အရာ၀ထၳဳတုိ႔ရဲ႕ သက္တမ္းကို ဘယ္လုိတြက္ၾကသလဲ

Posted on

တစ္ခါတစ္ေလ အြန္လုိင္းေပၚမွာ လြန္ခဲ့တဲ့ ႏွစ္ ၂၀၀၀ က သစ္ပင္တုိ႔လြန္ခဲ့တဲ့ အႏွစ္ ၅၀၀၀ က ေက်ာက္တုံးတုိ႔ စသျဖင့္ ျမင္ဖူးၾကမွာပါ။ ဒီလုိ အရာ၀ထၳဳေတြရဲ႕ သက္တမ္းကုိ ဘယ္လုိတြက္လဲ မျဖစ္ႏုိင္တာ လုိ႔ေတြးတဲ့သူမ်ားလည္း ေတြးပါလိမ့္မယ္။ အခု အဲလုိ အရာ၀ထၳဳေတြရဲ႕ သက္တမ္းကုိ တြက္ခ်က္နည္းေတြကုိ ဗဟုသုတ အျဖစ္ေဖာ္ျပလုိက္ပါတယ္။

ေရွးေဟာင္းပစၥည္းတစ္စံုတစ္ခုကို ေတြ႔ရွိသူတိုင္း၏စိတ္ဝယ္ ေပၚလာတတ္ေသာ ေမးခြန္းတစ္ခုမွာ ‘ဤပစၥည္းသည္ မည္မွ်ေရွးက်၍ မည္သည့္ေခတ္ကနည္း’ ဟူ၍ ျဖစ္ပါသည္။ ေရွးေဟာင္းပစၥည္းနွင့္နွီးႏြယ္သူမ်ား၊ ေရွးေဟာင္းသုေတသနသမားတို့လည္း မိမိတို့ေလ့လာေနေသာ ပစၥည္းမ်ား၏သက္တမ္းကို မ်ားစြာ သိလိုျကသည္။ ေရွးေဟာင္းပစၥည္းမ်ား မည္မွ်ေရွးက်သည္ကို ေဖာ္ထုတ္နိုင္သည့္နည္းလမ္းမ်ားစြာရွိသည္တြင္ ယင္းတို့ကို တိက်ေခတ္ခြဲနည္းႏွင့္ နွိုင္းယွဉ္ေခတ္ခြဲနည္းဟု ႏွစ္မ်ဳိးခြဲနိုင္သည္။

ကာဗြန္ ၁၄

ကမၻာႀကီးကို လႊမ္းၿခဳံထားေသာေလထုအပၚယံလွြာကို ျဖတ္သန္းလာေသာ ေကာ့စမစ္ေရာင္ျခည္မ်ားသည္ ကမာၻ႔ေလထုနွင့္ ထိေတြ႕လိုက္ၾကေသာအခါ ႏ်ဴထရြန္မ်ား ျဖစ္လာျကသည္။ ထိုႏ်ဴထရြန္တို႔သည္ ေလထုအတြင္းရွိ ႏုိက္ထရိုဂ်င္အနုျမဴ မ်ားႏွင့္ တိုက္ခိုက္မိရာ ေရဒီယိုသတၱိၾကြ အိုင္ဆိုတုပ္တစ္မ်ဳိးျဖစ္ေသာ ကာဗြန္ ၁၄ ျဖစ္ေပၚလာသည္။

ထိုကာဗြန္ ၁၄ သည္ ေအာက္စီဂ်င္နွင့္ေပါင္းကာ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ျဖစ္သြားသည္။ ယင္းကာဗြန္ဒိုင္ေအာက္ဆိုဒ္သည္ တစ္နည္းနည္းျဖင့္ သက္ရွိတို႔ခႏၶာကိုယ္အတြင္းသို့ ေရာက္ရွိသြားသည္။

ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေရာက္ရွိသြားေသာ သက္ရွိတို့ ေသဆံုးၾကေသာအခါ ေရဒီယိုသတၱိႀကြ ကာဗြန္ ၁၄ အိုင္ဆိုတုပ္သည္ စတင္ၿပဳိကြဲေလ်ာ့ပါးေတာ့သည္။ သက္ရွိေသဆံုးသည့္အခ်ိန္မွ ၅၅၆၈ ႏွစ္ျကာေသာအခါ သက္ရွိေသခါစအခ်ိန္ ခႏၶာကိုယ္တြင္းေရာက္ရွိေနေသာ ကာဗြန္ ၁၄ သည္ မူလအခ်ိန္အဆ၏ တစ္ဝက္သို့ ေလ်ာ့နည္းသြားသည္။ ႏွစ္ေပါင္း ၁၁၁၃၆ ႏွစ္ၾကာလွ်င္ ေနာက္ထပ္တစ္ဝက္ေလ်ာ့ျပီး ေလးပံုတစ္ပံုသာ က်န္ေတာ့သည္။

ဤနႈန္းအတိုင္း ေလ်ာ့သြားရာ နွစ္ေပါင္း ၄၀ဝ၀ဝ ခန့္ျကာေသာအခါ ကာဗြန္ ၁၄ အခ်ိန္အဆမွာ လြန္စြာနည္းပါးသြားျပီး တိုင္းတြာရန္ပင္ ခက္ခဲသြားသည္။

ထို႔ေၾကာင့္တစ္ခါက သက္ရွိျဖစ္ၾကဖူးေသာ မီးေသြး၊ အရိုး၊ ခရုခြံ၊ သစ္သား၊ သစ္ေစ့၊ ဆင္စြယ္၊ ပ်ားဖေယာင္း၊ အေမြးအမွင္စသည့္ ဝတၳဳပစၥည္းတို႔အတြင္း ၾကြင္းက်န္ရစ္ေသာ ကာဗြန္ ၁၄ ကိုတိုင္းထြာၾကည့္ျပီး ယင္းတို႔ မည္မွ်ေရွးက်ေၾကာင္း သိရွိနိုင္သည္။

