ဘြန္ဆုိင္းပင္ေလးေတြ အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – မုိးစက္အိမ္

ဘြန္ဆုိင္း ဆုိတာနဲ႔ အရြယ္ငယ္ၿပီး အလြန္လွပတဲ့ ခ်စ္စဖြယ္အပင္ေလးေတြကုိ ေျပာမွန္း သိၿပီးျဖစ္ၾကမွာပါ။ ဘြန္ဆုိင္း(Bonsai) ဆုိတာမွာ Bon က လင္ပန္း ၊ Sai က စုိက္ပ်ဳိးျခင္း ျဖစ္တဲ့အတြက္ လင္ပန္းထဲမွာထည့္စုိက္ေသာအပင္လုိ႔ အဓိပၸါယ္ရပါတယ္။ အသက္ကပုံမွန္ႀကီးၿပီး အရြယ္အစားကငယ္လြန္းတာေၾကာင့္ ျမန္မာလုိဆုိရင္ေတာ့ သက္ႀကီးပုပင္လုိ႔ေခၚၾကပါတယ္။

ဘြန္ဆုိင္းပင္ေလးေတြဟာ တရုတ္နိုင္ငံမွာစခဲ့တဲ့ ယဥ္ေက်းမႈတစ္ခုျဖစ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၂၀၀၀) ေလာက္က သဘာ၀ရႈခင္းေတြကို ကိုယ့္အိမ္အနီးအနား မွာ ထားခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ စျပီး တီထြင္ဖန္တီးခဲ့ၾကတဲ့ တရုတ္လူမ်ိဳးေတြရဲ႕ အႏုုပညာ တစ္ခုပါ။ ျပီးေတာ့ ဘြန္ဆိုင္းပင္ဟာ ၿငိမ္းခ်မ္းျခင္း၊ ျမင့္ျမတ္ျခင္း။ ေကာင္းမြန္ျခင္း စတဲ့အဓိပၸါယ္ေတြေဆာင္တယ္လို႔ အယူရွိခဲ့ၾကပါတယ္။

ေအဒီ ၆ရာစုႏွစ္ခန္႔တြင္ ဘြန္ဇိုင္းပင္ကေလးမ်ားစိုက္ပ်ိဳးမႈဟာ တ႐ုတ္ျပည္တြင္အစျပဳေပၚေပါက္ခဲ့ပါတယ္။ ေနာက္ ကမာကူရေခတ္(လြန္ခဲ့ေသာ ႏွစ္ေပါင္း ၇၀၀) ေရာက္ေတာ့ ဇင္ ဘုန္းေတာ္ၾကီးတစ္ပါးဟာ တရုတ္ႏုိင္ငံမွတဆင့္ ဂ်ပန္နိုင္ငံကို ဘြန္ဆိုင္းနည္းပညာကို လက္ဆင့္ကမ္းသယ္ေဆာင္ေပးခဲ့ပါတယ္။ အဲဒီကမွ တဆင့္ ဘြန္ဆိုင္းစိုက္ပ်ိဳးျခင္းအတတ္ပညာဟာ ဂ်ပန္လူမ်ိဳးမ်ားအၾကား အႏုပညာရပ္အသစ္အဆန္းအေနနဲ႔ အလြန္ထင္ရွား လာျပီး မၾကာမီ အာရွနိုင္ငံ အႏွံအျပား လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

အစမွာေတာ့ ဂ်ပန္နိုင္ငံရဲ႕ ဘုန္းၾကီးေက်ာင္းေတြမွာသာ စိုက္ပ်ိဳးခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာ ဂ်ပန္လူမ်ိဳးေတြဟာ ဘြန္ဆိုင္းပင္ကို စီးပြားတိုးတက္ဖို႔ အေဆာင္တစ္ခုအေနနဲ႔ စတင္စိုက္ပ်ိဳးခဲ့ၾကပါတယ္။ ၁၄ ရာစုမွာေတာ့ တစ္ႏိုင္ငံလံုးအတိုင္းအတာအေနနဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ စိုက္ပ်ိဳးလာၾကျပီး အလြန္ အဆင့္ျမင့္ေသာ အႏုပညာတစ္ရပ္ အေနနဲ႔ ျပဳစုပ်ိဳးေထာင္လာခဲ့ၾကပါေတာ့တယ္။

