ရုပ္ရွင္တစ္ကား နဲ႔ ကမာၻေက်ာ္ခဲ့ေလသူ (သုိ႔) ၀င္းမင္းသန္း

Posted on

သန္း၀င္းလႈိင္

လြန္ခဲ့ေသာႏွစ္(၆ဝ)ခန္႕က ကမၻာေက်ာ္ရုပ္ရွင္မင္းသားႀကီး ဂရက္ဂရီပက္(Gregory Peck)ႏွင့္တြဲကာ The Purple Plain ေခၚ ခရမ္းေရာင္လြင္ျပင္ ဇာတ္ကား၌ ပါဝင္သရုပ္ေဆာင္ရိုက္ကူး၍ တစ္ကားတည္းႏွင့္ ျမန္မာ့ယဥ္ ေက်းမႈကို ထိန္းသိမ္းထားေသာ ဣေႁႏၵရွင္ မင္းသမီးေခ်ာအျဖစ္ ေန႕ခ်င္းညခ်င္း ဆိုသလို ကမၻာသိေက်ာ္ၾကားသြား ေသာ ျမန္မာ့ရုပ္ရွင္မင္းသမီးကေလးမွာ အျခားသူမဟုတ္ ပဲခူးသူ ဝင္းမင္းသန္းပင္ျဖစ္သည္။

ထိုစဥ္က အဂၤလန္ႏွင့္ အေမရိကန္ ျပည္ေထာင္စုထုတ္ သတင္းစာအသီးသီးက ဗမာ့ အမ်ိဳးသမီးကေလး ဝင္းမင္းသန္း၏ က်က္သေရရွိလွေသာ ျမန္မာဆန္ဆန္အလွႏွင့္ ေလးစားအတုယူဖြယ္ ျမန္မာ့ယဥ္ေက်းမႈ ေစာင့္ထိန္းထားေသာ ဣေႁႏၵရွင္ေလးအျဖစ္ အမ်ိဳးမ်ိဳး ခ်ီးက်ဴး၍ ေရးသားခဲ့ၾကသည္။

ဝါရွင္တန္ဒီစီၿမိဳ႕မွ ေစာင္ေရသန္းႏွင့္ခ်ီထုတ္ေဝရေသာ Evening Star သတင္းစာႀကီးတြင္လည္းဝါရင့္ အႏုပညာေဝဖန္ေရး စာေရးဆရာႀကီး ေဂ်းကားမိုဒီကာက ဤသို႕ေရးသားခဲ့သည္-

“ကာလၾကာျမင့္စြာ ျမွပ္လ်က္ရွိေသာ ၿငိမ့္ေျငာင္းလွသည့္တီးကြက္ေကာင္းကေလးတစ္ခုကို ျပန္၍ နားေသာတဆင္ရဘိသကဲ့သို႕ ရုပ္ရွင္ေလာကတြင္ ဗမာအမ်ိဳးသမီးကေလး ဝင္းမင္းသန္းကို ၾကည့္႐ႈရသည္မွာ စိတ္ရႊင္လန္းလာေအာင္အရသာရွိလွပါသည္။ သူ၏အလွမွာ က်က္သေရရိွေသာ အိေႁႏၵ၊ထက္ျမက္ေသာ အသိဥာဏ္ႏွင့့္္ျမန္မာဆန္မႈတို႔ေၾကာင့္ ျမန္မာျပည္မွ အေမရိကန္ျပည္ေထာင္စုသို႕ မိတ္ဆက္ရန္ ေစလႊတ္လိုက္သည့္ အထူသံတမန္ တစ္ဦးအလားသ႑ာန္တူေနပါေတာ့သည္။”

ဝင္းမင္းသန္းကို ၁၉၃၃ခုႏွစ္တြင္ ပဲခူးၿမိဳ႕၌ ဖြားျမင္ခဲ့သည္။ မိခင္မွာ ျမန္မာအမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး၊ ဖခင္မွာ ၾသစေၾတးလ်ႏိုင္ငံသားျဖစ္သည္။ ဝင္းမင္းသန္း၏ ငယ္နာမည္မွာ Helga Johnson ျဖစ္သည္။ အသက္(၈)ႏွစ္အရြယ္တြင္ ျမန္မာျပည္သို႕ ဖက္ဆစ္ဂ်ပန္မ်ား ဝင္ေရာက္လာေသာအခါ မိသားစုႏွင့္အတူ အိႏၵိယႏိုင္ငံသို႕ ထြက္ေျပးတိမ္းေရွာင္ခဲ့သည္။ ဒုတိယကမၻာစစ္ႀကီးၿပီးေနာက္ ျမန္မာျပည္သို႕ ျပန္လည္ေရာက္ ရွိလာၿပီး စိန္ဂြ်န္းကြန္ဗင့္ေက်ာင္း၌ ဆက္လက္ပညာသင္ၾကားခဲ့သည္။

ထို႕ေနာက္ အိႏၵိယျပည္ ဒါဂ်ီလင္ေက်ာင္း သို႕ ဆက္လက္တက္ခဲ့သည္။ ၁၉၅၁ခုႏွစ္ အသက္(၁၈)ႏွစ္တြင္ ဖခင္ျဖစ္သူက အဂၤလန္ျပည္ လန္ဒန္ၿမိဳ႕သို႕ ေစလႊတ္၍ ရြန္ဘာဘယ္ေလ အကသင္တန္းေက်ာင္းတြင္ တစ္ႏွစ္ေက်ာ္ခန္႕ အကပညာသင္ယူေစခဲ့သည္။သို႕ေသာ္အကဝါသနာမပါေသာေၾကာင့္သင္တန္းဆင္းၿပီးၿပီးခ်င္းျမန္မာျပည္သုိ႕ျပန္လာခဲ့ေလသည္။ မည္သည့္ အႏုပညာအလုပ္ကိုမလုပ္ခဲ့ေခ်။

