ကုန္းေဘာင္ေခတ္က ဗီလိန္ႀကီး (သုိ႔) ျမင္ကြန္းမင္းသားႀကီး

Posted on

ျမန္မာ့လြတ္လပ္ေရးဗိသုကာ ဗိုလ္ခ်ဳပ္ကို သတိရသူတိုင္း ဂဠန္ဦးေစာကို စိတ္နာၾကသည္။ ဦးေစာသည္ ကိုလိုနီေခတ္ေႏွာင္းပိုင္း ၏ ဗီလိန္ျဖစ္ သည္။ အခုထိတိုင္ ျပည္သူ မ်ား၏ အခဲမေၾကမႈ အမုန္းဒါဏ္ကို ခံေနရ တုန္းပင္။ ထို႔အတူ ျမန္မာနိုင္ငံကို စက္မႈနိုင္ငံျဖစ္ေစရန္ႀကိဳးပမ္းခဲ့ေသာ ကေနာင္မင္းသားႀကီးကို သတိရသူတိုင္းကလည္း ျမင္ကြန္း မင္းသားကို မေမ့ႏိုင္ၾကေသး။ ျမန္မာနိုင္ငံကို ပ်က္စီးေစခဲ့သူအျဖစ္ သတ္မွတ္ၾကသည္။

ကုန္းေဘာင္မင္းဆက္ တည္ေထာင္သူ အေလာင္းမင္းတရား နတ္႐ြာစံ ခါနီးတြင္ ‘ငါသားႀကီးမ်ား အစဥ္အတိုင္းမင္းျပဳရစ္’ ဟု မွာၾကားခဲ့သည့္ အတိုင္း သားေတာ္ႀကီး ေနာင္ေတာ္ႀကီးမင္းက သူမင္းျပဳၿပီးေနာက္ ၊ ညီေတာ္ ဆင္ျဖဴရွင္ ေျမဒူးမင္းကို ဆက္ခံေစခဲ့သည္။ သို႔ေသာ္ေျမဒူးမင္း က ဖခင္မွာသည့္အတိုင္း မလုပ္ပဲ သားေတာ္စဥ့္ကူးမင္းကို အိမ္ေရွ႕အ ရာေပးခဲ့သည္။ ထို႔ေနာက္ ေဖာင္စားကားေမာင္ေမာင္ ၊ ဘိုးေတာ္ဗဒုံမင္း ၊ ဘႀကီးေတာ္စစ္ကိုင္းမင္း ၊ ပုဂံမင္း အသီးသီးနန္းတက္ခဲ့ေသာ္လည္း အေလာင္းမင္း တရား၏ စကားကို နားေထာင္ခဲ့သူ မွာ ေနာင္ေတာ္ႀကီး မင္းတစ္ပါးသာရွိသည္။

ထိုအစဥ္အလာကို မင္းတုန္းမင္းက ျပန္လည္ျပဳျပင္သည့္အေနျဖင့္ ညီေတာ္ကေနာင္မင္းသားႀကီးကို အိမ္ေရွ႕အရာေပးအပ္ခဲ့သည္။ သားေတာ္မ်ားက မေက်နပ္ၾက။ ေက်နပ္ သည္ျဖစ္ေစ မေက်နပ္ သည္ျဖစ္ေစ ကေနာင္မင္းသားႀကီး၏ အစြမ္းကိုသိၿပီးျဖစ္၍ အားလုံးၿငိမ္ သက္ေနၾကရသည္။ ထိုသူမ်ားထဲ မပါသူတစ္ေယာက္ရွိသည္။ ျမင္ကြန္း မင္းသား ျဖစ္သည္။ ျမင္ကြန္းမင္းသားသည္ ကေနာင္မင္းသားကိုသာမက မင္းတုန္းမင္းကိုပင္ မထီမဲ့ျမင္ ဆန့္က်င္ရဲသူျဖစ္သည္။ ျမင္ကြန္းမင္းသား သည္ ေ႐ႊေရးေဆာင္မိဖုရားမွ ဖြား ျမင္ေသာ သားေတာ္ျဖစ္သည္။ ငယ္မည္ ေမာင္မ်ိဳးေအးျဖစ္ၿပီး ဘြဲ႕မွာသီလဝ ျဖစ္သည္။ ျမင္ကြန္းၿမိဳ႕ကို စားရေသာေၾကာင့္ ျမင္ကြန္းမင္းသားဟုေခၚၿပီး သားေတာ္အႀကီးဆုံး ၊ သတၱိဗ်တၱိႏွင့္ စိတ္အထက္ဆုံးျဖစ္သည္။

