အေမရိကန္မွာ ေလယာဥ္နဲ႔ လုိက္ေရာင္းေနတဲ့ ျမန္မာပဲျပဳတ္သည္

Posted on

Via : ဗီအုိေအ ျမန္မာ

Photos : Ko Maung Maung Thein

ဒီတပတ္ ျမန္မာ့အေရးေဆြးေႏြးခန္းမွာ ျမန္မာအစားအေသာက္ေတြထဲမွာ ပဲျပဳတ္ဟာ ထူးျခားတဲ့အာနိသင္ရွိၿပီး အေမရိကန္မွာ လြယ္လြယ္ကူကူ ၀ယ္ႏုိင္တဲ့ အဆင့္အထိေရာက္ေအာင္ လုပ္ငန္းကိုတိုးခ်ဲ႕သြားဖို႔ စိတ္ကူးထားတယ္လို႔ ဆန္ဖရန္စၥကိုၿမိဳ႕က ဦးေမာင္ေမာင္သိန္းက ေျပာပါတယ္။ ဦးသိန္းထိုက္ဦးက ေတြ႔ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ ကိုေမာင္ေမာင္သိန္း ကို က်ေနာ္ သိတာက ရွစ္ဆယ့္ရွစ္ ဒီမုိကေရစီအေရး လႈပ္ရွားမႈအစ ေက်ာင္းသားေတြ အဖမ္းခံခဲ့ရတဲ့ 141 အုပ္စုအဖြဲ႔ဝင္ တေယာက္အေနနဲ႔ သိထားတာ။ ဒါေပမဲ့လဲ ဝါရွင္တန္ၿမိဳ ႔ေတာ္ကို မၾကာခဏလာတဲ့အခါမွာ ပဲဲဲျပဳတ္လာလာၿပီးေတာ့ ေရာင္းတယ္။ ေလယာဥ္ပ်ံနဲ႔ ဆန္ဖရန္စၥကိုၿမိဳ ႔ကေန ဝါရွင္တန္ဒီစီကို ပဲျပဳတ္လာေရာင္းတဲ့ လူဆိုၿပီး သိထားေတာ့ က်ေနာ္တို႔ ပဲျပဳတ္ေရာင္းတဲ့ကိစၥကို ေတာ္ေတာ္စိတ္ဝင္စားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေလယာဥ္ပ်ံနဲ႔ လာေရာင္းတာဆိုေတာ့။ ပထမဦးဆံုး သိခ်င္တဲ့ ေမးခြန္းကေတာ့ ပဲျပဳတ္ေရာင္းတယ္။ ေလယာဥ္ပ်ံနဲ႔ အခုလို ပဲျပဳတ္ေရာင္းတယ္။ အဲဒါ ကိုက္ရဲ ႔လား။

ေျဖ ။ ။ ကိုက္ပါတယ္။ ကိုက္ပါတယ္ဆိုတာ က်ေနာ္တို႔ ဆန္ဖရန္စၥကိုမွာ ေရာင္းတဲ့ေစ်းရင္း ပတ္ဝန္းက်င္ေလာက္ေတာ့ရေအာင္၊ အဆင္ေျပေအာင္ က်ေနာ္ ညိွႏိႈင္းထားၿပီး လုပ္ပါတယ္။ ဝါရွင္တန္ဒီစီမွာလည္း က်ေနာ့္ပဲျပဳတ္ကို အားေပးခ်င္တယ္ဆိုတဲ့အခါၾကေတာ့။

ေမး ။ ။ ပဲျပဳတ္လာေရာင္းတယ္။ ကိုက္တယ္ဆိုေတာ့ အျမတ္ခြန္ဌာနက ေမးရမယ့္ ေမးခြန္းမ်ဳိးပဲ က်ေနာ္က ေမးရမွာပဲ။ ကိုေမာင္ေမာင္သိန္း ဒီမွာ ပဲျပဳတ္တထုပ္ကို ဘယ္ေလာက္နဲ႔ ေရာင္းလဲ။ ဘယ္ေလာက္နဲ႔သြင္းလဲ။

ေျဖ ။ ။ ဒီကိုအေရာက္ကို ဒီမွာ ေရာင္းတဲ့လူေတြ ျပန္မေရာင္းခင္၊ သူတို႔ဆီအေရာက္ကို ႏွစ္က်ပ္ခြဲ (ႏွစ္ေဒၚလာခြဲ) နဲ႔ ေရာင္းတယ္။

ေမး ။ ။ တထုပ္ကို ႏွစ္က်ပ္ခြဲနဲ႔ ဒီကိုသြင္းတယ္။ တေခါက္တေခါက္ လာလို႔ရွိရင္ ဘယ္ေလာက္ေလာက္ သယ္လာႏုိင္သလဲ။

ေျဖ ။ ။ ေပါင္ (၅၀) အိတ္တအိတ္က အထုပ္ (၇၀) ပါတယ္။ အဲဒီမွာ က်ေနာ္ ဆယ္အိတ္သယ္လို႔ရတယ္ဆိုေတာ့ အဲဒီမွာ အထုပ္ (၇၀၀)။ Hand-carry က (၃၅) ေပါင္အထိ ရတယ္ဆိုေတာ့ အဲဒီမွာ အထုပ္ (၅၀) ပါတယ္ဆိုေတာ့ တေခါက္လာတိုင္း (၇၅၀) ပါတယ္။

ေမး ။ ။ တေခါက္လာရင္ (၇၅၀) ပါတယ္ဆိုေတာ့ တြက္ၾကည့္ရင္ နွစ္က်ပ္က ၁၅၀၀။ (၅၀) ၃၂၅ ဆိုေတာ့ ၁၈၇၅ ေဒၚလာရတယ္ဆိုရင္ ေလယာဥ္ခနဲ႔ သူ႔အရင္းအႏီွးနဲ႔ ကိုက္ရဲ ႔လား။ ေလယာဥ္ခံလည္း ေပးရေသးတယ္ဆိုေတာ့

