က်မ္းဂန္မ်ားကေျပာတဲ့ ဇဗၺဴဒိပ္ကြ်န္း ဆုိသည္မွာ

Posted on

မဟာဝင္၊ အာဒိကပၸကမၻာဦးက်မ္းအစရွိေသာ ျမန္မာက်မ္းဂန္မ်ားအရ၊ ကြ်ႏ္ုပ္တို႔ေနထိုင္ရာ ကမၻာေလာက သည္ ဇမၺဴဒိပ္ကၽြန္းျဖစ္သည္။ ဇဗၺဴဒိပ္ကြ်န္းသည္ ျမင့္မိုရ္ေတာင္ ၏ ေတာင္ဘက္ မ်က္ႏွာတြင္ရွိေသာ ကၽြန္းႀကီးျဖစ္သည္။ ပါဠိ ဘာသာအားျဖင့္ ဇဗၺဴဒိပ္ကြ်န္းဟု ေခၚသည္။ ယင္းကို ျမန္မာမႈ ျပဳေသာ္ ဇမၺဴဒိပ္ကြ်န္းျဖစ္၏။

ျမင့္မိုရ္ေတာင္ကို ဗဟိုျပဳ၍ အေရွ႕ ဘက္တြင္ ပုဗၺဝိေဒဟကၽြန္း၊ အေနာက္ဘက္တြင္ အပရေဂါယာ နကၽြန္း၊ ေတာင္ဘက္တြင္ ဇမၺဴဒီပကြ်န္း(ဇဗၺဴဒိပ္ကြ်န္း)၊ ေျမာက္ဘက္တြင္ ဥတၱရကု႐ုကၽြန္းဟူ၍၊ ကၽြန္းႀကီးေလးကၽြန္းႏွင့္ အရံကၽြန္းငယ္ ၂ဝဝဝ ရွိသည္။ ဇမၺဴဒိပ္ကၽြန္းသားတို႔သည္ အျခားကၽြန္းမ်ားသို႔ မသြားေရာက္ႏိုင္သကဲ့သို႔ အျခားကၽြန္းသားတို႔သည္လည္း ဇမၺဴ ဒိပ္ကၽြန္းသို႔ မလာေရာက္ႏိုင္ေပ။ ဘုရားရဟႏၲာႏွင့္ စၾကဝေတးမင္း တို႔သာလၽွင္ ႂကြသြားႏိုင္သည္ဟု ဆို၏။

စၾက၀ေတးမင္း

စၾကဝေတးမင္းမွာ ကၽြန္းႀကီး ေလးကၽြန္း ႏွင့္ အရံကၽြန္းငယ္ (၂၀ဝ၀) ကို အစိုးရေသာ မင္းဟု က်မ္းဂန္မ်ားက ဆိုသည္။ ဇမၺဴဒိပ္ မင္းအေပါင္းက ဝပ္တြား ခေညာင္းရေသာ မင္းျဖစ္သည္။ အလိုခပ္သိမ္းကို ျပည့္စုံေစတတ္ေသာ စၾကာရတနာ ရရွိသျဖင့္ စၾကဝေတးမင္းဟု ေခၚသည္။ ယင္းမွ အစြဲျပဳ၍ အစြမ္းထက္ျမက္လွေသာ လွံ ၊ ရထား ၊ ေျခနင္း စသည္တို႔ကို လွံစၾကာ ၊ ရထားစၾကာ ၊ ေျခနင္းစၾကာ စသည္ျဖင့္ ေခၚေဝၚၾကသည္။ စၾကဝေတးမင္းကို မႏၶာတု စၾကာမင္း ၊ မႏၶတ္မင္း ဟုလည္း ေခၚၾကသည္။ ေဂါတမ ျမတ္စြာဘုရားအေလာင္းသည္ မဟာသမၼတမင္းမွ စ၍ ႏွစ္က်ိပ္ရွစ္ပါးေသာ မင္းတို႔တြင္ ခုနစ္ဆက္ေျမာက္ မႏၶတ္မင္း ျဖစ္ဖူး၍ ကၽြန္းငယ္ အရံ (၂၀ဝ၀) ႏွင္တကြ ကၽြန္းႀကီး ေလးကၽြန္းတြင္ စၾကဝေတးမင္း စည္းစိမ္ကို ခံစားေတာ္မူသည္။