၁၉ ရာစုအလယ္ပိုင္းေရာက္ေသာအခါတြင္မွ ဂ်ပန္လူမ်ိဳးေတြဟာ ႏွစ္ေပါင္း ၂၀၀ ေက်ာ္ လ်ွိဳ႕၀ွက္စြာ စိုက္ပ်ိဳးခဲ့ၾကတဲ့ ဘြန္ဆိုင္း နည္းပညာကို ကမာၻကို ဖြင့္ျပေၾကျငာခဲ့တဲ့အခါမွာေတာ့ ကမာၻလွည့္ ခရီးသည္ေတြ ဂ်ပန္နိုင္ငံကို ေရာက္ရွိလာျပီးနိုင္ငံအႏွံ႔က ဘြန္ဆိုင္းဥယ်ာဥ္ေတြကို သြားေရာက္လည္ပတ္တဲ့အခါ လြန္စြာမွလက္ရာေျမာက္ျပီး ခ်စ္စဖြယ္အိုးေလးေတြနဲ႕စိုက္ပ်ိဳး လက္စြမ္းျပထားတဲ့ အံ့ၾသဖြယ္ ဂ်ပန္လူမ်ိဳးတို႔ရဲ႕ ဘြန္ဆိုင္း အႏုပညာကို ရပ္သပ္ရႈေမာဖြယ္ေတြ႕ ျမင္ခဲ့ရပါေတာ့တယ္။

အဲဒီကမွတဆင့္ ကမာၻကို ဘြန္ဆိုင္း ဆိုတဲ့ ေရာဂါတစ္ရပ္ကူးစက္ခဲ့ျပီး ဗီယက္နမ္၊ ျပင္သစ္၊ လန္ဒန္စတဲ့ျမိဳ႕ၾကီးေတြမွာ ျပပြဲေတြက်င္းပ လာၾကပါတယ္။ အထူးေက်ာ္ၾကားတာကေတာ့ ၁၉၉၀ မွာ ပဲရစ္ႏိုင္ငံ Parc de la Villette Park မွာ က်င္းပခဲ့တဲ့ ဘြန္ဆိုင္းျပပြဲဟာ ေက်ာ္ၾကားလွပါတယ္။ ယေန႔မွာေတာ့ အလြန္ေက်ာ္ၾကားလွတဲ့ အႏုပညာတစ္ရပ္ျဖစ္တဲ့ ဘြန္ဆိုင္းပင္ ေလးေတြကို ကၽြန္ေတာ္တို႔ ႏိုင္ငံ အႏွံ႔အျပားမွာ ေတြ႕ျမင္ႏိုင္ေနျပီျဖစ္ပါတယ္။

လင္ဗန္းေလးေတြ အိုးအတိမ္ေလးေတြနဲ႔ စိုက္ပ်ိဳးထားတဲ့ ဘြန္ဆိုင္းပင္ေလးေတြကို ၾကည့္ရတာ ခ်စ္စရာေကာင္းသလို စိတ္၀င္စားစရာလဲ အလြန္ေကာင္းလွပါတယ္။ ဘြန္ဆိုင္း တစ္ပင္ျဖစ္ေျမာက္လာဖို႔ မလြယ္သလို ဘြန္ဆိုင္းပင္ျဖစ္လာရင္လဲ အၿမဲရွင္သန္ေနေအာင္ျပဳျပင္ထိန္းသိမ္းရတဲ့ ပညာကလဲ အလြန္အႏုပညာေျမာက္ျပီး စိတ္၀င္စားစရာ ေကာင္းလွပါတယ္။

အီတလီႏုိင္ငံ Parabiago မွာရွိတဲ့ ႏွစ္ ၁၀၀၀ေက်ာ္ သက္တမ္းရွိကမာၻ႔အသက္အႀကီးဆုံး ဘြန္ဆုိင္းပင္ (Ficus Bonsai Tree)