ထို႕ေနာက္ နဖူးစာရြာလည္ဆိုသည့္အတိုင္း ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္မွဴးႀကီးေအာင္သန္း(ဗိုလ္စႀကၤာ)ႏွင့္ ေတြ႕ဆုံကာ ေမတာၱေႏွာင္ႀကိဳးထုံးဖြဲ႕ရာမွ ၁၉၅၄ခုႏွစ္ ဇန္နဝါရီလ ၇ ရက္ေန႕တြင္ အီတလီႏိုင္ငံ ေရာမၿမိဳ႕ ကက္ပီေတာ္ ဗဟိုတရား႐ုံး၌ ႏွစ္ဦးသေဘာတူ လက္မွတ္ထိုး၍ လက္ထပ္ခဲ့သည္။ ဗိုလ္စႀကၤာသည္ လူပ်ိဳလူလြတ္ မဟုတ္ေခ်။ သူ၏ ပထမအိမ္ေထာင္မွာ သထုံဇာတိ ဦးေက်ာ္ဒင္၊ ေဒၚသန္းေမတို႕၏ အမႊာသမီးႀကီး ေဒါက္တာ ခင္လွလွျဖစ္သည္။ ေဒါက္တာခင္လွလွႏွင့္ သားသမီး၃ဦး(သူရိန္စႀကၤာ၊ စႏၵီစႀကၤာ၊ တာရာစႀကၤာ) ထြန္းကားၿပီးေနာက္ အိမ္ေထာင္ေရး အဆင္မေျပမႈေၾကာင့္ လမ္းခြဲခဲ့ရသည္။

ဗိုလ္မွဴးႀကီးေအာင္သန္း(ဗိုလ္စႀကၤာ)ႏွင့္ လက္ထပ္စဥ္က ဗိုလ္စႀကၤာသည္ အသက္၃၉ႏွစ္ရွိၿပီး၊ ဝင္းမင္းသန္းသည္ အသက္ ၂၁ႏွစ္သာရွိေသးသည္။ ဝင္းမင္းသန္း ခရမ္းေရာင္လြင္ျပင္ဇာတ္ကား႐ိုက္ကူးရန္ အေၾကာင္းဖန္လာရသည္မွာ လင္ေတာ္ေမာင္၏ ၾကည္ျဖဴခြင့္ျပဳခ်က္အရ ရိုက္ကူးျဖစ္ခဲ့ေၾကာင္း ဖြင့္ဟေျပာျပသည္။ သူ႐ုပ္ရွင္ မင္းသမီး ျဖစ္လာရပုံမွာ ဆန္းၾကယ္ လွသလို၊ မႀကံဘဲ ေစာကဲမင္းျဖစ္ဆိုသလို အေမရိကန္ ႐ုပ္ရွင္ဒါရိုက္တာ ေရာဘတ္ပါရစ္ခ်္(Tobert Parrish) ၏ သူငယ္ခ်င္းသည္ သူဖခင္၏ မိတ္ေဆြရင္းျခာျဖစ္သည္။

ဝင္းမင္းသန္းအိမ္သို႕ လာေရာက္လည္ပတ္ရာမွ ျမန္မာဆန္ဆန္ ဝတ္စားဆင္ယဥ္တတ္သည့္ ပင္ကိုယ္ အလွပိုင္ရွင္ ဝင္းမင္းသန္းကို မေမွ်ာ္လင့္ဘဲ ေတြ႕ဆုံရာမွာ သူဓါတ္ပုံကို ေတာင္းယူ၍ ဒါ႐ိုက္တာ ေရာဘတ္ပါရစ္ခ်္ ထံေပးပို႕ခဲ့သည္။ ထိုစဥ္က ပါရစ္ခ်္သည္ ျမန္မာျပည္ ဇာတ္လမ္းေနာက္ခံ The Purple Plain (ခရမ္းေရာင္လြင္ျပင္) ႐ိုက္ကူးရန္အတြက္ အာရွတိုက္မွ သ႐ုပ္ေဆာင္ အမ်ိဳးသမီးအသစ္ အလိုရွိေနခ်ိန္ျဖစ္သည္။

အဆိုပါဇာတ္ကားအတြက္ ကုမၸဏီထံ အာရွတလႊားမွ သ႐ုပ္ေဆာင္ ေလွ်ာက္ထားသူေပါင္း ၂၀၀ ေက်ာ္ ရရွိေသာ္လည္း တစ္ေယာက္မွ် အႀကိဳက္မေတြ႕စဥ္ ဝင္းမင္းသန္း၏ ျမန္မာဆန္ဆန္ ေက်ာ့ရွင္းလွပေသာ ဣေႁႏၵရွင္ပင္ကိုယ္အလွ ရုပ္သြင္ကို ျမင္ေတြ႕ရာမွ သေဘာက်ႏွစ္ၿခိဳက္ကာ ဝင္းမင္းသန္းအား ပါဝင္႐ိုက္ကူးရန္ အပူကပ္ေတာ့သည္။ ဤသို႕ ဝင္းမင္းသန္းသည္ ေလွ်ာက္လႊာမတင္ပဲ ႐ုပ္ရွင္ မင္းသမီးအျဖစ္ ေရြးခ်ယ္ခံခဲ့ရေတာ့သည္။