ေျဖ ။ ။ ေလယာဥ္ခံလည္း ေပးရတယ္။ ပစၥည္းသယ္ခလည္း ေပးရတယ္။ ပစၥည္းသယ္ခၾကေတာ့ က်ေနာ္က Virgin America Airline မွာ Gold Member လုပ္ထားတယ္ဆိုေတာ့ က်ေနာ္က ဆယ္ထုပ္ သယ္တယ္ဆိုေပမယ့္ ရွစ္ထုပ္ဖိုးပဲ ေပးရတယ္။ ႏွစ္ထပ္က Free ရတယ္။ တထုပ္ကို ေပါင္ (၅၀) ကို အစိတ္ဆိုေတာ့၊ ရွစ္ထုပ္ဖိုးကို က်ေနာ္က ေငြႏွစ္ရာ ေပးရတယ္။ ေလယာဥ္ပ်ံခ အသြားအျပန္ ခရီးစဥ္ကို ႀကိဳၿပီးေတာ့ ႏွစ္လသံုးလေလာက္ စီစဥ္ၿပီးေတာ့ Discount ေပးတဲ့အခ်ိန္မွာ လွမ္းလွမ္းၿပီး ဝယ္ထားတဲ့အခါၾကေတာ့၊ ႀကိဳတင္စီစဥ္ထားတဲ့အခါၾကေတာ့ က်ေနာ္က အားလံုးေပးရရင္ (၃၅၀) – အသြားအျပန္။ ဆန္ဖရန္စၥကိုကေန နယူးေရာ့္ခ္ျဖစ္ျဖစ္၊ ဆန္ဖရန္စၥကိုကေန ဝါရွင္တန္ျဖစ္ျဖစ္ အသြားအျပန္ (၃၅၀) ထက္ ပိုမေပးရဘူး။ အဲဒီေတာ့ အသြားအျပန္ ပစၥည္းဖိုး၊ ဘာဖိုးညာဖိုးဆိုၿပီး (၅၅၀) ပတ္ဝန္းက်င္ေလာက္ က်တယ္။

ေမး ။ ။ အဲဒီေတာ့ ရတာ (၁၈၀၀) ေက်ာ္ဆုိေတာ့ ကိုက္တယ္။ တႏွစ္ကို ဘယ္ႏွစ္ေခါက္ေလာက္ ထြက္ၿပီးေတာ့ ေရာင္းရလဲ။

ေျဖ ။ ။ အားလံုးစုစုေပါင္း နယ္ေတြအကုန္လံုးထြက္ရင္ေတာ့ (၁၀) ေခါက္အထက္ (၁၂) ေခါက္ေလာက္ အနည္းဆံုးပါ။

ေမး ။ ။ တႏွစ္ကို ေလယာဥ္ပ်ံနဲ႔ ဒီလို လိုက္ေရာင္းတယ္။ အဲဒီေတာ့ ဒီဝါရွင္တန္တၿမိဳ ႔ထဲလား။ တျခားၿမိဳ ႔ေတြေကာ ရွိေသးလား။

ေျဖ ။ ။ မဟုတ္ဘူး။ က်ေနာ္ Washington DC ပို႔တယ္။ New York ပို႔တယ္။ Chicago – Buffalo သြားတယ္။ San Dieago သြားတယ္။ ဟိုဘက္ဆို Seattle သြားတယ္။ တခါတေလ Seattle ကေန Canada ဘက္ကိုပါ ကူးလိုက္တယ္။

ေမး ။ ။ အခု Canada အထိေပါ့။ တျခားႏုိင္ငံေတြကိုေရာ ပို႔တာေတြ ရွိေသးလား။

ေျဖ ။ ။ တျခားႏိုင္ငံေတြ ပို႔တာကေတာ့ စားတဲ့လူေတြ ရွိတယ္။ က်ေနာ္ Europe ကို သြားတဲ့အခါ လက္ေဆာင္ေတြ ယူသြားတာေပါ့။ အခုေနာက္ပိုင္း တခ်ဳိ ႔ေတြ မွာတဲ့အခါၾကေတာ့ က်ေနာ္ကေတာ့ တိုက္ရိုက္မလုပ္ေပးႏိုင္ေတာ့ သူငယ္ခ်င္းေတြ Europe ကိုသြားတဲ့အခါ San Fransco ကေန သြားတဲ့အခါ မ်ားေသာအားျဖင့္ အေကာင္းဆံုးလက္ေဆာင္အျဖစ္ Europe ကို အလြမ္းေျပ သယ္သြားၾကတယ္။

ေမး ။ ။ ဒီနာမည္ အလြမ္းေျပဆိုတဲ့ နာမည္က ဘယ္လိုစၿပီးေတာ့ ေရြးျဖစ္ခဲ့လဲ။

ေျဖ ။ ။ အဲဒါကေတာ့ က်ေနာ့္ ရင္တြင္းျဖစ္ေပါ့။ လြမ္းလြန္လို႔ အလြမ္းေျပလို႔ အမည္ေပးခဲ့တာ။

ေမး ။ ။ အခုျမန္မာေတြၾကားထဲမွာ ေတာ္ေတာ္မ်ားမ်ား အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုမွာ အားေပးၾကတယ္။ ပို႔ရတာလဲ ကိုက္တယ္ေပါ့။ အဲဒီေတာ့ ပဲက ဘယ္ကရလဲ။

ေျဖ ။ ။ ပဲကေတာ့ အဓိကေတာ့ လက္ကားေရာင္းတဲ့ဆိုင္ကေန က်ေနာ္ ဝယ္တယ္။ ကုန္ၾကမ္းကေတာ့ Product of Canada ရိွတယ္။ Product of USA ရွိတယ္။ အခု ဗမာျပည္မွာ ေစ်းမွာေရာင္းေနတဲ့ ပဲေတြက ကေနဒါ က ျပန္ဝင္ေနတဲ့ Yellow Peas Hole လို႔ေခၚတယ္။ ျမန္မာျပည္မွာ ပဲျပဳတ္ပဲလို႔ပဲ ေခၚတာေပါ့။

