မိုးကုတ္ ဆရာေတာ္ဘုရားႀကီး ဦး၀ိမလ ၏ ေနာက္ဆံုးတစ္ေန႔တာ

Posted on

ဤေန႔သည္ကား ဆရာေတာ္၏ ေနာက္ဆံုးေန႔ျဖစ္၏။ ၁၃၂၄ ခုႏွစ္၊ သီတင္းကြၽတ္လျပည္႔ေက်ာ္ေလးရက္၊ ဗုဒၶဟူးေန႔။ ႐ွင္ျပဳကထိန္ပဲြ႐ွိ၍ မဂၤလာတိုက္၌ရဟန္း႐ွင္လူ အစည္ကားဆံုးေန႔ျဖစ္သည္။

ဆရာေတာ္ကား ယမန္ေန႔၊ သီတင္းကြၽတ္လျပည္႔ေက်ာ္ သံုးရက္ေန႔ကပင္ဤ႐ွင္ျပဳပဲြအတြက္ႀကိဳတင္ေရစက္ခ်ေပးကာ တစ္နာရီခန္႔ တရားေဟာခဲ႔ၿပီးျဖစ္သည္။ နံနက္ ငါးနာရီတြင္ ေက်ာင္းအမကေလး ေဒၚတင္လွႏွင္႔ ေဒၚကုမၼာရီတို႔ ေကြကာအုပ္ေဖ်ာ္၍ ဆရာေတာ္ေက်ာင္း သို႔ဝင္လာၾကသည္။

” ဟဲ့ တင္လွ ၊ ငါ့ အိပ္ရာျပင္ခင္းထားေခ်စမ္း”ဟု အခ်ိန္မဟုတ္ မခိုင္းစဖူး ခိုင္း၍ ေက်ာင္းအမကေလးမွာ အံ့အားသင့္ေန၏ ။လူရႈပ္ ပင္ပန္းလွသျဖင့္ အနားယူခ်င္၍ဟုသာထင္သည္ ။

” တင္လွ -နင္တို႔ငယ္ေသးတယ္။ ကမ္းမျမင္တဲ႔ေရျပင္မွာလက္ပစ္ကူးေနၾကရတယ္။ ေလာကဓံကို ခံႏိုင္ေအာင္လုပ္။ ေရေမ်ာရင္း ကမ္းစပ္ကသစ္ပင္ကို ကံအားေလ်ာ္စြာ ေတြ႕ရလို႔ အားကိုးတစ္ႀကီးဆဲြကိုင္မိေပမယ္႔ သစ္ပင္ကလည္း လိႈင္းဒဏ္ေၾကာင္႔ အျမစ္အံုပါႂကြၿပီးေနတဲ႔ သစ္ပင္အိုႀကီးဆိုေတာ႔ နင္တို႔အေပၚ ပိလာအံုးမွာပဲ “ဟု မိန္႔ေတာ္မူကာ ေဒၚတင္လွ၏ ခင္ပြန္းအပါးေတာ္ၿမဲေက်ာင္းဒကာေလး ဦးေက်ာ္သိန္းအားလႊတ္လိုက္ရန္ မိန္႔ေတာ္မူ၏။

ေက်ာင္းဒကာေလးေရာက္လာလွ်င္ –

” အင္း -သံုးဖို႔စားဖို႔ေတာ႔လူတိုင္း ထိုက္တန္ေလာက္ ႐ွိေနၾကတာပဲ။ ေတာ္ေလာက္ၿပီ…မင္းတို႔ စီးပြား႐ွာေနတာက ျဖဳန္းဖို႕႐ွာေနၾကတာ။ မင္းတို႔ ပစၥည္းဥစၥာကို တြယ္တာမေနနဲ႔ ဉာဏ္နဲ႔စြန္႔…ေလာကဓံလိႈင္းပိမယ္။ ငါမရွိလည္း ငါ႔တရားေခြ႐ွိတယ္။ ႀကိဳးစားနာရစ္ ” ဟု မိန္႔ေတာ္မူရာ နားမ႐ွင္းေသာ္လည္း ဘာမွ်ျပန္မေလ်ွာက္ဝံ႔။ ႐ုပ္လကၡဏာႏွင္႔ အသံသည္ အရင္ကအတိုင္းပင္႐ွိ၍ “မည္သို႔” ဟုမထင္တတ္႐ွိေန၏။

