ေရွးတ႐ုတ္တို႔၏ မဟာ တီထြင္မႈႀကီး ၄ ရပ္ အေၾကာင္း

Posted on

ေရွးတ႐ုတ္တို႔၏ တီထြင္မႈႀကီး ၄ ရပ္ မွာ စကၠဴ၊ သံလိုက္အိမ္ေျမႇာင္၊ ယမ္းႏွင့္ ပုံႏွိပ္ျခင္းတို႔ ျဖစ္သည္။ဤတီထြင္မႈႀကီး ၄ ရပ္သည္ တ႐ုတ္ယဥ္ေက်းမႈ ဖြံ႕ၿဖိဳးတိုးတက္မႈတြင္ သာမက ကမၻာတလႊား၌ ႀကီးမားသည့္ လႊမ္းမိုးမႈမ်ားရွိသည္။သို႔ေသာ္လည္း ေခတ္သစ္ တ႐ုတ္ပညာရွင္မ်ားက အဆိုပါ တီထြင္မႈႀကီး ၄ ရပ္သည္ အေရွ႕တိုင္းႏွင့္ အေနာက္တိုင္း နည္းပညာထိေတြ႕မႈ ရွိခဲ့သည္ကို ျမင္သာထင္ရွားေစသည့္ အခ်က္တခ်က္သာျဖစ္ၿပီး တ႐ုတ္တို႔၏ အျခားေသာ တီထြင္မႈမ်ားသည္ ပိုမိုတိုးတက္ ႐ႈပ္ေထြးၿပီး သက္ေရာက္မႈလည္း ပိုမိုႀကီးမားသည္ဟု ေထာက္ျပထားၾကသည္။

၁။ စကၠဴ

စကၠဴကို တ႐ုတ္ ဟန္မင္းဆက္သမိုင္းတြင္ မွတ္တမ္းတင္ထားသည့္ ဂါဒီဂီလက္စ္ကိုင္လြန္(Ts’ai Lun)က တီထြင္ခဲ့သည္။ တ႐ုတ္ျပည္တြင္ ဆိုင္းလြန္းမတိုင္မီ ယခင္ကာလက စာအုပ္ကို ဝါးႏွင့္လုပ္ၾကရေသာေၾကာင့္ ယင္းသို႔ေသာစာအုပ္မ်ားမွာ ေလးလံၿပီး ကို႔ယို႔ကားယားႏိူင္လြန္းလွ၏။ အခ်ိဳ႕ေသာစာအုပ္မ်ိဳးမ်ားကိုမႈုပိုးထည္တြင္ေရးသားစီရင္ခဲ့ၾက၍ ၎ပိုးထည္စာအုပ္မ်ိဳးမွာ တန္ဖိုးမ်ားလြန္းလွပါသည္။

အေနာက္တိုင္းတြင္မူ စကၠဴမထြက္မွီယခင္ကာလက သားေရခ်ပ္မ်ားတြင္ေရးသား ခဲ့ၾကသည္။ ဤသားေရ ခ်ပ္မ်ားကို သိုးေရ၊ဆိတ္ေရႏွင့္ျပလုပ္ခဲ့ၾက၍ ဂရိ၊ေရာမႏွင့္အီဂ်စ္တြင္မႉ ပါပါရပ္စ္ေခၚက်ဴခ်ပ္ကို အသုံးျပဳခဲ့ၾကသည္။ သို႔ေသာ္ သားေရခ်ပ္ႏွင့္ က်ဴခ်ပ္ႏွစ္မ်ိဳးလုံးမွာရွားပါး႐ုံသာမကပဲ ထုတ္လုပ္မႈစားရိတ္လည္းႀကီးျမင့္လွပါသည္။

စကၠဴကို တ႐ုတ္ ဟန္မင္းဆက္သမိုင္းတြင္ မွတ္တမ္းတင္ထားသည့္ ဂါဒီဂီလက္စ္ကိုင္လြန္က တီထြင္ခဲ့သည္။ ကိုင္လြန္ကို ေအဒီ(၅၀)က တ႐ုတ္ျပည္အေရွ႕ပိုင္း၊ ဂြိဳင္ယန္စီရင္စု၌ ေမြးဖြားသည္။ သူသည္ သစ္ေခါက္ ပိုက္ဆံလွျော်ပင္၊ ပိုးခ်ည္မွျင္တို႔မွ စကၠဴထုတ္လုပ္ရန္ ႀကိဳးစားသည့္အျပင္ ငါးဖမ္းပိုက္မ်ားမွပင္ စကၠဴထုတ္လုပ္ရန္ ႀကိဳးစားအားထုတ္ ခဲ့သည္။ ကိုင္လြန္အေနႏွင့္ စကၠဴတီထြင္ရန္ ႀကိဳးစားရျခင္း အေၾကာင္းမွာ တ႐ုတ္ဘုရင္ ဟီဒီက ၎အား စကၠဴထုတ္လုပ္ေရး တာဝန္ခံအျဖစ္ တာဝန္ေပးခဲ့ေသာေၾကာင့္ ျဖစ္သည္။

စကၠဴကိုတီထြင္သူအျဖစ္ဆိုင္းလြန္းကိုမွတ္တမ္းတင္ထားခဲ့ၾက၍ယင္း၏အမည္မွာတ႐ုတ္ျပည္တြင္ အလြန္အင္မတန္ပင္ ေက်ာ္ၾကားလွသည္။ ဆိုင္းလြန္းသည္ တ႐ုတ္တို႔၏မွတ္တမ္းမ်ားအရ သင္းကြပ္ထားသူတစ္ဦးျဖစ္သည္။

အင္ပါယာရွင္ႀကီးမွာဆိုင္းလြန္း၏ တီထြင္မႈကိုသေဘာက်ႏွစ္ၿခိဳက္ခဲ့၍ ဆိုင္းလြန္းအားရာထူးတိုးျမႇင့္ ေပးခဲ့ၿပီးဘုရင့္ဘြဲ႕တံဆိပ္အား ေပးအပ္ခဲ့ရာ ဆိုင္းလြန္းမွာခ်မ္းသာႂကြယ္ဝလာခဲ့သည္။သို႔ရာတြင္သူသည္ေနာက္ပိုင္းနန္းတြင္းလုပ္ႀကံမႈ တစ္ခု၌မလႊဲမေရွာင္ သာပါဝင္ခဲ့ေသာေၾကာင့္ က်ဆုံးမႈသို႔ဦးတည္ခဲ့ရၿပီးသိကၡာ ဆုံးပါးသြားေသာေၾကာင့္ သူသည္ေရမိုးခ်ိဳး၊ အဝတ္အစားသစ္မ်ားဝတ္ဆင္၍ အဆိပ္ေသာက္ေသခဲ့သည္ဟု တ႐ုတ္တို႔က မွတ္တမ္းတင္ခဲ့သည္။