စၾကဝေတးမင္းတို႔သည္ အံ့ဘြယ္ ေလးပါး ရွိၿမဲျဖစ္သည္။ ယင္းတို႔မွာ ဘုန္းကံ ပါရမီအေလ်ာက္ အလြန္အဆင္းလွ၍ အသံသာယာျခင္း ၊ သတၱဝါတို႔၏ ေကာင္းက်ိဳးကို ေဆာင္႐ြက္တတ္ျခင္း ၊ ေကာင္းကင္ခရီးျဖင့္ သြားလာတတ္ျခင္း ၊ တရားႏွင့္အညီ စိုးစံတတ္ျခင္း တို႔ ျဖစ္သည္။ ယင္းဂုဏ္မ်ားေၾကာင့္ အျခားေသာ မင္း ၊ ပုဏၰား ၊ သူႂကြယ္ ၊ ရေသ့ ၊ ရဟန္းတို႔သည္ အဆင္းကို ႐ႈ၍မဝ ၊ အသံကို ကို ၾကား၍မဝ ၊ တရားစကား ႏွီးေႏွာ၍ မဝ ေအာင္ ျဖစ္ၾကရသည္။ စၾကာရတနာတန္ခိုးေၾကာင့္ အျခားေသာ မင္းမ်ား မတုၿပိဳင္ႏိုင္ေသာ တန္ခိုးရွင္လည္း ျဖစ္သည္။

ဇဗၺဴဒိပ္ကြ်န္း၏ ပမာဏမွာ အေရွ႕မ်က္ႏွာအျပင္သည္ ယူဇနာႏွစ္ေထာင္၊ အေနာက္မ်က္ႏွာအျပင္သည္ ယူဇနာႏွစ္ ေထာင္၊ ေျမာက္မ်က္ႏွာအျပင္လည္ ယူဇနာႏွစ္ေထာင္၊ ေတာင္ မ်က္ႏွာအျပင္သည္ ယူဇနာေလး ေထာင္က်ယ္သည္။ ေထာင့္ ႀကီးသုံးေထာင့္၊ ေထာင့္ငယ္သုံးေထာင့္ရွိသည္ျဖစ္၍၊ လွည္းဦး ႏႈိက္ခင္းအပ္ေသာ ကတ္သဏၭာန္ကဲ့သို႔ တည္သည္။ အခ်င္း အားျဖင့္ ယူဇနာတေသာင္း၊ အဝန္းအားျဖင့္ ယူဇနာသုံးေသာင္း ရွိသည္ဟု ေလာကပညာတၱိက်မ္း၊ ဆဂတိဒီပနီက်မ္းတို႔တြင္ လာသည္။ တယူဇနာလၽွင္ ခုနစ္မိုင္ခန္႔ရွိသည္။

ဇမၺဴဒိပ္ကၽြန္းႏွင့္ အရံကၽြန္းငယ္ ၅ဝဝ တို႔တြင္ ေနၾက ေသာ ကၽြန္းသားတို႔၏ သက္တမ္းမွာ မတည္မၿမဲေခ်။ ရံခါ လည္း အသေခ်ၤရွည္သည္။ ရံခါလည္း ဆယ္ႏွစ္သာရွည္သည္။ ပုဗၺဝိေဒဟကၽြန္းသားတို႔၏ သက္တမ္းမွာ အႏွစ္ခုနစ္ရာအၿမဲ ရွည္၏။ အပရေဂါယာနကၽြန္းသားတို႔၏ သက္တမ္းမွာ အႏွစ္ ငါးရာအၿမဲ ရွည္၏။ ဥတၱရကု႐ုကၽြန္းသားတို႔၏ သက္တမ္းမွာ အႏွစ္တေထာင္အၿမဲရွည္၏။ ဤသို႔ သံယုတၱနိကာယ္အ႒ကထာ တြင္ဆိုေလသည္။