သို႔ႏွင္႔ျပန္လာၿပီး ( အၿမဲဝတ္ျပဳရသူ ေ႐ွ႕မီေနာက္မီ ) ဦးသာဆိုင္အားအက်ိဳးအေၾကာင္းေျပာျပရာ –
” ဆရာေတာ္ ရန္ကုန္ႂကြမလို႔ ျဖစ္မွာေပါ႔ ” ဟု သာ မွတ္ခ်က္ေပးေလသည္။ ဆရာေတာ္ကား ရန္ကုန္ဌာနသို႔ ႂကြေပေတာ႔မည္။

ဆရာေတာ္သည္ ေကြကာအုပ္ဘုဥ္းေပးၿပီး ေနာက္ သကၤန္းလဲကာ ကထိန္ဆြမ္းေကြၽး အတြက္ႂကြသြားေလသည္။ မိုးကုတ္ဦးခ်စ္လွ၊ ေဒၚေသာင္းတို႔က သား႐ွင္ျပဳကထိန္ပဲြအတြက္ နံနက္ ၆ နာရီမွစ၍ မဂၤလာတိုက္တြင္ သံဃာ အပါး ႏွစ္ရာအား ဆြမ္းကပ္ၾက၏။ ဆရာေတာ္ကား မဘုဥ္းေပး။ ဆရာေတာ္ႀကီးမ်ားအပါးတြင္ တရားအာရံုျပဳ၍ ထိုင္ေနေတာ္မူသည္။

ဆရာေတာ္ႀကီးမ်ား လက္ဖက္ရည္အခ်ိဳပဲြမွ ထခါနီးတြင္ မိုးကုတ္ဆရာေတာ္ဘုရားၾကီးက ငယ္စဥ္မွအစ အစ္ကိုႀကီးပမာ တစ္ဘဝလံုး ဆံုးမသြန္သင္ေပးခဲ႔ေသာ ေအာင္ျခင္း႐ွစ္ပါးဆရာေတာ္ႀကီး ဦးနာဂဝံသ၏ ေျခဖမိုးကို နဖူးျပင္ႏွင္႔တိုက္ၿပီး ပ်ပ်ဝပ္ဝပ္ကန္ေတာ႔သည္။

ႏႈတ္မွလည္း -” အ႐ွင္ဘုရားကို အခုလို ကန္ေတာ႔ျခင္းဟာ တပည္႔ေတာ္အတြက္ ေနာက္ဆံုးျဖစ္ပါလိမ္႔မည္ ဘုရား ” ဟူ၍ ေလ်ွာက္ထားေသးသည္။ သံဃာမ်ား ဆြမ္းေဘာဇဥ္ ဘုဥ္းေပးၿပီးလွ်င္ ဆရာေတာ္ကိုယ္တိုင္ ဆရာေတာ္ႀကီးမ်ားအား လွဴဖြယ္ပစၥည္းမ်ားကို လိုက္၍ ဆက္ကပ္၏။ ၿပီးလွ်င္ ေထရ္ႀကီး ဝါႀကီးဆရာေတာ္ႀကီးမ်ား ျပန္ႂကြမည္ျဖစ္ရာ ဆရာေတာ္သည္ တိုက္ေပၚမွ ဆင္းလ်ွက္ တစ္ပါးၿပီးတစ္ပါး လိုက္လံ၍ တဲြပို႕ဝတ္ျပဳကာ ကားမ်ားေပၚသို႔ အေရာက္ ရႊင္လန္းဝမ္းေျမာက္စြာ အေခါက္ေခါက္သြားေခ်ျပန္လွည္႔ ႏုတ္ဆက္ေတာ္မူသည္။

အလွဳပဲြၿပီးလ်ွင္ တပည္႔ႀကီး ဦးလွဘူးအား ေခၚ၍ ( ႐ွင္ျပဳကထိန္ပဲြ က်င္းပရာ မဂၤလာေက်ာင္းတိုက္ဘက္မွ ) ရိပ္သာဘက္သို႔ ကူးလာ၏။
” အင္း -ငါ႔ခႏၶာကိုယ္ႀကီးကေတာ႔ ေလးလွၿပီ ” ဟု မိန္႔ေတာ္မူရာ ဦးလွဘူူးမွ နားမလည္၍ အက်ိဳး အေၾကာင္းျပန္ေလွ်ာက္ရာ –
” မင္းတယ္အ, တဲ႔ေကာင္ပဲ ” ဟုသာ ျပံဳး၍မိန္႔ေတာ္မူ၏။

