဳခဲ့ပါတယ္။

ယခုအခါမွာေတာ့ ဦးေဇာ္ေဇာ္မွ၀ယ္ယူလိုက္ၿပီး ဧရာ၀တီဘဏ္အျဖစ္ထားရွိပါတယ္။ ဒီေနရာမွာ ဦးေဇာ္ေဇာ္ကို ခ်ီးက်ဴးခ်င္တာ မ၀ယ္ခင္က ပ်က္စီးတဲ့အရာမ်ားကိုပါ ဗိသုကာလက္ရာမပ်က္ ျပန္လည္မြမ္းမံၿပီး ညဘက္ဆိုရင္လည္း လွပေအာင္ ျပယုဂ္တစ္ခုအျဖစ္ထားရွိတဲ့ သူ႔စိတ္သေဘာထားေတာ့ ေလးစားစရာေကာင္းပါတယ္။ ႏိုင္ငံျခားသားမ်ားဟာ အခုသုတ္ထားတဲ့ ေဆးေရာင္အယူအဆကိုလည္း စိတ္၀င္စားၾကပါသတဲ့။ ညဘက္ဆိုရင္လည္း ဓာတ္ပံုရိုက္တဲ့သူနဲ႕ ေလ့လာတဲ့သူမ်ား မ်ားစြာရွိပါတယ္။

Yagon Heritage Trust အဖြဲ႕အစည္းကေတာ့ သူတို႔အေနနဲ႔ ေနာက္ ေရွးေဟာင္းအေမြအႏွစ္ အေဆာက္အဦးေတြကို ဧရာ၀တီဘဏ္(ရိုးလ္ကုန္တိုက္) လိုျဖစ္ေစဖို႔ စံျပထားပါသတဲ့။ ပိုင္ရွင္အေနနဲ႔ကလည္း လက္ရာမပ်က္ေအာင္ထိန္းသိမ္းႏိုင္ၿပီး သူကိုယ္တိုင္ကလည္း တန္ဖိုးထားတာေၾကာင့္ ယခုထက္ထိ လွပခန္႔ညားစြာ ျမင္ေတြ႔ရဦးမွာပါ။

ေလာကနတ္အႏုပညာျပခန္း (သို႔) ဆိုဖဲရ္အေဆာက္အအံု

ပန္းဆိုးတန္းလမ္းမႀကီးဟာ ရန္ကုန္ရဲ႕ ေရွးေဟာင္းအေမြအႏွစ္အေဆာက္အအံုေတြ ရွိတဲ့လမ္းဆိုလည္းမမွားပါဘူး။ ပန္းဆိုးတန္းလမ္းမႀကီးေပၚက ေလာကနတ္အႏုပညာ ျပခန္းရွိတဲ့ အေဆာက္အဦးႀကီးကိုေတာ့သိမွာပါ။ အဲသည္အေဆာက္အဦးရဲ႕ ေျမညီထပ္ မွာေတာ့ အစိုးရက ၀င္းသူဇာဆုိင္ဖြင့္လွစ္ထားၿပီး အလယ္ထပ္မွာေတာ့ မိသားစု အေတာ္မ်ားမ်ားေနထုိင္ၿပီး အေပၚဆံုးထပ္မွာေတာ့ ေလာကနတ္အႏုပညာျပခန္း ရွိပါတယ္။

၁၉၀၆ခုႏွစ္ကတည္းက အေဆာက္အအံုႀကီးျဖစ္ၿပီး။ ပထမဆံုးပိုင္ရွင္ေတြကေတာ့ ဂ်ဴးလူမ်ဳိး ကုန္သည္မိသားစု ျဖစ္ပါတယ္။ ဆိုဖဲရ္မိသားစုလို႔လည္းေခၚပါတယ္။ နာမည္ေက်ာ္ စီးပြားေရးလုပ္ငန္းေတြ ဖြင့္လွစ္ခဲ့တဲ့ေနရာတစ္ခုပါ။

