စိတ္ေရာကုိယ္ပါ ႏုပ်ဳိလန္းဆန္းေစဖုိ႔ သိထားသင့္တဲ့ နည္းလမ္း (၁၀) ခ်က္

Posted on

အရြယ္တင္ ႏုပ်ဳိ႐ံုတင္မက ဦးေႏွာက္စြမ္းအား ေကာင္းၿပီး အသားအေရေခ်ာေမြ႕ေနဖို႔အတြက္ သဘာဝက်တဲ့ နည္းလမ္းေတြကို အႀကံျပဳလိုက္ပါတယ္။

၁။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ

စိတ္ဖိစီးမႈက လူတိုင္းအတြက္ ရန္သူပါပဲ။ စိတ္ဖိစီးမႈမ်ားရင္အေရးေၾကာင္းထင္ႏႈန္း ျမင့္မားၿပီး အိုမင္းလြယ္တတ္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္စိတ္ဖိစီးမႈကို တြန္းလွန္ႏိုင္ဖို႔ ေလ့က်င့္ခန္း ပံုမွန္လုပ္ၿပီး အာဟာရျပည့္ျပည့္ဝ၀စားေပးပါ။ လတ္တေလာ ေလ့လာမႈေတြအရ စိတ္ဖိစီးမႈေၾကာင့္ခႏၶာကိုယ္ အိုမင္းလြယ္ၿပီး ေျပာင္းလဲမႈေတြျဖစ္ၾကသလို အဒရီနယ္လင္နဲ႔ေကာ္တီေစာလို ေဟာ္မုန္းေတြ ျမင့္တက္တာေၾကာင့္ ေသြးတိုးတာနဲ႔ႏွလံုးခုန္ႏႈန္း ျမန္တာေတြ ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္အိပ္မေပ်ာ္တာ၊ ပူပင္ေသာကမ်ားတာ၊ ေဒါသထြက္တာ၊ ေသြးတိုးတာနဲ႔ ႏွလံုးေရာဂါထတာေတြလို က်န္းမာေရး ျပႆနာေတြနဲ႔လည္း ဆက္စပ္မႈ ရွိေနပါတယ္။

စိတ္ဖိစီးမႈ ေလ်ာ့က်ေအာင္ ဘာလုပ္မလဲ

စိတ္ဖိစီးမႈထိန္းႏိုင္တဲ့ အေကာင္းဆံုးနည္းက တရားထိုင္တာ ျဖစ္ေၾကာင္းေလ့လာသူေတြက ဆိုပါတယ္။အခ်ိန္အၾကာႀကီး တရားမထိုင္ႏိုင္ရင္ေတာင္ တစ္ေန႔မွာအနည္းဆံုး ၁၀ မိနစ္ေလာက္ထိုင္ေပး႐ံုနဲ႔ စိတ္ဖိစီးမႈ ေလ်ာ့က်ႏိုင္ပါတယ္။

၂။ ေကာင္းေသာ အဆီမ်ားမ်ား စားပါ

အိုမီဂါ ၃ ဖက္တီးအက္စစ္မ်ားစြာ ပါဝင္တဲ့ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့အစာေတြကို စားေပးတာက ခႏၶာကိုယ္တြင္း ေရာင္ရမ္းမႈကို ေလ်ာ့က်ေစတာေၾကာင့္စိတ္ခံစားမႈကို တည္ၿငိမ္ေစတာ၊ အ႐ိုးေတြကို သန္စြမ္းေစတာ နဲ႔အိုမင္းမႈေၾကာင့္ျဖစ္တဲ့ အျမင္ျပႆနာေတြကို ေလ်ာ့က်ေစပါတယ္။ အိုမီဂါ ၃ ဖက္တီးအက္စစ္ဟာ ခႏၶာကိုယ္ အင္ဇိုင္းေတြရဲ႕ စြမ္းေဆာင္ႏိုင္စြမ္းကိုေကာင္းမြန္ေစၿပီးစြမ္းအင္ အျဖစ္ သံုးေပးႏိုင္ပါတယ္။ အသားအေရကိုလည္းေတာက္ပေစပါတယ္။

