အိႏၵိယမွာရွိတဲ့ ကမာၻ႔အျမင့္ဆုံး ဗုဒၶ ေက်ာက္ရုပ္ပြားေတာ္

Posted on

ဟိုက္ရာဘဒ္ဗုဒၶ႐ုပ္ပြားေတာ္ သည္ အိႏၵိယႏိုင္ငံတြင္ တည္ရွိသည့္ ေက်ာက္ျဖင့္ တည္ထားေသာ ႐ုပ္ပြားေတာ္ ျဖစ္သည္။ ထိုဗုဒၶ႐ုပ္ပြားေတာ္သည့္ ေက်ာက္ျဖင့္ျပဳလုပ္ထားသည့္ ႐ုပ္ပြားေတာ္မ်ားတြင္ ကမာၻ႔အျမင့္ဆုံး ျဖစ္သည္။

ဟိုက္ဒီရာဘဒ္သည္ အိႏၵိယေတာင္ပုိင္း Telangana ျပည္နယ္၏ ၿမိဳ႕ေတာ္ ျဖစ္သည္။ ၁၉၈၃ ႏွင့္ ၁၉၈၉ ၾကားတြင္ N. T. Rama Rao သည္ Andhra Pradesh ၏ ဝန္ႀကီးခ်ဳပ္အျဖစ္ ထမ္းေဆာင္ခဲ့သည္။ သူ၏ သက္တမ္းကာလတြင္ ေဒသ၏ ႏိုင္ငံေရး၊ ယုံၾကည္ကိုးကြယ္မႈတို႔ႏွင့္ ဆိုင္ေသာ ႐ုပ္တုမ်ားကို တည္ေဆာက္ရန္ ေငြပမာဏမ်ားစြာ သုံးစြဲခဲ့သည္။ သူသည္ နယူးေယာက္သို႔ အလည္အပတ္သြားရာတြင္ ေလဘာတီ႐ုပ္တုကို ေတြ႕ရွိခဲ့သည္။ ထိုအခါ သူသည္ ႐ုပ္ပြားေတာ္ကို ျပဳလုပ္ရန္ရန္ ဆႏၵရွိခဲ့သည္။

“ကၽြန္ေတာ္ ထို႐ုပ္တုကဲ့သို႔ေသာ ဟာမ်ိဳးလုပ္ဖို႔ ဆႏၵရွိပါတယ္ …… အဲဒါက ကၽြန္ေတာ့္ရဲ႕ ျပည္သူလူထုအတြက္ ေဆာင္႐ြက္မႈ ျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။

Rama Rao သည္ ေဂါတမဘုရားရွင္ကို ေဖာ္ျပကာ ေ႐ြးခ်ယ္ခဲ့သည္။ သူ၏ ေ႐ြးခ်ယ္ရသည့္ အေၾကာင္းရင္းမွာ ဗုဒၶသည္ လူသားခ်င္းစာနာမႈ ရွိသူျဖစ္သည္။ သူသည္ ေလကအမွန္တရားမ်ားကို လူသားမ်ား နားလည္ေအာင္ ေျပာၾကားခဲ့သည္။ သူသည္ ကၽြန္ေတာ္တို႔အားလုံး၏ ဂုဏ္ယူစရာ ျဖစ္သည္ ဟု ေျပာခဲ့သည္။ သူသည္ အခ်ိန္ၾကာၾကာ ရွာေဖြမႈမ်ား ျပလုပ္ၿပီးသည့္အခါ ဟိုက္ရာဘဒ္ အျပင္ဘက္ ၄၆ ကီလိုမီတာရွိ Raigiri, Bhongir(Nalgonda District) တြင္ အျဖဴေရာင္ႏွမ္းဖတ္ေက်ာက္တုံးကို ေတြ႕ခဲ့သည္။

၁၉၈၅ ခုႏွစ္၊ ေအာက္တိုဘာလတြင္ NTR က တည္ေဆာက္မႈလုပ္ငန္းမ်ားကို စတင္ခဲ့သည္။ တစ္ႏွစ္ေက်ာ္ ၾကာခ်ိန္တြင္ ရာႏွင့္ခ်ီေသာ လုပ္သားမ်ားသည္ ဘုရားေက်ာင္း၏ ဗိသုကာလုပ္ငန္းမ်ားတြင္ ကူညီေဆာင္႐ြက္ခဲ့သည္။ အိႏၵိယဗိသုကာပညာရွင္ႀကီး S.M.Ganapathi Sthapati သည္ ႐ုပ္ပြားေတာ္ကို ဦးေဆာင္ တည္ေဆာက္သည္။

ငါးႏွစ္ၾကာေသအခါ ႐ုပ္ပြားေတာ္သည္ ၅၈ ေပ (၁၈ မီတာ) ၿပီးစီးခဲ့သည္။ အေလးခ်ိန္သည္ ၃၅၀ တန္ ရွိသည္။ အသုံးစရိတ္သည္ အေမရိကန္ေဒၚလာ ၃ သန္း ကုန္က်ခဲ့သည္။ ကြန္ကရစ္ျဖင့္ ျပဳလုပ္ထားသည့္ ေအာက္ခံခုံသည္ ၁၅ ေပ(၄.၆ မီတာ) ရွိသည္။ ယခုအခါတြင္ Rock of Gibraltar အျဖစ္ ရည္ၫႊန္းၾကသည္။ ၿမိဳ႕ေတာ္ရွိ လမ္းမ်ားကိုလည္း ခ်ဲ႕ခဲ့သည္။

