ပုဂံအာနႏၵာဘုရားမွ ေရွးျမန္မာတုိ႔ရဲ႕ အံ့မခန္းဗိသုကာ လက္ရာမ်ား

Posted on

ျမန္မာတုိ႔၏ ဗိသုကာပညာသည္ ပုဂံေခတ္တြင္ စတင္ထြန္းကားခဲ့သည္။ ပုဂံေခတ္လက္ရာမ်ားထဲတြင္ လက္ရာအေျမာက္ဆုံး အျဖစ္ သမုိင္းပညာရွင္မ်ား သတ္မွတ္ထားသည္မွာ အာနႏၵာဘုရား၏ ဗိသုကာလက္ရာပင္ျဖစ္သည္။ (အႏုမွာ အာနႏၵာ၊ ထုမွာဓမၼရံဟု မွတ္တမ္း တင္ထားၾကသည္။) အာနႏၵာေစတီကုိ က်န္စစ္သားမင္းလက္ထက္ (ေအဒီ ၁၀၉၀) တြင္ ေဆာက္လုပ္ခဲ့သည္။ က်န္စစ္သားမင္းလက္ထက္တြင္ ဟိမ၀ႏၱာ နႏၵမူလုိဏ္ဂူမွ ရဟႏၱာမ်ား ၾကြေရာက္လာသည္။ ထုိရဟႏၱာအရွင္သူျမတ္မ်ား၏ ေျပာျပခ်က္ေၾကာင့္ နႏၵမူလုိဏ္ဂူကုိ သေဘာက်ကာ နႏၵမူလုိဏ္ဂူကဲ့သုိ႔ အာနႏၵာေစတီကုိတည္ေတာ္မူသည္ ဟု ဆုိ၏။

၁၈၉၀ခုႏွစ္ ဝန္းက်င္က အာနႏၵာဘုရား

မင္းတရားႀကီး၏ ေကာင္းမႈေတာ္သည္ ဘုရားရွင္၏ အနႏၲပညာကို ရည္မွတ္ပူေဇာ္ျခင္း ျဖစ္သျဖင့္ အနႏၵာဘုရားဟု ဘြဲ႕မည္တပ္ခဲ့ေသာ္လည္း ကာလၾကာျမင့္ေသာ္ အာနႏၵာဘုရားဟု ေခၚတြင္ခဲ့ေလသည္။ နႏၵမူလပုဒ္မွ အာနႏၵာသို႔ စကားေ႐ြ႕လ်ားလာသည္ဟူေသာ အယူအဆလည္း ရွိသည္။

ေစတီပုံစံ

အာနႏၵာေစတီသည္ ဂူပုထိုး(Temple) ပုံစံတည္ေဆာက္ထားသည့္ ေစတီျဖစ္သည္။ ပုဂံေခတ္ ဂူဘုရားမ်ားအနက္ ဉာဏ္ေတာ္ မျမင့္မားလွေသာ္လည္း ထုထည္မေသးပဲ အခ်ိဳးအစား ေျပျပစ္လွပေသာ ဘုရားတစ္ဆူ ျဖစ္သည္။ေအာက္ေျခ ဖိနပ္ေတာ္မွ ထီးေတာ္အထိ ဉာဏ္ေတာ္ ၁၆၈ ေပျမင့္ၿပီး၊ အနံတစ္ဖက္လၽွင္ ၂၈၉ ေပ ရွိသည္။ေအာက္ေျခတြင္ ေလးေထာင့္ ကုလားေက်ာင္း ခံထားသည္။ ကုလားေက်ာင္း၏ အလယ္၌ အုတ္ျဖစ္ၿပီးေသာ ကန္႔ကူဆံတုံးေခၚ မ႑ိဳင္ႀကီးရွိရာ ဗဟို၌ ထုႀကီး ထည္ႀကီးျဖင့္ တည္ေဆာက္ ေသာ အိႏၵိယ ဂူဘုရားမ်ားႏွင့္ ေရွးအီဂ်စ္တို႔၏ ပိရမစ္ႀကီးမ်ား တည္ေဆာက္ပုံသေဘာမ်ိဳး ျဖစ္သည္။

ပႏၷက္ပုံစံ

ေအာက္ေျခပႏၷက္ (Foundation) သည္ ေထာင့္ရွစ္ေထာင့္ပါသည့္ၾကက္ေျခ ပုံစံ (Greek Cross) ျဖစ္သည္။ ေအာက္ေျခ အေတာင္ ၆၀ အနက္ထိေအာင္ တူးထားကာ အနက္ အေတာင္ ၃၀ ကုိ နဂါးရစ္ ေက်ာက္အမ်ိဳး အစားျဖင့္ အုတ္ျမစ္ခ် ထားသည္။ က်န္အေတာင္ ၃၀ ကုိ ေက်ာက္ေသတၱာပုံစံ ျပဳလုပ္ကာ ဘုရား ဆင္းတုေတာ္၊ ဓါတ္ေတာ္၊ ေမြေတာ္၊ ေရႊ၊ ေငြ၊ ေက်ာက္သံပတၱျမား မ်ားကုိထည့္သြင္းကာ ဌာပနာထားသည္။

အာနႏၵာဘုရားအတြင္း ကန္႔လန္႔ျဖတ္ပုံ

ေအာက္ဌာပနာတိုက္

ဌာပနာေတာ္တိုက္အတြင္း၌ သြင္းထားပူေဇာ္အပ္ေသာ ဓာတ္ေတာ္မ်ားကား ေဂါတမဘုရားရွင္၏ လက္သန္းဓာတ္ေတာ္တစ္ဆူ၊ သြားေတာ္ဓာတ္ေတာ္တစ္ဆူ၊ ပုဆစ္ခုန္ညင္းဓာတ္ေတာ္တစ္ဆူ၊ လည္႐ိုးေတာ္ တစ္ဆူ၊ ဦးေခါင္းဓာတ္ေတာ္တစ္ဆူ၊ ပါးေစာင္ဓာတ္ေတာ္တစ္ဆူ၊ ဆံေတာ္ဓာတ္ေတာ္တစ္ဆူတို႔အျပင္ သရီရဓာတ္ေတာ္ အစစ္ခ်ည္း ၃ဝဝ ေက်ာ္တို႔ႏွင့္ သင္းပိုင္ေတာ္ တို႔လည္း ပါဝင္သည္။ ယင္းဓာတ္ေတာ္ ေမြေတာ္တို႔ကို ပဲေနာက္ အဆင္းရွိေသာ ေက်ာက္ခြက္ျဖင့္ အျပည့္ထည့္ ၿပီးေသာ္၊ ေ႐ႊစင္ သုံးသိန္းျဖင့္ သြန္းအပ္ေသာ ဓာတ္ေတာ္ၾကဳပ္၌ တစ္ဖန္ထည့္၍ ရတနာပန္းေတာင္းထက္၌ ထားသည္။ ဌာပနာတိုက္အတြင္း၌ ေၾကးဘုရား ဆင္းတုေတာ္ရွိရာ၊ ထို႐ုပ္ပြားေတာ္၏ အထက္ေအာက္၌ ေ႐ႊစင္ျဖင့္ သြန္းအပ္ေသာ အ႐ုပ္မ်ားရွိသည္။

