တစ္သက္တာ အေကာင္းဆံုးသရုပ္ေဆာင္ ၁၀၀ထဲက အသက္အငယ္ဆံုးမင္းသား (သို႔) လမ္းမေပၚကအေလအလြင့္ေဆးသမား တစ္ေယာက္ရဲ့ အတၳဳပၸတၱိ

Posted on

ေရးသားသူ – ထက္၀န

” ေလာကမွာလူတေယာက္ကို ေမြးလာလို ့မွားတယ္ဆိုတာ မရွိဘူး။ ေမြးဖြားလာျပီးမွသူ လုပ္တဲ့အရာေတြေၾကာင့္ပဲ ေသသင့္တဲ့လူေတြျဖစ္လာတာပါ”
လီယိုနာဒုိ

၁၉၇၄ခုႏွစ္ ႏုိဝင္ဘာလ ၁၁ရက္ေန့။ ေဆာင္းရာသီအစျဖစ္ေနေပမယ့္အဲ့ေန့က မိုးေတြသည္းသည္းမဲမဲရြာေနတယ္။ ျပသနာက ေယာက်ာ္းျဖစ္သူအေဝးေရာက္ေနခ်ိန္ ေဆြမိ်ဳး သားခ်င္းမရွိပဲ အမိ်ဳးသမီးတေယာက္ကိုယ္ဝန္နဲ့ ေလာ့အင္ဂ်လီစ္က လမ္းမတေနရာမွာ ပစ္လဲေနခဲ့တယ္။ ျမင္တဲ့ သူေတြကေဆးရံုကို ဝိုင္းပို့ျပီး တင္ခဲ့ၾကတယ္။ ဗိုက္ထဲက ကေလးအသက္ကို မကယ္ႏိုင္ေလာက္ဘူး လို့ ဆရာဝန္ေတြေကာက္ခ်က္ခ်ေနေပမယ့္ ဒီကေလးဟာ ေသကံမေရာက္ပဲ ေလာကႀကီးထဲကိုေရာက္ခဲ့ပါေတာ့တယ္။

မိခင္ျဖစ္သူကသားျဖစ္သူကိုသူအရမ္း ႀကဳိက္တဲ့မြန္နာလီဇာပန္းခ်ီကားရဲ့ပိုင္ရွင္ လီယိုနာဒိုဒါဗင္ခ်ီကို အစြဲျပဳျပီး သူ့သားနာမည္ကိုလဲ Leonardo ပါေအာင္ Leonardo Wihelm Dicaprio လို့ေပးခဲ့ပါေတာ့တယ္။ ဒီကေလးက ေတာ့တျခားသူမဟုတ္ဘူး ေနာင္တခ်ိန္ရုပ္ရွင္ ေလာကမွာ Oscar ေတြအႀကိမ္ႀကိမ္အေပးမခံရ၊ နာမည္အဖ်က္ခံရ ျပသနာမ်ားစြာၾကားကေန ၂၁ရာစု ရုပ္ရွင္ေလာကရဲ႕ အေတာ္ဆံုးသရုပ္ေဆာင္မင္းသားတစ္ေယာက္ ျဖစ္လာမယ့္ လီယိုနာဒို ပါပဲ။

” နာက်င္စရာတိုင္းသာေတြး ျပီးေျကကြဲျပေနရင္က်ေတာ့္မွာ မ်က္ရည္ဆိုတာ လူမွန္းသိတတ္စထဲက ခမ္းခဲ့တာၾကာၿပီ “
လီယိုနာဒို

လီယိုလို႔ မိခင္ျဖစ္သူက ခ်စ္စနိုးနဲ့ ေခၚတဲ့ လီယိုနာဒိုဟာ ဖခင္ကာတြန္းေရးဆရာနဲ့ မိခင္ လက္ေထာက္ေရွ့ေနတို႔ကေန ခက္ခက္ခဲခဲ နဲ့ေလာကႀကီးထဲကိုဝင္လာခဲ့ပါတယ္။ လီယိုဟာ အေမရိကန္မဟုတ္ပဲ ဂ်ာမာန္ အီတလီ ရုရွား အစပ္ပါ။ လီယိုကိုေမြးထဲက ဖခင္နဲ႔ မိခင္ျဖစ္သူ ဟာအိမ္ေထာင္ေရးဟာ အဆင္မေျပစျပဳခဲ့ပါတယ္။ ဖခင္ရဲ့အရက္စြဲမူက အိမ္ေထာင္ေရးကိုထိခိုက္ခဲ့ေပမယ့္ လီယိုကိုေတာ့ဖခင္က အရမ္းခ်စ္ခဲ့ပါတယ္။

လီယိုအသက္၂ႏွစ္မွာ မိခင္နဲ႔ ဖခင္ဟာတရားဝင္ မကြာရွင္းရေသးေပမယ့္ခြဲေနခဲ့ပါတယ္။ ဖခင္ဟာ သားျဖစ္သူကိုသူသြားေလရာ ခ်ီျပီးေခၚသြားတတ္ တယ္။ ဒါကလည္း လီယိုအသက္၄ႏွစ္မွာ ဖခင္ရဲ့အရက္စြဲမူေၾကာင့္ မေတာ္တဆျဖစ္မူ ၃ခါတိတိျဖစ္ခဲ့ရပါတယ္။ ေနာက္ဆံုးမိခင္နဲ့ ဖခင္ဟာတရားဝင္ ကြာရွင္းခဲ့ျပီး လီယိုဟာလည္း မိခင္ရဲ့တရားႏုိင္မူ ေၾကာင့္မိခင္ဖက္ကိုပါသြားခဲ့ပါတယ္။ မိခင္ျဖစ္သူ ကလည္း ဖခင္နဲ့ကြာရွင္းျပီး ေနာက္အိမ္ေထာင္ျပဳခဲ့ တယ္။

အဲ့ဒီမွာျပသနာက လီယိုဟာဖခင္ဖက္က ပါလာတဲ့ Adamဆိုတဲ့လင္ပါသားရဲ႕ႏွိပ္စက္ျခင္း ကိုခံရပါေတာ့တယ္။ မူလတန္းစတက္ခ်ိန္ေတြ မွာ ပေထြးဖက္ကပါတဲ့ သားနဲ့ သူ့ငယ္ခ်င္းေတြအႏိုင္က်င့္မူေၾကာင့္ လီယိုဟာ ဘယ္ဖက္ေျခေထာက္ကိ်ဳးခဲ့တဲ့အထိျဖစ္ခဲ့သလို မ်ားစြာ သည္းခံခဲ့ရတယ္။ ဒါေပမယ့္ မိခင္ျဖစ္သူက လီယိုကို ဒီျပသနာေတြကေနခြဲဖို ့ ၅ႏွစ္သားမွာပဲ အနုပညာသင္တန္းေက်ာင္းတစ္ခုကို အခ်ိန္ပိုင္းပို့လိုက္တယ္။

ဒါကလီယိုရဲ့ေမြးရာပါအနုပညာဗီဇကိုျပသဖို့ အခြင့္အေရးတခုျဖစ္ခဲ့တာပါပဲ။ သူ သင္တန္းေက်ာင္းမွာ တစ္ခါမွအေသအခ်ာေလ့လာမသင္ယူဘူး။ ဒါေပမယ့္ သူ့သရုပ္ေဆာင္ခ်က္က ကေလးသရုပ္ေဆာင္နာမည္ျကီးေတြထက္ပိုသာေနတာကို ဆရာကသတိထားမိတယ္။ သိပ္မသင္ခဲ့ရဘူးသူ သင္တန္းေျပးတယ္။ TVကဇာတ္လမ္းတိုေလး ေတြမွာတခန္းစ ၂ခန္းစ သူပါရတာကလြဲရင္ သိပ္ႀကီးႀကီးမားမားမလုပ္ျပနိုင္ခဲ့ဘူး။

” ေအာင္ျမင္မူဆိုတာ တကယ္ေတာ့အခြံႀကီးပါ။ အလုပ္တခုကိုတကယ္ ရူးသြပ္စြာလုပ္တဲ့သူတိုင္းအတြက္ ေအာင္ျမင္မူကမလိုခ်င္လဲရတဲ့ ဗူးအလြတ္တခုလိုပဲ။ ဒီဗူးအလြတ္ထဲေအာင္ျမင္မူ ျပည့္မျပည့္ကကိုယ့္အေပၚမွာပဲ မူတည္တယ္ “
လီယိုနာဒို

တခါတေလ အေဖရင္းဆီသြားျပီးဖခင္ဆြဲတဲ့ ပန္းခ်ီခန္းထဲေနတတ္တဲ့ လီယိုဟာ တဆက္တည္းမွာပဲ အႏုပညာပိုး စဝင္ခဲ့ပါေတာ့တယ္။ ဒါေပမယ့္ ဖခင္ကလီယိုကိုမေျပာနဲ့ သူ့ဟာသူေတာင္ အႏုိင္ႏုိင္ေနရတဲ့ဘဝျဖစ္လို့ သိပ္ဂရု စိုက္မေပးနိုင္ခဲ့ပါဘူး။ ေနာက္ဆံုးေတာ့ဖခင္ျဖစ္ သူအရက္ေၾကာင့္စိတ္ဂေယာင္ေခ်ာက္ျခားျဖစ္ရာ ကထိမ္းသိမ္းခံလိုက္ရတယ္။ အဲ့ဒီမွာလီယိုရဲ့ဘဝ ကစတာပါပဲ။ ပေထြးနဲ႔ ပေထြးသားက အႏုိင္က်င့္ တဲ့ၾကားကေန ေနာက္ဆံုးသည္းမခံႏုိင္ေတာ့ပဲ ပေထြးသားကိုပုလင္းနဲ့ရိုက္ျပီး အိမ္ကေနေျပး ခဲ့ပါေတာ့တယ္။

အလယ္တန္းေက်ာင္းသားဘဝ မွာလီယိုဟာ အရက္စစြဲပါေတာ့တယ္။ Echo Park ဆိုတဲ့အေမရိကန္က စရိုက္ဆန္ဆန္ေနရာ တစ္ခုမွာ လီယိုဟာအခ်ိန္ကုန္ခဲ့ျပီး သူ၁၃ႏွစ္သား မွာ မူးယစ္ေဆးစစြဲလာပါေတာ့တယ္။ ေက်ာင္းပါ မသြားေတာ့ပဲ အခ်ိန္ျပည့္လမ္းမေပၚကအေလအ လြင့္ တသိုက္နဲ့ ေဆးခ်အရက္ေသာက္တယ္။ ရဲေတြနဲ့ေတြ႔ရင္ေျပးတယ္။ ေနာက္ဆံုးေဆးပါ ေရာင္းတဲ့အထိ ငယ္ဘဝကျကမ္းတမ္းခဲ့တယ္။ ရန္ျဖစ္တယ္ ေျပးတယ္။ ညဖက္ေတြလမ္းသရဲ Showေတြမွာအခ်ိန္ကုန္တယ္။ ဒီလိုအျဖစ္ကို မိခင္ျဖစ္သူကသိသြားတယ္။ ဒါေျကာင့္လီယိုကို ေခၚျပီး John Ward ဆိုတဲ့ဇာတ္လမ္းတြဲဒါ ရိုက္တာသူငယ္ခ်င္းတေယာက္ဆီီမွာအပ္ခဲ့ပါ ေတာ့တယ္။ ဒါကလီယိုဇာတ္လမ္းတြဲမွာစပါဖို့ ျဖစ္လာခဲ့တာပါပဲ။