ပိုတက္စီယမ္ အာဂြန္နည္း

ကာဗြန္ ၁၄ နည္းျဖင့္ နွစ္ေပါင္း ၄၀ဝ၀ဝ ေအာက္ ေရွးေဟာင္းပစၥည္းမ်ားကို ေခတ္ခြဲနိုင္ေစေသာ္လည္း ထို့ထက္ေရွးက်ေသာ ပစၥည္းမ်ားကို ေခတ္ခြဲရန္ ခက္ခဲသည္။ ထိုေျကာင့္ ပိုတက္စီယမ္အာဂြန္နည္းကို သိပၸံပညာရွင္မ်ားအသံုးျပုျကသည္။ ပိုတက္စီယမ္သည္ ေရဒီယိုသတၱိၾကြအိုင္ဆိုတုပ္တစ္မ်ိုးျဖစ္သည္။ တစ္စတစ္စ ၿပိဳကြဲျပီး ၎၏ ၿပဳိၾကြသက္တမ္းမွာ နွစ္သန္းေပါင္း ၁၃၅၀ ျကာျမင့္သည္။ တျဖည္းျဖည္း ျပိဳကြဲေလ်ာ့ပါသြားျပီး ဓာတ္ေငြ့ျဖစ္ေသာ ကယ္လ္ဆီယမ္ ၄၀ သို့မဟုတ္ အာဂြန္ ၄၀ ျဖစ္သြားသည္။ ဤေျပာင္းလဲခ်က္သည္ပင္ ေခတ္ခြဲျခားမႈတြင္ အေရးပါသည္။

သာမိုလူမီနက္စင္နည္း

ေျမႀကီးျဖင့္ ျပဳလုပ္ထားေသာ အရာဝထၳဳအားလံုးတြင္ ယူေရနီယံ၊ သိုရီယမ္ ႏွင့္ ပိုတက္စီယမ္ကဲ့သို႔ အနုျမဴ ျဒပ္စင္မ်ား အနည္းအက်ဉ္း ပါရွိသည္။ ယင္ျဒပ္စင္တို့၏ အနုျမဴဓာတ္ၾကြမႈသည္ အယ္လ္ဖာ၊ ဘီတာနွင့္ ဂါမာေရာင္စဉ္မ်ားကို ႏွစ္ပရိေစၦဒ ရာေပါင္းမ်ားစြာ ထုတ္သည္။ ယင္းသို့ ေရာင္ျခည္မ်ားထုတ္ျခင္းသည္ အနုျမဴအသီးသီးတြင္ ႏ်ဴကလီးယတ္ကို လည္ပတ္ေနေသာ အီလက္ထရြန္မ်ားအား ၎တို႔လွည့္ပတ္ေနက်လမ္းမွ လမ္းလြဲသြားေစသည္။ အီလက္ထရြန္မ်ားသည္ လမ္းလြဲသြားရာ၌ တစ္ေနရာတြင္ပိတ္မိေနျပီး အပူေျကာင့္ လႈပ္ရွားလာေသာအခါက်မွ ၎တို့၏ မူလပတ္လမ္းသို႔ ျပန္လည္ေရာက္သြားၾကသည္။ အီလက္ထရြန္အသီးသီးတို့သည္ ၎တို႔၏ မူလပတ္လမ္းသို့ ျပန္လည္ေရာက္ရွိေသာအခါ ‘ဖိုတြန္’ေခၚ အလင္းမႈန္မ်ားကို ထုတ္ၾကသည္။

ဤသို့ အလင္းမႈန္သန္းေပါင္းမ်ားစြာ ထုတ္လႊတ္ျခင္းေၾကာင့္ေတာက္ပသည္ကို သာမိုလူမီနက္စင္ ဟုေခၚသည္။ ထိုသို့ အလင္းမႈန္မ်ားလႊတ္ျခင္းသည္ အလြန္ေႏွးေကြးရကား အီလက္ထရြန္မ်ားပိတ္မိေနရန္ ႏွစ္ရာေပါင္းမ်ားစြာ ျကာေလ့ရွိသည္။ သို႔ျဖစ္၍ ေရွးေဟာင္း ေျမအိုး၊ ေျမခြက္မ်ားကို အပူေပး၍ ၎တို့ထဲမွ အလင္းမႈန္မ်ားျဖာထြက္ေအာင္ ျပုလုပ္တိုင္းတာျခင္းျဖင့္ ယင္းေျမအိုး ေျမခြက္မ်ားသည္ မည္မွ်ေရွးက်ေၾကာင္း တြက္ဆႏုိင္သည္။ မျကာမီကမွ ျပဳလုပ္၍ ေအးသြားေသာ ေျမအိုးေျမခြက္မ်ားကို ဤသို့ အလင္းမႈန္မ်ားထြက္ေအာင္ မလုပ္နိုင္ေပ။

