တေခတ္တခါက ပ်ဳိတုိင္းႀကဳိက္တဲ့ ႏွင္းဆီခုိင္ႀကီး (သုိ႔) ၀င္းဦး

Posted on

Writer – သန္းဝင္းလႈိင္

စာေရးဆရာ၊ ရုပ္ရွင္သရုပ္ေဆာင္၊ ဒါရိုက္တာ၊ စႏၵာမဂၢဇင္းထုတ္ေဝသူ၊ အဆိုေတာ္အျဖစ္ေအာင္ျမင္ေက်ာ္ၾကားေနေသာျပည္သူ႔အခ်စ္ေတာ္ ဝင္းဦးသည္စြယ္စံုရအႏုပညာရွင္ျဖစ္သည္။ ဝင္းဦးကို ၁၉၃၅ခုႏွစ္ မတ္လ ၁၃ ရက္ ဗုဒၶဟူးေန႔တြင္ ရန္ကုန္ၿမိ္ဳ႕၌ ဖြားျမင္ခဲ့သည္။ အမည္ရင္းမွာ လွျမင့္ျဖစ္ၿပီး ငယ္နာမည္မွာ ကုိဦးျဖစ္သည္။ ဖခင္ျဖစ္သူမွာ ရန္ကုန္တကၠသိုလ္ အၿငိမ္းစားသမိုင္း ပါေမာကၡဦးဘညြန္႔ (ခ်စ္ဒုကၡဦးဘညြန္႔)ျဖစ္ျပီး၊ မိခင္ျဖစ္သူမွာေဒၚႏွင္းရီ(မင္နီဘခတ္)ျဖစ္သည္။ ဖခင္ဦးဘညြန့္သည္ခ်စ္ဒုကၡႏွင့္ ဆုထူးရြယ္ဓါတ္ျပား၏ ေတးသံရွင္ျဖစ္သည္။ သီခ်င္းၾကီးသိီခ်င္းခံတို ့ကို ေလ့လာလိုက္စားခဲ့သည္။

၁၉၂၇တြင္ဝိဇၨာဂုဏ္ထူး(သမိုင္း)ဘဲြ ့၊၁၉၃ဝတြင္ အိႏိၵယမီးရထားဝန္ထမ္းဘဲြ ့ရရိွခဲ့သည္။ ထို ့ေနာက္မီးရထားဝန္ေထာက္အျဖစ္ဝင္ေရာက္လုပ္ကိုင္သည္။ ၁၉၃၈ တြင္ မီးရထားဝန္ေထာက္အျဖစ္မွ ႏုတ္ထြက္၍ ရန္ကုန္တကၠသိုလ္တြင္ သမိုင္းကထိက အျဖစ္ ေဆာင္ရြက္ခဲ့သည္။ ၁၉၅၁ခု တြင္မဟာဝိဇၨာဘြဲ ့ရရိွခဲ့ျပီး ၁၉၅၃တြင္ အေမရိကန္ေကာနဲလ္တကၠသိုလ္ ႏွင့္ ကိုလံဗီယာတကၠသိုလ္တြင္ ဧည့္ပါေမာကၡအျဖစ္ထမ္းရြက္ခဲ့သူျဖစ္ သည္။ အဘိုးျဖစ္သူသည္ ျမန္မာအမ်ဳိးသားထဲမွ I.M.S(Indian Medical Senvice)ဘြဲ႔ကို ပထမဆံုး ဆြတ္ခူးရရွိခဲ့ေသာ ဆရာဝန္ႀကီး ကာနယ္ဘခတ္ျဖစ္သည္။

ဒုတိယ ကမာၻ စစ္ႀကီးျဖစ္လာ၍ စစ္ကိုင္းေတာင္ရိုး၌ စစ္ေဘးဒဏ္ေရွာင္ရင္း မိခင္ႀကီး ေဒၚႏွင္းရီ ကြယ္လြန္သြားရာ ဝင္းဦးသည္ ငါးႏွစ္သားအရြယ္မွ်သာ ရွိေသးသျဖင့္ ဒုတိယမိခင္ေဒၚအုန္းခင္(အၿငိမ္းစားကထိက)၏ ရင္ခြင္၌ ႀကီးျပင္းခဲ့ရေလသည္။ ဝင္းဦးသည္ ေမြးခ်င္းကိုးေယာက္အနက္ တတိယေျမာက္ျဖစ္သည္္။ ငယ္စဥ္က ဆရာႀကီးဦးဘ၏ တီတီစီ (ဆရာအတက္သင္ေလ့က်င့္ေရးေက်ာင္း)တြင္ ပညာသင္ၾကားခဲ့သည္။ ထိုေက်ာင္းမွ တကၠသိုလ္ဝင္တန္း ေအာင္ျမင္၍ ရန္ကုန္တကၠ သိုလ္တြင္ ဥပစာဝိဇၹာတန္း အထိသင္ၾကားခဲ့သည္။

၁၉၅၂ ခုႏွစ္တြင္ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းတက္ခြင့္ရခဲ့သည္။ သင္တန္းဆင္းၿပီးေနာက္ ဒုဗိုလ္အျဖစ္ ေမၿမိဳ႔ (ျပင္ဦးလြင္)တြင္ ခုႏွစ္လၾကာ တာဝန္ထမ္းရြက္ခဲ့သည္။ ယင္းေနာက္(တပ္ရင္း (၇)သို႔ ေျပာင္းေရႊ႕အမႈထမ္းခဲ့သည္။ ထိုမွတဖန္တပ္မဟာအမွတ္(၅)၏ လက္ေအာက္ခံ တပ္ရင္းသို႔ ေျပာင္းေရႊ႕ စစ္မႈထမ္းျပီးေနာက္ ေမာ္လၿမိဳင္ဘက္တြင္ တာဝန္ထမ္းရြက္ခဲ့ရသည္။ မိခင္ တပ္ရင္းကေစလြတ္၍ ေမွာ္ဘီၿမိဳ႕ ၾကည္း၊ေရ၊ေလ ပူးေပါင္းစစ္ဆင္ေရး ေလထီးသင္တန္းသို႔ တက္ေရာက္ရာမွ ဗိုလ္မွဴးသန္းညႊန္႔(ခ်ီကာဂို) ႏွင့္အတူ၁၉၅၉ ခုႏွစ္တြင္ ၾသစေတးလ်ႏိုင္ငံသို႔ သြားေရာက္၍ ေလထီးတပ္ဆိုင္ရာ စစ္ပညာရပ္မ်ား သင္ၾကား ခဲ့ရသည္။ တပ္မေတာ္တြင္ အမႈထမ္းစဥ္က ဗိုလ္ကိုဦးဟု အမည္ခံယူခဲ့သည္။ ၁၉၆၁ ခုႏွစ္တြင္ ဗိုလ္ႀကီးအဆင့္ျဖင့္ တပ္မေတာ္မွ ႏုတ္ထြက္ခဲ့ၿပီး ေနာက္ စာေပနယ္သို႔ ဝင္ေရာက္ခဲ့သည္။