John က လီယိုရဲ့ သရုပ္ ေဆာင္ခ်က္ကိုသိပ္ႀကဳိက္တယ္။ ဒီေတာ့သူတာ ဝန္ယူရတဲ့ Drama ဇာတ္လမ္းတြဲျဖစ္တဲ့ The New Lessie မွာ လီယိုကိုထည့္ခဲ့တယ္။ ဒါေပမယ့္အရံေနရာကပဲ Leo ပါခဲ့တယ္။ အဲ့တုန္း ကလီယို အသက္ ၁၅ႏွစ္ ပဲရွိေသးတယ္။ ဒုတိယ ဇာတ္လမ္းတြဲက The Outsiders ။ ဒီဇာတ္လမ္းတြဲအျပီးမွာေတာ့ လီယိုကိုရုပ္ရွင္ကားႀကီး မွာပါဝင္ဖို့ျဖစ္လာခဲ့ပါေတာ့တယ္။

” ယံုၾကည္လို႔လုပ္တဲ့ အလုပ္တိုင္းမွာေနာင္တ နဲ့အရွံဳးဆိုတာမရွိဘူး။ “
လီယိုနာဒို

Critters3

ဒီကားက သိပၸံHorrorကားျဖစ္တဲ့ အျပင္ပါဝင္တဲ့သူေတြကလည္း Aimee Brooks တို ့Don Keith Opper တို့လိုနာမည္ရအႏုပညာရွင္ေတြ။ ဒါေပမယ့္ လီယိုဟာ ဒီကားမွာ ဒုတိယဇာတ္ေဆာင္ေနရာကသာ ပါဝင္ခဲ့ပါတယ္။ ၁၉၉၁ခုနွစ္ ဒီဇင္ဘာလမွာ Critters3ကို ရံုတင္ ခဲ့ျပီး ေအာင္ျမင္မူကေတာ့မရခဲ့ပါဘူး။ ဒါေပမယ့္ ဒီကားမွာလီယိုရဲ့သရုပ္ေဆာင္ခ်က္ကို ခ်ီးက်ဴးခဲ့ တာက ဂ်က္စပဲရိုးမင္းသားႀကီးပါပဲ။ Johnny Depp က လီယို ဒီရုပ္ရွင္ေလာကထဲ စဝင္ကတည္းက တခ်ိန္မွာအထင္ကရမင္းသားတစ္ေယာက္ျဖစ္လာမယ္လို ့ေျပာၾကား ခဲ့သူပါပဲ။

ဒီကားက SAW လိုပဲစာအုပ္မွာတင္ျပသ နာမ်ားစြာတက္ခဲ့ျပီး ၁၈နွစ္ေအာက္မဖတ္ရတဲ့ အထိတားျမစ္ခဲ့တဲ့စာအုပ္ပါ။ (Saw ကေတာ့သိ ျကမွာပါ ဇာတ္ၾကမ္းလည္း ျဖစ္သလို စာအုပ္ဟာ ယေန့အထိေရာင္းခ်ခြင့္ နိုင္ငံ၃၀မွာအပိတ္ခံထားခဲ့ရ တဲ့စာအုပ္တအုပ္ပါ။ ) လီယိုကို တကယ္တမ္းစ တင္ခဲ့တာက Critter3ေတာ့မဟုတ္ဘူး။ Critter3ေရွ့မွာ Roseanne ဆိုတဲ့တကားမွာ အရံအေနနဲ႔ပါခဲ့တယ္။ ဒါေပမယ့္Critters3 ထြက္ျပီးမွတရားဝင္ျပသခဲ့တာပါ။ မေအာင္ျမင္ ဘူး။

Critters3

Poison Ivy – 1992

This Boy’s Life – 1993

What’s Eating Gilbert Grape – 1993

The Quick and the Dead – 1995 ၄ကားအထိလီယိုဟာရိုက္ခြင့္ရခဲ့တယ္။ ဒါေပမယ့္ အေမရိကန္မွာေလာက္ပဲ လူသိခဲ့သလို ေအာက္ တန္းကမင္းသား အေနအထားေလာက္ပဲ လူသိမ်ားခဲ့တယ္။ ဒီအခ်ိန္မွာလီယိုက Johnny Depp ရဲ့သရုပ္ေဆာင္သင္ျပမူေတြကို လိုက္နာခဲ့တယ္။ ေရွ့က What’s Eating Gilbert Grape မွာလဲ Johnny နဲ့အတူတြဲဖက္သရုပ္ ေဆာင္ခဲ့ဖူးေတာ့သူက Johnny ဆီကအႏုပညာ သင္ၾကားမူေတြ မ်ားစြာရခဲ့တယ္။ ဒီလိုနဲ့ လီယို ကိုလူသိမ်ားဖို့ျဖစ္လာခဲ့တဲ့ကားတကားကိုရိုက္ ခြင့္ရခဲ့ပါေတာ့တယ္။

ဒီကားက The Basketball Diaries ပါပဲ။ ဒီကားမွာလီယို ဟာေဆးသမားတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ ရသလို အက်ဳိးဆက္က လီယိုဟာ Hollywood က အသက္အငယ္ဆံုးေခါင္းေဆာင္မင္းသားျဖစ္ လာခဲ့တာပါပဲ။ အျမတ္ေငြ ၃သန္းနီးပါးပဲ ရခဲ့ေပမယ့္ဒီကားေၾကာင့္ လီယိုဟာ ရုပ္ရွင္ေလာကမွာ လူသိမ်ားလာခဲ့ပါတယ္။

” တခုခုကိုလုပ္ျပီးရင္ေနာင္တမရ ဖို့ပဲက်ေတာ္ေတြးတယ္။က်ေတာ္ အမွားေတြအမ်ားႀကီးလုပ္ခဲ့တယ္။ ကိုယ့္ကိုယ္ကိုလဲအယံုအၾကည္ မဲ့ခဲ့တယ္။ ဒါေပမယ့္ျဖစ္ပါ့မလားလို့ေတာ့ တခါမွမေတြးျဖစ္ဘူး။ “
လီယိုနာဒို

အဲ့ဒီေနာက္ Total Eclipse ကိုထပ္ ရိုက္တယ္။ ေအာင္ျမင္မူႀကီးႀကီးမားမား မရခဲ့ေပမယ့္ ဒီကားက လီယို႔ကို နာမည္ႀကီးစာအုပ္တအုပ္ ရဲ့ ရုပ္ရွင္ကားႀကီးမွာ ပါဝင္ဖို႔ျဖစ္လာခဲ့တယ္။ အဲဒီကားကေတာ့ ရိုမီယို နဲ႔ ဂ်ဴးလီးယက္ ဇာတ္ကားပါ။ ဒီကားကိုလူ ေရြးေတာ့ မင္းသားေနရာေခါင္းစားေနခ်ိန္မွာပဲ ဒါရိုက္တာ Baz က လီယို႔ကိုေခၚယူျပီးစမ္းသရုပ္ ေဆာင္ခဲ့ရာကလီယိုနဲ့ရိုက္ဖို့ျဖစ္လာခဲ့တယ္။ ဒါေပမယ့္ ထုတ္လုပ္ေရးက၁၅သန္းပဲ အကုန္က် ခံမူေျကာင့္ ဒီကားကိုဒါရိုက္တာစိတ္တိုင္းက်ရိုက္ ခြင့္မရခဲ့ပါဘူး။

၁၉၉၆ခုႏွစ္နိုဝင္ဘာလမွာရံုတင္ လာခ်ိန္မွာေတာ့ ဒီကားဟာရံုတင္ဝင္ေငြေဒၚလာ ၁၄၇သန္းအထိရရွိခဲ့ပါတယ္။ လီယိုဟာလဲ Best Actor ဆုရခဲ့သလို ဒီကားဟာGolden Bear Award / Academy Award / Dirtector Award ေတြပါရရွိခဲ့ပါတယ္။ တနွစ္ ထဲမွာပဲ Marvin’s Room ကိုရံုတင္ခဲ့ေပမယ့္ ဒီDramaကားကေတာ့အရွံဳးေပၚခဲ့တယ္။ ရိုမီယို နဲ့ဂ်ဴးလိယက္ရဲ့ေအာင္ျမင္မူက ဒီေလာက္နဲ့မျပီး သြားဘူး။ လီယိုကိုရုပ္ရွင္သမိုင္းမွာယေန့ခ်ိန္ထိ သမိုင္းတြင္ေစမယ့္ကားတကားမွာပါမင္းသား လုပ္ဖို့ျဖစ္လာခဲ့တယ္။

ဒါကေတာ့ လူႀကီး လူငယ္မေရြးအကုန္သိၾကတဲ့ ၁၉၉၇ခုနွစ္ဝန္းက်င္ ျမန္မာမွာတိပ္နဲ့ၾကည့္ရတဲ့ ဗီဒီယိုေခတ္မွာပါလူသိမ်ားေစခဲ့တဲ့ Titanic ကားႀကီးပါပဲ။ ထုတ္လုပ္သူေရာ စာေရးဆရာ ပါျဖစ္တဲ့ James Cameron ႀကီးက ဒီကားကို ထုတ္လုပ္ ေရးသားခဲ့ျပီး သူကိုယ္တိုင္ဒါရိုက္တာ လုပ္ခဲ့ပါတယ္။ Titanic ကိုရိုက္ဖို႔ပင္လယ္အတု ပံုစံေရကန္ႀကီးတခုလုပ္ခဲ့သလို ဒီကားအတြက္ ေရစုပ္စက္မ်ားစြာနဲ့လွိဳင္းအတုေတြ Croma ေတြအျပင္ Setting ေတြပါအမ်ားအျပားသံုး ခဲ့ပါတယ္။ ေဒၚလာသန္း၂၀၀အထိ အကုန္က်ခံခဲ့ ရသလို ထိခိုက္ဒဏ္ရာရတဲ့သူ ၅၀အထိ ရွိခဲ့ပါ တယ္။

တကယ့္ျဖစ္ရပ္မွန္ ကားတစ္ကားျဖစ္တာနဲ့ အညီ ပါဝင္သူတေယာက္ခ်င္းစီကလည္း ဝါရင့္ဇာတ္ပို့ေတြခ်ည္းပါပဲ။ Titanic ကားကို လီယိုဟာသူ ငယ္ခ်င္းျဖစ္သူ ကိတ္ဝင္းစလက္နဲ့တြဲဖက္သရုပ္ေဆာင္ခဲ့သလို ဒီကားကလီယိုေရာ ကိတ္ဝင္းစလက္အတြက္ပါ ရုပ္ရွင္ေလာကထဲ အထင္ကရ ေနရာေတြရရွိလာခဲ့ၾကပါတယ္။ Titanic ဟာ ရံုတင္ဝင္ေငြ သန္း၂ေထာင့္ ၁ရာေက်ာ္အထိ ရခဲ့သလိုရုပ္ရွင္သမိုင္းရဲ့ ရံုတင္ဝင္ေငြအျမင့္ဆံုး ရုပ္ရွင္ကားျကီးအျဖစ္ ယေန့ထိ စံခ်ိန္တင္ထားတဲ့ ကားျကီးတကားျဖစ္ပါတယ္။ Titanic ဟာ Academy ၁၄ဆု Oscarဇကာတင္အမ်ား ဆံုးရုပ္ရွင္ (ယေန့ထိ ) Best Picture Best Director ဆုအျပင္ ရုပ္ရွင္ေလာကရဲ့ Highest Grossing အျဖစ္သမိုင္းဝင္ခဲ့ပါတယ္။ လီယိုကို Oscar ဆုရမယ္လို႔ တစ္ကမာၻလံုးက အားေပးခဲ့ၾကေပမယ့္ သူအေပးမခံခဲ့ရပါဘူး။