သံလိုက္သုေတသနနည္း

ေရွးနွစ္ေပါင္းမ်ားစြာကပင္ လူသားတို့သည္ သံလိုက္၏ သေဘာတရားကို အသင့္အတင့္ နားလည္သေဘာေပါက္လာခဲ့ၾကသည္။ ထို့ေျကာင့္ပင္ သံလိုက္အိမ္ေျမွာင္ကို တီထြင္၍ အရပ္မ်က္ႏွာ ခြဲျခားရာတြင္ အသံုးျပဳခဲ့ၾကသည္။ သို့ေသာ္ နွစ္ေပါင္းမ်ားစြာ ၾကာလာေသာအခါ အိမ္ေျမွာင္၏ ညႊန္ျပခ်က္မ်ား ေျပာင္လဲလာသည္ကို သတိျပဳမိၾကသည္။ ႏွစ္ပရိေစၦဒ ၾကာျမင့္လာေသာအခါ အိမ္ေျမွာင္လက္တံမ်ားသည္ တကယ့္ေျမာက္အရပ္၊ တကယ့္ေတာင္အရပ္တို႔ကုိ ညႊန္ျပရမည့္အစား အနည္းငယ္တိမ္းေစာင္းလာသည္ကို သတိျပဳမိၾကသည္။

ဂယ္လီဗရန္ဟူေသာ သိပၸံပညာရွင္အပါအဝင္ သိပၸံပညာရွင္တို့သည္ သံလိုက္သေဘာတရားကို သုေတသနျပဳခဲ့ၾကျပီး နိုင္ငံအလိုက္ နွစ္အလိုက္ သံလိုက္အိမ္ေျမွာင္၏ ေရြ႕ရွားေျပာင္းလဲညႊန္ျပပံုမ်ားကို မွတ္တမ္းတင္ခဲ့ျကသည္။ ဥပမာ- လန္ဒန္ၿမဳိ႕၌ ၁၅၀ဝ ျပည့္ႏွစ္တြင္ အိမ္ေျမွာင္လက္တံသည္ အေရွ့ေျမာက္ဘက္သို႔ ၁၁ ဒီကရီမွ် ေစာင္း၍ ညႊန္ျပခဲ့သည္။ ၁၉၃၈ ခုတြင္မူ အေနာက္ေျမာက္ဘက္သို႔ ၁၁ ဒီကရီေစာင္း၍ ညႊန္ျပခဲ့သည္။ ဤအခ်က္ကို သတိျပဳမိၾကေသာ သိပၸံပညာရွင္မ်ားသည္ သံလိုက္၏ ႏွစ္အလိုက္ေျပာင္းလဲညႊန္ျပသည့္အခ်က္ကို အသံုးျပဳ၍ ေရွးေဟာင္းပစၥည္းမ်ား၏ သက္တမ္းကို တြက္ခ်က္ရန္ အႀကံရခဲ့ၾကသည္။

သံလိုက္အပိုင္းအစ အနည္းငယ္ပါဝင္ေသာ အရာဝထၳဳျဖင့္ ျပဳလုပ္ထားေသာ ပစၥည္းတိုင္းတြင္ ကမာၻသံလိုက္လြင္ျပင္ႀကီးဆီမွ ရရွိေသာ အင္အားမ်ားကိန္းေအာင္းေနသည္။ ယင္းသို႔ ကိန္းေအာင္းေနေသာ အင္အားမ်ားကို အႀကြင္းအက်န္ သံလိုက္အင္အားမ်ားဟု ေခၚသည္။ ဤသို့ အျကြင္းအက်န္သံလိုက္အင္အားမ်ားသည္ ေျမအိုးေျမခြက္နွင့္ အျခားေသာ သံလိုက္ဓာတ္ရွိပစၥည္းမ်ားတြင္ ေတြ႔နိုင္သည္။

ဥပမာ- ေျမအိုးတစ္လံုးကို စတင္ျပုလုပ္ရာတြင္ ပံုသြင္းျပီး မီးဖုတ္လိုက္ေသာအခါ အပူဓာတ္ေၾကာင့္ ယင္းေျမသားအတြင္းရွိ သံလိုက္ဓာတ္မ်ားပ်က္ျပယ္သြားသည္။ ထိုေျမအိုး ျပန္ေအးသြားေသာအခါ ယင္းအိုးတြင္ပါဝင္ေနေသာ သံလိုက္အမႈန္အစမ်ားသို့ သံလိုက္အင္အား ျပန္၍ဝင္လာမည္ျဖစ္သည္။ ထိုအင္အာမ်ားသည္ ထိုေန့ ထိုရက္ ထိုအခ်ိန္က တည္ရွိေနေသာ ကမာၻ႔သံလိုက္လြင္ျပင္၏ တည္ေနရာအတိုင္းျဖစ္ေနမည္။

တစ္နည္းအားျဖင့္ ထိုအိုးတြင္ရွိေသာ သံလိုက္မႈန္မ်ားကို သီးသန့္ခြဲထုတ္၍ သံလိုက္ေခ်ာင္းျပုလုပ္ပါက သံလိုက္ေခ်ာင္း၏ဝင္ရိုးစြန္းသည္ ထိုစဉ္က ရွိခဲ့ေသာ သံလိုက္ဝင္ရိုးစြန္းတည္ေနရာကိုသာ ညႊန္ျပမည္ျဖစ္သည္။ ႏွစ္ပရိေစၦဒ မည္မွ်ပင္ ၾကာျမင့္သည္ျဖစ္ေစ ထိုးအိုးတြင္ပါဝင္ေနေသာ သံလိုက္မႈန္မ်ားကို စမ္းသပ္ပါက ထိုအိုးျပဳလုပ္စဥ္အခါက တည္ရွိေသာ သံလိုက္ဝင္ရိုးစြန္း ရွိရာအရပ္ကိုသာ ညႊန္ျပေနမည္ျဖစ္သည္။