ေကာင္းေသာ အဆီရရွိေအာင္ ဘာလုပ္မလဲ

တစ္ေန႔မွာ အိုမီဂါ ၃ ဖက္တီးအက္စစ္ကို ႏွစ္ဂရမ္ မွီဝဲဖို႔ကၽြမ္းက်င္သူေတြက ဆိုထားပါတယ္။ အိုမီဂါ ၃ ပါတဲ့ ဆယ္လ္မြန္ငါး၊ ဆာဒင္းငါး၊သီဟိုဠ္ေစ့ စတာေတြကို စားေပးပါ။ တကယ္လို႔ မစားျဖစ္ရင္ အိုမီဂါ ၃ ၿဖည့္စြက္ေဆး မွီဝဲပါ။

၃။ လႈပ္ရွားမႈ လုပ္ပါ

ပံုမွန္ ေလ့က်င့္ခန္း လုပ္တာက ကိုယ္အေလးခ်ိန္ကို ထိန္းေပးႏိုင္႐ံု သာမကကြက္သားေတြ သန္စြမ္းတာ၊ အ႐ိုးေတြ သန္မာတာ၊ စိတ္ခံစားမႈ ေကာင္းတာနဲ႔ရွင္းရွင္းလင္းလင္း ေတြးေခၚႏိုင္စြမ္းရွိတာစတဲ့ အက်ဳိးေက်းဇူးေတြကိုရရွိေစပါတယ္။ တစ္ေန႔မွာ ၁၀ မိနစ္ခန္႔ လမ္းေလွ်ာက္ေပး႐ံုနဲ႔အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ႏိုင္ေျခကိုလည္း ၄၀ ရာခိုင္ႏႈန္းေလ်ာ့က်ေစပါတယ္။ ကိုယ္လက္လႈပ္ရွားမႈေၾကာင့္ စိတ္ဖိစီးမႈနဲ႔ပူပင္ေသာကေတြကို ဖယ္ရွားေပးႏိုင္ၿပီး မွတ္ဉာဏ္ကို တိုးတက္ ေကာင္းမြန္ေစပါတယ္။

တစ္ေန႔တာ လိုအပ္ေသာ ကိုယ္လက္လႈပ္ရွားမႈ ရရွိေအာင္ ဘယ္လိုလုပ္မလဲ

တစ္နာရီ ထိုင္ၿပီးတိုင္း ၂မိနစ္ ၃မိနစ္ခန္႔ တစ္ႀကိမ္ လမ္းထေလွ်ာက္ပါ။ တစ္ေန႔ မိနစ္ ၃၀ ေလာက္လမ္းေလွ်ာက္တာ၊ ေျပးတာ၊ ေရကူးတာ၊ စက္ဘီးစီးတာ နဲ႔ ကခုန္တာေတြကိုလုပ္ေဆာင္ေပးပါ။

၄။ စပ်စ္ဝိုင္ အနည္းငယ္ ေသာက္ပါ

စပ်စ္သီးထဲမွာပါတဲ့ ရက္စ္ဗာရထေရာဓာတ္ကို ရရွိတဲ့သူေတြကမရရွိသူေတြထက္စာရင္ သက္တမ္းၾကာၾကာ ေနရတယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။ ၾကြက္ေတြကို ေလ့လာမႈအရ ရက္စ္ဗာရထေရာဟာ ဆီးခ်ဳိေသြးခ်ဳိေရာဂါျဖစ္ႏိုင္ေျခနဲ႔ အသည္းေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစတယ္လို႔သိရပါတယ္။