တစ္ေန႔မင္းတုန္းမင္းႀကီးက သားေတာ္ႀကီးမ်ားစုံညီစြာခစားမိလွ်င္ ၿပဳံးေတာ္မူလွ်က္ ‘ကိုင္း ငါ့သားမ်ား ခမည္းေတာ္ကို ပြဲေတာ္ဟင္းမ်ား ကိုယ္ ခ်က္တတ္ရာ သား၊ ငါးမ်ားကို ကိုယ္တိုင္ခ်က္ၿပီး ဆက္သၾကစမ္းပါ၊ ၿမိန္ရွက္စြာ ပြဲေတာ္တည္လိုတယ္’ ဟု ဆႏၵမရွိေသာ္လည္း ခ်စ္ခင္သည့္ ပရိယာယ္ျဖင့္ မိန့္လွ်င္သားေတာ္ႀကီးမ်ားက ဘယ္ဟင္း ဘယ္လိုခ်က္ တတ္ေၾကာင္းေလွ်ာက္တင္ၾကသည္။ ျမင္ကြန္းမင္းသား အလွည့္တြင္မူ ‘မွန္လွပါ။ ဘုရားသားေတာ္ အမဲသားဟင္း ခ်က္တတ္ေၾကာင္းပါ ဘုရား’ ဟု ေလွ်ာက္တင္လွ်င္ မင္းတုန္းမင္းမွာ ‘ဟင္’ ဟုသာ တစ္လုံးတည္း ထြက္ၿပီးမ်က္ႏွာေတာ္ညို၍ အတြင္းေတာ္သို႔ဝင္ေလသည္။ မင္းတုန္း မင္းသည္ အမဲသားဟင္းကို ဘယ္ေသာအခါမွ ပြဲေတာ္မတည္သလို ေနျပည္ေတာ္တြင္ ကြၽဲႏြားမ်ား မသတ္ရ မစားရဟု အမိန့္ထုတ္ထား သည္ကို သိသိရက္ႏွင့္ ေလွ်ာက္တင္လိုက္ျခင္းျဖစ္သည္။ ျမင္ကြန္း မင္းသားသည္ ထိုသို႔ေသာသူမ်ိဳးျဖစ္သည္။

တစ္ခါကလည္း မင္းတုန္းမင္းက မိဖုရားမ်ားကို မုန့္ဖုတ္ခိုင္းေလသည္။ မိဖုရားမ်ားက မုန့္ဖုတ္ၿပီး ဆက္သသည့္အခါ မင္းတုန္းမင္းက မုန့္ အမ်ိဳးမ်ိဳးကို လက္ႏွင့္စမ္းသပ္ေနတုန္း မုန့္တစ္မ်ိဳးမွာ ဖဲ့မရ ျဖတ္မရ ျဖစ္ေနသည္ကို သိေသာအခါ မည္သူဖုတ္သည့္မုန့္လဲဟု လက္သည္ကို ရွာသည္။ လက္သည္မေတြ႕သျဖင့္ လႊင့္ပစ္ရာ ေခြးမ်ားပင္ မစားၾက။ တရားခံမွာ စားစရာေတြရွိပါလွ်က္ မိဖုရားမ်ားကို မုန့္ဖုတ္ခိုင္းရ ပါမလား ဟု ေဒါပြေနေသာ ျမင္ကြန္းမင္းသားပင္ ျဖစ္သည္။ ဆင္ေသ၏ သိုႀကီးကို ဓားျဖင့္လွီးျဖတ္ကာ မုန့္သဖြယ္ေၾကာ္ေပးလိုက္ျခင္းျဖစ္သည္။ မင္းတုန္း မင္းမွာ သိေသာ္လည္း ဘာမွမေျပာေပ။

တစ္ခါကလည္း ျမင္ကြန္းမင္းသားညီေနာင္တို႔ ဥယ်ာဥ္ေတာ္ထဲတြင္ ကစားလြန္ၿပီး မိုးခ်ဳပ္သြားသည္။ အိမ္ေတာ္၌လည္း အေစာင့္မက်န္ရစ္ခဲ့သျဖင့္ ထမင္းဟင္းခ်က္ျပဳတ္ထားမည့္သူလည္း မရွိဘဲျဖစ္ေနရာ တံခါးအထြက္ က်ဳံးအနီး၌ ျမက္စားေနေသာ ဘုရင္၏ မဂၤႏြားျဖဴတစ္ရွဥ္းလုံးကို ဖမ္းကာ ခ်က္ျပဳတ္စားေသာက္ လိုက္သည္။ မင္းတုန္းမင္းသိေသာအခါ အက်ဥ္းခ်ရန္ ညီေတာ္ကေနာင္မင္းသားထံအပ္သည္။ အိမ္ေရွ႕မင္း သားႀကီးက ႏွစ္ပတ္ခ်ဳပ္ၿပီး ျပန္လႊတ္ေပးလိုက္သည္။ အိမ္ေရွ႕စံအေပၚ ျမင္ကြန္းမင္းသား၏ အၿငိဳးမွာလည္း ပိုျပင္းထန္လာခဲ့သည္။