ဟိုက္ဒေရးရွင္းနည္း

ဟိုက္ဒေရးရွင္းနည္းမွာ မီးေတာင္ေပါက္ကြဲရာမွ ထြက္ေပၚလာေသာ ေအာ့ဗဆီဒီယန္းေခၚ ဖန္ေက်ာက္တစ္မ်ိုး၏ မ်က္နွာျပင္ေပၚ၌ ေရေငြ႔မ်ားခိုေအာင္းသည့္ အလႊာ၏ အထူအပါးကို စမ္းသပ္စစ္ေဆးေသာနည္းျဖစ္သည္။ မီးေတာင္မ်ားေပါက္ကြဲရာမွ ထြက္ေပၚလာေသာ ေခ်ာ္ရည္မ်ားထဲမွ တစ္ခ်ဳိ႕သည္ ေအးခဲသြားေသာအခါ ေအာ့ဗဆီဒီယန္းေခၚ ဖန္ေက်ာက္တစ္မ်ဳိးျဖစ္ေပၚလာသည္။

ထိုေက်ာက္တို့သည္ မာေၾကာျပီး ၾကြပ္ဆတ္ေသာေၾကာင့္ ရိုက္ခြဲလွ်င္ အလြယ္တကူ ကြဲႏုိင္သည္။ လြန္ခဲ့ေသာနွစ္ေထာင္ေပါင္းမ်ားစြာက ကမၻာဦးလူသားတို့သည္ ေအာ့ဗဆီဒီယန္းေက်ာက္မ်ားကို တန္ဖိုးထားခဲ့ၾကသည္။ အေၾကာင္းမွာ ယင္းေက်ာက္တို႔သည္ မာေၾကာႀကြပ္ဆတ္ရံုမွ်မက အသြားမ်ားကို ခြ်န္ထက္ေအာင္ ျပဳလုပ္၍ ဓားကဲ့သို့ အသံုးျပဳႏုိင္ေသာေၾကာင့္ျဖစ္သည္။

ေနာက္ပိုင္းတြင္ လူသားတို႔သည္ ေအာ့ဗဆီဒီယန္းေက်ာက္ကို လက္နက္ကိရိယာအျဖစ္သာမဟုတ္ဘဲ အဆင္တန္ဆာ အလွအပပစၥည္းမ်ားအျဖစ္လည္း ျပုလုပ္သံုးစြဲလာျကသည္။ အထူးသျဖင့္ အမ်ိုးသမီးမ်ားက ပုတီး၊ နားေတာင္းစေသာ လက္ဝတ္ရတနာမ်ားအျဖစ္ ႏွစ္သက္ျမတ္ႏိုးစြာ သံုးစြဲလာၾကသည္။ တစ္စတစ္စနွင့္ ေအာ့ဗဆီဒီယန္း ေက်ာက္တို့သည္ လူသားတို့၏ ဥစၥာၾကြယ္ဝမႈအေျခအေနႏွင့္ အာဏာအဆင့္အတန္းကို ေဖာ္ညႊန္းေသာ အေဆာင္အေယာင္မ်ားျဖစ္လာသည္။ ဤသို႔လူသားတုိ႔ အသံုးျပဳခဲ့ၾကသည့္ ေအာ့ဗဆီးဒီးယန္းေက်ာက္၌ ထူးျခားေသာ ဂုဏ္သတၱိရွိေၾကာင္း သိပၸံပညာရွင္တို့သတိျပဳမိၾကသည္။

မီးေတာင္ေပါက္ကြဲ၍ ေအာ့ဗဆီဒီယန္းေက်ာက္မ်ားျဖစ္ေပၚလာေသာအခါ ထိုေက်ာက္သည္ ေရခိုးေရေငြ႔မ်ားကို စုပ္ယူျပီး ယင္းအတြင္းတြင္ ေရဝင္၍ ေရဝင္လႊာျဖစ္ေပၚလာသည္။ ဤသို႔ေရဝင္ျခင္းသည္ ႏွစ္ေပါင္းမ်ားစြာၾကာသည္။ ေရဝင္လႊာ၏အထူကို တိုင္းတာျခင္းျဖင့္ ေရွးေဟာင္းပစၥည္း၏ သက္တမ္းကို တြက္ခ်က္နိုင္သည္။ ေရဘုယ်အားျဖင့္ ေရဝင္လႊာသည္ ၂၈ မိုက္ခရို (တစ္မိုက္ခရိုလွ်င္ တစ္လက္မ၏ ေလးကုေဋပံုတစ္ပံုႏွင့္ ညီမွ်သည္) အထူရွိလွ်င္ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၂၀ဝ၀ ခန္႔ရွိျပီဟု တြက္ခ်က္နိုင္သည္။ သို႔ေသာ္ဤနည္းျဖင့္ ပံုေသတြက္ခ်က္၍ မရေပ။ေအာ့ဗဆီဒီးယန္းေက်ာက္ျဖင့္ျပဳလုပ္ထားေသာ ပစၥည္းတည္ရွိရာ အရပ္ေဒသ၏ ရာသီဥတို၊ အပူခ်ိန္စသည္တို႔ကို လည္း ထည့္သြင္းတြက္ခ်က္ရန္လိုအပ္သည္။ ဟိုက္ဒေရးရွင္းနည္းျဖင့္ နွစ္ေပါင္း ၁၀ဝ၀ဝ၀ အထိသက္တမ္းတြက္ခ်က္ႏုိင္သည္။