(ခရမ္းေရာင္ လြင္ျပင္ကို Rank Organization ကုမၸဏီႀကီးက ႐ိုက္ကူးရန္ မင္းသမီး ေၾကညာစဥ္က ရတနာနတ္မယ္က ေလၽွာက္လႊာ တင္ၿပီးခါမွ ႐ိုက္ကြင္းက သီရိလကၤာမွာ ႐ိုက္မည္ ျဖစ္ေၾကာင္း သိရွိရ၍ သဘာဝေရခံေျမခံ အမွန္ျဖစ္သည့္ ျမန္မာျပည္မွာ ႐ိုက္မည္ မဟုတ္ေသာေၾကာင့္ ဆက္မႀကိဳးစား ေတာ့ဘဲ ေနခဲ့သည္။ ဝင္းမင္းသန္းက ေလၽွာက္လႊာ မတင္ဘဲႏွင့္ သည္ဇာတ္ကား အတြက္ ေခါင္းေဆာင္မင္းသမီး ျဖစ္လာသူ ျဖစ္သည္။)

ဝင္းမင္းသန္းသည္ အဆိုပါဇာတ္ကားကို(၆)လၾကာမွ် ႐ိုက္ကူးေပးခဲ့ရာ သီဟိုဠ္(သီရီလကၤာႏိုင္ငံ)၌ ၃လ၊ လန္ဒန္ၿမိဳ႕၌ ၃ လမွ် ၾကာျမင့္ခဲ့သည္။ ကား႐ိုက္စဥ္ တစ္ေလွ်ာက္လုံး ခင္ပြန္းျဖစ္သူက ဇနီးေခ်ာ၏ ေတာင္းပန္ခ်က္အရ ေရပူေရခ်မ္းကမ္းလွမ္းရန္ မင္းသမီး၏ေနာက္ေတာ္ပါးကဆံထံုးေနာက္ေယာင္ပါကာ တစ္ဖဝါးမွ မခြာဘဲ အရိပ္တၾကည့္ ၾကည့္ လိုက္ပါေစာင့္ေရွာက္ေပးခဲ့ရသည္။

ဇာတ္ကားၿပီးေနာက္ ျမန္မာႏိုင္ငံျပန္ခဲ့ရာ ဝင္းမင္းသန္းသည္ ၆လမွ်သာအနားရခဲ့သည္။ ဇာတ္ကား အေရာင္းျမွင့္တင္ေရးအတြက္ ဝင္းမင္းသန္းကိုယ္တိုင္ လန္ဒန္ၿမိဳ႕ႏွင့္ အေမရိကန္ျပည္ေထာင္စုသို႕ လာေရာက္ ကူညီရန္ ေဂ်အာသာရင့္ ႐ုပ္ရွင္ကုမၸဏီက ေတာင္းပန္ေသာေၾကာင့္ ကူညီေပးခဲ့သည္။

ထိုစဥ္က ခင္ပြန္းျဖစ္သူ ဗိုလ္စႀကၤာမွာ တရုတ္ျပည္ႏွင့္ ဂ်ပန္ျပည္သို႕ သြားေရာက္ရန္ အေၾကာင္းဖန္လာ ေသာေၾကာင့္ ဇနီးေခ်ာျဖစ္သူႏွင့္ မလိုက္သြားျဖစ္ခဲ့ေခ်။ သို႕ေသာ္ ႐ုပ္ရွင္ကုမၸဏီက ဝင္းမင္းသန္း၏ ေတာင္းဆို ခ်က္အရ မစၥစ္ဖရန္စီးစ္ ေကာ့ပလန္ဆိုသူ အမ်ိဳးသမီးႀကီးကို ဝင္းမင္းသန္း၏ အတြင္းေရးမွဴးအျဖစ္ လိုက္ပါခြင့္ေပး ခဲ့ရသည္။ လန္ဒန္ၿမိဳ႕ႏွင့္ အေမရိကန္တခြင္ ဝင္းမင္းသန္း လွည့္လည္ရာတြင္ ထိုအမ်ိဳးသမီးမွာ သူ႕အနား၌အၿမဲ တေစ ေစာင့္ေရွာက္လိုက္ပါခဲ့သည္။

အေမရိကန္တြင္ လုပ္ငန္းတာဝန္ၿပီးဆုံးၿပီးေနာက္ ဝင္းမင္းသန္းသည္ ဂ်ပန္ျပည္သို႕ ေရာက္ရွိေနေသာ လင္ေတာ္ေမာင္ထံ အျမန္ဆုံးသြားေရာက္ေတြ ့ဆံုခဲ့သည္။ အၾကင္လင္မယားအျဖစ္ အခါလည္ေက်ာ္ေက်ာ္ရွိေသာအခါ ၁၉၅၆ခုႏွစ္၌ သားဦးေလး “အာကာစႀကၤာ” ထြန္းကားခဲ့သည္။ ဝင္းမင္းသန္းသည္ မိမိရင္ေသြး အာကာစႀကၤာကိုသာမက လင္ေတာ္ေမာင္၏ ပထမအိမ္ ေထာင္ မွ ဖြားျမင္သည့္ သားသမီး၃ဦးကိုလည္း မိမိ၏ရင္ႏွစ္သီးခ်ာပမာ ျပဳစုယုယပိုက္ေထြးခဲ့သည္။

