သိထားသင့္တဲ့ အဲကြန္း ရဲ႕ ေကာင္းက်ဳိး ဆုိးက်ဳိးမ်ား

Posted on

ေရးသားသူ – စကား၀ါ (Yangon Life Myanmar)

ရာသီကာလ သံုးပါးထဲမွာ ေႏြဥတုရဲ႕ အပူရိွန္ဟာ အပူျပင္းဆံုးၿဖစ္ပါတယ္။ဒီလိုပူျပင္းတဲ့ရာသီမ်ဳိးမွာ ေရွးခတ္က လူေတြဟာ အပူဒဏ္ကိုသက္သာေစဖို႕ အရိပ္အာဝါသေကာင္းတဲ့သစ္ပင္ၾကီးေတြ၊ စိမ္းစိုတဲ့သဘာဝ ပတ္ဝန္းက်င္အရိပ္ ေတြကိုခိုၾကပါတယ္။ တိုးတက္ထြန္းကားတဲ့ ေခတ္ကိုေရာက္လာေတာ့ စိမ္းစိုတဲ့ သဘာဝအရိပ္အာဝါသေတြ ရွားပါးလာကာ လူေတြဟာ ရုပ္ဝတၳဳပစၥည္းေတြကိုဘဲ အမွီသဟဲျပဳလာၾက ရပါတယ္။မိမိတို႕တတ္ႏိုင္ရာ ပန္ကာ၊ေလေအးေပးစက္နဲ႕ အဲကြန္း အစရိွတာကိုတပ္ဆင္အသံုးျပဳ လာၾကပါတယ္။

ရံုးေတြ၊ ကုမၼဏီေတြ၊ သယ္ယူပို႕ေဆာင္ေနတဲ့ခရီးသြားယာဥ္ေတြ၊ စာသင္ခန္းေတြ ၊ေနအိမ္ေတြမွာ အဲကြန္းကို တပ္ဆင္ထားၾကျပီး ေႏြရာသီမွာ မဟုတ္သလိုေနႏိုင္ၾကပါတယ္။ အျပင္မွာ ေနဘယ္ေလာက္အပူျပင္းၿပင္း လူေတြဟာ မိမိတို႕ သက္ဆိုင္ရာ နယ္ပယ္ေတြထဲမွာ အဲကြန္းေလးဖြင့္ျပီး ေအးေအးစိမ့္စိမ့္ေလးနဲ႕ သက္ေသာင့္သက္သာ အလုပ္လုပ္ႏိုင္ၾကပါတယ္။

အဲကြန္းရဲ႕ အက်ဳိးေက်းဇူး

ဒီလို အဲကြန္းကို အသံုးျပဳႏိုင္ျခင္းျဖင့္ လူေတြအတြက္ အက်ဳိးေက်းဇူး ခံစားရရိွတာေတြရိွပါတယ္။ အလြန္အမင္းပူျပင္းျခင္းဒဏ္ေၾကာင့္ စိတ္ႏွလံုးမအီမသာျဖစ္တာေတြ မရိွေတာ့သလို ကိုယ္စိတ္ႏွစ္ပါး ရႊင္လန္းတက္ၾကြစြာနဲ႕ အလုပ္ေတြကိုလုပ္ႏိုင္ၾကပါတယ္။

အဲကြန္းေအးစိမ့္စိမ့္ေလးနဲ႕ ေခြ်းထြက္ျခင္းတို႕ မရိွေတာ့ကာ ေခြ်းထြက္ၿခင္းေၾကာင့္ အရည္ဓာတ္ဆံုးရံႈး မႈကိုလည္း ေလ်ာ့ခ်ႏိုင္သြားပါတယ္။ အေအးဒဏ္ေၾကာင့္ အခန္းထကဲ ပိုးမႊားေတြ ၊ ကပ္ပါးေကာင္ေတြကို လည္း အလိုအေလ်ာက္ေမာင္းထုတ္ျပီးျဖစ္သြားေစပါတယ္။ ျပင္ပ ကအမႈန္အမႊားေတြဝင္ေရာက္မႈ ေၾကာင့္ အေရျပားလႊာ ယားယံမႈေတြလည္း မျဖစ္ေတာ့ကာ အသားအေရကို သန္႕ရွင္းေနေစပါတယ္။

