ပထမဆုံး မဟာ၀ိဇၨာဘြဲ႔ ရရွိခဲ့သူ ေဒါက္တာ တီသံျပာ

Posted on

ငယ္စဥ္ဘဝ

ေဒါက္တာ တီသံျပာ၏ နာမည္အျပည့္အစုံမွာ (Theodore Tha Bya)ျဖစ္သည္။ အဓိပၸာယ္မွာ ဘုရားသခင္ ေပးေသာ သံျပာ ျဖစ္သည္။ ေဒါက္တာ တီသံျပာ ေခၚ ေစာတီသံျပာကို (၁၈၄၂)ခုႏွစ္ ပုသိမ္ၿမိဳ႕အပိုင္ က်ဳံလာ႐ြာတြင္ ေမြးဖြားသည္။ (၆)ႏွစ္သားအ႐ြယ္တြင္ ဖခင္ေသဆုံး၍ မိခင္၏ ေကၽြးေမြးေစာင့္ေရွာက္မူ႕ျဖင့္ ႀကီးျပင္း လာခဲ့ရသည္။ ေစာတီသံျပာသည္ ငယ္စဥ္က မိခင္၏ သြန္သင္မႈကို တေသြမတိမ္းနာခံတတ္ေသာ သားလိမၼာ တစ္ဦးျဖစ္သည္။ ငယ္စဥ္ ကေလးအ႐ြယ္ ကပင္ ကၽြဲေက်ာင္းၿပီး ဝမ္းစာရွာေဖြၿပီး မိခင္၏ ဝန္ထုပ္ကို ကူညီ ထမ္း႐ြက္ခဲ့သည္။ ေစာတီသံျပာ (၈)ႏွစ္သားအ႐ြယ္တြင္ က်ဳံလာ႐ြာကို ဓားျပမ်ား ဝင္ေရာက္ မီး႐ႈိ႕သျဖင့္ တစ္႐ြာလုံးျပာက်ခဲ့ေလသည္။

ထိုေၾကာင့္ က်ဳံလာ ႐ြာထက္ ပိုမိုလုံၿခဳံသည့္ က်ဳံတာ ႐ြာသို႔ တစ္႐ြာလုံး ေျပာင္းေ႐ြ႕ ေနထိုင္ရေလသည္။ ငယ္စဥ္ကပင္ ၾကည့္တတ္၊ မွတ္တတ္ ေလ့လာ စူးစမ္းတတ္ျခင္းႏွင့္ နားလည္ လြယ္ကူတတ္ေသာ ေမြးရာပါ ပင္ကိုယ္ အရည္အခ်င္းမ်ား ရွိေသာေၾကာင့္ ဦးေလးေတာ္သူ ဦးေ႐ႊငုံက သူ၏ ေဆးပညာ အ႐ိုက္အရာကို ခံယူေစရန္ ရည္႐ြယ္ခဲ့သည္။ ဦးေလး ဦးေ႐ြငုံက ေဆးျမစ္ မ်ားကို တူး၍ မွတ္သား ေစေလသည္။ ေစာတီသံျပာ လည္း ဦးေလး ခိုင္းသမၽွကို ဂ႐ုတစိုက္ ႀကိဳးစားလုပ္ကိုင္ကာ မွတ္သားေစေလသည္။ ေစာတီသံျပာ (၁၀)ႏွစ္သားအ႐ြယ္တြင္ ဒုတိယ စစ္ပြဲ ျဖစ္လာသျဖင့္ သူတို႔သားအမိမွာ က်ဳံတာ႐ြာတြင္ ဆက္လက္မေနႏိုင္ေတာ့ပဲ ပုသိမ္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကရေလသည္။

ပညာသင္ ဘဝ ႏွင့္ ပုသိမ္

ပုသိမ္တြင္ အေမရိကန္ႏွစ္ျခင္း သာသနာျပဳအဖြဲ႕မွ ဖြင့္လွစ္ေသာ သာသနာေၾကာင္း၌ သူပညာ သင္ၾကားခြင့္ရခဲ့သည္။ ထိုသာသနာေက်ာင္း ကရင္စာကို အဓိက ထားသင္ၾကားၿပီး ပထဝီ၊ သခ်ၤာ စေသာ ေက်ာင္းစာမ်ားအျပင္ ေတာင္းပလုံးယက္ျခင္း၊ လက္သမားလုပ္ငန္းစသည့္ လက္ေတြ႕အသက္ေမြးဝမ္းေက်ာင္း ပညာမ်ားကိုလည္း တြဲဘက္ သင္ၾကားေပးသည့္ ေက်ာင္းလည္း ျဖစ္ေလသည္။ ထိုေက်ာင္းသည္ ေနာင္တြင္ ကိုးဆူ အကယ္ဒမီေက်ာင္း ျဖစ္လာ ေလသည္။ ထိုစဥ္က သူသင္ၾကားရေသာ ကရင္စာမ်ားမွာ အေမရိကန္ ႏွစ္ျခင္း သာသနာျပဳ အဖြဲ႕မွ ေဒါက္တာ ေဂ်ာ္နသန္ဝိတ္ (၁၈၃၀)ခုႏွစ္တြင္ တီထြင္ေသာစေကာကရင္စာ ႏွင့္ (၁၈၄၀)ခုႏွစ္က ဘုန္းေတာ္ႀကီး ဘေရတန္ တီထြင္ေသာ ပိုးကရင္စာ တို႔ျဖစ္သည္။ ပိုး၊ စေကာ စာႏွစ္မ်ိဳးလုံးမွာ ျမန္မာ၊ မြန္ဗ်ည္းအကၡရာအေပၚ အေျခခံထားျခင္း ျဖစ္သည္။

အဂၤလိပ္ ျမန္မာ ဒုတိယစစ္ပြဲအၿပီး မြန္ႏွင့္ ျမန္မာနယ္မ်ားကို အဂၤလိပ္ စစ္တပ္က သိမ္းပိုက္လိုက္သည့္ အခါတြင္ ေမာ္လၿမိဳင္၌ အေျချပဳေနေသာ အေမရိကန္ႏွစ္ျခင္း သာသနာျပဳအဖြဲ႕သည္ ရန္ကုန္သို႔ ေျပာင္းေ႐ြ႕ အေျခခ် လိုက္ေတာ့သည္။ ထို႔ေနာက္ ေအာက္ျမန္မာျပည္ရွိ ပုသိမ္၊ ျပည္၊ ပဲခူးစေသာ ေဒသမ်ား၌ သာသနာျပဳလုပ္ငန္း စတင္ေဆာင္႐ြက္ေနေတာ့သည္။ သာသနာျပဳ လုပ္ငန္း မ်ား မွာ သာသနာျပဳ လုပ္ငန္း သက္သက္ မဟုတ္ဘဲ စာေပသင္ၾကားမႈ ႏွင့္ ေဆးဝါး ကုသမႈမ်ားကိုလည္း ပူးတြဲေဆာင္႐ြက္သျဖင့္ ေဒသခံလူမ်ိဳးမ်ားမွာ စာေပမ်ား တတ္ေျမာက္လာၾကၿပီး သာသနာျပဳ လုပ္ငန္းအဖို႔လည္း ပိုမို၍ အေျခခိုင္ ၿမဲလာခဲ့သည္။ (၁၈၅၄) ခုႏွစ္တြင္ ပုသိမ္ႏွင့္ ဟသၤာတသို႔ သာသနာျပဳမႈ စတင္ေဆာင္႐ြက္ခဲ့သည္။