ေမး ။ ။ ဒါက ဗမာျပည္မွာစားတဲ့ ပဲျပဳတ္မ်ဳိး။

ေျဖ ။ ။ ျမန္မာျပည္မွာ ပဲျပဳတ္။

ေမး ။ ။ ျမန္မာအရသာနဲ႔ အတူတူပဲ။

ေျဖ ။ ။ ျမန္မာအရသာနဲ႔ အတူတူပဲ။ Process တူရင္ အရသာတူတယ္။ Process မတူရင္ အရသာ မတူဘူး။ ဘာျဖစ္လို႔ Process တူတယ္၊ မတူဘူး ေျပာရလဲဆိုေတာ့ စေတာ္ပဲျပဳတ္လိုေခၚတဲ့ က်ေနာ္ ေရာင္းေနတဲ့ စေတာ္ပဲျပဳတ္လို႔ ေခၚေပမယ့္ တကယ္တမ္း ပဲျပဳတ္က စေတာ္ကဲျပဳတ္တဲ့ ပဲျပဳတ္။ အဲဒီကေန စေတာ္ပဲျပဳတ္ Process က ၾကာတယ္။ ဒီအတိုင္း ပဲျပဳတ္က ထမင္းအိုးနဲ႔ ျပဳတ္လိုက္လဲ ပဲျပဳတ္ျဖစ္တယ္။ ဒီေပါင္းအိုးနဲ႔ ထည့္ျပဳတ္လိုက္လဲ ပဲျပဳတ္ျဖစ္တယ္။ ဒါေပမဲ့ ပဲျပဳတ္ အိၿပီးေတာ့၊ အလံုးမပ်က္၊ ၿပီးေတာ့ ထမင္းေက်ာ္တဲ့အထဲ ထည့္ေမႊးလဲ အလံုးမပ်က္ဘူး။ ၾကည့္လိုက္ရင္ တင္းေနသလိုပဲ။ ဒါေပမဲ့ စားၾကည့္လိုက္ အိေနတယ္။ အဲဒီ သူ႔ Process က အရွည္ႀကီး။

ေမး ။ ။ အေမရိကန္ ျပည္ေထာင္စုမွာ အစားအေသာက္ ေရာင္းခ်တာဆိုေတာ့ ေဘးကင္းလံုၿခံဳဖို႔

ေျဖ ။ ။ ေဘးကင္းလံုၿခံဳဖို႔က က်ေနာ္တို႔က အစကတည္းက စလုပ္တာကေန ေနာက္ဆံုးအဆင့္အထိ၊ ထုတ္ေရာင္းတဲ့အထိ FDA Approval တို႔ ဘာတို႔ဆိုတာ ဒါေတြက ဒီတုိင္းျပည္မွာ မရွိမျဖစ္ လိုအပ္တယ္အရာေတြ။

ေမး ။ ။ ကိုေမာင္ေမာင္သိန္းက လိုက္ေရာင္းတယ္။ အိမ္မွာရွိတဲ့ မိသားစုေတြက

ေျဖ ။ ။ သားအငယ္ဆံုးက အဓိကလိုက္ၿပီးေတာ့ က်ေနာ့္အလုပ္ကို အေနာက္ကေန ထိန္းေပးတယ္။ အမ်ဳိးသမီးကလည္း နည္းနည္းပါးပါး လိုက္ထိန္းေပးတယ္။

ေမး ။ ။ လုပ္ငန္းလုပ္တဲ့ လုပ္ငန္း လည္ပတ္အဆင့္ဆင့္ – က်ေနာ္ကို နည္းနည္းေလး ရွင္းျပေပးပါ။

ေျဖ ။ ။ အခုဆို (၁၀) ႏွစ္ ရွိသြားၿပီ။ စလုပ္တာကေတာ့ ပထမဦးဆံုး ကိုယ္က လြမ္းလြန္လို႔ စားဖို႔ဆိုၿပီးေတာ့ စလုပ္တာ။ ဒါေပမဲ့ ဒီဟာကို က်ေနာ္ ေသခ်ာသင္လာတယ္။ ဗမာျပည္မွာကတည္းက ပဲျပဳတ္လုပ္တဲ့ Process ကို ပဲျပဳတ္ျပဳတ္တဲ့ အေဒၚႀကီးဆိုေတာင္မွ ကိုယ္စားလို႔ႀကိဳက္တဲ့ ပဲျပဳတ္ျပဳတ္ အေဒၚႀကီးကို အိမ္ကိုပင့္ၿပီးေတာ့ ေသခ်ာက်က်နန သင္တာ။ အဓိက ဒီပဲျပဳတ္ Quality ေကာင္းေကာင္း ထြက္လာဖို႔က စုန္းျပဴးလို႔ေခၚတဲ့ ပဲေတြကို က်ေနာ္တုိ႔ ဆြဲထုတ္ႏိုင္ရမယ္။ အခုေနာက္ပိုင္း မ်ားမ်ား Mass Production ထုတ္လာတဲ့အခါၾကေတာ့ အဲဒီ စုန္းျပဴး ခြဲတတ္တဲ့နည္း က်ေနာ္ ရတယ္။ ပဲႏွစ္ျခမ္း ကြဲေနတဲ့ဟာေတြ၊ နဂိုအကြဲေတြအားလံုးကို ဇကာနဲ႔ စစ္တဲ့အခ်ိန္မွာကတည္းက ေရြးထုတ္လိုတ္တယ္။ အဲဒီ ပဲအကြဲေတြကို က်ေနာ္မထည့္ဘူး။ က်ေနာ့္ပဲက အလံုးေလးေတြႀကီးပဲ သက္သက္ ျဖစ္ေနတယ္။

အဲဒီမွာ ဘာကြလဲလိုိ႔ လူေတြက ေမးၾကတယ္။ ဘာျဖစ္လဲ ဟိုပဲအကြဲလည္း စားလို႔ရတာပဲ။ ဒီပဲနဲ႔ ဘာျဖစ္လို႔ မေရာထားလဲ။ ပဲက ႏွစ္ျခမ္းကြဲသြားၿပီရင္ Cover မရွိတဲ့အတြက္ သူ႔ရဲ ႔ ျပဳတ္ခ်ိန္ၾကတဲ့အခါ။ သူ႔ရဲ ႔ ျပဳတ္ခ်ိန္ၾကလို႔ရွိရင္ ႏူးတဲ့အခ်ိန္က မတူဘူး။ ဒီ ပဲႏူးဖုိ႔အတြက္ ဟိုပဲေတြက အရည္ေပ်ာ္ကုန္တာ။ ဟိုပဲ ႏူးၿပီးတဲ့အခ်ိိန္ခ်ရင္ ဒီပဲက မႏူးေသးဘူး။ အဲဒီမွာ ဆက္ေတာက္ဆက္ေတာက္ေလးေတြ မျဖစ္ေအာင္ အဲဒါေတြ အကုန္လံုးကို သန္႔စင္လိုက္တယ္။ ေနာက္ၿပီးေတာ့ က်ေနာ္က MGS Free – လံုးဝ အခ်ဳိမႈန္႔ လံုးဝမပါဘူး။