႐ုပ္ပြားေတာ္သည္ Hussain Sagar ကၽြန္းရွိ လုမၺနီဥယ်ာဥ္တြင္ တည္ရွိသည္။ ေလွစီးကာ သြားႏိုင္ၿပီး ၁၅ မိနစ္ ၾကာသည္။

မေတာ္တဆမႈ ျဖစ္ပြားျခင္း

၁၉၈၉ ခုႏွစ္တြင္ Andhra Pradesh အစိုးရကို N. T. Rama Rao က ဦးေဆာင္ကာ ျဖဳတ္လိုက္သည္။ ေနာက္ႏွစ္တြင္ ႐ုပ္ပြားေတာ္ တည္ထားကိုးကြယ္ရန္ အသင့္ျဖစ္ခဲ့သည္။ ျပည္တြင္းကုမၸဏီတစ္ခုျဖစ္သည့္ ABC ကုမၸဏီသည္ ႐ုပ္ပြားေတာ္ကို ကြန္ကရစ္ျဖင့္ ျပဳလုပ္ထားသည့္ ေအာက္ခံခုံေနရာသို႔ ေျပာင္းေ႐ြ႕ရန္ တာဝန္ယူခဲ့သည္။

ေနာက္တြဲယာဥ္မ်ားကို အသုံးျပဳကာ ႐ုပ္ပြားေတာ္ကို Hussain Sagar ကမ္းစပ္သို႔ ယူေဆာင္ခဲ့သည္။ ၁၉၉၀ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔တြင္ ကုမၸဏီမွ အလုပ္သမားမ်ားသည္ ႐ုပ္ပြားေတာ္ကို ဝမ္းျပားေရယာဥ္ေပၚသို႔ ေ႐ြ႕ေျပာင္းခဲ့သည္။ ၁၀၀ ကိုက္ (၉၁ မီတာ) ခန္႔ ေ႐ြ႕ေျပာင္းၿပီးေနာက္ ႐ုပ္ပြားေတာ္သည္ ကန္ထဲသို႔ က်သြားခဲ့သည္။ ထိုမေတာ္တဆမႈေၾကာင့္ လူ ၁၀ ဦး ေသဆုံးခဲ့သည္။

ဆယ္ယူမႈမ်ားကို ၂-ႏွစ္ ျပဳလုပ္ခဲ့ၿပီးေနာက္ ႐ုပ္ပြားေတာ္ကို ကန္ထဲမွ ဆယ္ယူႏိုင္ခဲ့သည္။ ၁၉၉၂ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔တြင္ ႐ုပ္ပြားေတာ္ကို ေအာက္ခံခုံေပၚသို႔ ေအာင္ျမင္စြာ ထားရွိႏိုင္ခဲ့သည္။ ၂၀၀၆ ခုႏွစ္တြင္ ဒလိုင္းလားမားသည္ ႐ုပ္ပြားေတာ္အား လႉဒါန္းမႈမ်ား ျပဳလုပ္ခဲ့သည္။

Buddha Statue Sinks Barge, Drowning 10
Buddha of the Lake Bottom
Myanmar Wikipedia


အိန္ဒိယမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓ ကျောက်ရုပ်ပွားတော် အကြောင်း (unicode)

ဟိုက်ရာဘဒ်ဗုဒ္ဓရုပ်ပွားတော် သည် အိန္ဒိယနိုင်ငံတွင် တည်ရှိသည့် ကျောက်ဖြင့် တည်ထားသော ရုပ်ပွားတော် ဖြစ်သည်။ ထိုဗုဒ္ဓရုပ်ပွားတော်သည့် ကျောက်ဖြင့်ပြုလုပ်ထားသည့် ရုပ်ပွားတော်များတွင် ကမ္ဘာ့အမြင့်ဆုံး ဖြစ်သည်။

ဟိုက်ဒီရာဘဒ်သည် အိန္ဒိယတောင်ပိုင်း Telangana ပြည်နယ်၏ မြို့တော် ဖြစ်သည်။ ၁၉၈၃ နှင့် ၁၉၈၉ ကြားတွင် N. T. Rama Rao သည် Andhra Pradesh ၏ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်။ သူ၏ သက်တမ်းကာလတွင် ဒေသ၏ နိုင်ငံရေး၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် ဆိုင်သော ရုပ်တုများကို တည်ဆောက်ရန် ငွေပမာဏများစွာ သုံးစွဲခဲ့သည်။ သူသည် နယူးယောက်သို့ အလည်အပတ်သွားရာတွင် လေဘာတီရုပ်တုကို တွေ့ရှိခဲ့သည်။ ထိုအခါ သူသည် ရုပ်ပွားတော်ကို ပြုလုပ်ရန်ရန် ဆန္ဒရှိခဲ့သည်။