အဝလြန္တာနဲ႔ ဆက္စပ္ေနတဲ့ ေသဆံုးမႈကလည္း သိသိသာသာေလ်ာ့က်ေစပါတယ္။ တစ္ေန႔မွာ စပ်စ္ဝိုင္တစ္ခြက္ေသာက္ေပးမယ္ဆိုရင္ဒီအက်ဳိးေက်းဇူးေတြကိုရရွိမွာ ျဖစ္ပါတယ္။ ဂၽြန္ေဟာ့ပ္ကင္းရဲ႕ ေလ့လာမႈအသစ္အရ ဝိုင္နီဟာ ေလျဖတ္တာေၾကာင့္ျဖစ္တဲ့ ဦးေႏွာက္ ထိခိုက္မႈကို ၄၀ရာခိုင္ႏႈန္း ေလ်ာ့က်ေစႏိုင္တယ္လို႔ သိရပါတယ္။ စပ်စ္ဝိုင္မွာပါတဲ့ ပ႐ိုအန္သိုဆိုင္ယာနင္ဓာတ္ဟာ ေသြးေၾကာပိတ္တာကို ေလ်ာ့က်ေစၿပီး ေသြးတြင္းကို လက္စထေရာအဆင့္ေလ်ာ့နည္းကာ ႏွလံုးေရာဂါေၾကာင့္ ေသဆံုးမႈမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

စပ်စ္ဝိုင္ေၾကာင့္ ေကာင္းက်ဳိး ရရွိေအာင္ ဘယ္လို လုပ္မလဲ

တစ္ေန႔ စပ်စ္ဝိုင္ တစ္ဖန္ခြက္ထက္ ပိုၿပီး မေသာက္ပါနဲ႔။

၅။ ခ်စ္ျခင္းေမတၱာကို အေလးထားပါ

ခ်စ္ျခင္းေမတၱာက အစြမ္းထက္ ေဆးတစ္လက္ ျဖစ္ပါတယ္။ ခ်စ္ျခင္းေမတၱာေၾကာင့္ကိုယ့္ကိုယ္ကိုယ္ ေလးစားစိတ္ကို အားေကာင္းေစၿပီး ကိုယ္ခံစြမ္းအား စနစ္ကို တိုးျမင့္ေစပါတယ္။ ဒါ့အျပင္ ႏွလံုးေသြးေၾကာ က်န္းမာေရးကိုေကာင္းမြန္ေစပါတယ္။ ခ်စ္ျခင္းေၾကာင့္ ေအာက္ဆီတိုစင္ ေဟာ္မုန္းေတြကိုထြက္ေစၿပီး စိတ္ဖိစီးမႈနဲ႔ပူပင္ေသာကကို ေလ်ာ့က်ေစပါတယ္။

ခ်စ္ျခင္းေမတၱာ ရရွိေအာင္ ဘယ္လိုလုပ္သင့္သလဲ

သင့္ဘဝအေဖာ္နဲ႔အတူ မၾကာခဏ ခ်စ္ၾကည္ႏူးမႈကို ရွာေဖြပါ။ ဒါမွမဟုတ္ပန္းခ်ီဆြဲတာ၊ စာဖတ္တာလို ဝါသနာပါတဲ့ အလုပ္ေတြကို အတူတူမွ်ေဝခံစားေပးမယ့္ မိတ္ေဆြစစ္ကို ရွာေဖြပါ။

၆။ ေယာဂက်င့္ပါ

ေယာဂက်င့္တာေၾကာင့္ စြမ္းအင္ပိုမို ရရွိေစၿပီး ခႏၶာကိုယ္ အေနအထားမွန္ကန္ကာ ေပ်ာ့ေပ်ာင္းသန္စြမ္းေစပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမႈေျပေလ်ာ့ၿပီး စိတ္ၾကည္ႏူးမႈ ရရွိေစပါတယ္။ ဒါေၾကာင့္ ႐ုပ္ရည္ႏုပ်ဳိေစတဲ့ ေကာင္းက်ဳိးကို ေပးႏိုင္ပါတယ္။ အသက္႐ွဴရတဲ့ ေယာဂက်င့္တာက ဆဲလ္ေတြဆီေအာက္ဆီဂ်င္ ေရာက္ရွိေစၿပီး
အဆိပ္ေတြ ထြက္ရွိေစကာ နာမက်န္းမႈ မျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အေရျပားကိုေတာက္ပေစႏိုင္ပါတယ္။ တျခားေလ့က်င့္ခန္းေတြနဲ႔ မတူတာက ခႏၶာကိုယ္တြင္း စနစ္ေတြကိုလည္းေကာင္းမြန္ေစႏိုင္ပါတယ္။