ဝင္းဦးသည္ ေက်ာင္းသားဘဝကပင္ စာေပဝါသနာထံု၍ ေသြးေသာက္ႏွင့္ ရႈမဝမဂၢဇင္းမ်ားတြင္ ‘ညိဳမင္းလြင္’ အမည္ျဖင့္ ကဗ်ာ ဝတၳဳမ်ား ေရးသားခဲ့သည္။ ညိဳမင္းလြင္ကေလာင္အမည္ျဖင့္ ပထမဆံုးေရးသားခဲ့ ေသာ ဝတၳဳမွာ ဂ်ိန္း ျဖစ္သည္။ ဒဂုန္မဂၢဇင္းမွ ဆရာညိဳျမ၏ ညိဳမင္းလြင္အမည္ရွိ ဝတၳဳတိုကေလးကို ႏွစ္သက္စြဲလန္းရာမွ မိမိ၏ ပထမဆံုးကေလာင္အမည္အျဖစ္ ခံယူခဲ့ျခင္းျဖစ္သည္။ ညိဳမင္းလြင္ ကေလာင္အမည္ျဖင့္ ေသြးေသာက္မဂၢဇင္း၌ ပထမဆံုး ေဖၚျပခဲ့ရေသာဝတၳဳမွာ သင္းေျမနဲ႔ တႀကိဳင္ႀကိဳင္ ျဖစ္သည္။

၁၉၆၀ ျပည့္ႏွစ္တြင္ ရႈမဝမဂၢဇင္းတြင္ေရးသားေသာ တကၠသိုလ္ေက်ာင္းသားတစ္ဦး ဝတၳဳ ရွည္ႀကီးမွ စ၍ အစ္မျဖစ္သူ ေဒၚတင္တင္ဦး(ေမယု) ႏွင့္အစ္ကိုျဖစ္သူ ကိုေက်ာ္ဝင္း(ဝင္းညြန္႔) တို႔၏ အမည္မွ ေနာက္ဆံုးစာလံုးမ်ားကိုယူ၍ ဝင္းဦး ဟူေသာက ေလာင္အမည္ကိုယူခဲ့ျခင္းျဖစ္သည္။ ေရးသားခဲ့ေသာ လံုးခ်င္းဝတၳဳမ်ားမွာ သိုး(၁၉၆၁)၊ ႏုႏုငယ္ငယ္(၁၉၆၁)၊ ကြ်န္ေတာ္ေမႊးတဲ့မီး (၁၉၆၉)၊ေဆြး(၁၉၇၀)၊ ႏွလံုးသားအသစ္ႏွင့္ ခ်စ္မည့္သူ(၁၉၇၁)၊ေငြလႈိင္းဇာျခည္ေပၚမွာ(၁၉၇၁)၊ ေနာင္အင္းေလး (၁၉၇၂)၊ ခ်စ္ဦိးသူႏွင့္ ခ်စ္ဖူးသူ(၁၉၇၂)၊ စသည္တို႔ျဖစ္သည္။ လြမ္းေလသူ အမိုက္အမဲ (ဝတၳဳတိုေပါင္းခ်ဳပ္) (၁၉၆၂)သည္လည္း ထင္ရွားသည္။

မႏၱေလးသႀကၤန္သို႔ ႏွစ္စဥ္သြားေရာက္သီဆိုေဖ်ာ္ေျဖခဲ့သည္။ ညြတ္ႏူးဖြယ္ရာ အေတြ႔အၾကဳံတို႔ကို ဆယ္စုေခတ္ တစ္ႏွစ္စြန္းမန္းသႀကၤန္ အမည္ျဖစ္မွတ္တမ္းတင္ေရးသားခဲ့သည္။ ဝင္းဦးသည္မဂၢဇင္း ဝတၳဳရွည္မ်ားကိုလည္း ေရးသားခဲ့ရာ အခ်ဳိ႔မွာ တကၠသိုလ္ေက်ာင္းသားတစ္ဦး (၁၉၆၀-ရႈမဝ)၊ ေယာက္်ားမပီသသူ(၁၉၆၁-ရႈမဝ)၊ အသည္းစားမဟာရာဇာ၏ရွင္းတမ္း(၁၉၆၂-ရႈမဝ) မုန္းလဲ ေမ့ပါႏိုင္(၁၉၆၂-ရႈမဝ)၊ႏွစ္ေယာက္ထဲေနခ်င္တယ္ ပန္းၾကဲတဲ့ဖဲစက္ရာမွာ(၁၉၆၃-ရႈမဝ) စသည္တို႔ျဖစ္သည္။ ဘာသာျပန္ လံုးခ်င္းစာအုပ္ ႏွစ္အုပ္ကိုလည္း ေရးသားခဲ့ရာ၊ ပုဂိၢဳလ္ေက်ာ္ ၁၃ဦးႏွင့္ အာကာသဒံုးယာဥ္ လက္နက္မ်ားအမည္ရွိ စာအုပ္ႏွစ္အုပ္ျဖစ္သည္။