ေနာက္ ေဒၚတင္လွအား ေကာ္ဖီလာ၍ကပ္ ရန္ အမိန္႔႐ွိသျဖင္႔ ေဒၚတင္လွေရာက္လာ၏။ေကာ္ဖီဘုဥ္းေပးလ်က္ –
” တင္လွ ခုရက္ပိုင္း နင္အိပ္မက္မ်ား ထူးထူး ေထြေထြ မမက္ဘူးလား ” ဟု ေမးေတာ္မူ၍

” ရိပ္သာထဲမွ ေစတီႀကီးတစ္ဆူအနီး၌ ဆရာေတာ္တရား႐ႈမွတ္ေနရာေစတီႀကီးမွာ မီးခိုးအူ၍ ေဖာင္းရစ္မွ တအိအိၿပိဳက်လာရာ ဆရာေတာ္အေပၚ ပိက်ေသာ္လည္း ဆရာေတာ္ မွာမည္သို႔မွ် မျဖစ္ေၾကာင္း”ေလွ်ာက္ထားသည္။

” ဟ -နင္႔ အိပ္မက္က တယ္စင္းပါလား။ ပုဗၺနိမိတ္ဆိုတာ ဒီလိုပဲ ျဖစ္ေပၚစျမဲပဲ။ ငါ႔လို ခံႏိုင္ရည္႐ွိေအာင္ တရားကို နာနာဖိ အားထုတ္ရစ္ၾက ” ဟု အမိန္႔႐ွိကာ – ” ခဏေစာင္႔အံုး ” ဟု မိန္႔ေတာ္မူ၍ အခန္းတြင္းသို႔ ၾကြ သြား၏။ ၿပီးလွ်င္ သကၤန္းလဲကာေစာေစာကဝတ္ထားေသာ ဧကသီသင္းပိုင္ႏွင္႔အံသကိဋ္ ႏွစ္ထည္ကို ကိုင္၍ ထြက္လာသည္။

” ေရာ႔ – ဒီသကၤန္းေတြ နင္႔ဇရပ္ယူသြား၊ သိမ္းထား၊ေရမေလွ်ာ္နဲ႔ ” ဟု ေပးလိုက္ေတာ္မူသည္။ ေဒၚတင္လွခဗ်ာ စိတ္ဇေဝဇဝါျဖင္႔ ဘာမွ်ျပန္မေလွ်ာက္ရဲပဲ သကၤန္းမ်ားကိုယူ၍မိမိဇရပ္သို႔ ျပန္လာခဲ႔ရ႐ွာ၏။

ထိုေန႔ ၁၁ နာရီခဲြတြင္ ေကာ္ဖီႏွင္႔စြပ္ျပဳတ္ဘုဥ္းေပးေတာ္မူ၏။ ဆရာေတာ္ဘုရားႀကီး သံုးပါးႏွင္႔အတူ ဘုဥ္းေပးပံုကို ဓါတ္ပံုအ႐ိုက္ခံေတာ္မူေသးသည္။ ဆရာေတာ္သည္ ဆံုးမစကားေျပာေဟာလ်က္ပင္ ႐ွိေန၏။ ေျပာေဟာေသာစကားမ်ားမွာ အံ႔အားသင္႔စရာခ်ည္႔ျဖစ္၍ ဆရာဝန္ပင္႔ရန္ ဒကာမ်ားက ေလွ်ာက္ရာ –

” ကိစၥမ႐ွိပါဘူး။ မေန႔က ပန္ကာေလ မိသြားလို႔ အခိုးနဲနဲငုတ္သြားတာပါ။ ဆရာဝန္ပင္႔ခ်င္လွ်င္ တစ္ခ်က္ခဲြမွပင္႔ ” ဟု မိန္႔ေတာ္မူ၏။ ဆံုးမစကားကိုသာ တြင္တြင္ေဟာေတာ္မူသည္။ ႐ုပ္လကၡဏာေတာ္ႏွင္႔ အသံေတာ္ကား ပကတိအတိုင္းပင္။