အထက္ဌာပနာတိုက္

ေဖာ္ျပခဲ့ေသာေျမေအာက္ဌာပနာအျပင္အထက္ဌာပနာတိုက္ ၌လည္း ျမတ္စြာဘုရား၏႐ုပ္ပြားေတာ္ မ်ားကို ေ႐ႊစင္သုံးကုေဋေျခာက္သန္း အကုန္ခံ၍ သြန္းလုပ္လႉဒါန္းသည္။ ေ႐ႊေလွႏွင့္မင္းမ်ားအ႐ုပ္ကိုလည္း ေ႐ႊစင္ျဖင့္ သြန္း၍ ဌာပနာသည္။ မင္းမ်ား အသုံးအေဆာင္ျဖစ္ေသာ ေစာင္းျငင္းတူရိယာ တို႔ကိုလည္း တီးသူ လူ႐ုပ္ႏွင့္တကြလည္းေကာင္း၊ နတ္သား႐ုပ္တို႔ကိုလည္းေကာင္း ဌာပနာေလသည္။ က်န္စစ္မင္းႀကီးသည္ ျပဴေစာထီး စေသာ ေရွးေဘးေလာင္းေတာ္ ဘိုးေလာင္းေတာ္ မင္းအဆက္ဆက္တို႔ထံမွ ဆက္ခံရရွိေသာ ဓာတ္ေတာ္၊ ေမြေတာ္၊ ေက်ာက္သံပတၱျမား၊ ေ႐ႊေငြဥစၥာမွန္သမၽွႏွင့္ မိမိ၏ဘုန္းကံေၾကာင့္ ႏိုင္ငံရပ္ျခား တိုင္းတစ္ပါးမွ လက္ေဆာင္ ပဏၰာဆပ္သလာသမၽွတို႔ကို စြန္႔ေတာ္မူမည္ဟု မိန္႔ၾကားၿပီးလၽွင္ အတုမရွိေသာ ေကာင္းမႈေတာ္ကို စီရင္ေစေလသည္

က်န္စစ္သားမင္းႀကီး ရုပ္တု

ယႏၲရားစက္မ်ား

အဖိုး အတိုင္းမသိေသာ ဌာပနာ ရတနာမ်ားကို ကာကြယ္ေသာအားျဖင့္ ျခေသၤ့စက္၊ က်ားရဲစက္၊ နဂါး စက္၊ ဂဠဳန္စက္၊ ေခြးရဲစက္၊ ဆိတ္ရဲစက္၊ ႏြားရဲစက္၊ ကၽြဲရဲစက္၊ စိုင္ရဲစက္တို႔ကိုလည္း ဌာပနာတိုက္၏ တံခါးအထက္၌ တန္ေအာင္ထားသည္။ တံခါး႐ြက္ကား အဖိုးအတိုင္း မသိထိုက္သည္။ တံခါးတြင္ ေ႐ႊဘုရား၊ ေငြဘုရား၊ ပၪၥေလာဟာဘုရားမ်ား ထားသည္။ ထိုမ်ားစြာေသာ ဘုရားတို႔ကို ခ်ီႏိုင္မွသာလၽွင္ တံခါးကို ဖြင့္ႏိုင္မည္။ တံခါးတစ္ခုပြင့္လၽွင္ တံခါးအကုန္ ပြင့္ႏိုင္ေအာင္ စီရင္ထားေလသည္။

အတြင္းတည္ေဆာက္ထားပုံ

အေရွ ့၊ အေနာက္၊ ေတာင္ႏွင့္ ေျမာက္ အရပ္ေလးမ်က္ႏွာတြင္ မုခ္ဦးတစ္ခုစီျဖင့္ မုခ္ဦး ေလးခုရွိသည္။ အလယ္မ႑ိဳင္အရပ္ေလးမ်က္ႏွာတြင္ ပြင့္ေတာ္မူျပီျဖစ္ေသာ ဘုရားေလးဆူအားရည္မွန္ကာ ဘုရားေလးဆူ ထားရွိသည္။ တဆူလွ်င္ ၁၈ ေတာင္ျမင့္သည္။ (ဘုရား၏ အာေ၀ဏိကဂုဏ္ေတာ္ကုိ ေဖာ္ညႊန္လုိ၍ ျဖစ္မည္ထင္သည္။) ေျမာက္ဖက္တြင္ ကကုသန္ဘုရား၊ အေရွ႕ဘက္တြင္ ေကာဏဂုံဘုရား၊ ေတာင္ဘက္တြင္ ကႆပဘုရား၊ အေနာက္ဘက္တြင္ ေဂါတမဘုရား ဟူ ထားရွိ ထားသည္။ ထုိရုပ္ပြားေတာ္မ်ားအနက္ ေတာင္ဘက္ႏွင့္ ေျမာက္ဘက္ ရုပ္ပြားေတာ္ ၂ ဆူသည္သာ ပုဂံေခတ္ လက္ရာက်န္ရွိသည္။ ရုပ္ပြားေတာ္မ်ား အလင္းေရာင္ရရွိရန္အတြက္ အေပါက္မ်ားေဖာက္ထားသျဖင့္ ရုပ္ပြားေတာ္မ်ားကုိ လင္းလင္းရွင္းရွင္း ဖူးျမင္ႏုိင္သည္။ ရုပ္ပြားေတာ္မ်ားကုိ အတြင္းပတ္လမ္း၊ အျပင္ပတ္လမ္းျဖင့္ ကာရံထားသည္။ ပတ္လမ္း ၂ ထပ္လုံးတြင္ ဗုဒၵ၀င္ေက်ာက္ဆစ္ပန္းတေမာ့ရုပ္တုမ်ား၊ ဘုရားဆင္းတုေတာ္ ဥာဏ္ေတာ္အစားစားကုိ ထည့္ကပ္ထား သည္။

