ဘာေၾကာင့္ ကမာၻမွာ လ တစ္စင္းပဲ ရွိရတာလဲ

Posted on

ေရးသားသူ – သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ)

ကမၻာရဲ႕ ေျခာက္ပံု တစ္ပံုသာရွိတဲ့ ပလူတိုျဂိဳဟ္သိမ္မွာ ျဂိဳဟ္ရံလ ၅ စင္းရွိတယ္။ ေနအဖြဲ႔အစည္းထဲက အၾကီးဆံုး ဂ်ဴပီတာမွာ ျဂိဳဟ္ရံလ ၆၇ စင္းရွိတယ္..။ ဘာျဖစ္လို႔ ကမၻာမွာ လတစ္စင္းထဲ ရွိရတာလဲ…။

ေနအဖြဲ႔အစည္းအတြင္းက ျဂိဳဟ္ေတြကို အတြင္းပိုင္း ျဂိဳဟ္မ်ား(မာက်ဴရီ၊ ဗီးနပ္စ္၊ ကမၻာ ႏွင့္ မားစ္)နဲ႔ အျပင္ပိုင္း ျဂိဳဟ္မ်ား (ဂ်ဴပီတာ၊ ေစတန္၊ ယူေရးနပ္စ္၊ နပ္ပကြ်န္း) စသည္ျဖင့္ ခဲြျခားၾကည့္မယ္ဆိုလွ်င္…အတြင္းျဂိဳဟ္ ၄ ခုေပါင္းမွ ျဂိဳဟ္ရံလ ၃ စင္းပဲ ရွိတာကိုေတြ႔ရမွာျဖစ္ပါတယ္။ မာက်ဴရီနဲ႔ ဗီးနပ္စ္မွာ ျဂိဳဟ္ရံလ မရွိပါဘူး။ ကမၻာမွာ တစ္ခု၊ အဂၤါျဂိဳဟ္ (မားစ္) မွာ ၂ ခု ရွိပါတယ္။

အျပင္ျဂိဳဟ္ေတြကို ၾကည့္လိုက္လွ်င္.. ဂ်ဴပီတာမွာ ၆၇ စင္း၊ ေစတန္းမွာ အစင္း ၆၀၊ ယူေရးနပ္စ္မွာ ၂၇ စင္း နဲ႔ နက္ပကြ်န္းမွာ ၁၄ စင္း ရွိတာကို ေတြ႔ရပါတယ္။ ပလူတို ျဂိဳဟ္သိမ္ေလးမွာေတာင္ ျဂိဳဟ္ရံလ ၅ စင္းရွိေနပါတယ္။

ျဂိဳဟ္ရံလေတြ ျဖစ္ေပၚပံုကို သံုးသပ္ၾကည့္တဲ့အခါမွာ ျဖစ္ေပၚလာႏိုင္ေခ် သီအိုရီ (၃) မ်ိဳးကို သြားေတြ႔ရပါတယ္။

(၁) အျခား ျဂိဳဟ္သိမ္ တစ္ခုခုႏွင့္ တိုက္မိရာက ျဂိဳဟ္ရံလ ျဖစ္လာႏိုင္ပါတယ္။
(၂) ျဂိဳဟ္ရဲ႔ ဆြဲငင္အားေၾကာင့္ ျဂိဳဟ္ရံလကို ဖမ္းယူလိုက္တာ ျဖစ္ႏိုင္ပါတယ္။
(၃) ျဂိဳဟ္ေတြ ျဖစ္ေပၚခ်ိန္မွာ လွည့္ပါတ္မႈ အရွိန္ေၾကာင့္ အနီးတဝိုက္က ေက်ာက္သားေတြ စုေဝးရာက ျဖစ္ေပၚလာႏိုင္ပါတယ္။

က်ေနာ္တို႔ ကမၻာရဲ႔ လဟာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄.၅ ဘီလီယံက အဂၤါျဂိဳဟ္ အရြယ္အစားေလာက္ရွိတဲ့ သီယာ (Theia) ဆိုတဲ့ ျဂိဳဟ္တစ္ခုနဲ႔ တိုက္မိခဲ့ရာက လြင့္ထြက္သြားတဲ့ အစိတ္အပိုင္းေတြ စုစည္းျပီး ျဖစ္လာတာပါ။ ပထမ သီအိုရီနဲ႔ တိုက္ဆိုင္ပါတယ္။