ဝင္းဦးသည္ စႏၵာရုပ္စံု မဂၢဇင္းကုိ တည္ေထာင္ ၁၉၆၉ခု ဧၿပီလတြင္ စတင္တည္ေထာင္ထုတ္ေဝခဲ့သည္။ မဂၢဇင္းအမွတ္(၁)တြင္ ေခတ္ျပေၾကးမုံအျဖစ္ ရပ္တည္လိုေသာ အာသီသ၊ ျမန္မာစာႏွင့္ ျမန္မာစကားကို ထိန္းသိမ္းလိုေသာ ဦးတည္ခ်က္ႏွင့္ စာေကာင္းေပမြန္ စသည့္ မတိမ္းမယိမ္းေသာ သမာသမတ္ စာေပမ်ားကို ဖြင့္ဆိုမည္ဟု သဝဏ္လႊာတြင္ ေဖၚျပထားသည္။ ဝင္းဦးသည္ စႏၵာမဂၢဇင္းတြင္ ခင္ေမာင္ဝင့္ အမည္ခြဲျဖင့္ ရုပ္ရွင္ ဆိုင္ရာ ေဆာင္းပါးမ်ား ကိုဦးအမည္ျဖင့္ မဂၢဇင္းအဖြင့္ကဗ်ာမ်ား ေရးခဲ့သည္။

ဝင္းဦးသည္ ေရွးဦးစြာ ဇာတ္ညြန္းေရးဆရာ အျဖစ္ျဖင့္ ရုပ္ရွင္ေလာကသို႔ ဝင္ေရာက္လာခဲ့သူျဖစ္ၿပီး သူ၏ပထမဆံုး ဇာတ္ညြန္းမွာ မင္းထင္ေရႊမႈန္ ရာဇဝင္ဇာတ္ကား ဇာတ္ညြန္းျဖစ္သည္။ ထ႔ိုေနာက္၁၉၆၂ ခုႏွစ္တြင္ ဝင္းဦးေရးသားခဲ့ေသာ မဂၢဇင္းဝတၳဳရွည္“ ႏွစ္ေယာက္ထဲေနခ်င္တယ္”ကို ဒါရိုက္တာဦးတင္ယုက ဝင္းဦးကိုပင္ ေခါင္းေဆာက္မင္းသားတင္၍ ရိုက္ကူးရန္စီစဥ္ခဲ့ၿပီး ဝင္းဦးကိုယ္တိုင္ ဇာတ္ညြန္းေရး၍ ကားရိုက္ရန္ ျပင္ဆင္ေနၾကခိုက္မွာပင္ “ခ်စ္ေသာသူတစ္ေယာက္” ဇာတ္ကား လက္ခံရိုက္ကူးေပးခဲ့ရသည္။ သို႔ေသာ္ ေနာက္မွရို္က္ကူးေသာ “ခ်စ္ေသာသာတစ္ေယာက္” ဇာတ္ကားက ပထမဆံုးရံုတင္ျပသျဖစ္ၿပီး ထိုဇာတ္ကားျဖင့္ပင္ ဝင္းဦးဟူေသာ အမည္သည္ ရုပ္ရွင္ေလာကတြင္ တဟုန္ထိုး ေက်ာ္ၾကားသြားခဲ့သည္။

ထို႔ေနာက္ ရုပ္ရွင္ကားမ်ား ကို ဆက္တုိက္ရိုက္ ကူးခဲ့ရၿပီး ၁၉၆၇ ခုႏွစ္တြင္ ကိုယ္တိုင္ဒါရိုက္တာ လုပ္၍ ကိုယ္တိုင္ ပါဝင္ရိုက္ကူးေသာ “ေဆာင္းအိပ္မက္” ဇာတ္ကားျဖင့္ ပထမဆံုး အကယ္ဒမီေရႊစင္ရုပ္ဆု ရရွ္ိခဲ့သည္။ စႏၵာရုပ္ရွင္အတြက္ဝင္းဦ္းႏွင ့္တဲြဖက္ဒါရိုက္တာထြန္းထြန္းရိုက္ကူးခဲ့ေသာ ေဆာင္းအိပ္မက္ဇာတ္ကား၌ ဝင္းဦးသည္ ႏွစ္ကိုယ္ခဲြသရုပ္ေဆာင္၍အကယ္ဒမီရရိွခဲ့ျခင္းျဖစ္သည္။ တဖန္ကိုယ္တိုင္ေရးသားပါဝင္ ရိုက္ကူးေသာ “မႈန္ေရႊရည္” ဇာတ္ကားျဖင့္ ၁၉၇၀ ျပည့္ႏွစ္တြင္ ဒုတိယအႀကိမ္ အကယ္ဒမီေရႊစင္ရုပ္ဆု ရရွိခဲ့ျပန္ သည္။

ဝင္းဦးပါဝင္ ရိုက္ကူးခဲ့ေသာ ဇာတ္ကားမ်ားမွာ “ႏွစ္ေယာက္ထဲေနခ်င္တယ္၊ ခ်စ္ေသာသူတစ္ေယာက္၊ ေဆာင္းအိပ္မက္၊ ပိေတာက္ရိပ္ဝယ္၊ ေမာင္ေမာင္ႏွင့္သိဂၤ ီ၊ ဆူထူးငယ္ပန္ရြယ္သြန္း၊ ဤစံအိမ္ဝယ္၊ ေမာင္တို႔ခ်ယ္ရီေျမ၊ မုန္းတလွည့္ျပံဳးတလွည့္၊ တေက်ာ့ႏွစ္ေက်ာ့ေတးကိုသီ၊ သိၾကားေစသက္ေသညြန္း၊ ႏွင္းေပ်ာက္တဲ့ေႏြ၊ သက္တန္႔ေပၚကလူတစ္ေယာက္၊ ဗိမိၺသာရ(ရိုက္ကူးၿပီး မီးေလာင္ပ်က္စီး၍မျပျဖစ္)၊ ရည္းစားဓားျပ၊ ေက်ာက္မဲအက်ဥ္းသား၊ သိုး၊ မုန္းပါတယ္ေမာင့္ ကို ေဝဠ၊ ညီညီလြင္၊ မႈန္ေရႊရည္၊ အတြယ္အတာ၊ တိမ္လႊာမို႔မို႔လြင္၊ ေငြလိႈင္းဇာေပၚမွာ၊ ခ်စ္သူေရြးမယ္ ခ်စ္ဝဲလယ္၊ခိုင္မာလာႏွင္းဆီ( ရိုက္ဆဲ) စသည္တို႔ျဖစ္သည္။ ဝင္းဦိးရို္က္ကူးေသာ ခ်စ္သူေရြးမယ္ ခ်စ္ဝဲလယ္ ဇာတ္ကားသည္ ျမန္မာ့ရုပ္ရွင္ ေလာကတြင္ ပထမဆံုးငါး္ကိုယ္ခြဲဇာတ္ကားျဖစ္သည္။