” ဆုရရမရရ က်ေတာ္အေကာင္းဆံုး လုပ္ခဲ့ျပီးျပီ။ ဒီအတြက္က်ေတာ္အေရးမပါတဲ့အရာေတြေျကာင့္ခံစား ျဖစ္မွာမဟုတ္ဘူး “
လီယိုနာဒို

Titanic ကားႀကီးအျပီးမွာေတာ့လီယိုဟာ တကမၻာလံုးရဲ့အသိအမွတ္ျပဳျခင္းကိုခံခဲ့ရသလို Hollywood ရုပ္ရွင္ေလာကထဲ အသက္ငယ္ ငယ္နဲ့ထိပ္တန္းမင္းသားစာရင္းမွာဝင္ခဲ့ပါျပီ။ Titanic ကားဟာ အကယ္ဒမီ ၁၄ဆု Oscar ဆု ေတြအျပင္ ဆုေပါင္း ၁၈၂ဆု ထိ ရရွိခဲ့သလို လီယိုကေတာ့ Best Actor ဆုတစ္ခုပဲႀကီးႀကီးမားမားရခဲ့ ေပမယ့္ Titanicကားမွာ တကမာၻလံုး အေလးေပးျခင္းကိုခံရတဲ့ ဇာတ္ေကာင္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။

Titanic ကားအျပီးမွာေတာ့လီယိုကို ေရွးေခတ္ဆန္တဲ့ The Man in the Iron Mask ကားနဲ့ထပ္ျမင္ေတြ့လာရပါတယ္။ ဒီကား က Action Dramaကားျဖစ္တာနဲ့အညီ လီယို ဟာ Drama အျပင္ Actionကိုပါ ပိုင္ႏိုင္တဲ့မင္း သားတေယာက္အျဖစ္ကမၻာေက်ာ္ေစခဲ့ပါတယ္။ The Man in the Iron Mask ကားကို ၁၉၉၈ခုနွစ္မတ္လမွာရံုတင္ခဲ့ျပီး ၃၅သန္းရင္းျပီး ၁၈၃သန္းအထိရခဲ့တဲ့ကားတကားျဖစ္ပါတယ္။ The Man in the Iron Mask အျပီးမွာေတာ့ လီယိုကို Hollywood ရဲ့ Top 5မင္းသားထဲပါ ဖို႔ျဖစ္လာတဲ့

Celebrity -1998

The Beach – 2000

Don’s Plum 2001

Catch Me If You Can – 2002

Gangs of New York – 2002

The Aviator – 2004

The Departed 2006 ကားေတြတနွစ္တ ကားႏႈန္းထြက္လာခဲ့ပါေတာ့တယ္။ ဒီအခ်က္ကို သံုးသပ္ရရင္ Hollywoodရဲ့ ဝင္ေငြအရဆံုးမင္း သားေတြေတာင္ တစ္ႏွစ္ကိုတကားပဲရိုက္နိုင္သလို အာရွကတခ်ဳိ႕ႏိုင္ငံက ရုပ္ရွင္မင္းသားအမ်ားစုရဲ့ တစ္ႏွစ္ရုပ္ရွင္ ၂ကား၃ကား ဗီဒီယိုကား၂၀နီးပါး ႏႈန္းနဲ႔ေတာ့ ကြာဟလြန္းပါရဲ႕။

” ဘဝရဲ့အမွတ္တရေတြအမ်ားႀကီးမွာ နာက်င္စရာေတြကိုပိုမွတ္မိတတ္ၾကတယ္ ဒါေပမယ့္ျပန္ေတြးၾကည့္ရင္ ဒီနာက်င္စရာ ေတြကေက်းဇူးတင္စရာေတြျဖစ္ေနတတ္ တယ္ “
လီယိုနာဒို

တစ္ ရက္ Edward Zwick ဆိုတဲ့ဒါ ရိုက္တာကလီယိုကို phဆက္တယ္။ လီယိုနဲ့ Edward Zwick က ရင္းႏွီးေပမယ့္ ရုပ္ရွင္နယ္ ပယ္ထက္ ျပင္ပနယ္ပယ္မွာပဲ ပိုေတြ႔ျဖစ္ၾကသူေတြ ပါ။ သူကားတကားကိုရိုက္ဖို့စီစဥ္ေနတယ္။ နည္း နည္းပင္ပန္းမယ္။ လီယိုခဗ်ားရိုက္မလားလို့စကား စေတာ့ လီယိုကလက္ခံလိုက္တယ္။ ဒီကားကို ရိုက္ဖို ့၉လတိတိ Location ေရြးၾကသလို ဒီကား ဟာစက္အဖြဲ႔တခုလံုး လံုျခံဳေရးအရအာမခံခ်က္ မရွိတဲ့ အာဖရိကသူပုန္နယ္ေျမထဲမွာ သြားရိုက္ခဲ့တဲ့ Blood Diamomd ကားႀကီးပါပဲ။

စာေရးဆရာ Charles Leavitt ကလဲဒီစာအုပ္ေျကာင့္ေဝ ဖန္မူမ်ားစြာခံခဲ့ရသလို ကမၻာျကီးကို အာဖရိကရဲ့ ကေလးစစ္သား၂သိန္းေက်ာ္ အသံုးခ်ခံေနရမူကို ဓာတ္ပံု ေနရာအေထာက္အထားနဲ့ တကြခ်ျပခဲ့လို့ လုပ္ႀကံခံရတဲ့အထိႀကဳံခဲ့ရတဲ့စာအုပ္ပါ။ လီယိုအဖို့ ေရာ Edward Zwick အဖို့ပါဒီကားကတာဝန္ႀကီးသလို အခက္အခဲမ်ားစြာလဲျကံဳခဲ့ရတဲ့ကားပါ။ Blood Diamond မွာေတာ့ လီယိုဟာ နဂိုကား ေတြလို ခပ္ေခ်ာေခ်ာေကာင္ေလးတေယာက္ မဟုတ္ေတာ့ပဲ ေယာက်ာ္းပီသတဲ့ စစ္သားတေယာက္ လူလည္တေယာက္အသြင္အျပင္နဲ့ Hounson နဲ့အတူတြဲဖက္သရုပ္ေဆာင္ခဲ့ပါ တယ္။

၂၀၀၆ခုႏွစ္ ဒီဇင္ဘာလမွာ Blood Diamond ကိုရံုတင္ခဲ့ျပီး ရံုတင္ဝင္ေငြသန္း ၁၇၀ေက်ာ္အထိရရွိခဲ့ပါတယ္။ ဒီကားမွာလီယိုေရာ Hounson ေရာဟာBest Actor ဆုေတြရခဲ့ သလို ေတာင္အာဖရိကရဲ့ကေလးသူငယ္ေတြ ညွင္းပန္းႏွိပ္စက္ခံေနရမူကို မီးေမာင္းထိုးျပနိုင္ ခဲ့ပါတယ္။ လီယိုဟာ တႏွစ္တကားႏႈန္းပါပဲ

The 11th Hour – 2007

Body of Lies – 2008

Revolutionary Road – 2008

Shutter Island – 2010

Hubble – 2010

Inception – 2010 J.

Edgar – 2011

Django Unchained – 2012 The

Great Gatsby-2013

The Wolf of Wall Street – 2013 ကားေတြထြက္ခဲ့သလို ေအာင္ျမင္မူမ်ားစြာလဲရရွိ ခဲ့ပါတယ္။ ဒါေပမယ့္ လီယို Oscar တခါမွမရ ခဲ့ဘူး။ ၅ျကိမ္တိတိသူရမယ္လို့တကမၻာလံုးက ထင္ေျကးေပးခဲ့ေပမယ့္သူ့ဘဝမွာ Oscar တစ္ဆု ပဲက်န္ေတာ့တယ္ မရခဲ့တာ။ ဒီျပသနာကလည္း ႀကီး တယ္။ လီယိုက အေမရိကန္သားမဟုတ္လို့မေပး တာလားဆိုတဲ့ေမးခြန္းေတြထပ္တလဲလဲေမးၾကတယ္။ လီယိုကလည္း တျခားဆုေတြဆို သူတေလးတ စားတက္ယူတယ္ စကားေျပာယဥ္ေက်းတယ္။ Oscar ဆိုတာနဲ့ သူသေရာ္တယ္။ တခါမွအထင္တႀကီးမေျပာဘူး။

” ကိုယ့္ကိုမေကာင္းေျပာတိုင္းသာ တံု့ျပန္ရရင္ ပါးစပ္ေတြကနားရမွာ ေတာင္မဟုတ္ဘူး။ ဘာမွမလုပ္တဲ့ သူကိုဘယ္သူမွအေရးတယူလုပ္ ေဝဖန္မွာမဟုတ္ဘူး။ ဒါေျကာင့္ ခဗ်ားအလုပ္ႀကီးႀကီးလုပ္ေလ လူမ်ားမ်ားေဝဖန္တာခံရေလပဲ “
လီယိုနာဒို

” လီယို ငါတို ့ကေနဒါကိုတစ္ႏွစ္ေလာက္ သြားရမယ္ မင္းျပင္ဆင္ထားေတာ့။ “
လီယိုရဲ့ဆရာလိုျဖစ္ေနတဲ့ ဒါရိုက္တာႀကီး Alejandro G. Iñárritu ရဲ့ အဂၤလန္ကေနph တစ္ခုကို လီယိုၾကားၾကားခ်င္းအံ့ၾသသြားတယ္။ ဒီအခ်ိန္မွာလီယိုက သူငယ္ခ်င္းျဖစ္သူ ကိတ္ဝင္းစလက္နဲ့ iph ရဲ့ ဘုရင္ႀကီး Steve Jobs အေၾကာင္းရိုက္မယ့္ရုပ္ရွင္ကားကိုလက္ခံထားခ်ိန္။ Alejandro G. Iñárritu ကေတာ္ရံုသူ့ကို ခုလို ph ဆက္ေျပာေလ့မရွိဘူး။ သူေသခ်ာေမး တယ္။