ယူေရနီယံသတၳုပါေသာ ေက်ာက္ေဆာင္မ်ား၏ သက္တမ္းတြက္ျခင္း

ေရွးေဟာင္းပစၥည္းတုိ႔၏ သက္တမ္းကို တြက္ခ်က္ရာတြင္ အေရးပါေသာနည္းတစ္ခုမွာ ယူေရနီယံသတၳဳပါသည့္ ေက်ာက္ေဆာင္တုိ႔၏ သက္တမ္းကို ေဖာ္ျမဴလာသံုး၍ တြက္ခ်က္နည္းျဖစ္သည္။ေက်ာက္ေဆာင္တစ္ခု၏ သက္တမ္းကို တိတိက်က်သိလိုလွ်င္ ယင္းေက်ာက္ေဆာင္တြင္ပါဝင္ဖြဲစည္းထားသည့္ ခဲတို႔၏ အေလးခ်ိန္ကိုမူတည္၍ ယင္းေက်ာက္ေဆာင္တြင္ ပါဝင္ဖြဲ႔စည္းေနေသာ ယူေရနီယံတို႔၏ အေလးခ်ိန္ျဖင့္စားျပီး ရရွိလာေသာ အေျဖကို ၇၆၀ဝ ျဖင့္ေျမွာက္ရသည္။

ေက်ာက္ေဆာင္၏ သက္တမ္း= ခဲ၏အေလးခ်ိန္/ယူေရနီယံ၏အေလးခ်ိန္ x ၇၆၀ဝ
ရရွိလာေသာအေျဖကို သန္းဂဏန္းျဖင့္သတ္မွတ္ရသည္။

ျမန္မာ့ေရွးေဟာင္းယဥ္ေက်းမႈ သုေတသန- ဦးျမင့္ေအာင္
အေျခခံေရွးေဟာင္းသုေတသနပညာ- မႏုႆေက်ာ္ဝင္း
Myanmar Wikipedia


အရာဝထ္ထုတို့ရဲ့ သက်တမ်းကို ဘယ်လိုတွက်ကြသလဲ (unicode)

တစ်ခါတစ်လေ အွန်လိုင်းပေါ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က သစ်ပင်တို့လွန်ခဲ့တဲ့ အနှစ် ၅၀၀၀ က ကျောက်တုံးတို့ စသဖြင့် မြင်ဖူးကြမှာပါ။ ဒီလို အရာဝထ္ထုတွေရဲ့ သက်တမ်းကို ဘယ်လိုတွက်လဲ မဖြစ်နိုင်တာ လို့တွေးတဲ့သူများလည်း တွေးပါလိမ့်မယ်။ အခု အဲလို အရာဝထ္ထုတွေရဲ့ သက်တမ်းကို တွက်ချက်နည်းတွေကို ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်။

ရှေးဟောင်းပစ္စည်းတစ်စုံတစ်ခုကို တွေ့ရှိသူတိုင်း၏စိတ်ဝယ် ပေါ်လာတတ်သော မေးခွန်းတစ်ခုမှာ ‘ဤပစ္စည်းသည် မည်မျှရှေးကျ၍ မည်သည့်ခေတ်ကနည်း’ ဟူ၍ ဖြစ်ပါသည်။ ရှေးဟောင်းပစ္စည်းနှင့်နှီးနွယ်သူများ၊ ရှေးဟောင်းသုတေသနသမားတို့လည်း မိမိတို့လေ့လာနေသော ပစ္စည်းများ၏သက်တမ်းကို များစွာ သိလိုကြသည်။ ရှေးဟောင်းပစ္စည်းများ မည်မျှရှေးကျသည်ကို ဖော်ထုတ်နိုင်သည့်နည်းလမ်းများစွာရှိသည်တွင် ယင်းတို့ကို တိကျခေတ်ခွဲနည်းနှင့် နှိုင်းယှဉ်ခေတ်ခွဲနည်းဟု နှစ်မျိုးခွဲနိုင်သည်။

ကာဗွန် ၁၄

ကမ္ဘာကြီးကို လွှမ်းခြုံထားသောလေထုအပါ်ယံလွှာကို ဖြတ်သန်းလာသော ကော့စမစ်ရောင်ခြည်များသည် ကမ္ဘာ့လေထုနှင့် ထိတွေ့လိုက်ကြသောအခါ နျူထရွန်များ ဖြစ်လာကြသည်။ ထိုနျူထရွန်တို့သည် လေထုအတွင်းရှိ နိုက်ထရိုဂျင်အနုမြူ များနှင့် တိုက်ခိုက်မိရာ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ်တစ်မျိုးဖြစ်သော ကာဗွန် ၁၄ ဖြစ်ပေါ်လာသည်။

ထိုကာဗွန် ၁၄ သည် အောက်စီဂျင်နှင့်ပေါင်းကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်သွားသည်။ ယင်းကာဗွန်ဒိုင်အောက်ဆိုဒ်သည် တစ်နည်းနည်းဖြင့် သက်ရှိတို့ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ရောက်ရှိသွားသော သက်ရှိတို့ သေဆုံးကြသောအခါ ရေဒီယိုသတ္တိကြွ ကာဗွန် ၁၄ အိုင်ဆိုတုပ်သည် စတင်ပြိုကွဲလျော့ပါးတော့သည်။ သက်ရှိသေဆုံးသည့်အချိန်မှ ၅၅၆၈ နှစ်ကြာသောအခါ သက်ရှိသေခါစအချိန် ခန္ဓာကိုယ်တွင်းရောက်ရှိနေသော ကာဗွန် ၁၄ သည် မူလအချိန်အဆ၏ တစ်ဝက်သို့ လျော့နည်းသွားသည်။ နှစ်ပေါင်း ၁၁၁၃၆ နှစ်ကြာလျှင် နောက်ထပ်တစ်ဝက်လျော့ပြီး လေးပုံတစ်ပုံသာ ကျန်တော့သည်။