အေမရိကား သို႔

ဓႏုျဖဴၿမိဳ႕တြင္ ဘုန္းေတာ္ႀကီး ဒီအယ္လ္ဘေရတန္ တည္ေထာင္ေသာ သာသနာျပဳ ေက်ာင္းဖြင့္ပြဲတြင္ ေစာတီသံျပာတို႔ သားအမိ တက္ေရာက္ခဲ့ၾကသည္။ ေစာတီသံျပာ တို႔ သားအမိ ႏွင့္ ရန္ကုန္ၿမိဳ႕မွ ေရာက္ရွိလာေသာ သာသနာျပဳဆရာ မစၥတာဗင္တန္ တို႔ ဇနီးေမာင္ႏွံ ႏွင့္ ပထမဦးဆုံး ေတြ႕ဆုံခဲ့ပါသည္။ သာသနာျပဳဆရာ မစၥတာဗင္တန္တို႔ ဇနီးေမာင္ႏွံသည္ ေစာတီသံျပာ ၏ ဖ်တ္လတ္မႈကို သေဘာက်သည္။ ထို႔ေၾကာင့္ ဓႏုျဖဴမွ အစည္းအေဝးပြဲ ၿပီးသည့္အခါ ေစာတီသံျပာကို ရန္ကုန္သို႔ ေခၚေဆာင္ခဲ့သည္။ ရန္ကုန္မွ တဆင့္ အေမရိကန္သို႔ ပညာသင္ ေခၚေဆာင္ သြားရန္ျဖစ္သည္။ သို႔ေသာ္ မစၥတာဗင္တန္သည္ သာသနာ လုပ္ငန္းတြင္ မနားမေန လုပ္ေဆာင္ရာမွ ပင္ပန္းမႈ ဒါဏ္မ်ားေၾကာင့္ (၁၈၅၈) ခုႏွစ္တြင္ ကြယ္လြန္ သြားခဲ့ရာ ေစာတီသံျပာ၏ အေမရိကန္သို႔ ပညာသင္သြားရန္ အစီအစဥ္မွာ ယာယီရပ္ဆိုင္းသြားခဲ့ရသည္။

ထိုသို႔ရွိစဥ္ သာသနာျပဳ ဆရာ မစၥတာအင္ေဂါင္၏ ဇနီး မစၥအင္ေဂါင္၏ ေက်းဇူးျဖင့္ တီသံျပာအ ေမရိကန္သို႔သြားရန္ အေၾကာင္းတိုက္ဆိုင္လာျပန္သည္။ မစၥတာအင္ေဂါင္လ္တို႔၏ ဇနီးေမာင္ႏွံမွာ ေမာ္လၿမိဳင္ ရန္ကုန္ ႏွင့္ရခိုင္ တို႔တြင္ အတူတကြ သာသနာျပဳ ေဆာင္႐ြက္ခဲ့ သူမ်ားျဖစ္သည္။ သာသနာျပဳေနစဥ္မွာပင္ မစၥတာအင္ေဂါင္လ္ (၁၈၅၆)ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့သည္။ (၁၈၆၅)ခုႏွစ္တြင္ မစၥတာ အင္ေဂါင္လ္ ၏ ဇနီး မစၥက္အင္ေဂါင္ အေမရိကန္ သို႔ ျပန္မည္ျဖစ္ရာ တီသံျပာလည္း လိုက္ပါခြင့္ရခဲ့ေလသည္။ ထိုအခ်ိန္တြင္ တီသံျပာသည္ (၂၃)ႏွစ္ သာရွိေသးသည္။

ပညာသင္ၾကားေရး အခက္အခဲ

ျဖစ္သည့္နည္းႏွင့္ အေမရိကန္သို႔ လိုက္လာခဲ့ရသျဖင့္ ပထမဦးဆုံး ရင္ဆိုင္ရေသာ အခက္အခဲမွာ စားေရး ေသာက္ေရးပင္ ျဖစ္ေလသည္။ ဒုတိယ အခက္အခဲမွာ ပညာ သင္ၾကားခြင့္ ရေရးပင္ ျဖစ္ေလသည္။ တီသံျပာ အေမရိကန္သို႔ ေရာက္ၿပီးေနာက္ ပထမဦးဆုံး နယူးေယာက္တြင္ အေျခခ်ျဖစ္သည္။ ထို႔ေနာက္ ေဘာ့စတြန္သို႔ ေရာက္လာသည္။ သူ ပထမ ဦးဆုံး လုပ္ရေသာ အလုပ္မွာ သတင္းစာေရာင္းေသာ လုပ္ငန္းျဖစ္သည္။ ေက်ာင္းေနရန္ အတြက္ သတင္းစာ ေရာင္းရင္း ေငြေၾကး စုေဆာင္းသည္။ ထို႔ေနာက္ မီးရထား ကုမၸဏီ တခု၌ မီးရထားလမ္း ေဖာက္လုပ္ သည့္ လုပ္ငန္းတြင္ ေျမတိုင္းစာေရးအျဖစ္ အလုပ္ရသည္။ မီးရထားလမ္း ၿပီးေသာအခါ ဇလီဖားတုံးမ်ားကို ဦးခ်ိဳျဖင့္ ေကာ္သြားတတ္ေသာ ကၽြဲ႐ိုင္းမ်ားကို ပစ္ခတ္ ရေသာ အလုပ္ ရျပန္သည္။

ပထမဆုံး မဟာဝိဇၨာဘြဲ႕

ဤနည္းျဖင့္ ေစာတီသံျပာ မိမိ ေက်ာင္းစရိတ္ ကို မိမိရွာကာ ပညာသင္ၾကားခဲ့ရာမွ (Shurleff) တကၠသိုလ္သို႔ပထမဆုံးတင္ေရာက္ခ့ဲသည္။ထိုတကၠသိုလ္မွ ၁၈၆၈ခုနွစ္ စက္တင္ဘာလတြင္ ရိုခ်က္စတာတကၠသိုလ္သိုို႔ထပ္မံတက္ေရာက္ခြင့္ရခ့ဲျပီ တက္ေရာက္ခြင့္ရခ်ိန္တြင္အသက္မွာ ၂၆နွစ္ရွိျပီျဖစ္သည္။ ရိုခ်က္စတာတကၠသိုလ္တြင္ဒုတိယနွစ္ကစတင္ တက္္ေရာက္ခြင့္ရခ့ဲျပီသူအဓိကယူေသာဘာသာရပ္မွာ ဂရိနွင့္လက္တင္စာေပမ်ားျဖစ္သည္။ ၁၈၇၁ခုနွစ္္၊ ဇြန္လ(၂၈)ရက္ေန႔တြင္ တကၠသိုလ္တြင္ျပဳ လုပ္သည့္ ဘြဲ႕နွင္းသဘင္အခမ္းအနားစင္ျမင့္ေပၚသို႔ ဘြဲ႕ယူခ့ဲျပီ အေမရိကန္ျပည္ေထာင္စုတြင္ ပထမဆုံး ဘြဲ႕ရရွိခ့ဲေသာ အာရွနိုင္ငံသားအျဖစ္မွတ္တမ္းတင္ ဂုဏ္ျပဳျခင္းခံခ့ဲရသည္။