Alejandro G. Iñárritu က ” မင္းဘဝအတြက္အႀကီးမားဆံုးအလုပ္တခုကို ငါနဲ့အတူ လုပ္ရလိမ့္မယ္ “ ဆိုတဲ့စကားနဲ့အတူ လီယိုယာ ကေနဒါကိုသြားရိုက္မယ့္ကားကိုလက္ ခံခဲ့ျပီး Steve Jobs ကားကိုဖ်က္ခဲ့ရပါတယ္။ မုဆိုးကားဆိုတာကလြဲရင္သူေတြးထားတာက သာမာန္ပဲ။ တကယ္တမ္းရိုက္ေတာ့မွတကယ့္ နွင္းေတာထဲမွာ ဘာ lighting မွမပါပဲသဘာဝ lighting ကိုအသားေပးျပီးအမ်ားဆံုးရိုက္မယ့္ ကားျဖစ္ေနတယ္။

ဒီကားကေတာ့တျခားကား မဟုတ္ဘူး လီယိုကို Oscarဆ ုမေပးခ်င္လဲေပး ရဖို့ျဖစ္လာတဲ့ ရုပ္ရွင္သမိုင္းမွာအခက္ခဲဆံုးရိုက္ ကူးရတဲ့ကား၅၀ထဲ ပါဝင္ခဲ့တဲ့ The Revenant ကားျကီးပါပဲ။
” Iñárritu ေတာ္ေတာ္ဆိုးတဲ့ဒါရိုက္တာ ပါ။ က်ေတာ့္အနုပညာသက္တမ္းတ ေလ်ွာက္မွာ Iñárritu လိုေစ့စပ္တဲ့ နားလည္ရခက္တဲ့ ဒါရိုက္တာတခါမွမ ေတြဖူးခဲ့ဘူး “

လီယိုဟာ ဖခင္ကြယ္လြန္ျပီးထဲကေဆး ျဖတ္ခဲ့သလို အသားလည္း မစားေတာ့တဲ့ သက္သက္ လြတ္သမားပါ။ ဒါေပမယ့္The Revenant ကားမွာသူဟာဒီေစာင့္ထိန္းမူကိုခ်ဳိးခဲ့ရတဲ့အထိ အသားစိမ္းစားအစစ္ကိုစားခဲ့ရသလို ျပင္ဆင္မူ ထိခိုက္မူမ်ားစြာလဲရွိခဲ့ပါတယ္။ Iñárrituက လီ ယိုကိုမရမကေခၚခိုင္း တျခားကားေတြဖ်က္ခိုင္း ျပီးေခၚယူရိုက္ကူးခဲ့သလို လီယိုကလဲသူငယ္ခ်င္း ျဖစ္သူ Hardy ကိုမရမကေခၚယူျပီးတြဲဖက္သ ရုပ္ေဆာင္ခိုင္းခဲ့ပါတယ္။

ဒီကားရဲ့ျပသနာေတြက Cameraman ေတြဟာ အခ်ိန္၅လၾကာ ရိုက္ကူးလာခ်ိန္မွာစိတ္ဓာတ္က်မူေတြ က်န္းမာေရး ထိခိုက္မူေတြေၾကာင့္ ထြက္ခဲ့သလို လီယိုကုိယ္တုိင္လည္း စိတ္က်န္းမာေရးဆရာဝန္ပါ ေခၚယူခဲ့ရတဲ့အဆင့္ထိေရာက္ခဲ့ပါတယ္။ အသားတုကိုစားဖို့ အဖြဲ႔သားေတြက အၾကံေပးေပမယ့္ တကယ္ပီျပင္မူကိုလုပ္ျပခ်င္တဲ့ လီယိုက ေတာ့အသားစစ္ကိုစားခဲ့မူေတြ ျမင္းအတုရဲ့ခႏၶာ ကိုယ္အစားထိုးဖို႔ လုပ္ခဲ့ေပမယ့္အစစ္ကိုသံုးခဲ့တာ ေတြ ရိုက္ကူးေနစဥ္ မေတာ္တဆမူေၾကာင့္မ်က္ လံုးထိခိုက္မူ ေမးရိုးအက္မူေတြအထိျဖစ္ခဲ့သလို လီယိုဟာ ဒီကားကို ၉လခြဲၾကာရိုက္ကူးခဲ့ရျပီး ေနာက္ တစ္လတိတိေဆးကုသမူခံယူခဲ့ရပါတယ္။

The Revenant က လီယိုဘဝမွာ အခက္ခဲဆံုးကားျဖစ္သလို ဘာဘာစကား၄မိ်ဳး အထိ ရိုက္ကူးေနရင္းသင္ယူခဲ့ရပါတယ္။ ဒီကားေၾကာင့္ လီယိုဟာ အဆုတ္ေရာင္မူကို ကာကြယ္ဖို ့ႏွင္းေတာထဲ ၉လအတြင္း ေဆးအခါ ၆၀ အထိ ထိုးခဲ့ရသလို ဒီကားမွာလီယိုရဲ႕ႀကဳိပမ္းမူက ရုပ္ရွင္ေလာကတခုလံုးအံ့ၾသခဲ့ရပါတယ္။ ၉လ ျကာရိုက္ကူးအျပီး ရံုတင္လာခ်ိန္မွာေတာ့ ေဒၚလာ သန္း ၅၃၃သန္း ဆိုတဲ့ ရံုတင္ေငြနဲ့အတူ Golden Globe Awards ၃ဆု BAFTA Awards ၅ဆု Best Actor/Director/Camera ဆုေတြအျပင္ တကားလံုး Best Movie ဆု ေတြပါရရွိခဲ့ပါတယ္။

လီယို Oscar ရသြားခ်ိန္ ဟာတကမၻာလံုးရဲ့ Oscarဆုေပးပြဲအေပၚမေက်နပ္ခ်က္ေတြကို ေလ်ာ့သြားေစတာပါပဲ။ ဒါေပမယ့္ လီယိုဟာဆုေပးပြဲအျပီး နားေနခန္းမွာေတာ့ ဒီ Oscarဆုျကီးကိုေျခေထာက္နားခ်ထားခဲ့ျပီး Game ေတာင္ေဆာ့ေနခဲ့ေလရဲ့။ Oscarကသူ့ အတြက္ အဲ့လိုဆုပါလို့ သေရာ္ခဲ့မူကလည္း လီယိုရဲ့ ၅ဆုအထိရရမယ့္ Oscar ႏွစ္တိုင္း လြဲမူရဲ့ မေက်နပ္ခ်က္ကိုျပသခဲ့တာပါပဲ။

ဒီကားကရတဲ့တျခား ေရႊကမၻာလံုးဆုရဲ့ေငြေၾကးကို လီယိုကလွဴဒါန္း ပစ္ခဲ့သလို ဒီကားကရတဲ့အနုပညာေၾကး၃ပံု၂ပံု ကိုလည္း လွဴဒါန္းခဲ့ပါတယ္။ ငလ်င္ ဒဏ္သင့္ျပည္သူေတြကို ေဒၚလာတစ္သန္း၊ ကမာၻ႔တိရစာၦန္ကာကြယ္ေရးကို ေဒၚလာတစ္သန္း ၊ အာ ဖရိကကေလးသူငယ္ပညာသင္ေရးကို ေဒၚလာ ၅သိန္း၊ အာရွသစ္ေတာေစာင့္ေရွာက္ေရးကို ေဒၚလာတစ္သိန္း တစ္လထဲမွာလီယိုလွဴပစ္ခဲ့ပါ တယ္။

” ကဲလူျဖဴ (အေမရိကန္ကိုရည္ညႊန္း) ေတြအတြက္ေပးတယ္လို့သိခဲ့တဲ့ဆုေပးပြဲကို က်ေတာ္တက္လာျပီ ( ရယ္လ်က္ ) “
လီယိုနာဒို (Oscar ဆုေပးပြဲ )

” ဘက္လိုက္မူေတြကို အဆံုးသတ္ဖို့အတြက္ မိ်ဳးဆက္သစ္ေတြအတြက္ၾကီးမားတဲ့အခြင့္အလမ္းတခုျဖစ္ခဲ့ပါျပီ “
Iñárritu ( ဒါရိုက္တာ )

” က်ေတာ္Oscar ဆုကိုသိပ္စိတ္မဝင္ စားျဖစ္ဘူး။ အျပစ္လဲမတင္ပါဘူး ။ က်ေတာ္ Oscar မရေသးတာဟာ က်ေတာ္ဒီထက္အမ်ားႀကီးႀကဳိးစားဖို့ လိုေသးတယ္လို ့က်ေတာ့္ကို အသိေပးလိုက္တာပါပဲ “
လီယိုနာဒို ( Oscar မရခင္စကား )

တခ်ိန္ကေဆးသမား ၊ ေထာင္၆လက်ဖူးသူ ၊ မူးရစ္ေဆးေရာင္းသူ၊ အေပအေတ ဒုစရိုက္သမား ၊ ဆိုးသြမ္းလူငယ္ မိတကြဲဖတကြဲဘဝကေန မင္းသားျဖစ္လာခဲ့တယ္။ မင္းသားျဖစ္လာေတာ့လည္း Hollywood ရုပ္ရွင္ေလာကသားေတြၾကား အနွိမ္ခံရမူမ်ားစြာခံခဲ့ရတယ္။ ဒါေပမယ့္ယေန့ အခ်ိန္မွာေတာ့ လီယိုနာဒိုဆိုတဲ့ လူတေယာက္ဟာ ဆုေပါင္း၂၀၀ေက်ာ္ဇကာတင္ခံခဲ့ရသူ OSCAR ၅ဆုရမလိုနဲ႔ လြဲခဲ့သူ ဆုေပါင္း၈၀ ေက်ာ္ပိုင္ဆိုင္ထားသူ ကမာၻအျမင့္ဆံုးရုပ္ရွင္ဆုေတြ ေရႊကမာၻလံုးဆုေတြ Oscarဆုေတြကိုပိုင္ ဆိုင္ခဲ့သူျဖစ္ေနပါျပီ။

ဒါ့အျပင္ လီယိုဟာရုပ္ရွင္ ကား၃၇ကားနဲ႔ သရုပ္ေဆာင္ေၾကးသန္း၂၂၀ ေက်ာ္ကိုရရွိထားတဲ့ မင္းသားတေယာက္လည္းျဖစ္ပါ တယ္။ လီယိုဟာ ရုပ္ရွင္ရိုက္ကြင္း မေတာ္တဆမူ ၇၀ေက်ာ္၊ ငါးမန္းအကိုက္ခံရမူတစ္ခါ၊ ေလယာဥ္စက္ခ်ဳိ႕ယြင္းမူတစ္ခါ၊ ေလထီးမေတာ္တ ဆခ်ဳိယြင္းမူတစ္ခါ ႀကံဳခဲ့ရတာေတာင္ အသက္မေသတဲ့ ကံေကာင္းသူလဲျဖစ္ေနျပန္ပါတယ္။ ဒါအျပင္ ၂၀၁၅ခုႏွစ္မွာတင္ လီယိုလွဴတန္းခဲ့တဲ့ ေငြ ဟာ ေဒၚလာသန္း၄၀ေက်ာ္ထိရွိခဲ့သလို သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္ ေဒၚလာ၁၅သန္းအထိ လွဴဒါန္းခဲ့တဲ့ ပရဟိတသ မားစစ္စစ္ႀကီးလည္း ျဖစ္သူပါ။

