ကမာၻ႔သမုိင္း ေခတ္မ်ားအေၾကာင္း သိေကာင္းစရာ

Posted on

သမိုင္းမတင္မီေခတ္

သမိုင္းမတင္မီေခတ္ ဆိုသည္မွာ သမိုင္းမွတ္တမ္းမ်ား မေရးသား ရေသးခင္ အခ်ိန္ကာလကို ဆိုလိုသည္။ ကမၻာေျမေပၚတြင္ လူသားတို႔ ေနထိုင္သြားလာ ေနၾကၿပီး ျဖစ္ေသာ္လည္း ထိုအခ်ိန္ကာလမ်ား အတြက္ သမိုင္းမွတ္တမ္းမ်ား မရရွိႏိုင္သည့္ အခ်ိန္ကာလကို ရည္ၫႊန္းျခင္း ျဖစ္သည္။

စာေရးသားျခင္း တီထြင္မႈ မျပဳရေသးခင္ အခ်ိန္ကာလဟုလည္း ဆိုႏိုင္သည္။ ပိုမိုက်ယ္ျပန္႔စြာ ေျပာရမည္ဆိုလၽွင္ လူသားမ်ား မေပၚေပါက္မီ အခ်ိန္ကာလ ကိုပါ ထည့္သြင္း ေျပာဆိုရမည္ ျဖစ္သည္။

တူရကီႏုိင္ငံ Göbekli Tepe မွ လြန္ခဲ့ေသာႏွစ္ေပါင္း ၁၁၀၀၀ ခန္႔က လူသားမ်ားေနခဲ့ရေနရာတစ္ခု

ေရွးေဟာင္း သုေတသနပညာရွင္ ေပါလ္တိုးနယ္ က ျပင္သစ္ႏိုင္ငံ ေတာင္ပိုင္းရွိ ဂူမ်ား အတြင္း သူရွာေဖြေတြ႕ရွိခဲ့ေသာ အရာမ်ားကို ေရးသား ေဖာ္ျပရာတြင္ ဤ အသုံးအႏႈန္းကို စတင္ သုံးႏႈန္းခဲ့သည္။ ထို႔ေၾကာင့္ ျပင္သစ္ဘာသာ တြင္ ၁၈၃၀ ခုႏွစ္မ်ားမွစ၍ စာေရးသားျခင္း မေပၚေပါက္မီ အခ်ိန္ကာလကို သမိုင္းမတင္မီေခတ္ဟု သုံးႏႈန္းခဲ့ၾကသည္။ အဂၤလိပ္တို႔ အတြက္မူ သမိုင္းမတင္မီ ကာလ ဆိုသည့္ အသုံးအႏႈန္းကို ၁၈၅၁ ခုႏွစ္တြင္ ေရွးေဟာင္းသုေတသန ပညာရွင္ ဒင္နီယယ္ ဝီလ္ဆင္က စတင္ သုံးႏႈန္းခဲ့သည္။

သမိုင္းမတင္မီေခတ္ ဆိုသည္မွာ စၾကာဝဠာ အစျပဳေသာ အခ်ိန္က စ၍ ရည္ၫႊန္းျခင္း ျပဳႏိုင္ေသာ္လည္း အမ်ားအားျဖင့္ ကမၻာေပၚတြင္ သက္ရွိမ်ား စတင္ျဖစ္ထြန္းလာသည့္ အခ်ိန္မွစ၍ ရည္ၫႊန္းေလ့ ရွိသည္။ ပို၍ တိတိက်က် ဆိုရလၽွင္ လူႏွင့္ သဏၭာန္တူေသာ သက္ရွိမ်ား ေပၚေပါက္လာသည့္ အခ်ိန္က စ၍ ရည္ၫႊန္းေလ့ရွိသည္။

လူတို႔၏ သမိုင္းမတင္မီေခတ္ကို ရည္ၫႊန္းရာတြင္ သမိုင္းမတင္မီေခတ္ႏွင့္ ဆိုင္ေသာ သမိုင္းပညာရွင္မ်ား အေနႏွင့္ ေခတ္ ၃ ေခတ္ ခြဲျခားေသာ စနစ္ကို အသုံးျပဳေလ့ ရွိေသာ္လည္း လူသားမေပၚေပါက္မီ အခ်ိန္ကာလ ကို ေလ့လာေသာ ပညာရွင္မ်ား အေနႏွင့္မူ ပိုမို တိက်စြာ ခြဲျခားႏိုင္ေသာ ဘူမိဆိုင္ရာ ေက်ာက္လႊာမ်ားေပၚ မူတည္၍ ေျပာဆိုေလ့ ရွိၾကသည္။