၁၉၇၁ခုႏွစ္မွာ ပထမဆံုးေခတ္ၿပိဳင္ အႏုပညာျပခန္းအျဖစ္ ေလာကနတ္ကို စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ၀င္၀င္ခ်င္းေျမညီထပ္မွာ သတိထားမိတာ ခင္းထားတဲ့ေက်ာက္ျပားေတြပါ။ ေရွးေဟာင္းျဖစ္တဲ့အတြက္ တစ္မူထူးျခားေနပါတယ္။ ေနာက္ထပ္ထူးျခားတာတစ္ခုက ဆိုဖဲရ္အေဆာက္အဦးမွာ ခင္ထားတဲ့ ေၾကြျပားေတြဟာ အဲသည္အေဆာက္အဦးတစ္ခုတည္းအတြက္သာ စက္ရုံမွာေအာ္ဒါမွာထားတာျဖစ္ၿပီး အဲသည္အေဆာက္အဦးကလြဲလို႔ ဘယ္မွာမွ မရွိတဲ့ေၾကြျပားေတြပါပဲ။

၀င္းသူဇာဆိုင္စတင္ဖြင့္ျခင္းမွာ ျပင္ဆင္တဲ့အေနနဲ႔ ခင္းထားတဲ့ေၾကြျပားေတြကို ေျမလွန္ပစ္ၾကပါတယ္။ YGH(Yangon Heritage Trust) က သိသိခ်င္း တားဆီးခဲ့ရာမွာ အနည္းငယ္သာ ဖ်က္ဆီးျဖစ္တာမို႔ အခ်ိန္မီလိုက္ပါတယ္။ အခုဆိုရင္ ဆိုဖဲရ္အေဆာက္အဦးႀကီးက ေၾကြျပားေတြကို အရင္အတုိင္းေတြ႔ျမင္ႏိုင္ပါေသးတယ္။

အေဆာက္အဦးတစ္ခုကို ထိန္းသိမ္းရာမွာေတာ့ အဓိကခက္ခဲတာ ပိုင္ဆုိင္မႈပါပဲ။ ယခုလည္း ေအာက္ဘက္မွာ ၀င္းသူဇာဆုိင္ျဖစ္ၿပီး အလယ္ထပ္မွာေတာ့ မိသားစုေတြေနၾကပါတယ္။ အေပၚထပ္မွာေတာ့ အႏုပညာျပခန္းျဖစ္လို႔ေနပါတယ္။ ပိုင္ဆိုင္မႈေတြ ရႈပ္ေထြးတာေၾကာင့္ အေဆာက္အဦးကို မြမ္းမံျပင္ဆင္မယ့္အပိုင္းမွာလည္း ခက္ခဲလို႔ေနပါေသးသတဲ့။

ေလးစားစြာျဖင့္
ေအာင္မိုးသူ

Ref : Yangon Heritage Trust ေလ့လာေရးခရီးစဥ္

(ျမန္မာ့ဂဇက္မွာ တင္ခဲ့တဲ့ ကိုေအာင္မုိးသူရဲ႕ ပိုစ့္ျဖစ္ပါတယ္)


ရန်ကုန်မြို့ ရဲ့ သမိုင်းဝင် အမွေအနှစ် အဆောက်အဦးအချိ့အကြောင်း (unicode)

ရေးသားသူ – အောင်မိုးသူ

မဟာဗန္ဓုလပန်းခြံနဲ့ အဲ့သည်ရှေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦးကြီးကိုတော့ သိကြမှာပေါ့။ မဟာဗန္ဓုလပန်းခြံရဲ့ မူလအမည်ကတော့ Fytche Square ဖြစ်ပါသတဲ့။ စတင်တည်ဆောက်ကတည်းက ပွဲတော်တွေ ၊ လူထုအစည်းအဝေးပွဲတွေကို အစဉ်အဆက် ကျင်းပခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ၁၈၆၇ကတည်းက တည်ရှိခဲ့ပြီး အဲသည်ကတည်းကတည်ဆောက်ခဲ့တယ် သံဝင်ပေါက် (လူဝင်ပေါက်)ကို ယာဘက်အစွန်ဆုံးမှာ ယနေ့ထိတိုင်တွေ့မြင်နိုင်ပါသေးပါတယ်။