အထက္ဘက္နားတြင္ ပစၥယာ၊ ေလွ်ာက္လမ္း၊ အတြင္းစၾကၤ၊ စသည္ျဖင့္ အဆင့္ဆင့္ တည္ေဆာက္ ထားသည္။ ထုိသုိ႔ စၾကၤမ်ားထည့္သြင္းထားသျဖင့္ အတြင္းပုိင္ေမွာင္မည္ကုိ အလင္း ၀င္ေပါက္မ်ားျဖင့္ သဘာ၀အလင္းေပးထားသည္။ မုခ္ဦးမွ တံခါးမ်ားပိတ္ထားပါက ဘုရားအတြင္းပုိင္း လင္းေနေအာင္ ေဆာင္ရြက္ထားသည့္အႏုပညာမွာ လက္ရာေျမာက္လွပါသည္။ အတြင္းပတ္လမ္း တေလွ်ာက္ တစ္ေနရာမွတစ္ေနရာသုိ႔ကူးသည့္ေနရာမ်ားတြင္ တံတားခုံမ်ားျဖင့္ဆက္သြယ္ထားသည္။ ထုိတံတားခုံမ်ားကုိ သစ္တစ္ခုမပါ၊ သံတစ္ေခ်ာင္းမပါဘဲ အုတ္မ်ားျဖင့္သာ ဆက္၍ ခုံထားသည္မွာ လက္ရာ ေျမာက္လြန္း လွသည့္ ျမန္မာ့ဗိသုကာလက္ရာျဖစ္သည္။ ေက်ာက္ႏွင့္စပါးခြံပါေသာ အုတ္တုိ႔ကုိ တစ္လွည့္စီေျမျပင္မွ ေထာင္ကာ တုိးစီသြားျပီ အေပၚတြင္ Key stone ေခၚ သပ္အုပ္တစ္ခုကုိ ရုိက္သြင္းျခင္းျဖင့္ ပုိမုိခုိင္ခံေစေသာ ဗိသုကာပညာကုိ ထည့္သြင္းထားသည္။

ရပ္ေတာ္မူဆင္းတုေတာ္ေလးဆူထုလုပ္ထားရွိပုံ

ေတာင္အရပ္ – ဟိမဝႏၲာမွ ရရွိေသာ ထင္း႐ႉးသားျဖင့္ ထုလုပ္ထားေသာ ကႆပျမတ္စြာဘုရား
ေျမာက္အရပ္ – ဥႆပဲခူးျပည္မွရရွိေသာ စံကားသားျဖင့္ ထုလုပ္ထားေသာ ကကုသႏၶျမတ္စြာဘုရား

ကန္႔ကူဆံတုံး၊ သို႔မဟုတ္ အလယ္မ႑ိဳင္ႀကီး၏ ပတ္လည္ေလးဘက္ ေလးမ်က္ႏွာ၌ မတ္ရပ္ဆင္တုေတာ္ႀကီး တစ္ဆူစီ အသီးသီးကိန္းဝပ္ရာ ဂႏၶကုဋိတိုက္မ်ားရွိသည္။ ထိုမတ္ရပ္ေတာ္တို႔ကား ဤကမၻာ၌ ပြင့္ေတာ္မူၿပီးကုန္ေသာ ဘုရားရွင္ေလးဆူတို႔ကို ရည္မွန္း၍ ပူေဇာ္ထားေသာ ၁၈ ေတာင္အရပ္ေတာ္ရွိသည့္ ႐ုပ္တုေတာ္မ်ား ျဖစ္ၾကသည္။ အေရွ႕မ်က္ႏွာ၌ စံပယ္ေသာ ဆင္းတုေတာ္ကား မလႅာယုကၽြန္းမွရအပ္ေသာ သရကၡာန္နံ႔သာႏွစ္ျဖင့္ ထုလုပ္အပ္သည့္ ေကာဏာဂမန ျမတ္စြာဘုရားတည္း။ အေနာက္မ်က္ႏွာမွ ရွင္ေတာ္ ဘုရားကား ပၪၥေလာဟာျဖင့္ၿပီးေသာ ေဂါတမျမတ္စြာဘုရား၊ ေတာင္မ်က္ႏွာမွ ဘုရားရွင္ကား ဟိမဝႏၲာမွ ရအပ္ေသာ ထင္း႐ႉးသားျဖင့္ ထုလုပ္ထားသည့္ ကႆပျမတ္စြာဘုရား၊ ေျမာက္မ်က္ႏွာမွ ႐ုပ္ထုေတာ္ကား ဥႆပဲခူးျပည္မွ ဆက္သအပ္ေသာ စံကားသားျဖင့္ ထုလုပ္ထားသည့္ ကကုသႏၶျမတ္စြာဘုရားတည္း။

ထိုဆင္းတုေတာ္ အသီးအသီး၏ မ်က္ႏွာေတာ္ တူ႐ူအမိုးတြင္ မုခ္ျပတင္းငယ္မ်ား ရွိသည္ျဖစ္ရာ ဘုရားရွင္ အသီး အသီးတို႔၏ ကိုယ္ေတာ္အထက္ပိုင္းေပၚသို႔ အလင္းေရာင္က်ေရာက္၍ လင္းလင္းခ်င္းခ်င္းရွိေအာင္ ဖန္တီးစီရင္ထားေလသည္။ ထို႐ုပ္ပြားေတာ္မ်ားအနက္ ေျမာက္မ်က္ႏွာႏွင့္ ေတာင္မ်က္ႏွာမွ ႐ုပ္ပြားေတာ္မ်ားသာလၽွင္ မူလမ်ားျဖစ္ၾကသည္။ အေရွ႕ႏွင့္ အေနာက္အရပ္မွ ႐ုပ္ပြားေတာ္မ်ားသည္ကား မူလ႐ုပ္ပြားေတာ္မ်ား ယိုယြင္းပ်က္စီးခဲ့ သျဖင့္ အသစ္တစ္ဖန္ ျပန္လည္မြမ္းမံထားျခင္းမ်ား ျဖစ္ေလသည္။