ဇမၺဴဒိပ္ကြ်န္းသားတို႔၏ မ်က္ႏွာမွာ ကြ်န္း၏ပုံကိုလိုက္၍ သုံးေထာင့္သဏၭာန္ရွိသည္ဟု ဆိုၾက၏။ အျခားကၽြန္းသားတို႔၏ မ်က္ႏွာမွာလည္း ထိုအတူပင္ ကၽြန္းပုံကိုလိုက္၍ အသီးသီးရွိၾက သည္။ ဇမၺဴဒိပ္ကၽြန္းသားတို႔၏ အဆင္းသဏၭာန္သည္ အထူး ထူးအျပားျပားရွိကုန္၏။ ဇမၺဴဒိပ္ကၽြန္းတြင္ ေဟာေျပာဆုံးမမည့္ ဘုရား ပေစၥကဗုဒၶါ အရိယာသာဝက စေသာ သူေတာ္သူျမတ္ တို႔ ရံခါရွိတတ္ေသာေၾကာင့္ ဤကၽြန္းသူကၽြန္းသားတို႔ သည္ သုဂတိနတ္႐ြာ အၿမိဳက္နိဗၺာန္ခ်မ္းသာတိုင္ေအာင္ လားရကုန္ သည္။ အျခားကၽြန္းႀကီး ၃ ကၽြန္းတြင္ ေဟာေျပာဆုံးမမည့္သူ မရွိသျဖင့္ သံသရာဝဋ္ဆင္းရဲ၏ အေၾကာင္းသာမ်ားသည္။

ထို႔ေၾကာင့္ ကၽြန္းႀကီးေလးကၽြန္းတြင္ ဇမၺဴဒိပ္ကၽြန္းသည္ နိဗၺာန္သို႔ ကူးရာဆိပ္ကမ္းႏွင့္ တူေသာေၾကာင့္ ဘုရားအစရွိေသာ သူေတာ္ ေကာင္းတို႔သည္ အထူးခ်ီးမႊမ္းေတာ္မူကုန္သည္။ ဤကိုရည္၍ ရွင္မဟာသီလဝံသပုဂၢိဳလ္ေက်ာ္က တံတားဦးတည္ေမာ္ကြန္းတြင္၊ ‘မိုးနတ္သိၾကား၊ ေျမာက္ကၽြန္းသားလည္း၊ တရားကုသိုလ္၊ ႏႈိင္း၍ဆိုမူ၊ မတူၾကဘဲ၊ ရာဆကဲ၍၊ ျဖစ္ခဲစြာမႈ၊ ဧဟိျပဳ၏၊ ဘိကၡဳသံဃာ၊ အရိယာသမိုက္၊ ရွင္ေတာ္႐ိုက္လၽွင္၊ ဤ၌သီးျခား၊ တည္ထြန္းပြား၏၊ ဦးဖ်ားေပါေပါ၊ ဖိုလ္မဂ္ေဇာဟု၊ သေဘၤာ ဗိမာန္၊ သည္ကခံမွ၊ နိဗၺာန္တူ႐ူ၊ ကူးမွတ္မူသား၊ ဇမၺဴ႕လက္်ာ၊ တို႔ကၽြန္းသာလၽွင္၊ ဆိပ္ညာတေျဖာင့္ တန္းတန္းတည္း’ဟူ၍ စပ္ဆိုထားေလသည္။

ဇမၺဴဒိပ္ကၽြန္းဦးတြင္ ဇမၺဴ႕သေျပပင္ရွိသည္။ ထိုဇမၺဴ႕သေျပ ပင္မွ ဇမၺဴရာဇ္ေ႐ႊကိုရရွိသည္။ ဇမၺဴဒိပ္ကၽြန္းႏွင့္တကြေသာ ကၽြန္းႀကီးကၽြန္းငယ္တို႔၏ ဗဟို ျပဳရာ ျမင့္မိုေတာင္တြင္ ေရာင္ျခည္ ၄ ပါးရွိ၏။ အေရွ႕ဘက္ ပိုင္းသည္ ေငြအတိၿပီး၏။ အေနာက္ဘက္ပိုင္းသည္ ဖလ္အတိ ၿပီး၏။ ေတာင္ဘက္ပိုင္းသည္ ပတၱျမားၫိုအတိၿပီး၏။ ေျမာက္ ပိုင္းသည္ ေ႐ႊအတိၿပီး၏။ ဤသို႔ သာရတၳဒီပနီဋီကာတြင္ဆို၏။ ထိုရတနာတို႔၏ အေရာင္သည္ မ်က္ႏွာမူရာ ကၽြန္းႀကီးကၽြန္း ငယ္တို႔သို႔ ထြန္းပ လႊမ္းမိုးေနေလသည္။ ထိုေၾကာင့္ အၿမဲစိမ္း လန္းစိုျပည္ေနသည္ဟု ဆိုသည္။ ဇမၺဴဒိပ္ကၽြန္းႏွင့္ တကြေသာ ကၽြန္းႀကီးကၽြန္း ငယ္တို႔ကို အုပ္စိုးေသာမင္းကို စၾကဝေတးမင္း ဟု ေခၚသည္။

