အေမရိကန္ မွာရွိတဲ့ ဦးသန္႔ကြ်န္း

Posted on

ကမၻာ့ကုလသမဂၢအတြင္းေရးမႉးအျဖစ္ ေဆာင္႐ြက္ခဲ့သူ ျမန္မာႏိုင္ငံသား ဦးသန္႔အား ဂုဏ္ျပဳထားသည့္ ဦးသန္႔ကၽြန္းသည္ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္စီတီးၿမိဳ႕၏ အေရွ႕ဘက္ျမစ္ (East River) အတြင္းမွာရွိေသာ ကၽြန္းငယ္ေလးျဖစ္သည္။ အတိအက် ေျပာရလၽွင္ ကုလသမဂၢ႐ုံးခ်ဳပ္ႏွင့္ ဂမ့္တရီပလာဇာ စတိပ္ Gantry Plaza State ပန္းၿခံၾကား၌ရွိေသာ အေရွ႕ဘက္ျမစ္အတြင္းမွ ကၽြန္းငယ္ေလး ျဖစ္ေပသည္။

ထိုကၽြန္းသည္ အမွန္မွာ သဘာဝကၽြန္း မဟုတ္ပဲ လူလုပ္ကၽြန္းသာျဖစ္ပါသည္။ ၁၉၈ဝ-ခုႏွစ္ေႏွာင္းပိုင္းက ဂ်ာမနီလူမ်ိဳး အေမရိကန္ေရာက္ စီးပြားေရးလုပ္ငန္းရွင္ ဝီလီယံ စတိန္းေဝးမွ ျပဳလုပ္ဖန္တီးခဲ့ျခင္း ျဖစ္ပါသည္။ ျမစ္တစ္ဖက္ကမ္းႏွင့္ တစ္ဖက္ကမ္း ေရေအာက္ျဖတ္ရထားလႈိဏ္ဂူ ေဆာက္ရန္ ျပဳလုပ္ျခင္း ျဖစ္ေပသည္။ ယင္းအစီအစဥ္ေၾကာင့္ ကၽြန္းငယ္ေလးကိုပါ လုပ္ျဖစ္ခဲ့ျခင္း ျဖစ္ေပသည္။

ထို႔ျပင္ ယင္းကၽြန္းကေလးဆီသို႔ ေရေပၚမွလည္း ေကာင္း၊ လိုဏ္ဂူထဲမွလည္းေကာင္း အေရာက္သြားႏိုင္ေအာင္ ျပဳလုပ္ထားသည္။ ယင္းကုန္းေျမေလးကို ၁၉၇၇-ခုႏွစ္ေရာက္မွ ကၽြန္းတစ္ခုအျဖစ္ ကုလသမဂၢဝန္ထမ္းမ်ား၏ အားထားေလးစား ေသာ ဒႆနပညာရွင္၊ ဂု႐ု Sir Chinmoyက ဦးေဆာင္ၿပီး အတည္ျပဳေပးလိုက္ျခင္း ျဖစ္ပါသည္။

Sir Chinmoyသည္ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အျဖစ္ တာဝန္ထမ္း ေဆာင္ခဲ့ေသာ ဦးသန္႔၏ အရင္းႏွီးဆုံး မိတ္ေဆြတစ္ဦးလည္း ျဖစ္ေပသည္။ ထို႔ေၾကာင့္ Sir Chinmoy ကိုယ္တိုင္က ယင္းကၽြန္းကို ဦးသန္႔ကၽြန္း (U Thant Island)ဟု အမည္ေပးလိုက္ပါသည္။ ယခင္အမည္မွာ Belmont ကၽြန္းျဖစ္ပါသည္။

အ႐ြယ္အစားအား ေပ ၁ဝဝx၂ဝဝ ပတ္လည္သာရွိေသာ ထိုကၽြန္းကို ကမၻာ့အထူး ဆန္းဆုံးကၽြန္း ဆယ္ခုစာရင္းထဲတြင္ ထည့္သြင္းခဲ့ေပသည္။ အေမရိကန္ႏိုင္ငံရွိ အေသးငယ္ဆုံးကၽြန္းလည္း ျဖစ္ေပသည္။

