ဖီးနစ္လား…ဇာမဏီ လား…စာမရီ လား

Posted on

ေရးသားသူ – မင္းအရိပ္

ကြ်န္ေတာ္ က ဒ႑ာရီေတြ၊ ဘာေတြ ကုိ စိတ္၀င္စားတယ္ ဗ်။ ဘာပဲေျပာေျပာ ဒ႑ာရီ ဆုိတာလည္း သက္ဆုိင္ရာ လူမ်ိဳးေတြ ရဲ႔ ယဥ္ေက်းမႈ နဲ႔ အေတြးအျမင္ ကုိ ေဖာ္ျပေပးႏုိင္တယ္မဟုတ္လား။ ဖီးနစ္ငွက္ အေႀကာင္း ကုိေတာ႔ ၀တၳဳေတြ ဘာေတြ စဖတ္ တဲ႔ အခ်ိန္ကတည္း က ေရးေရးေလး သိေနခဲ႔တာ ပါ။ ဒီ ငွက္ က အင္မတန္ တင္စားလုိ႔ ေကာင္းတယ္ မဟုတ္လား။ ဒ႑ာရီ ဖန္တီး ခဲ႔ သူကလည္း တင္စားေဖာ္ျပ ဖုိ႔ ဖန္တီးခဲ႔တာနဲ႔ တူပါရဲ႔။

ဖီးနစ္ငွက္ ဆုိတာ ဂရိ ဒ႑ာရီလာ သတၱ၀ါ တစ္ေကာင္ေပါ႔၊ ဘ၀သစ္ ကုိ ဖန္ဆင္း ဖုိ႔ ကုိယ္႔ အသက္ ကုိယ္ စေတးတဲ႔ ငွက္ အျဖစ္ လူသိမ်ားပါတယ္။ အသက္ရွည္ျခင္း၊ ဘ၀သစ္ ဖန္ဆင္းရန္ မိမိအသက္ ကုိ မိမိ စေတးျခင္း၊ ျပာပုံ ထဲမွ တစ္ဖန္ျပန္လည္ႏုိး ထ လာျခင္း စတာေတြဟာ လူေတြ အားက်ေလာက္ တဲ႔ ဖီးနစ္ ရဲ႔ ၀ိေသသ လကၡဏာေတြ ပါပဲ။

ပညာရွင္ေတြ ကေတာ႔ ဖီးနစ္ ငွက္ဟာ ေနမင္း သူရိန္၊ အခ်ိန္ ကာလ၊ ဘ၀ နိဗၺာန္၊ အပ်ိဳစင္၊ ပုံမွန္ထက္ ထူးျခားေသာ လူသား နဲ႔ ဘာသာေရး ဆက္ႏြယ္ တဲ႔ ပုံရိပ္ေတြ (ဥပမာ ခရစ္ေတာ္၊ မယ္ေတာ္ေမရီ) စတာေတြ ရဲ႔ သေကၤတ၊ ရွင္ျပန္ ထေျမာက္ျခင္းရဲ႔ သေကၤတျဖစ္တယ္လုိ႔ ဆုိႀကပါတယ္။

ဖီးနစ္ငွက္ ဟာ အသက္ အင္မတန္ ရွည္တဲ႔ ငွက္ပါ၊ ဒါေပမယ္႔ အုိမင္း တတ္ပါတယ္၊ သူ တျဖည္းျဖည္း အိုမင္း လာတဲ႔ အခါမွာ ေနာက္ဆုံး မီးပုံ ထဲမွာ ကုိယ္႔အသက္ ကုိယ္ စေတးလုိက္ ပါတယ္၊ အဲဒီေနာက္ မွာေတာ႔ အခ်ိန္ တစ္ခု အတုိင္းအတာ အတြင္း သူ႔ကုိယ္ သူ မီးရႈိ႔သျဂိဳၤလ္ ထားတဲ႔ ျပာပုံထဲ ကေန ဘ၀အသစ္ တစ္ခု ျပန္ လည္ ရွင္သန္ေမြးဖြားအစျပဳေစပါတယ္။

သည္လုိ အင္မတန္ စိတ္၀င္စားစရာေကာင္းတဲ႔ ဒ႑ာရီ ထဲက ဖီးနစ္ငွက္ အေႀကာင္း သိလာျပီးတဲ႔ေနာက္မွာ ကြ်န္ေတာ္႔ေခါင္းထဲ ကုိ ဇာမဏီ ငွက္ ဆုိတဲ႔ ေ၀ါဟာရ တစ္မ်ိဳး က ခ်ဥ္းနင္း၀င္ေရာက္လာတယ္။ ဇာမဏီ ငွက္ ဆုိတာ ဘာပါ လိမ္႔ေပါ႔။