” ခႏၶာဝန္ႀကီးကလည္း တယ္ေလးတာပဲ။ ကဲ – ဦးသန္းေမာင္၊ ဝမ္းခ်ဴေပးစမ္းပါအံုး ” ဟုဆိုကာ ကုဋီတိုက္ေတာ္သို႔ ကိုယ္ေတာ္တိုင္ႂကြေတာ္မူသည္။ ရဟန္း႐ွင္လူပရိသတ္ကား ဆရာေတာ္ေက်ာင္းေပၚ၌ အားလံုးစု၍ လာၾက၏။ ေဒါက္တာဆိုနီႏွင္႔ ဆရာဝန္ႀကီး ဦးေစာျမေအာင္တို႔ေရာက္လာၾကသည္။

” ကဲ – ေနာက္ထပ္ေဆးထိုးစရာ႐ွိေသးရင္ျမန္ျမန္ထိုးၾက။ အခ်ိန္မ႐ွိဘူး။ မင္းတို႔ေဆးလည္းဘာမွမတတ္ႏိုင္ဘူး ” ဟုပင္ မိန္႔ေတာ္မူ၏။ ေန႔တစ္နာရီ ထိုးေပၿပီ။

မိုးကုတ္ဆရာေတာ္ျမတ္ဘုရားႀကီးက ဆရာဝန္ပင္႔ခ်င္လွ်င္ တစ္ခ်က္ခဲြမွပင္႔ အမိန္႔႐ွိထားပါသည္။ တပည္႔ ဒကာ၊ ဒကာမမ်ားသည္ တစ္နာရီမထိုးမီကပင္ ဆရာဝန္မ်ားကို ရိပ္သာအေရာက္ပင္႔ၾကပါသည္။ ထိုအခါ ေဆးအကုသခံေပးေတာ္မူရပါသည္။ အစစျပဳစုေပးမႈလည္းခံေပးေတာ္မူရပါသည္။ တပည္႔ ဒကာ၊ ဒကာမတို႔၏ ကုသိုလ္ေစတနာကို ခြင္႔ျပဳေတာ္မူရပါသည္။

တစ္ခ်က္ခဲြမွ ဆရာဝန္ပင္႔ခ်င္လွ်င္ ပင္႔ အမိန္႔ေတာ္႐ွိသည္ကို တစ္ခ်က္မတိုင္မီကပင္ ဤသို႔ျပဳစုကုသေပးၾကသည္ကို ေဗြမယူသာပဲေဝေနယ်၏ အက်ိဳးအတြက္ အလွဴလက္ခံကုသိုလ္ေပးေတာ္မူရပါသည္။ ျမတ္ဗုဒၶသာသနာ တြင္ ရဟန္းသံဃာျမတ္ဘုရားတို႔ကို လူဒကာ၊ဒကာမမ်ားတို႔က လယ္ယာေျမေကာင္းသဖြယ္ ထာဝစဥ္, စဥ္ဆက္, ဆက္လက္ခံယူသြားၾကရ ေရးကို ဒိ႒ာႏူဂတိစံေတာ္ထားရေသာ ဘုရားသားေတာ္ျမတ္ဘုရားႀကီး မွန္ေတာ္မူလွပါသည္။

အားငယ္ေသာမ်က္ႏွာမ်ားျဖင္႔ ရဟန္းႏွင္႔ ႐ွင္လူမ်ား စိုးရိမ္တႀကီး ဖူးေျမာ္ေနၾကစဥ္ –
” ေမာင္ခ်စ္ေဆြ -ဒီတစ္ခါေတာ႔ မရေတာ႔ဘူး။ ေဟ႔ -တင္ေငြႀကီး၊ ငါ႔မ်က္စိေတြ ျပာလာၿပီ။ ကဲ -အားလံုး ဦးပဥၥင္းမ်ားေရာ၊ ဒကာ ဒကာမေတြေရာ ခႏၶာ႐ွိသူတိုင္း ခံစားရမည္႔ ေဝဒနာကိုေက်ာ္လြန္ေအာင္ ႐ႈၾက။ မင္းတို႔ ခႏၶာဝန္ႀကီးရဲ႕ဒုကၡကို လက္ေတြ႕ ဒီမွာ ၾကည္႔ထားၾက မေမ႔မေလ်ာ႔ ေနရစ္ၾကေပေတာ႔ “ဟု ဆံုးမၾသဝါဒေပးၿပီး ၁၅ မိနစ္ခန္႔ ၿငိမ္သက္ေအးေဆးစြာ တရားႏွလံုးသြင္း၍ ေနေတာ္မူသည္။