အေရွ႕အရပ္ – မလႅာယုကၽြန္းမွရေသာ သရကၡာန္သားျဖင့္ ထုလုပ္ေသာ ေကာဏာဂမနျမတ္စြာဘုရား (ေနာင္တြင္ မီးသင့္၍ စံကားသားျဖင့္ ျပန္လည္ထုလုပ္)
အေနာက္အရပ္ – ပၪၥေလာဟာျဖင့္ၿပီးေသာ ေဂါတမျမတ္စြာဘုရား (ပ်က္စီးသျဖင့္ ကၽြန္းသစ္သားျဖင့္ အသစ္ျပန္လည္ထုလုပ္)

သကၠရာဇ္ ၁၂၁၈ ခုႏွစ္က အေရွ႕မ်က္ႏွာမွ သရကၡာန္႐ုပ္ပြားေတာ္ႀကီးကို ေတေဇာဓာတ္ သင့္သျဖင့္ မင္းတုန္းမင္း တရားႀကီးက စံကားသားျဖင့္ အထက္တည္ရင္းစနစ္အတိုင္း ထုလုပ္ပူေဇာ္ခဲ့ေပသည္။ သကၠရာဇ္ ၁၁ဝ၇ ခုႏွစ္ ဟံသာဝတီေရာက္မင္း လက္ထက္တြင္ တစ္ႀကိမ္၊ သကၠရာဇ္ ၁၂၄၇ ခုႏွစ္တြင္ တစ္ႀကိမ္၊ အေနာက္မ်က္ႏွာမွ ပၪၥေလာဟာ ရပ္ေတာ္မူကိုယ္ေတာ္ႀကီးသည္ ရန္သူေဘးေၾကာင့္ ပ်က္စီးခ်ိဳ႕ယြင္းခဲ့ျပန္သည္။ ထိုပ်က္စီးမႈမ်ားကို ျပည္ပိုင္အစိုးရက ကမကတျပဳ၍ ျပည္သူလူထု၏ ေစတနာသဒၶါတရား အကူအညီျဖင့္ မူလကဲ့သို႔ ပၪၥေလာဟာမဟုတ္ေသာ္လည္း ကၽြန္းသစ္ျဖင့္ ေရွးမူလတည္လုပ္ခဲ့ေသာ စနစ္အတိုင္း ျပဳျပင္မြမ္းမံ ပူေဇာ္ခဲ့ ၾကေလသည္။

အတြင္းနံရံအလွဆင္ထားပုံ

အာနႏၵာဘုရား၏ အတြင္းနံရံပတ္လည္တြင္ ဗုဒၵ၀င္ဆုိင္ရာ ေက်ာက္ဆင္းတုေတာ္မ်ား၊ နံရံေဆးေရးပန္းခ်ီ မ်ား၊ မင္စာမ်ားျဖင့္အလွဆင္ထားသည္။ ယခုအခါ ေခတ္ကာလၾကာျမင့္လာသည္ႏွင့္အမွ် သဘာ၀ေဘး အႏၱရာယ္ေၾကာင့္လည္းေကာင္း၊ လူတုိ႔၏တန္ဘုိးမထား ဖ်က္စီးမွဳေၾကာင့္ လည္းေကာင္း အခ်ိဳ ့ေနရာမ်ား တြင္သာ နံရံေဆးေရးပန္းခ်ီႏွင့္ မင္စာမ်ားကုိ ျမင္ေတြ ့ႏုိင္ေတာ့သည္။ ေက်ာက္ျဖင့္ ထုလုပ္ထားသည့္ ရွင္အရဟံရုပ္ထုႏွင့္ က်န္စစ္သားမင္းၾကီး၏ ရုပ္ထုကုိ ယေန႔တုိင္ေတြ ့ျမင္ႏုိင္သည္။

အျပင္ဘက္ျပဳလုပ္ထားပုံ

အာနႏၵာေစတီ၏ အျပင္ဘက္ေအာက္ေျခပတ္လည္တြင္လည္းေကာင္း၊ အထက္ပစၥယာမ်ားတြင္ လည္းေကာင္း၊ အထက္ပစၥယံမ်ားတြင္လည္ေကာင္း စဥ့္ကြင္းမ်ားျဖင့္ ျပဳလုပ္ထားသည့္ နတ္ျဗဟၼာမ်ားက ျမတ္စြာဘုရားအား လာေရာက္ဖူးေျမာ္ပုံ၊ မာရ္နတ္စစ္သည္မ်ားက ျမတ္စြာဘုရားအား စစ္တုိက္ရန္လာၾကပုံ၊ (၅၅၀) ဇာတ္နိပါတ္ပုံေတာ္မ်ားျဖင့္ အလွဆင္ထားသည္။ ပုံေတာ္စုစုေပါင္း (၁၄၇၂) ခုရွိသည္။ အေနာက္ေတာင္ေထာင့္မွစကာ လက္ယာရစ္လွည့္ျပီး ဧကနိပါတ္ အပဏကဇာတ္မွစလ်က္ တစ္ေဇာတ္လွ်င္ စဥ့္ကြင္းတစ္ခုစီျဖင့္ ဒုတိယပစၥယာေျမာက္မုခ္ အသီတိနိပါတ္ မဟာသုတေသာမဇာတ္အထိ ၅၃၇ ဇာတ္ စဥ့္ကြင္းမ်ားျပဳလုပ္ထားသည္။