ျမန္မာ႔ ယဥ္ေက်းမႈ နဲ႔ ရုိးရာ စာေပေတြမွာေတာ႔ စာမရီ၊ ဇာမဏီ ဆုိတာ ကုိ ေတာ္ေတာ္အေလး ဂရုေပးျပီး ေဖာ္ျပေလ့ ရွိတာကလား။ ကြ်န္ေတာ္႔ ရဲ႕ေခ်ာက္တီးေခ်ာက္ခ်က္ အေတြး တိမ္တိမ္ေလးထဲ မေတာ႔ ဇာမဏီ ဆုိတာ ျမန္မာဒ႑ာရီ ထဲက ဖီးနစ္ငွက္ ပဲ ျဖစ္ရမယ္ လုိ႔ ေတြးမိတယ္။

ဂရိ ဒ႑ာရီ မွာ ဖီးနစ္ ဆုိတာ အင္မတန္ အေလးဂရုေပးရ တဲ႔ ေ၀ါဟာရျဖစ္သလုိ စာမရီ (ဇာမဏီ) ဆုိတာ လဲ ျမန္မာ စာေပပညာရွင္ေတြ က ေခတ္ အဆက္ဆက္ အေလးဂရုေပးခဲ႔တဲ႔ ေ၀ါဟာရ မဟုတ္လား။ ဇာမဏီ ရဲ႕အေမႊးအေတာင္ ကုိ ေရွးျမန္မာေတြ က တန္ဖုိးထားႀကတယ္ လုိ႔ ဆုိေလေတာ႔လည္း ေဒါင္း လုိပဲ ငွက္ သတၱ၀ါလုိ႔ ယူဆ လုိက္တာပါ။

စာမရီ ယပ္ ဆုိတာ ကုိလဲ ျမန္မာ ဘုရင္ေတြက အင္မတန္ တန္ဖုိးထားႀကတယ္ေလ။ ဒီ အေတြးေလး ကုိ လက္ခံ ရင္းေနလာ လုိက္တာ ဖီးနစ္ ဆုိတာ နဲ႔ ဇာမဏီ ဆုိတာကုိ ခဏခဏျမင္လာ ရေတာ႔ အဓိပၸါယ္ တူရင္ တစ္လုံး ပဲ သုံးရ မွာ ဘာလုိ႔ နွစ္လုံးသုံး ပါလိမ္႔လုိ႔ ေတြးမိလာျပန္တယ္။

သည္လုိ နဲ႔ ဇာမဏီ ဟာ ဘာလဲ စိတ္၀င္စားေနမိ တဲ႔ အခ်ိန္ မွာပဲ ကေမၻာဇေဆာင္းႏွင္းလႈိင္ ေရး တဲ႔ စာမရီျပႆ နာ ဆုိတဲ႔ ေဆာင္းပါးေလး ဖတ္မိမွပဲ အမေလး လြဲပါေပါ႔လားလုိ႔ ေရရြတ္ မိပါေတာ႔တယ္။

ဒါလဲ လူက မေက်နပ္ေသးဘူးဗ်၊ ထပ္ရွာျပန္ေတာ႔ ျမန္မာ႔ စြယ္စုံက်မ္း ထဲမွာ ထပ္ေတြ႔ပါတယ္။ ဒီေတာ႔မွ ကုိယ္႔ အေတြးေတြ မွားခဲ႔ေႀကာင္း လက္ခံ လုိက္ရပါေတာ႔တယ္။ျမန္မာ႔ စြယ္စုံက်မ္းတုိ႔၊ ကေမၻာဇေဆာင္းႏွင္းလႈိင္ ရဲ႔ ေဆာင္းပါး တုိ႔ မွာေတာ႔ သက္ေသ၊ သကၠာရ အျပည္႔ အစုံ နဲ႔ ေရးသား တင္ျပထားေပမယ္႔ စာေလး မွာ စုိးလုိ႔ ကြ်န္ေတာ္ အႀကမ္းဖ်င္းပဲ ေရးျပသြားပါမယ္ေနာ္။

တကယ္ေတာ႔ စာမရီ ဆုိတာ ငွက္မ်ိဳးႏြယ္ မဟုတ္ပါဘူးတဲ႔… ေအာင္း(Yak) လုိ႔ ေခၚတဲ႔ ႏြားမ်ိဳးႏြယ္ ပါတဲ႔ဗ်ာ။ အင္း… လြဲခ်က္ ကေတာ႔ နည္းနည္းေလး ပါပဲေနာ္…