မဟာဗန္ဓုလပန်းခြံကြီးဟာ Fytche Square ဆိုပြီးတည်ရှိခင်က လွတ်လပ်ကျောက်တိုင်းကြီးနေရာမှာ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ရှိခဲ့ပါတယ်။ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ထားတဲ့ရည်ရွယ်ချက်ကတော့ ပန်းခြံကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် (ယခု) အဆောက်အဦးကြီးနဲ့ သက်ဆိုင်ပါသတဲ့။

၁၉၀၅ခုနှစ် ဗြိတိသျှလက်ထပ်က ဆောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်(ယခု) အဆောက်အဦးကြီးဟာ အဲသည်ခေတ်တုန်းကလည်း (၁၉၀၅ ကနေ ၁၉၁၁) အထိ တရားလွှတ်တော်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ကိုလိုနီတွေဟာ သူတို့အင်ပါယာပါဝါ ဘယ်လောက်ကြီး ကြောင်းပြသတဲ့ အနေနဲ့ အဆောက်အဦးကိုကို ထုထည်ခိုင်မာ ဗိသုကာပညာ ခမ်းခမ်းနားနားနဲ့ တည်ဆောက်ခဲ့ပါတယ်။ သူတို့ရဲ့ ပါဝါကြီးမားပုံကိုပြတဲ့အနေနဲ့ အဆောက်အဦးရဲ့ အမိုးတစ်ဖက်တစ်ချက်ဆီမှာ ကြီးမားတဲ့ ခြင်္သေ့ရုပ် လေးရုပ်ကို တစ်ဖက်စီမှာတည်ထားခဲ့ပါတယ်။

ထပ်ပြီးတော့ အဆောက်အဦးရဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ပန်းခြံ (မဟာဗန္ဓုလပန်းခြံ (ယခု) Fytche Square (ယခင်)) အလယ်မှာလည်း ဗစ်တိုးရီးယား ဘုရင်မ ရုပ်တုကို ထုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာပြီးနောက်ပိုင်းမှာတော့ ဗစ်တိုးရီးယားဘုရင်မ ရုပ်တုကို ဖြိုကာ သူတို့ရဲ့ လွတ်လပ်ရေးကျောက်တိုင်ကို ထပ်စိုက်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးမှာတော့ မြန်မာဗိသုကာဆရာ ဦးသောင်းညွှန့်ကနေပြီးတော့ လွတ်လပ်ရေးကျောက်တိုင်ကို ဒီဇိုင်းဆွဲကာ တည်ဆောက်ခဲ့ပါတယ်။ လွတ်လပ်ရေးကျောက်တိုင်ကို အပေါ်စီးက ကြည့်မယ်ဆို ယခင်မြန်မာန်ိုင့်အလံဖြစ်တဲ့ ကြယ်အကြီးကြီးဘေးမှာ ကြယ်လေးငါးလုံး ဝန်းရံနေပုံကို တွေ့ရမှာဖြစ်ပါတယ်။ ယခုတော့ မဟာဗန္ဓုလပန်းခြံဟာ ရန်ကုန်မြို့ လယ်ကောင် အနားယူစရာ Green Space အဖြစ် လှပစွာ တည်ရှိနေပြီး ရန်ကုန်တိုင်ဒေသကြီး တရားလွှတ်တော်ဟာလည်း နှစ်ပေါင်းရာကျော်ကာ ယခုထရားလွှတ်တော်အဖြစ်တည်ရှိပါသေးတယ်။

ရန်ကုန်မြို့ ရဲ့ အမွေအနှစ်တွေအကြောင်းပြောမယ်ဆိုရင်တော့ မြို ႕တော်ခန်းမကြီးနဲ့ သူရဲ့တစ်ဖက်က ဧရာဝတီဘဏ်(ယခု)တို့ အဆောက်အဦး နှစ်ခုဟာလည်း မပါမဖြစ်ပါ။