ဒုတိယရာစုႏွစ္တြင္ တ႐ုတ္ျပည္၌ စကၠဴအသုံးတြင္းက်ယ္လာခဲ့ၿပီး ရာစုႏွစ္အနည္းငယ္အတြင္းတြင္ တ႐ုတ္တို႔မွ အာရွတိုက္၏ အျခားေဒသမ်ား သို႔စကၠဴကိုတင္ပို႔ခဲ့သည္။ ကာလအတန္ၾကာသည္အထိ တ႐ုတ္တို႔က စကၠဴလုပ္နည္းကိုလၽွိဳ႕ဝွက္ခဲ့ေသာ္လည္း ၇၅၁ ခုႏွစ္တြင္ တ႐ုတ္စကၠဴ အလုပ္သမားအခ်ိဳ႕အား အာရပ္တို႔မွဖမ္းဆီးမိသြားရာမွ မ်ားမၾကာမီပင္ ဘဂၢဒက္ၿမိဳ႕ႏွင့္ ဆမာရ္ကန္ၿမိဳ႕တြင္ စကၠဴကို ထုတ္လုပ္လာႏိုင္ခဲ့ၾကသည္။

စကၠဴလုပ္နည္းအတတ္မွာ အာရပ္ကမၻာသို႔ တျဖည္းျဖည္းပ်ံ႕ႏွံ႔သြားခဲ့ရာ ဆယ့္ႏွစ္ရာစုႏွစ္တြင္ ဥေရာပသားတို႔ကထိုအတတ္အား အာရပ္တို႔ထံမွ သင္ယူတတ္ေျမာက္ခဲ့ၾကပါသည္။ ၎ေနာက္စကၠဴအသုံးမွာ တျဖည္းျဖည္းတြင္က်ယ္လာခဲ့ရာ ဂူတင္ဘတ္က ပုံႏွိပ္စက္ကိုတီထြင္ၿပီးေနာက္ပိုင္း အေနာက္တိုင္းတြင္သားေရခ်ပ္၏ေနရာ၌ အဓိကစာေရးကိရိယာအျဖစ္ စကၠဴကေနရာယူၿပီး အစားထိုး အသုံးခ်ခဲ့ၾကသည္။

၂။ သံလိုက္အိမ္ေျမႇာင္

ဟန္မင္းဆက္လက္ထက္ (၂၀၆ဘီစီ – ၂၂၀ ေအဒီ) ၾကား အသုံးျပဳခဲ့ေသာ သံလုိက္အိမ္ေျမွာင္

သံလိုက္အိမ္ေျမႇာင္ဆိုသည္မွာ ကမၻာႀကီး၏ ဝင္႐ိုးစြန္းမ်ားတြင္ ျဖစ္ေပၚလ်က္ရွိေသာ သံလိုက္စက္ကြင္း မ်ားႏွင့္ သံလိုက္တို႔ အျပန္အလွန္ အက်ိဳးသက္ေရာက္ရာမွ ေျမာက္အရပ္ကို ၫႊန္ျပႏိုင္ေသာ လမ္းၫႊန္ သံလိုက္ကို ေခၚသည္။ ၎ကိရိယာအား တ႐ုတ္လူမ်ိဳးမ်ား တီထြင္ခဲ့ၾကသည္။

သံလိုက္အိမ္ေျမႇာင္သည္ ကမၻာေျမႀကီး၏ သံလိုက္စက္ကြင္းကို အမွီျပဳၿပီး အရပ္ေလးမ်က္ႏွာကို ရွာေဖြႏိုင္သည့္ လမ္းၫႊန္၊ လမ္းျပ ကိရိယာတစ္မ်ိဳးျဖစ္သည္။ ၎တြင္ သံလိုက္ဓာတ္ရွိသည့္ မၽွားတံတစ္ခုပါဝင္ၿပီး မ်ားေသာအားျဖင့္ ေျမာက္အရပ္ကို ၫႊန္ျပေလ့ ရွိသည္။ သံလိုက္အိမ္ေျမႇာင္ ေပၚေပါက္လာျခင္းသည္ ခရီးသြားလာျခင္း အထူးသျဖင့္ ပင္လယ္ခရီးႏွင္ရာတြင္ မ်ားစြာ အေထာက္အကူ ျဖစ္ေစသည္။

၁၇၆၀ ခုႏွစ္၀န္းက်င္က တရုတ္တြင္ အသုံးျပဳခဲ့ေသာ သံလုိက္အိမ္ေျမွာင္

သံလိုက္အိမ္ေျမႇာင္ကို တ႐ုတ္တို႔သည္ ၂ ရာစုမတိုင္မီေခတ္တြင္ တီထြင္ခဲ့ၿပီး ၁၁ ရာစုမွစ၍ ေရေၾကာင္းခရီး သြားလာေရးတြင္ အသုံးျပဳလာၾကသည္။ ေခတ္သစ္ သံလိုက္အိမ္ေျမႇာင္မ်ား၏ မူလပုံသ႑ာန္ကို ၁၄ ရာစုႏွစ္ခန္႔တြင္ ဥေရာပသားမ်ားက တီထြင္ခဲ့သည္။ ၂၀ ရာစုခန္႔တြင္ အတြင္း၌ အရည္ျဖည့္ထားသည့္ သံလိုက္အိမ္ေျမႇာင္မ်ား အစားထိုး ေနရာယူလာၾကသည္။

၃။ ယမ္း

ယမ္းကို မည္သည့္အခါကစ၍ တီထြင္ခဲ့သည္ကို မည္သူမၽွ မေျပာႏိုင္ေခ်။ အမွန္မွာ ယမ္းကို မည္သူတစ္ဦး တစ္ေယာက္ကမၽွ မတီထြင္ႏိုင္ခဲ့ေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ ယမ္းကို စစ္ဘက္ႏွင့္ အျခားဘက္မ်ား၌ မီးကို ျဖစ္ေပၚလာေစ ခဲ့ျခင္းေၾကာင့္ ျဖစ္ေပသည္။