ဤနှုန်းအတိုင်း လျော့သွားရာ နှစ်ပေါင်း ၄ဝဝဝဝ ခန့်ကြာသောအခါ ကာဗွန် ၁၄ အချိန်အဆမှာ လွန်စွာနည်းပါးသွားပြီး တိုင်းတွာရန်ပင် ခက်ခဲသွားသည်။

ထို့ကြောင့်တစ်ခါက သက်ရှိဖြစ်ကြဖူးသော မီးသွေး၊ အရိုး၊ ခရုခွံ၊ သစ်သား၊ သစ်စေ့၊ ဆင်စွယ်၊ ပျားဖယောင်း၊ အမွေးအမှင်စသည့် ဝတ္ထုပစ္စည်းတို့အတွင်း ကြွင်းကျန်ရစ်သော ကာဗွန် ၁၄ ကိုတိုင်းထွာကြည့်ပြီး ယင်းတို့ မည်မျှရှေးကျကြောင်း သိရှိနိုင်သည်။

ပိုတက်စီယမ် အာဂွန်နည်း

ကာဗွန် ၁၄ နည်းဖြင့် နှစ်ပေါင်း ၄ဝဝဝဝ အောက် ရှေးဟောင်းပစ္စည်းများကို ခေတ်ခွဲနိုင်စေသော်လည်း ထို့ထက်ရှေးကျသော ပစ္စည်းများကို ခေတ်ခွဲရန် ခက်ခဲသည်။ ထိုကြောင့် ပိုတက်စီယမ်အာဂွန်နည်းကို သိပ္ပံပညာရှင်များအသုံးပြုကြသည်။ ပိုတက်စီယမ်သည် ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ်တစ်မျိုးဖြစ်သည်။ တစ်စတစ်စ ပြိုကွဲပြီး ၎င်း၏ ပြိုကြွသက်တမ်းမှာ နှစ်သန်းပေါင်း ၁၃၅၀ ကြာမြင့်သည်။ တဖြည်းဖြည်း ပြိုကွဲလျော့ပါသွားပြီး ဓာတ်ငွေ့ဖြစ်သော ကယ်လ်ဆီယမ် ၄၀ သို့မဟုတ် အာဂွန် ၄၀ ဖြစ်သွားသည်။ ဤပြောင်းလဲချက်သည်ပင် ခေတ်ခွဲခြားမှုတွင် အရေးပါသည်။

သာမိုလူမီနက်စင်နည်း

မြေကြီးဖြင့် ပြုလုပ်ထားသော အရာဝထ္ထုအားလုံးတွင် ယူရေနီယံ၊ သိုရီယမ် နှင့် ပိုတက်စီယမ်ကဲ့သို့ အနုမြူ ဒြပ်စင်များ အနည်းအကျဉ်း ပါရှိသည်။ ယင်ဒြပ်စင်တို့၏ အနုမြူဓာတ်ကြွမှုသည် အယ်လ်ဖာ၊ ဘီတာနှင့် ဂါမာရောင်စဉ်များကို နှစ်ပရိစ္ဆေဒ ရာပေါင်းများစွာ ထုတ်သည်။ ယင်းသို့ ရောင်ခြည်များထုတ်ခြင်းသည် အနုမြူအသီးသီးတွင် နျူကလီးယတ်ကို လည်ပတ်နေသော အီလက်ထရွန်များအား ၎င်းတို့လှည့်ပတ်နေကျလမ်းမှ လမ်းလွဲသွားစေသည်။ အီလက်ထရွန်များသည် လမ်းလွဲသွားရာ၌ တစ်နေရာတွင်ပိတ်မိနေပြီး အပူကြောင့် လှုပ်ရှားလာသောအခါကျမှ ၎င်းတို့၏ မူလပတ်လမ်းသို့ ပြန်လည်ရောက်သွားကြသည်။ အီလက်ထရွန်အသီးသီးတို့သည် ၎င်းတို့၏ မူလပတ်လမ်းသို့ ပြန်လည်ရောက်ရှိသောအခါ ‘ဖိုတွန်’ခေါ် အလင်းမှုန်များကို ထုတ်ကြသည်။

ဤသို့ အလင်းမှုန်သန်းပေါင်းများစွာ ထုတ်လွှတ်ခြင်းကြောင့်တောက်ပသည်ကို သာမိုလူမီနက်စင် ဟုခေါ်သည်။ ထိုသို့ အလင်းမှုန်များလွှတ်ခြင်းသည် အလွန်နှေးကွေးရကား အီလက်ထရွန်များပိတ်မိနေရန် နှစ်ရာပေါင်းများစွာ ကြာလေ့ရှိသည်။ သို့ဖြစ်၍ ရှေးဟောင်း မြေအိုး၊ မြေခွက်များကို အပူပေး၍ ၎င်းတို့ထဲမှ အလင်းမှုန်များဖြာထွက်အောင် ပြုလုပ်တိုင်းတာခြင်းဖြင့် ယင်းမြေအိုး မြေခွက်များသည် မည်မျှရှေးကျကြောင်း တွက်ဆနိုင်သည်။ မကြာမီကမှ ပြုလုပ်၍ အေးသွားသော မြေအိုးမြေခွက်များကို ဤသို့ အလင်းမှုန်များထွက်အောင် မလုပ်နိုင်ပေ။