ဝင္းမင္းသန္းပါဝင္႐ိုက္ကူးေပးခဲ့ေသာ ခရမ္းေရာင္ လြင္ျပင္သည္ ေအာင္ျမင္မႈရရွိကာ ပရိတ္သတ္ အထူး ႏွစ္ၿခိဳက္မႈရရွိခဲ့သည္။ ဝင္းမင္းသန္းသည္ မူရင္းဝတၳဳ၌ ခရမ္းေရာင္လြင္ျပင္တြင္ ဇာတ္လိုက္မင္းသမီးလုပ္သူသည္အဝတ္မ်ား မလုံ႕တလုံဝတ္ဆင္၍ ေရခ်ိဳးသည့္အခန္းမ်ား အေတာ္မ်ားမ်ားပါရွိခဲ့သည္။ သို႕ရာတြင္ ဝင္းမင္းသန္း၏ ဣေႁႏၵ ေစာင့္စီးမႈႏွင့္ ေခါင္းမာမႈတို႕ေၾကာင့္ ေဟာလီးဝုဒ္ ဒါရိုက္တာႀကီးသည္ သူအလြန္မက္ေမာလွေသာ ေရခ်ဳိးသည့္ အခန္းမ်ားကို ႐ိုက္ကူးခြင့္မရဘဲ ခ်န္လွပ္ေပးခဲ့ရသည္။

႐ိုက္ကြင္းေခတၱနားေနစဥ္ အိႏၵိယဘုံေဘဂ႐ိုနီကယ္သတင္းစာႀကီး၏ သတင္းေထာက္တစ္ဦးက ခရမ္းေရာင္လြင္ျပင္ၿပီးေနာက္ ေဟာလီးဝုဒ္တြင္ ဆက္၍ ဇာတ္ကားမ်ား ႐ိုက္ကူးပါဦးမည္လားဟုေမးျမန္းခဲ့ရာ ဝင္းမင္းသန္းက “က်မ ရုပ္ရွင္မင္းသမီးဆက္ၿပီးမလုပ္ခ်င္ပါဘူး။ ဘာျဖစ္လို႕လဲဆိုေတာ့ အေမရိကန္ရုပ္ရွင္ပညာ သည္တို႕ရဲ႕ဘဝဟာ သဘာဝတယ္ၿပီးေတာ့ မက်တဲ့အျပင္ ဟန္ေဆာင္မႈေတြမ်ားလြန္းလို႕ပါပဲ။ ေနာက္ၿပီး ေဟာလီးဝုဒ္က ဣတၳိယအသြင္အျပင္ဆိုတဲ့ စြဲမက္ဖြယ္ရာ မက္လုံးေပးမႈေတြကို (Glamour) ေရာင္းကုန္အေနမ်ိဳး နဲ႕ ဗန္းျပေစခ်င္လြန္းေတာ့ က်မတို႕လို ဗမာအမ်ိဳးသမီးမ်ားနဲ႕ နည္းနည္းမွ မကိုက္ညီပါဘူး။ က်မအဖို႕ဆိုရင္ အေမရိကန္ ကေခ်သည္တို႕ရဲ႕ ဓေလ့ျဖစ္တဲ့ ေျခေဖၚ၊ ေပါင္ေဖၚ အလုပ္မ်ိဳးေတြကို အရွက္မရွိတဲ့ လုပ္ရပ္ဟု ယူဆ တာေၾကာင့္ ခက္ခဲလွပါတယ္ျပီးေတာ့ဗမာအမ်ိဳးသမီးေတြရဲ ့ယဥ္ေက်းသိမ္ေမြ ့ဣေျႏၵသိကၡာရိွမွဳေတြကိုလည္း ေစာင့္ထိန္းေစခ်င္တာေၾကာင့္မရိုက္ခ်င္တာလည္းပါပါတယ္” ဟူ၍ ေျဖၾကားခဲ့သည္။

ဝင္းမင္းသန္း၏ ခင္ပြန္းျဖစ္သူ ဗိုလ္စႀကၤာသည္ထိုစဥ္က ဗမာ့ေလေၾကာင္းပို႕ေဆာင္ေရး ေလေၾကာင္းကုမၸဏီႏွင့္ သီရိစႀကၤာ ကုမၸဏီမ်ားတည္ေထာင္၍ စီးပြားေရး ေအာင္ျမင္မႈရရွိေနေသာေၾကာင့္ဝင္းမင္းသန္း၏ ဘဝသည္ မေၾကာင့္မၾက ေပ်ာ္ရႊင္ခ်မ္းေျမ့၍ သစၥာမပ်က္ ေမတၱာဖက္၍ ေရႊလက္ၿမဲၿမဲျဖင့္ အိမ္ေထာင္သည္ဘဝခရီးကို အတူတူေလွ်ာက္လွမ္းႏိုင္ခဲ့ေသာ္လည္း မၾကာမွီမွာပင္ မေမွ်ာ္လင့္ေသာ ၾကမၼာဆိုး ေဗြေဖာက္မႈေၾကာင့္အပူေႏွာက္ခဲ့ရပါသည္။ ခင္ပြန္းျဖစ္သူ၏ စီးပြားေရးလုပ္ငန္းမ်ားအားလုံး ေတာ္လွန္ေရးေကာင္စီအစိုးရတက္လာၿပီးေနာက္ ၁၉၆၄မတ္လ၂၈ရက္ေန႔ တြင္ ျပည္သူပိုင္အသိမ္းခံလိုက္ရသည္။

ခင္ပြန္းျဖစ္သူဗိုလ္စႀကၤာသည္လည္းျမန္မာႏိုင္ငံတြင္ ေနထိုင္မျဖစ္ႏိုင္သည့္ အေျခအေနေၾကာင့္ ၁၉၆၅ခုႏွစ္တြင္ ထိုင္းႏုိင္ငံသို႕ လွ်ိဳ႕ဝွက္စြာ ထြက္ေျပးခဲ့ရသည္။ ၁၉၆၆ခုႏွစ္ ေအာက္တိုဘာလတြင္ ထိုင္းႏိုင္ငံ၌ အမ်ိဳးသားလြတ္ ေျမာက္ေရးေကာင္းစီ၌ ပါဝင္လႈပ္ရွား၍ ၁၉၆၉ ၾသဂုတ္လ ၆ရက္ေန႕တြင္ ဦးႏုအဖြဲ႕ထိုင္းႏိုင္ငံသို႕ ေရာက္႐ွိ လာေသာအခါ ယင္းအဖြဲ႕ႏွင့္ ပူးေပါင္းခဲ့သည္။