ဝင္းဦးသည္ စာေပႏွင့္ ရုပ္ရွင္ေလာကတြင္ သာမက ဂီတေလာကတြင္လည္း အဆိုေက်ာ္တစ္ဦးျဖစ္ ေအာင္ျမင္ေက်ာ္ ၾကားခဲ့သူျဖစ္သည္။ ပထမဆံုးသီဆိုခဲ့၍ လူႀကိဳက္မ်ားခဲ့ေသာ သီခ်င္းမ်ား “ေတေလငွက္” သီခ်င္းျဖစ္ၿပီး၊ ခ်စ္ေသာသူတစ္ေယာက္ ဇာတ္ကားတြင္ သီဆိုခဲ့သည္။ ဝင္းဦးသည္ အခ်စ္သီခ်င္း၊ အလြမ္းသီခ်င္း မ်ားသာမက သဘာဝသရုပ္ေဖာ္သီခ်င္း၊ တိုင္းျပဳျပည္ျပဳ သီခ်င္းမ်ားကိုပါ သီဆိုခဲ့သည္။ ထို႔ျပင္ ေခတ္ေဟာင္း ဂႏၳဝင္သီခ်င္းမ်ားႏွင့္ သီခ်င္းႀကီး၊ သီခ်င္းခန္႔မ်ားကို သီဆိုခဲ့ရာတြင္လည္း ပရိသတ္က ႏွစ္ၿခိဳက္စြာ လက္ခံခဲ့ၾကသည္။

ျမန္မာႏုိင္ငံ အေလးမ အဖြဲ႕ခ်ဳပ္တြင္ ဒုတိယဥကၠဌအျဖစ္ တာဝန္ယူေဆာင္ရြက္ခဲ့သည္။ ခင္ေမာင္ထြန္း(လမ္းမေတာ္) ၏ ဇာတ္ညႊန္း“ခ်စ္ပံုျပင္ ၃၀၂” ရုပ္ျမင္သံၾကားဇာတ္လမ္းကို ျမန္မာ့ရုပ္ျမင္သံၾကားမွ ကိုယ္တိုင္ပါဝင္ရိုက္ကူးလႊင့္ထုတ္ခဲ့သည္။ ျမန္မာ့ အသံေရဒီယို ဇာတ္လမ္းမ်ားတြင္ ပါဝင္ကူညီလႊင့္ထုတ္ခ့ဲသည္။ ဝင္းဦိးသည္ အိမ္ေထာင္မျပဳဘဲ လူပ်ဳိႀကီးအျဖစ္ေနထိုင္ခဲ့သည္။ ၁၉၈၈-ခုတြင္ မက်န္းမာ၍ လန္ဒန္ၿမိဳ႕၌ ေဆးဝါးကုသမႈ ခံယူခဲ့စဥ္ ၿဗိတိန္ႏိုင္ငံတခြင္ အလည္အပတ္ ခရီးထြက္၍ အနားယူခဲ့သည္။

ရုပ္ရွင္၊ ဂီတ၊ စာေပအႏုပညာ နယ္ပယ္တို႔တြင္ ၁၉၆၀ ျပည့္ႏွစ္ခန္႔မွ စ၍ ထူးထူးျခားျခား ေအာင္ျမင္ထင္ရွားေပၚထြန္းခဲ့ေသာ ထပ္ဆင့္အကယ္ဒမီ ဝင္းဦးသည္ ၁၉၈၈ ခုႏွစ္ ဒီဇင္ဘာလ ၁၄ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၌ ကြယ္လြန္ခဲ့သည္။ ကြယ္လြန္ၿပီးေသာအခါ ဝင္းဦး၏ အေမြမ်ားအား ေဒၚအိုင္ရင္းတင္လွက ဆက္ခံရသည္။ ေပေျခာက္ေထာင္ေက်ာ္ ႐ိုက္ကူးထားကာ အၿပီးမသတ္ ရေသးေသာ ခိုင္မာလာႏွင္းဆီ ဇာတ္ကားကို ေဒၚအိုင္ရင္းတင္လွက ႐ုပ္ရွင္မင္းသားရန္ေအာင္ ႏွင့္ အစားထိုး အၿပီးသတ္ ႐ိုက္ကူးခဲ့သည္ ၾကြင္းက်န္ေသာ ရုပ္ကလာပ္ကုိ နာနတ္ေတာ ခရစ္ယာန္သုႆန္၌ ဂူသြင္း သၿဂိဳဟ္ခဲ့သည္။ ယခုအခါသခ်ိဳင္းဖ်က္လိုက္သျဖင့္ သူ ့အုတ္ဂူလည္းမရွိေတာ့ေပ။

အလွကမာၻေျမ ၀င္းဦး

အထင္ကရ ပုဂၢဳိလ္မ်ား၏ အုတ္ဂူမ်ား ထင္သလုိ အဖ်က္ခံခဲ့ရျခင္းအေပၚ ဆရာႀကီးေမာင္စြမ္းရည္မွ “သမိုင္းပါေမာကၡ ေဒါက္တာသန္းထြန္း သို႔ ” ဟူ၍ ေခါင္းစဥ္တပ္ကာ ကဗ်ာတစ္ပုဒ္ေရးခဲ့ဖူးသည္။