လူတို႔၏ သမိုင္းမတင္မီ ကာလကို ေခတ္ ၃ ေခတ္ အေနႏွင့္ ခြဲျခားေသာ အခါတြင္ လက္နက္ကိရိယာ မ်ားကို ျပဳလုပ္ေသာ နည္းပညာ ေပၚမူတည္၍ ေက်ာက္ေခတ္၊ ေၾကးေခတ္ ႏွင့္ သံေခတ္ ဟူ၍ ခြဲျခားေခၚဆိုတတ္ၾကသည္။

ေက်ာက္ေခတ္

ေက်ာက္ေခတ္ဆိုသည့္ အသုံးအႏႈန္းကို ေရွးေဟာင္းသုေတသနပညာရွင္တို႔က သတၱဳကို အသုံးမျပဳမီ ရွည္လ်ားေသာ အခ်ိန္ကာလကို ရည္ၫႊန္းေခၚဆိုေလ့ရွိၿပီး ထိုေခတ္အခါက ေက်ာက္ျဖင့္ ျပဳလုပ္ေသာ ကိရိယာမ်ားမွာ အျခားႏုေသာ ပစၥည္းမ်ားျဖင့္ ျပဳလုပ္ထားေသာ ကိရိယာမ်ားထက္ ပို၍ မ်ားျပားစြာ က်န္ရစ္ခဲ့ေသာေၾကာင့္ ျဖစ္သည္။ ထိုကာလသည္ ေခတ္သုံးေခတ္ပိုင္းျခားထားေသာ အခ်ိန္ကာလမွ ပထမဆုံးေခတ္ျဖစ္သည္။

ေက်ာက္ေခတ္ကို ေက်ာက္ေခတ္ဦးပိုင္း ႏွင့္ ေက်ာက္ေခတ္ေႏွာင္းပိုင္း ဟူ၍ ပိုင္းျခားျခင္းကို ၁၈၅၉ ခုႏွစ္တြင္ ဂ်န္ ဂ်က္ေကာ့ဘ္ ေဝါဆာ (Jens Jacob Worsaae) မွ သူ၏ ၁၈၅၁ ခုႏွစ္တြင္ စတင္ခဲ့သည့္ ဒိန္းမတ္တို႔ႏွင့္ ဆိုင္ေသာ လူတို႔အေျခခ်ေနထိုင္မႈႏွင့္ပတ္သက္သည့္ေတြ႕ရွိခ်က္မ်ားကို အေျခခံ၍ တင္ျပခဲ့သည္။ ယေန႔တိုင္ အသုံးျပဳေနၾကဆဲျဖစ္ေသာ ေက်ာက္ေခတ္ေဟာင္း (Palaeolithic)၊ ေက်ာက္ေခတ္လယ္ (Mesolithic) ႏွင့္ ေက်ာက္ေခတ္သစ္ (Neolithic) ဟူ၍ ထပ္ဆင့္ပိုင္းျခားျခင္းကို ဇြန္လပ္ေဘာက္ (John Lubbock) က ၁၈၆၅ ခုႏွစ္တြင္ထုတ္ေဝခဲ့သည့္ သမိုင္းမတင္မီကာလ (Pre-historic Times) ဟူေသာ ဂႏၴဝင္ စာရင္းဝင္ စာအုပ္တြင္ စတင္ခဲ့သည္။

ထိုအခ်ိန္ကာလ ၃ ခုကို ထပ္မံ၍ အစိတ္အပိုင္း ပိုင္းျခားၾကသည္။ လက္ေတြ႕တြင္မူ ထိုသို႔ေခတ္ကာလ ေျပာင္းလဲမႈမွာ ေဒသ (ယဥ္ေက်းမႈ) ေပၚမူတည္၍ တေနရာႏွင့္ တေနရာ အႀကီးအက်ယ္ ကြဲျပားျခားနားၾကသည္။ လက္ေတြ႕တြင္မူ လူသားတို႔သည္ သံေခတ္မ်ားတြင္ပင္ ေနရာေဒသ အသစ္မ်ားသို႔ ဆက္လက္၍ ပ်ံ႕ႏွံ႔သြားခဲ့သည္။