အဲကြန္းတပ္ဆင္မႈစနစ္ေကာင္းမြန္ျပီး အသံုးျပဳမႈ၊ ထိန္းသိမ္းမႈတို႕လည္းေကာင္းမြန္ခဲ့ရင္ ေလထုသန္႕ရွင္းမႈကို ပိုမိုေကာင္းမြန္ေစပါတယ္။ဒါေပမယ့္ တစ္ခ်ဳိ႕လူေတြဟာ အပူဒဏ္ကို ေရွာင္တဲ့အေနနဲ႕ ကားထဲမွာ ၊ အိမ္ထဲမွာ ၊ ရံုးခန္းထဲမွာ အဲကြန္းနဲ႕ မျပတ္ထိေတြ႕ျပီးေနတတ္ၾကပါတယ္။ တစ္ခ်ဳိ႕ဆိုရင္ မီးျပတ္တာေၾကာင့္ျဖစ္ျဖစ္ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ အဲကြန္းနဲ႕ ခဏေလးျဖတ္ေတာက္ခံရရင္ မခ်ိမဆန္႕ပင္ပန္းႏြမ္းနယ္ ေနတာကို ေတြ႕ရပါတယ္။

ဒီအတြက္ “ တန္ေဆးလြန္ေဘး ” ဆိုတဲ့စကားပံုေလး ကိုသတိရမိပါတယ္။ဒီစကားပံုေလးဟာ လူေတြအတြက္ဘယ္အရာကိုမဆို အလြန္အကြ်ံမျဖစ္ေစဘဲ အတိုင္းအတာတစ္အေနနဲ႕ သင့္တင့္မ်တစြာ အသံုးျပဳ တတ္ရင္ ေဘးဥပါဒ္ကင္းျပီး ေကာင္းက်ဳိးျဖစ္ထြန္းေစတယ္ဆိုတာ ဆင္ျခင္ေစလိုတယ္လို႕ ခံစားမိပါတယ္။တကယ္ေတာ့ လူေတြေန႕စဥ္ စားေသာက္ေနတဲ့ အစားအစာေတြ၊ အသံုးျပဳေနတဲ့ ပစၥည္းေတြ၊ လူသံုးကုန္ေတြမွာ ေကာင္းက်ဳိးရိွသလို ေဘးထြက္ ဆိုးက်ဳိး ဆိုတာလည္းရိွပါတယ္။ ဒါေတြကိုသင့္တင့္မွ်တစြာ အသံုးၿပဳတတ္ရင္ ေကာင္းက်ဳိးကို ခံစားရရိွႏိုင္ျပီး ဆိုးက်ဳိးကိုလည္း ေရွာင္ရွားႏုိင္မွာျဖစ္ပါတယ္။

တစ္ခ်ဳိ႕လူေတြဟာ အဲကြန္းကို မျပတ္ထိေတြ႕မႈနဲ႕အတူ အဲကြန္း ရဲ႕ အေအးဒဏ္ကို အလြန္အကြ်ံခံစားမိတတ္ ၾကေတြရိွပါတယ္။ အေနာက္တိုင္းသုေတသနပညာရွင္တို႕ ရဲ႕ေလ့လာေဖာ္ျပခ်က္အရ လူေတြဟာ အဲကြန္းကို အသံုးျပဳတဲ့အခါ မိမိတို႕ရဲ႕ အခန္းအပူခ်ိန္ကို အနည္းဆံုး 21-25 ံC ၾကားမွာ ထားရိွသင့္တယ္လို႕ သတိေပး ေဖာ္ျပထားပါတယ္။ အေအးဒဏ္ကို ၾကိဳက္လြန္းတာေၾကာင့္ အလြန္အကြ်ံသံုးမိၾကတဲ့အခါ “ေတာ္သင့္ရင္ေဆး ဘက္ဝင္တယ္၊ လြန္ရင္ ေဘးျဖစ္ေစတယ္”ဆိုသလို အဲကြန္းရဲ႕ ဆိုးက်ဳိးကို ခံစားရႏိုင္ပါတယ္။