သံလိုက်သုတေသနနည်း

ရှေးနှစ်ပေါင်းများစွာကပင် လူသားတို့သည် သံလိုက်၏ သဘောတရားကို အသင့်အတင့် နားလည်သဘောပေါက်လာခဲ့ကြသည်။ ထို့ကြောင့်ပင် သံလိုက်အိမ်မြှောင်ကို တီထွင်၍ အရပ်မျက်နှာ ခွဲခြားရာတွင် အသုံးပြုခဲ့ကြသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာလာသောအခါ အိမ်မြှောင်၏ ညွှန်ပြချက်များ ပြောင်လဲလာသည်ကို သတိပြုမိကြသည်။ နှစ်ပရိစ္ဆေဒ ကြာမြင့်လာသောအခါ အိမ်မြှောင်လက်တံများသည် တကယ့်မြောက်အရပ်၊ တကယ့်တောင်အရပ်တို့ကို ညွှန်ပြရမည့်အစား အနည်းငယ်တိမ်းစောင်းလာသည်ကို သတိပြုမိကြသည်။

ဂယ်လီဗရန်ဟူသော သိပ္ပံပညာရှင်အပါအဝင် သိပ္ပံပညာရှင်တို့သည် သံလိုက်သဘောတရားကို သုတေသနပြုခဲ့ကြပြီး နိုင်ငံအလိုက် နှစ်အလိုက် သံလိုက်အိမ်မြှောင်၏ ရွေ့ရှားပြောင်းလဲညွှန်ပြပုံများကို မှတ်တမ်းတင်ခဲ့ကြသည်။ ဥပမာ- လန်ဒန်မြို့၌ ၁၅ဝဝ ပြည့်နှစ်တွင် အိမ်မြှောင်လက်တံသည် အရှေ့မြောက်ဘက်သို့ ၁၁ ဒီကရီမျှ စောင်း၍ ညွှန်ပြခဲ့သည်။ ၁၉၃၈ ခုတွင်မူ အနောက်မြောက်ဘက်သို့ ၁၁ ဒီကရီစောင်း၍ ညွှန်ပြခဲ့သည်။ ဤအချက်ကို သတိပြုမိကြသော သိပ္ပံပညာရှင်များသည် သံလိုက်၏ နှစ်အလိုက်ပြောင်းလဲညွှန်ပြသည့်အချက်ကို အသုံးပြု၍ ရှေးဟောင်းပစ္စည်းများ၏ သက်တမ်းကို တွက်ချက်ရန် အကြံရခဲ့ကြသည်။

သံလိုက်အပိုင်းအစ အနည်းငယ်ပါဝင်သော အရာဝထ္ထုဖြင့် ပြုလုပ်ထားသော ပစ္စည်းတိုင်းတွင် ကမ္ဘာသံလိုက်လွင်ပြင်ကြီးဆီမှ ရရှိသော အင်အားများကိန်းအောင်းနေသည်။ ယင်းသို့ ကိန်းအောင်းနေသော အင်အားများကို အကြွင်းအကျန် သံလိုက်အင်အားများဟု ခေါ်သည်။ ဤသို့ အကြွင်းအကျန်သံလိုက်အင်အားများသည် မြေအိုးမြေခွက်နှင့် အခြားသော သံလိုက်ဓာတ်ရှိပစ္စည်းများတွင် တွေ့နိုင်သည်။

ဥပမာ- မြေအိုးတစ်လုံးကို စတင်ပြုလုပ်ရာတွင် ပုံသွင်းပြီး မီးဖုတ်လိုက်သောအခါ အပူဓာတ်ကြောင့် ယင်းမြေသားအတွင်းရှိ သံလိုက်ဓာတ်များပျက်ပြယ်သွားသည်။ ထိုမြေအိုး ပြန်အေးသွားသောအခါ ယင်းအိုးတွင်ပါဝင်နေသော သံလိုက်အမှုန်အစများသို့ သံလိုက်အင်အား ပြန်၍ဝင်လာမည်ဖြစ်သည်။ ထိုအင်အာများသည် ထိုနေ့ ထိုရက် ထိုအချိန်က တည်ရှိနေသော ကမ္ဘာ့သံလိုက်လွင်ပြင်၏ တည်နေရာအတိုင်းဖြစ်နေမည်။

တစ်နည်းအားဖြင့် ထိုအိုးတွင်ရှိသော သံလိုက်မှုန်များကို သီးသန့်ခွဲထုတ်၍ သံလိုက်ချောင်းပြုလုပ်ပါက သံလိုက်ချောင်း၏ဝင်ရိုးစွန်းသည် ထိုစဉ်က ရှိခဲ့သော သံလိုက်ဝင်ရိုးစွန်းတည်နေရာကိုသာ ညွှန်ပြမည်ဖြစ်သည်။ နှစ်ပရိစ္ဆေဒ မည်မျှပင် ကြာမြင့်သည်ဖြစ်စေ ထိုးအိုးတွင်ပါဝင်နေသော သံလိုက်မှုန်များကို စမ်းသပ်ပါက ထိုအိုးပြုလုပ်စဉ်အခါက တည်ရှိသော သံလိုက်ဝင်ရိုးစွန်း ရှိရာအရပ်ကိုသာ ညွှန်ပြနေမည်ဖြစ်သည်။

ဟိုက်ဒရေးရှင်းနည်း

ဟိုက်ဒရေးရှင်းနည်းမှာ မီးတောင်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော အော့ဗဆီဒီယန်းခေါ် ဖန်ကျောက်တစ်မျိုး၏ မျက်နှာပြင်ပေါ်၌ ရေငွေ့များခိုအောင်းသည့် အလွှာ၏ အထူအပါးကို စမ်းသပ်စစ်ဆေးသောနည်းဖြစ်သည်။ မီးတောင်များပေါက်ကွဲရာမှ ထွက်ပေါ်လာသော ချော်ရည်များထဲမှ တစ်ချို့သည် အေးခဲသွားသောအခါ အော့ဗဆီဒီယန်းခေါ် ဖန်ကျောက်တစ်မျိုးဖြစ်ပေါ်လာသည်။