စြယ္စုံက်မ္းထဲမွာေတာ့ စာမရီအေၾကာင္းကို ဒီလုိေဖာ္ျပထားပါတယ္။

စာမရီ (Yak) သည္ ႏြားမ်ိဳးရင္းဝင္ျဖစ္၍ ယင္းကို “ေအာင္း”ဟူ၍လည္းေခၚၾကသည္။ ေျမမ်က္ႏွာျပင္မွ ေပ ၁၆ဝဝဝ ေက်ာ္ျမင့္ေသာ တိဗက္ေဒသတြင္ ေတြ႕ရသည္။ အိႏၵိယႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံရွိ အခ်ိဳ႕ေဒသမ်ားတြင္လည္း ေတြ႕ႏိုင္သည္။ စာမရီ၏ အျမင့္သည္ ပခုံး၌တိုင္းလၽွင္ ၆ ေပေက်ာ္သည္။ ကိုယ္အေလးခ်ိန္ ေပါင္ ၁ဝဝဝ ေက်ာ္စီးသည္။ အေရာင္မွာ အနက္ သို႔မဟုတ္ အၫိုရင့္ေရာင္ျဖစ္သည္။ အေမြးမ်ားသည္ ႏု၍ရွည္သည္။ အထူးသျဖင့္ အၿမီး၊ ေျခေထာက္ႏွင့္ ကိုယ္ေအာက္ပိုင္းရွိ အေမြးမွာ ပို၍ရွည္သည္။ တစ္ခါတစ္ရံ ေျမႀကီး၌ပင္ တ႐ြတ္ဆြဲလ်က္ရွိသည္။

ကိုယ္ထည္ ေလးေသာ္လည္း စာမရီသည္ လ်င္ျမန္ေပါ့ပါး၏။ ေရခဲေနေသာ ေတာင္ေစာင္းမ်ားကို ေလၽွာခ်ႏိုင္သည္။ အလြန္ေရစီးသန္သည့္ ျမစ္ကိုလည္း ကူးျဖတ္ႏိုင္သည္။ မတ္ေစာက္သည့္ ေတာင္ေစာင္းမ်ားကိုလည္း ေျပးတက္ႏိုင္သည္။ စာမရီ အထီး အမ ႏွစ္ေကာင္စလုံး၌ ဦးခ်ိဳမ်ား ရွိၾကသည္။ ရန္သူႏွင့္ေတြ႕၍ မေရွာင္သာသည့္အခါ တဟုန္ထိုး တိုက္ခိုက္တတ္သည္။ ထိုေၾကာင့္ စာမရီမ်ားကို ပစ္ခတ္ရန္မွာ ေဘးမ်ားလွသည္။ တိဗက္ႏိုင္ငံတြင္ စာမရီကို ႏွစ္ေပါင္းမ်ားစြာကပင္ ေမြးျမဴလာခဲ့ၾက၏။

ယဥ္ပါးၿပီး စာမရီမ်ားကို ဝန္တင္တိရစၧာန္အျဖစ္ အသုံးျပဳၾကသည္။ စာမရီ၏ ႏို႔ရည္ကို ေထာပတ္ခ်က္သည္။ အသားကို စားၾကသည္။ အေမြးကို ႀကိဳးက်စ္ၾကသည္။ အထည္လည္း ရက္ယူၾကသည္။ သားေရကို ကုန္းႏွီး၊ က်ာပြတ္၊ ေနာက္ပိတ္ဖိနပ္ လုပ္ၾကသည္။ အေမြးမ်ားသည့္ အၿမီးကိုမူ အနီေရာင္ဆိုးၿပီး ပြဲလမ္းသဘင္မ်ား လွည့္ရာတြင္ သားၿမီးယပ္အျဖစ္ အသုံးျပဳၾကသည္။

သည္လုိနဲ႔ တကယ္႔ စာမရီ သားေကာင္ ရဲ႔ ပုံစစ္စစ္ ကုိ ျမင္လုိက္ရတဲ႔ အခါ ကြ်န္ေတာ္ ေတာ္ေတာ္ေလး အံ႔ႀသ သြားရပါေတာ႔တယ္။ ၾကည္႔ပါဦး… လွလဲ မလွဘူး၊ ႏြားတုိ႔၊ ကြ်ဲ တုိ႔နဲ႔ ဘာမ်ား ကြာျခားလုိ႔ပါလဲ။