အဓိကလိုအပ္ခ်က္ျဖစ္တဲ့ ေျမၾသဇာကို အခ်ိန္မွန္ေကၽြးနိုင္ဖို႔ လိုသလို ေနေရာင္ျခည္နဲ႔ ေရေလာင္းခ်ိန္လဲ စနစ္က် မွန္ကန္ဖို႕ လိုပါတယ္။ ျပီးေတာ့ဘြန္ဆိုင္းပင္ ပံုစံမပ်က္ေအာင္ ၾကီးထြားလာျခင္းမရွိေအာင္ အကို္င္းခ်ဳပ္ရတဲ့ နည္းပညာကို လည္းတတ္ကၽြမ္းနားလည္ထားဖို႔ လိုအပ္ပါတယ္။ ဘြန္ဆိုင္းပင္ျပဳလုပ္ဖို႔ ျပဳျပင္ဖို႔ လြယ္ကူတဲ့ ထင္းရႈးပင္အမ်ိဳးအစားကို အမ်ားဆံုးအသံုုးျပဳၾကေပမယ့္ အျခားေသာအပင္အမ်ိဳးအစားေတြကိုလည္း စိတ္ကူးရွိရင္ရွိသလို တီထြင္စိုက္ပ်ိဳးႏုိင္ၾကပါတယ္။

လူေတြျပဳျပင္ဖန္တီးထားတဲ့ ဘြန္ဆိုင္းပင္ေလးေတြဟာ စိုက္တဲ့သူ ျပဳျပင္တဲ့သူအေပၚ မူတည္ျပီး ပံုသ႑ာန္အမ်ိဳးမ်ိဳး ျဖစ္ႏုိင္ၾကပါတယ္။ အလွဆင္တဲ့ ေနရာမွာလည္းေက်ာက္တံုးေလးေတြ ျမက္ခင္းေလးေတြနဲ႔ တန္ဆာဆင္ျပီး အျပင္က တကယ့္ အစစ္ ရႈခင္းေတြအတိုင္းဖန္တီးတန္ဆာ ဆင္ႏိုင္ၾကပါေသးတယ္။ ယေန႔မွာေတာ့ အိမ္အငယ္စားေလးေတြ၊ ပန္းျခံ အငယ္စားေလးေတြနဲ႔ ပါ အလွဆင္ဖန္တီးႏုိင္ေနၾကပါျပီ။

ဒါေၾကာင့္ မိမိအိမ္တြင္းမွာျဖစ္ျဖစ္ အိမ္အျပင္ျခံ၀န္းထဲမွာျဖစ္ျဖစ္ အလွအေနနဲ႔ ဖန္တီးလို႔ရသလို ကံေကာင္းျခင္း၊ျငိမ္းခ်မ္းျခင္း၊ စီးပြားလာဘ္လာဘ ေကာင္းျခင္းအေဆာင္အေနနဲ႔ မိမိတို႔ ေစ်းဆိုင္ခန္းေတြမွာလဲ အလွဆင္ပံုေဖာ္ထားရွိႏိုင္ၾကျပီး ဂုဏ္ယူစရာအေဆာင္အေယာင္တစ္ရပ္အေနနဲ႔ ထားရွိႏိုင္ၾကပါျပီ။

တစ္ရက္ေပ်ာ္ခ်င္လ်င္ အရက္ေသာက္ပါတဲ့
တစ္ႏွစ္ေပ်ာ္ခ်င္လ်င္ မိန္းမယူပါတဲ့
တစ္သက္လံုးေပ်ာ္ခ်င္လွ်င္ေတာ့ သစ္ပင္စိုက္ပါတဲ့ဗ်ာ


ဘွန်ဆိုင်းပင်လေးတွေ အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – မိုးစက်အိမ်

ဘွန်ဆိုင်း ဆိုတာနဲ့ အရွယ်ငယ်ပြီး အလွန်လှပတဲ့ ချစ်စဖွယ်အပင်လေးတွေကို ပြောမှန်း သိပြီးဖြစ်ကြမှာပါ။ ဘွန်ဆိုင်း(Bonsai) ဆိုတာမှာ Bon က လင်ပန်း ၊ Sai က စိုက်ပျိုးခြင်း ဖြစ်တဲ့အတွက် လင်ပန်းထဲမှာထည့်စိုက်သောအပင်လို့ အဓိပ္ပါယ်ရပါတယ်။ အသက်ကပုံမှန်ကြီးပြီး အရွယ်အစားကငယ်လွန်းတာကြောင့် မြန်မာလိုဆိုရင်တော့ သက်ကြီးပုပင်လို့ခေါ်ကြပါတယ်။