ထိုကျောက်တို့သည် မာကြောပြီး ကြွပ်ဆတ်သောကြောင့် ရိုက်ခွဲလျှင် အလွယ်တကူ ကွဲနိုင်သည်။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကမ္ဘာဦးလူသားတို့သည် အော့ဗဆီဒီယန်းကျောက်များကို တန်ဖိုးထားခဲ့ကြသည်။ အကြောင်းမှာ ယင်းကျောက်တို့သည် မာကြောကြွပ်ဆတ်ရုံမျှမက အသွားများကို ချွန်ထက်အောင် ပြုလုပ်၍ ဓားကဲ့သို့ အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။

နောက်ပိုင်းတွင် လူသားတို့သည် အော့ဗဆီဒီယန်းကျောက်ကို လက်နက်ကိရိယာအဖြစ်သာမဟုတ်ဘဲ အဆင်တန်ဆာ အလှအပပစ္စည်းများအဖြစ်လည်း ပြုလုပ်သုံးစွဲလာကြသည်။ အထူးသဖြင့် အမျိုးသမီးများက ပုတီး၊ နားတောင်းစသော လက်ဝတ်ရတနာများအဖြစ် နှစ်သက်မြတ်နိုးစွာ သုံးစွဲလာကြသည်။ တစ်စတစ်စနှင့် အော့ဗဆီဒီယန်း ကျောက်တို့သည် လူသားတို့၏ ဥစ္စာကြွယ်ဝမှုအခြေအနေနှင့် အာဏာအဆင့်အတန်းကို ဖော်ညွှန်းသော အဆောင်အယောင်များဖြစ်လာသည်။ ဤသို့လူသားတို့ အသုံးပြုခဲ့ကြသည့် အော့ဗဆီးဒီးယန်းကျောက်၌ ထူးခြားသော ဂုဏ်သတ္တိရှိကြောင်း သိပ္ပံပညာရှင်တို့သတိပြုမိကြသည်။

မီးတောင်ပေါက်ကွဲ၍ အော့ဗဆီဒီယန်းကျောက်များဖြစ်ပေါ်လာသောအခါ ထိုကျောက်သည် ရေခိုးရေငွေ့များကို စုပ်ယူပြီး ယင်းအတွင်းတွင် ရေဝင်၍ ရေဝင်လွှာဖြစ်ပေါ်လာသည်။ ဤသို့ရေဝင်ခြင်းသည် နှစ်ပေါင်းများစွာကြာသည်။ ရေဝင်လွှာ၏အထူကို တိုင်းတာခြင်းဖြင့် ရှေးဟောင်းပစ္စည်း၏ သက်တမ်းကို တွက်ချက်နိုင်သည်။ ရေဘုယျအားဖြင့် ရေဝင်လွှာသည် ၂၈ မိုက်ခရို (တစ်မိုက်ခရိုလျှင် တစ်လက်မ၏ လေးကုဋေပုံတစ်ပုံနှင့် ညီမျှသည်) အထူရှိလျှင် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂ဝဝ၀ ခန့်ရှိပြီဟု တွက်ချက်နိုင်သည်။ သို့သော်ဤနည်းဖြင့် ပုံသေတွက်ချက်၍ မရပေ။အော့ဗဆီဒီးယန်းကျောက်ဖြင့်ပြုလုပ်ထားသော ပစ္စည်းတည်ရှိရာ အရပ်ဒေသ၏ ရာသီဥတို၊ အပူချိန်စသည်တို့ကို လည်း ထည့်သွင်းတွက်ချက်ရန်လိုအပ်သည်။ ဟိုက်ဒရေးရှင်းနည်းဖြင့် နှစ်ပေါင်း ၁ဝဝဝဝ၀ အထိသက်တမ်းတွက်ချက်နိုင်သည်။

ယူရေနီယံသတ္ထုပါသော ကျောက်ဆောင်များ၏ သက်တမ်းတွက်ခြင်း

ရှေးဟောင်းပစ္စည်းတို့၏ သက်တမ်းကို တွက်ချက်ရာတွင် အရေးပါသောနည်းတစ်ခုမှာ ယူရေနီယံသတ္ထုပါသည့် ကျောက်ဆောင်တို့၏ သက်တမ်းကို ဖော်မြူလာသုံး၍ တွက်ချက်နည်းဖြစ်သည်။ကျောက်ဆောင်တစ်ခု၏ သက်တမ်းကို တိတိကျကျသိလိုလျှင် ယင်းကျောက်ဆောင်တွင်ပါဝင်ဖွဲစည်းထားသည့် ခဲတို့၏ အလေးချိန်ကိုမူတည်၍ ယင်းကျောက်ဆောင်တွင် ပါဝင်ဖွဲ့စည်းနေသော ယူရေနီယံတို့၏ အလေးချိန်ဖြင့်စားပြီး ရရှိလာသော အဖြေကို ၇၆ဝဝ ဖြင့်မြှောက်ရသည်။

ကျောက်ဆောင်၏ သက်တမ်း= ခဲ၏အလေးချိန်/ယူရေနီယံ၏အလေးချိန် x ၇၆ဝဝ
ရရှိလာသောအဖြေကို သန်းဂဏန်းဖြင့်သတ်မှတ်ရသည်။

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု သုတေသန- ဦးမြင့်အောင်
အခြေခံရှေးဟောင်းသုတေသနပညာ- မနုဿကျော်ဝင်း
Myanmar Wikipedia

Leave a Reply