ဘာေႀကာင္႔ မ်ား ေရွးျမန္မာ႔ ပညာရွင္ေတြ က သည္ သတၱ၀ါ ကုိ စာတစ္တန္ ၊ေပတစ္တန္ နဲ႔ ဖြဲ႔ႏြဲ႔စပ္ ဆုိခဲ႔ႀက ပါလိမ္႔ဆုိတာ ကြ်န္ေတာ္႔ အေတြးထဲ ေမးခြန္းျဖစ္လာေတာ႔တယ္။

သည္ေမးခြန္း ရဲ႔ အေျဖ ကုိေတာ႔ ကေမၻာဇေဆာင္းႏွင္းလႈိင္ ရဲ႕ေဆာင္းပါးက ေျဖထားေပးပါတယ္။ စာမရီ ဟာ မိမိ ရဲ႔ ျမီးဆံ ကုိ အလြန္ တန္ဖုိးထားတဲ႔ အေႀကာင္း၊ အသြားမေတာ္ လုိ႔ ျခဳံ၊ႏြယ္ မွာ ျငိမိ ရင္ေတာင္မွ အေမြး တစ္ပင္ အကြ်တ္ မခံ၊ မရုန္း မကန္ အသက္ သာ အေသခံတတ္တဲ႔ အေႀကာင္း၊ ေသသြားတဲ႔ အခါ ျမီးဆံ နဲ႔ သားမီးယပ္ လုပ္လုိ လွ်င္ အလွ မပ်က္ နဂုိ အတုိင္း ရပါေစ ဆုိတဲ႔ စိတ္ေစတနာ မြန္မ်ိဳး ရွိတဲ႔အေႀကာင္း သိႏုိင္ပါတယ္။

အင္း… ဟုတ္ေပတာေပါ႔ေနာ္… စာမရီ ဆုိတာ သူ႔ျမီးဆံ ကုိ အသက္ထက္ တန္ဖုိးထားတယ္ မဟုတ္လား။ သည္ လုိပဲ ျမန္မာ စာေပပညာရွင္ေတြ ကလဲ လူသားေတြ အေနနဲ႔ မိမိ ရဲ႔ သီလ ကုိ စာမရီ က သူ႔ျမီးဆံ ကုိ အသက္ အေသခံျပီး တန္ဖုိးထား သလုိ လူသားေတြ အေနနဲ႔ မိမိ ရဲ႔ သီလ ကုိ ထပ္တူ တန္ဖုိး ထားႀကဖုိ႔ တင္စား တုိက္တြန္းခဲ႔တာ ျဖစ္ပါတယ္။

ကုိယ္ တန္ဖုိးထားတဲ အရာကုိ အသက္နဲ ႔လဲ ေစာင္႔ေရွာက္ေလ႔ ရွိတဲ႔ သူတုိင္း၊ သတၱ၀ါတုိင္း ကုိ စာေပ ပညာရွင္၊ ပညာရွိ မ်ားက စာမရီနဲ႔ ခုိင္းႏႈိင္းတာပါပဲ။

စာမရီ အၿမီးနဲ႔ျပဳလုပ္ထားတဲ့ သားမီယပ္

ဒီအျပင္ စာမရီျမီးယပ္ ဆုိတာ တိဘက္ က တဆင္႔ လာမွ ျမန္မာ ဘုရင္ေတြ ရႏုိင္တာ မဟုတ္လား။ သည္ေတာ႔ ရွားပါး ပစၥည္းဆုိ တန္ဖုိးထားေလ ႔ရွိတဲ႔ လူ႔သဘာ၀ အတုိင္း ျမန္မာ ဘုရင္ေတြေရာ၊ ျမန္မာ လူထုေရာ တန္ဖုိးထား ခဲ႔တာျဖစ္ သလုိ ပညာရွင္ အဆက္ဆက္ စာမရီ ကုိ ပမာျပဳခုိင္းႏႈိင္းျပီး ဆုံးမ ခဲ႔ႀကေလေတာ႔ စာမရီ ဆုိတာ ျမန္မာ႔စာေပ မွာ အေလးအျမတ္ျပဳ စရာ သတၱ၀ါျဖစ္လာခဲ႔တာပါ။

ဒါ႔အျပင္ ျမန္မာ စာေပေတြမွာ ျမင္ေတြ႔ရေလ႔ ရွိတဲ႔ စာျမီ၊ ဇာျမီ၊ စာမရီ၊ ဇာမရီ၊ ဇာမဏီ ဆုိတာ စာမရီ သားေကာင္ တစ္မ်ိဳးထဲ ကုိ ရည္ညႊန္း တာသာျဖစ္ေႀကာင္း ကေမၻာဇေဆာင္းႏွင္းလႈိင္ က ေဆာင္းပါး ထဲမွာ ေဖာ္ျပေရးသား ထားပါတယ္။