အဲကြန္းရဲ႕ဆိုးက်ဳိး

အဲကြန္းကို အလြန္အကြ်ံ အဆက္မျပတ္အသံုးျပဳျခင္းေၾကာင့္ က်န္းမာေရးနဲ႕ဆက္စပ္ထိခိုက္ႏိုင္မႈတို႕ကို Global News က အခုလို ေဖာ္ျပထားပါတယ္။

ႏွာေခါင္း၊ ပါးစပ္အတြင္းရိွ ခြ်ဲ၊သလိပ္ ၊ႏွပ္ရည္ေတြထြက္တဲ့အေျမွးပါးကုိ ထိခိုက္ေရာင္ရမ္းေစျပီး ႏွာမြန္ကာ အသက္ရႈရခက္ခဲမႈတို႕ၿဖစ္ေစတတ္ပါတယ္။ အဆက္မျပတ္ေမာပန္းႏြမ္းနယ္ျခင္း ၊ အေအးမိျခင္း တုိ႕လည္းျဖစ္ေစတတ္ပါတယ္။

အေရျပားလႊာအတြင္း အစိုဓာတ္တို႕ခမ္းေျခာက္ကာ အသားအေရ ေၿခာက္ေသြ႕မႈကိုျဖစ္ေစတတ္ပါတယ္။ ေသြးေပါင္ခ်ိန္က်ျခင္း၊ အဆစ္ေရာင္ျခင္း၊ အာရံုေၾကာေရာင္ရမ္းျခင္းတုိ႕ျဖစ္ေစတတ္ပါတယ္။ အပူဒဏ္ကို သည္းမခံႏိုင္ျခင္းေၾကာင့္ အဲကြန္းကို အဆက္ အျပတ္ခံစားေနသူေတြဟာအဲကြန္းမရိွတဲ့အျပင္ပတ္ဝန္းက်င္ တစ္ခုခုကိုသြားရဖို႕အေရးကို stress တစ္ခုအေနနဲ႕ ခံစားရေစပါတယ္။

အသက္ရႈလမ္းေၾကာင္းနဲ႕ပတ္သက္ျပီး ျပႆ နာျဖစ္ႏိုင္ပါတယ္။ လူဝီစီးနီးယားျပည္နယ္ ကေဆးပညာဌာန တစ္ခု ဟာ သူတို႕ျပည္နယ္အတြင္းရိွ ကား ၂၅ စီးကို သုေတသနျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီအခါမွာ ၂၃ စီးေသာ ကားေတြထဲမွာ အမံႈအမႊားမိႈအမ်ဳိးအစား ၈ မ်ဳိး ရွင္သန္ေနၾကတာကိုေလ့လာေတြ႕ရိွၾကပါတယ္။ဒီလို မိႈအမႈန္ အမႊားေတြဟာ အဲကြန္းရဲ႕ေလလမ္းေၾကာင္းထဲမွာ လည္ပတ္ျပီး လူေတြရႈရိႈက္လိုက္ရာအဆုတ္ထဲကို ေရာက္ရိွသြားတတ္ၾကပါတယ္။

ကားထဲမွာ အဲကြန္းကို ေရရွည္အသံုးျပဳေနရသူေတြအေနနဲ႕ အဆုတ္ေရာဂါေတြျဖစ္ပြားႏိုင္ေခ်မ်ား ေၾကာင္း သုံးသပ္ေျပာဆိုထားၾကပါတယ္။ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္ပြားႏိုင္ျပီး အျပင္းဖ်ားနာတတ္ေၾကာင္းလည္း ေလ့လာေဖာ္ျပထားပါတယ္။အဲကြန္းခန္းအတြင္း ေလလမ္းေၾကာင္း လည္ပတ္မႈမွတစ္ဆင့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာကူးစက္ေရာဂါေတြၾဖစ္ပြားေစတတ္ပါတယ္။ မ်က္စိေရာင္ရမ္းျခင္းတို႕ျဖစ္တတ္ကာ မ်က္ကပ္မွန္တပ္ဆင္သူေတြအေနနဲ႕ အဓိအားျဖင့္ ျပႆ နာ ၾကံဳေတြ႕ရတတ္ပါတယ္။

