ေလွစီးၿပီး ေန႔စဥ္ ရုံးတက္ခဲ့ရေသာ ျမန္မာႏုိင္ငံျခားေရး၀န္ႀကီး

Posted on

ယေန႔ေခတ္ နည္းပညာတုိးတက္ေသာေခတ္ျဖစ္သျဖင့္ ကားတ၀ီ၀ီရွိေနေသာ္လည္း တစ္ခ်ိန္က ျမန္မာ၀န္ႀကီးတစ္ဦးသည္ ေလွစီး၍ ေန႔စဥ္ ရုံးတက္ခဲ့ရဖူးသည္။ ထုိအခ်ိန္က ကားမ်ားေပၚေနၿပီျဖစ္သျဖင့္ အစပုိင္းကားႏွင့္ ရုံးတက္ေသာ္လည္း ေနာက္ပုိင္းတြင္ ကားမစီးေတာ့ ၊ ေန႔စဥ္ေလွျဖင့္သာ ရုံးတက္ေတာ့သည္။ ထုိႏုိင္ငံျခားေရး၀န္ႀကီးမွာ အျခားသူမဟုတ္ ေနာင္ႏုိင္ငံေတာ္၀န္ႀကီးခ်ဳပ္ျဖစ္လာမည့္ ဦးႏု(သခင္ႏု) ပင္ျဖစ္သည္။

၁၉၄၃ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔တြင္ ဂ်ပန္တုိ႔က ျမန္မာတုိ႔အား ေရႊရည္စိမ္လြတ္လပ္ေရးေပးသည္။ ထုိေခတ္က အဓိပတိ ေဒါက္တာဘေမာ္ အစုိးရအဖြဲ႔တြင္ သခင္ႏုသည္ ႏုိင္ငံျခားေရး၀န္ႀကီး အျဖစ္ တာ၀န္ထမ္းရြက္ရသည္။ ဂ်ပန္ေခတ္ႏုိင္ငံျခားေရးရုံးသည္ အမွတ္ ၈၈ ျပည္လမ္း ၊ အင္လ်ားကန္ေဘး တြင္ တည္ရွိခဲ့သည္။

ႏုိင္ငံျခားေရး၀န္ႀကီးဌာနတြင္ သခင္ႏု ႏွင့္ အတူ အဂၤလိပ္စာ ပါေမာကၡဦးမ်ဳိးမင္း ၊ ဦးထင္ဖတ္(ေမာင္ထင္) ၊ ဆရာဦးခင္ေမာင္လတ္ စသူတုိ႔က အထက္တန္းအရာရွိႀကီးမ်ားအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ၾကသည္။ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၏ ဖိတ္စာမ်ားတြင္ တေသြးတသံတမိန္႔ ဟု ျမန္မာစာတမ္းကုိ ရုိက္ႏွိပ္ထားသျဖင့္ အမ်ားအျမင္တြင္ တန္ခုိးထြားသည့္ ၀န္ႀကီးဌာနဟု ထင္ရသည္။ သုိ႔ေသာ္ တကယ္တမ္းတြင္ အာဏာအနည္းငယ္မွ်ပင္ မရွိေၾကာင္းကုိ သခင္ႏုက “ငါးႏွစ္ရာသီျမန္မာျပည္” စာအုပ္တြင္ ေရးခဲ့ဖူးသည္။

ႏုိင္ငံျခားေရး ၀န္ႀကီးသည္ ရုံးတက္ရန္ ကားစီးသြားသည္။ ယာဥ္ေမာင္းတပည့္က ဆရာ့ဂုဏ္ကုိ ျမွင့္ေပးခ်င္သျဖင့္ ၀န္ႀကီးကားမွန္း ဂ်ပန္တုိ႔ သိရန္ အလံတလူလူလႊင့္ထားသည္။ ျပည္လမ္းအင္းလ်ားကန္ေဘးရွိ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ရုံးသုိ႔သြားရာတြင္ ကမာရြတ္ ရဲစခန္းအနီးမွ ျဖတ္ေမာင္းသြားရသည္။ ျဖတ္သည့္အခါ ဂ်ပန္စစ္ရဲမ်ား၏ တားျခင္းကုိခံရသည္။

ကားေပၚမွ ဂ်ပန္စကားအနည္းငယ္တတ္သူက ႏုိင္ငံျခားေရး၀န္ႀကီး သခင္ႏု ၏ ကားျဖစ္ေၾကာင္း ရွင္းျပသည္။ သုိ႔ေသာ္ဂ်ပန္စစ္ရဲမ်ားက ဂရုမစုိက္ ၊ ဆက္ေမာင္းခြင့္မေပး ။ အခ်ိန္အေတာ္ၾကာၿပီးမွ ေမာင္းႏွင္ခြင့္ျပဳလုိက္သည္။ ၀န္ႀကီးျဖစ္ေသာ္လည္း ဂ်ပန္သာမန္ရဲေဘာ္ ေလာက္ပင္ အာဏာမရွိေၾကာင္း ထင္ရွားေနေတာ့သည္။

ဤျဖစ္ရပ္ျဖစ္ပြားခဲ့ေသာ္လည္း ၀န္ႀကီးသည္ အခ်ိန္မွန္ ေန႔စဥ္ရုံးတက္ၿမဲပင္။ သို႔ေသာ္အရင္လုိ အလံတလူလူလႊင့္ကာ ကားမစီးေတာ့။ ႏုိင္ငံျခားေရး၀န္ႀကီး ဦးႏုသည္ ရုံးတက္ရန္ျဖစ္ေစ ၊ ရုံးဆင္းရန္ျဖစ္ေစ ေလွကုိသာစီးေတာ့သည္။ သိမွီလုိက္သူမ်ားက သခင္ႏုသည္ ဂ်ပန္ေခတ္တေလွ်ာက္လုံး အင္းလ်ားကန္ကုိ ျဖတ္၍ ေလွတစ္စင္းျဖင့္သာ ရုံး အသြားအျပန္ လုပ္ေတာ့သည္ ဟု ဆုိၾကသည္။

