ေက်ာင္းတက္ရင္္ ပိုက္ဆံမကုန္တဲ့အျပင္ ပိုက္ဆံပါထပ္ရေသးတဲ့ ဒိန္းမတ္ႏုိင္ငံရဲ႕ ပညာေရး

Posted on

ဒိန္းမတ္ႏုိင္ငံဟာ ပညာေရးကို အထူးအားေပးတဲ့ႏိုင္ငံတစ္ႏုိင္ငံျဖစ္ၿပီး ၁၈၁၄ခုႏွစ္ကတည္းက စလုိ႔ မူလတန္းပညာ မသင္မေနရ စနစ္ကုိက်င့္သုံးခဲ့တဲ့ ႏုိင္ငံလည္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒိန္းမတ္ႏုိင္ငံသားတုိင္းနီးပါး(၉၉%) စာတတ္ေျမာက္ၾကတာပဲျဖစ္ပါတယ္။ အခမဲ့ ပညာေရးစနစ္ကုိ က်င့္သုံးတာေၾကာင့္ ဒိန္းမတ္ႏုိင္ငံမွာ ေက်ာင္းတက္တဲ့ႏုိင္ငံသားေတြဟာ ေက်ာင္းတက္ရာမွာ ပုိက္ဆံမကုန္တဲ့အျပင္ ပုိက္ဆံေတာင္ထပ္ရပါေသးတယ္။

အလယ္တန္း၊ အထက္တန္းနဲ႔ တကၠသိုလ္ေက်ာင္းသားအားလံုးကို ပိုက္ဆံ ေပးပါတယ္။ မူလတန္းကေန တကၠသိုလ္ျပီးတဲ့အထိ၊ ပါရဂူဘြဲ႔ ယူတဲ့အထိ ဘာေက်ာင္းလခမွ ေပးစရာ မလိုပါဘူး။ မလိုတ့ဲ အျပင္ ေထာက္ပံ့ေၾကးေငြေတာင္ ေပးပါေသးတယ္။

မူလတန္းမ်ား၊ Secondary, အလယ္တန္း ေက်ာင္းသူေက်ာင္းသားမ်ား အတြက္ မိဘရဲ ႔ စီးပြားေရး အေျခအေနကို ၾကည့္ျပီး ေက်ာင္းလခ အကန္႔အသတ္ မရွိ ေထာက္ပံ့ေပးပါတယ္။ ေက်ာင္းလခေတာင္ မဟုတ္ ပါဘူး။ ေနစရိတ္စားစရိတ္ပါ ေထာက္ပံ့ေပးတာ ျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္ ၂၀ ႏွစ္ ဝန္းက်င္ ေကာလိပ္တန္း၊ တကၠသိုလ္တန္း ဝင္ဖို႔ ေျဖဆုိေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားကိုေတာ့ တစ္လကို အေမရိကန္ေဒၚလာ ၉၆၀ ေထာက္ပံ့ပါတယ္။ ဆင္းရဲတယ္ဆုိတာကို သက္ေသ အေထာက္အထားနဲ႔ ျပႏိုင္ရင္ တစ္မိသားစုလံုး စားေသာက္ဖို႔ေတာင္ ေထာက္ပံ့ ပါတယ္။

ေကာလိပ္၊ တကၠသိုလ္၊ အကဲဒမစ္၊ ဒီဂရီ ေက်ာင္းသူ၊ ေက်ာင္းသား မ်ားအတြက္ ေထာက္ပံ့ေၾကးက ပိုမ်ားပါတယ္။ တစ္လကို အေမရိကန္ေဒၚလာ ၉၆၀ နဲ႔မေလာက္တဲ့အတြက္ အေျခအေနကို ၾကည့္ျပီး ယင္းအထက္ ေထာက္ပံ့ပါတယ္။ ဒီအတြက္ ေျခာက္ႏွစ္သတ္မွတ္ထားေပး ပါတယ္။ ေျခာက္ႏွစ္စာ ေထာက္ပံ့ေပးျပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒီဂရီ ေမဂ်ာ ေနာက္တစ္ခုကို စိတ္ကူးေပါက္လို႔ တစ္ႏွစ္အရွံုးခံျပီး ေျပာင္း ရင္ေတာင္ ေထာက္ပံ့ေၾကးက ေပးျမဲ ျဖစ္ပါတယ္။

မသန္မစြမ္း ေက်ာင္းသူ၊ေက်ာင္းသား မ်ားအတြက္ ေထာက္ပံ့ေၾကး ဘယ္ အသက္အရြယ္မေရြးကိုမဆုိ အပုိေပးပါတယ္။ သာမန္ရေနတဲ့ ေထာက္ ပံ့ေၾကး အျပင္ တစ္လကို အေမရိကန္ေဒၚလာ ၁၃၆၄ ေဒၚလာ အပိုထပ္ရပါေသးတယ္။