ေမး ။ ။ အခု ဝယ္တဲ့လူေကာ မ်ားလာလား။ ဒီမွာ ဒီျပင့္ၿမိဳ ႔ေတြလည္း တင္ပို႔ရတာေတြ မ်ားလာတဲ့အခါၾကေတာ့ မိသားစုနဲ႔ ႏိုင္ပါရဲ ႔လား။

ေျဖ ။ ။ မႏိုင္ဘူး။ က်ေနာ္ အဲဒါေတြ အကုန္လံုးကို အစီအစဥ္ ဆြဲထားတယ္။ ဒီမွာ ေနာက္တဆင့္တက္ရင္ စက္ရံုအဆင့္ သြားရေတာ့မွာ။ စက္ရံုအဆင့္ တက္မယ္ဆိုရင္ စက္ရံုေနရာ ငွားရမယ္။ လိုအပ္တဲ့ဟာေတြ ျပင္ဆင္ၿပီး Market လည္း ႀကီးလာမယ္။ အကယ္၍ ဒီစက္ရံုအဆင့္ တက္လို႔မွ ပိုၿပီးေတာ့ ေရာင္းရမယ္ဆိုရင္ေတာ့ ျမန္မာျပည္ စက္ရံုျပန္ေထာင္မလားေပါ့။

ေမး ။ ။ ျမန္မာႏုိင္ငံမွာ ေရာင္းတဲ့ေစ်းနဲ႔ေတာ့ ဘယ္တူမလဲ။ ျမန္မာျပည္မွာ ေဟာ့ဒီက ပဲျပဳတ္ဆိုၿပီးေတာ့ ေအာ္ေရာင္းတဲ့ ဒီေန႔အထိ ျမန္မာျပည္သူေတြ ဝယ္စားတဲ့ ေစ်းႏႈန္းနဲ႔ေတာ့ မတူဘူး။

ေျဖ ။ ။ အခုကတည္းကိုက က်ေနာ္က တခါတေလျပန္ရင္ ပဲျပဳတ္ အထုပ္ (၅၀ – ၇၀) ယူယူသြားတယ္။ သူငယ္ခ်င္းေတြကို လက္ေဆာင္ေပးတယ္။ ဟိုက သူငယ္ခ်င္းေတြကလည္း အရမ္းႀကိဳက္တယ္။ ဟိုမွာရွိတဲ့ အမ်ဳိးေတြထဲက လူႀကီးေတြကိုေပးတယ္။ သူတုိ႔ကေတာ့ ဒီမွာ စက္ရံုလာေထာင္ဖို႔ကိုလဲ ကမ္းလွမ္းတယ္။ ဘာျဖစ္လို႔ ကမ္းလွမ္းလဲဆိုေတာ့ ေစ်းကြက္က ရွိတယ္။ ေစ်းကြက္က ရွိတယ္ဆိုတာ အခုျမန္မာျပည္မွာ ကိုယ့္ရဲ ႔ Unique Product ေခၚတာေပါ့ က်ေနာ္တုိ႔ ဗမာလူမ်ဳိးရဲ ႔ ဒီအျပင္ ဘယ္လူမ်ဳိးမွာမွ မရွိတဲ့ အစားအေသာက္က ပဲျပဳတ္။ မုန္႔ဟင္းခါးတို႔ ဘာတို႔ကို ထင္ခဲ့တယ္။ အဲဒါ မဟုတ္ဘူး။ မုန္႔ဟင္းခါးတုိ႔ ဘာတိုိ႔က Noodle နဲ႔ ဆန္မုန္႔ဖတ္နဲ႔ ငါးဟင္းခ်ဳိတို႔က ယိုးဒယားမွာရွိတယ္။ က်န္တဲ့ အိမ္နီးခ်င္းတိုင္းျပည္ေတြမွာ ရွိတယ္။ ပဲျပဳတ္က ပဲကိုအေညွာင့္ေဖာက္ၿပီးေတာ့ ထုတ္လိုက္တဲ့ ကုန္ထုတ္လုပ္ငန္း။ သူ႔ဆီမွာ ဗမာျပည္မွာက အကုန္လံုးက ပဲျပဳတ္စားၿပီး ႀကီးလာၾကတာ။ ပဲျပဳတ္စားၿပီး ႀကီးလာေပမယ့္ ပဲျပဳတ္ရဲ ႔ အာနိသင္ကို ေသခ်ာမသိဘူး။ ပဲျပဳတ္မွာ Fiber က ၆၄ ရာခိုင္ႏႈန္းပါတယ္။ Dietary Fiber လို႔ ေခၚတယ္။ ဒီေတာ့ ပဲျပဳတ္စားရင္ ေလရႊင္တယ္။ အမွန္တိုင္းေျပာရင္ ေခါင္းမခဲဘူး က်န္းမာေရးေကာင္းတယ္။ ေနာက္ အဓိက Vitamin Protein အားရွိတယ္။ ဒီဟာေတြစားၿပီး က်ေနာ္တို႔ ဗမာေတြ လူျဖစ္ေနတယ္။

ေမး ။ ။ ဒီလုပ္ငန္းကို ေလာေလာဆယ္မွာ လတ္တေလာ ျဖန္႔ျဖဴးေရးကို ဘယ္ေလာက္အထိ တိုးခ်ဲ ႔ဖို႔ စီစဥ္ထားလဲ။

ေျဖ ။ ။ က်ေနာ္က Vending စက္ေတြနဲ႔ ေရာင္းဖို႔အထိ စိတ္ကူးထားတယ္။ Vending စက္ေတြဆိုတာ အခ်ဳိရည္ ဘူးေလးေတြ Pespi, Coca Cola ျဖစ္ျဖစ္ ပိုက္ဆံထည့္လိုက္ရင္ ရတယ္။ အဲဒါမ်ဳိး ပဲျပဳတ္နံပတ္နဲ႔ ႏိွပ္ထုတ္လိုက္ရင္ ပဲျပဳတ္ထြက္လာတဲ့အထိ စိတ္ကူးထားတယ္။