သမိုင္းပါေမာကၡ ေဒါက္တာသန္းထြန္း သို႔

ပုဂံ ဘယ္သူ တည္သလဲ။

အေသအခ်ာ၊ ငါမသိပါ။

ပုဂံဖ်က္သူ၊ ဘယ္သူဆိုတာ

ေသခ်ာသိတယ္၊

သမိုင္းဆရာ၊ ေဒါက္တာသန္းထြန္း

ညႊန္းခဲ့တာပါ။

အေမ့အုတ္ဂူ၊ ဘယ္သူဖ်က္သလဲ

ဒင္းတို႔ပဲေပါ့။

ငါ့အိမ္ဖ်က္တာ၊ ဘယ္သူပါလဲ၊

ဆရာ သိတယ္။

ဗဟိန္းအုတ္ဂူ၊ ေအာ္ေက်ာ္အုတ္ဂူ

ဘယ္သူဖ်က္သလဲ။

ဂ်ာနယ္ေက်ာ္အုတ္ဂူ၊ ဦးဖိုးက်ားအုတ္ဂူ

ေဇာ္ဂ်ီအုတ္ဂူ၊ ဇ၀နအုတ္ဂူ။

ေကာလိပ္ဂ်င္အုတ္ဂူ၊ ၀င္းဦးအုတ္ဂူ၊

အုတ္ဂူျမင္ရင္၊ ျမင္သမွ် ဖ်က္

ဒင္းလက္ခ်က္ပဲ။

ခုေတာ့ – ဂူေတြဖ်က္သူ၊ သူေသခဲ့ျပီ။

သူေသခဲ့တာ၊ ဘယ္ေနရာလဲ

ဆရာမသိ၊ ငါမသိ၊

ျပာလဲ မရွိ၊ ဂူမရွိ၊ လူမသိ။

အရိုးမက်န္၊ အိုးမက်န္

က်န္ခဲ့တခု ၊ ျပည္သူ႔က်ိန္စာ။

ဆရာ -။ ဆရာ့အုတ္ဂူ၊ မထူရခင္

အလ်င္ဦးစြာ၊ ဒင္းေသတာကို၊ သာဓုေခၚစို႔။

ဒင္း ေသရွာျပီ။ ေကာင္းရာ ဒုဂၢတိ လားေစေသာ္၀္။ ။

သာဓု – သာဓု – သာဓု။ ။

ေမာင္စြမ္းရည္၊ ၂၀၁၄ ေဖေဖာ္၀ါရီ ၁၀။

သန္း၀င္းလႈိင္ (မုိးမခမဂၢဇင္း)


တခေတ်တခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီး (သို့) ဝင်းဦး (unicode)

Writer – သန်းဝင်းလှိုင်

စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊စန္ဒာမဂ္ဂဇင်းထုတ်ဝေသူ၊ အဆိုတော်အဖြစ်အောင်မြင်ကျော်ကြားနေသောပြည်သူ့အချစ်တော် ဝင်းဦးသည်စွယ်စုံရအနုပညာရှင်ဖြစ်သည်။ ဝင်းဦးကို ၁၉၃၅ခုနှစ် မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မ်ြို့၌ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ကိုဦးဖြစ်သည်။ ဖခင်ဖြစ်သူမှာ ရန်ကုန်တက္ကသိုလ် အငြိမ်းစားသမိုင်း ပါမောက္ခဦးဘညွန့် (ချစ်ဒုက္ခဦးဘညွန့်)ဖြစ်ပြီး၊ မိခင်ဖြစ်သူမှာဒေါ်နှင်းရီ(မင်နီဘခတ်)ဖြစ်သည်။ဖခင်ဦးဘညွန့်သည်ချစ်ဒုက္ခနှင့် ဆုထူးရွယ်ဓါတ်ပြား၏ တေးသံရှင်ဖြစ်သည်။ သီချင်းကြီးသီချင်းခံတို့ကို လေ့လာလိုက်စားခဲ့သည်။

၁၉၂၇တွင်ဝိဇ္ဇာဂုဏ်ထူး(သမိုင်း)ဘွဲ့၊၁၉၃ဝတွင် အိန္ဒိယမီးရထားဝန်ထမ်းဘွဲ့ရရှိခဲ့သည်။ ထို့နောက်မီးရထားဝန်ထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်သည်။ ၁၉၃၈ တွင် မီးရထားဝန်ထောက်အဖြစ်မှ နုတ်ထွက်၍ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ခု တွင်မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၅၃တွင် အမေရိကန်ကောနဲလ်တက္ကသိုလ် နှင့် ကိုလံဗီယာတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ်ထမ်းရွက်ခဲ့သူဖြစ် သည်။ အဘိုးဖြစ်သူသည် မြန်မာအမျိုးသားထဲမှ I.M.S(Indian Medical Senvice)ဘွဲ့ကို ပထမဆုံး ဆွတ်ခူးရရှိခဲ့သော ဆရာဝန်ကြီး ကာနယ်ဘခတ်ဖြစ်သည်။

ဒုတိယ ကမ္ဘာ စစ်ကြီးဖြစ်လာ၍ စစ်ကိုင်းတောင်ရိုး၌ စစ်ဘေးဒဏ်ရှောင်ရင်း မိခင်ကြီး ဒေါ်နှင်းရီ ကွယ်လွန်သွားရာ ဝင်းဦးသည် ငါးနှစ်သားအရွယ်မျှသာ ရှိသေးသဖြင့် ဒုတိယမိခင်ဒေါ်အုန်းခင်(အငြိမ်းစားကထိက)၏ ရင်ခွင်၌ ကြီးပြင်းခဲ့ရလေသည်။ ဝင်းဦးသည် မွေးချင်းကိုးယောက်အနက် တတိယမြောက်ဖြစ်သည်။ ငယ်စဉ်က ဆရာကြီးဦးဘ၏ တီတီစီ (ဆရာအတက်သင်လေ့ကျင့်ရေးကျောင်း)တွင် ပညာသင်ကြားခဲ့သည်။ ထိုကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်၍ ရန်ကုန်တက္က သိုလ်တွင် ဥပစာဝိဇ္ဖာတန်း အထိသင်ကြားခဲ့သည်။

