မတ္ေစာက္တဲ့ေက်ာက္ေတာင္ေတြေပၚက ေတာင္ဆိတ္တို႔ အေၾကာင္း သိေကာင္းစရာ

Posted on

ေတာင္ဆိတ္မ်ားသည္ အလြန္ျမင့္မား၍ ဆီးႏွင္းခဲ‌ေသာ ဟိမဝႏၲာ‌ေတာင္၊ အဲ့လပ‌ေတာင္တန္း၊ ‌ေကာ္‌ေကးဆပ္‌ေတာင္ႏွင့္ ပီးရနီး‌ေတာင္စသည့္ ‌ေတာင္တန္းႀကီးမ်ား‌ေပၚတြင္ ‌ေနထိုင္ၾက သည္။ ‌ သူတုိ႔ကုိ Rocky Mountain goat ဟုလည္းေခၚေလ့ရွိသည္။

ေတာင္ဆိတ္ဖုိကုိ billy ဟုေခၚ၍ ေတာင္ဆိတ္အမကုိ nanny ဟုေခၚၿပီး ေတာင္ဆိတ္အုပ္စုကိုမူ band ဟုေခၚသည္။ ေတာင္ဆိတ္တုိ႔၏ သိပၸံအမည္မွာ oreamnos americanus ျဖစ္သည္။ ေတာင္ဆိတ္အဖိုတို႔၏ ဦးခ်ိဳမ်ားသည္ ဓားလြယ္ ‌ေကာက္ႀကီး ၂ ခုႏွင့္တူလ်က္၊ ‌ေရွ႕ဘက္တြင္ ‌ေဖာင္းရစ္သဖြယ္ အထစ္အထစ္ ျဖစ္‌ေနသည္။ အရွည္ လက္မ ၃၀ မွ ၆၀ အထိ ရွိတတ္သည္။ အမမ်ား၏ ဦးခ်ိဳသည္ကား ၈ လက္မခန္႔သာ ရွည္‌ေလသည္။ ထုိဦးခ်ဳိမ်ားသည္ပင္ သူတုိ႔၏ လက္နက္ျဖစ္သည္။

ထိုသတၱဝါတို႔သည္ ‌ေရအၿမဲခဲ‌ေန‌ေသာ ‌ေတာင္ အျမင့္ပိုင္းတြင္သာ ‌ေနထိုင္‌ေလ့ရွိၾကလ်က္ အစာစားရန္ သစ္ ‌ေတာျမက္‌ေတာမ်ားရွိရာသို႔ ညအခ်ိန္ ဆင္းလာတတ္သည္။ ထူထဲ‌ေသာ အ‌ေမြးမ်ား‌ေၾကာင့္ အ‌ေအးဒဏ္ကိုခံႏိုင္သည္။ တစ္ကုိယ္လုံးကို အလြန္ထူထဲေသာ အေမႊးမ်ားျဖင့္ ဖုံးအုပ္ထားၿပီး အ‌ေရာင္မွာ အျဖဴ ၊ အမဲ ၊ အညဳိေရာင္ ျဖစ္၍ ‌ေဆာင္းအခါတြင္ ပို၍ရွည္လာ သည္။ ‌ေတာင္ဆိတ္မ်ား၏ အေမႊးသည္ ေတာင္ဆိတ္မ်ားကုိ အပူခ်ိန္ အႏႈတ္ ၄၆ဒီဂရီဆဲစီးယပ္စ္တြင္ပင္ ေအးေဆးစြာေနေစႏုိင္သည္။