ဇမၺဴဒိပ္ကၽြန္းတြင္ အခ်င္းယဇနာ ၃ဝဝဝ၊ အဝန္းယူဇနာ ၉ဝဝဝ၊ အျမင့္ယူဇနာ ၅ဝဝ ခန္႔ရွိေသာ ဟိမဝႏၲာေတာင္ႏွင့္ ၈၄ဝဝဝ မၽွေသာ ေတာင္ငယ္ေတာင္ထြတ္တို႔ရွိ၏။ အခ်င္း ယူဇနာ ၅ဝ ခန္႔၊ အဝန္း ယူဇနာ ၁၅ဝ ခန္႔ရွိေသာ အေနာ တတၱအိုင္၊ ဆဒၵႏၲအိုင္၊ ကုဏာလအိုင္၊ အႏၵာကိနီအိုင္၊ သီဟပၸ ပါတအိုင္၊ ကဏၰမု႑အိုင္၊ ရထကာရအိုင္ဟူ၍ အိုင္ႀကီး ၇ အိုင္တို႔ရွိ၏။ အေနာတတၱအိုင္ကိုရံလ်က္၊ သုဒႆနေတာင္၊ စိတၱကူဋေတာင္၊ ကာဠကူဋေတာင္၊ ဂႏၶမာဒနေတာင္၊ ေကလာ သေတာင္ဟူ၍ ေတာင္ ၅ လုံးရွိသည္။ အေနာတတၱအိုင္၌ ႁပြန္ ေလးသြယ္ရွိ၍ ေတာင္ဘက္ႁပြန္မွ ဂဂၤါ၊ ယမုနာ၊ အစီရဝတီ၊ မဟီ၊ သရဘူဟူေသာ ျမစ္ႀကီး ငါးစင္တို႔ျဖစ္ေပၚလာသည္ဟု ဆိုသည္။

ဇမၺဴဒိပ္ကၽြန္းတြင္ ၿမိဳ႕သစ္ေပါင္း ပထမအႀကိမ္ ၆၃ဝဝဝ ဒုတိယအႀကိမ္ ၆၃ဝဝဝ၊ တတိယအႀကိမ္ ၆၃ဝဝဝ ေပၚထြန္းခဲ့ ၍၊ သီရိဓမၼာေသာကမင္းႀကီးလက္ထက္တိုင္ေသာ္၊ ၿမိဳ႕သစ္ ၈၄ဝဝဝ တိုးပြားသည္ဟု ဆို၏။ သေဘၤာဆိပ္ ကိုးသန္းေျခာက္သိန္း၊ ရတနာတည္ရာ ငါးဆယ့္ေျခာက္ဌာန၊ ေက်း႐ြာခ႐ိုင္ ကိုးသန္း ကိုးသိန္းရွိသည္ဟု ဆိုေလသည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၄)


ကျမ်းဂန်များကပြောတဲ့ ဇဗ္ဗူဒိပ်ကျွန်း ဆိုသည်မှာ (unicode)

မဟာဝင်၊ အာဒိကပ္ပကမ္ဘာဦးကျမ်းအစရှိသော မြန်မာကျမ်းဂန်များအရ၊ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောက သည် ဇမ္ဗူဒိပ်ကျွန်းဖြစ်သည်။ ဇဗ္ဗူဒိပ်ကျွန်းသည် မြင့်မိုရ်တောင် ၏ တောင်ဘက် မျက်နှာတွင်ရှိသော ကျွန်းကြီးဖြစ်သည်။ ပါဠိ ဘာသာအားဖြင့် ဇဗ္ဗူဒိပ်ကျွန်းဟု ခေါ်သည်။ ယင်းကို မြန်မာမှု ပြုသော် ဇမ္ဗူဒိပ်ကျွန်းဖြစ်၏။