၁၉၉၉-ခုႏွစ္တြင္ နယူးေယာက္တိုင္းမ္မဂၢဇင္းမွ ၃ဝ-ရာစု၌ ေပ်ာက္ကြယ္သြားမယ့္ ကၽြန္းဟုေဖာ္ျပခဲ့ပါသည္။ ကုန္းေပၚမွာ ငွက္မ်ား၊ ေရေအာက္မွာ ေရေမွာ္ေရၫွိမ်ားတြယ္ၿပီး လွပေနေသာ ဦးသန္႔ကၽြန္းေလးသည္ ကမၻာသိ ထူးဆန္းကၽြန္းငယ္ေလး တစ္ခုအျဖစ္ တည္ရွိေနေလသည္။


အမေရိကန် မှာရှိတဲ့ ဦးသန့်ကျွန်း (unicode)

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်အား ဂုဏ်ပြုထားသည့် ဦးသန့်ကျွန်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်စီတီးမြို့၏ အရှေ့ဘက်မြစ် (East River) အတွင်းမှာရှိသော ကျွန်းငယ်လေးဖြစ်သည်။ အတိအကျ ပြောရလျှင် ကုလသမဂ္ဂရုံးချုပ်နှင့် ဂမ့်တရီပလာဇာ စတိပ် Gantry Plaza State ပန်းခြံကြား၌ရှိသော အရှေ့ဘက်မြစ်အတွင်းမှ ကျွန်းငယ်လေး ဖြစ်ပေသည်။

ထိုကျွန်းသည် အမှန်မှာ သဘာဝကျွန်း မဟုတ်ပဲ လူလုပ်ကျွန်းသာဖြစ်ပါသည်။ ၁၉၈ဝ-ခုနှစ်နှောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေးလုပ်ငန်းရှင် ဝီလီယံ စတိန်းဝေးမှ ပြုလုပ်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ မြစ်တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း ရေအောက်ဖြတ်ရထားလှိုဏ်ဂူ ဆောက်ရန် ပြုလုပ်ခြင်း ဖြစ်ပေသည်။ ယင်းအစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါ လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ပြင် ယင်းကျွန်းကလေးဆီသို့ ရေပေါ်မှလည်း ကောင်း၊ လိုဏ်ဂူထဲမှလည်းကောင်း အရောက်သွားနိုင်အောင် ပြုလုပ်ထားသည်။ ယင်းကုန်းမြေလေးကို ၁၉၇၇-ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများ၏ အားထားလေးစား သော ဒဿနပညာရှင်၊ ဂုရု Sir Chinmoyက ဦးဆောင်ပြီး အတည်ပြုပေးလိုက်ခြင်း ဖြစ်ပါသည်။

Sir Chinmoyသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော ဦးသန့်၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် Sir Chinmoy ကိုယ်တိုင်က ယင်းကျွန်းကို ဦးသန့်ကျွန်း (U Thant Island)ဟု အမည်ပေးလိုက်ပါသည်။ ယခင်အမည်မှာ Belmont ကျွန်းဖြစ်ပါသည်။

အရွယ်အစားအား ပေ ၁ဝဝx၂ဝဝ ပတ်လည်သာရှိသော ထိုကျွန်းကို ကမ္ဘာ့အထူး ဆန်းဆုံးကျွန်း ဆယ်ခုစာရင်းထဲတွင် ထည့်သွင်းခဲ့ပေသည်။ အမေရိကန်နိုင်ငံရှိ အသေးငယ်ဆုံးကျွန်းလည်း ဖြစ်ပေသည်။

၁၉၉၉-ခုနှစ်တွင် နယူးယောက်တိုင်းမ်မဂ္ဂဇင်းမှ ၃ဝ-ရာစု၌ ပျောက်ကွယ်သွားမယ့် ကျွန်းဟုဖော်ပြခဲ့ပါသည်။ ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမှော်ရေညှိများတွယ်ပြီး လှပနေသော ဦးသန့်ကျွန်းလေးသည် ကမ္ဘာသိ ထူးဆန်းကျွန်းငယ်လေး တစ်ခုအဖြစ် တည်ရှိနေလေသည်။

Leave a Reply