ဘွန်ဆိုင်းပင်လေးတွေဟာ တရုတ်နိုင်ငံမှာစခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀) လောက်က သဘာဝရှုခင်းတွေကို ကိုယ့်အိမ်အနီးအနား မှာ ထားချင်တဲ့ ရည်ရွယ်ချက်နဲ့ စပြီး တီထွင်ဖန်တီးခဲ့ကြတဲ့ တရုတ်လူမျိုးတွေရဲ့ အနုပညာ တစ်ခုပါ။ ပြီးတော့ ဘွန်ဆိုင်းပင်ဟာ ငြိမ်းချမ်းခြင်း၊ မြင့်မြတ်ခြင်း။ ကောင်းမွန်ခြင်း စတဲ့အဓိပ္ပါယ်တွေဆောင်တယ်လို့ အယူရှိခဲ့ကြပါတယ်။

အေဒီ ၆ရာစုနှစ်ခန့်တွင် ဘွန်ဇိုင်းပင်ကလေးများစိုက်ပျိုးမှုဟာ တရုတ်ပြည်တွင်အစပြုပေါ်ပေါက်ခဲ့ပါတယ်။ နောက် ကမာကူရခေတ်(လွန်ခဲ့သော နှစ်ပေါင်း ၇၀၀) ရောက်တော့ ဇင် ဘုန်းတော်ကြီးတစ်ပါးဟာ တရုတ်နိုင်ငံမှတဆင့် ဂျပန်နိုင်ငံကို ဘွန်ဆိုင်းနည်းပညာကို လက်ဆင့်ကမ်းသယ်ဆောင်ပေးခဲ့ပါတယ်။ အဲဒီကမှ တဆင့် ဘွန်ဆိုင်းစိုက်ပျိုးခြင်းအတတ်ပညာဟာ ဂျပန်လူမျိုးများအကြား အနုပညာရပ်အသစ်အဆန်းအနေနဲ့ အလွန်ထင်ရှား လာပြီး မကြာမီ အာရှနိုင်ငံ အနှံအပြား လျင်လျင်မြန်မြန် ပျံ့နှံ့ခဲ့ပါတယ်။

အစမှာတော့ ဂျပန်နိုင်ငံရဲ့ ဘုန်းကြီးကျောင်းတွေမှာသာ စိုက်ပျိုးခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဂျပန်လူမျိုးတွေဟာ ဘွန်ဆိုင်းပင်ကို စီးပွားတိုးတက်ဖို့ အဆောင်တစ်ခုအနေနဲ့ စတင်စိုက်ပျိုးခဲ့ကြပါတယ်။ ၁၄ ရာစုမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြပြီး အလွန် အဆင့်မြင့်သော အနုပညာတစ်ရပ် အနေနဲ့ ပြုစုပျိုးထောင်လာခဲ့ကြပါတော့တယ်။

၁၉ ရာစုအလယ်ပိုင်းရောက်သောအခါတွင်မှ ဂျပန်လူမျိုးတွေဟာ နှစ်ပေါင်း ၂၀၀ ကျော် လျှို့ဝှက်စွာ စိုက်ပျိုးခဲ့ကြတဲ့ ဘွန်ဆိုင်း နည်းပညာကို ကမ္ဘာကို ဖွင့်ပြကြေငြာခဲ့တဲ့အခါမှာတော့ ကမ္ဘာလှည့် ခရီးသည်တွေ ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးနိုင်ငံအနှံ့က ဘွန်ဆိုင်းဥယျာဉ်တွေကို သွားရောက်လည်ပတ်တဲ့အခါ လွန်စွာမှလက်ရာမြောက်ပြီး ချစ်စဖွယ်အိုးလေးတွေနဲ့စိုက်ပျိုး လက်စွမ်းပြထားတဲ့ အံ့ဩဖွယ် ဂျပန်လူမျိုးတို့ရဲ့ ဘွန်ဆိုင်း အနုပညာကို ရပ်သပ်ရှုမောဖွယ်တွေ့ မြင်ခဲ့ရပါတော့တယ်။

အဲဒီကမှတဆင့် ကမ္ဘာကို ဘွန်ဆိုင်း ဆိုတဲ့ ရောဂါတစ်ရပ်ကူးစက်ခဲ့ပြီး ဗီယက်နမ်၊ ပြင်သစ်၊ လန်ဒန်စတဲ့မြို့ကြီးတွေမှာ ပြပွဲတွေကျင်းပ လာကြပါတယ်။ အထူးကျော်ကြားတာကတော့ ၁၉၉၀ မှာ ပဲရစ်နိုင်ငံ Parc de la Villette Park မှာ ကျင်းပခဲ့တဲ့ ဘွန်ဆိုင်းပြပွဲဟာ ကျော်ကြားလှပါတယ်။ ယနေ့မှာတော့ အလွန်ကျော်ကြားလှတဲ့ အနုပညာတစ်ရပ်ဖြစ်တဲ့ ဘွန်ဆိုင်းပင် လေးတွေကို ကျွန်တော်တို့ နိုင်ငံ အနှံ့အပြားမှာ တွေ့မြင်နိုင်နေပြီဖြစ်ပါတယ်။