ေျမာက္ဖက္မုခ္တြင္ စဥ့္ကြင္း ၃၇၆ ခုျဖင့္ မဟာနိပါတ္ေတမိဇာတ္မွ ေ၀ႆႏၱရာဇာတ္အထိ ဇာတ္ၾကီး ၁၀ ဘြဲ႕ကုိ တစ္ခန္းစီ ေဖာ္ျပထားသည္။ ေတာင္ဘက္မုခ္မွ လက္ယာရစ္လွည့္ျပီး ျခေသၤ့၊ ျမင္း၊ ဆင္ အစရွိေသာ တိရစၦာန္ရုပ္အမ်ိဳး ၃၀ ေက်ာ္ကုိ စဥ့္ကြင္း ၂၇၇ ခုျဖင့္ ေဖာ္ျပထား သည္။ အေရွ႕ဘက္မုခ္တြင္ နတ္သား၊ နတ္သမီး စသည့္ရုပ္ပုံမ်ားကုိ စဥ့္ကြင္း ၂၇၆ ခုျဖင့္ သရုပ္ေဖာ္ထားသည္။ အထက္ကြမ္းေတာင္ လုိဏ္မ်ားတြင္ ဆင္းတုေတာ္ ၂၀ ထားရွိျပီး မုခ္ထြတ္ေထာင့္၏ အထက္မုခ္ဦးတြင္ ျခေသၤ့ရုပ္ ၁၄၈၊ နတ္ရုပ္ ၂၈၊ ေစတီရံ ၂၄ ဆူ ရွိသည္။

ေအာက္ခံ ကုလားေက်ာင္းမ်ားႏွင့္ အထက္ပစၥယာအဆင့္ဆင့္ေစတီ ကြမ္းေတာင္မ်ားသည္ တစ္ခုႏွင့္တစ္ခု ညီညာစြာ ယွက္စပ္ေနသည့္အတြက္ အခ်ိဳးအစား ေျပျပစ္လွေပသည္။ စဥ့္ကြင္းခ်ပ္တုိ႔၏ အေရာင္အေသြးမွာ ယေန႔ ေခတ္ႏ်င့္မတူဘဲ စိမ္းစုိေသာ အေရာင္အဆင္းရွိသည္။ ဇာတ္ေတာ္မ်ား၏ ေအာက္ေျခတြင္ ျမန္မာ၊ နာဂရီ၊ မြန္အကၡရာ စာလုံးမ်ားျဖင့္ မွတ္တမ္းတင္ထားသည္။ ပုဂံတြင္ရွိေသာ ေစတီပုထုိးမ်ားထဲတြင္ အာနႏၵာေစတီသည္ လက္ရာအေျမာက္ဆုံး၊ အႏုအစိတ္ဆုံး၊ ဘုရားအျဖစ္ ေက်ာ္ၾကားသည္။ အာနႏၵာေစတီ၏ အႏုလက္ရာမ်ား ကုိ ေလ့လာျခင္းျဖင့္ ေရွးျမန္မာတုိ႔၏ ဗိသုကာပညာကုိ သိရွိႏုိင္ပါသည္။

ဦးေက်ာ္ေအာင္(စာတည္းမႉး) – ပုဂံေစတီပုထိုးမ်ား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၄)
အလင္းေစတမန္ဘေလာ့


ပုဂံအာနန္ဒာဘုရားမှ ရှေးမြန်မာတို့ရဲ့ အံ့မခန်းဗိသုကာ လက်ရာများ (unicode)

မြန်မာတို့၏ ဗိသုကာပညာသည် ပုဂံခေတ်တွင် စတင်ထွန်းကားခဲ့သည်။ ပုဂံခေတ်လက်ရာများထဲတွင် လက်ရာအမြောက်ဆုံး အဖြစ် သမိုင်းပညာရှင်များ သတ်မှတ်ထားသည်မှာ အာနန္ဒာဘုရား၏ ဗိသုကာလက်ရာပင်ဖြစ်သည်။ (အနုမှာ အာနန္ဒာ၊ ထုမှာဓမ္မရံဟု မှတ်တမ်း တင်ထားကြသည်။) အာနန္ဒာစေတီကို ကျန်စစ်သားမင်းလက်ထက် (အေဒီ ၁၀၉၀) တွင် ဆောက်လုပ်ခဲ့သည်။ ကျန်စစ်သားမင်းလက်ထက်တွင် ဟိမဝန္တာ နန္ဒမူလိုဏ်ဂူမှ ရဟန္တာများ ကြွရောက်လာသည်။ ထိုရဟန္တာအရှင်သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ်ဂူကို သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီကိုတည်တော်မူသည် ဟု ဆို၏။

မင်းတရားကြီး၏ ကောင်းမှုတော်သည် ဘုရားရှင်၏ အနန္တပညာကို ရည်မှတ်ပူဇော်ခြင်း ဖြစ်သဖြင့် အနန္ဒာဘုရားဟု ဘွဲ့မည်တပ်ခဲ့သော်လည်း ကာလကြာမြင့်သော် အာနန္ဒာဘုရားဟု ခေါ်တွင်ခဲ့လေသည်။ နန္ဒမူလပုဒ်မှ အာနန္ဒာသို့ စကားရွေ့လျားလာသည်ဟူသော အယူအဆလည်း ရှိသည်

စေတီပုံစံ
အာနန္ဒာစေတီသည် ဂူပုထိုး(Temple) ပုံစံတည်ဆောက်ထားသည့် စေတီဖြစ်သည်။ ပုဂံခေတ် ဂူဘုရားများအနက် ဉာဏ်တော် မမြင့်မားလှသော်လည်း ထုထည်မသေးပဲ အချိုးအစား ပြေပြစ်လှပသော ဘုရားတစ်ဆူ ဖြစ်သည်။အောက်ခြေ ဖိနပ်တော်မှ ထီးတော်အထိ ဉာဏ်တော် ၁၆၈ ပေမြင့်ပြီး၊ အနံတစ်ဖက်လျှင် ၂၈၉ ပေ ရှိသည်။အောက်ခြေတွင် လေးထောင့် ကုလားကျောင်း ခံထားသည်။ ကုလားကျောင်း၏ အလယ်၌ အုတ်ဖြစ်ပြီးသော ကန့်ကူဆံတုံးခေါ် မဏ္ဍိုင်ကြီးရှိရာ ဗဟို၌ ထုကြီး ထည်ကြီးဖြင့် တည်ဆောက် သော အိန္ဒိယ ဂူဘုရားများနှင့် ရှေးအီဂျစ်တို့၏ ပိရမစ်ကြီးများ တည်ဆောက်ပုံသဘောမျိုး ဖြစ်သည်။