အဂၤါျဂိဳဟ္ရဲ႔ ျဂိဳဟ္ရံလ ၂ စင္းျဖစ္တဲ့ ပိုေဘာ့စ္ နဲ႔ ဒီေမာ့စ္ ကေတာ့ အဂၤါျဂိဳဟ္အနား လာကပ္တဲ့ ဥကၠာခဲ ၂ လံုးကို ျဂိဳဟ္က ဖမ္းယူထားတာျဖစ္ပါတယ္။ အဂၤါျဂိဳဟ္အေနာက္မွာက ျဂိဳဟ္ပတ္ကြင္း (Asteroid Belt) တစ္ခုရွိေတာ့ ျဂိဳဟ္သိမ္ ျဂိဳဟ္ပဲ့ေတြ လြင့္လာႏိုင္တာေပါ့။ ပလူတိုျဂိဳဟ္လည္း ထိုနည္း၎ပါပဲ..။ ဒုတိယ သီအိုရီနဲ႔ ကိုက္ညီပါတယ္။

တတိယ သီအိုရီကေတာ့ ဂ်ဴပီတာ တို႔ ေစတန္ျဂိဳဟ္တို႔ရဲ႔ လေတြ ျဖစ္ေပၚလာတာနဲ႔ တူပါတယ္။ သူတို႔ရဲ႔ ၾကီးမားတဲ့ ျဖစ္ထြန္းမႈေၾကာင့္ပဲ မ်ားျပားလွတဲ့ ျဂိဳဟ္ရံလေတြ ပိုင္ဆိုင္ႏိုင္ၾကတာပါ။

ေနအဖြဲ႔အစည္းအတြင္းက ရာနဲ႔ ခ်ီတဲ့ ျဂိဳဟ္ရံလေတြထဲမွာ ကမာၻနဲ႔ ဘူမိေဗဒ အေနအထား တူညီႏိုင္တဲ့ လ ေတြ ရွိပါတယ္။ ဥပမာ ေျပာရရင္ ဂ်ဴပီတာရဲ႔ အၾကီးဆံုးလ ျဖစ္တဲ့ ဂန္မီဒီး မွာ ပင္လယ္ေသလို ဆားငန္ေရေတြရွိတယ္။ ယူရိုပါမွာဆိုရင္ က်ေနာ္တို႔ ကမာၻထက္ေတာင္ မ်ားျပားတဲ့ ေရ ေတြ ရွိေနပါတယ္။ ထိုေနရာေတြမွာ သက္ရွိေတြ ရွိေနႏိုင္မယ္ဆိုလွ်င္ေတာ့…..က်ေနာ္တို႔လူသားေတြဟာ တစ္ခ်ိန္ခ်ိန္မွာ ျဂိဳဟ္ရံလေတြအေပၚဆင္းသက္ျပီး ေလ့လာစူးစမ္းမႈေတြ ျပဳလုပ္သြားမွာပဲ ျဖစ္ပါေတာ့တယ္…။

အနာဂတ္ ပညာေရးအတြက္..
သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ)


ဘာကြောင့် ကမ္ဘာမှာ လ တစ်စင်းပဲ ရှိရတာလဲ (unicode)

ရေးသားသူ – သန့်ဦး (အာကာသနှင့် စကြဝဠာ)

ကမ္ဘာရဲ့ ခြောက်ပုံ တစ်ပုံသာရှိတဲ့ ပလူတိုဂြိုဟ်သိမ်မှာ ဂြိုဟ်ရံလ ၅ စင်းရှိတယ်။ နေအဖွဲ့အစည်းထဲက အကြီးဆုံး ဂျူပီတာမှာ ဂြိုဟ်ရံလ ၆၇ စင်းရှိတယ်..။ ဘာဖြစ်လို့ ကမ္ဘာမှာ လတစ်စင်းထဲ ရှိရတာလဲ…။

နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေကို အတွင်းပိုင်း ဂြိုဟ်များ(မာကျူရီ၊ ဗီးနပ်စ်၊ ကမ္ဘာ နှင့် မားစ်)နဲ့ အပြင်ပိုင်း ဂြိုဟ်များ (ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်၊ နပ်ပကျွန်း) စသည်ဖြင့် ခွဲခြားကြည့်မယ်ဆိုလျှင်…အတွင်းဂြိုဟ် ၄ ခုပေါင်းမှ ဂြိုဟ်ရံလ ၃ စင်းပဲ ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ မာကျူရီနဲ့ ဗီးနပ်စ်မှာ ဂြိုဟ်ရံလ မရှိပါဘူး။ ကမ္ဘာမှာ တစ်ခု၊ အင်္ဂါဂြိုဟ် (မားစ်) မှာ ၂ ခု ရှိပါတယ်။