ေတာင္ဆိတ္တို႔၏ ပ်မ္းမွ်အရပ္မွာ ၄ေပခန္႔ ရွိၿပီး အထီးမ်ားသည္ အမမ်ားထက္ ကိုယ္အေလးခ်ိန္ ၃၀%ခန္႔ ပိုေလးသည္။ ‌ေရွ႕‌ေျခမ်ားသည္ ‌ေနာက္‌ေျခမ်ားထက္တိုသျဖင့္ ‌ေတာင္ ကိုဆင္းရန္ထက္ ‌ေတာင္ကိုတက္ရန္ ပို၍လြယ္ကူသည္။ ‌မာေက်ာ္ေသာေျခေထာက္ ၊ ေတာင့္တင္းသန္မာေသာ ပုခုံးႏွင့္ လည္ပင္းၾကြက္သားမ်ားက သူတုိ႔အား ေတာင္နံရံတြင္ကပ္ေနေစရန္ ကူညီေပးသည္။ ေတာင္ဆိတ္မ်ားသည္ ၁၂ ေပ အကြာအေ၀းကို ခုံႏုိင္စြမ္းရွိသည္။

ဆိတ္ထီးအိုႀကီးမ်ားသည္ ျမင့္လွ‌ေသာ ‌ေတာင္ ထိပ္မ်ားတြင္ တစ္‌ေကာင္တည္း က်က္စားတတ္ၾကသည္။‌ ေတာင္ဆိတ္ဆိုသည့္အတိုင္း အလြန္မတ္‌ေစာက္၍ အတက္ရ ခက္‌ေသာ ‌ေနရာမ်ားတြင္ တက္‌ေရာက္သြားလာႏိုင္သည္။ တစ္ခါတစ္ရံ အိမ္တြင္ယဥ္ပါး‌ေအာင္ ‌ေမြးထား‌ေသာ ‌ေတာင္ဆိတ္က‌ေလးမ်ားသည္ အိမ္‌ေခါင္မိုး‌ေပၚသို႔ပင္ တက္၍ကစား တတ္ၾကသည္။ ေတာရုိင္းေတာင္ဆိတ္တုိ႔ကား ေပ ၁၃၀၀၀ ျမင့္ေသာေတာင္မ်ားကိုပင္ တက္ႏုိင္စြမ္းရွိသည္ဟု သိရသည္။ ထုိသုိ႔ျမင့္မားေသာ ေတာင္မ်ားေပၚတြင္ေနထုိင္ျခင္းကလည္း သူတုိ႔အား အျခားေတာေကာင္ႀကီးမ်ားရန္မွ ကာကြယ္ေပးေစသည္။

ေတာင္ဆိတ္မ်ားသည္ အပင္စားသတၱ၀ါျဖစ္၍ သူတုိ႔၏ အဓိက အစားအစာမ်ားမွာ ျမက္မ်ား ၊ အပင္ငယ္မ်ား ၊ သစ္သီးသစ္ရြက္မ်ား ၊ သစ္ကုိင္းငယ္မ်ား ႏွင့္ ေရညွိတုိ႔ျဖစ္ၾကသည္။ ေတာင္ဆိတ္မ်ား၏ ကုိယ္၀န္ေဆာင္ခ်ိန္မွာ ၆လ ျဖစ္ၿပီး ေမြးကင္းစ ၁ရက္သားေတာင္ဆိတ္ငယ္ေလးမ်ားမွာ လမ္းေလွ်ာက္ႏုိင္ေနၿပီျဖစ္သည္။ ေတာင္ဆိတ္မ်ား၏ ပ်မ္းမွ်သက္တမ္းမွာ ၁၂ႏွစ္ မွ ၁၅ႏွစ္ အထိျဖစ္ၿပီး ေတာင္ဆိတ္အခ်ဳိကမူ ၁၆ႏွစ္မွ ၂၀ႏွစ္အထိ အသက္ရွည္ၾကသည္။

ဆြစ္ဇာလန္ႏိုင္ငံ၊ အဲ့လပ‌ေတာင္ကုန္းမ်ားရွိ ‌ေတာင္ဆိတ္မ်ားကို ပစ္ခတ္သတ္ျဖတ္ၾကသျဖင့္ နည္းပါးသြား ကာ၊ မ်ိဳးဆက္ျပတ္လုမတတ္ရွိ‌ေန‌ေသာ‌ေၾကာင့္ အစိုးရတို႔က မပစ္ခတ္ မသတ္ျဖတ္ၾကရန္ ဥပ‌ေဒျဖင့္ တားျမစ္ထားရေလသည္။