အလုပ္ လုပ္ရင္းမွ ပညာကို ဆက္လက္ သင္ၾကားခဲ့ရာ (၆)ႏွစ္အၾကာ (၁၈၇၁)ခုႏွစ္တြင္ ဝိဇၨာဘြဲ႕ကိုဆြတ္ခူး ရရွိခဲ့သည္။ ေနာက္ထပ္ႏွစ္ ႏွစ္ဆက္လက္သင္ၾကားခဲ့ၿပီး မဟာဝိဇၨာဘြဲ႕ကို ဆက္လက္ ရရွိျပန္သည္။ ထိုေခတ္ က အေမရိကန္လို ႏိုင္ငံမ်ိဳးတြင္ ျမန္မာ ႏိုင္ငံသားမ်ား အနက္ ပထမဆုံး မဟာဝိဇၨာဘြဲ႕ကို ဆြတ္ခူးရရွိသူမွာလည္း သူပဲျဖစ္သည္။ အရပ္အေမာင္း ၆ေပေလာက္ရွိသည္။ မ်က္ႏွာမွာ (၄)ေထာင့္ ပုံသ႑ာန္ ရွိသည္။ အလြန္ တည္ၾကည္ ခန္႔ညားသည္။ ဘြဲ႕ရၿပီးေသာအခါ သူ႕အား အလုပ္ခန္႔ရန္ လိုသူမ်ား အမ်ားအျပားရွိေသာ္လည္း မိမိအမ်ိဳးသားကို ျပန္လည္အလုပ္အေကၽြးျပဳရန္ ဆုံးျဖတ္ခ်က္ခ်ထားေသာ တီသံျပာသည္ မည္သည့္ ႏိုင္ငံသား၏ အလုပ္ကိုမွ လက္ခံျခင္း မျပဳခဲ့ေတာ့ ဘာသာေရး ဆိုင္ရာ စာေပမ်ားကို ေလ့လာဆည္းပူးခဲ့သည္။

ျမန္မာျပည္ ျပန္ေရာက္ျခင္း

အေမရိကန္ ျပည္ေထာင္စု မွ မဟာဝိဇၨာဘြဲ႕ ျဖင့္ ျပန္လာသူျဖစ္၍ ထိုစဥ္က ျဗတိသၽွ အုပ္ခ်ဳပ္ေရး ယႏၲရားက ဌာနဆိုင္ရာ ရာထူးျဖင့္ ဆြဲေဆာင္ခဲ့ေသာ္လည္း သူသည္ အလုံရပ္ ပဲခူး ကရင္ေက်ာင္း ၏ ေက်ာင္းဆရာ အျဖစ္ႏွင့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ႏွစ္ျခင္း အသင္းေတာ္ႀကီး၏ အက်ိဳးေဆာင္ အတြင္းေရးမူး အျဖစ္သာ အမႈေတာ္ကိုထမ္းခဲ့သည္။ ျပန္ေရာက္ၿပီးေနာက္ ဦးစြာပထမ ပဲခူးကရင္ အထက္တန္းေက်ာင္း ယခု အထက (၁)အလုံတြင္ ေက်ာင္းဆရာ ဝင္လုပ္သည္။ ထို႔ေနာက္ မိမိအမ်ိဳးသား အတြက္ စာအုပ္မ်ားကို ျပဳစုေရးသားခဲ့ရာ စုစုေပါင္း (၂၅)အုပ္ ျပဳစုႏိုင္ခဲ့သည္။

ဤသို႔ မိမိ အမ်ိဳးသားမ်ား အတြက္ ျပန္လည္ အက်ိဳးျပဳႏိုင္ခဲ့ေသာ အက်ိဳးထူးႀကီးမွာ သူ႕အား ပညာေရး လမ္းေၾကာင္းေပၚသို႔ ပထမဆုံး တက္ပို႔ေပးခဲ့ေသာ သာသနာျပဳဆရာ ဗင္တန္၏ ေက်းဇူးေၾကာင့္သာ ျဖစ္ေၾကာင္း တီသံျပာ မေမ့ခဲ့ေခ်။ ထိုေၾကာင့္ ေက်းဇူးရွင္အတြက္ သူ ကိုယ္တိုင္ ဦးေဆာင္ၿပီး ဗင္တန္ ခန္းမေဆာင္ကို ေဆာက္လုပ္ခဲ့ေလသည္။ သူသည္ တဘက္တြင္ ေက်ာင္းဆရာျဖစ္၍ တဘက္တြင္ သာသနာအက်ိဳးေဆာင္တစ္ဦး ျဖစ္သည္။

ေဒါက္တာျဖစ္ၿပီ

ယင္းသို႔ ေက်ာင္းအုပ္အျဖစ္အမႈ႔ထမ္းရင္း တဘက္မွာလည္း ခရစ္ယာန္အက်ိဳးကို လုပ္ေဆာင္ေနစဥ္ ဆရာႀကီးသည္ ခရစ္ယာန္ဘာသာစာေပကို ျပဳစုခဲ့သည္။ ခရစ္ယာန္ သာသနာ ျပန္႔ပြားေရး ႏွင့္ စာေပပို႔ခ်မႈ လုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ေသာ တီသံျပာ အား ဂိုခ်က္စလား တကၠသိုလ္မွ ဘာသာတရား ႏွင့္ ဆိုင္ေသာ ဂုဏ္ထူးပါရဂူ (D-D)ဘြဲ႕ကို ထပ္မံခ်ီးျမင့္ခဲ့ေလသည္။ သူသည္ ခရစ္ယာန္ဘာသာ စာေပျပဳစုမႈ အတြက္ ခရစ္ယာန္ စာေပ ေဒါက္တာဘြဲ႕ ကို ဆြတ္ခူးရရွိသည္ ဆရာႀကီး၏ ဘြဲ႕အျပည့္အစုံမွာ (MADD) ျဖစ္သည္။