ေမး ။ ။ နမူနာေလး ဘာေလး မပါဘူးလား။ နမူနာေလး ျပပါအံုး။

ေျဖ ။ ။ ပါပါတယ္။

ေမး ။ ။ အရည္အေသြးအားျဖင့္ ထိန္းႏုိင္ေအာင္ ဘယ္လိုလုပ္လဲ။

ေျဖ ။ ။ အရည္အေသြးအားျဖင့္ ထိန္းႏိုင္ေအာင္ ေျပာရရင္ ဂ်ပန္နည္းပညာ ခိုင္ဇင္းဆိုတဲ့ နည္းပညာ ဘာျဖစ္လို႔လဲဆိုေတာ့ P D C A ဆိုၿပီးေတာ့ ရွိတယ္။ P က Plan, D က Do ထုတ္လုပ္တာ။ C က Check, A က Adjust လုပ္ေပးတာ။ အၿမဲတမ္း ကိုယ္ထုတ္တဲ့ ပစၥည္းေပၚမွာ ေစတနာ – အဓိက ေစတနာထားၿပီးေတာ့ စားသံုးတဲ့သူေတြ ဘယ္လို ပိုေကာင္းလာေအာင္ ထုတ္လာတာနဲ႔အမွ်၊ ၾကာလာတာနဲ႔အမွ် ေကာင္းကြက္ေလးေတြ ပိုမိုေတြ႔လာတယ္။ အဲဒါေၾကာင့္ ပစၥည္းက တျဖည္းျဖည္း ပိုလည္းေကာင္းလာတယ္။ Quality အရည္အေသြးလည္း မက်ဘူး။ အဓိကေတာ့ ေစတနာ အဓိက ျဖစ္တယ္။

ေမး ။ ။ ေက်းဇူးတင္ပါတယ္။

ေျဖ ။ ။ ေက်းဇူးတင္ပါတယ္။

VOA Interview VIDEO


အမေရိကန်မှာ လေယာဉ်နဲ့ လိုက်ရောင်းနေတဲ့ မြန်မာပဲပြုတ်သည် (unicode)

Via : ဗီအိုအေ မြန်မာ

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာအစားအသောက်တွေထဲမှာ ပဲပြုတ်ဟာ ထူးခြားတဲ့အာနိသင်ရှိပြီး အမေရိကန်မှာ လွယ်လွယ်ကူကူ ဝယ်နိုင်တဲ့ အဆင့်အထိရောက်အောင် လုပ်ငန်းကိုတိုးချဲ့သွားဖို့ စိတ်ကူးထားတယ်လို့ ဆန်ဖရန်စ္စကိုမြို့က ဦးမောင်မောင်သိန်းက ပြောပါတယ်။ ဦးသိန်းထိုက်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကိုမောင်မောင်သိန်း ကို ကျနော် သိတာက ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုအစ ကျောင်းသားတွေ အဖမ်းခံခဲ့ရတဲ့ 141 အုပ်စုအဖွဲ့ဝင် တယောက်အနေနဲ့ သိထားတာ။ ဒါပေမဲ့လဲ ဝါရှင်တန်မြို့တော်ကို မကြာခဏလာတဲ့အခါမှာ ပဲဲပြုတ်လာလာပြီးတော့ ရောင်းတယ်။ လေယာဉ်ပျံနဲ့ ဆန်ဖရန်စ္စကိုမြို့ကနေ ဝါရှင်တန်ဒီစီကို ပဲပြုတ်လာရောင်းတဲ့ လူဆိုပြီး သိထားတော့ ကျနော်တို့ ပဲပြုတ်ရောင်းတဲ့ကိစ္စကို တော်တော်စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်ပျံနဲ့ လာရောင်းတာဆိုတော့။ ပထမဦးဆုံး သိချင်တဲ့ မေးခွန်းကတော့ ပဲပြုတ်ရောင်းတယ်။ လေယာဉ်ပျံနဲ့ အခုလို ပဲပြုတ်ရောင်းတယ်။ အဲဒါ ကိုက်ရဲ့လား။

ဖြေ ။ ။ ကိုက်ပါတယ်။ ကိုက်ပါတယ်ဆိုတာ ကျနော်တို့ ဆန်ဖရန်စ္စကိုမှာ ရောင်းတဲ့ဈေးရင်း ပတ်ဝန်းကျင်လောက်တော့ရအောင်၊ အဆင်ပြေအောင် ကျနော် ညှိနှိုင်းထားပြီး လုပ်ပါတယ်။ ဝါရှင်တန်ဒီစီမှာလည်း ကျနော့်ပဲပြုတ်ကို အားပေးချင်တယ်ဆိုတဲ့အခါကြတော့။

မေး ။ ။ ပဲပြုတ်လာရောင်းတယ်။ ကိုက်တယ်ဆိုတော့ အမြတ်ခွန်ဌာနက မေးရမယ့် မေးခွန်းမျိုးပဲ ကျနော်က မေးရမှာပဲ။ ကိုမောင်မောင်သိန်း ဒီမှာ ပဲပြုတ်တထုပ်ကို ဘယ်လောက်နဲ့ ရောင်းလဲ။ ဘယ်လောက်နဲ့သွင်းလဲ။

ဖြေ ။ ။ ဒီကိုအရောက်ကို ဒီမှာ ရောင်းတဲ့လူတွေ ပြန်မရောင်းခင်၊ သူတို့ဆီအရောက်ကို နှစ်ကျပ်ခွဲ (နှစ်ဒေါ်လာခွဲ) နဲ့ ရောင်းတယ်။

မေး ။ ။ တထုပ်ကို နှစ်ကျပ်ခွဲနဲ့ ဒီကိုသွင်းတယ်။ တခေါက်တခေါက် လာလို့ရှိရင် ဘယ်လောက်လောက် သယ်လာနိုင်သလဲ။

ဖြေ ။ ။ ပေါင် (၅၀) အိတ်တအိတ်က အထုပ် (၇၀) ပါတယ်။ အဲဒီမှာ ကျနော် ဆယ်အိတ်သယ်လို့ရတယ်ဆိုတော့ အဲဒီမှာ အထုပ် (၇၀၀)။ Hand-carry က (၃၅) ပေါင်အထိ ရတယ်ဆိုတော့ အဲဒီမှာ အထုပ် (၅၀) ပါတယ်ဆိုတော့ တခေါက်လာတိုင်း (၇၅၀) ပါတယ်။

မေး ။ ။ တခေါက်လာရင် (၇၅၀) ပါတယ်ဆိုတော့ တွက်ကြည့်ရင် နှစ်ကျပ်က ၁၅၀၀။ (၅၀) ၃၂၅ ဆိုတော့ ၁၈၇၅ ဒေါ်လာရတယ်ဆိုရင် လေယာဉ်ခနဲ့ သူ့အရင်းအနှီးနဲ့ ကိုက်ရဲ့လား။ လေယာဉ်ခံလည်း ပေးရသေးတယ်ဆိုတော့