မြို့တော်ခန်းမဟာကြီးရဲ့ ယခင်က နေရာဟာ ဂျပန်တွေဆောက်ခဲ့တဲ့ ရုံးအသေးစားလေးတစ်ခုပါ။ ဗုံးဒဏ်ထိပြီး စစ်ပြီးကာလမှာ အင်္ဂလိပ်တွေဟာ ရန်ကုန်မြူနီစပယ်ရုံးခန်ဆောက်ဖို့ ကြံစည်ကြပါတယ်။

မြို့တော်ခန်းမ(ယခု)ရဲ့ ဗိသုကာပညာရှင်ဟာ မြန်မာနိုင်ငံသား စည်သူဦး တင်ဖြစ်ပါတယ်။ စတင်တည်ဆောက်တဲ့အချိန်မှာ အင်္ဂလိပ်တွေဟာ အဆောက်အဦးကို သူတို့လက်ရာပုံစံတည်ဆောက်ချင်သလို စည်သူဦးတင်ဟာလည်း မြန်မာမှုပုံစံတည်ဆောက်ချင်ပါတယ်။ ဒီလိုနဲ့ မြို့ တော်ခန်းမ(ယခု)ရဲ့ လက်ရာဟာ မူလအနောက်တိုင်းဗိသုကာလက်ရာကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က ပုဂံလက်ရာ အပြောက်အမွှန်းများထည့်သွင်းကာတည်ဆောက်ခဲ့ပါတယ်။

၁၉၂၅ ကနေ ၁၉၄ဝထိ ရန်ကုန်မြူနီစပယ်ရုံးအဖြစ်တည်ရှိခဲ့ပြီး ယခုအခါမှာတော့ ရန်ကုန်မြို့ တော်ခန်းမ အဖြစ်တည်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးမိန့်ခွန်းပြောကြားသွားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါသတဲ့။

ယခုခေတ်မှာတော့ မြို့တော်ခန်းမရဲ့ အရောင်ဟာ နှစ်မျိုးပြောင်းခဲ့ပါတယ် အဝါရင့်ရောင် မှတစ်ဆင့် အခုနောက်ဆုံး ခရမ်းနုရောင်အဖြစ်တည်ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မဟာဗန္ဓုလပန်းခြံကနေပဲဖြစ်ဖြစ် ဘယ်ကနေကြည့်ကြည့် လှပခန့်ညားတဲ့ မြို့တော်ခန်းမကြီးကို တွေ့မြင်နိုင်ပါတယ်။

ရိုးလ်ကုန်တိုက် (ယခင်) ၊ ဧရာဝတီဘဏ်(ယခု)

ခန့်ညားတဲ့ မြို့ တော်ခန်းမကြီးရဲ့ ယာဘက်တစ်ဖက်တစ်ချက်မှာ လှပတဲ့ ဗိသုကာ အဆောက်အဦးအကြီးတစ်ခုကိုတွေ့ ရမှာပါ။ ယခုမြင်တွေ့ရမှာတော့ အဲသည်အဆောက်ဦးကို အဝါခပ်နုနုနဲ့ ဆင်စွယ်ရောင်ကို ခွဲခြားကာ ခန့်ညာစွာ ဆေးသုတ်ထားတာ တွေ့မြင်ရပါလိမ့်မယ်။ အခုအခါမှာတော့ အဲသည်ခန့်ညားတဲ့ ဗိသုကာအဆောက်အဦးကြီးဟာ ဧရာဝတီဘဏ်အဖြစ် တည်ရှိနေပါတယ်။

အဲသည်ခန့်ညားတဲ့အဆောက်အဦးဟာ ၁၉၀၈ခုနှစ်စတင်တည်ဆောက်ခဲ့ပြီး ၁၉၅ဝခုနှစ်မှာ ရိုးလ်ကုန်တိုက်အဖြစ် စတင်တည်ရှိခဲ့တာပါ။ ရိုးလ်ကုန်တိုက်ဟာ ပြည်တွင်းမှာသာမကပဲ အရှေ့တောင်အာရှ တစ်ဝမ်းမှာ အလွန်နာမည်ကျော်ကြားတဲ့ ကုန်တိုက်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ရိုးလ်ကုန်တိုင်မှာမှ USA Made စစ်စစ်ရတာမျိုး။ ရိုးလ်ကုန်တိုက်က ပစ္စည်းကမှ အရည်အသွေးကောင်းတာကအစ အလွန်နာမည်ကျော်ကြားတာမို့ အခြားနိုင်ငံက လူများဟာ မြန်မာနိုင်ငံလာပြီး ဈေးဝယ်ထွက်ကြတယ်လို့ ဆိုပါတယ်။