ေဒါကလူ ဖြဲ႕စည္းျခင္း

ေဒါက္တာ တီသံျပာ သည္ ပညာေရးႏွင့္ ခရစ္ယာန္ဘာသာေရးအက်ိဳးကို ထမ္းေဆာင္ေနရာမွာ အမ်ိဳးသားေရး ကိုလည္းမေမ့မေလၽွာ႔ (၁၈၈၁)ခုႏွစ္၌ သူ ဦးေဆာင္ဦး႐ြက္ ျပဳလၽွက္ ေဒါကလူ ေခၚ ကရင္အမ်ိဳးသား အစည္းအ႐ုံး ကို ပထမဆုံး တည္ေထာင္ခဲ့သူျဖစ္သည္။ ေဒါကလု ဟူသည့္ ကရင္ဘာသာ၏ စကားအသံထြက္မွာ တစ္ေပါင္း တစ္စည္းတည္း တစ္ညီတစ္ၫြတ္တည္း ဟူ၍ ျဖစ္သည္။ ကရင့္အမ်ိဳးသား အစည္းအ႐ုံး ၏ အတိုေကာက္ အေခၚမွာ ေကအဲန္ေအ ျဖစ္သည္။

ေကအဲန္ေအကို ကရင္လူမ်ိဳးတို႔က ေဒါကလု ဟုေခၚသည္။ ေကအဲန္ေအ ကို (၁၈၈၁)ခုႏွစ္တြင္ ဖြဲစည္းခဲ့သည္။ ပထမဆုံး ဥကၠ႒မွာ ေဒါက္တာ တီသံျပာျဖစ္သည္။ ယင္းေဒါကလု ကရင္ အမ်ိဳးသား အစည္းအ႐ုံးသည္ အိႏၵိယျပည္ ကြန္ဂရက္ ဖြဲ႕စည္းျခင္း ထက္ပင္ (၂)ႏွစ္ေစာသည္။ အိႏၵိယျပည္ အမ်ိဳးသား ကြန္ဂရက္ ကို (၁၈၈၃)ခုႏွစ္တြင္ ဖြဲ႕စည္းထားသည္။

၁၈၇၅ခုမွ ၁၈၈၁ခုထိရန္ကုန္တြင္သင္းအုပ္ဆရာ အျဖစ္လည္ေကာင္း၊ ၁၈၈၅ခုတြင္ျမဴနီစီပယ္မင္းၾကီးအျဖစ္လည္ေကာင္း ၊အေမရိကန္သာသနာျပဳနွစ္ျခင္းအဖြဲ႕တြင္၁၈၇၅ခုမွ ၁၈၉၆ခုထိဆရာအျဖစ္လည္ေကာင္း ၊ ရန္ကုန္တြင္ခိုကိုးရာမ့ဲကရင္မ်ားေစာင့္ေရွာက္ေရးအဖြဲ႕တြင္ ၁၈၉၁ခု မွ​ ၁၉၂၀ထိလည္ေကာင္း၊ ကရင္အမ်ိဳးသားအဖြဲ႕(National Karen Association)တြင္ ၁၈၈၁ခု မွ ၁၉၀၃ထိလည္ေကာင္းတာဝန္ ထမ္းေဆာင္ခ့ဲသည္။

ထို႔ျပင္စာအုပ္ေပါင္းမ်ားစြာကိုလည္းအဂၤလိပ္ဘာသာသိုလည္ေကာင္း ကရင္ဘာသာျဖစ္လည္းေကာင္း ေရးသားခ့ဲပါသည္။ ထင္ရွားသည့္စာအုပ္မ်ားမွာ Sormons in Karen; A Karen Arithmetic; A Kern Mensuration of Plane Surfaces With Land Surveying; Karen Customs Ceremonies and Poetry; The Karens; Their Persecutions and Hardsips, 1824-1854; The Karens and Their Progress 1854-1914; Karen Folk-lore Tales ႏွင့္ ေရာ္ဘင္ဆင္ကရူဆိုးစာအုပ္ ကရင္ဘာသာတို႔မွာထင္ရွားခ့ဲသည္။

ရိုခ်က္စတာတကၠသိုလ္က၁၉၁၈ခုႏွစ္တြင္ဘာသာေရး ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ကိုခ်ီးျမင့္ခ့ဲပါသည္။ ၁၉၂၀ ခုႏွစ္ေအာက္တိုဘာ၂၉ရက္ေန႔တြင္ ေဒါက္တာတီသံျပာ သည္ကြန္လြယ္သြားခ့ဲပါသည္။

ပါေမာကၡၾကီးမ်က္ရည္က်ေစခ့ဲေသာစာအုပ္

၁၉၂၆ခုနွစ္တြင္လူရြယ္တစ္ေယာက္သည္ ျငိဳးငယ္ေသာမ်က္နွာျဖင့္ ရိုခ်က္စတာ တကၠသိုလ္သို႔ေရာက္လာခ့ဲကာ ေက်ာင္းအုပ္ဆရာပါေမာကၡဆရာၾကီးရပ္ရ္ရီးစ္ကို ေတြ႕ခြင့္ေတာင္းေသာအခါ ပါေမာကၡၾကီးကေတြ႕ခြင့္ေပးလိုက္ပါသည္။ ထိုအခါလူငယ္က

“က်ေတာ္ဒီတကၠသိုလ္ၾကီးအတြက္ စာအုပ္တစ္အုပ္္ လွဴဒါန္းျခင္လို႔ပါ က်ေတာ္နာမည္ပီတာမလာတူပါ။ေဒါက္တာတီသံျပားရဲ႕တူပါ”ဟုဆိုေလသည္။

ပါေမာကၡၾကီးသည္ ေဒါက္တာတီသံျပားနာမည္ၾကား ၍မ်က္လုံးအေရာင္ေတာက္ပသြားျပီီ
“ေဒါက္တာကလွဴခိုင္းတာလား”

“ဟုတ္ပါတယ္ သူလွဴ ခိုင္းလိုက္တာပါ”

“သူက်န္းက်န္းမာမာရွိရဲ႕လား”

“က်န္ခ့ဲတ့ဲနွစ္ကပဲဆုံးသြားျပီ”

ထိုအခါပါေမာကၡၾကီးမွာခ်က္ျခင္းပင္မ်က္နွာျငိဳးငယ္ သြားကာေျပာစရာစကားမရွိသည့္အလား အခန္းတစ္ခုလုံးတိတ္ဆိတ္သြားျပီး လူရြယ္၏လက္မွစာအုပ္ကိုယူၾကည့္လိုက္ကာ အလြန္အမင္း စိတ္ထိခိုက္ေသာအသံျဖင့္
“က်ေတာ္အေတာ္ဝမ္းနည္းစိတ္ထိခိုက္ရပါတယ္ ဘာလို႔လည္းဆိုေတာ့ ဒီအထုပၸတၱိကိုမဖတ္တတ္လို႔ ပါပဲ ခင္ဗ်ာဦးေလးဟာ ဒီတကၠၱသိုလ္ကိုအေတာ္ေလး အမွတ္ရွိပုံရတယ္ ဒီလိုအမွတ္တရနွင့္ျပဳစုထားတ့ဲမွတ္ တမ္းစာအုပ္ကို က်ေတာ္တို႔ထိမ္းသိမ္းထားပါမယ္”ဟုဆိုကာ Rush Rhees စာၾကည့္တိုက္ရွားပါးစာအုပ္ မ်ားနွင့္အထူးထိန္းသိမ္းထားရမည့္စာအုပ္ဌာနတြင္သိမ္းဆည္းထားခ့ဲသည့္မွာ ယခုတိုင္ပင္ျဖစ္ပါေတာ့ သည္။