ေရွးေခတ္ တ႐ုတ္လူမ်ိဳးတို႔သည္ ထိုကဲ့သို႔ေသာ မီးေလာင္ ေစႏိုင္သည့္ သတၱိရွိေသာပစၥည္း၏ အေၾကာင္းကို သိခဲ့ၾကေလ သည္။ ခရစ္ ၆၇၃ ခုႏွစ္တြင္ ကြန္စတန္တီႏိုပယ္ၿမိဳ႕ကို ကာကြယ္သူမ်ားက ဆာရဆင္တို႔ အား တိုက္ခိုက္ရာ၌ ပထမ စ၍ အသုံးျပဳခဲ့ၾကသည့္ ဂရိမီးသည္ မ်က္ေမွာက္ေခတ္ ယမ္းႏွင့္ အတူတူပင္ ျဖစ္သည္ဟု ယုံၾကည္ၾကသည္။ သို႔ေသာ္ ထိုစဥ္က ယမ္းကို အေျမာက္ဆံ၊ သို႔မဟုတ္ ေသနတ္က်ည္ဆံ မ်ားကို ပစ္ခတ္သည့္ပစၥည္းအျဖစ္ အသုံးမျပဳႏိုင္ခဲ့ေခ်။ ယမ္း မ်ားကို မီး႐ႈိ႕ၿပီးလၽွင္ နံရံတံတိုင္းႀကီးမ်ား၏ ေအာက္ေျခ၌ဝိုင္းရံ ထားေသာ ရန္သူမ်ားအေပၚသို႔ ေလာင္းခ်ျခင္းကိုသာ ျပဳလုပ္ႏိုင္ ခဲ့ေလသည္။

ေရာ္ဂ်ာေဗကင္အမည္ရွိ အဂၤလိပ္လူမ်ိဳး ဘုန္းႀကီး တစ္ပါးႏွင့္ ဗာထိုးရွဗာ့အမည္ရွိ ဂ်ာမန္လူမ်ိဳး ဘုန္းႀကီးတစ္ပါး တို႔က ၁၃ ရာစုႏွစ္ ေနာက္ပိုင္းႏွင့္ ၁၄ ရာစုႏွစ္ ေစာေစာပိုင္း တြင္ ယမ္း၌ မည္သည့္ဓာတ္ပစၥည္းမ်ား ပါဝင္ေၾကာင္း အသီး အသီး ေဖာ္ျပႏိုင္ခဲ့ၾကေလသည္။ ယမ္းကို အေျမာက္၌ စတင္၍ အသုံးျပဳႏိုင္ခဲ့ၾကေလသည္။ ယမ္းကို အေျမာက္၌ စတင္၍ အသုံးျပဳႏိုင္ခဲ့သည္မွာ ၁၃၂၆ ခုႏွစ္တြင္ ျဖစ္သည္ဟု ဖေလာ္ ရင့္ၿမိဳ႕ မွတ္တမ္းမ်ားတြင္ ေတြ႕ရသည္။ သမိုင္းဆရာတစ္ဦးကမူ ကေရးဆီးတိုက္ပြဲ (၁၃၄၆ ခုႏွစ္)တြင္ အေျမာက္မ်ားကို အသုံး ျပဳသည္ဟု ေဖာ္ျပထားသည္။ သို႔ေသာ္ ထိုအေျမာက္မ်ားသည္ ျမင္းမ်ားႏွင့္ လူမ်ားကို ေျခာက္လွန္႔ ႐ုံသာသာမၽွသာ ျဖစ္ေပ လိမ့္မည္။

ယမ္းကို အေရးပါစြာ အသုံးျပဳႏိုင္ခဲ့ျခင္းမွာ ပုန္ကန္ လ်က္ရွိေသာ ဗဲ႐ြန္မႉးမတ္မ်ား၏ ရဲတိုက္နံရံႀကီးမ်ားကို ၿဖိဳခြဲ ပစ္ရာတြင္ ျဖစ္သည္။ သို႔ျဖင့္ ပုန္ကန္ေနၾကေသာ မႉးမတ္မ်ား သည္ ရဲတိုက္ႀကီးမ်ားတြင္ ေကာင္းစြာေနထိုင္ကာ ဘုရင္ႏွင့္ တိုင္းျပည္ရွိ လူမ်ားကို အာခံ၍ မေနႏိုင္ၾကေတာ့ေခ်။ ထို႔ ေနာက္တြင္ ယမ္းကို လက္နက္ငယ္မ်ားတြင္ အသုံးျပဳလာႏိုင္ခဲ့ ၾကသျဖင့္ ေသနတ္တစ္လက္ရွိေသာ သာမန္လူတစ္ေယာက္ သည္ သံခ်ပ္ကာအက်ႌမ်ား ဝတ္ဆင္ထားသည့္ ျမင္းစီးသူရဲ ေကာင္းႀကီးတစ္ဦးထက္ စစ္ပြဲတြင္ ပို၍ ေၾကာက္စရာ ေကာင္း လာခဲ့ေလသည္။

ေရွးေခတ္ ယမ္းသည္ ယခုေခတ္ရွိ သာမန္ယမ္းမႈန္႔ အနက္ႏွင့္ မထူးျခားလွေခ်။ ထိုယမ္းတြင္ ယမ္းစိမ္း (ပိုတက္ ဆီယမ္ ႏိုက္ထရိတ္)၊ မီးေသြးႏွင့္ ကန္႔တို႔ကို ေရာစပ္ထား သည္။ ထိုဓာတ္ပစၥည္းမ်ားကို ေရာစပ္သည့္ အခ်ိဳးမ်ားသည္ တစ္ခ်ိန္ႏွင့္ တစ္ခ်ိန္တြင္ မတူၾကေခ်။ ယခုအခါတြင္ အသုံးျပဳ ေနၾကသည့္ အခ်ိဳးမွာ ယမ္းစိမ္း ၇၅ ရာခိုင္ႏႈန္း၊ မီးေသြး ၁၅ ရာခိုင္ႏႈန္းႏွင့္ ကန္႔ ၁ဝ ရာခိုင္ႏႈန္း ျဖစ္သည္။ ထိုဓာတ္ပစၥည္း မ်ားကို ညက္ေအာင္ ႀကိတ္၍ သမေအာင္ အေျခာက္ခံရသည္။ ထို႔ေနာက္ ဒလိမ့္မ်ားျဖင့္ လိုသည့္အ႐ြယ္မ်ားျဖစ္ေအာင္ ႀကိတ္ ခြဲထားၾကသည္။