” က်ေတာ္ Oscar ရေတာ့ ကိတ္ (ကိတ္ဝင္းစလက္ ) ငိုပါေလေရာ။ ေအးေပါ့ေလ သူကက်ေတာ္ဆုမရတိုင္း ဖုန္းဆက္ၿပီး ဟာသေျပာတတ္ တဲ့ သူငယ္ခ်င္းဆိုးကိုး။ သူနဲ့ေတာ့ Titanic လိုအမွတ္တရေနာက္တကား ေလာက္ထပ္ရိုက္ခြင့္ရခ်င္ပါေသးတယ္။”
လီယိုနာဒို

နာမည္ေတြအႀကိမ္ႀကိမ္အဖ်က္ခံရသူ Oscar ေတြအျကိမ္ျကိမ္လြဲသူ ငယ္ဘဝၾကမ္းတမ္းသူ ၊ လမ္းေဘးေဆးသမားဘဝကေန ယေန႔အခ်ိန္မွာေတာ့ လီယိုဟာ တစ္သက္တာ အေကာင္းဆံုးသရုပ္ေဆာင္ ၁၀၀မွာ No.16 အထိသတ္မွတ္ျခင္းခံထားခဲ့ရပါျပီ။

Ref : Twitter Hollywood Stars Village in the Voice BIAQ Blog ( Japan )

ထက္ဝန

[ Metal Review ေရးသူသာျဖစ္တဲ့အတြက္ ဒီလိုMovieဖက္က အထင္ကရမင္းသားတစ္ေယာက္အေၾကာင္းကို ေရးသားရာမွာ လိုအပ္ခ်က္မ်ားရွိနိုင္ ပါတယ္။ ဒါေၾကာင့္လီယိုရဲ့ Fanမ်ား နားလည္ေပးဖို႔ေမ်ာ္လင့္ပါတယ္။ ]


တစ်သက်တာ အကောင်းဆုံးသရုပ်ဆောင် ၁၀ဝထဲက အသက်အငယ်ဆုံးမင်းသား (သို့) လမ်းမပေါ်ကအလေအလွင့်ဆေးသမား တစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ (unicode)

ရေးသားသူ – ထက်ဝန

” လောကမှာလူတယောက်ကို မွေးလာလို့မှားတယ်ဆိုတာ မရှိဘူး။ မွေးဖွားလာပြီးမှသူ လုပ်တဲ့အရာတွေကြောင့်ပဲ သေသင့်တဲ့လူတွေဖြစ်လာတာပါ”
လီယိုနာဒို

၁၉၇၄ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့။ ဆောင်းရာသီအစဖြစ်နေပေမယ့်အဲ့နေ့က မိုးတွေသည်းသည်းမဲမဲရွာနေတယ်။ ပြသနာက ယောက်ျားဖြစ်သူအဝေးရောက်နေချိန် ဆွေမျိုး သားချင်းမရှိပဲ အမျိုးသမီးတယောက်ကိုယ်ဝန်နဲ့ လော့အင်ဂျလီစ်က လမ်းမတနေရာမှာ ပစ်လဲနေခဲ့တယ်။ မြင်တဲ့ သူတွေကဆေးရုံကို ဝိုင်းပို့ပြီး တင်ခဲ့ကြတယ်။ ဗိုက်ထဲက ကလေးအသက်ကို မကယ်နိုင်လောက်ဘူး လို့ ဆရာဝန်တွေကောက်ချက်ချနေပေမယ့် ဒီကလေးဟာ သေကံမရောက်ပဲ လောကကြီးထဲကိုရောက်ခဲ့ပါတော့တယ်။

မိခင်ဖြစ်သူကသားဖြစ်သူကိုသူအရမ်း ကြိုက်တဲ့မွန်နာလီဇာပန်းချီကားရဲ့ပိုင်ရှင် လီယိုနာဒိုဒါဗင်ချီကို အစွဲပြုပြီး သူ့သားနာမည်ကိုလဲ Leonardo ပါအောင် Leonardo Wihelm Dicaprio လို့ပေးခဲ့ပါတော့တယ်။ ဒီကလေးက တော့တခြားသူမဟုတ်ဘူး နောင်တချိန်ရုပ်ရှင် လောကမှာ Oscar တွေအကြိမ်ကြိမ်အပေးမခံရ၊ နာမည်အဖျက်ခံရ ပြသနာများစွာကြားကနေ ၂၁ရာစု ရုပ်ရှင်လောကရဲ့ အတော်ဆုံးသရုပ်ဆောင်မင်းသားတစ်ယောက် ဖြစ်လာမယ့် လီယိုနာဒို ပါပဲ။

” နာကျင်စရာတိုင်းသာတွေး ပြီးကြေကွဲပြနေရင်ကျတော့် မှာမျက်ရည်ဆိုတာလူမှန်းသိ တတ်စထဲကခမ်းခဲ့တာကြာပြီ ”
လီယိုနာဒို

လီယိုလို့ မိခင်ဖြစ်သူက ချစ်စနိုးနဲ့ ခေါ်တဲ့ လီယိုနာဒိုဟာ ဖခင်ကာတွန်းရေးဆရာနဲ့ မိခင် လက်ထောက်ရှေ့နေတို့ကနေ ခက်ခက်ခဲခဲ နဲ့လောကကြီးထဲကိုဝင်လာခဲ့ပါတယ်။ လီယိုဟာ အမေရိကန်မဟုတ်ပဲ ဂျာမာန် အီတလီ ရုရှား အစပ်ပါ။ လီယိုကိုမွေးထဲက ဖခင်နဲ့ မိခင်ဖြစ်သူ ဟာအိမ်ထောင်ရေးဟာ အဆင်မပြေစပြုခဲ့ပါတယ်။ ဖခင်ရဲ့အရက်စွဲမူက အိမ်ထောင်ရေးကိုထိခိုက်ခဲ့ပေမယ့် လီယိုကိုတော့ဖခင်က အရမ်းချစ်ခဲ့ပါတယ်။

လီယိုအသက်၂နှစ်မှာ မိခင်နဲ့ ဖခင်ဟာတရားဝင် မကွာရှင်းရသေးပေမယ့်ခွဲနေခဲ့ပါတယ်။ ဖခင်ဟာ သားဖြစ်သူကိုသူသွားလေရာ ချီပြီးခေါ်သွားတတ် တယ်။ ဒါကလည်း လီယိုအသက်၄နှစ်မှာ ဖခင်ရဲ့အရက်စွဲမူကြောင့် မတော်တဆဖြစ်မူ ၃ခါတိတိဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးမိခင်နဲ့ ဖခင်ဟာတရားဝင် ကွာရှင်းခဲ့ပြီး လီယိုဟာလည်း မိခင်ရဲ့တရားနိုင်မူ ကြောင့်မိခင်ဖက်ကိုပါသွားခဲ့ပါတယ်။ မိခင်ဖြစ်သူ ကလည်း ဖခင်နဲ့ကွာရှင်းပြီး နောက်အိမ်ထောင်ပြုခဲ့ တယ်။

အဲ့ဒီမှာပြသနာက လီယိုဟာဖခင်ဖက်က ပါလာတဲ့ Adamဆိုတဲ့လင်ပါသားရဲ့နှိပ်စက်ခြင်း ကိုခံရပါတော့တယ်။ မူလတန်းစတက်ချိန်တွေ မှာ ပထွေးဖက်ကပါတဲ့ သားနဲ့ သူ့ငယ်ချင်းတွေအနိုင်ကျင့်မူကြောင့် လီယိုဟာ ဘယ်ဖက်ခြေထောက်ကျိုးခဲ့တဲ့အထိဖြစ်ခဲ့သလို များစွာ သည်းခံခဲ့ရတယ်။ ဒါပေမယ့် မိခင်ဖြစ်သူက လီယိုကို ဒီပြသနာတွေကနေခွဲဖို့ ၅နှစ်သားမှာပဲ အနုပညာသင်တန်းကျောင်းတစ်ခုကို အချိန်ပိုင်းပို့လိုက်တယ်။

ဒါကလီယိုရဲ့မွေးရာပါအနုပညာဗီဇကိုပြသဖို့ အခွင့်အရေးတခုဖြစ်ခဲ့တာပါပဲ။ သူ သင်တန်းကျောင်းမှာ တစ်ခါမှအသေအချာလေ့လာမသင်ယူဘူး။ ဒါပေမယ့် သူ့သရုပ်ဆောင်ချက်က ကလေးသရုပ်ဆောင်နာမည်ကြီးတွေထက်ပိုသာနေတာကို ဆရာကသတိထားမိတယ်။ သိပ်မသင်ခဲ့ရဘူးသူ သင်တန်းပြေးတယ်။ TVကဇာတ်လမ်းတိုလေး တွေမှာတခန်းစ ၂ခန်းစ သူပါရတာကလွဲရင် သိပ်ကြီးကြီးမားမားမလုပ်ပြနိုင်ခဲ့ဘူး။

” အောင်မြင်မူဆိုတာ တကယ်တော့အခွံကြီးပါ။ အလုပ်တခုကိုတကယ် ရူးသွပ်စွာလုပ်တဲ့သူတိုင်းအတွက် အောင်မြင်မူကမလိုချင်လဲရတဲ့ ဗူးအလွတ်တခုလိုပဲ။ ဒီဗူးအလွတ်ထဲအောင်မြင်မူ ပြည့်မပြည့်ကကိုယ့်အပေါ်မှာပဲ မူတည်တယ် ”
လီယိုနာဒို

တခါတလေ အဖေရင်းဆီသွားပြီးဖခင်ဆွဲတဲ့ ပန်းချီခန်းထဲနေတတ်တဲ့ လီယိုဟာ တဆက်တည်းမှာပဲ အနုပညာပိုး စဝင်ခဲ့ပါတော့တယ်။ ဒါပေမယ့် ဖခင်ကလီယိုကိုမပြောနဲ့ သူ့ဟာသူတောင် အနိုင်နိုင်နေရတဲ့ဘဝဖြစ်လို့ သိပ်ဂရု စိုက်မပေးနိုင်ခဲ့ပါဘူး။ နောက်ဆုံးတော့ဖခင်ဖြစ် သူအရက်ကြောင့်စိတ်ဂယောင်ချောက်ခြားဖြစ်ရာ ကထိမ်းသိမ်းခံလိုက်ရတယ်။ အဲ့ဒီမှာလီယိုရဲ့ဘဝ ကစတာပါပဲ။ ပထွေးနဲ့ ပထွေးသားက အနိုင်ကျင့် တဲ့ကြားကနေ နောက်ဆုံးသည်းမခံနိုင်တော့ပဲ ပထွေးသားကိုပုလင်းနဲ့ရိုက်ပြီး အိမ်ကနေပြေး ခဲ့ပါတော့တယ်။