ရိုးလ်ကုန်တိုက်ရဲ့ အရှိန်အဝါဟာ ဘယ်လောက်ကြီးမားသလဲဆို လူတစ်ယောက်ဟာ ရိုးလ်ကုန်တိုက် ပစ္စည်းတစ်ခုဝယ်ပြီး အဲသည်ကုန်တိုက်တံဆိပ်ပါတဲ့ အိတ်လေးဆွဲပြီး လမ်းလျှောက်ထွက်ရင်တော့ ဂုဏ်ယူပါသတဲ့။ အချို့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအချို့ ကတော့ အချင်းချင်းပြောတဲ့စကားတွေမှာ “ဟေ့ကောင် မင်းငါ့ကို တကယ်ခင်ရင် ရိုးလ်ကုန်တိုက်က ကြွေပန်းကန်ပြားနဲ့ ထမင်းဖိတ်ကျွေးကွာ’လို့တောင် ပြောရတဲ့အထိ အရှိန်အဝါကြီးမားခဲ့ပါတယ်။

၁၉၆၂ခုနှစ်နောက်ပိုင်းမှာ ပြည်သူပိုင်အဖြစ်သိမ်းလာခဲ့ပြီး (ပြည်သူပိုင်လို့သာပြောတာပါ အမှန်တော့ အာဏာရှင်ပိုင်သွားတာ) ပြည်သူ့အင်အားဦးစီးဌာနရုံးအဖြစ် ၂၀၀၅ခုနှစ်ထိ အသုံးပြုခဲ့ပါတယ်။

ယခုအခါမှာတော့ ဦးဇော်ဇော်မှဝယ်ယူလိုက်ပြီး ဧရာဝတီဘဏ်အဖြစ်ထားရှိပါတယ်။ ဒီနေရာမှာ ဦးဇော်ဇော်ကို ချီးကျူးချင်တာ မဝယ်ခင်က ပျက်စီးတဲ့အရာများကိုပါ ဗိသုကာလက်ရာမပျက် ပြန်လည်မွမ်းမံပြီး ညဘက်ဆိုရင်လည်း လှပအောင် ပြယုဂ်တစ်ခုအဖြစ်ထားရှိတဲ့ သူ့စိတ်သဘောထားတော့ လေးစားစရာကောင်းပါတယ်။ နိုင်ငံခြားသားများဟာ အခုသုတ်ထားတဲ့ ဆေးရောင်အယူအဆကိုလည်း စိတ်ဝင်စားကြပါသတဲ့။ ညဘက်ဆိုရင်လည်း ဓာတ်ပုံရိုက်တဲ့သူနဲ့ လေ့လာတဲ့သူများ များစွာရှိပါတယ်။

Yagon Heritage Trust အဖွဲ့အစည်းကတော့ သူတို့အနေနဲ့ နောက် ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတွေကို ဧရာဝတီဘဏ်(ရိုးလ်ကုန်တိုက်) လိုဖြစ်စေဖို့ စံပြထားပါသတဲ့။ ပိုင်ရှင်အနေနဲ့ကလည်း လက်ရာမပျက်အောင်ထိန်းသိမ်းနိုင်ပြီး သူကိုယ်တိုင်ကလည်း တန်ဖိုးထားတာကြောင့် ယခုထက်ထိ လှပခန့်ညားစွာ မြင်တွေ့ရဦးမှာပါ။