VIDEO

ေတာင္ဆိတ္မ်ားႏွင့္ပတ္သတ္၍ ဆရာေမာင္စိန္၀င္း(ပုတီးကုန္း) ေရးသားေသာ စိတ္၀င္စားဖြယ္ပုံျပင္ေလးတစ္ပုဒ္မွာ ေအာက္ပါအတုိင္းျဖစ္သည္။

ေတာင္ဆိတ္ပုံျပင္

ေတာင္ဆိတ္ေတြရဲ႕ ခြာ ဂ်ိဳ အစရွိတာေတြဟာ တန္ဖိုးရွိေဆးဖက္ဝင္လြန္းတယ္။ ဒါေပမဲ႔ ဒီေကာင္ေတြကိုအလြယ္တကူမေတြ႔နိုင္ဘူး။ရွာမရနိုင္ဘူး သည္ေတာ့ မုဆိုးအမ်ားစုက ေက်ာက္ေတာင္ေတြမွာလိုက္ရွာရတယ္။ သည္မွာပဲ ေတာင္ဆိတ္ တစ္အုပ္ကိုေတြ႔လို႔မုဆီုးေတြဟာမတ္ေစာက္တဲ႔ ေက်ာက္ေတာင္ေပၚမွာ ေတာင္ ဆိတ္ ေတြ ေနာက္ကို အမဲလိုက္မုဆိုးေတြ လိုက္ၾကရင္းနဲ႔ ေခ်ာက္ကမ္းပါး တစ္ခု ရဲ႕ ထိပ္မွာေတာင္ဆိတ္ အုပ္ႀကီး ေျပးေပါက္မရွိေတာ့ပဲ ၊ ပိတ္မိသြားတယ္။

သူတို႔ ခုန္ကူး ႏိုင္တာထက္ ေခ်ာက္ကမ္းပါးက ပိုက်ယ္ေနတယ္။ေအာက္မွာ ကလဲ ေရစီး သန္တဲ႔ ေခ်ာင္းနက္ႀကီး။ ေတာင္ဆိတ္ေတြက အလြန္ဆုံးမွ ေျခာက္မီတာေလာက္ပဲ ခုန္ႏိုင္တာ။ ေခ်ာက္ကမ္းပါးက တစ္ဆယ္ မီတာ ေက်ာ္ေက်ာ္ေလာက္ က်ယ္ေနတယ္။ မုဆိုးေတြကေတာင္ဆိတ္အုပ္ႀကီး ဘယ္လိုမွ ေျပးမလြတ္ေတာ့ဘူး။လြယ္လြယ္နဲ႔ အကုန္ဖမ္းမိၿပီလို႔ တြက္ၾကတယ္။သူတို႕ဟာ တျဖည္းျဖည္းနဲ႔ ေတာင္ဆိတ္အုပ္ဆီ တိုးသြားၾကရင္း ေတာင္ဆိတ္ေတြ ဘာလုပ္မလဲၾကည့္ေနၾကတယ္။

သူတို႕ၾကည့္ေနတုံးမွာ ေတာင္ဆိတ္တစ္ေကာင္က အရဲစြန္႔ၿပီး လႊားကနဲခုန္ကူးလိုက္တယ္။အလွမ္းက်ယ္လြန္းလို႔ တစ္ဖက္ကမ္းဆီ မေရာက္ပဲေခ်ာက္ကမ္းပါးနက္ထဲ ျပဳတ္က် သြားၿပီး၊ ေရစီးထဲေမ်ာပါသြားတယ္။ ေနာက္ထပ္တစ္ေကာင္မွ ထပ္မခုန္ရဲေတာ့ဘူး ။ေၾကာက္လန္႔ တုန္လႈပ္ ေနၾကတယ္။ အဲဒီအခ်ိန္မွာပဲ မယုံႏိုင္စရာ ျမင္ကြင္းကို မုဆိုးေတြ ေတြ႕လိုက္ရတယ္။ ေတာင္ဆိတ္ေခါင္းေဆာင္ဟာ ေၾကာက္လန္႔တၾကား ျဖစ္ေနတဲ႔ သူ႕ အုပ္စုကို အသံက်ယ္က်ယ္ နဲ႔ အခ်က္ေပးလိုက္တယ္။