ၿငိဳးပင္ၿငိဳးေသာ္လည္း ကေနာင္မင္းသားႀကီးက အျပစ္မယူ။ တကယ္ေတာ့ ကေနာင္မင္းသားႀကီးမွာ ျမင္ကြန္းမင္းသား၏ ဦးရီးေတာ္ျဖစ္သလို ေယာကၡမလည္းျဖစ္သည္။ ျမင္ကြန္းမင္းသား၏ မိဖုရားမွာ ကေနာင္ မင္းသားႀကီး၏ သမီးေတာ္ျဖစ္သည္။ ျမင္ကြန္းညီေနာင္တို႔ ပုန္ကန္မည့္ အေၾကာင္းကို မိဖုရားက သိရွိၿပီးေနာက္ ကေနာင္မင္းသားႀကီး ထံ လွ်ို႔ဝွက္စြာသံေတာ္ဦးတင္ခဲ့သည္။ ထိုအေၾကာင္း ျမင္ကြန္းမင္းသား သိသြားေသာအခါ “အေဖကိုလင္ထက္ပိုခ်စ္တဲ့ သတၱဝါမ ၊ သြားၿမဲလမ္း ကိုသြားေတာ့” ဟုႀကိမ္း ဝါးၿပီး အဂၤေတေထာင္းေသာ ေမာင္းဆုံထဲသို႔ အရွင္လတ္လတ္ထည့္ေထာင္းၿပီး သတ္ပစ္လိုက္သည္ဟု ဆိုသည္။ အလြန္ရက္စက္တဲ့ ျမင္ကြန္းမင္းသားပါေပ။ ကေနာင္မင္း သားႀကီးမွာ သမီးျဖစ္သူ အသတ္ခံရမွန္းသိေသာ္လည္း ဆူပူမူမ်ားမျဖစ္ေစလိုသျဖင့္ တခါတရံျဖစ္သည္ဟုယူဆကာ ေအးေအးေဆးေဆး ေနခဲ့ေလသည္။ သို႔ေသာ္ ကေနာင္ မင္းသားႀကီးအထင္မွားခဲ့သည္။

၁၈၆၂ ခုႏွစ္ ၾသဂုတ္လ ၂ ရက္ေန႕တြင္ ယာယီလႊတ္ေတာ္အနီး၌ ကေနာင္ မင္းသားႀကီးရွိသည္ ဝန္ႀကီးမ်ားႏွင့္ တိုင္းေရးျပည္ေရးေဆြးေႏြးေနသည္။ ထိုအခ်ိန္တြင္ ျမင္ကြန္းညီေနာင္ႏွစ္ဦးသည္ ကေနာင္မင္းသားႀကီးရွိရာသို႔ “ဦးရီးေတာ္ဘုရား ကယ္ပါဘုရား” ရန္ျဖစ္ေယာင္ေဆာင္ကာ အေျပး ဝင္လာၾကသည္။ ကေနာင္မင္းသားႀကီးက ရန္ျဖစ္ေနသည္ အထင္ႏွင့္ျဖန္ေျဖဖို႔ႀကိဳးစားၿပီးမွ လုပ္ႀကံရန္လာေၾကာင္း သိလိုက္ရသည္။ ဓားေတာ္ကို ယူဖို႔ႀကိဳးစားစဥ္မွာပင္ လုပ္ႀကံခံလိုက္ရသည္။ ျမင္ကြန္းမင္းသားသည္ ကေနာင္မင္းသားႀကီးကိုသာမက မင္းတုန္းမင္းကိုပါ လုပ္ႀကံဖို႔ အစီ အစဥ္ရွိသည္။ သို႔ေသာ္ မင္းတုန္းမင္းမွာ ကံအားေလွ်ာ္စြာ လြတ္ေျမာက္ သြား ခဲ့သည္။ ကေနာင္မင္း သားႀကီးႏွင့္အတူ အားကိုးရသည့္ ဝန္ႀကီး မ်ားစြာက်ဆဳံးခဲ့ေသာ ျမင္ကြန္းျမင္းခုံတိုင္အေရးအခင္းပင္။