သည္လုိ နဲ႔ ကြ်န္ေတာ္ လဲ ဖီးနစ္ နဲ႔ ျမန္မာစာေပထဲက ဇာမဏိီ လားလား မွ် မတူညီေႀကာင္း သိလုိက္ ရပါျပီ။ ဘာပဲေျပာေျပာ ဖီးနစ္ ဟာလဲ ဂရိ ဒ႑ာရီ မွာ အေလးအျမတ္ ထားတဲ႔ ငွက္မ်ိဳးျဖစ္သလုိ စာမရီ (ဇာမဏီ) ဟာလည္း ျမန္မာ စာေပသမုိင္း မွာ အေလးအျမတ္ျပဳ ရတဲ႔ သတၱ၀ါျဖစ္ပါတယ္။

ရည္ညႊန္း ခ်က္ခ်င္း မတူညီေပမယ္႔ လုိ႔ ႏွစ္မ်ိဳး စလုံးဟာ ျမတ္ႏုိး တန္ဖုိး ထားစရာမ်ား ပဲ မဟုတ္ပါလားခင္ဗ်ာ။

ေရာင္စုံ အခန္းငယ္


ဖီးနစ်လား…ဇာမဏီ လား…စာမရီ လား (unicode)

ရေးသားသူ – မင်းအရိပ်

ကျွန်တော် က ဒဏ္ဍာရီတွေ၊ ဘာတွေ ကို စိတ်ဝင်စားတယ် ဗျ။ ဘာပဲပြောပြော ဒဏ္ဍာရီ ဆိုတာလည်း သက်ဆိုင်ရာ လူမျိုးတွေ ရဲ့ ယဉ်ကျေးမှု နဲ့ အတွေးအမြင် ကို ဖော်ပြပေးနိုင်တယ်မဟုတ်လား။ ဖီးနစ်ငှက် အကြောင်း ကိုတော့ ဝတ္ထုတွေ ဘာတွေ စဖတ် တဲ့ အချိန်ကတည်း က ရေးရေးလေး သိနေခဲ့တာ ပါ။ ဒီ ငှက် က အင်မတန် တင်စားလို့ ကောင်းတယ် မဟုတ်လား။ ဒဏ္ဍာရီ ဖန်တီး ခဲ့ သူကလည်း တင်စားဖော်ပြ ဖို့ ဖန်တီးခဲ့တာနဲ့ တူပါရဲ့။

ဖီးနစ်ငှက် ဆိုတာ ဂရိ ဒဏ္ဍာရီလာ သတ္တဝါ တစ်ကောင်ပေါ့၊ ဘဝသစ် ကို ဖန်ဆင်း ဖို့ ကိုယ့် အသက် ကိုယ် စတေးတဲ့ ငှက် အဖြစ် လူသိများပါတယ်။ အသက်ရှည်ခြင်း၊ ဘဝသစ် ဖန်ဆင်းရန် မိမိအသက် ကို မိမိ စတေးခြင်း၊ ပြာပုံ ထဲမှ တစ်ဖန်ပြန်လည်နိုး ထ လာခြင်း စတာတွေဟာ လူတွေ အားကျလောက် တဲ့ ဖီးနစ် ရဲ့ ဝိသေသ လက္ခဏာတွေ ပါပဲ။

ပညာရှင်တွေ ကတော့ ဖီးနစ် ငှက်ဟာ နေမင်း သူရိန်၊ အချိန် ကာလ၊ ဘ၀ နိဗ္ဗာန်၊ အပျိုစင်၊ ပုံမှန်ထက် ထူးခြားသော လူသား နဲ့ ဘာသာရေး ဆက်နွယ် တဲ့ ပုံရိပ်တွေ (ဥပမာ ခရစ်တော်၊ မယ်တော်မေရီ) စတာတွေ ရဲ့ သင်္ကေတ၊ ရှင်ပြန် ထမြောက်ခြင်းရဲ့ သင်္ကေတဖြစ်တယ်လို့ ဆိုကြပါတယ်။

ဖီးနစ်ငှက် ဟာ အသက် အင်မတန် ရှည်တဲ့ ငှက်ပါ၊ ဒါပေမယ့် အိုမင်း တတ်ပါတယ်၊ သူ တဖြည်းဖြည်း အိုမင်း လာတဲ့ အခါမှာ နောက်ဆုံး မီးပုံ ထဲမှာ ကိုယ့်အသက် ကိုယ် စတေးလိုက် ပါတယ်၊ အဲဒီနောက် မှာတော့ အချိန် တစ်ခု အတိုင်းအတာ အတွင်း သူ့ကိုယ် သူ မီးရှို့သဂြိုၤလ် ထားတဲ့ ပြာပုံထဲ ကနေ ဘဝအသစ် တစ်ခု ပြန် လည် ရှင်သန်မွေးဖွားအစပြုစေပါတယ်။