သူ႔အသံၾကားေတာ့ တုန္လႈပ္ေနတဲ႔ ေတာင္ဆိတ္ေတြ ၿငိမ္သြားၾကၿပီး အုပ္စု ႏွစ္ခုခြဲလိုက္ၾကတယ္။ တစ္အုပ္စုက အသက္ႀကီးရင့္ေနတဲ႔ ေတာင္ဆိတ္ အိုေတြ၊ေနာက္တစ္အုပ္စုက ေတာင္ဆိတ္ ငယ္ေတြ ေတာင္ဆိတ္ပ်ိဳေလးေတြ၊မုဆိုးေတြကလဲ သူတို႔ ဘာဆက္လုပ္ၾကမလဲလို႔ စိတ္၀င္တစားေစာင့္ၾကည့္ေနၾကတယ္။

ေနာက္တစ္ခါ ေတာင္ဆိတ္ေခါင္းေဆာင္က အခ်က္ ထပ္ေပးလိုက္ေတာ့ ေတာင္ဆိတ္အုပ္ႀကီးဟာ ေခ်ာက္ကမ္းပါးႀကီးကို စၿပီးခုန္ကူးၾကတယ္။ ေတာင္ဆိတ္အို ေတြက အရင္ဆုံး စၿပီးခုန္တယ္။ စကၠန္႕ ပိုင္းျခားၿပီး ေတာင္ဆိတ္ငယ္ေလးေတြက သူတို႔ ေနာက္မွာ လိုက္ခုန္ၾကတယ္။အဲလို အရင္ခုန္လိုက္လို႔ နဲနဲေလးေရွ႕ကို ႀကိဳေရာက္ၿပီး ေအာက္မွာ ေရာက္ေနတဲ႔ ေတာင္ဆိတ္အို ေတြ ရဲ႕ ကိုယ္ေပၚကို နင္းၿပီး ေနာက္တစ္ဆင္႔အားယူၿပီး ထပ္ခုန္လိုက္ေတာ့ ေတာင္ဆိတ္ငယ္ေလးေတြဟာတစ္ဖက္ကမ္းကို လြတ္လြတ္ကြ်တ္ကြ်တ္ ေရာက္သြားၾကတယ္။ ေတာင္ဆိတ္အိုေတြကေတာ့ ေခ်ာက္ကမ္းပါး ထဲ အက်ခံၿပီး စေတးခံသြားၾကရွာတယ္။

ေတာင္ဆိတ္ေခါင္းေဆာင္ ႀကီးကလဲ သူ႔အုပ္စုအကုန္ခုန္ကူးၿပီးသြားတဲ႔ အထိ အခ်ိန္ရေအာင္ထင္ပါတယ္။မုဆိုးေတြ ဆီ တည့္တည့္ႀကီး ရင္ဆိုင္ၿပီး တိုး၀င္လာလို႔ ေသနတ္နဲ႔ ပစ္္ရတယ္။ေသနတ္ တစ္ခ်က္မွန္ သြားတာေတာင္ ယိုင္ရုံပဲ ယိုင္သြားၿပီးေရွ႕ဆက္တိုး၀င္လာလို႔ ထပ္ပစ္ရတယ္။ ႏွစ္ခ်က္သုံး ခ်က္မွန္သြားမွပဲ ေခ်ာက္ထဲျပဳတ္က်သြားတယ္။