အပြင်ဂြိုဟ်တွေကို ကြည့်လိုက်လျှင်.. ဂျူပီတာမှာ ၆၇ စင်း၊ စေတန်းမှာ အစင်း ၆၀၊ ယူရေးနပ်စ်မှာ ၂၇ စင်း နဲ့ နက်ပကျွန်းမှာ ၁၄ စင်း ရှိတာကို တွေ့ရပါတယ်။ ပလူတို ဂြိုဟ်သိမ်လေးမှာတောင် ဂြိုဟ်ရံလ ၅ စင်းရှိနေပါတယ်။

ဂြိုဟ်ရံလတွေ ဖြစ်ပေါ်ပုံကို သုံးသပ်ကြည့်တဲ့အခါမှာ ဖြစ်ပေါ်လာနိုင်ချေ သီအိုရီ (၃) မျိုးကို သွားတွေ့ရပါတယ်။

(၁) အခြား ဂြိုဟ်သိမ် တစ်ခုခုနှင့် တိုက်မိရာက ဂြိုဟ်ရံလ ဖြစ်လာနိုင်ပါတယ်။
(၂) ဂြိုဟ်ရဲ့ ဆွဲငင်အားကြောင့် ဂြိုဟ်ရံလကို ဖမ်းယူလိုက်တာ ဖြစ်နိုင်ပါတယ်။
(၃) ဂြိုဟ်တွေ ဖြစ်ပေါ်ချိန်မှာ လှည့်ပါတ်မှု အရှိန်ကြောင့် အနီးတဝိုက်က ကျောက်သားတွေ စုဝေးရာက ဖြစ်ပေါ်လာနိုင်ပါတယ်။

ကျနော်တို့ ကမ္ဘာရဲ့ လဟာ လွန်ခဲ့သော နှစ်ပေါင်း ၄.၅ ဘီလီယံက အင်္ဂါဂြိုဟ် အရွယ်အစားလောက်ရှိတဲ့ သီယာ (Theia) ဆိုတဲ့ ဂြိုဟ်တစ်ခုနဲ့ တိုက်မိခဲ့ရာက လွင့်ထွက်သွားတဲ့ အစိတ်အပိုင်းတွေ စုစည်းပြီး ဖြစ်လာတာပါ။ ပထမ သီအိုရီနဲ့ တိုက်ဆိုင်ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ရံလ ၂ စင်းဖြစ်တဲ့ ပိုဘော့စ် နဲ့ ဒီမော့စ် ကတော့ အင်္ဂါဂြိုဟ်အနား လာကပ်တဲ့ ဥက္ကာခဲ ၂ လုံးကို ဂြိုဟ်က ဖမ်းယူထားတာဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်အနောက်မှာက ဂြိုဟ်ပတ်ကွင်း (Asteroid Belt) တစ်ခုရှိတော့ ဂြိုဟ်သိမ် ဂြိုဟ်ပဲ့တွေ လွင့်လာနိုင်တာပေါ့။ ပလူတိုဂြိုဟ်လည်း ထိုနည်း၎င်းပါပဲ..။ ဒုတိယ သီအိုရီနဲ့ ကိုက်ညီပါတယ်။

တတိယ သီအိုရီကတော့ ဂျူပီတာ တို့ စေတန်ဂြိုဟ်တို့ရဲ့ လတွေ ဖြစ်ပေါ်လာတာနဲ့ တူပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ ဖြစ်ထွန်းမှုကြောင့်ပဲ များပြားလှတဲ့ ဂြိုဟ်ရံလတွေ ပိုင်ဆိုင်နိုင်ကြတာပါ။

နေအဖွဲ့အစည်းအတွင်းက ရာနဲ့ ချီတဲ့ ဂြိုဟ်ရံလတွေထဲမှာ ကမ္ဘာနဲ့ ဘူမိဗေဒ အနေအထား တူညီနိုင်တဲ့ လ တွေ ရှိပါတယ်။ ဥပမာ ပြောရရင် ဂျူပီတာရဲ့ အကြီးဆုံးလ ဖြစ်တဲ့ ဂန်မီဒီး မှာ ပင်လယ်သေလို ဆားငန်ရေတွေရှိတယ်။ ယူရိုပါမှာဆိုရင် ကျနော်တို့ ကမ္ဘာထက်တောင် များပြားတဲ့ ရေ တွေ ရှိနေပါတယ်။ ထိုနေရာတွေမှာ သက်ရှိတွေ ရှိနေနိုင်မယ်ဆိုလျှင်တော့…..ကျနော်တို့လူသားတွေဟာ တစ်ချိန်ချိန်မှာ ဂြိုဟ်ရံလတွေအပေါ်ဆင်းသက်ပြီး လေ့လာစူးစမ်းမှုတွေ ပြုလုပ်သွားမှာပဲ ဖြစ်ပါတော့တယ်…။

အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

Leave a Reply