တစ္နာရီႏွင္႔ မိနစ္ ၂၀ တြင္ ခႏၶာဇာတ္သိမ္း၍ ခ်ဳပ္ျပတ္ၿငိ္မ္းေတာ္မူေလ၏။

ဓမၼာစရိယဦးေဌးလႈိင္ေရး ရဟႏၲာႏွင့္ပုဂၢိဳလ္ထူးမ်ားစာအုပ္ စာမ်က္ႏွာ (၆၄၅) မွ ကူးယူသည္။ (အခ်ိဳ႕စာသားမ်ားျဖည့္ေရးထားသည္)

—————————————–

အပၸမာဒတရား လက္ကိုင္ထားေတာ္မူေသာ အရိယာရဟႏၱာျမတ္ႀကီးပါဘုရား…

အပၸမာဒတရား လက္ကိုင္ထားေတာ္မူေသာ အရိယာရဟႏၱာျမတ္ႀကီးပါဘုရား…

အပၸမာဒတရား လက္ကိုင္ထားေတာ္မူေသာ အရိယာရဟႏၱာျမတ္ႀကီးပါဘုရား…

စာပန္းအိမ္ မိသားစု
မႏၱေလးၿမိဳ႕။


မိုးကုတ်ဆရာတော်ဘုရားကြီး၏ နောက်ဆုံးတစ်နေ့တာ… (unicode)

ဤနေ့သည်ကား ဆရာတော်၏ နောက်ဆုံးနေ့ဖြစ်၏။ ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်လေးရက်၊ ဗုဒ္ဓဟူးနေ့။ ရှင်ပြုကထိန်ပွဲရှိ၍ မင်္ဂလာတိုက်၌ရဟန်းရှင်လူ အစည်ကားဆုံးနေ့ဖြစ်သည်။

ဆရာတော်ကား ယမန်နေ့၊ သီတင်းကျွတ်လပြည့်ကျော် သုံးရက်နေ့ကပင်ဤရှင်ပြုပွဲအတွက်ကြိုတင်ရေစက်ချပေးကာ တစ်နာရီခန့် တရားဟောခဲ့ပြီးဖြစ်သည်။ နံနက် ငါးနာရီတွင် ကျောင်းအမကလေး ဒေါ်တင်လှနှင့် ဒေါ်ကုမ္မာရီတို့ ကွေကာအုပ်ဖျော်၍ ဆရာတော်ကျောင်း သို့ဝင်လာကြသည်။

” ဟဲ့ တင်လှ ၊ ငါ့ အိပ်ရာပြင်ခင်းထားချေစမ်း”ဟု အချိန်မဟုတ် မခိုင်းစဖူး ခိုင်း၍ ကျောင်းအမကလေးမှာ အံ့အားသင့်နေ၏ ။လူရှုပ် ပင်ပန်းလှသဖြင့် အနားယူချင်၍ဟုသာထင်သည် ။

” တင်လှ -နင်တို့ငယ်သေးတယ်။ ကမ်းမမြင်တဲ့ရေပြင်မှာလက်ပစ်ကူးနေကြရတယ်။ လောကဓံကို ခံနိုင်အောင်လုပ်။ ရေမျောရင်း ကမ်းစပ်ကသစ်ပင်ကို ကံအားလျော်စွာ တွေ့ရလို့ အားကိုးတစ်ကြီးဆွဲကိုင်မိပေမယ့် သစ်ပင်ကလည်း လှိုင်းဒဏ်ကြောင့် အမြစ်အုံပါကြွပြီးနေတဲ့ သစ်ပင်အိုကြီးဆိုတော့ နင်တို့အပေါ် ပိလာအုံးမှာပဲ “ဟု မိန့်တော်မူကာ ဒေါ်တင်လှ၏ ခင်ပွန်းအပါးတော်မြဲကျောင်းဒကာလေး ဦးကျော်သိန်းအားလွှတ်လိုက်ရန် မိန့်တော်မူ၏။