အလယ်တန်းကျောင်းသားဘဝ မှာလီယိုဟာ အရက်စစွဲပါတော့တယ်။ Echo Park ဆိုတဲ့အမေရိကန်က စရိုက်ဆန်ဆန်နေရာ တစ်ခုမှာ လီယိုဟာအချိန်ကုန်ခဲ့ပြီး သူ၁၃နှစ်သား မှာ မူးယစ်ဆေးစစွဲလာပါတော့တယ်။ ကျောင်းပါ မသွားတော့ပဲ အချိန်ပြည့်လမ်းမပေါ်ကအလေအ လွင့် တသိုက်နဲ့ ဆေးချအရက်သောက်တယ်။ ရဲတွေနဲ့တွေ့ရင်ပြေးတယ်။ နောက်ဆုံးဆေးပါ ရောင်းတဲ့အထိ ငယ်ဘဝကကြမ်းတမ်းခဲ့တယ်။ ရန်ဖြစ်တယ် ပြေးတယ်။ ညဖက်တွေလမ်းသရဲ Showတွေမှာအချိန်ကုန်တယ်။ ဒီလိုအဖြစ်ကို မိခင်ဖြစ်သူကသိသွားတယ်။ ဒါကြောင့်လီယိုကို ခေါ်ပြီး John Ward ဆိုတဲ့ဇာတ်လမ်းတွဲဒါ ရိုက်တာသူငယ်ချင်းတယောက်ဆီမှာအပ်ခဲ့ပါ တော့တယ်။ ဒါကလီယိုဇာတ်လမ်းတွဲမှာစပါဖို့ ဖြစ်လာခဲ့တာပါပဲ။

John က လီယိုရဲ့ သရုပ် ဆောင်ချက်ကိုသိပ်ကြိုက်တယ်။ ဒီတော့သူတာ ဝန်ယူရတဲ့ Drama ဇာတ်လမ်းတွဲဖြစ်တဲ့ The New Lessie မှာ လီယိုကိုထည့်ခဲ့တယ်။ ဒါပေမယ့်အရံနေရာကပဲ Leo ပါခဲ့တယ်။ အဲ့တုန်း ကလီယို အသက် ၁၅နှစ် ပဲရှိသေးတယ်။ ဒုတိယ ဇာတ်လမ်းတွဲက The Outsiders ။ ဒီဇာတ်လမ်းတွဲအပြီးမှာတော့ လီယိုကိုရုပ်ရှင်ကားကြီး မှာပါဝင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။

” ယုံကြည်လို့လုပ်တဲ့ အလုပ်တိုင်းမှာနောင်တ နဲ့အရှုံးဆိုတာမရှိဘူး။ ”
လီယိုနာဒို

Critters3

ဒီကားက သိပ္ပံHorrorကားဖြစ်တဲ့ အပြင်ပါဝင်တဲ့သူတွေကလည်း Aimee Brooks တို့Don Keith Opper တို့လိုနာမည်ရအနုပညာရှင်တွေ။ ဒါပေမယ့် လီယိုဟာ ဒီကားမှာ ဒုတိယဇာတ်ဆောင်နေရာကသာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၁ခုနှစ် ဒီဇင်ဘာလမှာ Critters3ကို ရုံတင် ခဲ့ပြီး အောင်မြင်မူကတော့မရခဲ့ပါဘူး။ ဒါပေမယ့် ဒီကားမှာလီယိုရဲ့သရုပ်ဆောင်ချက်ကို ချီးကျူးခဲ့ တာက ဂျက်စပဲရိုးမင်းသားကြီးပါပဲ။ Johnny Depp က လီယို ဒီရုပ်ရှင်လောကထဲ စဝင်ကတည်းက တချိန်မှာအထင်ကရမင်းသားတစ်ယောက်ဖြစ်လာမယ်လို့ပြောကြား ခဲ့သူပါပဲ။

ဒီကားက SAW လိုပဲစာအုပ်မှာတင်ပြသ နာများစွာတက်ခဲ့ပြီး ၁၈နှစ်အောက်မဖတ်ရတဲ့ အထိတားမြစ်ခဲ့တဲ့စာအုပ်ပါ။ (Saw ကတော့သိ ကြမှာပါ ဇာတ်ကြမ်းလည်း ဖြစ်သလို စာအုပ်ဟာ ယနေ့အထိရောင်းချခွင့် နိုင်ငံ၃ဝမှာအပိတ်ခံထားခဲ့ရ တဲ့စာအုပ်တအုပ်ပါ။ ) လီယိုကို တကယ်တမ်းစ တင်ခဲ့တာက Critter3တော့မဟုတ်ဘူး။ Critter3ရှေ့မှာ Roseanne ဆိုတဲ့တကားမှာ အရံအနေနဲ့ပါခဲ့တယ်။ ဒါပေမယ့်Critters3 ထွက်ပြီးမှတရားဝင်ပြသခဲ့တာပါ။ မအောင်မြင် ဘူး။

Poison Ivy – 1992

This Boy’s Life – 1993

What’s Eating Gilbert Grape – 1993

The Quick and the Dead – 1995 ၄ကားအထိလီယိုဟာရိုက်ခွင့်ရခဲ့တယ်။ ဒါပေမယ့် အမေရိကန်မှာလောက်ပဲ လူသိခဲ့သလို အောက် တန်းကမင်းသား အနေအထားလောက်ပဲ လူသိများခဲ့တယ်။ ဒီအချိန်မှာလီယိုက Johnny Depp ရဲ့သရုပ်ဆောင်သင်ပြမူတွေကို လိုက်နာခဲ့တယ်။ ရှေ့က What’s Eating Gilbert Grape မှာလဲ Johnny နဲ့အတူတွဲဖက်သရုပ် ဆောင်ခဲ့ဖူးတော့သူက Johnny ဆီကအနုပညာ သင်ကြားမူတွေ များစွာရခဲ့တယ်။ ဒီလိုနဲ့ လီယို ကိုလူသိများဖို့ဖြစ်လာခဲ့တဲ့ကားတကားကိုရိုက် ခွင့်ရခဲ့ပါတော့တယ်။

ဒီကားကThe Basketball Diaries ပါပဲ။ ဒီကားမှာလီယို ဟာဆေးသမားတစ်ယောက်အဖြစ် သရုပ်ဆောင် ရသလို အကျိုးဆက်က လီယိုဟာ Hollywood က အသက်အငယ်ဆုံးခေါင်းဆောင်မင်းသားဖြစ် လာခဲ့တာပါပဲ။ အမြတ်ငွေ ၃သန်းနီးပါးပဲ ရခဲ့ပေမယ့်ဒီကားကြောင့် လီယိုဟာ ရုပ်ရှင်လောကမှာ လူသိများလာခဲ့ပါတယ်။

” တခုခုကိုလုပ်ပြီးရင်နောင်တမရ ဖို့ပဲကျတော်တွေးတယ်။ကျတော် အမှားတွေအများကြီးလုပ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုလဲအယုံအကြည် မဲ့ခဲ့တယ်။ ဒါပေမယ့်ဖြစ်ပါ့မလားလို့တော့ တခါမှမတွေးဖြစ်ဘူး။ ”
လီယိုနာဒို

အဲ့ဒီနောက် Total Eclipse ကိုထပ် ရိုက်တယ်။ အောင်မြင်မူကြီးကြီးမားမား မရခဲ့ပေမယ့် ဒီကားက လီယို့ကို နာမည်ကြီးစာအုပ်တအုပ် ရဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်ဖို့ဖြစ်လာခဲ့တယ်။ အဲဒီကားကတော့ ရိုမီယို နဲ့ ဂျူးလီးယက် ဇာတ်ကားပါ။ ဒီကားကိုလူ ရွေးတော့ မင်းသားနေရာခေါင်းစားနေချိန်မှာပဲ ဒါရိုက်တာ Baz က လီယို့ကိုခေါ်ယူပြီးစမ်းသရုပ် ဆောင်ခဲ့ရာကလီယိုနဲ့ရိုက်ဖို့ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ထုတ်လုပ်ရေးက၁၅သန်းပဲ အကုန်ကျ ခံမူကြောင့် ဒီကားကိုဒါရိုက်တာစိတ်တိုင်းကျရိုက် ခွင့်မရခဲ့ပါဘူး။

၁၉၉၆ခုနှစ်နိုဝင်ဘာလမှာရုံတင် လာချိန်မှာတော့ ဒီကားဟာရုံတင်ဝင်ငွေဒေါ်လာ ၁၄၇သန်းအထိရရှိခဲ့ပါတယ်။ လီယိုဟာလဲ Best Actor ဆုရခဲ့သလို ဒီကားဟာGolden Bear Award / Academy Award / Dirtector Award တွေပါရရှိခဲ့ပါတယ်။တနှစ် ထဲမှာပဲ Marvin’s Room ကိုရုံတင်ခဲ့ပေမယ့် ဒီDramaကားကတော့အရှုံးပေါ်ခဲ့တယ်။ရိုမီယို နဲ့ဂျူးလိယက်ရဲ့အောင်မြင်မူကဒီလောက်နဲ့မပြီး သွားဘူး။ လီယိုကိုရုပ်ရှင်သမိုင်းမှာယနေ့ချိန်ထိ သမိုင်းတွင်စေမယ့်ကားတကားမှာပါမင်းသား လုပ်ဖို့ဖြစ်လာခဲ့တယ်။

ဒါကတော့ လူကြီး လူငယ်မရွေးအကုန်သိကြတဲ့ ၁၉၉၇ခုနှစ်ဝန်းကျင် မြန်မာမှာတိပ်နဲ့ကြည့်ရတဲ့ ဗီဒီယိုခေတ်မှာပါလူသိများစေခဲ့တဲ့ Titanic ကားကြီးပါပဲ။ ထုတ်လုပ်သူရော စာရေးဆရာ ပါဖြစ်တဲ့ James Cameron ကြီးက ဒီကားကို ထုတ်လုပ် ရေးသားခဲ့ပြီး သူကိုယ်တိုင်ဒါရိုက်တာ လုပ်ခဲ့ပါတယ်။ Titanic ကိုရိုက်ဖို့ပင်လယ်အတု ပုံစံရေကန်ကြီးတခုလုပ်ခဲ့သလို ဒီကားအတွက် ရေစုပ်စက်များစွာနဲ့လှိုင်းအတုတွေ Croma တွေအပြင် Setting တွေပါအများအပြားသုံး ခဲ့ပါတယ်။ ဒေါ်လာသန်း၂၀ဝအထိ အကုန်ကျခံခဲ့ ရသလို ထိခိုက်ဒဏ်ရာရတဲ့သူ ၅ဝအထိ ရှိခဲ့ပါ တယ်။

တကယ့်ဖြစ်ရပ်မှန် ကားတစ်ကားဖြစ်တာနဲ့ အညီ ပါဝင်သူတယောက်ချင်းစီကလည်း ဝါရင့်ဇာတ်ပို့တွေချည်းပါပဲ။ Titanic ကားကို လီယိုဟာသူ ငယ်ချင်းဖြစ်သူ ကိတ်ဝင်းစလက်နဲ့တွဲဖက်သရုပ်ဆောင်ခဲ့သလို ဒီကားကလီယိုရော ကိတ်ဝင်းစလက်အတွက်ပါ ရုပ်ရှင်လောကထဲ အထင်ကရ နေရာတွေရရှိလာခဲ့ကြပါတယ်။ Titanic ဟာ ရုံတင်ဝင်ငွေ သန်း၂ထောင့် ၁ရာကျော်အထိ ရခဲ့သလိုရုပ်ရှင်သမိုင်းရဲ့ ရုံတင်ဝင်ငွေအမြင့်ဆုံး ရုပ်ရှင်ကားကြီးအဖြစ် ယနေ့ထိ စံချိန်တင်ထားတဲ့ ကားကြီးတကားဖြစ်ပါတယ်။ Titanic ဟာ Academy ၁၄ဆု Oscarဇကာတင်အများ ဆုံးရုပ်ရှင် (ယနေ့ထိ ) Best Picture Best Director ဆုအပြင် ရုပ်ရှင်လောကရဲ့ Highest Grossing အဖြစ်သမိုင်းဝင်ခဲ့ပါတယ်။ လီယိုကို Oscar ဆုရမယ်လို့ တစ်ကမ္ဘာလုံးက အားပေးခဲ့ကြပေမယ့် သူအပေးမခံခဲ့ရပါဘူး။