မြင့်မိုရ်တောင်ကို ဗဟိုပြု၍ အရှေ့ ဘက်တွင် ပုဗ္ဗဝိဒေဟကျွန်း၊ အနောက်ဘက်တွင် အပရဂေါယာ နကျွန်း၊ တောင်ဘက်တွင် ဇမ္ဗူဒီပကျွန်း(ဇဗ္ဗူဒိပ်ကျွန်း)၊ မြောက်ဘက်တွင် ဥတ္တရကုရုကျွန်းဟူ၍၊ ကျွန်းကြီးလေးကျွန်းနှင့် အရံကျွန်းငယ် ၂ဝဝဝ ရှိသည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့သည် အခြားကျွန်းများသို့ မသွားရောက်နိုင်သကဲ့သို့ အခြားကျွန်းသားတို့သည်လည်း ဇမ္ဗူ ဒိပ်ကျွန်းသို့ မလာရောက်နိုင်ပေ။ ဘုရားရဟန္တာနှင့် စကြဝတေးမင်း တို့သာလျှင် ကြွသွားနိုင်သည်ဟု ဆို၏။

စကြ၀တေးမင်း

စကြဝတေးမင်းမှာ ကျွန်းကြီး လေးကျွန်း နှင့် အရံကျွန်းငယ် (၂ဝဝ၀) ကို အစိုးရသော မင်းဟု ကျမ်းဂန်များက ဆိုသည်။ ဇမ္ဗူဒိပ် မင်းအပေါင်းက ဝပ်တွား ခညောင်းရသော မင်းဖြစ်သည်။ အလိုခပ်သိမ်းကို ပြည့်စုံစေတတ်သော စကြာရတနာ ရရှိသဖြင့် စကြဝတေးမင်းဟု ခေါ်သည်။ ယင်းမှ အစွဲပြု၍ အစွမ်းထက်မြက်လှသော လှံ ၊ ရထား ၊ ခြေနင်း စသည်တို့ကို လှံစကြာ ၊ ရထားစကြာ ၊ ခြေနင်းစကြာ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ စကြဝတေးမင်းကို မန္ဓာတု စကြာမင်း ၊ မန္ဓတ်မင်း ဟုလည်း ခေါ်ကြသည်။ ဂေါတမ မြတ်စွာဘုရားအလောင်းသည် မဟာသမ္မတမင်းမှ စ၍ နှစ်ကျိပ်ရှစ်ပါးသော မင်းတို့တွင် ခုနစ်ဆက်မြောက် မန္ဓတ်မင်း ဖြစ်ဖူး၍ ကျွန်းငယ် အရံ (၂ဝဝ၀) နှင်တကွ ကျွန်းကြီး လေးကျွန်းတွင် စကြဝတေးမင်း စည်းစိမ်ကို ခံစားတော်မူသည်။

စကြဝတေးမင်းတို့သည် အံ့ဘွယ် လေးပါး ရှိမြဲဖြစ်သည်။ ယင်းတို့မှာ ဘုန်းကံ ပါရမီအလျောက် အလွန်အဆင်းလှ၍ အသံသာယာခြင်း ၊ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်တတ်ခြင်း ၊ ကောင်းကင်ခရီးဖြင့် သွားလာတတ်ခြင်း ၊ တရားနှင့်အညီ စိုးစံတတ်ခြင်း တို့ ဖြစ်သည်။ ယင်းဂုဏ်များကြောင့် အခြားသော မင်း ၊ ပုဏ္ဏား ၊ သူကြွယ် ၊ ရသေ့ ၊ ရဟန်းတို့သည် အဆင်းကို ရှု၍မဝ ၊ အသံကို ကို ကြား၍မဝ ၊ တရားစကား နှီးနှော၍ မဝ အောင် ဖြစ်ကြရသည်။ စကြာရတနာတန်ခိုးကြောင့် အခြားသော မင်းများ မတုပြိုင်နိုင်သော တန်ခိုးရှင်လည်း ဖြစ်သည်။

ဇဗ္ဗူဒိပ်ကျွန်း၏ ပမာဏမှာ အရှေ့မျက်နှာအပြင်သည် ယူဇနာနှစ်ထောင်၊ အနောက်မျက်နှာအပြင်သည် ယူဇနာနှစ် ထောင်၊ မြောက်မျက်နှာအပြင်လည် ယူဇနာနှစ်ထောင်၊ တောင် မျက်နှာအပြင်သည် ယူဇနာလေး ထောင်ကျယ်သည်။ ထောင့် ကြီးသုံးထောင့်၊ ထောင့်ငယ်သုံးထောင့်ရှိသည်ဖြစ်၍၊ လှည်းဦး နှိုက်ခင်းအပ်သော ကတ်သဏ္ဌာန်ကဲ့သို့ တည်သည်။ အချင်း အားဖြင့် ယူဇနာတသောင်း၊ အဝန်းအားဖြင့် ယူဇနာသုံးသောင်း ရှိသည်ဟု လောကပညာတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတို့တွင် လာသည်။ တယူဇနာလျှင် ခုနစ်မိုင်ခန့်ရှိသည်။