ေႏြရာသီကာလမွာ လူတိုင္းဟာ လုပ္ငန္းခြင္မွာ ၊အိမ္မွာ အဲကြန္းကို အသံုးျပဳၾကရတာေၾကာင့္ အက်ဳိးမယုတ္ေစဘဲ က်န္းမာေရးထိခိုက္မႈကိုေရွာင္ၾကဥ္ႏိုင္တဲ့ မ်တတဲ့သံုးစြဲမႈတို႕ကို သတိရိွႏိုင္ၾကေစဖို႕ ေဖာ္ျပေပးလိုက္ပါတယ္။

Sagawah


သိထားသင့်တဲ့ အဲကွန်း ရဲ့ ကောင်းကျိုး ဆိုးကျိုးများ (unicode)

ရေးသားသူ – စကားဝါ (Yangon Life Myanmar)

ရာသီကာလ သုံးပါးထဲမှာ နွေဥတုရဲ့ အပူရှိန်ဟာ အပူပြင်းဆုံးဖြစ်ပါတယ်။ဒီလိုပူပြင်းတဲ့ရာသီမျိုးမှာ ရှေးခတ်က လူတွေဟာ အပူဒဏ်ကိုသက်သာစေဖို့ အရိပ်အာဝါသကောင်းတဲ့သစ်ပင်ကြီးတွေ၊ စိမ်းစိုတဲ့သဘာဝ ပတ်ဝန်းကျင်အရိပ် တွေကိုခိုကြပါတယ်။ တိုးတက်ထွန်းကားတဲ့ ခေတ်ကိုရောက်လာတော့ စိမ်းစိုတဲ့ သဘာဝအရိပ်အာဝါသတွေ ရှားပါးလာကာ လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေကိုဘဲ အမှီသဟဲပြုလာကြ ရပါတယ်။မိမိတို့တတ်နိုင်ရာ ပန်ကာ၊လေအေးပေးစက်နဲ့ အဲကွန်း အစရှိတာကိုတပ်ဆင်အသုံးပြု လာကြပါတယ်။

ရုံးတွေ၊ ကုမ္မဏီတွေ၊ သယ်ယူပို့ဆောင်နေတဲ့ခရီးသွားယာဉ်တွေ၊ စာသင်ခန်းတွေ ၊နေအိမ်တွေမှာ အဲကွန်းကို တပ်ဆင်ထားကြပြီး နွေရာသီမှာ မဟုတ်သလိုနေနိုင်ကြပါတယ်။ အပြင်မှာ နေဘယ်လောက်အပူပြင်းပြင်း လူတွေဟာ မိမိတို့ သက်ဆိုင်ရာ နယ်ပယ်တွေထဲမှာ အဲကွန်းလေးဖွင့်ပြီး အေးအေးစိမ့်စိမ့်လေးနဲ့ သက်သောင့်သက်သာ အလုပ်လုပ်နိုင်ကြပါတယ်။

အဲကွန်းရဲ့ အကျိုးကျေးဇူး

ဒီလို အဲကွန်းကို အသုံးပြုနိုင်ခြင်းဖြင့် လူတွေအတွက် အကျိုးကျေးဇူး ခံစားရရှိတာတွေရှိပါတယ်။ အလွန်အမင်းပူပြင်းခြင်းဒဏ်ကြောင့် စိတ်နှလုံးမအီမသာဖြစ်တာတွေ မရှိတော့သလို ကိုယ်စိတ်နှစ်ပါး ရွှင်လန်းတက်ကြွစွာနဲ့ အလုပ်တွေကိုလုပ်နိုင်ကြပါတယ်။