ထို႔ေၾကာင့္ ေက်ာက္ေခတ္ကာလမ်ား ဟု ရည္ၫႊန္းျခင္းထက္ ေက်ာက္ေခတ္ကာလတစ္ခုဟု ရည္ၫႊန္းျခင္းက ပို၍ ေလ်ာ္ကန္သင့္ျမတ္သည္။ ယေန႔ေခတ္လူတို႔ သုံးႏႈန္းၾကသည့္ အသုံးအႏႈန္းမ်ားအရ ေက်ာက္ေခတ္ဆိုသည့္ စကားလုံးသည္ အျငင္းပြားဖြယ္ရာ စကားလုံးပင္ျဖစ္သည္။ မႏုႆေဗဒ ပညာရွင္မ်ား အသင္းက ထိုအသုံးအႏႈန္းကို အားမေပးေပ။

ထိုေခတ္ထိုအခါက လူသားမ်ားသည္ ေက်ာက္စရစ္ခဲအမ်ိဳးမ်ိဳးကို အသုံးျပဳ၍ ကရိယာ တန္ဆာပလာမ်ား ျပဳလုပ္ၾကသည္။ ဥပမာအားျဖင့္ မီးခတ္ေက်ာက္ႏွင့္ chert ေက်ာက္မ်ားကို ပုံေဖာ္၍ (ပုံထြင္း၍) ျဖတ္ေတာက္ေသာ ကိရိယာမ်ားႏွင့္ လက္နက္မ်ား ျပဳလုပ္ၾကၿပီး မီးေတာင္ေခ်ာ္နက္ ႏွင့္ သဲေက်ာက္တို႔ကို ေက်ာက္ဆုံအစရွိသည့္ ေအာက္ခံေက်ာက္ကိရိယာမ်ားအျဖစ္ ျပဳလုပ္ၾကသည္။

သစ္သား၊ အ႐ိုး၊ ခ႐ုခြံ၊ ခ်ိဳ ႏွင့္ အျခားပစၥည္းမ်ားကိုလည္း က်ယ္ျပန္႔စြာ အသုံးျပဳၾကသည္။ ေနာက္ပိုင္းက်ေသာ အခ်ိန္ကာလမ်ားတြင္ အနည္အႏွစ္မ်ား ( ႐ႊံ႕ႏွင့္တူေသာ အရာမ်ား) ကို သုံး၍ ေျမထည္အိုးမ်ားျပဳလုပ္ၾကသည္။ သံသတၱဳ နည္းပညာ ႏွင့္ ပတ္သက္ေသာ ဆက္တိုက္ျဖစ္သည့္တီထြင္မႈမ်ားသည္ ေနာက္ပိုင္း ေၾကးနီေခတ္ (Chalcolithic) ၊ ေၾကးေခတ္ ႏွင့္ သံေခတ္တို႔၏ သြင္ျပင္လကၡဏာမ်ား ျဖစ္ၾကသည္။

ဤအခ်ိန္ကာလသည္ လူ၏ ဆင့္ကဲျဖစ္ေပၚတိုးတက္မႈတြင္ ပထမဆုံး နည္းပညာကို က်ယ္ျပန္႔စြာ အသုံးျပဳျခင္းမ်ား ႏွင့္ အေရွ႕အာဖရိကရွိ ဆာဗားနားမွာ တကမၻာလုံးသို႔ လူသား တို႔ပ်ံ႕ႏွံ႔သြားျခင္းတို႔ ပါဝင္ေနသည္။ ေက်ာက္ေခတ္သည္ စိုက္ပ်ိဳးေမြးျမဴေရး တိုးတက္လာျခင္း ၊ အခ်ိဳ႕ေသာ သတၱဝါမ်ားကို ယဥ္ပါးေအာင္ ေမြးျမဴလာျခင္း၊ ေၾကးနီ႐ိုင္းမ်ားကို အရည္က်ိဳ၍ သံျဖစ္ေအာင္ ျပဳလုပ္ျခင္းတို႔ျဖင့္ ၿပီးဆုံးခဲ့သည္။