ကေနာင္မင္းသားတပ္မ်ားႏွင့္ ဘုရင့္တပ္မ်ား ပူးေပါင္းတိုက္သည့္အခါ ျမင္ကြန္းမင္းသားတပ္မ်ား အေရးနိမ့္ၿပီး ဘုရင္ပိုင္ ေရနန္းစၾကာ သေဘၤာႏွင့္ မလြန္အရပ္သို႔ စုန္ေျပး သြားခဲ့သည္။ ထို႔ေနာက္ အဂၤလိပ္လက္အာက္ သို႔ ခိုလႈံသြားခဲ့သည္။ အဂၤလိပ္တို႔က အစိုးရဆန့္က်င္ေရးေခါင္းေဆာင္အျဖစ္ ရန္ကုန္တြင္ထားရွိသည္။ သီေပါမင္းကို ဖယ္ရွား အစားထိုးရန္ အေကာင္းဆုံး ပုဂၢိဳလ္အျဖစ္ သေဘာထားခဲ့သည္။ သို႔ရာတြင္ အဂၤလိပ္တို႔သည္ ျမင္ကြန္းမင္းသားႏွင့္ ျပင္သစ္တို႔ အဆက္အသြယ္ရသြားမည္စိုး၍ ရန္ကုန္မွတစ္ဆင့္ အက္ဒမန္ကြၽန္း(ကပၸလီကြၽန္း) သို႔ ပို႔လိုက္သည္။ ထိုမွတဖန္ မိုင္ ၆၀ဝ ခန့္ကြာေဝးသည့္ အိႏၵိယျပည္သို႔ပို႔ကာ ကာလကတၱားႏွင့္ ပူနားၿမိဳ႕တို႔တြင္ ေနခဲ့ရျပန္သည္။

အဂၤလိပ္တို႔က စိတ္မခ်၍ ဗာရာဏသီၿမိဳ႕သို႔ ထပ္မံပို႔ကာ အက်ယ္ခ်ဳပ္ဘဝျဖင့္ ေနခဲ့ရေသးသည္။ ၁၈၈၂ခုႏွစ္ ဒီဇင္ဘာလ ၄ ရက္ ညေနတြင္ ျမင္ကြန္းမင္းသားသည္ ဒိုဘီကုလားအဘိုးႀကီးအသြင္႐ုပ္ဖ်က္လွ်က္ ဗာရာဏသီမွ ထြက္ေျပးကာ ျပင္သစ္တို႔ႏွင့္ ဆက္သြယ္ခိုလႈံခဲ့သည္။ ထိုမွ ျပင္သစ္ျပည္ ပါရီသို႔ခိုးထြက္ရန္ႀကံစည္ျပန္သည္။ ျပင္သစ္တို႔က သိရိလကၤာနိုင္ငံ ကိုလံဘိုဆိပ္ကမ္းကို ထပ္ပို႔ခဲ့သည္။ ထိုမွ အိႏၵိယျပည္ ပြန္ဒီခ်ယ္ရီ ထိုေနာက္ ဗီယက္နမ္ နိုင္ငံ ဆိုင္ဂုံၿမိဳ႕ ( ယခုဟိုခ်ီမင္းၿမိဳ႕) တြင္ေနခဲ့ရျပန္သည္။

ထိုအခ်ိန္အထိ ျမင္ကြန္းမင္းသားသည္ ထီးနန္းျပန္ရဖို႔ လက္မေလွ်ာ့ေသး။ ဆရာေတာ္ဦးဥတၱမ ဆိုင္ဂုံကိုေရာက္သည့္ အခ်ိန္တြင္လည္း “အရွင္ဘုရား ၊ တပည့္ေတာ္ ရာဇပလႅင္ေပၚ ဖင္မထိုင္ရသမွ်ေတာ့ ျမန္မာျပည္ကို မျပန္ေတာ့ဘူး” ဟု ေလွ်ာက္ရာ ဆရာေတာ္က “ဒကာႀကီး၊ ခဲတစ္လုံးေရထဲခ်က အသံျမည္ပါလိမ့္မည္၊ ျမန္မာျပည္ကေတာ့ အသံျမည္ေတာ့မည္မဟုတ္ေပ” ဟု ျပန္မိန္႔ရာ ျမင္ကြန္းမင္းသားႀကီးမွာ မ်က္ရည္မ်ားပင္ က်ရွာခဲ့သည္ဟု ဆို၏။