ထိုစာအုပ္ကားေဒါက္တာတီသံျပားကရင္ဘာသာျဖင့့္္ ေနာက္ဆုံးေရးသားခ့ဲေသာကိုယ္ေရးအထုပၸတၱိThe Pilgrim စာအုပ္ပင္တည္း။ ေဒါက္တာတီသံျပားသည္ အဂၤလိပ္ ျမန္မာလို ကြ်မ္းက်င္တတ္ေျမာက္ပါေသာ္လည္း မိမိ၏အမ်ိဳးမိမိ၏စာေပကိုမေမ့မေပ်ာက္ပဲစံျပတစ္ဦးအေနျဖင့္ ထိမ္းသိမ္းထားခ့ဲပါသည္။ေရးသားခ့ဲပါသည္။

သူယုံၾကည္ကိုးကြယ္ေသာဘာသာ သူ၏အမ်ိဳးမ်ား အတြက္တစ္သက္တာေပးဆပ္ခ့ဲျခင္းျဖင့္ ေနာက္လူေနာက္သားမ်ားကိုေရွ႕ေဆာင္လမ္းျပလုပ္ခ့ဲေပသည္္။ အေမရိကန္လိုုနိုင္ငံ၏ထင္ရွားေသာတကၠသိုလ္ၾကီး ၏စာၾကည့္တိုက္ထဲ၌ ကရင္စာေပျဖင့္ေရးသားထား ေသာစာအုပ္သည္ဂုဏ္ယူဝင့္ၾကြားလ်က္ေနေလျပီ။

ကိုးကား
ေမာင္စင္ၾကယ္. ျမန္မာျပည္ခ်စ္ ကရင္အမ်ိဳးသား ေခါင္းေဆာင္မ်ား
Karen History & Civilization Heritage


ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူ ဒေါက်တာ တီသံပြာ (unicode)

ငယ်စဉ်ဘဝ
ဒေါက်တာ တီသံပြာ၏ နာမည်အပြည့်အစုံမှာ (Theodore Tha Bya)ဖြစ်သည်။ အဓိပ္ပာယ်မှာ ဘုရားသခင် ပေးသော သံပြာ ဖြစ်သည်။ ဒေါက်တာ တီသံပြာ ခေါ် စောတီသံပြာကို (၁၈၄၂)ခုနှစ် ပုသိမ်မြို့အပိုင် ကျုံလာရွာတွင် မွေးဖွားသည်။ (၆)နှစ်သားအရွယ်တွင် ဖခင်သေဆုံး၍ မိခင်၏ ကျွေးမွေးစောင့်ရှောက်မူ့ဖြင့် ကြီးပြင်း လာခဲ့ရသည်။ စောတီသံပြာသည် ငယ်စဉ်က မိခင်၏ သွန်သင်မှုကို တသွေမတိမ်းနာခံတတ်သော သားလိမ္မာ တစ်ဦးဖြစ်သည်။ ငယ်စဉ် ကလေးအရွယ် ကပင် ကျွဲကျောင်းပြီး ဝမ်းစာရှာဖွေပြီး မိခင်၏ ဝန်ထုပ်ကို ကူညီ ထမ်းရွက်ခဲ့သည်။ စောတီသံပြာ (၈)နှစ်သားအရွယ်တွင် ကျုံလာရွာကို ဓားပြများ ဝင်ရောက် မီးရှို့သဖြင့် တစ်ရွာလုံးပြာကျခဲ့လေသည်။ ထိုကြောင့် ကျုံလာ ရွာထက် ပိုမိုလုံခြုံသည့် ကျုံတာ ရွာသို့ တစ်ရွာလုံး ပြောင်းရွေ့ နေထိုင်ရလေသည်။ ငယ်စဉ်ကပင် ကြည့်တတ်၊ မှတ်တတ် လေ့လာ စူးစမ်းတတ်ခြင်းနှင့် နားလည် လွယ်ကူတတ်သော မွေးရာပါ ပင်ကိုယ် အရည်အချင်းများ ရှိသောကြောင့် ဦးလေးတော်သူ ဦးရွှေငုံက သူ၏ ဆေးပညာ အရိုက်အရာကို ခံယူစေရန် ရည်ရွယ်ခဲ့သည်။ ဦးလေး ဦးရွေငုံက ဆေးမြစ် များကို တူး၍ မှတ်သား စေလေသည်။ စောတီသံပြာ လည်း ဦးလေး ခိုင်းသမျှကို ဂရုတစိုက် ကြိုးစားလုပ်ကိုင်ကာ မှတ်သားစေလေသည်။ စောတီသံပြာ (၁၀)နှစ်သားအရွယ်တွင် ဒုတိယ စစ်ပွဲ ဖြစ်လာသဖြင့် သူတို့သားအမိမှာ ကျုံတာရွာတွင် ဆက်လက်မနေနိုင်တော့ပဲ ပုသိမ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရလေသည်။

ပညာသင် ဘဝ နှင့် ပုသိမ်
ပုသိမ်တွင် အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့မှ ဖွင့်လှစ်သော သာသနာကြောင်း၌ သူပညာ သင်ကြားခွင့်ရခဲ့သည်။ ထိုသာသနာကျောင်း ကရင်စာကို အဓိက ထားသင်ကြားပြီး ပထဝီ၊ သင်္ချာ စသော ကျောင်းစာများအပြင် တောင်းပလုံးယက်ခြင်း၊ လက်သမားလုပ်ငန်းစသည့် လက်တွေ့အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း တွဲဘက် သင်ကြားပေးသည့် ကျောင်းလည်း ဖြစ်လေသည်။ ထိုကျောင်းသည် နောင်တွင် ကိုးဆူ အကယ်ဒမီကျောင်း ဖြစ်လာ လေသည်။ ထိုစဉ်က သူသင်ကြားရသော ကရင်စာများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့မှ ဒေါက်တာ ဂျော်နသန်ဝိတ် (၁၈၃၀)ခုနှစ်တွင် တီထွင်သောစကောကရင်စာ နှင့် (၁၈၄၀)ခုနှစ်က ဘုန်းတော်ကြီး ဘရေတန် တီထွင်သော ပိုးကရင်စာ တို့ဖြစ်သည်။ ပိုး၊ စကော စာနှစ်မျိုးလုံးမှာ မြန်မာ၊ မွန်ဗျည်းအက္ခရာအပေါ် အခြေခံထားခြင်း ဖြစ်သည်။ အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီး မွန်နှင့် မြန်မာနယ်များကို အင်္ဂလိပ် စစ်တပ်က သိမ်းပိုက်လိုက်သည့် အခါတွင် မော်လမြိုင်၌ အခြေပြုနေသော အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့သည် ရန်ကုန်သို့ ပြောင်းရွေ့ အခြေချ လိုက်တော့သည်။ ထို့နောက် အောက်မြန်မာပြည်ရှိ ပုသိမ်၊ ပြည်၊ ပဲခူးစသော ဒေသများ၌ သာသနာပြုလုပ်ငန်း စတင်ဆောင်ရွက်နေတော့သည်။ သာသနာပြု လုပ်ငန်း များ မှာ သာသနာပြု လုပ်ငန်း သက်သက် မဟုတ်ဘဲ စာပေသင်ကြားမှု နှင့် ဆေးဝါး ကုသမှုများကိုလည်း ပူးတွဲဆောင်ရွက်သဖြင့် ဒေသခံလူမျိုးများမှာ စာပေများ တတ်မြောက်လာကြပြီး သာသနာပြု လုပ်ငန်းအဖို့လည်း ပိုမို၍ အခြေခိုင် မြဲလာခဲ့သည်။ (၁၈၅၄) ခုနှစ်တွင် ပုသိမ်နှင့် ဟင်္သာတသို့ သာသနာပြုမှု စတင်ဆောင်ရွက်ခဲ့သည်။