ေယာဂေၾကာင့္ အက်ဳိးေက်းဇူး ရရွိေအာင္ ဘယ္လိုလုပ္မလဲ

တစ္ပတ္မွာ အနည္းဆံုး ႏွစ္ႀကိမ္ ေယာဂက်င့္ရင္ စြမ္းအားတိုးေစၿပီး အ႐ိုးထုသန္စြမ္းကာ စိတ္ဖိစီးမႈ ေျပေလ်ာ့ေစပါတယ္။

၇။ တလည္းသီး သံုးပါ

တလည္းသီးဟာ တျခားသစ္သီးေတြထက္ အက်ဳိးေက်းဇူး ပိုမ်ားတယ္လို႔ လတ္တေလာေလ့လာမႈေတြက ဆိုပါတယ္။တလည္းသီး ေဖ်ာ္ရည္ဟာ ေသြးတြင္းကိုလက္စထေရာန႔ဲေသြးဖိအားကို ေလ်ာ့က်ေစၿပီး ေသြးေၾကာက်ဥ္းတာနဲ႔ အယ္လ္ဇိုင္းမား ေရာဂါေတြမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။ တလည္းသီးဟာ ကင္ဆာေရာဂါ တခ်ဳိ႕ကိုမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာသူတခ်ဳိ႕က ယံုၾကည္ၾကပါတယ္။ တလည္းသီးဟာ ခရမ္းလြန္ေရာင္ျခည္ ထိေတြ႕မႈေၾကာင့္ အေရျပား ပ်က္စီးတာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

တလည္းသီးေၾကာင့္ ေကာင္းက်ဳိးရေအာင္ ဘာလုပ္သင့္သလဲ

တလည္းသီးေဖ်ာ္ရည္ ေသာက္ပါ။ တလည္းသီးနဲ႔ လုပ္ထားတဲ့ အိုမင္းမႈတားမ်က္ႏွာလိမ္းခရင္မ္ဟာ အေရးေၾကာင္းေတြကို ေျပေလ်ာ့ေစၿပီး ငယ္ရြယ္ႏုပ်ဳိတင္းရင္းတဲ့ အသားအေရကို ရရွိေစပါတယ္။

၈။ လက္ဖက္စိမ္း လက္ဖက္ရည္ ေသာက္ပါ

လက္ဖက္စိမ္း လက္ဖက္ရည္ဟာ ရင္သားကင္ဆာ အႏၲရာယ္ကို ေလ်ာ့က်ေစၿပီး ဆီးအိတ္၊ အူမႀကီးနဲ႔ အဆုတ္စတဲ့ ေနရာေတြမွာ ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ လက္ဖက္စိမ္းဟာ ကင္ဆာဆဲလ္ ႀကီးထြားမႈကိုလည္း ဟန္႔တားႏိုင္တယ္လို႔ေလ့လာသူတခ်ဳိ႕က ဆိုပါတယ္။ ကိုယ္အေလးခ်ိန္ကုိလည္း ထိန္းေပးႏိုင္တဲ့အျပင္အယ္လ္ဇိုင္းမား ေရာဂါမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

လက္ဖက္စိမ္းေၾကာင့္ ေကာင္းက်ဳိးရေအာင္ ဘာလုပ္သင့္သလဲ

လက္ဖက္စိမ္းကို တစ္ေန႔ ႏွစ္ခြက္၊ သံုးခြက္ခန္႔ ေသာက္ေပးတာက အေကာင္းဆံုးက်န္းမာေရး အာနိသင္ကို ရရွိေစႏိုင္ပါတယ္။