ျမင္ကြန္းမင္း သားႀကီးသည္ ထိုသို႔ တိုင္းတစ္ပါးလက္ေအာက္ခံဘဝျဖင့္ ဘဝတစ္ေလွ်ာက္လုံးစိတ္မခ်မ္းေျမ့စြာေနထိုင္ရင္း ၁၉၂၁ ခုႏွစ္ ၊ စက္တင္ဘာလ ၂၀ ရက္ေန႕တြင္ ဟိုခ်ီမင္းၿမိဳ႕၌ ကြယ္လြန္ခဲ့သည္။ အာဏာကို မက္မိၿပီး မိုက္မိုက္ကန္းကန္းလုပ္မိသျဖင့္ တိုင္းျပည္အတြက္ လည္း မေကာင္းခဲ့သလို သူအတြက္လည္း မေကာင္းခဲ့။ တိုင္းျပည္အက်ိဳးကို မၾကည့္ပဲ ကိုယ့္အက်ိဳးကိုသာ ၾကည့္တတ္သူမ်ားသည္ ရာဇဝင္၏ ဗီလိန္မ်ားသာ ျဖစ္လာေပလိမ့္မည္။

ကုိးကား
ဒဂုန္ခင္ခင္ေလး – ျမင္ကြန္းညီအစ္ကိုႏွင့္ ပန္းတိမ္မင္းသားပုန္ကန္မႈ
ေမာင္ၾကည္သန့္ – အမွတ္မွားဆဲ လူသိနည္း ျမန္မာ့ျဖစ္ရပ္ ၁၀ဝ
သန္းဝင္းလႈိင္ – ၂၀ ရာစုျမန္မာ့သမိုင္း


ကုန်းဘောင်ခေတ်က ဗီလိန်ကြီး (သို့) မြင်ကွန်းမင်းသားကြီး (unicode)

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်ကို သတိရသူတိုင်း ဂဠန်ဦးစောကို စိတ်နာကြသည်။ ဦးစောသည် ကိုလိုနီခေတ်နှောင်းပိုင်း ၏ ဗီလိန်ဖြစ် သည်။ အခုထိတိုင် ပြည်သူ များ၏ အခဲမကြေမှု အမုန်းဒါဏ်ကို ခံနေရ တုန်းပင်။ ထို့အတူ မြန်မာနိုင်ငံကို စက်မှုနိုင်ငံဖြစ်စေရန်ကြိုးပမ်းခဲ့သော ကနောင်မင်းသားကြီးကို သတိရသူတိုင်းကလည်း မြင်ကွန်း မင်းသားကို မမေ့နိုင်ကြသေး။ မြန်မာနိုင်ငံကို ပျက်စီးစေခဲ့သူအဖြစ် သတ်မှတ်ကြသည်။

ကုန်းဘောင်မင်းဆက် တည်ထောင်သူ အလောင်းမင်းတရား နတ်ရွာစံ ခါနီးတွင် ‘ငါသားကြီးများ အစဉ်အတိုင်းမင်းပြုရစ်’ ဟု မှာကြားခဲ့သည့် အတိုင်း သားတော်ကြီး နောင်တော်ကြီးမင်းက သူမင်းပြုပြီးနောက် ၊ ညီတော် ဆင်ဖြူရှင် မြေဒူးမင်းကို ဆက်ခံစေခဲ့သည်။ သို့သော်မြေဒူးမင်း က ဖခင်မှာသည့်အတိုင်း မလုပ်ပဲ သားတော်စဉ့်ကူးမင်းကို အိမ်ရှေ့အ ရာပေးခဲ့သည်။ ထို့နောက် ဖောင်စားကားမောင်မောင် ၊ ဘိုးတော်ဗဒုံမင်း ၊ ဘကြီးတော်စစ်ကိုင်းမင်း ၊ ပုဂံမင်း အသီးသီးနန်းတက်ခဲ့သော်လည်း အလောင်းမင်း တရား၏ စကားကို နားထောင်ခဲ့သူ မှာ နောင်တော်ကြီး မင်းတစ်ပါးသာရှိသည်။