အမေရိကား သို့
ဓနုဖြူမြို့တွင် ဘုန်းတော်ကြီး ဒီအယ်လ်ဘရေတန် တည်ထောင်သော သာသနာပြု ကျောင်းဖွင့်ပွဲတွင် စောတီသံပြာတို့ သားအမိ တက်ရောက်ခဲ့ကြသည်။ စောတီသံပြာ တို့ သားအမိ နှင့် ရန်ကုန်မြို့မှ ရောက်ရှိလာသော သာသနာပြုဆရာ မစ္စတာဗင်တန် တို့ ဇနီးမောင်နှံ နှင့် ပထမဦးဆုံး တွေ့ဆုံခဲ့ပါသည်။ သာသနာပြုဆရာ မစ္စတာဗင်တန်တို့ ဇနီးမောင်နှံသည် စောတီသံပြာ ၏ ဖျတ်လတ်မှုကို သဘောကျသည်။ ထို့ကြောင့် ဓနုဖြူမှ အစည်းအဝေးပွဲ ပြီးသည့်အခါ စောတီသံပြာကို ရန်ကုန်သို့ ခေါ်ဆောင်ခဲ့သည်။ ရန်ကုန်မှ တဆင့် အမေရိကန်သို့ ပညာသင် ခေါ်ဆောင် သွားရန်ဖြစ်သည်။ သို့သော် မစ္စတာဗင်တန်သည် သာသနာ လုပ်ငန်းတွင် မနားမနေ လုပ်ဆောင်ရာမှ ပင်ပန်းမှု ဒါဏ်များကြောင့် (၁၈၅၈) ခုနှစ်တွင် ကွယ်လွန် သွားခဲ့ရာ စောတီသံပြာ၏ အမေရိကန်သို့ ပညာသင်သွားရန် အစီအစဉ်မှာ ယာယီရပ်ဆိုင်းသွားခဲ့ရသည်။ ထိုသို့ရှိစဉ် သာသနာပြု ဆရာ မစ္စတာအင်ဂေါင်၏ ဇနီး မစ္စအင်ဂေါင်၏ ကျေးဇူးဖြင့် တီသံပြာအ မေရိကန်သို့သွားရန် အကြောင်းတိုက်ဆိုင်လာပြန်သည်။ မစ္စတာအင်ဂေါင်လ်တို့၏ ဇနီးမောင်နှံမှာ မော်လမြိုင် ရန်ကုန် နှင့်ရခိုင် တို့တွင် အတူတကွ သာသနာပြု ဆောင်ရွက်ခဲ့ သူများဖြစ်သည်။ သာသနာပြုနေစဉ်မှာပင် မစ္စတာအင်ဂေါင်လ် (၁၈၅၆)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ (၁၈၆၅)ခုနှစ်တွင် မစ္စတာ အင်ဂေါင်လ် ၏ ဇနီး မစ္စက်အင်ဂေါင် အမေရိကန် သို့ ပြန်မည်ဖြစ်ရာ တီသံပြာလည်း လိုက်ပါခွင့်ရခဲ့လေသည်။ ထိုအချိန်တွင် တီသံပြာသည် (၂၃)နှစ် သာရှိသေးသည်။

ပညာသင်ကြားရေး အခက်အခဲ
ဖြစ်သည့်နည်းနှင့် အမေရိကန်သို့ လိုက်လာခဲ့ရသဖြင့် ပထမဦးဆုံး ရင်ဆိုင်ရသော အခက်အခဲမှာ စားရေး သောက်ရေးပင် ဖြစ်လေသည်။ ဒုတိယ အခက်အခဲမှာ ပညာ သင်ကြားခွင့် ရရေးပင် ဖြစ်လေသည်။ တီသံပြာ အမေရိကန်သို့ ရောက်ပြီးနောက် ပထမဦးဆုံး နယူးယောက်တွင် အခြေချဖြစ်သည်။ ထို့နောက် ဘော့စတွန်သို့ ရောက်လာသည်။ သူ ပထမ ဦးဆုံး လုပ်ရသော အလုပ်မှာ သတင်းစာရောင်းသော လုပ်ငန်းဖြစ်သည်။ ကျောင်းနေရန် အတွက် သတင်းစာ ရောင်းရင်း ငွေကြေး စုဆောင်းသည်။ ထို့နောက် မီးရထား ကုမ္ပဏီ တခု၌ မီးရထားလမ်း ဖောက်လုပ် သည့် လုပ်ငန်းတွင် မြေတိုင်းစာရေးအဖြစ် အလုပ်ရသည်။ မီးရထားလမ်း ပြီးသောအခါ ဇလီဖားတုံးများကို ဦးချိုဖြင့် ကော်သွားတတ်သော ကျွဲရိုင်းများကို ပစ်ခတ် ရသော အလုပ် ရပြန်သည်။