ဖြေ ။ ။ လေယာဉ်ခံလည်း ပေးရတယ်။ ပစ္စည်းသယ်ခလည်း ပေးရတယ်။ ပစ္စည်းသယ်ခကြတော့ ကျနော်က Virgin America Airline မှာ Gold Member လုပ်ထားတယ်ဆိုတော့ ကျနော်က ဆယ်ထုပ် သယ်တယ်ဆိုပေမယ့် ရှစ်ထုပ်ဖိုးပဲ ပေးရတယ်။ နှစ်ထပ်က Free ရတယ်။ တထုပ်ကို ပေါင် (၅၀) ကို အစိတ်ဆိုတော့၊ ရှစ်ထုပ်ဖိုးကို ကျနော်က ငွေနှစ်ရာ ပေးရတယ်။ လေယာဉ်ပျံခ အသွားအပြန် ခရီးစဉ်ကို ကြိုပြီးတော့ နှစ်လသုံးလလောက် စီစဉ်ပြီးတော့ Discount ပေးတဲ့အချိန်မှာ လှမ်းလှမ်းပြီး ဝယ်ထားတဲ့အခါကြတော့၊ ကြိုတင်စီစဉ်ထားတဲ့အခါကြတော့ ကျနော်က အားလုံးပေးရရင် (၃၅၀) – အသွားအပြန်။ ဆန်ဖရန်စ္စကိုကနေ နယူးရော့်ခ်ဖြစ်ဖြစ်၊ ဆန်ဖရန်စ္စကိုကနေ ဝါရှင်တန်ဖြစ်ဖြစ် အသွားအပြန် (၃၅၀) ထက် ပိုမပေးရဘူး။ အဲဒီတော့ အသွားအပြန် ပစ္စည်းဖိုး၊ ဘာဖိုးညာဖိုးဆိုပြီး (၅၅၀) ပတ်ဝန်းကျင်လောက် ကျတယ်။

မေး ။ ။ အဲဒီတော့ ရတာ (၁၈၀၀) ကျော်ဆိုတော့ ကိုက်တယ်။ တနှစ်ကို ဘယ်နှစ်ခေါက်လောက် ထွက်ပြီးတော့ ရောင်းရလဲ။

ဖြေ ။ ။ အားလုံးစုစုပေါင်း နယ်တွေအကုန်လုံးထွက်ရင်တော့ (၁၀) ခေါက်အထက် (၁၂) ခေါက်လောက် အနည်းဆုံးပါ။

မေး ။ ။ တနှစ်ကို လေယာဉ်ပျံနဲ့ ဒီလို လိုက်ရောင်းတယ်။ အဲဒီတော့ ဒီဝါရှင်တန်တမြို့ထဲလား။ တခြားမြို့တွေကော ရှိသေးလား။

ဖြေ ။ ။ မဟုတ်ဘူး။ ကျနော် Washington DC ပို့တယ်။ New York ပို့တယ်။ Chicago – Buffalo သွားတယ်။ San Dieago သွားတယ်။ ဟိုဘက်ဆို Seattle သွားတယ်။ တခါတလေ Seattle ကနေ Canada ဘက်ကိုပါ ကူးလိုက်တယ်။

မေး ။ ။ အခု Canada အထိပေါ့။ တခြားနိုင်ငံတွေကိုရော ပို့တာတွေ ရှိသေးလား။

ဖြေ ။ ။ တခြားနိုင်ငံတွေ ပို့တာကတော့ စားတဲ့လူတွေ ရှိတယ်။ ကျနော် Europe ကို သွားတဲ့အခါ လက်ဆောင်တွေ ယူသွားတာပေါ့။ အခုနောက်ပိုင်း တချို့တွေ မှာတဲ့အခါကြတော့ ကျနော်ကတော့ တိုက်ရိုက်မလုပ်ပေးနိုင်တော့ သူငယ်ချင်းတွေ Europe ကိုသွားတဲ့အခါ San Fransco ကနေ သွားတဲ့အခါ များသောအားဖြင့် အကောင်းဆုံးလက်ဆောင်အဖြစ် Europe ကို အလွမ်းပြေ သယ်သွားကြတယ်။

မေး ။ ။ ဒီနာမည် အလွမ်းပြေဆိုတဲ့ နာမည်က ဘယ်လိုစပြီးတော့ ရွေးဖြစ်ခဲ့လဲ။

ဖြေ ။ ။ အဲဒါကတော့ ကျနော့် ရင်တွင်းဖြစ်ပေါ့။ လွမ်းလွန်လို့ အလွမ်းပြေလို့ အမည်ပေးခဲ့တာ။

မေး ။ ။ အခုမြန်မာတွေကြားထဲမှာ တော်တော်များများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ အားပေးကြတယ်။ ပို့ရတာလဲ ကိုက်တယ်ပေါ့။ အဲဒီတော့ ပဲက ဘယ်ကရလဲ။

ဖြေ ။ ။ ပဲကတော့ အဓိကတော့ လက်ကားရောင်းတဲ့ဆိုင်ကနေ ကျနော် ဝယ်တယ်။ ကုန်ကြမ်းကတော့ Product of Canada ရှိတယ်။ Product of USA ရှိတယ်။ အခု ဗမာပြည်မှာ ဈေးမှာရောင်းနေတဲ့ ပဲတွေက ကနေဒါ က ပြန်ဝင်နေတဲ့ Yellow Peas Hole လို့ခေါ်တယ်။ မြန်မာပြည်မှာ ပဲပြုတ်ပဲလို့ပဲ ခေါ်တာပေါ့။