ထိုအစဉ်အလာကို မင်းတုန်းမင်းက ပြန်လည်ပြုပြင်သည့်အနေဖြင့် ညီတော်ကနောင်မင်းသားကြီးကို အိမ်ရှေ့အရာပေးအပ်ခဲ့သည်။ သားတော်များက မကျေနပ်ကြ။ ကျေနပ် သည်ဖြစ်စေ မကျေနပ် သည်ဖြစ်စေ ကနောင်မင်းသားကြီး၏ အစွမ်းကိုသိပြီးဖြစ်၍ အားလုံးငြိမ် သက်နေကြရသည်။ ထိုသူများထဲ မပါသူတစ်ယောက်ရှိသည်။ မြင်ကွန်း မင်းသား ဖြစ်သည်။ မြင်ကွန်းမင်းသားသည် ကနောင်မင်းသားကိုသာမက မင်းတုန်းမင်းကိုပင် မထီမဲ့မြင် ဆန့်ကျင်ရဲသူဖြစ်သည်။ မြင်ကွန်းမင်းသား သည် ရွှေရေးဆောင်မိဖုရားမှ ဖွား မြင်သော သားတော်ဖြစ်သည်။ ငယ်မည် မောင်မျိုးအေးဖြစ်ပြီး ဘွဲ့မှာသီလဝ ဖြစ်သည်။ မြင်ကွန်းမြို့ကို စားရသောကြောင့် မြင်ကွန်းမင်းသားဟုခေါ်ပြီး သားတော်အကြီးဆုံး ၊ သတ္တိဗျတ္တိနှင့် စိတ်အထက်ဆုံးဖြစ်သည်။

တစ်နေ့မင်းတုန်းမင်းကြီးက သားတော်ကြီးများစုံညီစွာခစားမိလျှင် ပြုံးတော်မူလျှက် ‘ကိုင်း ငါ့သားများ ခမည်းတော်ကို ပွဲတော်ဟင်းများ ကိုယ် ချက်တတ်ရာ သား၊ ငါးများကို ကိုယ်တိုင်ချက်ပြီး ဆက်သကြစမ်းပါ၊ မြိန်ရှက်စွာ ပွဲတော်တည်လိုတယ်’ ဟု ဆန္ဒမရှိသော်လည်း ချစ်ခင်သည့် ပရိယာယ်ဖြင့် မိန့်လျှင်သားတော်ကြီးများက ဘယ်ဟင်း ဘယ်လိုချက် တတ်ကြောင်းလျှောက်တင်ကြသည်။ မြင်ကွန်းမင်းသား အလှည့်တွင်မူ ‘မှန်လှပါ။ ဘုရားသားတော် အမဲသားဟင်း ချက်တတ်ကြောင်းပါ ဘုရား’ ဟု လျှောက်တင်လျှင် မင်းတုန်းမင်းမှာ ‘ဟင်’ ဟုသာ တစ်လုံးတည်း ထွက်ပြီးမျက်နှာတော်ညို၍ အတွင်းတော်သို့ဝင်လေသည်။ မင်းတုန်း မင်းသည် အမဲသားဟင်းကို ဘယ်သောအခါမှ ပွဲတော်မတည်သလို နေပြည်တော်တွင် ကျွဲနွားများ မသတ်ရ မစားရဟု အမိန့်ထုတ်ထား သည်ကို သိသိရက်နှင့် လျှောက်တင်လိုက်ခြင်းဖြစ်သည်။ မြင်ကွန်း မင်းသားသည် ထိုသို့သောသူမျိုးဖြစ်သည်။

တစ်ခါကလည်း မင်းတုန်းမင်းက မိဖုရားများကို မုန့်ဖုတ်ခိုင်းလေသည်။ မိဖုရားများက မုန့်ဖုတ်ပြီး ဆက်သသည့်အခါ မင်းတုန်းမင်းက မုန့် အမျိုးမျိုးကို လက်နှင့်စမ်းသပ်နေတုန်း မုန့်တစ်မျိုးမှာ ဖဲ့မရ ဖြတ်မရ ဖြစ်နေသည်ကို သိသောအခါ မည်သူဖုတ်သည့်မုန့်လဲဟု လက်သည်ကို ရှာသည်။ လက်သည်မတွေ့သဖြင့် လွှင့်ပစ်ရာ ခွေးများပင် မစားကြ။ တရားခံမှာ စားစရာတွေရှိပါလျှက် မိဖုရားများကို မုန့်ဖုတ်ခိုင်းရ ပါမလား ဟု ဒေါပွနေသော မြင်ကွန်းမင်းသားပင် ဖြစ်သည်။ ဆင်သေ၏ သိုကြီးကို ဓားဖြင့်လှီးဖြတ်ကာ မုန့်သဖွယ်ကြော်ပေးလိုက်ခြင်းဖြစ်သည်။ မင်းတုန်း မင်းမှာ သိသော်လည်း ဘာမှမပြောပေ။