၉။ အေရျပားကို အားျဖည့္ပါ

ရက္တီေနာ (Retinol) ဟာ အသားအေရကို ေခ်ာမြတ္ေစၿပီး အေရးေၾကာင္းေတြမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အေရျပားကို ပိုးသားလိုႏူးညံ့ေပ်ာ့ေပ်ာင္းေစကာ ႏွင္းဆီလိုလန္းဆန္းေနေစပါတယ္။ အေရးေၾကာင္းေတြေလ်ာ့က်ေစၿပီး အသားအေရ တင္းရင္းကာေခၽြးေပါက္ေတြ မက်ယ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ အိုမင္းမႈတား အလွကုန္မွာအာရွသစ္ပင္ေတြမွာ ပါဝင္တဲ့Madecassol ဆိုတဲ့ ဓာတ္ပါဝင္ရင္ အေရျပားကို ျပည့္တင္းေစကာ အေရးေၾကာင္းေတြေလ်ာ့က်ေစပါတယ္။အေရျပား ဆဲလ္ေတြ ကိုလည္း ေရဓာတ္ ျပည့္ဝေစပါတယ္။

ဘယ္လို လိမ္းရမလဲ

ရက္တီေနာပါတဲ့ အေရျပားလိမ္း ခရင္မ္ကို လိမ္းပါ။ ညဘက္မွာ ေနကာႏိုင္စြမ္းမပါတဲ့ ရက္တီေနာ ခရင္မ္လိမ္းပါ။ ဗီတာမင္စီပါတဲ့ ခရင္မ္ကိုလိမ္းေပးရင္လည္း ေကာ္လာဂ်င္ ႀကီးထြားေစၿပီး အေရျပား တင္းရင္းလွပေစပါတယ္။ ေန႔စဥ္ခရမ္းလြန္ ေရာင္ျခည္ ေအနဲ႔ ဘီကို ကာကြယ္ႏိုင္မယ့္ ေနကာခရင္မ္လိမ္းေပးပါ။

၁၀။ ဦးေႏွာက္ဆိုင္ရာ ေလ့က်င့္ခန္း လုပ္ေဆာင္ပါ

အေမရိကန္ေဆးပညာ အဖြဲ႕အစည္းရဲ႕ ေလ့လာမႈ တစ္ရပ္အရ ဦးေႏွာက္ေလ့က်င့္ခန္းေတြ လုပ္တာက ေတြးေခၚ ေျမာ္ျမင္မႈကို ေကာင္းေစတယ္လို႔သိရပါတယ္။

ဦးေႏွာက္စြမ္းအား ျမင့္တက္ေစရန္ ဘာလုပ္သင့္သလဲ

ဦးေႏွာက္ ေလ့က်င့္ခန္းေတြျဖစ္တဲ့ ဆူဒိုကု ေလ့က်င့္ခန္း၊ စကားလံုးဆက္တဲ့ ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္ေပးပါ။ ကိန္းဂဏန္းေတြ၊ စကားလံုးေတြ သံုးၿပီးေလ့က်င့္ခန္း လုပ္ေပးတာကဦးေႏွာက္ကို က်န္းမာေစပါတယ္။

Multi-Vitamin For All


စိတ်ရောကိုယ်ပါ နုပျိုလန်းဆန်းစေဖို့ သိထားသင့်တဲ့ နည်းလမ်း (၁၀) ချက် (unicode)

အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေချောမွေ့နေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။

၁။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုက လူတိုင်းအတွက် ရန်သူပါပဲ။ စိတ်ဖိစီးမှုများရင်အရေးကြောင်းထင်နှုန်း မြင့်မားပြီး အိုမင်းလွယ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး အာဟာရပြည့်ပြည့်ဝဝစားပေးပါ။ လတ်တလော လေ့လာမှုတွေအရ စိတ်ဖိစီးမှုကြောင့်ခန္ဓာကိုယ် အိုမင်းလွယ်ပြီး ပြောင်းလဲမှုတွေဖြစ်ကြသလို အဒရီနယ်လင်နဲ့ကော်တီစောလို ဟော်မုန်းတွေ မြင့်တက်တာကြောင့် သွေးတိုးတာနဲ့နှလုံးခုန်နှုန်း မြန်တာတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင်အိပ်မပျော်တာ၊ ပူပင်သောကများတာ၊ ဒေါသထွက်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါထတာတွေလို ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