ပထမဆုံး မဟာဝိဇ္ဇာဘွဲ့
ဤနည်းဖြင့် စောတီသံပြာ မိမိ ကျောင်းစရိတ် ကို မိမိရှာကာ ပညာသင်ကြားခဲ့ရာမှ (Shurleff) တက္ကသိုလ်သို့ပထမဆုံးတင်ရောက်ခဲ့သည်။ထိုတက္ကသိုလ်မှ ၁၈၆၈ခုနှစ် စက်တင်ဘာလတွင် ရိုချက်စတာတက္ကသိုလ်သို့ထပ်မံတက်ရောက်ခွင့်ရခဲ့ပြီ တက်ရောက်ခွင့်ရချိန်တွင်အသက်မှာ ၂၆နှစ်ရှိပြီဖြစ်သည်။ ရိုချက်စတာတက္ကသိုလ်တွင်ဒုတိယနှစ်ကစတင် တက်ရောက်ခွင့်ရခဲ့ပြီသူအဓိကယူသောဘာသာရပ်မှာ ဂရိနှင့်လက်တင်စာပေများဖြစ်သည်။ ၁၈၇၁ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့တွင်တက္ကသိုလ်တွင်ပြု လုပ်သည့်ဘွဲ့နှင်းသဘင်အခမ်းအနားစင်မြင့်ပေါ်သို့ ဘွဲ့ယူခဲ့ပြီ အမေရိကန်ပြည်ထောင်စုတွင်ပထမဆုံး ဘွဲ့ရရှိခဲ့သောအာရှနိုင်ငံသားအဖြစ်မှတ်တမ်းတင် ဂုဏ်ပြုခြင်းခံခဲ့ရသည်။အလုပ် လုပ်ရင်းမှ ပညာကို ဆက်လက် သင်ကြားခဲ့ရာ (၆)နှစ်အကြာ (၁၈၇၁)ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကိုဆွတ်ခူး ရရှိခဲ့သည်။ နောက်ထပ်နှစ် နှစ်ဆက်လက်သင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကို ဆက်လက် ရရှိပြန်သည်။ ထိုခေတ် က အမေရိကန်လို နိုင်ငံမျိုးတွင် မြန်မာ နိုင်ငံသားများ အနက် ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိသူမှာလည်း သူပဲဖြစ်သည်။ အရပ်အမောင်း ၆ပေလောက်ရှိသည်။ မျက်နှာမှာ (၄)ထောင့် ပုံသဏ္ဍာန် ရှိသည်။ အလွန် တည်ကြည် ခန့်ညားသည်။ ဘွဲ့ရပြီးသောအခါ သူ့အား အလုပ်ခန့်ရန် လိုသူများ အများအပြားရှိသော်လည်း မိမိအမျိုးသားကို ပြန်လည်အလုပ်အကျွေးပြုရန် ဆုံးဖြတ်ချက်ချထားသော တီသံပြာသည် မည်သည့် နိုင်ငံသား၏ အလုပ်ကိုမှ လက်ခံခြင်း မပြုခဲ့တော့ ဘာသာရေး ဆိုင်ရာ စာပေများကို လေ့လာဆည်းပူးခဲ့သည်။

မြန်မာပြည် ပြန်ရောက်ခြင်း
အမေရိကန် ပြည်ထောင်စု မှ မဟာဝိဇ္ဇာဘွဲ့ ဖြင့် ပြန်လာသူဖြစ်၍ ထိုစဉ်က ဗြတိသျှ အုပ်ချုပ်ရေး ယန္တရားက ဌာနဆိုင်ရာ ရာထူးဖြင့် ဆွဲဆောင်ခဲ့သော်လည်း သူသည် အလုံရပ် ပဲခူး ကရင်ကျောင်း ၏ ကျောင်းဆရာ အဖြစ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ခြင်း အသင်းတော်ကြီး၏ အကျိုးဆောင် အတွင်းရေးမူး အဖြစ်သာ အမှုတော်ကိုထမ်းခဲ့သည်။ ပြန်ရောက်ပြီးနောက် ဦးစွာပထမ ပဲခူးကရင် အထက်တန်းကျောင်း ယခု အထက (၁)အလုံတွင် ကျောင်းဆရာ ဝင်လုပ်သည်။ ထို့နောက် မိမိအမျိုးသား အတွက် စာအုပ်များကို ပြုစုရေးသားခဲ့ရာ စုစုပေါင်း (၂၅)အုပ် ပြုစုနိုင်ခဲ့သည်။ ဤသို့ မိမိ အမျိုးသားများ အတွက် ပြန်လည် အကျိုးပြုနိုင်ခဲ့သော အကျိုးထူးကြီးမှာ သူ့အား ပညာရေး လမ်းကြောင်းပေါ်သို့ ပထမဆုံး တက်ပို့ပေးခဲ့သော သာသနာပြုဆရာ ဗင်တန်၏ ကျေးဇူးကြောင့်သာ ဖြစ်ကြောင်း တီသံပြာ မမေ့ခဲ့ချေ။ ထိုကြောင့် ကျေးဇူးရှင်အတွက် သူ ကိုယ်တိုင် ဦးဆောင်ပြီး ဗင်တန် ခန်းမဆောင်ကို ဆောက်လုပ်ခဲ့လေသည်။ သူသည် တဘက်တွင် ကျောင်းဆရာဖြစ်၍ တဘက်တွင် သာသနာအကျိုးဆောင်တစ်ဦး ဖြစ်သည်။

ဒေါက်တာဖြစ်ပြီ
ယင်းသို့ ကျောင်းအုပ်အဖြစ်အမှု့ထမ်းရင်း တဘက်မှာလည်း ခရစ်ယာန်အကျိုးကို လုပ်ဆောင်နေစဉ် ဆရာကြီးသည် ခရစ်ယာန်ဘာသာစာပေကို ပြုစုခဲ့သည်။ ခရစ်ယာန် သာသနာ ပြန့်ပွားရေး နှင့် စာပေပို့ချမှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့သော တီသံပြာ အား ဂိုချက်စလား တက္ကသိုလ်မှ ဘာသာတရား နှင့် ဆိုင်သော ဂုဏ်ထူးပါရဂူ (D-D)ဘွဲ့ကို ထပ်မံချီးမြင့်ခဲ့လေသည်။ သူသည် ခရစ်ယာန်ဘာသာ စာပေပြုစုမှု အတွက် ခရစ်ယာန် စာပေ ဒေါက်တာဘွဲ့ ကို ဆွတ်ခူးရရှိသည် ဆရာကြီး၏ ဘွဲ့အပြည့်အစုံမှာ (MADD) ဖြစ်သည်။

ဒေါကလူ ဖွဲ့စည်းခြင်း
ဒေါက်တာ တီသံပြာ သည် ပညာရေးနှင့် ခရစ်ယာန်ဘာသာရေးအကျိုးကို ထမ်းဆောင်နေရာမှာ အမျိုးသားရေး ကိုလည်းမမေ့မလျှော့ (၁၈၈၁)ခုနှစ်၌ သူ ဦးဆောင်ဦးရွက် ပြုလျှက် ဒေါကလူ ခေါ် ကရင်အမျိုးသား အစည်းအရုံး ကို ပထမဆုံး တည်ထောင်ခဲ့သူဖြစ်သည်။ ဒေါကလု ဟူသည့် ကရင်ဘာသာ၏ စကားအသံထွက်မှာ တစ်ပေါင်း တစ်စည်းတည်း တစ်ညီတစ်ညွတ်တည်း ဟူ၍ ဖြစ်သည်။ ကရင့်အမျိုးသား အစည်းအရုံး ၏ အတိုကောက် အခေါ်မှာ ကေအဲန်အေ ဖြစ်သည်။ ကေအဲန်အေကို ကရင်လူမျိုးတို့က ဒေါကလု ဟုခေါ်သည်။ ကေအဲန်အေ ကို (၁၈၈၁)ခုနှစ်တွင် ဖွဲစည်းခဲ့သည်။ ပထမဆုံး ဥက္ကဋ္ဌမှာ ဒေါက်တာ တီသံပြာဖြစ်သည်။ ယင်းဒေါကလု ကရင် အမျိုးသား အစည်းအရုံးသည် အိန္ဒိယပြည် ကွန်ဂရက် ဖွဲ့စည်းခြင်း ထက်ပင် (၂)နှစ်စောသည်။ အိန္ဒိယပြည် အမျိုးသား ကွန်ဂရက် ကို (၁၈၈၃)ခုနှစ်တွင် ဖွဲ့စည်းထားသည်။