ထို႕ေနာက္အစိုးရပုန္ကန္သူဘဝျဖင့္ ၁၉၆၉ စက္တင္ဘာလ ၆ ရက္ေန႕တြင္ ထိုင္းႏိုင္ငံ၌ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ရာ ဝင္းမင္းသန္းသည္ သားျဖစ္သူ အာကာစႀကၤာႏွင့္အတူ ၾသစေၾတးလ် ႏိုင္ငံသို႕ ေျပာင္းေရႊ႕၍ ၾသစေၾတးလ် ႏိုင္ငံ သူအျဖစ္ ခံယူကာ အၿမဲတမ္းေနထိုင္လ်က္ရွိသည္။ မည္သုိ႕ဆိုေစ ကမၻာ့ရုပ္ရွင္ေလာက၌ ဇာတ္ကားတကားျဖင့္ ကမၻာသိေက်ာ္ၾကားကား ျမန္မာ့ဂုဏ္ကို ျမွင့္ တင္ခဲ့ေသာ ရုပ္ရွင္မင္းသမီးအျဖစ္ ယေန႕တိုင္ ကမၺည္းတင္လ်က္ရွိသည္ကိုမူ မည္သူမွ် မျငင္းႏိုင္ေပ။

ခရမ္းေရာင္လြင္ျပင္ဇာတ္ကားမွ မင္းသမီး ၀င္းမင္းသန္းရဲ႕ သရုပ္ေဆာင္ခ်က္အခ်ဳိ႕(VIDEO)

သန္း၀င္းလႈိင္(မိုးမခဂ်ာနယ္)


ရုပ်ရှင်တစ်ကား နဲ့ ကမ္ဘာကျော်ခဲ့လေသူ (သို့) ဝင်းမင်းသန်း (unicode)

သန်းဝင်းလှိုင်

လွန်ခဲ့သောနှစ်(၆ဝ)ခန့်က ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂရက်ဂရီပက်(Gregory Peck)နှင့်တွဲကာ The Purple Plain ခေါ် ခရမ်းရောင်လွင်ပြင် ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ရိုက်ကူး၍ တစ်ကားတည်းနှင့် မြန်မာ့ယဉ် ကျေးမှုကို ထိန်းသိမ်းထားသော ဣန္ဒြေရှင် မင်းသမီးချောအဖြစ် နေ့ချင်းညချင်း ဆိုသလို ကမ္ဘာသိကျော်ကြားသွား သော မြန်မာ့ရုပ်ရှင်မင်းသမီးကလေးမှာ အခြားသူမဟုတ် ပဲခူးသူ ဝင်းမင်းသန်းပင်ဖြစ်သည်။

ထိုစဉ်က အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုထုတ် သတင်းစာအသီးသီးက ဗမာ့ အမျိုးသမီးကလေး ဝင်းမင်းသန်း၏ ကျက်သရေရှိလှသော မြန်မာဆန်ဆန်အလှနှင့် လေးစားအတုယူဖွယ် မြန်မာ့ယဉ်ကျေးမှု စောင့်ထိန်းထားသော ဣန္ဒြေရှင်လေးအဖြစ် အမျိုးမျိုး ချီးကျူး၍ ရေးသားခဲ့ကြသည်။

ဝါရှင်တန်ဒီစီမြို့မှ စောင်ရေသန်းနှင့်ချီထုတ်ဝေရသော Evening Star သတင်းစာကြီးတွင်လည်းဝါရင့် အနုပညာဝေဖန်ရေး စာရေးဆရာကြီး ဂျေးကားမိုဒီကာက ဤသို့ရေးသားခဲ့သည်-

“ကာလကြာမြင့်စွာ မြှပ်လျက်ရှိသော ငြိမ့်ငြောင်းလှသည့်တီးကွက်ကောင်းကလေးတစ်ခုကို ပြန်၍ နားသောတဆင်ရဘိသကဲ့သို့ ရုပ်ရှင်လောကတွင် ဗမာအမျိုးသမီးကလေး ဝင်းမင်းသန်းကို ကြည့်ရှုရသည်မှာ စိတ်ရွှင်လန်းလာအောင်အရသာရှိလှပါသည်။ သူ၏အလှမှာ ကျက်သရေရှိသော အိန္ဒြေ၊ထက်မြက်သော အသိဥာဏ်နှင့်္မြန်မာဆန်မှုတို့ကြောင့် မြန်မာပြည်မှ အမေရိကန်ပြည်ထောင်စုသို့ မိတ်ဆက်ရန် စေလွှတ်လိုက်သည့် အထူသံတမန် တစ်ဦးအလားသဏ္ဍာန်တူနေပါတော့သည်။”

ဝင်းမင်းသန်းကို ၁၉၃၃ခုနှစ်တွင် ပဲခူးမြို့၌ ဖွားမြင်ခဲ့သည်။ မိခင်မှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ဖခင်မှာ ဩစတြေးလျနိုင်ငံသားဖြစ်သည်။ ဝင်းမင်းသန်း၏ ငယ်နာမည်မှာ Helga Johnson ဖြစ်သည်။ အသက်(၈)နှစ်အရွယ်တွင် မြန်မာပြည်သို့ ဖက်ဆစ်ဂျပန်များ ဝင်ရောက်လာသောအခါ မိသားစုနှင့်အတူ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် မြန်မာပြည်သို့ ပြန်လည်ရောက် ရှိလာပြီး စိန်ဂျွန်းကွန်ဗင့်ကျောင်း၌ ဆက်လက်ပညာသင်ကြားခဲ့သည်။