တစ်ခါကလည်း မြင်ကွန်းမင်းသားညီနောင်တို့ ဥယျာဉ်တော်ထဲတွင် ကစားလွန်ပြီး မိုးချုပ်သွားသည်။ အိမ်တော်၌လည်း အစောင့်မကျန်ရစ်ခဲ့သဖြင့် ထမင်းဟင်းချက်ပြုတ်ထားမည့်သူလည်း မရှိဘဲဖြစ်နေရာ တံခါးအထွက် ကျုံးအနီး၌ မြက်စားနေသော ဘုရင်၏ မင်္ဂနွားဖြူတစ်ရှဉ်းလုံးကို ဖမ်းကာ ချက်ပြုတ်စားသောက် လိုက်သည်။ မင်းတုန်းမင်းသိသောအခါ အကျဉ်းချရန် ညီတော်ကနောင်မင်းသားထံအပ်သည်။ အိမ်ရှေ့မင်း သားကြီးက နှစ်ပတ်ချုပ်ပြီး ပြန်လွှတ်ပေးလိုက်သည်။ အိမ်ရှေ့စံအပေါ် မြင်ကွန်းမင်းသား၏ အငြိုးမှာလည်း ပိုပြင်းထန်လာခဲ့သည်။

ငြိုးပင်ငြိုးသော်လည်း ကနောင်မင်းသားကြီးက အပြစ်မယူ။ တကယ်တော့ ကနောင်မင်းသားကြီးမှာ မြင်ကွန်းမင်းသား၏ ဦးရီးတော်ဖြစ်သလို ယောက္ခမလည်းဖြစ်သည်။ မြင်ကွန်းမင်းသား၏ မိဖုရားမှာ ကနောင် မင်းသားကြီး၏ သမီးတော်ဖြစ်သည်။ မြင်ကွန်းညီနောင်တို့ ပုန်ကန်မည့် အကြောင်းကို မိဖုရားက သိရှိပြီးနောက် ကနောင်မင်းသားကြီး ထံ လျှို့ဝှက်စွာသံတော်ဦးတင်ခဲ့သည်။ ထိုအကြောင်း မြင်ကွန်းမင်းသား သိသွားသောအခါ “အဖေကိုလင်ထက်ပိုချစ်တဲ့ သတ္တဝါမ ၊ သွားမြဲလမ်း ကိုသွားတော့” ဟုကြိမ်း ဝါးပြီး အင်္ဂတေထောင်းသော မောင်းဆုံထဲသို့ အရှင်လတ်လတ်ထည့်ထောင်းပြီး သတ်ပစ်လိုက်သည်ဟု ဆိုသည်။ အလွန်ရက်စက်တဲ့ မြင်ကွန်းမင်းသားပါပေ။ ကနောင်မင်း သားကြီးမှာ သမီးဖြစ်သူ အသတ်ခံရမှန်းသိသော်လည်း ဆူပူမူများမဖြစ်စေလိုသဖြင့် တခါတရံဖြစ်သည်ဟုယူဆကာ အေးအေးဆေးဆေး နေခဲ့လေသည်။ သို့သော် ကနောင် မင်းသားကြီးအထင်မှားခဲ့သည်။

၁၈၆၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ယာယီလွှတ်တော်အနီး၌ ကနောင် မင်းသားကြီးရှိသည် ဝန်ကြီးများနှင့် တိုင်းရေးပြည်ရေးဆွေးနွေးနေသည်။ ထိုအချိန်တွင် မြင်ကွန်းညီနောင်နှစ်ဦးသည် ကနောင်မင်းသားကြီးရှိရာသို့ “ဦးရီးတော်ဘုရား ကယ်ပါဘုရား” ရန်ဖြစ်ယောင်ဆောင်ကာ အပြေး ဝင်လာကြသည်။ ကနောင်မင်းသားကြီးက ရန်ဖြစ်နေသည် အထင်နှင့်ဖြန်ဖြေဖို့ကြိုးစားပြီးမှ လုပ်ကြံရန်လာကြောင်း သိလိုက်ရသည်။ ဓားတော်ကို ယူဖို့ကြိုးစားစဉ်မှာပင် လုပ်ကြံခံလိုက်ရသည်။ မြင်ကွန်းမင်းသားသည် ကနောင်မင်းသားကြီးကိုသာမက မင်းတုန်းမင်းကိုပါ လုပ်ကြံဖို့ အစီ အစဉ်ရှိသည်။ သို့သော် မင်းတုန်းမင်းမှာ ကံအားလျှော်စွာ လွတ်မြောက် သွား ခဲ့သည်။ ကနောင်မင်း သားကြီးနှင့်အတူ အားကိုးရသည့် ဝန်ကြီး များစွာကျဆုံးခဲ့သော မြင်ကွန်းမြင်းခုံတိုင်အရေးအခင်းပင်။