၁၉၅၂ ခုနှစ်တွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းတက်ခွင့်ရခဲ့သည်။ သင်တန်းဆင်းပြီးနောက် ဒုဗိုလ်အဖြစ် မေမြို့ (ပြင်ဦးလွင်)တွင် ခုနှစ်လကြာ တာဝန်ထမ်းရွက်ခဲ့သည်။ ယင်းနောက်(တပ်ရင်း (၇)သို့ ပြောင်းရွှေ့အမှုထမ်းခဲ့သည်။ ထိုမှတဖန်တပ်မဟာအမှတ်(၅)၏ လက်အောက်ခံ တပ်ရင်းသို့ ပြောင်းရွှေ့ စစ်မှုထမ်းပြီးနောက် မော်လမြိုင်ဘက်တွင် တာဝန်ထမ်းရွက်ခဲ့ရသည်။ မိခင် တပ်ရင်းကစေလွတ်၍ မှော်ဘီမြို့ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ရာမှ ဗိုလ်မှူးသန်းညွှန့်(ချီကာဂို) နှင့်အတူ၁၉၅၉ ခုနှစ်တွင် ဩစတေးလျနိုင်ငံသို့ သွားရောက်၍ လေထီးတပ်ဆိုင်ရာ စစ်ပညာရပ်များ သင်ကြား ခဲ့ရသည်။ တပ်မတော်တွင် အမှုထမ်းစဉ်က ဗိုလ်ကိုဦးဟု အမည်ခံယူခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်ခဲ့ပြီး နောက် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

ဝင်းဦးသည် ကျောင်းသားဘဝကပင် စာပေဝါသနာထုံ၍ သွေးသောက်နှင့် ရှုမဝမဂ္ဂဇင်းများတွင် ‘ညိုမင်းလွင်’ အမည်ဖြင့် ကဗျာ ဝတ္ထုများ ရေးသားခဲ့သည်။ ညိုမင်းလွင်ကလောင်အမည်ဖြင့် ပထမဆုံးရေးသားခဲ့ သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ဒဂုန်မဂ္ဂဇင်းမှ ဆရာညိုမြ၏ ညိုမင်းလွင်အမည်ရှိ ဝတ္ထုတိုကလေးကို နှစ်သက်စွဲလန်းရာမှ မိမိ၏ ပထမဆုံးကလောင်အမည်အဖြစ် ခံယူခဲ့ခြင်းဖြစ်သည်။ ညိုမင်းလွင် ကလောင်အမည်ဖြင့် သွေးသောက်မဂ္ဂဇင်း၌ ပထမဆုံး ဖေါ်ပြခဲ့ရသောဝတ္ထုမှာ သင်းမြေနဲ့ တကြိုင်ကြိုင် ဖြစ်သည်။

၁၉၆၀ ပြည့်နှစ်တွင် ရှုမဝမဂ္ဂဇင်းတွင်ရေးသားသော တက္ကသိုလ်ကျောင်းသားတစ်ဦး ဝတ္ထု ရှည်ကြီးမှ စ၍ အစ်မဖြစ်သူ ဒေါ်တင်တင်ဦး(မေယု) နှင့်အစ်ကိုဖြစ်သူ ကိုကျော်ဝင်း(ဝင်းညွန့်) တို့၏ အမည်မှ နောက်ဆုံးစာလုံးများကိုယူ၍ ဝင်းဦး ဟူသောက လောင်အမည်ကိုယူခဲ့ခြင်းဖြစ်သည်။ ရေးသားခဲ့သော လုံးချင်းဝတ္ထုများမှာ သိုး(၁၉၆၁)၊ နုနုငယ်ငယ်(၁၉၆၁)၊ ကျွန်တော်မွှေးတဲ့မီး (၁၉၆၉)၊ဆွေး(၁၉၇၀)၊ နှလုံးသားအသစ်နှင့် ချစ်မည့်သူ(၁၉၇၁)၊ငွေလှိုင်းဇာခြည်ပေါ်မှာ(၁၉၇၁)၊ နောင်အင်းလေး (၁၉၇၂)၊ ချစ်ဥိးသူနှင့် ချစ်ဖူးသူ(၁၉၇၂)၊ စသည်တို့ဖြစ်သည်။ လွမ်းလေသူ အမိုက်အမဲ (ဝတ္ထုတိုပေါင်းချုပ်) (၁၉၆၂)သည်လည်း ထင်ရှားသည်။

မန္တလေးသင်္ကြန်သို့ နှစ်စဉ်သွားရောက်သီဆိုဖျော်ဖြေခဲ့သည်။ ညွတ်နူးဖွယ်ရာ အတွေ့အကြုံတို့ကို ဆယ်စုခေတ် တစ်နှစ်စွန်းမန်းသင်္ကြန် အမည်ဖြစ်မှတ်တမ်းတင်ရေးသားခဲ့သည်။ ဝင်းဦးသည်မဂ္ဂဇင်း ဝတ္ထုရှည်များကိုလည်း ရေးသားခဲ့ရာ အချို့မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး (၁၉၆၀-ရှုမဝ)၊ ယောက်ျားမပီသသူ(၁၉၆၁-ရှုမဝ)၊ အသည်းစားမဟာရာဇာ၏ရှင်းတမ်း(၁၉၆၂-ရှုမဝ) မုန်းလဲ မေ့ပါနိုင်(၁၉၆၂-ရှုမဝ)၊နှစ်ယောက်ထဲနေချင်တယ် ပန်းကြဲတဲ့ဖဲစက်ရာမှာ(၁၉၆၃-ရှုမဝ) စသည်တို့ဖြစ်သည်။ ဘာသာပြန် လုံးချင်းစာအုပ် နှစ်အုပ်ကိုလည်း ရေးသားခဲ့ရာ၊ ပုဂ္ဂိုလ်ကျော် ၁၃ဦးနှင့် အာကာသဒုံးယာဉ် လက်နက်များအမည်ရှိ စာအုပ်နှစ်အုပ်ဖြစ်သည်။