ေၾကးေခတ္

ေၾကးေခတ္ဆိုသည္မွာ ေၾကးနီ၊ သံျဖဴအပါအဝင္ သတၱဳထည္မ်ားအား စနစ္တက် က်ယ္က်ယ္ပ်ံ႕ပ်ံ႕ အသုံးျပဳၾကသည့္ ေခတ္ကာလကို ၫႊန္းဆိုသည္။ေဘဘီလုံႏိုင္ငံ၌ ခရစ္မေပၚမီ ႏွစ္ ၂၅၀၀ မွ ၃၅၀၀ အၾကား ေခတ္ကာလကို သတ္မွတ္ၾကသည္။ ကမၻာသစ္ျဖစ္ေသာ အေမရိကန္ႏိုင္ငံမ်ားတြင္မူ ပီ႐ူးႏိုင္ငံ၌ ခရစ္ေပၚၿပီး ႏွစ္ ၅၀၀ မွ ၁၀၀၀ အတြင္း သတ္မွတ္သည္။ ေနရာတက် ရပ္ေနထိုင္ျခင္း၊ ရိကၡာပိုစုျခင္း လကၡဏာမ်ားကို ေတြ႕ရသည္။ ၿမိဳ႕႐ြာမ်ား တည္ေထာင္ၾကသည္။

ဥေရာပတိုက္တြင္မူ ခရစ္မေပၚမီ ႏွစ္ ၂၅၀၀ ႏွင့္ ၁၉၀၀ အၾကားတြင္ ေၾကးၫိုေခတ္ဟု ပိုင္းျခားသည္။ ထိုေခတ္ကာလတြင္ ေၾကးနီႏွင့္ သံျဖဴ သတၱဳ႐ိုင္းမ်ားကို အရည္က်ိဳေရာစပ္ၿပီး ေၾကးဝါသတၱဳစပ္ကို ဖန္တီးကာ အသုံးအေဆာင္ပစၥည္းမ်ား၊ အႏုပညာပစၥည္းမ်ားကို သြန္းလုပ္ၾကသည္။ ေၾကးေခတ္တြင္လည္း လူတို႔သည္ ျမင္း႐ိုင္းမ်ားကို အိမ္ေမြးတိရိစၧာန္အျဖစ္ ေမြးျမဴတတ္ၾကၿပီ ျဖစ္သည္။

ေၾကးနီႏွင့္ သံျဖဴသတၱဳ႐ိုင္းမ်ားသည္ ရွားပါးလွသည္။ ဘီစီ ၃၀၀၀ ခုႏွစ္ မတိုင္မွီ အေနာက္အာရွတြင္ သံျဖဴႏွင့္စပ္သည့္ ေၾကးဝါကို မေတြ႕ရေပ။ ေၾကးေခတ္သည္ ေခတ္သုံးေခတ္၏ အလယ္ေခတ္ဟု ယူဆၾကသည္။ အခ်ိဳ႕ေဒသမ်ားတြင္ ေက်ာက္ေခတ္သစ္မွ ေၾကးေခတ္သို႔ ေျပာင္းလဲလာေသာ္လည္း အာဖရိကတိုက္တြင္ ေက်ာက္ေခတ္သစ္မွ သံေခတ္သို႔ တိုက္႐ိုက္ ကူးေျပာင္းခဲ့ၾကသည္။ အခ်ိဳ႕ေဒသတြင္မူ ေက်ာက္ေခတ္သစ္မွ ေၾကးနီေခတ္၊ ေၾကးနီေခတ္မွ ေၾကးဝါေခတ္သို႔ ကူးေျပာင္းလာသည္လည္းရွိသည္။

ေၾကးဝါအား တီထြင္ခဲ့သည့္ ေနရာေဒသႏွင့္ အခ်ိန္ကာလ အပိုင္းအျခားႏွင့္ စပ္လ်ဥ္း၍ အျငင္းပြားစရာမ်ား ရွိေနေသးသည္။ ေၾကးဝါသြန္းလုပ္ျခင္းကို ဘီစီ ၄၀၀၀ ခုႏွစ္ အလယ္ပိုင္းခန္႔ ေျမာက္ ေကာ့ေကးရွပ္ေဒသရွိ ေမကို႔ပ္ယဥ္ေက်းမႈက စတင္ဖန္တီးခဲ့ႏိုင္ေျခ ရွိသည္။ အခ်ိဳ႕ကမူ ဘီစီ ၃၀၀၀ ခုႏွစ္ အလယ္ပိုင္းခန္႔တြင္ ျဖစ္ႏိုင္သည္ဟု ယူဆၾကသည္။