မုဆိုးေတြဟာ ေတာင္ဆိတ္ ေခါင္းေဆာင္ ရဲ႕ေခါင္းေဆာင္ေကာင္း ပီသမႈနဲ႔ ေတာင္ဆိတ္အိုေတြရဲ႕ စြန္႔လြတ္အနစ္နာခံတတ္တဲ႔ စိတ္ကို အခုထိ လက္ဆင့္ကမ္းေျပာျပေနၾကတယ္။ ဒီပုံျပင္ဟာ တျခား တိရိ စၧာန္ ေတြ ရွင္သန္ဖို႔ ခက္ခဲလွတဲ႔ မတ္ေစာက္တဲ႔ ေက်ာက္ေတာင္ေတြေပၚမွာ ဘာေၾကာင့္ ေတာင္ဆိတ္ေတြက ရွင္သန္က်န္ရစ္ ေနႏိုင္တာလဲ ဆိုရဲ႕ အေျဖပါပဲ ။

ကုိးကား

National forest
visit big skymt
ျမန္မာ့စြယ္စုံက်မ္း အတြဲ ၅
ေမာင္စိန္၀င္း(ပုတီးကုန္း)


မတ်စောက်တဲ့ကျောက်တောင်တွေပေါ်က တောင်ဆိတ်တို့ အကြောင်း သိကောင်းစရာ (unicode)

တောင်ဆိတ်များသည် အလွန်မြင့်မား၍ ဆီးနှင်းခဲ‌သော ဟိမဝန္တာ‌တောင်၊ အဲ့လပ‌တောင်တန်း၊ ‌ကော်‌ကေးဆပ်‌တောင်နှင့် ပီးရနီး‌တောင်စသည့် ‌တောင်တန်းကြီးများ‌ပေါ်တွင် ‌နေထိုင်ကြ သည်။ ‌ သူတို့ကို Rocky Mountain goat ဟုလည်းခေါ်လေ့ရှိသည်။

တောင်ဆိတ်ဖိုကို billy ဟုခေါ်၍ တောင်ဆိတ်အမကို nanny ဟုခေါ်ပြီး တောင်ဆိတ်အုပ်စုကိုမူ band ဟုခေါ်သည်။ တောင်ဆိတ်တို့၏ သိပ္ပံအမည်မှာ oreamnos americanus ဖြစ်သည်။ တောင်ဆိတ်အဖိုတို့၏ ဦးချိုများသည် ဓားလွယ် ‌ကောက်ကြီး ၂ ခုနှင့်တူလျက်၊ ‌ရှေ့ဘက်တွင် ‌ဖောင်းရစ်သဖွယ် အထစ်အထစ် ဖြစ်‌နေသည်။ အရှည် လက်မ ၃၀ မှ ၆၀ အထိ ရှိတတ်သည်။ အမများ၏ ဦးချိုသည်ကား ၈ လက်မခန့်သာ ရှည်‌လေသည်။ ထိုဦးချိုများသည်ပင် သူတို့၏ လက်နက်ဖြစ်သည်။

ထိုသတ္တဝါတို့သည် ‌ရေအမြဲခဲ‌နေ‌သော ‌တောင် အမြင့်ပိုင်းတွင်သာ ‌နေထိုင်‌လေ့ရှိကြလျက် အစာစားရန် သစ် ‌တောမြက်‌တောများရှိရာသို့ ညအချိန် ဆင်းလာတတ်သည်။ ထူထဲ‌သော အ‌မွေးများ‌ကြောင့် အ‌အေးဒဏ်ကိုခံနိုင်သည်။ တစ်ကိုယ်လုံးကို အလွန်ထူထဲသော အမွှေးများဖြင့် ဖုံးအုပ်ထားပြီး အ‌ရောင်မှာ အဖြူရောင်ဖြစ်၍ ‌ဆောင်းအခါတွင် ပို၍ရှည်လာ သည်။ ‌တောင်ဆိတ်များ၏ အမွှေးသည် တောင်ဆိတ်များကို အပူချိန် အနှုတ် ၄၆ဒီဂရီဆဲစီးယပ်စ်တွင်ပင် အေးဆေးစွာနေစေနိုင်သည်။