ဝင်းဦးသည် စန္ဒာရုပ်စုံ မဂ္ဂဇင်းကို တည်ထောင် ၁၉၆၉ခု ဧပြီလတွင် စတင်တည်ထောင်ထုတ်ဝေခဲ့သည်။ မဂ္ဂဇင်းအမှတ်(၁)တွင် ခေတ်ပြကြေးမုံအဖြစ် ရပ်တည်လိုသော အာသီသ၊ မြန်မာစာနှင့် မြန်မာစကားကို ထိန်းသိမ်းလိုသော ဦးတည်ချက်နှင့် စာကောင်းပေမွန် စသည့် မတိမ်းမယိမ်းသော သမာသမတ် စာပေများကို ဖွင့်ဆိုမည်ဟု သဝဏ်လွှာတွင် ဖေါ်ပြထားသည်။ ဝင်းဦးသည် စန္ဒာမဂ္ဂဇင်းတွင် ခင်မောင်ဝင့် အမည်ခွဲဖြင့် ရုပ်ရှင် ဆိုင်ရာ ဆောင်းပါးများ ကိုဦးအမည်ဖြင့် မဂ္ဂဇင်းအဖွင့်ကဗျာများ ရေးခဲ့သည်။

ဝင်းဦးသည် ရှေးဦးစွာ ဇာတ်ညွန်းရေးဆရာ အဖြစ်ဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်လာခဲ့သူဖြစ်ပြီး သူ၏ပထမဆုံး ဇာတ်ညွန်းမှာ မင်းထင်ရွှေမှုန် ရာဇဝင်ဇာတ်ကား ဇာတ်ညွန်းဖြစ်သည်။ ထို့နောက်၁၉၆၂ ခုနှစ်တွင် ဝင်းဦးရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုရှည်“ နှစ်ယောက်ထဲနေချင်တယ်”ကို ဒါရိုက်တာဦးတင်ယုက ဝင်းဦးကိုပင် ခေါင်းဆောက်မင်းသားတင်၍ ရိုက်ကူးရန်စီစဉ်ခဲ့ပြီး ဝင်းဦးကိုယ်တိုင် ဇာတ်ညွန်းရေး၍ ကားရိုက်ရန် ပြင်ဆင်နေကြခိုက်မှာပင် “ချစ်သောသူတစ်ယောက်” ဇာတ်ကား လက်ခံရိုက်ကူးပေးခဲ့ရသည်။ သို့သော် နောက်မှရ်ိုက်ကူးသော “ချစ်သောသာတစ်ယောက်” ဇာတ်ကားက ပထမဆုံးရုံတင်ပြသဖြစ်ပြီး ထိုဇာတ်ကားဖြင့်ပင် ဝင်းဦးဟူသော အမည်သည် ရုပ်ရှင်လောကတွင် တဟုန်ထိုး ကျော်ကြားသွားခဲ့သည်။

ထို့နောက် ရုပ်ရှင်ကားများ ကို ဆက်တိုက်ရိုက် ကူးခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ကိုယ်တိုင်ဒါရိုက်တာ လုပ်၍ ကိုယ်တိုင် ပါဝင်ရိုက်ကူးသော “ဆောင်းအိပ်မက်” ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီရွှေစင်ရုပ်ဆု ရရှ်ိခဲ့သည်။ စန္ဒာရုပ်ရှင်အတွက်ဝင်းဉီ်းနှင ့္တွဲဖက်ဒါရိုက်တာထွန်းထွန်းရိုက်ကူးခဲ့သော ဆောင်းအိပ်မက်ဇာတ်ကား၌ ဝင်းဦးသည် နှစ်ကိုယ်ခွဲသရုပ်ဆောင်၍အကယ်ဒမီရရှိခဲ့ခြင်းဖြစ်သည်။ တဖန်ကိုယ်တိုင်ရေးသားပါဝင် ရိုက်ကူးသော “မှုန်ရွှေရည်” ဇာတ်ကားဖြင့် ၁၉၇၀ ပြည့်နှစ်တွင် ဒုတိယအကြိမ် အကယ်ဒမီရွှေစင်ရုပ်ဆု ရရှိခဲ့ပြန် သည်။

ဝင်းဦးပါဝင် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ “နှစ်ယောက်ထဲနေချင်တယ်၊ ချစ်သောသူတစ်ယောက်၊ ဆောင်းအိပ်မက်၊ ပိတောက်ရိပ်ဝယ်၊ မောင်မောင်နှင့်သိင်္ဂ ီ၊ ဆူထူးငယ်ပန်ရွယ်သွန်း၊ ဤစံအိမ်ဝယ်၊ မောင်တို့ချယ်ရီမြေ၊ မုန်းတလှည့်ပြုံးတလှည့်၊ တကျော့နှစ်ကျော့တေးကိုသီ၊ သိကြားစေသက်သေညွန်း၊ နှင်းပျောက်တဲ့နွေ၊ သက်တန့်ပေါ်ကလူတစ်ယောက်၊ ဗိမ္ဗိသာရ(ရိုက်ကူးပြီး မီးလောင်ပျက်စီး၍မပြဖြစ်)၊ ရည်းစားဓားပြ၊ ကျောက်မဲအကျဉ်းသား၊ သိုး၊ မုန်းပါတယ်မောင့် ကို ဝေဠ၊ ညီညီလွင်၊ မှုန်ရွှေရည်၊ အတွယ်အတာ၊ တိမ်လွှာမို့မို့လွင်၊ ငွေလှိုင်းဇာပေါ်မှာ၊ ချစ်သူရွေးမယ် ချစ်ဝဲလယ်၊ခိုင်မာလာနှင်းဆီ( ရိုက်ဆဲ) စသည်တို့ဖြစ်သည်။ ဝင်းဥိးရ်ိုက်ကူးသော ချစ်သူရွေးမယ် ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင် လောကတွင် ပထမဆုံးငါ်းကိုယ်ခွဲဇာတ်ကားဖြစ်သည်။