ယခုေခတ္တြင္ မီးပန္းမ်ားႏွင့္ ေပါက္ကြဲေစေသာ ပစၥည္း မ်ား ျပဳလုပ္ေသာအခါ၌သာလၽွင္ ထိုယမ္းမ်ိဳးကို အသုံးျပဳၾက ေတာ့သည္။ စစ္ဘက္တြင္ အသုံးျပဳသည့္ ယမ္းမ်ားသည္ မီးခိုး မထြက္ေသာ ယမ္းမႈန္႔မ်ားႏွင့္ အလြန္ေပါက္ကြဲေစေသာ ပစၥည္း မ်ားသာ ျဖစ္ၾကသည္။ ထိုမီးခိုးမထြက္ေသာ ယမ္းမႈန္႔ကို ၁၈၈၄ ခုႏွစ္တြင္ ျပင္သစ္လူမ်ိဳးတို႔က စစ္ဘက္တြင္ ပထမစ၍ အသုံးျပဳႏိုင္ခဲ့ၾကေလသည္။

၄။ ပုံႏွိပ္ျခင္း

ပုံႏွိပ္ျခင္းဆိုသည္မွာ စာသား၊ ႐ုပ္ပုံ၊ ဓာတ္ပုံတို႔ကို စကၠဴ၊ ပလပ္စတစ္၊ သံျပား၊ သစ္သား စသည့္တို႔တြင္ မွင္ျဖင့္ ပုံႏွိပ္ေသာလုပ္ငန္းစဥ္ကို ေခၚဆိုျခင္းျဖစ္သည္။

ပုံႏွိပ္ျခင္းႏွင့္ပတ္သတ္လွ်င္ အမ်ားစုသိၾကသည္မွာ ဂူတင္ဘတ္(Johannes Gutenberg) ျဖစ္ေသာ္လည္း ဂူတင္ဘတ္သည္ ပုံႏွိပ္ျခင္း ကုိ တီထြင္သူမဟုတ္ပဲ ေခတ္သစ္ပုံႏွိပ္စက္ကုိ တီထြင္ခဲ့သူသာျဖစ္သည္။ ဂူတင္ဘတ္သည္ ပုံႏွိပ္ျခင္းသမုိင္း၏ အစိတ္အပုိင္းတစ္ခုသာျဖစ္ခဲ့ၿပီး ပုံႏွိပ္ျခင္းသည္ လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀၀၀ခန္႔(ဘီစီ ၃၀၀၀) ကတည္းက ေပၚေပါက္ေနခဲ့ၿပီျဖစ္သည္။

မတ္ဆုိပုိေတးမီးယား ၊ အီရတ္ ႏွင့္ တရုတ္တုိ႔တြင္ ထုိအခ်ိန္တည္းက ပုံႏွိပ္ျခင္းအတတ္ေပၚေနၿပီျဖစ္ၿပီး တရုတ္ႏုိင္ငံသည္ အေစာဆုံးဟုဆုိႏုိင္သည္။ သုိ႔ေသာ္ ယေန႔ေခတ္ကဲ့သုိ႔ စာကုိပုံႏွိပ္ျခင္းမဟုတ္ပဲ အ၀တ္အစားမ်ားတြင္ ရုပ္ပုံမ်ားကို ႏွိပ္ျခင္းသာျဖစ္သည္။ တရုတ္တုိ႔သည္ ပုိးထည္မ်ားေပၚတြင္ ရုပ္ပုံမ်ားကို ပုံႏွိပ္ရန္ သစ္သားဘေလာက္တုံးမ်ားကို စတင္အသုံးျပဳခဲ့ၾကသည္။

ဟန္မင္းဆက္လက္ထက္(ေအဒီ ၂၂၀ခန္႔) တြင္ မူလအနက္ေရာင္တစ္မ်ဳိးတည္းသာမက အျပာ ၊ အနီ ႏွင့္ အ၀ါ အေရာင္သုံးမ်ဳိး ႏွိပ္ေခတ္ႏုိင္သည္ အထိ တုိးတက္လာခဲ့သည္။ ေအဒီ ၇ရာစု၀န္းက်င္တြင္ သစ္သားဘေလာက္တုံးမ်ားျဖင့္ စာအုပ္မ်ား၏ အစျဖစ္လာမည့္ စာသားတုိေလးမ်ားကုိ ရုိက္ႏွိပ္လာႏုိင္ခဲ့ၾကသည္။ ဆြန္႔မင္းဆက္လက္ထက္ တြင္မူ ေစ်းသက္သာေသာ စာအုပ္ပါးေလးမ်ားကို က်ယ္ျပန္႔စြာရုိက္ႏွိပ္လာႏုိင္ခဲ့သည္။

ေအဒီ ၉ရာစုတြင္ ရႈျပည္နယ္(ယခု Szechuan ျပည္နယ္) တြင္ မင္ရုိက္ႏွိပ္ထားေသာ ပုံႏွိပ္စာအုပ္မ်ားကို အလြယ္တကူ၀ယ္ယူလာႏုိင္ခဲ့သည္။ မၾကာမီပင္ ထိုပုံႏွိပ္ပညာသည္ တရုတ္ႏုိင္ငံ၏ အျခားျပည္နယ္မ်ားသုိ႔ ျပန္႔ႏွံ႔သြားေတာ့သည္။ ၉ရာစု အကုန္ခန္႔တြင္ တရုတ္ျပည္တလႊားတြင္ ကြန္ျဖဴးရွပ္၀ါဒ ၊ ဗုဒၶတရား ၊ အဘိဓာန္ ၊ သခၤ်ာ ႏွင့္ အျခားစာအုပ္အမ်ဳိးမ်ဳိးကုိ ပုံႏွိပ္ထုတ္ေ၀လာႏုိင္ခဲ့ၾကသည္။ ေအဒီ ၁၀၀၀ ခန္႔တြင္မူ ေရႊ႕ေျပာင္းႏုိင္ေသာ ဘေလာက္တုံးမ်ားျဖင့္ ပုံႏွိပ္ႏုိင္ခဲ့သည္။ ၁၃၄၀ တြင္မူ လြယ္ကူျမန္ဆန္ေသာ ႏွစ္ေရာင္စပ္(အနီ၊အနက္) ပုံႏွိပ္ပညာသည္ အေက်ာ္ၾကားဆုံးျဖစ္ခဲ့သည္။