တကၠသိုလ္ဘြဲ႔ရျပီး မာစတာ တက္မယ့္ သူမ်ား က်ေတာ့ ေကာလိပ္အဆင့္ (Tertiary education) မွာ မပါေတာ့တဲ့အတြက္ ေထာက္ပံ့ေၾကးေငြ မရေတာ့ ပါဘူး။ သို႔ေပမယ့္ ဒီထက္ပိုေကာင္းတာ ရပါတယ္။ တကၠသိုလ္ရဲ ႔ သုေသတနဌာနေတြမွာ အလုပ္ရျပီး သူတို႔ရဲ ႔ တစ္ႏွစ္ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၁၈၀၀၀ (၁ေသာင္း ၈ ေထာင္) ဝန္းက်င္မွာ ရွိပါတယ္။ Ph.D တက္ေနတုန္း အခက္အခဲမ်ားကို ေသခ်ာ ေထာက္ျပ တင္ျပႏိုင္ရင္ ေထာက္ပံ့ေၾကးေငြလည္း ဆက္ရအံုးမွာ ျဖစ္ပါတယ္။

အထက္ပါ ေငြေတြကို ဒိန္းမတ္အစိုးရက အလကားေပးလိုက္တယ္လို႔ မသတ္မွတ္ပါဘူး။ တစ္ေန႔ လုပ္ငန္းခြင္ဝင္တဲ့အခါ ျပန္ဆပ္ရမယ့္ ဆုိတဲ့ ေခ်းေငြ သေဘာနဲ႔ ေပးတာ ျဖစ္ပါတယ္။ သုိ႔ေပမယ့္ ေက်ာင္းျပီးျပီး ၁၅ ႏွစ္ၾကာေတာင္ ယင္းေခ်ေငြ ျပန္မေပးလည္း ဘာမွ ဥပေဒနဲ႔ ညွိစြန္းမုွ မရွိဘူးလို႔ ဆုိပါတယ္။

ဒါေၾကာင့္ ဒိန္းမတ္ႏိုင္ငံဟာ ပညာေရးစနစ္တစ္ခုလံုး အခမဲ့ ျဖစ္တဲ့အျပင္ ပိုက္ဆံေတာင္ ရပါေသးတယ္။ ႏုိင္ငံကေသး၊ လူဦးေရးကလည္း နည္း၊ ဝင္ေငြမ်ားတဲ့ တိုင္းျပည္လည္း ျဖစ္ေတာ့ ပညာေရး စနစ္ကို အေကာင္းဆံုး ဖန္တီးပါတယ္။ က်ဴရွင္လည္း မရွိပါဘူး။ ယေန႔အထိ ပညာေရး စနစ္ တစ္ခုလံုး အခမဲ့ျဖစ္ျပီး ေက်ာင္းသားေတြကိုေတာင္ ပိုက္ဆံ ေပးတဲ့အတြက္ ကမၻာမွာ ထူးျခားအံ့ၾသဖြယ္ ပညာေရး ဦးစားေပးတဲ့ ႏိုင္ငံအျဖစ္ အသတ္မွတ္ ခံထားရေၾကာင္း သိရပါတယ္။

Via : International news for Myanmar
———————
ကျောင်းတက်ရင် ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံပါရတဲ့ ဒိန်းမတ်နိုင်ငံရဲ့ ပညာရေး (unicode)

ဒိန်းမတ်နိုင်ငံဟာ ပညာရေးကို အထူးအားပေးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၈၁၄ခုနှစ်ကတည်းက စလို့ မူလတန်းပညာ မသင်မနေရ စနစ်ကိုကျင့်သုံးခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒိန်းမတ်နိုင်ငံသားတိုင်းနီးပါး(၉၉%) စာတတ်မြောက်ကြတာပဲဖြစ်ပါတယ်။ အခမဲ့ ပညာရေးစနစ်ကို ကျင့်သုံးတာကြောင့် ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်တဲ့နိုင်ငံသားတွေဟာ ကျောင်းတက်ရာမှာ ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံတောင်ထပ်ရပါသေးတယ်။

အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။

မူလတန်းများ၊ Secondary, အလယ်တန်း ကျောင်းသူကျောင်းသားများ အတွက် မိဘရဲ့ စီးပွားရေး အခြေအနေကို ကြည့်ပြီး ကျောင်းလခ အကန့်အသတ် မရှိ ထောက်ပံ့ပေးပါတယ်။ ကျောင်းလခတောင် မဟုတ် ပါဘူး။ နေစရိတ်စားစရိတ်ပါ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ် ၂၀ နှစ် ဝန်းကျင် ကောလိပ်တန်း၊ တက္ကသိုလ်တန်း ဝင်ဖို့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူ များကိုတော့ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ ထောက်ပံ့ပါတယ်။ ဆင်းရဲတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြနိုင်ရင် တစ်မိသားစုလုံး စားသောက်ဖို့တောင် ထောက်ပံ့ ပါတယ်။

ကောလိပ်၊ တက္ကသိုလ်၊ အကဲဒမစ်၊ ဒီဂရီ ကျောင်းသူ၊ ကျောင်းသား များအတွက် ထောက်ပံ့ကြေးက ပိုများပါတယ်။ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ နဲ့မလောက်တဲ့အတွက် အခြေအနေကို ကြည့်ပြီး ယင်းအထက် ထောက်ပံ့ပါတယ်။ ဒီအတွက် ခြောက်နှစ်သတ်မှတ်ထားပေး ပါတယ်။ ခြောက်နှစ်စာ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီဂရီ မေဂျာ နောက်တစ်ခုကို စိတ်ကူးပေါက်လို့ တစ်နှစ်အရှုံးခံပြီး ပြောင်း ရင်တောင် ထောက်ပံ့ကြေးက ပေးမြဲ ဖြစ်ပါတယ်။

မသန်မစွမ်း ကျောင်းသူ၊ကျောင်းသား များအတွက် ထောက်ပံ့ကြေး ဘယ် အသက်အရွယ်မရွေးကိုမဆို အပိုပေးပါတယ်။ သာမန်ရနေတဲ့ ထောက် ပံ့ကြေး အပြင် တစ်လကို အမေရိကန်ဒေါ်လာ ၁၃၆၄ ဒေါ်လာ အပိုထပ်ရပါသေးတယ်။

တက္ကသိုလ်ဘွဲ့ရပြီး မာစတာ တက်မယ့် သူများ ကျတော့ ကောလိပ်အဆင့် (Tertiary education) မှာ မပါတော့တဲ့အတွက် ထောက်ပံ့ကြေးငွေ မရတော့ ပါဘူး။ သို့ပေမယ့် ဒီထက်ပိုကောင်းတာ ရပါတယ်။ တက္ကသိုလ်ရဲ့ သုသေတနဌာနတွေမှာ အလုပ်ရပြီး သူတို့ရဲ့ တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀ (၁သောင်း ၈ ထောင်) ဝန်းကျင်မှာ ရှိပါတယ်။ Ph.D တက်နေတုန်း အခက်အခဲများကို သေချာ ထောက်ပြ တင်ပြနိုင်ရင် ထောက်ပံ့ကြေးငွေလည်း ဆက်ရအုံးမှာ ဖြစ်ပါတယ်။

အထက်ပါ ငွေတွေကို ဒိန်းမတ်အစိုးရက အလကားပေးလိုက်တယ်လို့ မသတ်မှတ်ပါဘူး။ တစ်နေ့ လုပ်ငန်းခွင်ဝင်တဲ့အခါ ပြန်ဆပ်ရမယ့် ဆိုတဲ့ ချေးငွေ သဘောနဲ့ ပေးတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျောင်းပြီးပြီး ၁၅ နှစ်ကြာတောင် ယင်းချေငွေ ပြန်မပေးလည်း ဘာမှ ဥပဒေနဲ့ ညှိစွန်းမုွ မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒိန်းမတ်နိုင်ငံဟာ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ ဖြစ်တဲ့အပြင် ပိုက်ဆံတောင် ရပါသေးတယ်။ နိုင်ငံကသေး၊ လူဦးရေးကလည်း နည်း၊ ဝင်ငွေများတဲ့ တိုင်းပြည်လည်း ဖြစ်တော့ ပညာရေး စနစ်ကို အကောင်းဆုံး ဖန်တီးပါတယ်။ ကျူရှင်လည်း မရှိပါဘူး။ ယနေ့အထိ ပညာရေး စနစ် တစ်ခုလုံး အခမဲ့ဖြစ်ပြီး ကျောင်းသားတွေကိုတောင် ပိုက်ဆံ ပေးတဲ့အတွက် ကမ္ဘာမှာ ထူးခြားအံ့ဩဖွယ် ပညာရေး ဦးစားပေးတဲ့ နိုင်ငံအဖြစ် အသတ်မှတ် ခံထားရကြောင်း သိရပါတယ်။

Via : International news for Myanmar

Leave a Reply