ကျောင်းဒကာလေးရောက်လာလျှင် –

” အင်း -သုံးဖို့စားဖို့တော့လူတိုင်း ထိုက်တန်လောက် ရှိနေကြတာပဲ။ တော်လောက်ပြီ…မင်းတို့ စီးပွားရှာနေတာက ဖြုန်းဖို့ရှာနေကြတာ။ မင်းတို့ ပစ္စည်းဥစ္စာကို တွယ်တာမနေနဲ့ ဉာဏ်နဲ့စွန့်…လောကဓံလှိုင်းပိမယ်။ ငါမရှိလည်း ငါ့တရားခွေရှိတယ်။ ကြိုးစားနာရစ် ” ဟု မိန့်တော်မူရာ နားမရှင်းသော်လည်း ဘာမျှပြန်မလျှောက်ဝံ့။ ရုပ်လက္ခဏာနှင့် အသံသည် အရင်ကအတိုင်းပင်ရှိ၍ “မည်သို့” ဟုမထင်တတ်ရှိနေ၏။

သို့နှင့်ပြန်လာပြီး ( အမြဲဝတ်ပြုရသူ ရှေ့မီနောက်မီ ) ဦးသာဆိုင်အားအကျိုးအကြောင်းပြောပြရာ –
” ဆရာတော် ရန်ကုန်ကြွမလို့ ဖြစ်မှာပေါ့ ” ဟု သာ မှတ်ချက်ပေးလေသည်။ ဆရာတော်ကား ရန်ကုန်ဌာနသို့ ကြွပေတော့မည်။

ဆရာတော်သည် ကွေကာအုပ်ဘုဉ်းပေးပြီး နောက် သင်္ကန်းလဲကာ ကထိန်ဆွမ်းကျွေး အတွက်ကြွသွားလေသည်။ မိုးကုတ်ဦးချစ်လှ၊ ဒေါ်သောင်းတို့က သားရှင်ပြုကထိန်ပွဲအတွက် နံနက် ၆ နာရီမှစ၍ မင်္ဂလာတိုက်တွင် သံဃာ အပါး နှစ်ရာအား ဆွမ်းကပ်ကြ၏။ ဆရာတော်ကား မဘုဉ်းပေး။ ဆရာတော်ကြီးများအပါးတွင် တရားအာရုံပြု၍ ထိုင်နေတော်မူသည်။

ဆရာတော်ကြီးများ လက်ဖက်ရည်အချိုပွဲမှ ထခါနီးတွင် မိုးကုတ်ဆရာတော်ဘုရားကြီးက ငယ်စဉ်မှအစ အစ်ကိုကြီးပမာ တစ်ဘဝလုံး ဆုံးမသွန်သင်ပေးခဲ့သော အောင်ခြင်းရှစ်ပါးဆရာတော်ကြီး ဦးနာဂဝံသ၏ ခြေဖမိုးကို နဖူးပြင်နှင့်တိုက်ပြီး ပျပျဝပ်ဝပ်ကန်တော့သည်။

နှုတ်မှလည်း -” အရှင်ဘုရားကို အခုလို ကန်တော့ခြင်းဟာ တပည့်တော်အတွက် နောက်ဆုံးဖြစ်ပါလိမ့်မည် ဘုရား ” ဟူ၍ လျှောက်ထားသေးသည်။ သံဃာများ ဆွမ်းဘောဇဉ် ဘုဉ်းပေးပြီးလျှင် ဆရာတော်ကိုယ်တိုင် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများကို လိုက်၍ ဆက်ကပ်၏။ ပြီးလျှင် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ ပြန်ကြွမည်ဖြစ်ရာ ဆရာတော်သည် တိုက်ပေါ်မှ ဆင်းလျှက် တစ်ပါးပြီးတစ်ပါး လိုက်လံ၍ တွဲပို့ဝတ်ပြုကာ ကားများပေါ်သို့ အရောက် ရွှင်လန်းဝမ်းမြောက်စွာ အခေါက်ခေါက်သွားချေပြန်လှည့် နုတ်ဆက်တော်မူသည်။

အလှုပွဲပြီးလျှင် တပည့်ကြီး ဦးလှဘူးအား ခေါ်၍ ( ရှင်ပြုကထိန်ပွဲ ကျင်းပရာ မင်္ဂလာကျောင်းတိုက်ဘက်မှ ) ရိပ်သာဘက်သို့ ကူးလာ၏။
” အင်း -ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ ” ဟု မိန့်တော်မူရာ ဦးလှဘူးမှ နားမလည်၍ အကျိုး အကြောင်းပြန်လျှောက်ရာ –
” မင်းတယ်အ, တဲ့ကောင်ပဲ ” ဟုသာ ပြုံး၍မိန့်တော်မူ၏။