သို႔ေသာ္လည္း ေမကို႔ပ္ယဥ္ေက်းမႈတြင္ သဘာဝအေလ်ာက္ေတြ႕ရသည့္ အာဆင္းနစ္ေၾကးထည္မ်ားကိုသာ အသုံးျပဳၾကသည္။ ေနာက္ပိုင္းတြင္ ေတြ႕ရသည့္ သံျဖဴစပ္ ေၾကးဝါမ်ားသည္ နည္းပညာအရ ပိုမို႐ႈပ္ေထြးသည္။ ေယဘုယ်အားျဖင့္ ေၾကးေခတ္သည္ ေလးလံသည့္ သတၱဳမ်ားကို စတင္အသုံးျပဳသည့္ ေခတ္ကာလဟု ဆိုႏိုင္သည္။

ေနာက္ပိုင္းတြင္ သံထည္အသုံးျပဳမႈ က်ယ္ပ်ံ႕လာကာ ေၾကးေခတ္ကုန္ဆုံး၍ သံေခတ္ စတင္လာေတာ့သည္။

သံေခတ္

သံေခတ္သည္ အၾကမ္းအားျဖင့္ လူ႕အသုံးအေဆာင္ ပစၥည္းမ်ားႏွင့္ လက္နက္ကိရိယာမ်ားကို သံျဖင့္ ျပဳလုပ္ သုံးစြဲခဲ့သည့္ အခ်ိန္ကာလမွ အစျပဳခဲ့သည္ဟု ဆိုၾကသည္။ သမိုင္းအရမူ သံေခတ္သည္ ေခတ္ႀကီး သုံးေခတ္ (ေက်ာက္ေခတ္၊ ေၾကးေခတ္၊ သံေခတ္) တြင္ ေနာက္ဆုံး ေခတ္ျဖစ္သည္။ ဤေခတ္၏ အစျပဳရာ အခ်ိန္ကာလမွာမူ ပထဝီဝင္ အေနအထားအရ ကြာျခားမႈမ်ား ရွိသည္။ သံေခတ္၏ အဆုံးသတ္ ေန႔ရက္မ်ားကိုမူ တိက်ေသခ်ာစြာ ေဖာ္ျပႏိုင္ျခင္း မရွိၾကေခ်။

ေယဘုယ်အားျဖင့္မူ သံေခတ္သည္ ဘီစီ ၂၁ ရာစုတြင္ ကမၻာ့အေရွ႕ျခမ္း ၊ ပါရွား ၊ အိႏၵိယႏွင့္ ဂရိတို႔တြင္ စတင္ခဲ့သည္။ ဥေရာပတြင္မူ ထိုထက္ပို၍ ေနာက္က်ခဲ့ၿပီး ဥေရာပ အလယ္ပိုင္းတြင္ ဘီစီ ၈ ရာစုႏွင့္ ဥေရာပ ေျမာက္ပိုင္းတြင္ ဘီစီ ၆ ရာစုမွ စတင္ခဲ့သည္။ အာဖရိကတြင္ ဘီစီ ၁၂၀ဝ ၌ သံရည္ႀကိဳပစၥည္းမ်ား သုံးစြဲခဲ့မႈအရ သံေခတ္ စတင္ခဲ့သည္ဟု ယူဆႏိုင္သည္။

လူတို႔သည္ ေၾကးကို ဦးစြာ လက္နက္ကိရိယာမ်ား ျပဳလုပ္ရာတြင္ အသုံးျပဳခဲ့ၾကသည္။ အေၾကာင္းမွာ ေၾကးသည္ သံထက္ အရည္ေပ်ာ္မွတ္ နိမ့္ေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္ သံေခတ္သည္ အပူခ်ိန္ျမင့္ျမင့္တြင္ အရည္ႀကိဳသည့္ နည္းပညာမ်ား ထြန္းကားလာၿပီးေနာက္မွ ေပၚေပါက္လာျခင္း ျဖစ္သည္။ ေၾကးေခတ္မွ သံေခတ္သို႔ အကူးအေျပာင္းသည္ ပထဝီဝင္ အေနအထားမ်ားအရ ျခားနားမႈမ်ား ရွိႏိုင္ေသာ္လည္း ဘီစီ (၁၈၀ဝ) ခန္႔ ျဖစ္မည္ဟု ခန္႔မွန္းၾကသည္။