ကနောင်မင်းသားတပ်များနှင့် ဘုရင့်တပ်များ ပူးပေါင်းတိုက်သည့်အခါ မြင်ကွန်းမင်းသားတပ်များ အရေးနိမ့်ပြီး ဘုရင်ပိုင် ရေနန်းစကြာ သင်္ဘောနှင့် မလွန်အရပ်သို့ စုန်ပြေး သွားခဲ့သည်။ ထို့နောက် အင်္ဂလိပ်လက်အာက် သို့ ခိုလှုံသွားခဲ့သည်။ အင်္ဂလိပ်တို့က အစိုးရဆန့်ကျင်ရေးခေါင်းဆောင်အဖြစ် ရန်ကုန်တွင်ထားရှိသည်။ သီပေါမင်းကို ဖယ်ရှား အစားထိုးရန် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် သဘောထားခဲ့သည်။ သို့ရာတွင် အင်္ဂလိပ်တို့သည် မြင်ကွန်းမင်းသားနှင့် ပြင်သစ်တို့ အဆက်အသွယ်ရသွားမည်စိုး၍ ရန်ကုန်မှတစ်ဆင့် အက်ဒမန်ကျွန်း(ကပ္ပလီကျွန်း) သို့ ပို့လိုက်သည်။ ထိုမှတဖန် မိုင် ၆ဝဝ ခန့်ကွာဝေးသည့် အိန္ဒိယပြည်သို့ပို့ကာ ကာလကတ္တားနှင့် ပူနားမြို့တို့တွင် နေခဲ့ရပြန်သည်။

အင်္ဂလိပ်တို့က စိတ်မချ၍ ဗာရာဏသီမြို့သို့ ထပ်မံပို့ကာ အကျယ်ချုပ်ဘဝဖြင့် နေခဲ့ရသေးသည်။ ၁၈၈၂ခုနှစ် ဒီဇင်ဘာလ ၄ ရက် ညနေတွင် မြင်ကွန်းမင်းသားသည် ဒိုဘီကုလားအဘိုးကြီးအသွင်ရုပ်ဖျက်လျှက် ဗာရာဏသီမှ ထွက်ပြေးကာ ပြင်သစ်တို့နှင့် ဆက်သွယ်ခိုလှုံခဲ့သည်။ ထိုမှ ပြင်သစ်ပြည် ပါရီသို့ခိုးထွက်ရန်ကြံစည်ပြန်သည်။ ပြင်သစ်တို့က သိရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းကို ထပ်ပို့ခဲ့သည်။ ထိုမှ အိန္ဒိယပြည် ပွန်ဒီချယ်ရီ ထိုနောက် ဗီယက်နမ် နိုင်ငံ ဆိုင်ဂုံမြို့ ( ယခုဟိုချီမင်းမြို့) တွင်နေခဲ့ရပြန်သည်။

ထိုအချိန်အထိ မြင်ကွန်းမင်းသားသည် ထီးနန်းပြန်ရဖို့ လက်မလျှော့သေး။ ဆရာတော်ဦးဥတ္တမ ဆိုင်ဂုံကိုရောက်သည့် အချိန်တွင်လည်း “အရှင်ဘုရား ၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး” ဟု လျှောက်ရာ ဆရာတော်က “ဒကာကြီး၊ ခဲတစ်လုံးရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည်မဟုတ်ပေ” ဟု ပြန်မိန့်ရာ မြင်ကွန်းမင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။

မြင်ကွန်းမင်း သားကြီးသည် ထိုသို့ တိုင်းတစ်ပါးလက်အောက်ခံဘဝဖြင့် ဘဝတစ်လျှောက်လုံးစိတ်မချမ်းမြေ့စွာနေထိုင်ရင်း ၁၉၂၁ ခုနှစ် ၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဟိုချီမင်းမြို့၌ ကွယ်လွန်ခဲ့သည်။ အာဏာကို မက်မိပြီး မိုက်မိုက်ကန်းကန်းလုပ်မိသဖြင့် တိုင်းပြည်အတွက် လည်း မကောင်းခဲ့သလို သူအတွက်လည်း မကောင်းခဲ့။ တိုင်းပြည်အကျိုးကို မကြည့်ပဲ ကိုယ့်အကျိုးကိုသာ ကြည့်တတ်သူများသည် ရာဇဝင်၏ ဗီလိန်များသာ ဖြစ်လာပေလိမ့်မည်။

ကိုးကား
ဒဂုန်ခင်ခင်လေး – မြင်ကွန်းညီအစ်ကိုနှင့် ပန်းတိမ်မင်းသားပုန်ကန်မှု
မောင်ကြည်သန့် – အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁ဝဝ
သန်းဝင်းလှိုင် – ၂၀ ရာစုမြန်မာ့သမိုင်း

Leave a Reply