တရုတ္မွ ပုံႏွိပ္အတတ္သည္ ၁၃၀၀ျပည့္ႏွစ္၀န္းက်င္ကတည္းက ဥေရာပသုိ႔ေရာက္ရွိ ပ်ံႏွံ႔ခဲ့ၿပီျဖစ္သည္။ ၁၄၅၀ခုႏွစ္တြင္မူ ဒတ္ခ်္လူမ်ဳိး ဂူတင္ဘတ္က ေ႐ႊ႕ေျပာင္းတပ္ဆင္ႏိုင္သည့္ စာလုံးပုံေဆာင္ခြက္ (movable type) ကိုတီထြင္ႏုိင္ခဲ့သည္။ ထုိပုံစံမ်ဳိးကုိ တရုတ္လူမ်ဳိး ပိရွန္က ၁၁ရာစုကတည္းက တီထြင္ခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္ ပီရွန္၏ စက္မွာ ရြံ႕ျပားျဖင့္ျပဳလုပ္ထားသျဖင့္ ေရရွည္မသုံးစြဲႏုိင္ေပ။ ဂူတင္ဘတ္၏ စက္မွာမူ သတၱဳျဖင့္ျပဳလုပ္ထားသျဖင့္ ခုိင္ခန္႔ေသသပ္ၿပီး ၾကာရွည္သုံးစြဲႏုိင္သည္။ အေရအတြက္မ်ားမ်ားကုိ အခ်ိန္တုိအတြင္းရုိက္ႏွိပ္ႏုိင္သျဖင့္ ဥေရာပတုိက္တြင္ အသိပညာျပန္႔ပြားေရးအတြက္ အေထာက္အကူျပဳခဲ့သည္။ သုိ႔ေၾကာင့္လည္း ေခတ္သစ္ပုံႏွိပ္စက္တီထြင္သူအျဖစ္ ဂူတင္ဘတ္အား ေက်းဇူးရွင္ႀကီးသဖြယ္ ညႊန္းဆုိၾကျခင္းျဖစ္ေလသည္။

ဂူတင္ဘတ္

History of Chinese Invention
Myanmar Wikipedia
သုတဇုန္


ရှေးတရုတ်တို့၏ တီထွင်မှုကြီး ၄ ရပ် အကြောင်း (unicode)

ရှေးတရုတ်တို့၏ တီထွင်မှုကြီး ၄ ရပ် မှာ စက္ကူ၊ သံလိုက်အိမ်မြှောင်၊ ယမ်းနှင့် ပုံနှိပ်ခြင်းတို့ ဖြစ်သည်။ဤတီထွင်မှုကြီး ၄ ရပ်သည် တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုတွင် သာမက ကမ္ဘာတလွှား၌ ကြီးမားသည့် လွှမ်းမိုးမှုများရှိသည်။သို့သော်လည်း ခေတ်သစ် တရုတ်ပညာရှင်များက အဆိုပါ တီထွင်မှုကြီး ၄ ရပ်သည် အရှေ့တိုင်းနှင့် အနောက်တိုင်း နည်းပညာထိတွေ့မှု ရှိခဲ့သည်ကို မြင်သာထင်ရှားစေသည့် အချက်တချက်သာဖြစ်ပြီး တရုတ်တို့၏ အခြားသော တီထွင်မှုများသည် ပိုမိုတိုးတက် ရှုပ်ထွေးပြီး သက်ရောက်မှုလည်း ပိုမိုကြီးမားသည်ဟု ထောက်ပြထားကြသည်။

စက္ကူ

စက္ကူကို တရုတ် ဟန်မင်းဆက်သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ဂါဒီဂီလက်စ်ကိုင်လွန်(Ts’ai Lun)က တီထွင်ခဲ့သည်။ တရုတ်ပြည်တွင် ဆိုင်းလွန်းမတိုင်မီ ယခင်ကာလက စာအုပ်ကို ဝါးနှင့်လုပ်ကြရသောကြောင့် ယင်းသို့သောစာအုပ်များမှာ လေးလံပြီး ကို့ယို့ကားယားနိူင်လွန်းလှ၏။ အချို့သောစာအုပ်မျိုးများကိုမှုပိုးထည်တွင်ရေးသားစီရင်ခဲ့ကြ၍ ၎င်းပိုးထည်စာအုပ်မျိုးမှာ တန်ဖိုးများလွန်းလှပါသည်။

အနောက်တိုင်းတွင်မူ စက္ကူမထွက်မှီယခင်ကာလက သားရေချပ်များတွင်ရေးသား ခဲ့ကြသည်။ ဤသားရေ ချပ်များကို သိုးရေ၊ဆိတ်ရေနှင့်ပြလုပ်ခဲ့ကြ၍ ဂရိ၊ရောမနှင့်အီဂျစ်တွင်မှူ ပါပါရပ်စ်ခေါ်ကျူချပ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် သားရေချပ်နှင့် ကျူချပ်နှစ်မျိုးလုံးမှာရှားပါးရုံသာမကပဲ ထုတ်လုပ်မှုစားရိတ်လည်းကြီးမြင့်လှပါသည်။

စက္ကူကို တရုတ် ဟန်မင်းဆက်သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ဂါဒီဂီလက်စ်ကိုင်လွန်က တီထွင်ခဲ့သည်။ ကိုင်လွန်ကို အေဒီ(၅၀)က တရုတ်ပြည်အရှေ့ပိုင်း၊ ဂွိုင်ယန်စီရင်စု၌ မွေးဖွားသည်။ သူသည် သစ်ခေါက် ပိုက်ဆံလှျော်ပင်၊ ပိုးချည်မှင်ြတို့မှ စက္ကူထုတ်လုပ်ရန် ကြိုးစားသည့်အပြင် ငါးဖမ်းပိုက်များမှပင် စက္ကူထုတ်လုပ်ရန် ကြိုးစားအားထုတ် ခဲ့သည်။ ကိုင်လွန်အနေနှင့် စက္ကူတီထွင်ရန် ကြိုးစားရခြင်း အကြောင်းမှာ တရုတ်ဘုရင် ဟီဒီက ၎င်းအား စက္ကူထုတ်လုပ်ရေး တာဝန်ခံအဖြစ် တာဝန်ပေးခဲ့သောကြောင့် ဖြစ်သည်။