လွသမိန္၏ ဗဟုသုတစြယ္စုံ
ျမန္မာ့စြယ္စုံက်မ္း


ကမ္ဘာ့သမိုင်း ခေတ်များအကြောင်း သိကောင်းစရာ (unicode)

သမိုင်းမတင်မီခေတ်

သမိုင်းမတင်မီခေတ် ဆိုသည်မှာ သမိုင်းမှတ်တမ်းများ မရေးသား ရသေးခင် အချိန်ကာလကို ဆိုလိုသည်။ ကမ္ဘာမြေပေါ်တွင် လူသားတို့ နေထိုင်သွားလာ နေကြပြီး ဖြစ်သော်လည်း ထိုအချိန်ကာလများ အတွက် သမိုင်းမှတ်တမ်းများ မရရှိနိုင်သည့် အချိန်ကာလကို ရည်ညွှန်းခြင်း ဖြစ်သည်။ စာရေးသားခြင်း တီထွင်မှု မပြုရသေးခင် အချိန်ကာလဟုလည်း ဆိုနိုင်သည်။ ပိုမိုကျယ်ပြန့်စွာ ပြောရမည်ဆိုလျှင် လူသားများ မပေါ်ပေါက်မီ အချိန်ကာလ ကိုပါ ထည့်သွင်း ပြောဆိုရမည် ဖြစ်သည်။

ရှေးဟောင်း သုတေသနပညာရှင် ပေါလ်တိုးနယ် က ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ ဂူများ အတွင်း သူရှာဖွေတွေ့ရှိခဲ့သော အရာများကို ရေးသား ဖော်ပြရာတွင် ဤ အသုံးအနှုန်းကို စတင် သုံးနှုန်းခဲ့သည်။ ထို့ကြောင့် ပြင်သစ်ဘာသာ တွင် ၁၈၃၀ ခုနှစ်များမှစ၍ စာရေးသားခြင်း မပေါ်ပေါက်မီ အချိန်ကာလကို သမိုင်းမတင်မီခေတ်ဟု သုံးနှုန်းခဲ့ကြသည်။ အင်္ဂလိပ်တို့ အတွက်မူ သမိုင်းမတင်မီ ကာလ ဆိုသည့် အသုံးအနှုန်းကို ၁၈၅၁ ခုနှစ်တွင် ရှေးဟောင်းသုတေသန ပညာရှင် ဒင်နီယယ် ဝီလ်ဆင်က စတင် သုံးနှုန်းခဲ့သည်။

သမိုင်းမတင်မီခေတ် ဆိုသည်မှာ စကြာဝဠာ အစပြုသော အချိန်က စ၍ ရည်ညွှန်းခြင်း ပြုနိုင်သော်လည်း အများအားဖြင့် ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ဖြစ်ထွန်းလာသည့် အချိန်မှစ၍ ရည်ညွှန်းလေ့ ရှိသည်။ ပို၍ တိတိကျကျ ဆိုရလျှင် လူနှင့် သဏ္ဌာန်တူသော သက်ရှိများ ပေါ်ပေါက်လာသည့် အချိန်က စ၍ ရည်ညွှန်းလေ့ရှိသည်။ လူတို့၏ သမိုင်းမတင်မီခေတ်ကို ရည်ညွှန်းရာတွင် သမိုင်းမတင်မီခေတ်နှင့် ဆိုင်သော သမိုင်းပညာရှင်များ အနေနှင့် ခေတ် ၃ ခေတ် ခွဲခြားသော စနစ်ကို အသုံးပြုလေ့ ရှိသော်လည်း လူသားမပေါ်ပေါက်မီ အချိန်ကာလ ကို လေ့လာသော ပညာရှင်များ အနေနှင့်မူ ပိုမို တိကျစွာ ခွဲခြားနိုင်သော ဘူမိဆိုင်ရာ ကျောက်လွှာများပေါ် မူတည်၍ ပြောဆိုလေ့ ရှိကြသည်။

လူတို့၏ သမိုင်းမတင်မီ ကာလကို ခေတ် ၃ ခေတ် အနေနှင့် ခွဲခြားသော အခါတွင် လက်နက်ကိရိယာ များကို ပြုလုပ်သော နည်းပညာ ပေါ်မူတည်၍ ကျောက်ခေတ်၊ ကြေးခေတ် နှင့် သံခေတ် ဟူ၍ ခွဲခြားခေါ်ဆိုတတ်ကြသည်။