ပန္နက်ပုံစံ
အောက်ခြေပန္နက် (Foundation) သည် ထောင့်ရှစ်ထောင့်ပါသည့်ကြက်ခြေ ပုံစံ (Greek Cross) ဖြစ်သည်။ အောက်ခြေ အတောင် ၆၀ အနက်ထိအောင် တူးထားကာ အနက် အတောင် ၃၀ ကို နဂါးရစ် ကျောက်အမျိုး အစားဖြင့် အုတ်မြစ်ချ ထားသည်။ ကျန်အတောင် ၃၀ ကို ကျောက်သေတ္တာပုံစံ ပြုလုပ်ကာ ဘုရား ဆင်းတုတော်၊ ဓါတ်တော်၊ မွေတော်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား များကိုထည့်သွင်းကာ ဌာပနာထားသည်။

အောက်ဌာပနာတိုက်
ဌာပနာတော်တိုက်အတွင်း၌ သွင်းထားပူဇော်အပ်သော ဓာတ်တော်များကား ဂေါတမဘုရားရှင်၏ လက်သန်းဓာတ်တော်တစ်ဆူ၊ သွားတော်ဓာတ်တော်တစ်ဆူ၊ ပုဆစ်ခုန်ညင်းဓာတ်တော်တစ်ဆူ၊ လည်ရိုးတော် တစ်ဆူ၊ ဦးခေါင်းဓာတ်တော်တစ်ဆူ၊ ပါးစောင်ဓာတ်တော်တစ်ဆူ၊ ဆံတော်ဓာတ်တော်တစ်ဆူတို့အပြင် သရီရဓာတ်တော် အစစ်ချည်း ၃ဝဝ ကျော်တို့နှင့် သင်းပိုင်တော် တို့လည်း ပါဝင်သည်။ ယင်းဓာတ်တော် မွေတော်တို့ကို ပဲနောက် အဆင်းရှိသော ကျောက်ခွက်ဖြင့် အပြည့်ထည့် ပြီးသော်၊ ရွှေစင် သုံးသိန်းဖြင့် သွန်းအပ်သော ဓာတ်တော်ကြုပ်၌ တစ်ဖန်ထည့်၍ ရတနာပန်းတောင်းထက်၌ ထားသည်။ ဌာပနာတိုက်အတွင်း၌ ကြေးဘုရား ဆင်းတုတော်ရှိရာ၊ ထိုရုပ်ပွားတော်၏ အထက်အောက်၌ ရွှေစင်ဖြင့် သွန်းအပ်သော အရုပ်များရှိသည်။

အထက်ဌာပနာတိုက်
ဖော်ပြခဲ့သောမြေအောက်ဌာပနာအပြင်အထက်ဌာပနာတိုက် ၌လည်း မြတ်စွာဘုရား၏ရုပ်ပွားတော် များကို ရွှေစင်သုံးကုဋေခြောက်သန်း အကုန်ခံ၍ သွန်းလုပ်လှူဒါန်းသည်။ ရွှေလှေနှင့်မင်းများအရုပ်ကိုလည်း ရွှေစင်ဖြင့် သွန်း၍ ဌာပနာသည်။ မင်းများ အသုံးအဆောင်ဖြစ်သော စောင်းငြင်းတူရိယာ တို့ကိုလည်း တီးသူ လူရုပ်နှင့်တကွလည်းကောင်း၊ နတ်သားရုပ်တို့ကိုလည်းကောင်း ဌာပနာလေသည်။ ကျန်စစ်မင်းကြီးသည် ပြူစောထီး စသော ရှေးဘေးလောင်းတော် ဘိုးလောင်းတော် မင်းအဆက်ဆက်တို့ထံမှ ဆက်ခံရရှိသော ဓာတ်တော်၊ မွေတော်၊ ကျောက်သံပတ္တမြား၊ ရွှေငွေဥစ္စာမှန်သမျှနှင့် မိမိ၏ဘုန်းကံကြောင့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ လက်ဆောင် ပဏ္ဏာဆပ်သလာသမျှတို့ကို စွန့်တော်မူမည်ဟု မိန့်ကြားပြီးလျှင် အတုမရှိသော ကောင်းမှုတော်ကို စီရင်စေလေသည်

ယန္တရားစက်များ
အဖိုး အတိုင်းမသိသော ဌာပနာ ရတနာများကို ကာကွယ်သောအားဖြင့် ခြင်္သေ့စက်၊ ကျားရဲစက်၊ နဂါး စက်၊ ဂဠုန်စက်၊ ခွေးရဲစက်၊ ဆိတ်ရဲစက်၊ နွားရဲစက်၊ ကျွဲရဲစက်၊ စိုင်ရဲစက်တို့ကိုလည်း ဌာပနာတိုက်၏ တံခါးအထက်၌ တန်အောင်ထားသည်။ တံခါးရွက်ကား အဖိုးအတိုင်း မသိထိုက်သည်။ တံခါးတွင် ရွှေဘုရား၊ ငွေဘုရား၊ ပဉ္စလောဟာဘုရားများ ထားသည်။ ထိုများစွာသော ဘုရားတို့ကို ချီနိုင်မှသာလျှင် တံခါးကို ဖွင့်နိုင်မည်။ တံခါးတစ်ခုပွင့်လျှင် တံခါးအကုန် ပွင့်နိုင်အောင် စီရင်ထားလေသည်။

အတွင်းတည်ဆောက်ထားပုံ
အရှေ့၊ အနောက်၊ တောင်နှင့် မြောက် အရပ်လေးမျက်နှာတွင် မုခ်ဦးတစ်ခုစီဖြင့် မုခ်ဦး လေးခုရှိသည်။ အလယ်မဏ္ဍိုင်အရပ်လေးမျက်နှာတွင် ပွင့်တော်မူပြီဖြစ်သော ဘုရားလေးဆူအားရည်မှန်ကာ ဘုရားလေးဆူ ထားရှိသည်။ တဆူလျှင် ၁၈ တောင်မြင့်သည်။ (ဘုရား၏ အာဝေဏိကဂုဏ်တော်ကို ဖော်ညွှန်လို၍ ဖြစ်မည်ထင်သည်။) မြောက်ဖက်တွင် ကကုသန်ဘုရား၊ အရှေ့ဘက်တွင် ကောဏဂုံဘုရား၊ တောင်ဘက်တွင် ကဿပဘုရား၊ အနောက်ဘက်တွင် ဂေါတမဘုရား ဟူ ထားရှိ ထားသည်။ ထိုရုပ်ပွားတော်များအနက် တောင်ဘက်နှင့် မြောက်ဘက် ရုပ်ပွားတော် ၂ ဆူသည်သာ ပုဂံခေတ် လက်ရာကျန်ရှိသည်။ ရုပ်ပွားတော်များ အလင်းရောင်ရရှိရန်အတွက် အပေါက်များဖောက်ထားသဖြင့် ရုပ်ပွားတော်များကို လင်းလင်းရှင်းရှင်း ဖူးမြင်နိုင်သည်။ ရုပ်ပွားတော်များကို အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းဖြင့် ကာရံထားသည်။ ပတ်လမ်း ၂ ထပ်လုံးတွင် ဗုဒ္ဒဝင်ကျောက်ဆစ်ပန်းတမော့ရုပ်တုများ၊ ဘုရားဆင်းတုတော် ဥာဏ်တော်အစားစားကို ထည့်ကပ်ထား သည်။