နောက် ဒေါ်တင်လှအား ကော်ဖီလာ၍ကပ် ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှရောက်လာ၏။ကော်ဖီဘုဉ်းပေးလျက် –
” တင်လှ ခုရက်ပိုင်း နင်အိပ်မက်များ ထူးထူး ထွေထွေ မမက်ဘူးလား ” ဟု မေးတော်မူ၍

” ရိပ်သာထဲမှ စေတီကြီးတစ်ဆူအနီး၌ ဆရာတော်တရားရှုမှတ်နေရာစေတီကြီးမှာ မီးခိုးအူ၍ ဖောင်းရစ်မှ တအိအိပြိုကျလာရာ ဆရာတော်အပေါ် ပိကျသော်လည်း ဆရာတော် မှာမည်သို့မျှ မဖြစ်ကြောင်း”လျှောက်ထားသည်။

” ဟ -နင့် အိပ်မက်က တယ်စင်းပါလား။ ပုဗ္ဗနိမိတ်ဆိုတာ ဒီလိုပဲ ဖြစ်ပေါ်စမြဲပဲ။ ငါ့လို ခံနိုင်ရည်ရှိအောင် တရားကို နာနာဖိ အားထုတ်ရစ်ကြ ” ဟု အမိန့်ရှိကာ – ” ခဏစောင့်အုံး ” ဟု မိန့်တော်မူ၍ အခန်းတွင်းသို့ ကြွ သွား၏။ ပြီးလျှင် သင်္ကန်းလဲကာစောစောကဝတ်ထားသော ဧကသီသင်းပိုင်နှင့်အံသကိဋ် နှစ်ထည်ကို ကိုင်၍ ထွက်လာသည်။

” ရော့ – ဒီသင်္ကန်းတွေ နင့်ဇရပ်ယူသွား၊ သိမ်းထား၊ရေမလျှော်နဲ့ ” ဟု ပေးလိုက်တော်မူသည်။ ဒေါ်တင်လှခဗျာ စိတ်ဇဝေဇဝါဖြင့် ဘာမျှပြန်မလျှောက်ရဲပဲ သင်္ကန်းများကိုယူ၍မိမိဇရပ်သို့ ပြန်လာခဲ့ရရှာ၏။

ထိုနေ့ ၁၁ နာရီခွဲတွင် ကော်ဖီနှင့်စွပ်ပြုတ်ဘုဉ်းပေးတော်မူ၏။ ဆရာတော်ဘုရားကြီး သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓါတ်ပုံအရိုက်ခံတော်မူသေးသည်။ ဆရာတော်သည် ဆုံးမစကားပြောဟောလျက်ပင် ရှိနေ၏။ ပြောဟောသောစကားများမှာ အံ့အားသင့်စရာချည့်ဖြစ်၍ ဆရာဝန်ပင့်ရန် ဒကာများက လျှောက်ရာ –

” ကိစ္စမရှိပါဘူး။ မနေ့က ပန်ကာလေ မိသွားလို့ အခိုးနဲနဲငုတ်သွားတာပါ။ ဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့် ” ဟု မိန့်တော်မူ၏။ ဆုံးမစကားကိုသာ တွင်တွင်ဟောတော်မူသည်။ ရုပ်လက္ခဏာတော်နှင့် အသံတော်ကား ပကတိအတိုင်းပင်။

” ခန္ဓာဝန်ကြီးကလည်း တယ်လေးတာပဲ။ ကဲ – ဦးသန်းမောင်၊ ဝမ်းချူပေးစမ်းပါအုံး ” ဟုဆိုကာ ကုဋီတိုက်တော်သို့ ကိုယ်တော်တိုင်ကြွတော်မူသည်။ ရဟန်းရှင်လူပရိသတ်ကား ဆရာတော်ကျောင်းပေါ်၌ အားလုံးစု၍ လာကြ၏။ ဒေါက်တာဆိုနီနှင့် ဆရာဝန်ကြီး ဦးစောမြအောင်တို့ရောက်လာကြသည်။