ကျောက်ခေတ်

ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။ ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့်ပတ်သက်သည့်တွေ့ရှိချက်များကို အခြေခံ၍ တင်ပြခဲ့သည်။ ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဇွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္ထဝင် စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။

ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။ လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့်မြတ်သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရ ကျောက်ခေတ်ဆိုသည့် စကားလုံးသည် အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်များ အသင်းက ထိုအသုံးအနှုန်းကို အားမပေးပေ။

ထိုခေတ်ထိုအခါက လူသားများသည် ကျောက်စရစ်ခဲအမျိုးမျိုးကို အသုံးပြု၍ ကရိယာ တန်ဆာပလာများ ပြုလုပ်ကြသည်။ ဥပမာအားဖြင့် မီးခတ်ကျောက်နှင့် chert ကျောက်များကို ပုံဖော်၍ (ပုံထွင်း၍) ဖြတ်တောက်သော ကိရိယာများနှင့် လက်နက်များ ပြုလုပ်ကြပြီး မီးတောင်ချော်နက် နှင့် သဲကျောက်တို့ကို ကျောက်ဆုံအစရှိသည့် အောက်ခံကျောက်ကိရိယာများအဖြစ် ပြုလုပ်ကြသည်။ သစ်သား၊ အရိုး၊ ခရုခွံ၊ ချို နှင့် အခြားပစ္စည်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ နောက်ပိုင်းကျသော အချိန်ကာလများတွင် အနည်အနှစ်များ ( ရွှံ့နှင့်တူသော အရာများ) ကို သုံး၍ မြေထည်အိုးများပြုလုပ်ကြသည်။ သံသတ္တု နည်းပညာ နှင့် ပတ်သက်သော ဆက်တိုက်ဖြစ်သည့်တီထွင်မှုများသည် နောက်ပိုင်း ကြေးနီခေတ် (Chalcolithic) ၊ ကြေးခေတ် နှင့် သံခေတ်တို့၏ သွင်ပြင်လက္ခဏာများ ဖြစ်ကြသည်။

ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင် ပထမဆုံး နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်းများ နှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ ပါဝင်နေသည်။ ကျောက်ခေတ်သည် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်း ၊ အချို့သော သတ္တဝါများကို ယဉ်ပါးအောင် မွေးမြူလာခြင်း၊ ကြေးနီရိုင်းများကို အရည်ကျို၍ သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။

ကြေးခေတ်

ကြေးခေတ်ဆိုသည်မှာ ကြေးနီ၊ သံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလကို ညွှန်းဆိုသည်။ဘေဘီလုံနိုင်ငံ၌ ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလကို သတ်မှတ်ကြသည်။ ကမ္ဘာသစ်ဖြစ်သော အမေရိကန်နိုင်ငံများတွင်မူ ပီရူးနိုင်ငံ၌ ခရစ်ပေါ်ပြီး နှစ် ၅၀၀ မှ ၁၀၀၀ အတွင်း သတ်မှတ်သည်။ နေရာတကျ ရပ်နေထိုင်ခြင်း၊ ရိက္ခာပိုစုခြင်း လက္ခဏာများကို တွေ့ရသည်။ မြို့ရွာများ တည်ထောင်ကြသည်။ ဥရောပတိုက်တွင်မူ ခရစ်မပေါ်မီ နှစ် ၂၅၀၀ နှင့် ၁၉၀၀ အကြားတွင် ကြေးညိုခေတ်ဟု ပိုင်းခြားသည်။ ထိုခေတ်ကာလတွင် ကြေးနီနှင့် သံဖြူ သတ္တုရိုင်းများကို အရည်ကျိုရောစပ်ပြီး ကြေးဝါသတ္တုစပ်ကို ဖန်တီးကာ အသုံးအဆောင်ပစ္စည်းများ၊ အနုပညာပစ္စည်းများကို သွန်းလုပ်ကြသည်။ ကြေးခေတ်တွင်လည်း လူတို့သည် မြင်းရိုင်းများကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူတတ်ကြပြီ ဖြစ်သည်။