အထက်ဘက်နားတွင် ပစ္စယာ၊ လျှောက်လမ်း၊ အတွင်းစင်္ကြ၊ စသည်ဖြင့် အဆင့်ဆင့် တည်ဆောက် ထားသည်။ ထိုသို့ စင်္ကြများထည့်သွင်းထားသဖြင့် အတွင်းပိုင်မှောင်မည်ကို အလင်း ဝင်ပေါက်များဖြင့် သဘာဝအလင်းပေးထားသည်။ မုခ်ဦးမှ တံခါးများပိတ်ထားပါက ဘုရားအတွင်းပိုင်း လင်းနေအောင် ဆောင်ရွက်ထားသည့်အနုပညာမှာ လက်ရာမြောက်လှပါသည်။ အတွင်းပတ်လမ်း တလျှောက် တစ်နေရာမှတစ်နေရာသို့ကူးသည့်နေရာများတွင် တံတားခုံများဖြင့်ဆက်သွယ်ထားသည်။ ထိုတံတားခုံများကို သစ်တစ်ခုမပါ၊ သံတစ်ချောင်းမပါဘဲ အုတ်များဖြင့်သာ ဆက်၍ ခုံထားသည်မှာ လက်ရာ မြောက်လွန်း လှသည့် မြန်မာ့ဗိသုကာလက်ရာဖြစ်သည်။ ကျောက်နှင့်စပါးခွံပါသော အုတ်တို့ကို တစ်လှည့်စီမြေပြင်မှ ထောင်ကာ တိုးစီသွားပြီ အပေါ်တွင် Key stone ခေါ် သပ်အုပ်တစ်ခုကို ရိုက်သွင်းခြင်းဖြင့် ပိုမိုခိုင်ခံစေသော ဗိသုကာပညာကို ထည့်သွင်းထားသည်။

ရပ်တော်မူဆင်းတုတော်လေးဆူထုလုပ်ထားရှိပုံ

ကန့်ကူဆံတုံး၊ သို့မဟုတ် အလယ်မဏ္ဍိုင်ကြီး၏ ပတ်လည်လေးဘက် လေးမျက်နှာ၌ မတ်ရပ်ဆင်တုတော်ကြီး တစ်ဆူစီ အသီးသီးကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်များရှိသည်။ ထိုမတ်ရပ်တော်တို့ကား ဤကမ္ဘာ၌ ပွင့်တော်မူပြီးကုန်သော ဘုရားရှင်လေးဆူတို့ကို ရည်မှန်း၍ ပူဇော်ထားသော ၁၈ တောင်အရပ်တော်ရှိသည့် ရုပ်တုတော်များ ဖြစ်ကြသည်။ အရှေ့မျက်နှာ၌ စံပယ်သော ဆင်းတုတော်ကား မလ္လာယုကျွန်းမှရအပ်သော သရက္ခာန်နံ့သာနှစ်ဖြင့် ထုလုပ်အပ်သည့် ကောဏာဂမန မြတ်စွာဘုရားတည်း။ အနောက်မျက်နှာမှ ရှင်တော် ဘုရားကား ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား၊ တောင်မျက်နှာမှ ဘုရားရှင်ကား ဟိမဝန္တာမှ ရအပ်သော ထင်းရှူးသားဖြင့် ထုလုပ်ထားသည့် ကဿပမြတ်စွာဘုရား၊ မြောက်မျက်နှာမှ ရုပ်ထုတော်ကား ဥဿပဲခူးပြည်မှ ဆက်သအပ်သော စံကားသားဖြင့် ထုလုပ်ထားသည့် ကကုသန္ဓမြတ်စွာဘုရားတည်း။

ထိုဆင်းတုတော် အသီးအသီး၏ မျက်နှာတော် တူရူအမိုးတွင် မုခ်ပြတင်းငယ်များ ရှိသည်ဖြစ်ရာ ဘုရားရှင် အသီး အသီးတို့၏ ကိုယ်တော်အထက်ပိုင်းပေါ်သို့ အလင်းရောင်ကျရောက်၍ လင်းလင်းချင်းချင်းရှိအောင် ဖန်တီးစီရင်ထားလေသည်။ ထိုရုပ်ပွားတော်များအနက် မြောက်မျက်နှာနှင့် တောင်မျက်နှာမှ ရုပ်ပွားတော်များသာလျှင် မူလများဖြစ်ကြသည်။ အရှေ့နှင့် အနောက်အရပ်မှ ရုပ်ပွားတော်များသည်ကား မူလရုပ်ပွားတော်များ ယိုယွင်းပျက်စီးခဲ့ သဖြင့် အသစ်တစ်ဖန် ပြန်လည်မွမ်းမံထားခြင်းများ ဖြစ်လေသည်။

သက္ကရာဇ် ၁၂၁၈ ခုနှစ်က အရှေ့မျက်နှာမှ သရက္ခာန်ရုပ်ပွားတော်ကြီးကို တေဇောဓာတ် သင့်သဖြင့် မင်းတုန်းမင်း တရားကြီးက စံကားသားဖြင့် အထက်တည်ရင်းစနစ်အတိုင်း ထုလုပ်ပူဇော်ခဲ့ပေသည်။ သက္ကရာဇ် ၁၁ဝ၇ ခုနှစ် ဟံသာဝတီရောက်မင်း လက်ထက်တွင် တစ်ကြိမ်၊ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် တစ်ကြိမ်၊ အနောက်မျက်နှာမှ ပဉ္စလောဟာ ရပ်တော်မူကိုယ်တော်ကြီးသည် ရန်သူဘေးကြောင့် ပျက်စီးချို့ယွင်းခဲ့ပြန်သည်။ ထိုပျက်စီးမှုများကို ပြည်ပိုင်အစိုးရက ကမကတပြု၍ ပြည်သူလူထု၏ စေတနာသဒ္ဓါတရား အကူအညီဖြင့် မူလကဲ့သို့ ပဉ္စလောဟာမဟုတ်သော်လည်း ကျွန်းသစ်ဖြင့် ရှေးမူလတည်လုပ်ခဲ့သော စနစ်အတိုင်း ပြုပြင်မွမ်းမံ ပူဇော်ခဲ့ ကြလေသည်။