ထို့နောက် အိန္ဒိယပြည် ဒါဂျီလင်ကျောင်း သို့ ဆက်လက်တက်ခဲ့သည်။ ၁၉၅၁ခုနှစ် အသက်(၁၈)နှစ်တွင် ဖခင်ဖြစ်သူက အင်္ဂလန်ပြည် လန်ဒန်မြို့သို့ စေလွှတ်၍ ရွန်ဘာဘယ်လေ အကသင်တန်းကျောင်းတွင် တစ်နှစ်ကျော်ခန့် အကပညာသင်ယူစေခဲ့သည်။သို့သော်အကဝါသနာမပါသောကြောင့်သင်တန်းဆင်းပြီးပြီးချင်းမြန်မာပြည်သို့ပြန်လာခဲ့လေသည်။ မည်သည့် အနုပညာအလုပ်ကိုမလုပ်ခဲ့ချေ။

ထို့နောက် နဖူးစာရွာလည်ဆိုသည့်အတိုင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီးအောင်သန်း(ဗိုလ်စင်္ကြာ)နှင့် တွေ့ဆုံကာ မေတ္တာနှောင်ကြိုးထုံးဖွဲ့ရာမှ ၁၉၅၄ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အီတလီနိုင်ငံ ရောမမြို့ ကက်ပီတော် ဗဟိုတရားရုံး၌ နှစ်ဦးသဘောတူ လက်မှတ်ထိုး၍ လက်ထပ်ခဲ့သည်။ ဗိုလ်စင်္ကြာသည် လူပျိုလူလွတ် မဟုတ်ချေ။ သူ၏ ပထမအိမ်ထောင်မှာ သထုံဇာတိ ဦးကျော်ဒင်၊ ဒေါ်သန်းမေတို့၏ အမွှာသမီးကြီး ဒေါက်တာ ခင်လှလှဖြစ်သည်။ ဒေါက်တာခင်လှလှနှင့် သားသမီး၃ဦး(သူရိန်စင်္ကြာ၊ စန္ဒီစင်္ကြာ၊ တာရာစင်္ကြာ) ထွန်းကားပြီးနောက် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် လမ်းခွဲခဲ့ရသည်။

ဗိုလ်မှူးကြီးအောင်သန်း(ဗိုလ်စင်္ကြာ)နှင့် လက်ထပ်စဉ်က ဗိုလ်စင်္ကြာသည် အသက်၃၉နှစ်ရှိပြီး၊ ဝင်းမင်းသန်းသည် အသက် ၂၁နှစ်သာရှိသေးသည်။ ဝင်းမင်းသန်း ခရမ်းရောင်လွင်ပြင်ဇာတ်ကားရိုက်ကူးရန် အကြောင်းဖန်လာရသည်မှာ လင်တော်မောင်၏ ကြည်ဖြူခွင့်ပြုချက်အရ ရိုက်ကူးဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောပြသည်။ သူရုပ်ရှင် မင်းသမီး ဖြစ်လာရပုံမှာ ဆန်းကြယ် လှသလို၊ မကြံဘဲ စောကဲမင်းဖြစ်ဆိုသလို အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ရောဘတ်ပါရစ်ခ်ျ(Tobert Parrish) ၏ သူငယ်ချင်းသည် သူဖခင်၏ မိတ်ဆွေရင်းခြာဖြစ်သည်။

ဝင်းမင်းသန်းအိမ်သို့ လာရောက်လည်ပတ်ရာမှ မြန်မာဆန်ဆန် ဝတ်စားဆင်ယဉ်တတ်သည့် ပင်ကိုယ် အလှပိုင်ရှင် ဝင်းမင်းသန်းကို မမျှော်လင့်ဘဲ တွေ့ဆုံရာမှာ သူဓါတ်ပုံကို တောင်းယူ၍ ဒါရိုက်တာ ရောဘတ်ပါရစ်ခ်ျ ထံပေးပို့ခဲ့သည်။ ထိုစဉ်က ပါရစ်ခ်ျသည် မြန်မာပြည် ဇာတ်လမ်းနောက်ခံ The Purple Plain (ခရမ်းရောင်လွင်ပြင်) ရိုက်ကူးရန်အတွက် အာရှတိုက်မှ သရုပ်ဆောင် အမျိုးသမီးအသစ် အလိုရှိနေချိန်ဖြစ်သည်။

အဆိုပါဇာတ်ကားအတွက် ကုမ္ပဏီထံ အာရှတလွှားမှ သရုပ်ဆောင် လျှောက်ထားသူပေါင်း ၂၀၀ ကျော် ရရှိသော်လည်း တစ်ယောက်မျှ အကြိုက်မတွေ့စဉ် ဝင်းမင်းသန်း၏ မြန်မာဆန်ဆန် ကျော့ရှင်းလှပသော ဣန္ဒြေရှင်ပင်ကိုယ်အလှ ရုပ်သွင်ကို မြင်တွေ့ရာမှ သဘောကျနှစ်ခြိုက်ကာ ဝင်းမင်းသန်းအား ပါဝင်ရိုက်ကူးရန် အပူကပ်တော့သည်။ ဤသို့ ဝင်းမင်းသန်းသည် လျှောက်လွှာမတင်ပဲ ရုပ်ရှင် မင်းသမီးအဖြစ် ရွေးချယ်ခံခဲ့ရတော့သည်။