စိတ်ဖိစီးမှု လျော့ကျအောင် ဘာလုပ်မလဲ

စိတ်ဖိစီးမှုထိန်းနိုင်တဲ့ အကောင်းဆုံးနည်းက တရားထိုင်တာ ဖြစ်ကြောင်းလေ့လာသူတွေက ဆိုပါတယ်။အချိန်အကြာကြီး တရားမထိုင်နိုင်ရင်တောင် တစ်နေ့မှာအနည်းဆုံး ၁၀ မိနစ်လောက်ထိုင်ပေးရုံနဲ့ စိတ်ဖိစီးမှု လျော့ကျနိုင်ပါတယ်။

၂။ ကောင်းသော အဆီများများ စားပါ

အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေကို စားပေးတာက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့်စိတ်ခံစားမှုကို တည်ငြိမ်စေတာ၊ အရိုးတွေကို သန်စွမ်းစေတာ နဲ့အိုမင်းမှုကြောင့်ဖြစ်တဲ့ အမြင်ပြဿနာတွေကို လျော့ကျစေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ ခန္ဓာကိုယ် အင်ဇိုင်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကိုကောင်းမွန်စေပြီးစွမ်းအင် အဖြစ် သုံးပေးနိုင်ပါတယ်။ အသားအရေကိုလည်းတောက်ပစေပါတယ်။

ကောင်းသော အဆီရရှိအောင် ဘာလုပ်မလဲ

တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို နှစ်ဂရမ် မှီဝဲဖို့ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အိုမီဂါ ၃ ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊သီဟိုဠ်စေ့ စတာတွေကို စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါ ၃ ဖြည့်စွက်ဆေး မှီဝဲပါ။

၃။ လှုပ်ရှားမှု လုပ်ပါ

ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံ သာမကကွက်သားတွေ သန်စွမ်းတာ၊ အရိုးတွေ သန်မာတာ၊ စိတ်ခံစားမှု ကောင်းတာနဲ့ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်းရှိတာစတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။ တစ်နေ့မှာ ၁၀ မိနစ်ခန့် လမ်းလျှောက်ပေးရုံနဲ့အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း ၄၀ ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် စိတ်ဖိစီးမှုနဲ့ပူပင်သောကတွေကို ဖယ်ရှားပေးနိုင်ပြီး မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေပါတယ်။

တစ်နေ့တာ လိုအပ်သော ကိုယ်လက်လှုပ်ရှားမှု ရရှိအောင် ဘယ်လိုလုပ်မလဲ

တစ်နာရီ ထိုင်ပြီးတိုင်း ၂မိနစ် ၃မိနစ်ခန့် တစ်ကြိမ် လမ်းထလျှောက်ပါ။ တစ်နေ့ မိနစ် ၃၀ လောက်လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ နဲ့ ကခုန်တာတွေကိုလုပ်ဆောင်ပေးပါ။

၄။ စပျစ်ဝိုင် အနည်းငယ် သောက်ပါ

စပျစ်သီးထဲမှာပါတဲ့ ရက်စ်ဗာရထရောဓာတ်ကို ရရှိတဲ့သူတွေကမရရှိသူတွေထက်စာရင် သက်တမ်းကြာကြာ နေရတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကြွက်တွေကို လေ့လာမှုအရ ရက်စ်ဗာရထရောဟာ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေနဲ့ အသည်းရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့သိရပါတယ်။