“ကျွန်တော် ထိုရုပ်တုကဲ့သို့သော ဟာမျိုးလုပ်ဖို့ ဆန္ဒရှိပါတယ် …… အဲဒါက ကျွန်တော့်ရဲ့ ပြည်သူလူထုအတွက် ဆောင်ရွက်မှု ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

Rama Rao သည် ဂေါတမဘုရားရှင်ကို ဖော်ပြကာ ရွေးချယ်ခဲ့သည်။ သူ၏ ရွေးချယ်ရသည့် အကြောင်းရင်းမှာ ဗုဒ္ဓသည် လူသားချင်းစာနာမှု ရှိသူဖြစ်သည်။ သူသည် လေကအမှန်တရားများကို လူသားများ နားလည်အောင် ပြောကြားခဲ့သည်။ သူသည် ကျွန်တော်တို့အားလုံး၏ ဂုဏ်ယူစရာ ဖြစ်သည် ဟု ပြောခဲ့သည်။ သူသည် အချိန်ကြာကြာ ရှာဖွေမှုများ ပြလုပ်ပြီးသည့်အခါ ဟိုက်ရာဘဒ် အပြင်ဘက် ၄၆ ကီလိုမီတာရှိ Raigiri, Bhongir(Nalgonda District) တွင် အဖြူရောင်နှမ်းဖတ်ကျောက်တုံးကို တွေ့ခဲ့သည်။

၁၉၈၅ ခုနှစ်၊ အောက်တိုဘာလတွင် NTR က တည်ဆောက်မှုလုပ်ငန်းများကို စတင်ခဲ့သည်။ တစ်နှစ်ကျော် ကြာချိန်တွင် ရာနှင့်ချီသော လုပ်သားများသည် ဘုရားကျောင်း၏ ဗိသုကာလုပ်ငန်းများတွင် ကူညီဆောင်ရွက်ခဲ့သည်။ အိန္ဒိယဗိသုကာပညာရှင်ကြီး S.M.Ganapathi Sthapati သည် ရုပ်ပွားတော်ကို ဦးဆောင် တည်ဆောက်သည်။

ငါးနှစ်ကြာသေအခါ ရုပ်ပွားတော်သည် ၅၈ ပေ (၁၈ မီတာ) ပြီးစီးခဲ့သည်။ အလေးချိန်သည် ၃၅၀ တန် ရှိသည်။ အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၃ သန်း ကုန်ကျခဲ့သည်။ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် အောက်ခံခုံသည် ၁၅ ပေ(၄.၆ မီတာ) ရှိသည်။ ယခုအခါတွင် Rock of Gibraltar အဖြစ် ရည်ညွှန်းကြသည်။ မြို့တော်ရှိ လမ်းများကိုလည်း ချဲ့ခဲ့သည်။

ရုပ်ပွားတော်သည် Hussain Sagar ကျွန်းရှိ လုမ္ဗနီဥယျာဉ်တွင် တည်ရှိသည်။ လှေစီးကာ သွားနိုင်ပြီး ၁၅ မိနစ် ကြာသည်။

မတော်တဆမှု ဖြစ်ပွားခြင်း

၁၉၈၉ ခုနှစ်တွင် Andhra Pradesh အစိုးရကို N. T. Rama Rao က ဦးဆောင်ကာ ဖြုတ်လိုက်သည်။ နောက်နှစ်တွင် ရုပ်ပွားတော် တည်ထားကိုးကွယ်ရန် အသင့်ဖြစ်ခဲ့သည်။ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် ABC ကုမ္ပဏီသည် ရုပ်ပွားတော်ကို ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် အောက်ခံခုံနေရာသို့ ပြောင်းရွေ့ရန် တာဝန်ယူခဲ့သည်။

နောက်တွဲယာဉ်များကို အသုံးပြုကာ ရုပ်ပွားတော်ကို Hussain Sagar ကမ်းစပ်သို့ ယူဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကုမ္ပဏီမှ အလုပ်သမားများသည် ရုပ်ပွားတော်ကို ဝမ်းပြားရေယာဉ်ပေါ်သို့ ရွေ့ပြောင်းခဲ့သည်။ ၁၀၀ ကိုက် (၉၁ မီတာ) ခန့် ရွေ့ပြောင်းပြီးနောက် ရုပ်ပွားတော်သည် ကန်ထဲသို့ ကျသွားခဲ့သည်။ ထိုမတော်တဆမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည်။

ဆယ်ယူမှုများကို ၂-နှစ် ပြုလုပ်ခဲ့ပြီးနောက် ရုပ်ပွားတော်ကို ကန်ထဲမှ ဆယ်ယူနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရုပ်ပွားတော်ကို အောက်ခံခုံပေါ်သို့ အောင်မြင်စွာ ထားရှိနိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဒလိုင်းလားမားသည် ရုပ်ပွားတော်အား လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

Buddha Statue Sinks Barge, Drowning 10
Buddha of the Lake Bottom
Myanmar Wikipedia

Leave a Reply