(ခရမ်းရောင် လွင်ပြင်ကို Rank Organization ကုမ္ပဏီကြီးက ရိုက်ကူးရန် မင်းသမီး ကြေညာစဉ်က ရတနာနတ်မယ်က လျှောက်လွှာ တင်ပြီးခါမှ ရိုက်ကွင်းက သီရိလင်္ကာမှာ ရိုက်မည် ဖြစ်ကြောင်း သိရှိရ၍ သဘာဝရေခံမြေခံ အမှန်ဖြစ်သည့် မြန်မာပြည်မှာ ရိုက်မည် မဟုတ်သောကြောင့် ဆက်မကြိုးစား တော့ဘဲ နေခဲ့သည်။ ဝင်းမင်းသန်းက လျှောက်လွှာ မတင်ဘဲနှင့် သည်ဇာတ်ကား အတွက် ခေါင်းဆောင်မင်းသမီး ဖြစ်လာသူ ဖြစ်သည်။)

ဝင်းမင်းသန်းသည် အဆိုပါဇာတ်ကားကို(၆)လကြာမျှ ရိုက်ကူးပေးခဲ့ရာ သီဟိုဠ်(သီရီလင်္ကာနိုင်ငံ)၌ ၃လ၊ လန်ဒန်မြို့၌ ၃ လမျှ ကြာမြင့်ခဲ့သည်။ ကားရိုက်စဉ် တစ်လျှောက်လုံး ခင်ပွန်းဖြစ်သူက ဇနီးချော၏ တောင်းပန်ချက်အရ ရေပူရေချမ်းကမ်းလှမ်းရန် မင်းသမီး၏နောက်တော်ပါးကဆံထုံးနောက်ယောင်ပါကာ တစ်ဖဝါးမှ မခွာဘဲ အရိပ်တကြည့် ကြည့် လိုက်ပါစောင့်ရှောက်ပေးခဲ့ရသည်။

ဇာတ်ကားပြီးနောက် မြန်မာနိုင်ငံပြန်ခဲ့ရာ ဝင်းမင်းသန်းသည် ၆လမျှသာအနားရခဲ့သည်။ ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ဝင်းမင်းသန်းကိုယ်တိုင် လန်ဒန်မြို့နှင့် အမေရိကန်ပြည်ထောင်စုသို့ လာရောက် ကူညီရန် ဂျေအာသာရင့် ရုပ်ရှင်ကုမ္ပဏီက တောင်းပန်သောကြောင့် ကူညီပေးခဲ့သည်။

ထိုစဉ်က ခင်ပွန်းဖြစ်သူ ဗိုလ်စင်္ကြာမှာ တရုတ်ပြည်နှင့် ဂျပန်ပြည်သို့ သွားရောက်ရန် အကြောင်းဖန်လာ သောကြောင့် ဇနီးချောဖြစ်သူနှင့် မလိုက်သွားဖြစ်ခဲ့ချေ။ သို့သော် ရုပ်ရှင်ကုမ္ပဏီက ဝင်းမင်းသန်း၏ တောင်းဆို ချက်အရ မစ္စစ်ဖရန်စီးစ် ကော့ပလန်ဆိုသူ အမျိုးသမီးကြီးကို ဝင်းမင်းသန်း၏ အတွင်းရေးမှူးအဖြစ် လိုက်ပါခွင့်ပေး ခဲ့ရသည်။ လန်ဒန်မြို့နှင့် အမေရိကန်တခွင် ဝင်းမင်းသန်း လှည့်လည်ရာတွင် ထိုအမျိုးသမီးမှာ သူ့အနား၌အမြဲ တစေ စောင့်ရှောက်လိုက်ပါခဲ့သည်။

အမေရိကန်တွင် လုပ်ငန်းတာဝန်ပြီးဆုံးပြီးနောက် ဝင်းမင်းသန်းသည် ဂျပန်ပြည်သို့ ရောက်ရှိနေသော လင်တော်မောင်ထံ အမြန်ဆုံးသွားရောက်တွေ့ဆုံခဲ့သည်။ အကြင်လင်မယားအဖြစ် အခါလည်ကျော်ကျော်ရှိသောအခါ ၁၉၅၆ခုနှစ်၌ သားဦးလေး “အာကာစင်္ကြာ” ထွန်းကားခဲ့သည်။ ဝင်းမင်းသန်းသည် မိမိရင်သွေး အာကာစင်္ကြာကိုသာမက လင်တော်မောင်၏ ပထမအိမ် ထောင် မှ ဖွားမြင်သည့် သားသမီး၃ဦးကိုလည်း မိမိ၏ရင်နှစ်သီးချာပမာ ပြုစုယုယပိုက်ထွေးခဲ့သည်။

ဝင်းမင်းသန်းပါဝင်ရိုက်ကူးပေးခဲ့သော ခရမ်းရောင် လွင်ပြင်သည် အောင်မြင်မှုရရှိကာ ပရိတ်သတ် အထူး နှစ်ခြိုက်မှုရရှိခဲ့သည်။ ဝင်းမင်းသန်းသည် မူရင်းဝတ္ထု၌ ခရမ်းရောင်လွင်ပြင်တွင် ဇာတ်လိုက်မင်းသမီးလုပ်သူသည်အဝတ်များ မလုံ့တလုံဝတ်ဆင်၍ ရေချိုးသည့်အခန်းများ အတော်များများပါရှိခဲ့သည်။ သို့ရာတွင် ဝင်းမင်းသန်း၏ ဣန္ဒြေ စောင့်စီးမှုနှင့် ခေါင်းမာမှုတို့ကြောင့် ဟောလီးဝုဒ် ဒါရိုက်တာကြီးသည် သူအလွန်မက်မောလှသော ရေချိုးသည့် အခန်းများကို ရိုက်ကူးခွင့်မရဘဲ ချန်လှပ်ပေးခဲ့ရသည်။