” ဆုရရမရရ ကျတော်အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ ဒီအတွက်ကျတော်အရေးမပါတဲ့အရာတွေကြောင့်ခံစား ဖြစ်မှာမဟုတ်ဘူး ”
လီယိုနာဒို

Titanic ကားကြီးအပြီးမှာတော့လီယိုဟာ တကမ္ဘာလုံးရဲ့အသိအမှတ်ပြုခြင်းကိုခံခဲ့ရသလို Hollywood ရုပ်ရှင်လောကထဲ အသက်ငယ် ငယ်နဲ့ထိပ်တန်းမင်းသားစာရင်းမှာဝင်ခဲ့ပါပြီ။ Titanic ကားဟာ အကယ်ဒမီ ၁၄ဆု Oscar ဆု တွေအပြင် ဆုပေါင်း ၁၈၂ဆု ထိ ရရှိခဲ့သလို လီယိုကတော့ Best Actor ဆုတစ်ခုပဲကြီးကြီးမားမားရခဲ့ ပေမယ့် Titanicကားမှာ တကမ္ဘာလုံး အလေးပေးခြင်းကိုခံရတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

Titanic ကားအပြီးမှာတော့လီယိုကို ရှေးခေတ်ဆန်တဲ့ The Man in the Iron Mask ကားနဲ့ထပ်မြင်တွေ့လာရပါတယ်။ ဒီကား က Action Dramaကားဖြစ်တာနဲ့အညီ လီယို ဟာ Drama အပြင် Actionကိုပါ ပိုင်နိုင်တဲ့မင်း သားတယောက်အဖြစ်ကမ္ဘာကျော်စေခဲ့ပါတယ်။ The Man in the Iron Mask ကားကို ၁၉၉၈ခုနှစ်မတ်လမှာရုံတင်ခဲ့ပြီး ၃၅သန်းရင်းပြီး ၁၈၃သန်းအထိရခဲ့တဲ့ကားတကားဖြစ်ပါတယ်။ The Man in the Iron Mask အပြီးမှာတော့ လီယိုကို Hollywood ရဲ့ Top 5မင်းသားထဲပါ ဖို့ဖြစ်လာတဲ့

Celebrity -1998

The Beach – 2000

Don’s Plum 2001

Catch Me If You Can – 2002

Gangs of New York – 2002

The Aviator – 2004

The Departed 2006 ကားတွေတနှစ်တ ကားနှုန်းထွက်လာခဲ့ပါတော့တယ်။ ဒီအချက်ကို သုံးသပ်ရရင် Hollywoodရဲ့ ဝင်ငွေအရဆုံးမင်း သားတွေတောင် တစ်နှစ်ကိုတကားပဲရိုက်နိုင်သလို အာရှကတချို့နိုင်ငံက ရုပ်ရှင်မင်းသားအများစုရဲ့ တစ်နှစ်ရုပ်ရှင် ၂ကား၃ကား ဗီဒီယိုကား၂ဝနီးပါး နှုန်းနဲ့တော့ ကွာဟလွန်းပါရဲ့။

” ဘဝရဲ့အမှတ်တရတွေအများကြီးမှာ နာကျင်စရာတွေကိုပိုမှတ်မိတတ်ကြတယ် ဒါပေမယ့်ပြန်တွေးကြည့်ရင် ဒီနာကျင်စရာ တွေကကျေးဇူးတင်စရာတွေဖြစ်နေတတ် တယ် ”
လီယိုနာဒို

တစ် ရက် Edward Zwick ဆိုတဲ့ဒါ ရိုက်တာကလီယိုကို phဆက်တယ်။ လီယိုနဲ့ Edward Zwick က ရင်းနှီးပေမယ့် ရုပ်ရှင်နယ် ပယ်ထက် ပြင်ပနယ်ပယ်မှာပဲ ပိုတွေ့ဖြစ်ကြသူတွေ ပါ။ သူကားတကားကိုရိုက်ဖို့စီစဉ်နေတယ်။ နည်း နည်းပင်ပန်းမယ်။ လီယိုခဗျားရိုက်မလားလို့စကား စတော့ လီယိုကလက်ခံလိုက်တယ်။ ဒီကားကို ရိုက်ဖို့၉လတိတိ Location ရွေးကြသလို ဒီကား ဟာစက်အဖွဲ့တခုလုံး လုံခြုံရေးအရအာမခံချက်မ ရှိတဲ့ အာဖရိကသူပုန်နယ်မြေထဲမှာ သွားရိုက်ခဲ့တဲ့ Blood Diamomd ကားကြီးပါပဲ။

စာရေးဆရာ Charles Leavitt ကလဲဒီစာအုပ်ကြောင့်ဝေ ဖန်မူများစွာခံခဲ့ရသလို ကမ္ဘာကြီးကို အာဖရိကရဲ့ ကလေးစစ်သား၂သိန်းကျော် အသုံးချခံနေရမူကို ဓာတ်ပုံ နေရာအထောက်အထားနဲ့ တကွချပြခဲ့လို့ လုပ်ကြံခံရတဲ့အထိကြုံခဲ့ရတဲ့စာအုပ်ပါ။ လီယိုအဖို့ ရော Edward Zwick အဖို့ပါဒီကားကတာဝန်ကြီးသလို အခက်အခဲများစွာလဲကြုံခဲ့ရတဲ့ကားပါ။ Blood Diamond မှာတော့ လီယိုဟာ နဂိုကား တွေလို ခပ်ချောချောကောင်လေးတယောက် မဟုတ်တော့ပဲ ယောက်ျားပီသတဲ့ စစ်သားတယောက် လူလည်တယောက်အသွင်အပြင်နဲ့ Hounson နဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့ပါ တယ်။

၂၀၀၆ခုနှစ် ဒီဇင်ဘာလမှာ Blood Diamond ကိုရုံတင်ခဲ့ပြီး ရုံတင်ဝင်ငွေသန်း ၁၇၀ကျော်အထိရရှိခဲ့ပါတယ်။ ဒီကားမှာလီယိုရော Hounson ရောဟာBest Actor ဆုတွေရခဲ့ သလို တောင်အာဖရိကရဲ့ကလေးသူငယ်တွေ ညှင်းပန်းနှိပ်စက်ခံနေရမူကို မီးမောင်းထိုးပြနိုင် ခဲ့ပါတယ်။ လီယိုဟာ တနှစ်တကားနှုန်းပါပဲ

The 11th Hour – 2007

Body of Lies – 2008

Revolutionary Road – 2008

Shutter Island – 2010

Hubble – 2010

Inception – 2010 J.

Edgar – 2011

Django Unchained – 2012 The

Great Gatsby-2013

The Wolf of Wall Street – 2013 ကားတွေထွက်ခဲ့သလို အောင်မြင်မူများစွာလဲရရှိ ခဲ့ပါတယ်။ ဒါပေမယ့် လီယို Oscar တခါမှမရ ခဲ့ဘူး။ ၅ကြိမ်တိတိသူရမယ်လို့တကမ္ဘာလုံးက ထင်ကြေးပေးခဲ့ပေမယ့်သူ့ဘဝမှာ Oscar တစ်ဆု ပဲကျန်တော့တယ် မရခဲ့တာ။ ဒီပြသနာကလည်း ကြီး တယ်။ လီယိုက အမေရိကန်သားမဟုတ်လို့မပေး တာလားဆိုတဲ့မေးခွန်းတွေထပ်တလဲလဲမေးကြတယ်။ လီယိုကလည်း တခြားဆုတွေဆို သူတလေးတ စားတက်ယူတယ် စကားပြောယဉ်ကျေးတယ်။ Oscar ဆိုတာနဲ့ သူသရော်တယ်။ တခါမှအထင်တကြီးမပြောဘူး။

” ကိုယ့်ကိုမကောင်းပြောတိုင်းသာ တုံ့ပြန်ရရင် ပါးစပ်တွေကနားရမှာ တောင်မဟုတ်ဘူး။ ဘာမှမလုပ်တဲ့ သူကိုဘယ်သူမှအရေးတယူလုပ် ဝေဖန်မှာမဟုတ်ဘူး။ ဒါကြောင့် ခဗျားအလုပ်ကြီးကြီးလုပ်လေ လူများများဝေဖန်တာခံရလေပဲ ”
လီယိုနာဒို

” လီယို ငါတို့ကနေဒါကိုတစ်နှစ်လောက် သွားရမယ် မင်းပြင်ဆင်ထားတော့။ ”
လီယိုရဲ့ဆရာလိုဖြစ်နေတဲ့ ဒါရိုက်တာကြီး Alejandro G. Iñárritu ရဲ့ အင်္ဂလန်ကနေph တစ်ခုကို လီယိုကြားကြားချင်းအံ့ဩသွားတယ်။ ဒီအချိန်မှာလီယိုက သူငယ်ချင်းဖြစ်သူ ကိတ်ဝင်းစလက်နဲ့ iph ရဲ့ ဘုရင်ကြီး Steve Jobs အကြောင်းရိုက်မယ့်ရုပ်ရှင်ကားကိုလက်ခံထားချိန်။ Alejandro G. Iñárritu ကတော်ရုံသူ့ကို ခုလို ph ဆက်ပြောလေ့မရှိဘူး။ သူသေချာမေး တယ်။

Alejandro G. Iñárritu က ” မင်းဘဝအတွက်အကြီးမားဆုံးအလုပ်တခုကို ငါနဲ့အတူ လုပ်ရလိမ့်မယ် ” ဆိုတဲ့စကားနဲ့အတူ လီယိုယာ ကနေဒါကိုသွားရိုက်မယ့်ကားကိုလက် ခံခဲ့ပြီး Steve Jobs ကားကိုဖျက်ခဲ့ရပါတယ်။ မုဆိုးကားဆိုတာကလွဲရင်သူတွေးထားတာက သာမာန်ပဲ။ တကယ်တမ်းရိုက်တော့မှတကယ့် နှင်းတောထဲမှာ ဘာ lighting မှမပါပဲသဘာဝ lighting ကိုအသားပေးပြီးအများဆုံးရိုက်မယ့် ကားဖြစ်နေတယ်။

ဒီကားကတော့တခြားကား မဟုတ်ဘူး လီယိုကို Oscarဆ ုမပေးချင်လဲပေး ရဖို့ဖြစ်လာတဲ့ ရုပ်ရှင်သမိုင်းမှာအခက်ခဲဆုံးရိုက် ကူးရတဲ့ကား၅ဝထဲ ပါဝင်ခဲ့တဲ့ The Revenant ကားကြီးပါပဲ။
” Iñárritu တော်တော်ဆိုးတဲ့ဒါရိုက်တာ ပါ။ ကျတော့်အနုပညာသက်တမ်းတ လျှောက်မှာ Iñárritu လိုစေ့စပ်တဲ့ နားလည်ရခက်တဲ့ ဒါရိုက်တာတခါမှမ တွေဖူးခဲ့ဘူး ”