အတွင်းနံရံအလှဆင်ထားပုံ
အာနန္ဒာဘုရား၏ အတွင်းနံရံပတ်လည်တွင် ဗုဒ္ဒဝင်ဆိုင်ရာ ကျောက်ဆင်းတုတော်များ၊ နံရံဆေးရေးပန်းချီ များ၊ မင်စာများဖြင့်အလှဆင်ထားသည်။ ယခုအခါ ခေတ်ကာလကြာမြင့်လာသည်နှင့်အမျှ သဘာ၀ဘေး အန္တရာယ်ကြောင့်လည်းကောင်း၊ လူတို့၏တန်ဘိုးမထား ဖျက်စီးမှုကြောင့် လည်းကောင်း အချို့နေရာများ တွင်သာ နံရံဆေးရေးပန်းချီနှင့် မင်စာများကို မြင်တွေ့နိုင်တော့သည်။ ကျောက်ဖြင့် ထုလုပ်ထားသည့် ရှင်အရဟံရုပ်ထုနှင့် ကျန်စစ်သားမင်းကြီး၏ ရုပ်ထုကို ယနေ့တိုင်တွေ့မြင်နိုင်သည်။

အပြင်ဘက်ပြုလုပ်ထားပုံ
အာနန္ဒာစေတီ၏ အပြင်ဘက်အောက်ခြေပတ်လည်တွင်လည်းကောင်း၊ အထက်ပစ္စယာများတွင် လည်းကောင်း၊ အထက်ပစ္စယံများတွင်လည်ကောင်း စဉ့်ကွင်းများဖြင့် ပြုလုပ်ထားသည့် နတ်ဗြဟ္မာများက မြတ်စွာဘုရားအား လာရောက်ဖူးမြော်ပုံ၊ မာရ်နတ်စစ်သည်များက မြတ်စွာဘုရားအား စစ်တိုက်ရန်လာကြပုံ၊ (၅၅၀) ဇာတ်နိပါတ်ပုံတော်များဖြင့် အလှဆင်ထားသည်။ ပုံတော်စုစုပေါင်း (၁၄၇၂) ခုရှိသည်။ အနောက်တောင်ထောင့်မှစကာ လက်ယာရစ်လှည့်ပြီး ဧကနိပါတ် အပဏကဇာတ်မှစလျက် တစ်ဇောတ်လျှင် စဉ့်ကွင်းတစ်ခုစီဖြင့် ဒုတိယပစ္စယာမြောက်မုခ် အသီတိနိပါတ် မဟာသုတသောမဇာတ်အထိ ၅၃၇ ဇာတ် စဉ့်ကွင်းများပြုလုပ်ထားသည်။

မြောက်ဖက်မုခ်တွင် စဉ့်ကွင်း ၃၇၆ ခုဖြင့် မဟာနိပါတ်တေမိဇာတ်မှ ဝေဿန္တရာဇာတ်အထိ ဇာတ်ကြီး ၁၀ ဘွဲ့ကို တစ်ခန်းစီ ဖော်ပြထားသည်။ တောင်ဘက်မုခ်မှ လက်ယာရစ်လှည့်ပြီး ခြင်္သေ့၊ မြင်း၊ ဆင် အစရှိသော တိရစ္ဆာန်ရုပ်အမျိုး ၃၀ ကျော်ကို စဉ့်ကွင်း ၂၇၇ ခုဖြင့် ဖော်ပြထား သည်။ အရှေ့ဘက်မုခ်တွင် နတ်သား၊ နတ်သမီး စသည့်ရုပ်ပုံများကို စဉ့်ကွင်း ၂၇၆ ခုဖြင့် သရုပ်ဖော်ထားသည်။ အထက်ကွမ်းတောင် လိုဏ်များတွင် ဆင်းတုတော် ၂၀ ထားရှိပြီး မုခ်ထွတ်ထောင့်၏ အထက်မုခ်ဦးတွင် ခြင်္သေ့ရုပ် ၁၄၈၊ နတ်ရုပ် ၂၈၊ စေတီရံ ၂၄ ဆူ ရှိသည်။

အောက်ခံ ကုလားကျောင်းများနှင့် အထက်ပစ္စယာအဆင့်ဆင့်စေတီ ကွမ်းတောင်များသည် တစ်ခုနှင့်တစ်ခု ညီညာစွာ ယှက်စပ်နေသည့်အတွက် အချိုးအစား ပြေပြစ်လှပေသည်။ စဉ့်ကွင်းချပ်တို့၏ အရောင်အသွေးမှာ ယနေ့ ခေတ်နျင့်မတူဘဲ စိမ်းစိုသော အရောင်အဆင်းရှိသည်။ ဇာတ်တော်များ၏ အောက်ခြေတွင် မြန်မာ၊ နာဂရီ၊ မွန်အက္ခရာ စာလုံးများဖြင့် မှတ်တမ်းတင်ထားသည်။ ပုဂံတွင်ရှိသော စေတီပုထိုးများထဲတွင် အာနန္ဒာစေတီသည် လက်ရာအမြောက်ဆုံး၊ အနုအစိတ်ဆုံး၊ ဘုရားအဖြစ် ကျော်ကြားသည်။ အာနန္ဒာစေတီ၏ အနုလက်ရာများ ကို လေ့လာခြင်းဖြင့် ရှေးမြန်မာတို့၏ ဗိသုကာပညာကို သိရှိနိုင်ပါသည်။

ဦးကျော်အောင်(စာတည်းမှူး) – ပုဂံစေတီပုထိုးများ
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
အလင်းစေတမန်ဘလော့

Leave a Reply