ကိုးကား
ငါးႏွစ္ရာသီ ျမန္မာျပည္ – သခင္ႏု
အမွတ္မွားဆဲ လူသိနည္း ျမန္မာ့ျဖစ္ရပ္ ၁၀၀ – ေမာင္ၾကည္သန္႔


လှေစီးပြီး နေ့စဉ် ရုံးတက်ခဲ့ရသော မြန်မာနိုင်ငံခြားရေးဝန်ကြီး

ယနေ့ခေတ် နည်းပညာတိုးတက်သောခေတ်ဖြစ်သဖြင့် ကားတဝီဝီရှိနေသော်လည်း တစ်ချိန်က မြန်မာဝန်ကြီးတစ်ဦးသည် လှေစီး၍ နေ့စဉ် ရုံးတက်ခဲ့ရဖူးသည်။ ထိုအချိန်က ကားများပေါ်နေပြီဖြစ်သဖြင့် အစပိုင်းကားနှင့် ရုံးတက်သော်လည်း နောက်ပိုင်းတွင် ကားမစီးတော့ ၊ နေ့စဉ်လှေဖြင့်သာ ရုံးတက်တော့သည်။ ထိုနိုင်ငံခြားရေးဝန်ကြီးမှာ အခြားသူမဟုတ် နောင်နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု(သခင်နု) ပင်ဖြစ်သည်။

၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က မြန်မာတို့အား ရွှေရည်စိမ်လွတ်လပ်ရေးပေးသည်။ ထိုခေတ်က အဓိပတိ ဒေါက်တာဘမော် အစိုးရအဖွဲ့တွင် သခင်နုသည် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းရွက်ရသည်။ ဂျပန်ခေတ်နိုင်ငံခြားရေးရုံးသည် အမှတ် ၈၈ ပြည်လမ်း ၊ အင်လျားကန်ဘေး တွင် တည်ရှိခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သခင်နု နှင့် အတူ အင်္ဂလိပ်စာ ပါမောက္ခဦးမျိုးမင်း ၊ ဦးထင်ဖတ်(မောင်ထင်) ၊ ဆရာဦးခင်မောင်လတ် စသူတို့က အထက်တန်းအရာရှိကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဖိတ်စာများတွင် တသွေးတသံတမိန့် ဟု မြန်မာစာတမ်းကို ရိုက်နှိပ်ထားသဖြင့် အများအမြင်တွင် တန်ခိုးထွားသည့် ဝန်ကြီးဌာနဟု ထင်ရသည်။ သို့သော် တကယ်တမ်းတွင် အာဏာအနည်းငယ်မျှပင် မရှိကြောင်းကို သခင်နုက “ငါးနှစ်ရာသီမြန်မာပြည်” စာအုပ်တွင် ရေးခဲ့ဖူးသည်။

နိုင်ငံခြားရေး ဝန်ကြီးသည် ရုံးတက်ရန် ကားစီးသွားသည်။ ယာဉ်မောင်းတပည့်က ဆရာ့ဂုဏ်ကို မြှင့်ပေးချင်သဖြင့် ဝန်ကြီးကားမှန်း ဂျပန်တို့ သိရန် အလံတလူလူလွှင့်ထားသည်။ ပြည်လမ်းအင်းလျားကန်ဘေးရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးသို့သွားရာတွင် ကမာရွတ် ရဲစခန်းအနီးမှ ဖြတ်မောင်းသွားရသည်။ ဖြတ်သည့်အခါ ဂျပန်စစ်ရဲများ၏ တားခြင်းကိုခံရသည်။

ကားပေါ်မှ ဂျပန်စကားအနည်းငယ်တတ်သူက နိုင်ငံခြားရေးဝန်ကြီး သခင်နု ၏ ကားဖြစ်ကြောင်း ရှင်းပြသည်။ သို့သော်ဂျပန်စစ်ရဲများက ဂရုမစိုက် ၊ ဆက်မောင်းခွင့်မပေး ။ အချိန်အတော်ကြာပြီးမှ မောင်းနှင်ခွင့်ပြုလိုက်သည်။ ဝန်ကြီးဖြစ်သော်လည်း ဂျပန်သာမန်ရဲဘော် လောက်ပင် အာဏာမရှိကြောင်း ထင်ရှားနေတော့သည်။

ဤဖြစ်ရပ်ဖြစ်ပွားခဲ့သော်လည်း ဝန်ကြီးသည် အချိန်မှန် နေ့စဉ်ရုံးတက်မြဲပင်။ သို့သော်အရင်လို အလံတလူလူလွှင့်ကာ ကားမစီးတော့။ နိုင်ငံခြားရေးဝန်ကြီး ဦးနုသည် ရုံးတက်ရန်ဖြစ်စေ ၊ ရုံးဆင်းရန်ဖြစ်စေ လှေကိုသာစီးတော့သည်။ သိမှီလိုက်သူများက သခင်နုသည် ဂျပန်ခေတ်တလျှောက်လုံး အင်းလျားကန်ကို ဖြတ်၍ လှေတစ်စင်းဖြင့်သာ ရုံး အသွားအပြန် လုပ်တော့သည် ဟု ဆိုကြသည်။

ကိုးကား
ငါးနှစ်ရာသီ မြန်မာပြည် – သခင်နု
အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ – မောင်ကြည်သန့်

Leave a Reply