တောင်ဆိတ်တို့၏ ပျမ်းမျှအရပ်မှာ ၄ပေခန့် ရှိပြီး အထီးများသည် အမများထက် ကိုယ်အလေးချိန် ၃၀%ခန့် ပိုလေးသည်။ ‌ရှေ့‌ခြေများသည် ‌နောက်‌ခြေများထက်တိုသဖြင့် ‌တောင် ကိုဆင်းရန်ထက် ‌တောင်ကိုတက်ရန် ပို၍လွယ်ကူသည်။ ‌မာကျော်သောခြေထောက် ၊ တောင့်တင်းသန်မာသော ပုခုံးနှင့် လည်ပင်းကြွက်သားများက သူတို့အား တောင်နံရံတွင်ကပ်နေစေရန် ကူညီပေးသည်။ တောင်ဆိတ်များသည် ၁၂ ပေ အကွာအဝေးကို ခုံနိုင်စွမ်းရှိသည်။

ဆိတ်ထီးအိုကြီးများသည် မြင့်လှ‌သော ‌တောင် ထိပ်များတွင် တစ်‌ကောင်တည်း ကျက်စားတတ်ကြသည်။‌ တောင်ဆိတ်ဆိုသည့်အတိုင်း အလွန်မတ်‌စောက်၍ အတက်ရ ခက်‌သော ‌နေရာများတွင် တက်‌ရောက်သွားလာနိုင်သည်။ တစ်ခါတစ်ရံ အိမ်တွင်ယဉ်ပါး‌အောင် ‌မွေးထား‌သော ‌တောင်ဆိတ်က‌လေးများသည် အိမ်‌ခေါင်မိုး‌ပေါ်သို့ပင် တက်၍ကစား တတ်ကြသည်။ တောရိုင်းတောင်ဆိတ်တို့ကား ပေ ၁၃၀၀၀ မြင့်သောတောင်များကိုပင် တက်နိုင်စွမ်းရှိသည်ဟု သိရသည်။ ထိုသို့မြင့်မားသော တောင်များပေါ်တွင်နေထိုင်ခြင်းကလည်း သူတို့အား အခြားတောကောင်ကြီးများရန်မှ ကာကွယ်ပေးစေသည်။

တောင်ဆိတ်များသည် အပင်စားသတ္တဝါဖြစ်၍ သူတို့၏ အဓိက အစားအစာများမှာ မြက်များ ၊ အပင်ငယ်များ ၊ သစ်သီးသစ်ရွက်များ ၊ သစ်ကိုင်းငယ်များ နှင့် ရေညှိတို့ဖြစ်ကြသည်။ တောင်ဆိတ်များ၏ ကိုယ်ဝန်ဆောင်ချိန်မှာ ၆လ ဖြစ်ပြီး မွေးကင်းစ ၁ရက်သားတောင်ဆိတ်ငယ်လေးများမှာ လမ်းလျှောက်နိုင်နေပြီဖြစ်သည်။ တောင်ဆိတ်များ၏ ပျမ်းမျှသက်တမ်းမှာ ၁၂နှစ် မှ ၁၅နှစ် အထိဖြစ်ပြီး တောင်ဆိတ်အချိုကမူ ၁၆နှစ်မှ ၂၀နှစ်အထိ အသက်ရှည်ကြသည်။