လင်ဗန်းလေးတွေ အိုးအတိမ်လေးတွေနဲ့ စိုက်ပျိုးထားတဲ့ ဘွန်ဆိုင်းပင်လေးတွေကို ကြည့်ရတာ ချစ်စရာကောင်းသလို စိတ်ဝင်စားစရာလဲ အလွန်ကောင်းလှပါတယ်။ ဘွန်ဆိုင်း တစ်ပင်ဖြစ်မြောက်လာဖို့ မလွယ်သလို ဘွန်ဆိုင်းပင်ဖြစ်လာရင်လဲ အမြဲရှင်သန်နေအောင်ပြုပြင်ထိန်းသိမ်းရတဲ့ ပညာကလဲ အလွန်အနုပညာမြောက်ပြီး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

အဓိကလိုအပ်ချက်ဖြစ်တဲ့ မြေဩဇာကို အချိန်မှန်ကျွေးနိုင်ဖို့ လိုသလို နေရောင်ခြည်နဲ့ ရေလောင်းချိန်လဲ စနစ်ကျ မှန်ကန်ဖို့ လိုပါတယ်။ ပြီးတော့ဘွန်ဆိုင်းပင် ပုံစံမပျက်အောင် ကြီးထွားလာခြင်းမရှိအောင် အက်ိုင်းချုပ်ရတဲ့ နည်းပညာကို လည်းတတ်ကျွမ်းနားလည်ထားဖို့ လိုအပ်ပါတယ်။ ဘွန်ဆိုင်းပင်ပြုလုပ်ဖို့ ပြုပြင်ဖို့ လွယ်ကူတဲ့ ထင်းရှုးပင်အမျိုးအစားကို အများဆုံးအသုံးပြုကြပေမယ့် အခြားသောအပင်အမျိုးအစားတွေကိုလည်း စိတ်ကူးရှိရင်ရှိသလို တီထွင်စိုက်ပျိုးနိုင်ကြပါတယ်။

လူတွေပြုပြင်ဖန်တီးထားတဲ့ ဘွန်ဆိုင်းပင်လေးတွေဟာ စိုက်တဲ့သူ ပြုပြင်တဲ့သူအပေါ် မူတည်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်နိုင်ကြပါတယ်။ အလှဆင်တဲ့ နေရာမှာလည်းကျောက်တုံးလေးတွေ မြက်ခင်းလေးတွေနဲ့ တန်ဆာဆင်ပြီး အပြင်က တကယ့် အစစ် ရှုခင်းတွေအတိုင်းဖန်တီးတန်ဆာ ဆင်နိုင်ကြပါသေးတယ်။ ယနေ့မှာတော့ အိမ်အငယ်စားလေးတွေ၊ ပန်းခြံ အငယ်စားလေးတွေနဲ့ ပါ အလှဆင်ဖန်တီးနိုင်နေကြပါပြီ။

ဒါကြောင့် မိမိအိမ်တွင်းမှာဖြစ်ဖြစ် အိမ်အပြင်ခြံဝန်းထဲမှာဖြစ်ဖြစ် အလှအနေနဲ့ ဖန်တီးလို့ရသလို ကံကောင်းခြင်း၊ငြိမ်းချမ်းခြင်း၊ စီးပွားလာဘ်လာဘ ကောင်းခြင်းအဆောင်အနေနဲ့ မိမိတို့ ဈေးဆိုင်ခန်းတွေမှာလဲ အလှဆင်ပုံဖော်ထားရှိနိုင်ကြပြီး ဂုဏ်ယူစရာအဆောင်အယောင်တစ်ရပ်အနေနဲ့ ထားရှိနိုင်ကြပါပြီ။

တစ်ရက်ပျော်ချင်လျင် အရက်သောက်ပါတဲ့
တစ်နှစ်ပျော်ချင်လျင် မိန်းမယူပါတ
တစ်သက်လုံးပျော်ချင်လျှင်တော့ သစ်ပင်စိုက်ပါတဲ့ဗျာ

 

Leave a Reply