ရိုက်ကွင်းခေတ္တနားနေစဉ် အိန္ဒိယဘုံဘေဂရိုနီကယ်သတင်းစာကြီး၏ သတင်းထောက်တစ်ဦးက ခရမ်းရောင်လွင်ပြင်ပြီးနောက် ဟောလီးဝုဒ်တွင် ဆက်၍ ဇာတ်ကားများ ရိုက်ကူးပါဦးမည်လားဟုမေးမြန်းခဲ့ရာ ဝင်းမင်းသန်းက “ကျမ ရုပ်ရှင်မင်းသမီးဆက်ပြီးမလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရုပ်ရှင်ပညာ သည်တို့ရဲ့ဘဝဟာ သဘာဝတယ်ပြီးတော့ မကျတဲ့အပြင် ဟန်ဆောင်မှုတွေများလွန်းလို့ပါပဲ။ နောက်ပြီး ဟောလီးဝုဒ်က ဣတ္ထိယအသွင်အပြင်ဆိုတဲ့ စွဲမက်ဖွယ်ရာ မက်လုံးပေးမှုတွေကို (Glamour) ရောင်းကုန်အနေမျိုး နဲ့ ဗန်းပြစေချင်လွန်းတော့ ကျမတို့လို ဗမာအမျိုးသမီးများနဲ့ နည်းနည်းမှ မကိုက်ညီပါဘူး။ ကျမအဖို့ဆိုရင် အမေရိကန် ကချေသည်တို့ရဲ့ ဓလေ့ဖြစ်တဲ့ ခြေဖေါ်၊ ပေါင်ဖေါ် အလုပ်မျိုးတွေကို အရှက်မရှိတဲ့ လုပ်ရပ်ဟု ယူဆ တာကြောင့် ခက်ခဲလှပါတယ်ပြီးတော့ဗမာအမျိုးသမီးတွေရဲ့ယဉ်ကျေးသိမ်မွေ့ဣန္ဒြေသိက္ခာရှိမှုတွေကိုလည်း စောင့်ထိန်းစေချင်တာကြောင့်မရိုက်ချင်တာလည်းပါပါတယ်” ဟူ၍ ဖြေကြားခဲ့သည်။

ဝင်းမင်းသန်း၏ ခင်ပွန်းဖြစ်သူ ဗိုလ်စင်္ကြာသည်ထိုစဉ်က ဗမာ့လေကြောင်းပို့ဆောင်ရေး လေကြောင်းကုမ္ပဏီနှင့် သီရိစင်္ကြာ ကုမ္ပဏီများတည်ထောင်၍ စီးပွားရေး အောင်မြင်မှုရရှိနေသောကြောင့်ဝင်းမင်းသန်း၏ ဘဝသည် မကြောင့်မကြ ပျော်ရွှင်ချမ်းမြေ့၍ သစ္စာမပျက် မေတ္တာဖက်၍ ရွှေလက်မြဲမြဲဖြင့် အိမ်ထောင်သည်ဘဝခရီးကို အတူတူလျှောက်လှမ်းနိုင်ခဲ့သော်လည်း မကြာမှီမှာပင် မမျှော်လင့်သော ကြမ္မာဆိုး ဗွေဖောက်မှုကြောင့်အပူနှောက်ခဲ့ရပါသည်။ ခင်ပွန်းဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများအားလုံး တော်လှန်ရေးကောင်စီအစိုးရတက်လာပြီးနောက် ၁၉၆၄မတ်လ၂၈ရက်နေ့ တွင် ပြည်သူပိုင်အသိမ်းခံလိုက်ရသည်။

ခင်ပွန်းဖြစ်သူဗိုလ်စင်္ကြာသည်လည်းမြန်မာနိုင်ငံတွင် နေထိုင်မဖြစ်နိုင်သည့် အခြေအနေကြောင့် ၁၉၆၅ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လျှို့ဝှက်စွာ ထွက်ပြေးခဲ့ရသည်။ ၁၉၆၆ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၌ အမျိုးသားလွတ် မြောက်ရေးကောင်းစီ၌ ပါဝင်လှုပ်ရှား၍ ၁၉၆၉ ဩဂုတ်လ ၆ရက်နေ့တွင် ဦးနုအဖွဲ့ထိုင်းနိုင်ငံသို့ ရောက်ရှိ လာသောအခါ ယင်းအဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

ထို့နောက်အစိုးရပုန်ကန်သူဘဝဖြင့် ၁၉၆၉ စက်တင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ ဝင်းမင်းသန်းသည် သားဖြစ်သူ အာကာစင်္ကြာနှင့်အတူ ဩစတြေးလျ နိုင်ငံသို့ ပြောင်းရွှေ့၍ ဩစတြေးလျ နိုင်ငံ သူအဖြစ် ခံယူကာ အမြဲတမ်းနေထိုင်လျက်ရှိသည်။ မည်သို့ဆိုစေ ကမ္ဘာ့ရုပ်ရှင်လောက၌ ဇာတ်ကားတကားဖြင့် ကမ္ဘာသိကျော်ကြားကား မြန်မာ့ဂုဏ်ကို မြှင့် တင်ခဲ့သော ရုပ်ရှင်မင်းသမီးအဖြစ် ယနေ့တိုင် ကမ္ဗည်းတင်လျက်ရှိသည်ကိုမူ မည်သူမျှ မငြင်းနိုင်ပေ။

သန်းဝင်းလှိုင်(မိုးမခဂျာနယ်)

Leave a Reply