သည်လို အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီ ထဲက ဖီးနစ်ငှက် အကြောင်း သိလာပြီးတဲ့နောက်မှာ ကျွန်တော့်ခေါင်းထဲ ကို ဇာမဏီ ငှက် ဆိုတဲ့ ဝေါဟာရ တစ်မျိုး က ချဉ်းနင်းဝင်ရောက်လာတယ်။ ဇာမဏီ ငှက် ဆိုတာ ဘာပါ လိမ့်ပေါ့။

မြန်မာ့ ယဉ်ကျေးမှု နဲ့ ရိုးရာ စာပေတွေမှာတော့ စာမရီ၊ ဇာမဏီ ဆိုတာ ကို တော်တော်အလေး ဂရုပေးပြီး ဖော်ပြလေ့ ရှိတာကလား။ ကျွန်တော့် ရဲ့ချောက်တီးချောက်ချက် အတွေး တိမ်တိမ်လေးထဲ မတော့ ဇာမဏီ ဆိုတာ မြန်မာဒဏ္ဍာရီ ထဲက ဖီးနစ်ငှက် ပဲ ဖြစ်ရမယ် လို့ တွေးမိတယ်။

ဂရိ ဒဏ္ဍာရီ မှာ ဖီးနစ် ဆိုတာ အင်မတန် အလေးဂရုပေးရ တဲ့ ဝေါဟာရဖြစ်သလို စာမရီ (ဇာမဏီ) ဆိုတာ လဲ မြန်မာ စာပေပညာရှင်တွေ က ခေတ် အဆက်ဆက် အလေးဂရုပေးခဲ့တဲ့ ဝေါဟာရ မဟုတ်လား။ ဇာမဏီ ရဲ့အမွှေးအတောင် ကို ရှေးမြန်မာတွေ က တန်ဖိုးထားကြတယ် လို့ ဆိုလေတော့လည်း ဒေါင်း လိုပဲ ငှက် သတ္တဝါလို့ ယူဆ လိုက်တာပါ။

စာမရီ ယပ် ဆိုတာ ကိုလဲ မြန်မာ ဘုရင်တွေက အင်မတန် တန်ဖိုးထားကြတယ်လေ။ ဒီ အတွေးလေး ကို လက်ခံ ရင်းနေလာ လိုက်တာ ဖီးနစ် ဆိုတာ နဲ့ ဇာမဏီ ဆိုတာကို ခဏခဏမြင်လာ ရတော့ အဓိပ္ပါယ် တူရင် တစ်လုံး ပဲ သုံးရ မှာ ဘာလို့ နှစ်လုံးသုံး ပါလိမ့်လို့ တွေးမိလာပြန်တယ်။

သည်လို နဲ့ ဇာမဏီ ဟာ ဘာလဲ စိတ်ဝင်စားနေမိ တဲ့ အချိန် မှာပဲ ကမ္ဘောဇဆောင်းနှင်းလှိုင် ရေး တဲ့ စာမရီပြဿ နာ ဆိုတဲ့ ဆောင်းပါးလေး ဖတ်မိမှပဲ အမလေး လွဲပါပေါ့လားလို့ ရေရွတ် မိပါတော့တယ်။

ဒါလဲ လူက မကျေနပ်သေးဘူးဗျ၊ ထပ်ရှာပြန်တော့ မြန်မာ့ စွယ်စုံကျမ်း ထဲမှာ ထပ်တွေ့ပါတယ်။ ဒီတော့မှ ကိုယ့် အတွေးတွေ မှားခဲ့ကြောင်း လက်ခံ လိုက်ရပါတော့တယ်။မြန်မာ့ စွယ်စုံကျမ်းတို့၊ ကမ္ဘောဇဆောင်းနှင်းလှိုင် ရဲ့ ဆောင်းပါး တို့ မှာတော့ သက်သေ၊ သက္ကာရ အပြည့် အစုံ နဲ့ ရေးသား တင်ပြထားပေမယ့် စာလေး မှာ စိုးလို့ ကျွန်တော် အကြမ်းဖျင်းပဲ ရေးပြသွားပါမယ်နော်။