မေး ။ ။ ဒါက ဗမာပြည်မှာစားတဲ့ ပဲပြုတ်မျိုး။

ဖြေ ။ ။ မြန်မာပြည်မှာ ပဲပြုတ်။

မေး ။ ။ မြန်မာအရသာနဲ့ အတူတူပဲ။

ဖြေ ။ ။ မြန်မာအရသာနဲ့ အတူတူပဲ။ Process တူရင် အရသာတူတယ်။ Process မတူရင် အရသာ မတူဘူး။ ဘာဖြစ်လို့ Process တူတယ်၊ မတူဘူး ပြောရလဲဆိုတော့ စတော်ပဲပြုတ်လိုခေါ်တဲ့ ကျနော် ရောင်းနေတဲ့ စတော်ပဲပြုတ်လို့ ခေါ်ပေမယ့် တကယ်တမ်း ပဲပြုတ်က စတော်ကဲပြုတ်တဲ့ ပဲပြုတ်။ အဲဒီကနေ စတော်ပဲပြုတ် Process က ကြာတယ်။ ဒီအတိုင်း ပဲပြုတ်က ထမင်းအိုးနဲ့ ပြုတ်လိုက်လဲ ပဲပြုတ်ဖြစ်တယ်။ ဒီပေါင်းအိုးနဲ့ ထည့်ပြုတ်လိုက်လဲ ပဲပြုတ်ဖြစ်တယ်။ ဒါပေမဲ့ ပဲပြုတ် အိပြီးတော့၊ အလုံးမပျက်၊ ပြီးတော့ ထမင်းကျော်တဲ့အထဲ ထည့်မွှေးလဲ အလုံးမပျက်ဘူး။ ကြည့်လိုက်ရင် တင်းနေသလိုပဲ။ ဒါပေမဲ့ စားကြည့်လိုက် အိနေတယ်။ အဲဒီ သူ့ Process က အရှည်ကြီး။

မေး ။ ။ အမေရိကန် ပြည်ထောင်စုမှာ အစားအသောက် ရောင်းချတာဆိုတော့ ဘေးကင်းလုံခြုံဖို့

ဖြေ ။ ။ ဘေးကင်းလုံခြုံဖို့က ကျနော်တို့က အစကတည်းက စလုပ်တာကနေ နောက်ဆုံးအဆင့်အထိ၊ ထုတ်ရောင်းတဲ့အထိ FDA Approval တို့ ဘာတို့ဆိုတာ ဒါတွေက ဒီတိုင်းပြည်မှာ မရှိမဖြစ် လိုအပ်တယ်အရာတွေ။

မေး ။ ။ ကိုမောင်မောင်သိန်းက လိုက်ရောင်းတယ်။ အိမ်မှာရှိတဲ့ မိသားစုတွေက

ဖြေ ။ ။ သားအငယ်ဆုံးက အဓိကလိုက်ပြီးတော့ ကျနော့်အလုပ်ကို အနောက်ကနေ ထိန်းပေးတယ်။ အမျိုးသမီးကလည်း နည်းနည်းပါးပါး လိုက်ထိန်းပေးတယ်။

မေး ။ ။ လုပ်ငန်းလုပ်တဲ့ လုပ်ငန်း လည်ပတ်အဆင့်ဆင့် – ကျနော်ကို နည်းနည်းလေး ရှင်းပြပေးပါ။

ဖြေ ။ ။ အခုဆို (၁၀) နှစ် ရှိသွားပြီ။ စလုပ်တာကတော့ ပထမဦးဆုံး ကိုယ်က လွမ်းလွန်လို့ စားဖို့ဆိုပြီးတော့ စလုပ်တာ။ ဒါပေမဲ့ ဒီဟာကို ကျနော် သေချာသင်လာတယ်။ ဗမာပြည်မှာကတည်းက ပဲပြုတ်လုပ်တဲ့ Process ကို ပဲပြုတ်ပြုတ်တဲ့ အဒေါ်ကြီးဆိုတောင်မှ ကိုယ်စားလို့ကြိုက်တဲ့ ပဲပြုတ်ပြုတ် အဒေါ်ကြီးကို အိမ်ကိုပင့်ပြီးတော့ သေချာကျကျနန သင်တာ။ အဓိက ဒီပဲပြုတ် Quality ကောင်းကောင်း ထွက်လာဖို့က စုန်းပြူးလို့ခေါ်တဲ့ ပဲတွေကို ကျနော်တို့ ဆွဲထုတ်နိုင်ရမယ်။ အခုနောက်ပိုင်း များများ Mass Production ထုတ်လာတဲ့အခါကြတော့ အဲဒီ စုန်းပြူး ခွဲတတ်တဲ့နည်း ကျနော် ရတယ်။ ပဲနှစ်ခြမ်း ကွဲနေတဲ့ဟာတွေ၊ နဂိုအကွဲတွေအားလုံးကို ဇကာနဲ့ စစ်တဲ့အချိန်မှာကတည်းက ရွေးထုတ်လိုတ်တယ်။ အဲဒီ ပဲအကွဲတွေကို ကျနော်မထည့်ဘူး။ ကျနော့်ပဲက အလုံးလေးတွေကြီးပဲ သက်သက် ဖြစ်နေတယ်။

အဲဒီမှာ ဘာကွလဲလို့ လူတွေက မေးကြတယ်။ ဘာဖြစ်လဲ ဟိုပဲအကွဲလည်း စားလို့ရတာပဲ။ ဒီပဲနဲ့ ဘာဖြစ်လို့ မရောထားလဲ။ ပဲက နှစ်ခြမ်းကွဲသွားပြီရင် Cover မရှိတဲ့အတွက် သူ့ရဲ့ ပြုတ်ချိန်ကြတဲ့အခါ။ သူ့ရဲ့ ပြုတ်ချိန်ကြလို့ရှိရင် နူးတဲ့အချိန်က မတူဘူး။ ဒီ ပဲနူးဖို့အတွက် ဟိုပဲတွေက အရည်ပျော်ကုန်တာ။ ဟိုပဲ နူးပြီးတဲ့အချိန်ချရင် ဒီပဲက မနူးသေးဘူး။ အဲဒီမှာ ဆက်တောက်ဆက်တောက်လေးတွေ မဖြစ်အောင် အဲဒါတွေ အကုန်လုံးကို သန့်စင်လိုက်တယ်။ နောက်ပြီးတော့ ကျနော်က MGS Free – လုံးဝ အချိုမှုန့် လုံးဝမပါဘူး။

မေး ။ ။ အခု ဝယ်တဲ့လူကော များလာလား။ ဒီမှာ ဒီပြင့်မြို့တွေလည်း တင်ပို့ရတာတွေ များလာတဲ့အခါကြတော့ မိသားစုနဲ့ နိုင်ပါရဲ့လား။