ဇမ္ဗူဒိပ်ကျွန်းနှင့် အရံကျွန်းငယ် ၅ဝဝ တို့တွင် နေကြ သော ကျွန်းသားတို့၏ သက်တမ်းမှာ မတည်မမြဲချေ။ ရံခါ လည်း အသင်္ချေရှည်သည်။ ရံခါလည်း ဆယ်နှစ်သာရှည်သည်။ ပုဗ္ဗဝိဒေဟကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်ခုနစ်ရာအမြဲ ရှည်၏။ အပရဂေါယာနကျွန်းသားတို့၏ သက်တမ်းမှာ အနှစ် ငါးရာအမြဲ ရှည်၏။ ဥတ္တရကုရုကျွန်းသားတို့၏ သက်တမ်းမှာ အနှစ်တထောင်အမြဲရှည်၏။ ဤသို့ သံယုတ္တနိကာယ်အဋ္ဌကထာ တွင်ဆိုလေသည်။

ဇမ္ဗူဒိပ်ကျွန်းသားတို့၏ မျက်နှာမှာ ကျွန်း၏ပုံကိုလိုက်၍ သုံးထောင့်သဏ္ဌာန်ရှိသည်ဟု ဆိုကြ၏။ အခြားကျွန်းသားတို့၏ မျက်နှာမှာလည်း ထိုအတူပင် ကျွန်းပုံကိုလိုက်၍ အသီးသီးရှိကြ သည်။ ဇမ္ဗူဒိပ်ကျွန်းသားတို့၏ အဆင်းသဏ္ဌာန်သည် အထူး ထူးအပြားပြားရှိကုန်၏။ ဇမ္ဗူဒိပ်ကျွန်းတွင် ဟောပြောဆုံးမမည့် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက စသော သူတော်သူမြတ် တို့ ရံခါရှိတတ်သောကြောင့် ဤကျွန်းသူကျွန်းသားတို့ သည် သုဂတိနတ်ရွာ အမြိုက်နိဗ္ဗာန်ချမ်းသာတိုင်အောင် လားရကုန် သည်။ အခြားကျွန်းကြီး ၃ ကျွန်းတွင် ဟောပြောဆုံးမမည့်သူ မရှိသဖြင့် သံသရာဝဋ်ဆင်းရဲ၏ အကြောင်းသာများသည်။

ထို့ကြောင့် ကျွန်းကြီးလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်းသည် နိဗ္ဗာန်သို့ ကူးရာဆိပ်ကမ်းနှင့် တူသောကြောင့် ဘုရားအစရှိသော သူတော် ကောင်းတို့သည် အထူးချီးမွှမ်းတော်မူကုန်သည်။ ဤကိုရည်၍ ရှင်မဟာသီလဝံသပုဂ္ဂိုလ်ကျော်က တံတားဦးတည်မော်ကွန်းတွင်၊ ‘မိုးနတ်သိကြား၊ မြောက်ကျွန်းသားလည်း၊ တရားကုသိုလ်၊ နှိုင်း၍ဆိုမူ၊ မတူကြဘဲ၊ ရာဆကဲ၍၊ ဖြစ်ခဲစွာမှု၊ ဧဟိပြု၏၊ ဘိက္ခုသံဃာ၊ အရိယာသမိုက်၊ ရှင်တော်ရိုက်လျှင်၊ ဤ၌သီးခြား၊ တည်ထွန်းပွား၏၊ ဦးဖျားပေါပေါ၊ ဖိုလ်မဂ်ဇောဟု၊ သင်္ဘော ဗိမာန်၊ သည်ကခံမှ၊ နိဗ္ဗာန်တူရူ၊ ကူးမှတ်မူသား၊ ဇမ္ဗူ့လက်ျာ၊ တို့ကျွန်းသာလျှင်၊ ဆိပ်ညာတဖြောင့် တန်းတန်းတည်း’ဟူ၍ စပ်ဆိုထားလေသည်။