အဲကွန်းအေးစိမ့်စိမ့်လေးနဲ့ ချွေးထွက်ခြင်းတို့ မရှိတော့ကာ ချွေးထွက်ခြင်းကြောင့် အရည်ဓာတ်ဆုံးရှုံး မှုကိုလည်း လျော့ချနိုင်သွားပါတယ်။ အအေးဒဏ်ကြောင့် အခန်းထကဲ ပိုးမွှားတွေ ၊ ကပ်ပါးကောင်တွေကို လည်း အလိုအလျောက်မောင်းထုတ်ပြီးဖြစ်သွားစေပါတယ်။ ပြင်ပ ကအမှုန်အမွှားတွေဝင်ရောက်မှု ကြောင့် အရေပြားလွှာ ယားယံမှုတွေလည်း မဖြစ်တော့ကာ အသားအရေကို သန့်ရှင်းနေစေပါတယ်။

အဲကွန်းတပ်ဆင်မှုစနစ်ကောင်းမွန်ပြီး အသုံးပြုမှု၊ ထိန်းသိမ်းမှုတို့လည်းကောင်းမွန်ခဲ့ရင် လေထုသန့်ရှင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။ဒါပေမယ့် တစ်ချို့လူတွေဟာ အပူဒဏ်ကို ရှောင်တဲ့အနေနဲ့ ကားထဲမှာ ၊ အိမ်ထဲမှာ ၊ ရုံးခန်းထဲမှာ အဲကွန်းနဲ့ မပြတ်ထိတွေ့ပြီးနေတတ်ကြပါတယ်။ တစ်ချို့ဆိုရင် မီးပြတ်တာကြောင့်ဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့် အဲကွန်းနဲ့ ခဏလေးဖြတ်တောက်ခံရရင် မချိမဆန့်ပင်ပန်းနွမ်းနယ် နေတာကို တွေ့ရပါတယ်။

ဒီအတွက် “ တန်ဆေးလွန်ဘေး ” ဆိုတဲ့စကားပုံလေး ကိုသတိရမိပါတယ်။ဒီစကားပုံလေးဟာ လူတွေအတွက်ဘယ်အရာကိုမဆို အလွန်အကျွံမဖြစ်စေဘဲ အတိုင်းအတာတစ်အနေနဲ့ သင့်တင့်မျတစွာ အသုံးပြု တတ်ရင် ဘေးဥပါဒ်ကင်းပြီး ကောင်းကျိုးဖြစ်ထွန်းစေတယ်ဆိုတာ ဆင်ခြင်စေလိုတယ်လို့ ခံစားမိပါတယ်။တကယ်တော့ လူတွေနေ့စဉ် စားသောက်နေတဲ့ အစားအစာတွေ၊ အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ လူသုံးကုန်တွေမှာ ကောင်းကျိုးရှိသလို ဘေးထွက် ဆိုးကျိုး ဆိုတာလည်းရှိပါတယ်။ ဒါတွေကိုသင့်တင့်မျှတစွာ အသုံးပြုတတ်ရင် ကောင်းကျိုးကို ခံစားရရှိနိုင်ပြီး ဆိုးကျိုးကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

တစ်ချို့လူတွေဟာ အဲကွန်းကို မပြတ်ထိတွေ့မှုနဲ့အတူ အဲကွန်း ရဲ့ အအေးဒဏ်ကို အလွန်အကျွံခံစားမိတတ် ကြတွေရှိပါတယ်။ အနောက်တိုင်းသုတေသနပညာရှင်တို့ ရဲ့လေ့လာဖော်ပြချက်အရ လူတွေဟာ အဲကွန်းကို အသုံးပြုတဲ့အခါ မိမိတို့ရဲ့ အခန်းအပူချိန်ကို အနည်းဆုံး 21-25 ံC ကြားမှာ ထားရှိသင့်တယ်လို့ သတိပေး ဖော်ပြထားပါတယ်။ အအေးဒဏ်ကို ကြိုက်လွန်းတာကြောင့် အလွန်အကျွံသုံးမိကြတဲ့အခါ “တော်သင့်ရင်ဆေး ဘက်ဝင်တယ်၊ လွန်ရင် ဘေးဖြစ်စေတယ်”ဆိုသလို အဲကွန်းရဲ့ ဆိုးကျိုးကို ခံစားရနိုင်ပါတယ်။