စက္ကူကိုတီထွင်သူအဖြစ်ဆိုင်းလွန်းကိုမှတ်တမ်းတင်ထားခဲ့ကြ၍ယင်း၏အမည်မှာတရုတ်ပြည်တွင် အလွန်အင်မတန်ပင် ကျော်ကြားလှသည်။ ဆိုင်းလွန်းသည် တရုတ်တို့၏မှတ်တမ်းများအရ သင်းကွပ်ထားသူတစ်ဦးဖြစ်သည်။

အင်ပါယာရှင်ကြီးမှာဆိုင်းလွန်း၏ တီထွင်မှုကိုသဘောကျနှစ်ခြိုက်ခဲ့၍ ဆိုင်းလွန်းအားရာထူးတိုးမြှင့် ပေးခဲ့ပြီးဘုရင့်ဘွဲ့တံဆိပ်အား ပေးအပ်ခဲ့ရာ ဆိုင်းလွန်းမှာချမ်းသာကြွယ်ဝလာခဲ့သည်။သို့ရာတွင်သူသည်နောက်ပိုင်းနန်းတွင်းလုပ်ကြံမှု တစ်ခု၌မလွှဲမရှောင် သာပါဝင်ခဲ့သောကြောင့် ကျဆုံးမှုသို့ဦးတည်ခဲ့ရပြီးသိက္ခာ ဆုံးပါးသွားသောကြောင့် သူသည်ရေမိုးချိုး၊ အဝတ်အစားသစ်များဝတ်ဆင်၍ အဆိပ်သောက်သေခဲ့သည်ဟု တရုတ်တို့က မှတ်တမ်းတင်ခဲ့သည်။

ဒုတိယရာစုနှစ်တွင် တရုတ်ပြည်၌ စက္ကူအသုံးတွင်းကျယ်လာခဲ့ပြီး ရာစုနှစ်အနည်းငယ်အတွင်းတွင် တရုတ်တို့မှ အာရှတိုက်၏ အခြားဒေသများ သို့စက္ကူကိုတင်ပို့ခဲ့သည်။ ကာလအတန်ကြာသည်အထိ တရုတ်တို့က စက္ကူလုပ်နည်းကိုလျှို့ဝှက်ခဲ့သော်လည်း ၇၅၁ ခုနှစ်တွင် တရုတ်စက္ကူ အလုပ်သမားအချို့အား အာရပ်တို့မှဖမ်းဆီးမိသွားရာမှ များမကြာမီပင် ဘဂ္ဂဒက်မြို့နှင့် ဆမာရ်ကန်မြို့တွင် စက္ကူကို ထုတ်လုပ်လာနိုင်ခဲ့ကြသည်။

စက္ကူလုပ်နည်းအတတ်မှာ အာရပ်ကမ္ဘာသို့ တဖြည်းဖြည်းပျံ့နှံ့သွားခဲ့ရာ ဆယ့်နှစ်ရာစုနှစ်တွင် ဥရောပသားတို့ကထိုအတတ်အား အာရပ်တို့ထံမှ သင်ယူတတ်မြောက်ခဲ့ကြပါသည်။ ၎င်းနောက်စက္ကူအသုံးမှာ တဖြည်းဖြည်းတွင်ကျယ်လာခဲ့ရာ ဂူတင်ဘတ်က ပုံနှိပ်စက်ကိုတီထွင်ပြီးနောက်ပိုင်း အနောက်တိုင်းတွင်သားရေချပ်၏နေရာ၌ အဓိကစာရေးကိရိယာအဖြစ် စက္ကူကနေရာယူပြီး အစားထိုး အသုံးချခဲ့ကြသည်။

သံလိုက်အိမ်မြှောင်

သံလိုက်အိမ်မြှောင်ဆိုသည်မှာ ကမ္ဘာကြီး၏ ဝင်ရိုးစွန်းများတွင် ဖြစ်ပေါ်လျက်ရှိသော သံလိုက်စက်ကွင်း များနှင့် သံလိုက်တို့ အပြန်အလှန် အကျိုးသက်ရောက်ရာမှ မြောက်အရပ်ကို ညွှန်ပြနိုင်သော လမ်းညွှန် သံလိုက်ကို ခေါ်သည်။ ၎င်းကိရိယာအား တရုတ်လူမျိုးများ တီထွင်ခဲ့ကြသည်။

သံလိုက်အိမ်မြှောင်သည် ကမ္ဘာမြေကြီး၏ သံလိုက်စက်ကွင်းကို အမှီပြုပြီး အရပ်လေးမျက်နှာကို ရှာဖွေနိုင်သည့် လမ်းညွှန်၊ လမ်းပြ ကိရိယာတစ်မျိုးဖြစ်သည်။ ၎င်းတွင် သံလိုက်ဓာတ်ရှိသည့် မျှားတံတစ်ခုပါဝင်ပြီး များသောအားဖြင့် မြောက်အရပ်ကို ညွှန်ပြလေ့ ရှိသည်။ သံလိုက်အိမ်မြှောင် ပေါ်ပေါက်လာခြင်းသည် ခရီးသွားလာခြင်း အထူးသဖြင့် ပင်လယ်ခရီးနှင်ရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်။

သံလိုက်အိမ်မြှောင်ကို တရုတ်တို့သည် ၂ ရာစုမတိုင်မီခေတ်တွင် တီထွင်ခဲ့ပြီး ၁၁ ရာစုမှစ၍ ရေကြောင်းခရီး သွားလာရေးတွင် အသုံးပြုလာကြသည်။ ခေတ်သစ် သံလိုက်အိမ်မြှောင်များ၏ မူလပုံသဏ္ဍာန်ကို ၁၄ ရာစုနှစ်ခန့်တွင် ဥရောပသားများက တီထွင်ခဲ့သည်။ ၂၀ ရာစုခန့်တွင် အတွင်း၌ အရည်ဖြည့်ထားသည့် သံလိုက်အိမ်မြှောင်များ အစားထိုး နေရာယူလာကြသည်။