လောကနတ်အနုပညာပြခန်း (သို့) ဆိုဖဲရ်အဆောက်အအုံ

ပန်းဆိုးတန်းလမ်းမကြီးဟာ ရန်ကုန်ရဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေ ရှိတဲ့လမ်းဆိုလည်းမမှားပါဘူး။ ပန်းဆိုးတန်းလမ်းမကြီးပေါ်က လောကနတ်အနုပညာ ပြခန်းရှိတဲ့ အဆောက်အဦးကြီးကိုတော့သိမှာပါ။ အဲသည်အဆောက်အဦးရဲ့ မြေညီထပ် မှာတော့ အစိုးရက ဝင်းသူဇာဆိုင်ဖွင့်လှစ်ထားပြီး အလယ်ထပ်မှာတော့ မိသားစု အတော်များများနေထိုင်ပြီး အပေါ်ဆုံးထပ်မှာတော့ လောကနတ်အနုပညာပြခန်း ရှိပါတယ်။

၁၉၀၆ခုနှစ်ကတည်းက အဆောက်အအုံကြီးဖြစ်ပြီး။ ပထမဆုံးပိုင်ရှင်တွေကတော့ ဂျူးလူမျိုး ကုန်သည်မိသားစု ဖြစ်ပါတယ်။ ဆိုဖဲရ်မိသားစုလို့လည်းခေါ်ပါတယ်။ နာမည်ကျော် စီးပွားရေးလုပ်ငန်းတွေ ဖွင့်လှစ်ခဲ့တဲ့နေရာတစ်ခုပါ။

၁၉၇၁ခုနှစ်မှာ ပထမဆုံးခေတ်ပြိုင် အနုပညာပြခန်းအဖြစ် လောကနတ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဝင်ဝင်ချင်းမြေညီထပ်မှာ သတိထားမိတာ ခင်းထားတဲ့ကျောက်ပြားတွေပါ။ ရှေးဟောင်းဖြစ်တဲ့အတွက် တစ်မူထူးခြားနေပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ဆိုဖဲရ်အဆောက်အဦးမှာ ခင်ထားတဲ့ ကြွေပြားတွေဟာ အဲသည်အဆောက်အဦးတစ်ခုတည်းအတွက်သာ စက်ရုံမှာအော်ဒါမှာထားတာဖြစ်ပြီး အဲသည်အဆောက်အဦးကလွဲလို့ ဘယ်မှာမှ မရှိတဲ့ကြွေပြားတွေပါပဲ။

ဝင်းသူဇာဆိုင်စတင်ဖွင့်ခြင်းမှာ ပြင်ဆင်တဲ့အနေနဲ့ ခင်းထားတဲ့ကြွေပြားတွေကို မြေလှန်ပစ်ကြပါတယ်။ YGH(Yangon Heritage Trust) က သိသိချင်း တားဆီးခဲ့ရာမှာ အနည်းငယ်သာ ဖျက်ဆီးဖြစ်တာမို့ အချိန်မီလိုက်ပါတယ်။ အခုဆိုရင် ဆိုဖဲရ်အဆောက်အဦးကြီးက ကြွေပြားတွေကို အရင်အတိုင်းတွေ့မြင်နိုင်ပါသေးတယ်။

အဆောက်အဦးတစ်ခုကို ထိန်းသိမ်းရာမှာတော့ အဓိကခက်ခဲတာ ပိုင်ဆိုင်မှုပါပဲ။ ယခုလည်း အောက်ဘက်မှာ ဝင်းသူဇာဆိုင်ဖြစ်ပြီး အလယ်ထပ်မှာတော့ မိသားစုတွေနေကြပါတယ်။ အပေါ်ထပ်မှာတော့ အနုပညာပြခန်းဖြစ်လို့နေပါတယ်။ ပိုင်ဆိုင်မှုတွေ ရှုပ်ထွေးတာကြောင့် အဆောက်အဦးကို မွမ်းမံပြင်ဆင်မယ့်အပိုင်းမှာလည်း ခက်ခဲလို့နေပါသေးသတဲ့။

လေးစားစွာဖြင့်
အောင်မိုးသူ

Ref : Yangon Heritage Trust လေ့လာရေးခရီးစဉ်

(မြန်မာ့ဂဇက်မှာ တင်ခဲ့တဲ့ ကိုအောင်မိုးသူရဲ့ ပိုစ့်ဖြစ်ပါတယ်)

Leave a Reply