၁၈၇၅ခုမှ ၁၈၈၁ခုထိရန်ကုန်တွင်သင်းအုပ်ဆရာ အဖြစ်လည်ကောင်း၊ ၁၈၈၅ခုတွင်မြူနီစီပယ်မင်းကြီးအဖြစ်လည်ကောင်း ၊အမေရိကန်သာသနာပြုနှစ်ခြင်းအဖွဲ့တွင်၁၈၇၅ခုမှ ၁၈၉၆ခုထိဆရာအဖြစ်လည်ကောင်း ၊ ရန်ကုန်တွင်ခိုကိုးရာမဲ့ကရင်များစောင့်ရှောက်ရေးအဖွဲ့တွင် ၁၈၉၁ခု မှ​ ၁၉၂ဝထိလည်ကောင်း၊ ကရင်အမျိုးသားအဖွဲ့(National Karen Association)တွင် ၁၈၈၁ခု မှ ၁၉၀၃ထိလည်ကောင်းတာဝန် ထမ်းဆောင်ခဲ့သည်။

ထို့ပြင်စာအုပ်ပေါင်းများစွာကိုလည်းအင်္ဂလိပ်ဘာသာသိုလည်ကောင်း ကရင်ဘာသာဖြစ်လည်းကောင်း ရေးသားခဲ့ပါသည်။ ထင်ရှားသည့်စာအုပ်များမှာ Sormons in Karen; A Karen Arithmetic; A Kern Mensuration of Plane Surfaces With Land Surveying; Karen Customs Ceremonies and Poetry; The Karens; Their Persecutions and Hardsips, 1824-1854; The Karens and Their Progress 1854-1914; Karen Folk-lore Tales နှင့် ရော်ဘင်ဆင်ကရူဆိုးစာအုပ် ကရင်ဘာသာတို့မှာထင်ရှားခဲ့သည်။

ရိုချက်စတာတက္ကသိုလ်က၁၉၁၈ခုနှစ်တွင်ဘာသာရေး ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုချီးမြင့်ခဲ့ပါသည်။ ၁၉၂၀ ခုနှစ်အောက်တိုဘာ၂၉ရက်နေ့တွင် ဒေါက်တာတီသံပြာ သည်ကွန်လွယ်သွားခဲ့ပါသည်။

ပါမောက္ခကြီးမျက်ရည်ကျစေခဲ့သောစာအုပ်

၁၉၂၆ခုနှစ်တွင်လူရွယ်တစ်ယောက်သည် ငြိုးငယ်သောမျက်နှာဖြင့် ရိုချက်စတာ တက္ကသိုလ်သို့ရောက်လာခဲ့ကာ ကျောင်းအုပ်ဆရာပါမောက္ခဆရာကြီးရပ်ရ်ရီးစ်ကို တွေ့ခွင့်တောင်းသောအခါ ပါမောက္ခကြီးကတွေ့ခွင့်ပေးလိုက်ပါသည်။ ထိုအခါလူငယ်က

“ကျတော်ဒီတက္ကသိုလ်ကြီးအတွက် စာအုပ်တစ်အုပ် လှူဒါန်းခြင်လို့ပါ ကျတော်နာမည်ပီတာမလာတူပါ။ဒေါက်တာတီသံပြားရဲ့တူပါ”ဟုဆိုလေသည်။

ပါမောက္ခကြီးသည် ဒေါက်တာတီသံပြားနာမည်ကြား ၍မျက်လုံးအရောင်တောက်ပသွားပြီ
“ဒေါက်တာကလှူခိုင်းတာလား”

“ဟုတ်ပါတယ် သူလှူ ခိုင်းလိုက်တာပါ”

“သူကျန်းကျန်းမာမာရှိရဲ့လား”

“ကျန်ခဲ့တဲ့နှစ်ကပဲဆုံးသွားပြီ”

ထိုအခါပါမောက္ခကြီးမှာချက်ခြင်းပင်မျက်နှာငြိုးငယ် သွားကာပြောစရာစကားမရှိသည့်အလား အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပြီး လူရွယ်၏လက်မှစာအုပ်ကိုယူကြည့်လိုက်ကာ အလွန်အမင်း စိတ်ထိခိုက်သောအသံဖြင့်
“ကျတော်အတော်ဝမ်းနည်းစိတ်ထိခိုက်ရပါတယ် ဘာလို့လည်းဆိုတော့ ဒီအထုပ္ပတ္တိကိုမဖတ်တတ်လို့ ပါပဲ ခင်ဗျာဦးလေးဟာ ဒီတက္တသိုလ်ကိုအတော်လေး အမှတ်ရှိပုံရတယ် ဒီလိုအမှတ်တရနှင့်ပြုစုထားတဲ့မှတ် တမ်းစာအုပ်ကို ကျတော်တို့ထိမ်းသိမ်းထားပါမယ်”ဟုဆိုကာ Rush Rhees စာကြည့်တိုက်ရှားပါးစာအုပ် များနှင့်အထူးထိန်းသိမ်းထားရမည့်စာအုပ်ဌာနတွင်သိမ်းဆည်းထားခဲ့သည့်မှာ ယခုတိုင်ပင်ဖြစ်ပါတော့ သည်။

ထိုစာအုပ်ကားဒေါက်တာတီသံပြားကရင်ဘာသာဖြင့် နောက်ဆုံးရေးသားခဲ့သောကိုယ်ရေးအထုပ္ပတ္တိThe Pilgrim စာအုပ်ပင်တည်း။ ဒေါက်တာတီသံပြားသည် အင်္ဂလိပ် မြန်မာလို ကျွမ်းကျင်တတ်မြောက်ပါသော်လည်း မိမိ၏အမျိုးမိမိ၏စာပေကိုမမေ့မပျောက်ပဲစံပြတစ်ဦးအနေဖြင့် ထိမ်းသိမ်းထားခဲ့ပါသည်။ရေးသားခဲ့ပါသည်။

သူယုံကြည်ကိုးကွယ်သောဘာသာ သူ၏အမျိုးများ အတွက်တစ်သက်တာပေးဆပ်ခဲ့ခြင်းဖြင့် နောက်လူနောက်သားများကိုရှေ့ဆောင်လမ်းပြလုပ်ခဲ့ပေသည်။ အမေရိကန်လိုနိုင်ငံ၏ထင်ရှားသောတက္ကသိုလ်ကြီး ၏စာကြည့်တိုက်ထဲ၌ ကရင်စာပေဖြင့်ရေးသားထား သောစာအုပ်သည်ဂုဏ်ယူဝင့်ကြွားလျက်နေလေပြီ။

ကိုးကား
မောင်စင်ကြယ်. မြန်မာပြည်ချစ် ကရင်အမျိုးသား ခေါင်းဆောင်များ
Karen History & Civilization Heritage

Leave a Reply