ဇမ္ဗူဒိပ်ကျွန်းဦးတွင် ဇမ္ဗူ့သပြေပင်ရှိသည်။ ထိုဇမ္ဗူ့သပြေ ပင်မှ ဇမ္ဗူရာဇ်ရွှေကိုရရှိသည်။ ဇမ္ဗူဒိပ်ကျွန်းနှင့်တကွသော ကျွန်းကြီးကျွန်းငယ်တို့၏ ဗဟို ပြုရာ မြင့်မိုတောင်တွင် ရောင်ခြည် ၄ ပါးရှိ၏။ အရှေ့ဘက် ပိုင်းသည် ငွေအတိပြီး၏။ အနောက်ဘက်ပိုင်းသည် ဖလ်အတိ ပြီး၏။ တောင်ဘက်ပိုင်းသည် ပတ္တမြားညိုအတိပြီး၏။ မြောက် ပိုင်းသည် ရွှေအတိပြီး၏။ ဤသို့ သာရတ္ထဒီပနီဋီကာတွင်ဆို၏။ ထိုရတနာတို့၏ အရောင်သည် မျက်နှာမူရာ ကျွန်းကြီးကျွန်း ငယ်တို့သို့ ထွန်းပ လွှမ်းမိုးနေလေသည်။ ထိုကြောင့် အမြဲစိမ်း လန်းစိုပြည်နေသည်ဟု ဆိုသည်။ ဇမ္ဗူဒိပ်ကျွန်းနှင့် တကွသော ကျွန်းကြီးကျွန်း ငယ်တို့ကို အုပ်စိုးသောမင်းကို စကြဝတေးမင်း ဟု ခေါ်သည်။

ဇမ္ဗူဒိပ်ကျွန်းတွင် အချင်းယဇနာ ၃ဝဝဝ၊ အဝန်းယူဇနာ ၉ဝဝဝ၊ အမြင့်ယူဇနာ ၅ဝဝ ခန့်ရှိသော ဟိမဝန္တာတောင်နှင့် ၈၄ဝဝဝ မျှသော တောင်ငယ်တောင်ထွတ်တို့ရှိ၏။ အချင်း ယူဇနာ ၅ဝ ခန့်၊ အဝန်း ယူဇနာ ၁၅ဝ ခန့်ရှိသော အနော တတ္တအိုင်၊ ဆဒ္ဒန္တအိုင်၊ ကုဏာလအိုင်၊ အန္ဒာကိနီအိုင်၊ သီဟပ္ပ ပါတအိုင်၊ ကဏ္ဏမုဏ္ဍအိုင်၊ ရထကာရအိုင်ဟူ၍ အိုင်ကြီး ၇ အိုင်တို့ရှိ၏။ အနောတတ္တအိုင်ကိုရံလျက်၊ သုဒဿနတောင်၊ စိတ္တကူဋတောင်၊ ကာဠကူဋတောင်၊ ဂန္ဓမာဒနတောင်၊ ကေလာ သတောင်ဟူ၍ တောင် ၅ လုံးရှိသည်။ အနောတတ္တအိုင်၌ ပြွန် လေးသွယ်ရှိ၍ တောင်ဘက်ပြွန်မှ ဂင်္ဂါ၊ ယမုနာ၊ အစီရဝတီ၊ မဟီ၊ သရဘူဟူသော မြစ်ကြီး ငါးစင်တို့ဖြစ်ပေါ်လာသည်ဟု ဆိုသည်။

ဇမ္ဗူဒိပ်ကျွန်းတွင် မြို့သစ်ပေါင်း ပထမအကြိမ် ၆၃ဝဝဝ ဒုတိယအကြိမ် ၆၃ဝဝဝ၊ တတိယအကြိမ် ၆၃ဝဝဝ ပေါ်ထွန်းခဲ့ ၍၊ သီရိဓမ္မာသောကမင်းကြီးလက်ထက်တိုင်သော်၊ မြို့သစ် ၈၄ဝဝဝ တိုးပွားသည်ဟု ဆို၏။ သင်္ဘောဆိပ် ကိုးသန်းခြောက်သိန်း၊ ရတနာတည်ရာ ငါးဆယ့်ခြောက်ဌာန၊ ကျေးရွာခရိုင် ကိုးသန်း ကိုးသိန်းရှိသည်ဟု ဆိုလေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

Leave a Reply