ယမ်း

ယမ်းကို မည်သည့်အခါကစ၍ တီထွင်ခဲ့သည်ကို မည်သူမျှ မပြောနိုင်ချေ။ အမှန်မှာ ယမ်းကို မည်သူတစ်ဦး တစ်ယောက်ကမျှ မတီထွင်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ယမ်းကို စစ်ဘက်နှင့် အခြားဘက်များ၌ မီးကို ဖြစ်ပေါ်လာစေ ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ရှေးခေတ် တရုတ်လူမျိုးတို့သည် ထိုကဲ့သို့သော မီးလောင် စေနိုင်သည့် သတ္တိရှိသောပစ္စည်း၏ အကြောင်းကို သိခဲ့ကြလေ သည်။ ခရစ် ၆၇၃ ခုနှစ်တွင် ကွန်စတန်တီနိုပယ်မြို့ကို ကာကွယ်သူများက ဆာရဆင်တို့ အား တိုက်ခိုက်ရာ၌ ပထမ စ၍ အသုံးပြုခဲ့ကြသည့် ဂရိမီးသည် မျက်မှောက်ခေတ် ယမ်းနှင့် အတူတူပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုစဉ်က ယမ်းကို အမြောက်ဆံ၊ သို့မဟုတ် သေနတ်ကျည်ဆံ များကို ပစ်ခတ်သည့်ပစ္စည်းအဖြစ် အသုံးမပြုနိုင်ခဲ့ချေ။ ယမ်း များကို မီးရှို့ပြီးလျှင် နံရံတံတိုင်းကြီးများ၏ အောက်ခြေ၌ဝိုင်းရံ ထားသော ရန်သူများအပေါ်သို့ လောင်းချခြင်းကိုသာ ပြုလုပ်နိုင် ခဲ့လေသည်။

ရော်ဂျာဗေကင်အမည်ရှိ အင်္ဂလိပ်လူမျိုး ဘုန်းကြီး တစ်ပါးနှင့် ဗာထိုးရှဗာ့အမည်ရှိ ဂျာမန်လူမျိုး ဘုန်းကြီးတစ်ပါး တို့က ၁၃ ရာစုနှစ် နောက်ပိုင်းနှင့် ၁၄ ရာစုနှစ် စောစောပိုင်း တွင် ယမ်း၌ မည်သည့်ဓာတ်ပစ္စည်းများ ပါဝင်ကြောင်း အသီး အသီး ဖော်ပြနိုင်ခဲ့ကြလေသည်။ ယမ်းကို အမြောက်၌ စတင်၍ အသုံးပြုနိုင်ခဲ့ကြလေသည်။ ယမ်းကို အမြောက်၌ စတင်၍ အသုံးပြုနိုင်ခဲ့သည်မှာ ၁၃၂၆ ခုနှစ်တွင် ဖြစ်သည်ဟု ဖလော် ရင့်မြို့ မှတ်တမ်းများတွင် တွေ့ရသည်။ သမိုင်းဆရာတစ်ဦးကမူ ကရေးဆီးတိုက်ပွဲ (၁၃၄၆ ခုနှစ်)တွင် အမြောက်များကို အသုံး ပြုသည်ဟု ဖော်ပြထားသည်။ သို့သော် ထိုအမြောက်များသည် မြင်းများနှင့် လူများကို ခြောက်လှန့် ရုံသာသာမျှသာ ဖြစ်ပေ လိမ့်မည်။

ယမ်းကို အရေးပါစွာ အသုံးပြုနိုင်ခဲ့ခြင်းမှာ ပုန်ကန် လျက်ရှိသော ဗဲရွန်မှူးမတ်များ၏ ရဲတိုက်နံရံကြီးများကို ဖြိုခွဲ ပစ်ရာတွင် ဖြစ်သည်။ သို့ဖြင့် ပုန်ကန်နေကြသော မှူးမတ်များ သည် ရဲတိုက်ကြီးများတွင် ကောင်းစွာနေထိုင်ကာ ဘုရင်နှင့် တိုင်းပြည်ရှိ လူများကို အာခံ၍ မနေနိုင်ကြတော့ချေ။ ထို့ နောက်တွင် ယမ်းကို လက်နက်ငယ်များတွင် အသုံးပြုလာနိုင်ခဲ့ ကြသဖြင့် သေနတ်တစ်လက်ရှိသော သာမန်လူတစ်ယောက် သည် သံချပ်ကာအင်္ကျီများ ဝတ်ဆင်ထားသည့် မြင်းစီးသူရဲ ကောင်းကြီးတစ်ဦးထက် စစ်ပွဲတွင် ပို၍ ကြောက်စရာ ကောင်း လာခဲ့လေသည်။

ရှေးခေတ် ယမ်းသည် ယခုခေတ်ရှိ သာမန်ယမ်းမှုန့် အနက်နှင့် မထူးခြားလှချေ။ ထိုယမ်းတွင် ယမ်းစိမ်း (ပိုတက် ဆီယမ် နိုက်ထရိတ်)၊ မီးသွေးနှင့် ကန့်တို့ကို ရောစပ်ထား သည်။ ထိုဓာတ်ပစ္စည်းများကို ရောစပ်သည့် အချိုးများသည် တစ်ချိန်နှင့် တစ်ချိန်တွင် မတူကြချေ။ ယခုအခါတွင် အသုံးပြု နေကြသည့် အချိုးမှာ ယမ်းစိမ်း ၇၅ ရာခိုင်နှုန်း၊ မီးသွေး ၁၅ ရာခိုင်နှုန်းနှင့် ကန့် ၁ဝ ရာခိုင်နှုန်း ဖြစ်သည်။ ထိုဓာတ်ပစ္စည်း များကို ညက်အောင် ကြိတ်၍ သမအောင် အခြောက်ခံရသည်။ ထို့နောက် ဒလိမ့်များဖြင့် လိုသည့်အရွယ်များဖြစ်အောင် ကြိတ် ခွဲထားကြသည်။

ယခုခေတ်တွင် မီးပန်းများနှင့် ပေါက်ကွဲစေသော ပစ္စည်း များ ပြုလုပ်သောအခါ၌သာလျှင် ထိုယမ်းမျိုးကို အသုံးပြုကြ တော့သည်။ စစ်ဘက်တွင် အသုံးပြုသည့် ယမ်းများသည် မီးခိုး မထွက်သော ယမ်းမှုန့်များနှင့် အလွန်ပေါက်ကွဲစေသော ပစ္စည်း များသာ ဖြစ်ကြသည်။ ထိုမီးခိုးမထွက်သော ယမ်းမှုန့်ကို ၁၈၈၄ ခုနှစ်တွင် ပြင်သစ်လူမျိုးတို့က စစ်ဘက်တွင် ပထမစ၍ အသုံးပြုနိုင်ခဲ့ကြလေသည်။