ကြေးနီနှင့် သံဖြူသတ္တုရိုင်းများသည် ရှားပါးလှသည်။ ဘီစီ ၃၀၀၀ ခုနှစ် မတိုင်မှီ အနောက်အာရှတွင် သံဖြူနှင့်စပ်သည့် ကြေးဝါကို မတွေ့ရပေ။ ကြေးခေတ်သည် ခေတ်သုံးခေတ်၏ အလယ်ခေတ်ဟု ယူဆကြသည်။ အချို့ဒေသများတွင် ကျောက်ခေတ်သစ်မှ ကြေးခေတ်သို့ ပြောင်းလဲလာသော်လည်း အာဖရိကတိုက်တွင် ကျောက်ခေတ်သစ်မှ သံခေတ်သို့ တိုက်ရိုက် ကူးပြောင်းခဲ့ကြသည်။ အချို့ဒေသတွင်မူ ကျောက်ခေတ်သစ်မှ ကြေးနီခေတ်၊ ကြေးနီခေတ်မှ ကြေးဝါခေတ်သို့ ကူးပြောင်းလာသည်လည်းရှိသည်။

ကြေးဝါအား တီထွင်ခဲ့သည့် နေရာဒေသနှင့် အချိန်ကာလ အပိုင်းအခြားနှင့် စပ်လျဉ်း၍ အငြင်းပွားစရာများ ရှိနေသေးသည်။ ကြေးဝါသွန်းလုပ်ခြင်းကို ဘီစီ ၄၀၀၀ ခုနှစ် အလယ်ပိုင်းခန့် မြောက် ကော့ကေးရှပ်ဒေသရှိ မေကို့ပ်ယဉ်ကျေးမှုက စတင်ဖန်တီးခဲ့နိုင်ခြေ ရှိသည်။ အချို့ကမူ ဘီစီ ၃၀၀၀ ခုနှစ် အလယ်ပိုင်းခန့်တွင် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ သို့သော်လည်း မေကို့ပ်ယဉ်ကျေးမှုတွင် သဘာဝအလျောက်တွေ့ရသည့် အာဆင်းနစ်ကြေးထည်များကိုသာ အသုံးပြုကြသည်။ နောက်ပိုင်းတွင် တွေ့ရသည့် သံဖြူစပ် ကြေးဝါများသည် နည်းပညာအရ ပိုမိုရှုပ်ထွေးသည်။ ယေဘုယျအားဖြင့် ကြေးခေတ်သည် လေးလံသည့် သတ္တုများကို စတင်အသုံးပြုသည့် ခေတ်ကာလဟု ဆိုနိုင်သည်။

နောက်ပိုင်းတွင် သံထည်အသုံးပြုမှု ကျယ်ပျံ့လာကာ ကြေးခေတ်ကုန်ဆုံး၍ သံခေတ် စတင်လာတော့သည်။

သံခေတ်

သံခေတ်သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။

ယေဘုယျအားဖြင့်မူ သံခေတ်သည် ဘီစီ ၂၁ ရာစုတွင် ကမ္ဘာ့အရှေ့ခြမ်း ၊ ပါရှား ၊ အိန္ဒိယနှင့် ဂရိတို့တွင် စတင်ခဲ့သည်။ ဥရောပတွင်မူ ထိုထက်ပို၍ နောက်ကျခဲ့ပြီး ဥရောပ အလယ်ပိုင်းတွင် ဘီစီ ၈ ရာစုနှင့် ဥရောပ မြောက်ပိုင်းတွင် ဘီစီ ၆ ရာစုမှ စတင်ခဲ့သည်။ အာဖရိကတွင် ဘီစီ ၁၂ဝဝ ၌ သံရည်ကြိုပစ္စည်းများ သုံးစွဲခဲ့မှုအရ သံခေတ် စတင်ခဲ့သည်ဟု ယူဆနိုင်သည်။

လူတို့သည် ကြေးကို ဦးစွာ လက်နက်ကိရိယာများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြသည်။ အကြောင်းမှာ ကြေးသည် သံထက် အရည်ပျော်မှတ် နိမ့်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သံခေတ်သည် အပူချိန်မြင့်မြင့်တွင် အရည်ကြိုသည့် နည်းပညာများ ထွန်းကားလာပြီးနောက်မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကြေးခေတ်မှ သံခေတ်သို့ အကူးအပြောင်းသည် ပထဝီဝင် အနေအထားများအရ ခြားနားမှုများ ရှိနိုင်သော်လည်း ဘီစီ (၁၈ဝဝ) ခန့် ဖြစ်မည်ဟု ခန့်မှန်းကြသည်။

လှသမိန်၏ ဗဟုသုတစွယ်စုံ
မြန်မာ့စွယ်စုံကျမ်း

Leave a Reply