ဝင်းဦးသည် စာပေနှင့် ရုပ်ရှင်လောကတွင် သာမက ဂီတလောကတွင်လည်း အဆိုကျော်တစ်ဦးဖြစ် အောင်မြင်ကျော် ကြားခဲ့သူဖြစ်သည်။ ပထမဆုံးသီဆိုခဲ့၍ လူကြိုက်များခဲ့သော သီချင်းများ “တေလေငှက်” သီချင်းဖြစ်ပြီး၊ ချစ်သောသူတစ်ယောက် ဇာတ်ကားတွင် သီဆိုခဲ့သည်။ ဝင်းဦးသည် အချစ်သီချင်း၊ အလွမ်းသီချင်း များသာမက သဘာဝသရုပ်ဖော်သီချင်း၊ တိုင်းပြုပြည်ပြု သီချင်းများကိုပါ သီဆိုခဲ့သည်။ ထို့ပြင် ခေတ်ဟောင်း ဂန္ထဝင်သီချင်းများနှင့် သီချင်းကြီး၊ သီချင်းခန့်များကို သီဆိုခဲ့ရာတွင်လည်း ပရိသတ်က နှစ်ခြိုက်စွာ လက်ခံခဲ့ကြသည်။

မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်တွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ခင်မောင်ထွန်း(လမ်းမတော်) ၏ ဇာတ်ညွှန်း“ချစ်ပုံပြင် ၃၀၂” ရုပ်မြင်သံကြားဇာတ်လမ်းကို မြန်မာ့ရုပ်မြင်သံကြားမှ ကိုယ်တိုင်ပါဝင်ရိုက်ကူးလွှင့်ထုတ်ခဲ့သည်။ မြန်မာ့ အသံရေဒီယို ဇာတ်လမ်းများတွင် ပါဝင်ကူညီလွှင့်ထုတ်ခဲ့သည်။ ဝင်းဥိးသည် အိမ်ထောင်မပြုဘဲ လူပျိုကြီးအဖြစ်နေထိုင်ခဲ့သည်။ ၁၉၈၈-ခုတွင် မကျန်းမာ၍ လန်ဒန်မြို့၌ ဆေးဝါးကုသမှု ခံယူခဲ့စဉ် ဗြိတိန်နိုင်ငံတခွင် အလည်အပတ် ခရီးထွက်၍ အနားယူခဲ့သည်။

ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာ နယ်ပယ်တို့တွင် ၁၉၆၀ ပြည့်နှစ်ခန့်မှ စ၍ ထူးထူးခြားခြား အောင်မြင်ထင်ရှားပေါ်ထွန်းခဲ့သော ထပ်ဆင့်အကယ်ဒမီ ဝင်းဦးသည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည် ကြွင်းကျန်သော ရုပ်ကလာပ်ကို နာနတ်တော ခရစ်ယာန်သုဿန်၌ ဂူသွင်း သဂြိုဟ်ခဲ့သည်။ ယခုအခါသချိုင်းဖျက်လိုက်သဖြင့် သူ့အုတ်ဂူလည်းမရှိတော့ပေ။

အထင်ကရ ပုဂ္ဂိုလ်များ၏ အုတ်ဂူများ ထင်သလို အဖျက်ခံခဲ့ရခြင်းအပေါ် ဆရာကြီးမောင်စွမ်းရည်မှ “သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း သို့ ” ဟူ၍ ခေါင်းစဉ်တပ်ကာ ကဗျာတစ်ပုဒ်ရေးခဲ့ဖူးသည်။

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း သို့

ပုဂံ ဘယ်သူ တည်သလဲ။

အသေအချာ၊ ငါမသိပါ။

ပုဂံဖျက်သူ၊ ဘယ်သူဆိုတာ

သေချာသိတယ်၊

သမိုင်းဆရာ၊ ဒေါက်တာသန်းထွန်း

ညွှန်းခဲ့တာပါ။

အမေ့အုတ်ဂူ၊ ဘယ်သူဖျက်သလဲ

ဒင်းတို့ပဲပေါ့။

ငါ့အိမ်ဖျက်တာ၊ ဘယ်သူပါလဲ၊

ဆရာ သိတယ်။

ဗဟိန်းအုတ်ဂူ၊ အော်ကျော်အုတ်ဂူ

ဘယ်သူဖျက်သလဲ။

ဂျာနယ်ကျော်အုတ်ဂူ၊ ဦးဖိုးကျားအုတ်ဂူ

ဇော်ဂျီအုတ်ဂူ၊ ဇဝနအုတ်ဂူ။

ကောလိပ်ဂျင်အုတ်ဂူ၊ ဝင်းဦးအုတ်ဂူ၊

အုတ်ဂူမြင်ရင်၊ မြင်သမျှ ဖျက်

ဒင်းလက်ချက်ပဲ။

ခုတော့ – ဂူတွေဖျက်သူ၊ သူသေခဲ့ပြီ။

သူသေခဲ့တာ၊ ဘယ်နေရာလဲ

ဆရာမသိ၊ ငါမသိ၊

ပြာလဲ မရှိ၊ ဂူမရှိ၊ လူမသိ။

အရိုးမကျန်၊ အိုးမကျန်

ကျန်ခဲ့တခု ၊ ပြည်သူ့ကျိန်စာ။

ဆရာ -။ ဆရာ့အုတ်ဂူ၊ မထူရခင်

အလျင်ဦးစွာ၊ ဒင်းသေတာကို၊ သာဓုခေါ်စို့။

ဒင်း သေရှာပြီ။ ကောင်းရာ ဒုဂ္ဂတိ လားစေသော်ဝ်။ ။

သာဓု – သာဓု – သာဓု။ ။

မောင်စွမ်းရည်၊ ၂၀၁၄ ဖေဖော်ဝါရီ ၁၀။

သန်းဝင်းလှိုင် (မိုးမခမဂ္ဂဇင်း)

Leave a Reply