ဖြေ ။ ။ မနိုင်ဘူး။ ကျနော် အဲဒါတွေ အကုန်လုံးကို အစီအစဉ် ဆွဲထားတယ်။ ဒီမှာ နောက်တဆင့်တက်ရင် စက်ရုံအဆင့် သွားရတော့မှာ။ စက်ရုံအဆင့် တက်မယ်ဆိုရင် စက်ရုံနေရာ ငှားရမယ်။ လိုအပ်တဲ့ဟာတွေ ပြင်ဆင်ပြီး Market လည်း ကြီးလာမယ်။ အကယ်၍ ဒီစက်ရုံအဆင့် တက်လို့မှ ပိုပြီးတော့ ရောင်းရမယ်ဆိုရင်တော့ မြန်မာပြည် စက်ရုံပြန်ထောင်မလားပေါ့။

မေး ။ ။ မြန်မာနိုင်ငံမှာ ရောင်းတဲ့ဈေးနဲ့တော့ ဘယ်တူမလဲ။ မြန်မာပြည်မှာ ဟော့ဒီက ပဲပြုတ်ဆိုပြီးတော့ အော်ရောင်းတဲ့ ဒီနေ့အထိ မြန်မာပြည်သူတွေ ဝယ်စားတဲ့ ဈေးနှုန်းနဲ့တော့ မတူဘူး။

ဖြေ ။ ။ အခုကတည်းကိုက ကျနော်က တခါတလေပြန်ရင် ပဲပြုတ် အထုပ် (၅၀ – ၇၀) ယူယူသွားတယ်။ သူငယ်ချင်းတွေကို လက်ဆောင်ပေးတယ်။ ဟိုက သူငယ်ချင်းတွေကလည်း အရမ်းကြိုက်တယ်။ ဟိုမှာရှိတဲ့ အမျိုးတွေထဲက လူကြီးတွေကိုပေးတယ်။ သူတို့ကတော့ ဒီမှာ စက်ရုံလာထောင်ဖို့ကိုလဲ ကမ်းလှမ်းတယ်။ ဘာဖြစ်လို့ ကမ်းလှမ်းလဲဆိုတော့ ဈေးကွက်က ရှိတယ်။ ဈေးကွက်က ရှိတယ်ဆိုတာ အခုမြန်မာပြည်မှာ ကိုယ့်ရဲ့ Unique Product ခေါ်တာပေါ့ ကျနော်တို့ ဗမာလူမျိုးရဲ့ ဒီအပြင် ဘယ်လူမျိုးမှာမှ မရှိတဲ့ အစားအသောက်က ပဲပြုတ်။ မုန့်ဟင်းခါးတို့ ဘာတို့ကို ထင်ခဲ့တယ်။ အဲဒါ မဟုတ်ဘူး။ မုန့်ဟင်းခါးတို့ ဘာတို့က Noodle နဲ့ ဆန်မုန့်ဖတ်နဲ့ ငါးဟင်းချိုတို့က ယိုးဒယားမှာရှိတယ်။ ကျန်တဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ ရှိတယ်။ ပဲပြုတ်က ပဲကိုအညှောင့်ဖောက်ပြီးတော့ ထုတ်လိုက်တဲ့ ကုန်ထုတ်လုပ်ငန်း။ သူ့ဆီမှာ ဗမာပြည်မှာက အကုန်လုံးက ပဲပြုတ်စားပြီး ကြီးလာကြတာ။ ပဲပြုတ်စားပြီး ကြီးလာပေမယ့် ပဲပြုတ်ရဲ့ အာနိသင်ကို သေချာမသိဘူး။ ပဲပြုတ်မှာ Fiber က ၆၄ ရာခိုင်နှုန်းပါတယ်။ Dietary Fiber လို့ ခေါ်တယ်။ ဒီတော့ ပဲပြုတ်စားရင် လေရွှင်တယ်။ အမှန်တိုင်းပြောရင် ခေါင်းမခဲဘူး ကျန်းမာရေးကောင်းတယ်။ နောက် အဓိက Vitamin Protein အားရှိတယ်။ ဒီဟာတွေစားပြီး ကျနော်တို့ ဗမာတွေ လူဖြစ်နေတယ်။

မေး ။ ။ ဒီလုပ်ငန်းကို လောလောဆယ်မှာ လတ်တလော ဖြန့်ဖြူးရေးကို ဘယ်လောက်အထိ တိုးချဲ့ဖို့ စီစဉ်ထားလဲ။

ဖြေ ။ ။ ကျနော်က Vending စက်တွေနဲ့ ရောင်းဖို့အထိ စိတ်ကူးထားတယ်။ Vending စက်တွေဆိုတာ အချိုရည် ဘူးလေးတွေ Pespi, Coca Cola ဖြစ်ဖြစ် ပိုက်ဆံထည့်လိုက်ရင် ရတယ်။ အဲဒါမျိုး ပဲပြုတ်နံပတ်နဲ့ နှိပ်ထုတ်လိုက်ရင် ပဲပြုတ်ထွက်လာတဲ့အထိ စိတ်ကူးထားတယ်။

မေး ။ ။ နမူနာလေး ဘာလေး မပါဘူးလား။ နမူနာလေး ပြပါအုံး။

ဖြေ ။ ။ ပါပါတယ်။

မေး ။ ။ အရည်အသွေးအားဖြင့် ထိန်းနိုင်အောင် ဘယ်လိုလုပ်လဲ။

ဖြေ ။ ။ အရည်အသွေးအားဖြင့် ထိန်းနိုင်အောင် ပြောရရင် ဂျပန်နည်းပညာ ခိုင်ဇင်းဆိုတဲ့ နည်းပညာ ဘာဖြစ်လို့လဲဆိုတော့ P D C A ဆိုပြီးတော့ ရှိတယ်။ P က Plan, D က Do ထုတ်လုပ်တာ။ C က Check, A က Adjust လုပ်ပေးတာ။ အမြဲတမ်း ကိုယ်ထုတ်တဲ့ ပစ္စည်းပေါ်မှာ စေတနာ – အဓိက စေတနာထားပြီးတော့ စားသုံးတဲ့သူတွေ ဘယ်လို ပိုကောင်းလာအောင် ထုတ်လာတာနဲ့အမျှ၊ ကြာလာတာနဲ့အမျှ ကောင်းကွက်လေးတွေ ပိုမိုတွေ့လာတယ်။ အဲဒါကြောင့် ပစ္စည်းက တဖြည်းဖြည်း ပိုလည်းကောင်းလာတယ်။ Quality အရည်အသွေးလည်း မကျဘူး။ အဓိကတော့ စေတနာ အဓိက ဖြစ်တယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။

Leave a Reply