တကယ်တော့ စာမရီ ဆိုတာ ငှက်မျိုးနွယ် မဟုတ်ပါဘူးတဲ့… အောင်း(Yak) လို့ ခေါ်တဲ့ နွားမျိုးနွယ် ပါတဲ့ဗျာ။ အင်း… လွဲချက် ကတော့ နည်းနည်းလေး ပါပဲနော်…

စွယ်စုံကျမ်းထဲမှာတော့ စာမရီအကြောင်းကို ဒီလိုဖော်ပြထားပါတယ်။

စာမရီ (Yak) သည် နွားမျိုးရင်းဝင်ဖြစ်၍ ယင်းကို “အောင်း”ဟူ၍လည်းခေါ်ကြသည်။ မြေမျက်နှာပြင်မှ ပေ ၁၆ဝဝဝ ကျော်မြင့်သော တိဗက်ဒေသတွင် တွေ့ရသည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံရှိ အချို့ဒေသများတွင်လည်း တွေ့နိုင်သည်။ စာမရီ၏ အမြင့်သည် ပခုံး၌တိုင်းလျှင် ၆ ပေကျော်သည်။ ကိုယ်အလေးချိန် ပေါင် ၁ဝဝဝ ကျော်စီးသည်။ အရောင်မှာ အနက် သို့မဟုတ် အညိုရင့်ရောင်ဖြစ်သည်။ အမွေးများသည် နု၍ရှည်သည်။ အထူးသဖြင့် အမြီး၊ ခြေထောက်နှင့် ကိုယ်အောက်ပိုင်းရှိ အမွေးမှာ ပို၍ရှည်သည်။ တစ်ခါတစ်ရံ မြေကြီး၌ပင် တရွတ်ဆွဲလျက်ရှိသည်။

ကိုယ်ထည် လေးသော်လည်း စာမရီသည် လျင်မြန်ပေါ့ပါး၏။ ရေခဲနေသော တောင်စောင်းများကို လျှောချနိုင်သည်။ အလွန်ရေစီးသန်သည့် မြစ်ကိုလည်း ကူးဖြတ်နိုင်သည်။ မတ်စောက်သည့် တောင်စောင်းများကိုလည်း ပြေးတက်နိုင်သည်။ စာမရီ အထီး အမ နှစ်ကောင်စလုံး၌ ဦးချိုများ ရှိကြသည်။ ရန်သူနှင့်တွေ့၍ မရှောင်သာသည့်အခါ တဟုန်ထိုး တိုက်ခိုက်တတ်သည်။ ထိုကြောင့် စာမရီများကို ပစ်ခတ်ရန်မှာ ဘေးများလှသည်။ တိဗက်နိုင်ငံတွင် စာမရီကို နှစ်ပေါင်းများစွာကပင် မွေးမြူလာခဲ့ကြ၏။

ယဉ်ပါးပြီး စာမရီများကို ဝန်တင်တိရစ္ဆာန်အဖြစ် အသုံးပြုကြသည်။ စာမရီ၏ နို့ရည်ကို ထောပတ်ချက်သည်။ အသားကို စားကြသည်။ အမွေးကို ကြိုးကျစ်ကြသည်။ အထည်လည်း ရက်ယူကြသည်။ သားရေကို ကုန်းနှီး၊ ကျာပွတ်၊ နောက်ပိတ်ဖိနပ် လုပ်ကြသည်။ အမွေးများသည့် အမြီးကိုမူ အနီရောင်ဆိုးပြီး ပွဲလမ်းသဘင်များ လှည့်ရာတွင် သားမြီးယပ်အဖြစ် အသုံးပြုကြသည်။

သည်လိုနဲ့ တကယ့် စာမရီ သားကောင် ရဲ့ ပုံစစ်စစ် ကို မြင်လိုက်ရတဲ့ အခါ ကျွန်တော် တော်တော်လေး အံ့ဩ သွားရပါတော့တယ်။ ကြည့်ပါဦး… လှလဲ မလှဘူး၊ နွားတို့၊ ကျွဲ တို့နဲ့ ဘာများ ကွာခြားလို့ပါလဲ။

ဘာကြောင့် များ ရှေးမြန်မာ့ ပညာရှင်တွေ က သည် သတ္တဝါ ကို စာတစ်တန် ၊ပေတစ်တန် နဲ့ ဖွဲ့နွဲ့စပ် ဆိုခဲ့ကြ ပါလိမ့်ဆိုတာ ကျွန်တော့် အတွေးထဲ မေးခွန်းဖြစ်လာတော့တယ်။