လီယိုဟာ ဖခင်ကွယ်လွန်ပြီးထဲကဆေး ဖြတ်ခဲ့သလို အသားလည်း မစားတော့တဲ့ သက်သက် လွတ်သမားပါ။ ဒါပေမယ့်The Revenant ကားမှာသူဟာဒီစောင့်ထိန်းမူကိုချိုးခဲ့ရတဲ့အထိ အသားစိမ်းစားအစစ်ကိုစားခဲ့ရသလို ပြင်ဆင်မူ ထိခိုက်မူများစွာလဲရှိခဲ့ပါတယ်။ Iñárrituက လီ ယိုကိုမရမကခေါ်ခိုင်း တခြားကားတွေဖျက်ခိုင်း ပြီးခေါ်ယူရိုက်ကူးခဲ့သလို လီယိုကလဲသူငယ်ချင်း ဖြစ်သူ Hardy ကိုမရမကခေါ်ယူပြီးတွဲဖက်သ ရုပ်ဆောင်ခိုင်းခဲ့ပါတယ်။

ဒီကားရဲ့ပြသနာတွေက Cameraman တွေဟာ အချိန်၅လကြာ ရိုက်ကူးလာချိန်မှာစိတ်ဓာတ်ကျမူတွေ ကျန်းမာရေး ထိခိုက်မူတွေကြောင့် ထွက်ခဲ့သလို လီယိုကိုယ်တိုင်လည်း စိတ်ကျန်းမာရေးဆရာဝန်ပါ ခေါ်ယူခဲ့ရတဲ့အဆင့်ထိရောက်ခဲ့ပါတယ်။ အသားတုကိုစားဖို့ အဖွဲ့သားတွေက အကြံပေးပေမယ့် တကယ်ပီပြင်မူကိုလုပ်ပြချင်တဲ့ လီယိုက တော့အသားစစ်ကိုစားခဲ့မူတွေ မြင်းအတုရဲ့ခန္ဓာ ကိုယ်အစားထိုးဖို့ လုပ်ခဲ့ပေမယ့်အစစ်ကိုသုံးခဲ့တာ တွေ ရိုက်ကူးနေစဉ် မတော်တဆမူကြောင့်မျက် လုံးထိခိုက်မူ မေးရိုးအက်မူတွေအထိဖြစ်ခဲ့သလို လီယိုဟာ ဒီကားကို ၉လခွဲကြာရိုက်ကူးခဲ့ရပြီး နောက် တစ်လတိတိဆေးကုသမူခံယူခဲ့ရပါတယ်။

The Revenant က လီယိုဘဝမှာ အခက်ခဲဆုံးကားဖြစ်သလို ဘာဘာစကား၄မျိုး အထိ ရိုက်ကူးနေရင်းသင်ယူခဲ့ရပါတယ်။ ဒီကားကြောင့် လီယိုဟာ အဆုတ်ရောင်မူကို ကာကွယ်ဖို့နှင်းတောထဲ ၉လအတွင်း ဆေးအခါ ၆၀ အထိ ထိုးခဲ့ရသလို ဒီကားမှာလီယိုရဲ့ကြိုပမ်းမူက ရုပ်ရှင်လောကတခုလုံးအံ့ဩခဲ့ရပါတယ်။ ၉လ ကြာရိုက်ကူးအပြီး ရုံတင်လာချိန်မှာတော့ ဒေါ်လာ သန်း ၅၃၃သန်း ဆိုတဲ့ ရုံတင်ငွေနဲ့အတူ Golden Globe Awards ၃ဆု BAFTA Awards ၅ဆု Best Actor/Director/Camera ဆုတွေအပြင် တကားလုံး Best Movie ဆု တွေပါရရှိခဲ့ပါတယ်။

လီယို Oscar ရသွားချိန် ဟာတကမ္ဘာလုံးရဲ့ Oscarဆုပေးပွဲအပေါ်မကျေနပ်ချက်တွေကို လျော့သွားစေတာပါပဲ။ ဒါပေမယ့် လီယိုဟာဆုပေးပွဲအပြီး နားနေခန်းမှာတော့ ဒီ Oscarဆုကြီးကိုခြေထောက်နားချထားခဲ့ပြီး Game တောင်ဆော့နေခဲ့လေရဲ့။ Oscarကသူ့ အတွက် အဲ့လိုဆုပါလို့ သရော်ခဲ့မူကလည်း လီယိုရဲ့ ၅ဆုအထိရရမယ့် Oscar နှစ်တိုင်း လွဲမူရဲ့ မကျေနပ်ချက်ကိုပြသခဲ့တာပါပဲ။

ဒီကားကရတဲ့တခြား ရွှေကမ္ဘာလုံးဆုရဲ့ငွေကြေးကို လီယိုကလှူဒါန်း ပစ်ခဲ့သလို ဒီကားကရတဲ့အနုပညာကြေး၃ပုံ၂ပုံ ကိုလည်း လှူဒါန်းခဲ့ပါတယ်။ ငလျင် ဒဏ်သင့်ပြည်သူတွေကို ဒေါ်လာတစ်သန်း၊ ကမ္ဘာ့တိရစ္ဆာန်ကာကွယ်ရေးကို ဒေါ်လာတစ်သန်း ၊ အာ ဖရိကကလေးသူငယ်ပညာသင်ရေးကို ဒေါ်လာ ၅သိန်း၊ အာရှသစ်တောစောင့်ရှောက်ရေးကို ဒေါ်လာတစ်သိန်း တစ်လထဲမှာလီယိုလှူပစ်ခဲ့ပါ တယ်။

” ကဲလူဖြူ (အမေရိကန်ကိုရည်ညွှန်း) တွေအတွက်ပေးတယ်လို့သိခဲ့တဲ့ဆုပေးပွဲကို ကျတော်တက်လာပြီ ( ရယ်လျက် ) ”
လီယိုနာဒို (Oscar ဆုပေးပွဲ )

” ဘက်လိုက်မူတွေကို အဆုံးသတ်ဖို့အတွက် မျိုးဆက်သစ်တွေအတွက်ကြီးမားတဲ့အခွင့်အလမ်းတခုဖြစ်ခဲ့ပါပြီ ”
Iñárritu ( ဒါရိုက်တာ )

” ကျတော်Oscar ဆုကိုသိပ်စိတ်မဝင် စားဖြစ်ဘူး။ အပြစ်လဲမတင်ပါဘူး ။ ကျတော် Oscar မရသေးတာဟာ ကျတော်ဒီထက်အများကြီးကြိုးစားဖို့ လိုသေးတယ်လို့ကျတော့်ကို အသိပေးလိုက်တာပါပဲ ”
လီယိုနာဒို ( Oscar မရခင်စကား )

တချိန်ကဆေးသမား ၊ ထောင်၆လကျဖူးသူ ၊ မူးရစ်ဆေးရောင်းသူ၊ အပေအတေ ဒုစရိုက်သမား ၊ ဆိုးသွမ်းလူငယ် မိတကွဲဖတကွဲဘဝကနေ မင်းသားဖြစ်လာခဲ့တယ်။ မင်းသားဖြစ်လာတော့လည်း Hollywood ရုပ်ရှင်လောကသားတွေကြား အနှိမ်ခံရမူများစွာခံခဲ့ရတယ်။ ဒါပေမယ့်ယနေ့ အချိန်မှာတော့ လီယိုနာဒိုဆိုတဲ့ လူတယောက်ဟာ ဆုပေါင်း၂၀၀ကျော်ဇကာတင်ခံခဲ့ရသူ OSCAR ၅ဆုရမလိုနဲ့ လွဲခဲ့သူ ဆုပေါင်း၈၀ ကျော်ပိုင်ဆိုင်ထားသူ ကမ္ဘာအမြင့်ဆုံးရုပ်ရှင်ဆုတွေ ရွှေကမ္ဘာလုံးဆုတွေ Oscarဆုတွေကိုပိုင် ဆိုင်ခဲ့သူဖြစ်နေပါပြီ။

ဒါ့အပြင် လီယိုဟာရုပ်ရှင် ကား၃၇ကားနဲ့ သရုပ်ဆောင်ကြေးသန်း၂၂၀ ကျော်ကိုရရှိထားတဲ့ မင်းသားတယောက်လည်းဖြစ်ပါ တယ်။ လီယိုဟာ ရုပ်ရှင်ရိုက်ကွင်း မတော်တဆမူ ၇၀ကျော်၊ ငါးမန်းအကိုက်ခံရမူတစ်ခါ၊ လေယာဉ်စက်ချို့ယွင်းမူတစ်ခါ၊ လေထီးမတော်တ ဆချိုယွင်းမူတစ်ခါ ကြုံခဲ့ရတာတောင် အသက်မသေတဲ့ ကံကောင်းသူလဲဖြစ်နေပြန်ပါတယ်။ ဒါအပြင် ၂၀၁၅ခုနှစ်မှာတင် လီယိုလှူတန်းခဲ့တဲ့ ငွေ ဟာ ဒေါ်လာသန်း၄၀ကျော်ထိရှိခဲ့သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒေါ်လာ၁၅သန်းအထိ လှူဒါန်းခဲ့တဲ့ ပရဟိတသ မားစစ်စစ်ကြီးလည်း ဖြစ်သူပါ။

” ကျတော် Oscar ရတော့ ကိတ် (ကိတ်ဝင်းစလက် ) ငိုပါလေရော။ အေးပေါ့လေ သူကကျတော်ဆုမရတိုင်း ဖုန်းဆက်ပြီး ဟာသပြောတတ် တဲ့ သူငယ်ချင်းဆိုးကိုး။ သူနဲ့တော့ Titanic လိုအမှတ်တရနောက်တကား လောက်ထပ်ရိုက်ခွင့်ရချင်ပါသေးတယ်။”
လီယိုနာဒို

နာမည်တွေအကြိမ်ကြိမ်အဖျက်ခံရသူ Oscar တွေအကြိမ်ကြိမ်လွဲသူ ငယ်ဘဝကြမ်းတမ်းသူ ၊ လမ်းဘေးဆေးသမားဘဝကနေ ယနေ့အချိန်မှာတော့ လီယိုဟာ တစ်သက်တာ အကောင်းဆုံးသရုပ်ဆောင် ၁၀ဝမှာ No.16 အထိသတ်မှတ်ခြင်းခံထားခဲ့ရပါပြီ။

Ref : Twitter Hollywood Stars Village in the Voice BIAQ Blog ( Japan )

ထက်ဝန

[ Metal Review ရေးသူသာဖြစ်တဲ့အတွက် ဒီလိုMovieဖက်က အထင်ကရမင်းသားတစ်ယောက်အကြောင်းကို ရေးသားရာမှာ လိုအပ်ချက်များရှိနိုင် ပါတယ်။ ဒါကြောင့်လီယိုရဲ့ Fanများ နားလည်ပေးဖို့မျော်လင့်ပါတယ်။ ]

Leave a Reply