အဝလွန်တာနဲ့ ဆက်စပ်နေတဲ့ သေဆုံးမှုကလည်း သိသိသာသာလျော့ကျစေပါတယ်။ တစ်နေ့မှာ စပျစ်ဝိုင်တစ်ခွက်သောက်ပေးမယ်ဆိုရင်ဒီအကျိုးကျေးဇူးတွေကိုရရှိမှာ ဖြစ်ပါတယ်။ ဂျွန်ဟော့ပ်ကင်းရဲ့ လေ့လာမှုအသစ်အရ ဝိုင်နီဟာ လေဖြတ်တာကြောင့်ဖြစ်တဲ့ ဦးနှောက် ထိခိုက်မှုကို ၄ဝရာခိုင်နှုန်း လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ စပျစ်ဝိုင်မှာပါတဲ့ ပရိုအန်သိုဆိုင်ယာနင်ဓာတ်ဟာ သွေးကြောပိတ်တာကို လျော့ကျစေပြီး သွေးတွင်းကို လက်စထရောအဆင့်လျော့နည်းကာ နှလုံးရောဂါကြောင့် သေဆုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စပျစ်ဝိုင်ကြောင့် ကောင်းကျိုး ရရှိအောင် ဘယ်လို လုပ်မလဲ

တစ်နေ့ စပျစ်ဝိုင် တစ်ဖန်ခွက်ထက် ပိုပြီး မသောက်ပါနဲ့။

၅။ ချစ်ခြင်းမေတ္တာကို အလေးထားပါ

ချစ်ခြင်းမေတ္တာက အစွမ်းထက် ဆေးတစ်လက် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို အားကောင်းစေပြီး ကိုယ်ခံစွမ်းအား စနစ်ကို တိုးမြင့်စေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြော ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ချစ်ခြင်းကြောင့် အောက်ဆီတိုစင် ဟော်မုန်းတွေကိုထွက်စေပြီး စိတ်ဖိစီးမှုနဲ့ပူပင်သောကကို လျော့ကျစေပါတယ်။

ချစ်ခြင်းမေတ္တာ ရရှိအောင် ဘယ်လိုလုပ်သင့်သလဲ

သင့်ဘဝအဖော်နဲ့အတူ မကြာခဏ ချစ်ကြည်နူးမှုကို ရှာဖွေပါ။ ဒါမှမဟုတ်ပန်းချီဆွဲတာ၊ စာဖတ်တာလို ဝါသနာပါတဲ့ အလုပ်တွေကို အတူတူမျှဝေခံစားပေးမယ့် မိတ်ဆွေစစ်ကို ရှာဖွေပါ။

၆။ ယောဂကျင့်ပါ

ယောဂကျင့်တာကြောင့် စွမ်းအင်ပိုမို ရရှိစေပြီး ခန္ဓာကိုယ် အနေအထားမှန်ကန်ကာ ပျော့ပျောင်းသန်စွမ်းစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုပြေလျော့ပြီး စိတ်ကြည်နူးမှု ရရှိစေပါတယ်။ ဒါကြောင့် ရုပ်ရည်နုပျိုစေတဲ့ ကောင်းကျိုးကို ပေးနိုင်ပါတယ်။ အသက်ရှူရတဲ့ ယောဂကျင့်တာက ဆဲလ်တွေဆီအောက်ဆီဂျင် ရောက်ရှိစေပြီး
အဆိပ်တွေ ထွက်ရှိစေကာ နာမကျန်းမှု မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကိုတောက်ပစေနိုင်ပါတယ်။ တခြားလေ့ကျင့်ခန်းတွေနဲ့ မတူတာက ခန္ဓာကိုယ်တွင်း စနစ်တွေကိုလည်းကောင်းမွန်စေနိုင်ပါတယ်။

ယောဂကြောင့် အကျိုးကျေးဇူး ရရှိအောင် ဘယ်လိုလုပ်မလဲ

တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် ယောဂကျင့်ရင် စွမ်းအားတိုးစေပြီး အရိုးထုသန်စွမ်းကာ စိတ်ဖိစီးမှု ပြေလျော့စေပါတယ်။

၇။ တလည်းသီး သုံးပါ

တလည်းသီးဟာ တခြားသစ်သီးတွေထက် အကျိုးကျေးဇူး ပိုများတယ်လို့ လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။တလည်းသီး ဖျော်ရည်ဟာ သွေးတွင်းကိုလက်စထရောနဲ့သွေးဖိအားကို လျော့ကျစေပြီး သွေးကြောကျဉ်းတာနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ တလည်းသီးဟာ ကင်ဆာရောဂါ တချို့ကိုမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတချို့က ယုံကြည်ကြပါတယ်။ တလည်းသီးဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် အရေပြား ပျက်စီးတာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