ပုံနှိပ်ခြင်း

ပုံနှိပ်ခြင်းဆိုသည်မှာ စာသား၊ ရုပ်ပုံ၊ ဓာတ်ပုံတို့ကို စက္ကူ၊ ပလပ်စတစ်၊ သံပြား၊ သစ်သား စသည့်တို့တွင် မှင်ဖြင့် ပုံနှိပ်သောလုပ်ငန်းစဉ်ကို ခေါ်ဆိုခြင်းဖြစ်သည်။

ပုံနှိပ်ခြင်းနှင့်ပတ်သတ်လျှင် အများစုသိကြသည်မှာ ဂူတင်ဘတ်(Johannes Gutenberg) ဖြစ်သော်လည်း ဂူတင်ဘတ်သည် ပုံနှိပ်ခြင်း ကို တီထွင်သူမဟုတ်ပဲ ခေတ်သစ်ပုံနှိပ်စက်ကို တီထွင်ခဲ့သူသာဖြစ်သည်။ ဂူတင်ဘတ်သည် ပုံနှိပ်ခြင်းသမိုင်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ခဲ့ပြီး ပုံနှိပ်ခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ဝခန့်(ဘီစီ ၃၀၀၀) ကတည်းက ပေါ်ပေါက်နေခဲ့ပြီဖြစ်သည်။

မတ်ဆိုပိုတေးမီးယား ၊ အီရတ် နှင့် တရုတ်တို့တွင် ထိုအချိန်တည်းက ပုံနှိပ်ခြင်းအတတ်ပေါ်နေပြီဖြစ်ပြီး တရုတ်နိုင်ငံသည် အစောဆုံးဟုဆိုနိုင်သည်။ သို့သော် ယနေ့ခေတ်ကဲ့သို့ စာကိုပုံနှိပ်ခြင်းမဟုတ်ပဲ အဝတ်အစားများတွင် ရုပ်ပုံများကို နှိပ်ခြင်းသာဖြစ်သည်။ တရုတ်တို့သည် ပိုးထည်များပေါ်တွင် ရုပ်ပုံများကို ပုံနှိပ်ရန် သစ်သားဘလောက်တုံးများကို စတင်အသုံးပြုခဲ့ကြသည်။

ဟန်မင်းဆက်လက်ထက်(အေဒီ ၂၂ဝခန့်) တွင် မူလအနက်ရောင်တစ်မျိုးတည်းသာမက အပြာ ၊ အနီ နှင့် အဝါ အရောင်သုံးမျိုး နှိပ်ခေတ်နိုင်သည် အထိ တိုးတက်လာခဲ့သည်။ အေဒီ ၇ရာစုဝန်းကျင်တွင် သစ်သားဘလောက်တုံးများဖြင့် စာအုပ်များ၏ အစဖြစ်လာမည့် စာသားတိုလေးများကို ရိုက်နှိပ်လာနိုင်ခဲ့ကြသည်။ ဆွန့်မင်းဆက်လက်ထက် တွင်မူ ဈေးသက်သာသော စာအုပ်ပါးလေးများကို ကျယ်ပြန့်စွာရိုက်နှိပ်လာနိုင်ခဲ့သည်။

အေဒီ ၉ရာစုတွင် ရှုပြည်နယ်(ယခု Szechuan ပြည်နယ်) တွင် မင်ရိုက်နှိပ်ထားသော ပုံနှိပ်စာအုပ်များကို အလွယ်တကူဝယ်ယူလာနိုင်ခဲ့သည်။ မကြာမီပင် ထိုပုံနှိပ်ပညာသည် တရုတ်နိုင်ငံ၏ အခြားပြည်နယ်များသို့ ပြန့်နှံ့သွားတော့သည်။ ၉ရာစု အကုန်ခန့်တွင် တရုတ်ပြည်တလွှားတွင် ကွန်ဖြူးရှပ်ဝါဒ ၊ ဗုဒ္ဓတရား ၊ အဘိဓာန် ၊ သင်္ချာ နှင့် အခြားစာအုပ်အမျိုးမျိုးကို ပုံနှိပ်ထုတ်ဝေလာနိုင်ခဲ့ကြသည်။ အေဒီ ၁၀၀၀ ခန့်တွင်မူ ရွှေ့ပြောင်းနိုင်သော ဘလောက်တုံးများဖြင့် ပုံနှိပ်နိုင်ခဲ့သည်။ ၁၃၄၀ တွင်မူ လွယ်ကူမြန်ဆန်သော နှစ်ရောင်စပ်(အနီ၊အနက်) ပုံနှိပ်ပညာသည် အကျော်ကြားဆုံးဖြစ်ခဲ့သည်။

တရုတ်မှ ပုံနှိပ်အတတ်သည် ၁၃၀၀ပြည့်နှစ်ဝန်းကျင်ကတည်းက ဥရောပသို့ရောက်ရှိ ပျံနှံ့ခဲ့ပြီဖြစ်သည်။ ၁၄၅ဝခုနှစ်တွင်မူ ဒတ်ခ်ျလူမျိုး ဂူတင်ဘတ်က ရွှေ့ပြောင်းတပ်ဆင်နိုင်သည့် စာလုံးပုံဆောင်ခွက် (movable type) ကိုတီထွင်နိုင်ခဲ့သည်။ ထိုပုံစံမျိုးကို တရုတ်လူမျိုး ပိရှန်က ၁၁ရာစုကတည်းက တီထွင်ခဲ့ပြီးဖြစ်သည်။ သို့သော် ပီရှန်၏ စက်မှာ ရွံ့ပြားဖြင့်ပြုလုပ်ထားသဖြင့် ရေရှည်မသုံးစွဲနိုင်ပေ။ ဂူတင်ဘတ်၏ စက်မှာမူ သတ္တုဖြင့်ပြုလုပ်ထားသဖြင့် ခိုင်ခန့်သေသပ်ပြီး ကြာရှည်သုံးစွဲနိုင်သည်။ အရေအတွက်များများကို အချိန်တိုအတွင်းရိုက်နှိပ်နိုင်သဖြင့် ဥရောပတိုက်တွင် အသိပညာပြန့်ပွားရေးအတွက် အထောက်အကူပြုခဲ့သည်။ သို့ကြောင့်လည်း ခေတ်သစ်ပုံနှိပ်စက်တီထွင်သူ ဂူတင်ဘတ်အား ကျေးဇူးရှင်ကြီးသဖွယ် ညွှန်းဆိုကြခြင်းဖြစ်လေသည်။

History of Chinese Invention
Myanmar Wikipedia
သုတဇုန်

Leave a Reply