အဲကွန်းရဲ့ဆိုးကျိုး

အဲကွန်းကို အလွန်အကျွံ အဆက်မပြတ်အသုံးပြုခြင်းကြောင့် ကျန်းမာရေးနဲ့ဆက်စပ်ထိခိုက်နိုင်မှုတို့ကို Global News က အခုလို ဖော်ပြထားပါတယ်။

နှာခေါင်း၊ ပါးစပ်အတွင်းရှိ ချွဲ၊သလိပ် ၊နှပ်ရည်တွေထွက်တဲ့အမြှေးပါးကို ထိခိုက်ရောင်ရမ်းစေပြီး နှာမွန်ကာ အသက်ရှုရခက်ခဲမှုတို့ဖြစ်စေတတ်ပါတယ်။ အဆက်မပြတ်မောပန်းနွမ်းနယ်ခြင်း ၊ အအေးမိခြင်း တို့လည်းဖြစ်စေတတ်ပါတယ်။

အရေပြားလွှာအတွင်း အစိုဓာတ်တို့ခမ်းခြောက်ကာ အသားအရေ ခြောက်သွေ့မှုကိုဖြစ်စေတတ်ပါတယ်။ သွေးပေါင်ချိန်ကျခြင်း၊ အဆစ်ရောင်ခြင်း၊ အာရုံကြောရောင်ရမ်းခြင်းတို့ဖြစ်စေတတ်ပါတယ်။ အပူဒဏ်ကို သည်းမခံနိုင်ခြင်းကြောင့် အဲကွန်းကို အဆက် အပြတ်ခံစားနေသူတွေဟာအဲကွန်းမရှိတဲ့အပြင်ပတ်ဝန်းကျင် တစ်ခုခုကိုသွားရဖို့အရေးကို stress တစ်ခုအနေနဲ့ ခံစားရစေပါတယ်။

အသက်ရှုလမ်းကြောင်းနဲ့ပတ်သက်ပြီး ပြဿ နာဖြစ်နိုင်ပါတယ်။ လူဝီစီးနီးယားပြည်နယ် ကဆေးပညာဌာန တစ်ခု ဟာ သူတို့ပြည်နယ်အတွင်းရှိ ကား ၂၅ စီးကို သုတေသနပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခါမှာ ၂၃ စီးသော ကားတွေထဲမှာ အမှုံအမွှားမှိုအမျိုးအစား ၈ မျိုး ရှင်သန်နေကြတာကိုလေ့လာတွေ့ရှိကြပါတယ်။ဒီလို မှိုအမှုန် အမွှားတွေဟာ အဲကွန်းရဲ့လေလမ်းကြောင်းထဲမှာ လည်ပတ်ပြီး လူတွေရှုရှိုက်လိုက်ရာအဆုတ်ထဲကို ရောက်ရှိသွားတတ်ကြပါတယ်။

ကားထဲမှာ အဲကွန်းကို ရေရှည်အသုံးပြုနေရသူတွေအနေနဲ့ အဆုတ်ရောဂါတွေဖြစ်ပွားနိုင်ချေများ ကြောင်း သုံးသပ်ပြောဆိုထားကြပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားနိုင်ပြီး အပြင်းဖျားနာတတ်ကြောင်းလည်း လေ့လာဖော်ပြထားပါတယ်။အဲကွန်းခန်းအတွင်း လေလမ်းကြောင်း လည်ပတ်မှုမှတစ်ဆင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေဖြစ်ပွားစေတတ်ပါတယ်။ မျက်စိရောင်ရမ်းခြင်းတို့ဖြစ်တတ်ကာ မျက်ကပ်မှန်တပ်ဆင်သူတွေအနေနဲ့ အဓိအားဖြင့် ပြဿ နာ ကြုံတွေ့ရတတ်ပါတယ်။

နွေရာသီကာလမှာ လူတိုင်းဟာ လုပ်ငန်းခွင်မှာ ၊အိမ်မှာ အဲကွန်းကို အသုံးပြုကြရတာကြောင့် အကျိုးမယုတ်စေဘဲ ကျန်းမာရေးထိခိုက်မှုကိုရှောင်ကြဉ်နိုင်တဲ့ မျတတဲ့သုံးစွဲမှုတို့ကို သတိရှိနိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Sagawah

References

Leave a Reply