တလည်းသီးကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ

တလည်းသီးဖျော်ရည် သောက်ပါ။ တလည်းသီးနဲ့ လုပ်ထားတဲ့ အိုမင်းမှုတားမျက်နှာလိမ်းခရင်မ်ဟာ အရေးကြောင်းတွေကို ပြေလျော့စေပြီး ငယ်ရွယ်နုပျိုတင်းရင်းတဲ့ အသားအရေကို ရရှိစေပါတယ်။

၈။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေပြီး ဆီးအိတ်၊ အူမကြီးနဲ့ အဆုတ်စတဲ့ နေရာတွေမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ကင်ဆာဆဲလ် ကြီးထွားမှုကိုလည်း ဟန့်တားနိုင်တယ်လို့လေ့လာသူတချို့က ဆိုပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တဲ့အပြင်အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လက်ဖက်စိမ်းကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ

လက်ဖက်စိမ်းကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်ခန့် သောက်ပေးတာက အကောင်းဆုံးကျန်းမာရေး အာနိသင်ကို ရရှိစေနိုင်ပါတယ်။

၉။ အရေပြားကို အားဖြည့်ပါ

ရက်တီနော (Retinol) ဟာ အသားအရေကို ချောမွတ်စေပြီး အရေးကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို ပိုးသားလိုနူးညံ့ပျော့ပျောင်းစေကာ နှင်းဆီလိုလန်းဆန်းနေစေပါတယ်။ အရေးကြောင်းတွေလျော့ကျစေပြီး အသားအရေ တင်းရင်းကာချွေးပေါက်တွေ မကျယ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းမှုတား အလှကုန်မှာအာရှသစ်ပင်တွေမှာ ပါဝင်တဲ့Madecassol ဆိုတဲ့ ဓာတ်ပါဝင်ရင် အရေပြားကို ပြည့်တင်းစေကာ အရေးကြောင်းတွေလျော့ကျစေပါတယ်။အရေပြား ဆဲလ်တွေ ကိုလည်း ရေဓာတ် ပြည့်ဝစေပါတယ်။

ဘယ်လို လိမ်းရမလဲ

ရက်တီနောပါတဲ့ အရေပြားလိမ်း ခရင်မ်ကို လိမ်းပါ။ ညဘက်မှာ နေကာနိုင်စွမ်းမပါတဲ့ ရက်တီနော ခရင်မ်လိမ်းပါ။ ဗီတာမင်စီပါတဲ့ ခရင်မ်ကိုလိမ်းပေးရင်လည်း ကော်လာဂျင် ကြီးထွားစေပြီး အရေပြား တင်းရင်းလှပစေပါတယ်။ နေ့စဉ်ခရမ်းလွန် ရောင်ခြည် အေနဲ့ ဘီကို ကာကွယ်နိုင်မယ့် နေကာခရင်မ်လိမ်းပေးပါ။

၁၀။ ဦးနှောက်ဆိုင်ရာ လေ့ကျင့်ခန်း လုပ်ဆောင်ပါ

အမေရိကန်ဆေးပညာ အဖွဲ့အစည်းရဲ့ လေ့လာမှု တစ်ရပ်အရ ဦးနှောက်လေ့ကျင့်ခန်းတွေ လုပ်တာက တွေးခေါ် မြော်မြင်မှုကို ကောင်းစေတယ်လို့သိရပါတယ်။

ဦးနှောက်စွမ်းအား မြင့်တက်စေရန် ဘာလုပ်သင့်သလဲ

ဦးနှောက် လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဆူဒိုကု လေ့ကျင့်ခန်း၊ စကားလုံးဆက်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။ ကိန်းဂဏန်းတွေ၊ စကားလုံးတွေ သုံးပြီးလေ့ကျင့်ခန်း လုပ်ပေးတာကဦးနှောက်ကို ကျန်းမာစေပါတယ်။

Multi-Vitamin For All

Leave a Reply