သည်မေးခွန်း ရဲ့ အဖြေ ကိုတော့ ကမ္ဘောဇဆောင်းနှင်းလှိုင် ရဲ့ဆောင်းပါးက ဖြေထားပေးပါတယ်။ စာမရီ ဟာ မိမိ ရဲ့ မြီးဆံ ကို အလွန် တန်ဖိုးထားတဲ့ အကြောင်း၊ အသွားမတော် လို့ ခြုံ၊နွယ် မှာ ငြိမိ ရင်တောင်မှ အမွေး တစ်ပင် အကျွတ် မခံ၊ မရုန်း မကန် အသက် သာ အသေခံတတ်တဲ့ အကြောင်း၊ သေသွားတဲ့ အခါ မြီးဆံ နဲ့ သားမီးယပ် လုပ်လို လျှင် အလှ မပျက် နဂို အတိုင်း ရပါစေ ဆိုတဲ့ စိတ်စေတနာ မွန်မျိုး ရှိတဲ့အကြောင်း သိနိုင်ပါတယ်။

အင်း… ဟုတ်ပေတာပေါ့နော်… စာမရီ ဆိုတာ သူ့မြီးဆံ ကို အသက်ထက် တန်ဖိုးထားတယ် မဟုတ်လား။ သည် လိုပဲ မြန်မာ စာပေပညာရှင်တွေ ကလဲ လူသားတွေ အနေနဲ့ မိမိ ရဲ့ သီလ ကို စာမရီ က သူ့မြီးဆံ ကို အသက် အသေခံပြီး တန်ဖိုးထား သလို လူသားတွေ အနေနဲ့ မိမိ ရဲ့ သီလ ကို ထပ်တူ တန်ဖိုး ထားကြဖို့ တင်စား တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ကိုယ် တန်ဖိုးထားတဲ အရာကို အသက်နဲ့လဲ စောင့်ရှောက်လေ့ ရှိတဲ့ သူတိုင်း၊ သတ္တဝါတိုင်း ကို စာပေ ပညာရှင်၊ ပညာရှိ များက စာမရီနဲ့ ခိုင်းနှိုင်းတာပါပဲ။

ဒီအပြင် စာမရီမြီးယပ် ဆိုတာ တိဘက် က တဆင့် လာမှ မြန်မာ ဘုရင်တွေ ရနိုင်တာ မဟုတ်လား။ သည်တော့ ရှားပါး ပစ္စည်းဆို တန်ဖိုးထားလေ့ရှိတဲ့ လူ့သဘာ၀ အတိုင်း မြန်မာ ဘုရင်တွေရော၊ မြန်မာ လူထုရော တန်ဖိုးထား ခဲ့တာဖြစ် သလို ပညာရှင် အဆက်ဆက် စာမရီ ကို ပမာပြုခိုင်းနှိုင်းပြီး ဆုံးမ ခဲ့ကြလေတော့ စာမရီ ဆိုတာ မြန်မာ့စာပေ မှာ အလေးအမြတ်ပြု စရာ သတ္တဝါဖြစ်လာခဲ့တာပါ။

ဒါ့အပြင် မြန်မာ စာပေတွေမှာ မြင်တွေ့ရလေ့ ရှိတဲ့ စာမြီ၊ ဇာမြီ၊ စာမရီ၊ ဇာမရီ၊ ဇာမဏီ ဆိုတာ စာမရီ သားကောင် တစ်မျိုးထဲ ကို ရည်ညွှန်း တာသာဖြစ်ကြောင်း ကမ္ဘောဇဆောင်းနှင်းလှိုင် က ဆောင်းပါး ထဲမှာ ဖော်ပြရေးသား ထားပါတယ်။

သည်လို နဲ့ ကျွန်တော် လဲ ဖီးနစ် နဲ့ မြန်မာစာပေထဲက ဇာမဏီ လားလား မျှ မတူညီကြောင်း သိလိုက် ရပါပြီ။ ဘာပဲပြောပြော ဖီးနစ် ဟာလဲ ဂရိ ဒဏ္ဍာရီ မှာ အလေးအမြတ် ထားတဲ့ ငှက်မျိုးဖြစ်သလို စာမရီ (ဇာမဏီ) ဟာလည်း မြန်မာ စာပေသမိုင်း မှာ အလေးအမြတ်ပြု ရတဲ့ သတ္တဝါဖြစ်ပါတယ်။

ရည်ညွှန်း ချက်ချင်း မတူညီပေမယ့် လို့ နှစ်မျိုး စလုံးဟာ မြတ်နိုး တန်ဖိုး ထားစရာများ ပဲ မဟုတ်ပါလားခင်ဗျာ။

ရောင်စုံ အခန်းငယ်

Leave a Reply