ဆွစ်ဇာလန်နိုင်ငံ၊ အဲ့လပ‌တောင်ကုန်းများရှိ ‌တောင်ဆိတ်များကို ပစ်ခတ်သတ်ဖြတ်ကြသဖြင့် နည်းပါးသွား ကာ၊ မျိုးဆက်ပြတ်လုမတတ်ရှိ‌နေ‌သော‌ကြောင့် အစိုးရတို့က မပစ်ခတ် မသတ်ဖြတ်ကြရန် ဥပ‌ဒေဖြင့် တားမြစ်ထားရလေသည်။

တောင်ဆိတ်များနှင့်ပတ်သတ်၍ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရေးသားသော စိတ်ဝင်စားဖွယ်ပုံပြင်လေးတစ်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်သည်။

တောင်ဆိတ်ပုံပြင်

တောင်ဆိတ်တွေရဲ့ ခွာ ဂျို အစရှိတာတွေဟာ တန်ဖိုးရှိဆေးဖက်ဝင်လွန်းတယ်။ ဒါပေမဲ့ ဒီကောင်တွေကိုအလွယ်တကူမတွေ့နိုင်ဘူး။ရှာမရနိုင်ဘူး သည်တော့ မုဆိုးအများစုက ကျောက်တောင်တွေမှာလိုက်ရှာရတယ်။ သည်မှာပဲ တောင်ဆိတ် တစ်အုပ်ကိုတွေ့လို့မုဆီုးတွေဟာမတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင် ဆိတ် တွေ နောက်ကို အမဲလိုက်မုဆိုးတွေ လိုက်ကြရင်းနဲ့ ချောက်ကမ်းပါး တစ်ခု ရဲ့ ထိပ်မှာတောင်ဆိတ် အုပ်ကြီး ပြေးပေါက်မရှိတော့ပဲ ၊ ပိတ်မိသွားတယ်။

သူတို့ ခုန်ကူး နိုင်တာထက် ချောက်ကမ်းပါးက ပိုကျယ်နေတယ်။အောက်မှာ ကလဲ ရေစီး သန်တဲ့ ချောင်းနက်ကြီး။ တောင်ဆိတ်တွေက အလွန်ဆုံးမှ ခြောက်မီတာလောက်ပဲ ခုန်နိုင်တာ။ ချောက်ကမ်းပါးက တစ်ဆယ် မီတာ ကျော်ကျော်လောက် ကျယ်နေတယ်။ မုဆိုးတွေကတောင်ဆိတ်အုပ်ကြီး ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။လွယ်လွယ်နဲ့ အကုန်ဖမ်းမိပြီလို့ တွက်ကြတယ်။သူတို့ဟာ တဖြည်းဖြည်းနဲ့ တောင်ဆိတ်အုပ်ဆီ တိုးသွားကြရင်း တောင်ဆိတ်တွေ ဘာလုပ်မလဲကြည့်နေကြတယ်။

သူတို့ကြည့်နေတုံးမှာ တောင်ဆိတ်တစ်ကောင်က အရဲစွန့်ပြီး လွှားကနဲခုန်ကူးလိုက်တယ်။အလှမ်းကျယ်လွန်းလို့ တစ်ဖက်ကမ်းဆီ မရောက်ပဲချောက်ကမ်းပါးနက်ထဲ ပြုတ်ကျ သွားပြီး၊ ရေစီးထဲမျောပါသွားတယ်။ နောက်ထပ်တစ်ကောင်မှ ထပ်မခုန်ရဲတော့ဘူး ။ကြောက်လန့် တုန်လှုပ် နေကြတယ်။ အဲဒီအချိန်မှာပဲ မယုံနိုင်စရာ မြင်ကွင်းကို မုဆိုးတွေ တွေ့လိုက်ရတယ်။ တောင်ဆိတ်ခေါင်းဆောင်ဟာ ကြောက်လန့်တကြား ဖြစ်နေတဲ့ သူ့ အုပ်စုကို အသံကျယ်ကျယ် နဲ့ အချက်ပေးလိုက်တယ်။