” ကဲ – နောက်ထပ်ဆေးထိုးစရာရှိသေးရင်မြန်မြန်ထိုးကြ။ အချိန်မရှိဘူး။ မင်းတို့ဆေးလည်းဘာမှမတတ်နိုင်ဘူး ” ဟုပင် မိန့်တော်မူ၏။ နေ့တစ်နာရီ ထိုးပေပြီ။

မိုးကုတ်ဆရာတော်မြတ်ဘုရားကြီးက ဆရာဝန်ပင့်ချင်လျှင် တစ်ချက်ခွဲမှပင့် အမိန့်ရှိထားပါသည်။ တပည့် ဒကာ၊ ဒကာမများသည် တစ်နာရီမထိုးမီကပင် ဆရာဝန်များကို ရိပ်သာအရောက်ပင့်ကြပါသည်။ ထိုအခါ ဆေးအကုသခံပေးတော်မူရပါသည်။ အစစပြုစုပေးမှုလည်းခံပေးတော်မူရပါသည်။ တပည့် ဒကာ၊ ဒကာမတို့၏ ကုသိုလ်စေတနာကို ခွင့်ပြုတော်မူရပါသည်။

တစ်ချက်ခွဲမှ ဆရာဝန်ပင့်ချင်လျှင် ပင့် အမိန့်တော်ရှိသည်ကို တစ်ချက်မတိုင်မီကပင် ဤသို့ပြုစုကုသပေးကြသည်ကို ဗွေမယူသာပဲဝေနေယျ၏ အကျိုးအတွက် အလှူလက်ခံကုသိုလ်ပေးတော်မူရပါသည်။ မြတ်ဗုဒ္ဓသာသနာ တွင် ရဟန်းသံဃာမြတ်ဘုရားတို့ကို လူဒကာ၊ဒကာမများတို့က လယ်ယာမြေကောင်းသဖွယ် ထာဝစဉ်, စဉ်ဆက်, ဆက်လက်ခံယူသွားကြရ ရေးကို ဒိဋ္ဌာနူဂတိစံတော်ထားရသော ဘုရားသားတော်မြတ်ဘုရားကြီး မှန်တော်မူလှပါသည်။

အားငယ်သောမျက်နှာများဖြင့် ရဟန်းနှင့် ရှင်လူများ စိုးရိမ်တကြီး ဖူးမြော်နေကြစဉ် –
” မောင်ချစ်ဆွေ -ဒီတစ်ခါတော့ မရတော့ဘူး။ ဟေ့ -တင်ငွေကြီး၊ ငါ့မျက်စိတွေ ပြာလာပြီ။ ကဲ -အားလုံး ဦးပဥ္စင်းများရော၊ ဒကာ ဒကာမတွေရော ခန္ဓာရှိသူတိုင်း ခံစားရမည့် ဝေဒနာကိုကျော်လွန်အောင် ရှုကြ။ မင်းတို့ ခန္ဓာဝန်ကြီးရဲ့ဒုက္ခကို လက်တွေ့ ဒီမှာ ကြည့်ထားကြ မမေ့မလျော့ နေရစ်ကြပေတော့ “ဟု ဆုံးမဩဝါဒပေးပြီး ၁၅ မိနစ်ခန့် ငြိမ်သက်အေးဆေးစွာ တရားနှလုံးသွင်း၍ နေတော်မူသည်။

တစ်နာရီနှင့် မိနစ် ၂၀ တွင် ခန္ဓာဇာတ်သိမ်း၍ ချုပ်ပြတ်င်ြိမ်းတော်မူလေ၏။

ဓမ္မာစရိယဦးဌေးလှိုင်ရေး ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများစာအုပ် စာမျက်နှာ (၆၄၅) မှ ကူးယူသည်။ (အချို့စာသားများဖြည့်ရေးထားသည်)

—————————————–

အပ္ပမာဒတရား လက်ကိုင်ထားတော်မူသော အရိယာရဟန္တာမြတ်ကြီးပါဘုရား…

အပ္ပမာဒတရား လက်ကိုင်ထားတော်မူသော အရိယာရဟန္တာမြတ်ကြီးပါဘုရား…

အပ္ပမာဒတရား လက်ကိုင်ထားတော်မူသော အရိယာရဟန္တာမြတ်ကြီးပါဘုရား…

စာပန်းအိမ် မိသားစု
မန္တလေးမြို့။

Leave a Reply