သူ့အသံကြားတော့ တုန်လှုပ်နေတဲ့ တောင်ဆိတ်တွေ ငြိမ်သွားကြပြီး အုပ်စု နှစ်ခုခွဲလိုက်ကြတယ်။ တစ်အုပ်စုက အသက်ကြီးရင့်နေတဲ့ တောင်ဆိတ် အိုတွေ၊နောက်တစ်အုပ်စုက တောင်ဆိတ် ငယ်တွေ တောင်ဆိတ်ပျိုလေးတွေ၊မုဆိုးတွေကလဲ သူတို့ ဘာဆက်လုပ်ကြမလဲလို့ စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်။

နောက်တစ်ခါ တောင်ဆိတ်ခေါင်းဆောင်က အချက် ထပ်ပေးလိုက်တော့ တောင်ဆိတ်အုပ်ကြီးဟာ ချောက်ကမ်းပါးကြီးကို စပြီးခုန်ကူးကြတယ်။ တောင်ဆိတ်အို တွေက အရင်ဆုံး စပြီးခုန်တယ်။ စက္ကန့် ပိုင်းခြားပြီး တောင်ဆိတ်ငယ်လေးတွေက သူတို့ နောက်မှာ လိုက်ခုန်ကြတယ်။အဲလို အရင်ခုန်လိုက်လို့ နဲနဲလေးရှေ့ကို ကြိုရောက်ပြီး အောက်မှာ ရောက်နေတဲ့ တောင်ဆိတ်အို တွေ ရဲ့ ကိုယ်ပေါ်ကို နင်းပြီး နောက်တစ်ဆင့်အားယူပြီး ထပ်ခုန်လိုက်တော့ တောင်ဆိတ်ငယ်လေးတွေဟာတစ်ဖက်ကမ်းကို လွတ်လွတ်ကျွတ်ကျွတ် ရောက်သွားကြတယ်။ တောင်ဆိတ်အိုတွေကတော့ ချောက်ကမ်းပါး ထဲ အကျခံပြီး စတေးခံသွားကြရှာတယ်။

တောင်ဆိတ်ခေါင်းဆောင် ကြီးကလဲ သူ့အုပ်စုအကုန်ခုန်ကူးပြီးသွားတဲ့ အထိ အချိန်ရအောင်ထင်ပါတယ်။မုဆိုးတွေ ဆီ တည့်တည့်ကြီး ရင်ဆိုင်ပြီး တိုးဝင်လာလို့ သေနတ်နဲ့ ပစ်ရတယ်။သေနတ် တစ်ချက်မှန် သွားတာတောင် ယိုင်ရုံပဲ ယိုင်သွားပြီးရှေ့ဆက်တိုးဝင်လာလို့ ထပ်ပစ်ရတယ်။ နှစ်ချက်သုံး ချက်မှန်သွားမှပဲ ချောက်ထဲပြုတ်ကျသွားတယ်။

မုဆိုးတွေဟာ တောင်ဆိတ် ခေါင်းဆောင် ရဲ့ခေါင်းဆောင်ကောင်း ပီသမှုနဲ့ တောင်ဆိတ်အိုတွေရဲ့ စွန့်လွတ်အနစ်နာခံတတ်တဲ့ စိတ်ကို အခုထိ လက်ဆင့်ကမ်းပြောပြနေကြတယ်။ ဒီပုံပြင်ဟာ တခြား တိရိ စ္ဆာန် တွေ ရှင်သန်ဖို့ ခက်ခဲလှတဲ့ မတ်စောက်တဲ့ ကျောက်တောင်တွေပေါ်မှာ ဘာကြောင့် တောင်ဆိတ်တွေက ရှင်သန်ကျန်ရစ် နေနိုင်တာလဲ ဆိုရဲ့ အဖြေပါပဲ ။

ကိုးကား

National forest
visit big skymt
မြန်မာ့စွယ်စုံကျမ်း အတွဲ ၅
မောင်စိန်ဝင်း(ပုတီးကုန်း)

Leave a Reply