ကမာၻေက်ာ္ ေရႊေက်ာင္းေတာ္ႀကီး

Posted on

ေရးသားသူ – Aung Zaw Htet

အိႏၵိယႏိုင္ငံ (Punjab)ပန္ဂ်ပ္ျပည္နယ္ Amritsar အမ္ရစ္ဆာၿမိဳ႕ရွိ “Sri Harmandir Sahib” ဟုေခၚေသာ Golden Temple ေရႊဘုရားေက်ာင္းႀကီးဟာ “Sikhism” ဆစ္ခ္ဘာသာ၀င္မ်ား၏ ဘုရားေက်ာင္းႀကီးျဖစ္ပါတယ္။ ဘုရားေက်ာင္းႀကီးထဲတြင္ ကမာၻ႕အႀကီးဆံုး အခမဲ့စားေသာက္ခန္းႀကီးကိုလည္း ထည့္သြင္းတည္ေဆာက္ထားၿပီး တစ္ရက္လွ်င္ လူေပါင္း ၃ သိန္းခန္႔ ေကြ်းေမြးႏိုင္ပါတယ္။

၁၆ ရာစုက အေဆာက္အအံုႀကီးျဖစ္ၿပီး ၁၆၁၄ စတုရန္းေပ အရြယ္အစားရွိေသာ ေရကန္ႀကီးကို “Amritsar” အမ္ရစ္ဆာဟု ေခၚဆိုရာမွ ေရကန္ပတ္ပတ္လည္တြင္ တည္ေသာ ၿမိဳ႕ကို Amritsar အမ္ရစ္ဆာဟု ေခၚတြင္ခဲ့ျခင္း ျဖစ္ပါတယ္။ ေရကန္ထဲတြင္ ေရခ်ဳိးသူတိုင္း ဘာသာေရး အက်ိဴးထူးမ်ားႏွင့္ ေလာကီအက်ိဴးစီးပြားမ်ား ရရွိေလ့ရွိသည္ဟု ယံုၾကည္ၾကပါတယ္။

မူလက ဘုရားေက်ာင္းကို ကုန္းေျမတြင္ ေဆာက္လုပ္ရန္ စီစဥ္ခဲ့ေသာ္လည္း ၀တ္ျပဳသူမ်ားအေနျဖင့္ ဘုရားေက်ာင္းထဲသို႔ ၀င္ရာတြင္ ေအာက္ဘက္သို႔ ဆင္းေစရန္ ရည္ရြယ္၍ ေရကန္ထဲတြင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္ပါတယ္။

၁၆၀၄ ခုႏွစ္တြင္ ေဆာက္လုပ္မႈ ၿပီးစီးခဲ့ပါတယ္။ ၆၇ စတုရန္းေပ အက်ယ္ရွိသည့္ ေအာက္ခံျပားေပၚတြင္ တည္ေဆာက္ထားၿပီး ၁၉၇ ေပ ရွည္သည့္ တာရိုးလမ္းမွ ၀င္ေရာက္ႏိုင္ပါတယ္။ တာရိုးလမ္းအစရွိ မုခ္ဦးသည္ ၂၀ ဒသမ ၃ ေပ ျမင့္ၿပီး ေပ ၂၀ အက်ယ္ရွိပါတယ္။ Golden Temple ေရႊဘုရားေက်ာင္းႀကီးသည္ ၃ ထပ္ အေဆာက္အအံုႀကီးျဖစ္ၿပီး ဘုရားေက်ာင္းႀကီး၏ အရပ္ေလးမ်က္ႏွာတြင္ ၀င္ေပါက္ ၄ ေပါက္ ျပဳလုပ္ထားပါတယ္။

Afghanistan အာဖဂန္နစၥတန္မွ Mughal Empire မဂို အင္ပါယာ စစ္တပ္၏ တိုက္ခိုက္မႈေၾကာင့္ ပ်က္စီးခဲ့ရၿပီး ၁၇၆၀ ျပည့္ႏွစ္မွာ ဘုရားေက်ာင္းကို ျပဳျပင္မႈမ်ား ျပဳလုပ္ခဲ့ရပါတယ္။ ၁၉ ရာစု အေစာပိုင္းမွာ Maharaja Ranjit Singh က Punjab ပန္ဂ်ပ္ျပည္နယ္ကို သိမ္းယူကာ Sikh Empire ဆစ္ခ္​ အင္ပါယာကို တည္ေထာင္ၿပီး ၁၈၀၉ ခုႏွစ္မွာ ဘုရားေက်ာင္းကို ျပန္လည္ျပဳျပင္မြမ္းမံ တည္ေဆာက္ခဲ့ပါတယ္။

ဘုရားေက်ာင္း အျပင္ဘက္နံရံကို ေရႊခ်ိန္ေပါင္ ၁၆၅၃ အသံုးျပဳကာ ေရႊခ်ခဲ့ေသာေၾကာင့္ ဘုရားေက်ာင္းႀကီးသည္ ကြဲျပားျခားနားသည့္ အသြင္သဏၭာန္ ရ​ွိခဲ့ပါတယ္။ ၁၈၃၀ ျပည့္ႏွစ္တြင္ ေရႊခ်ျခင္းလုပ္ငန္း ၿပီးစီးခဲ့သည္ဟု သိရပါတယ္။ ၁၉၈၀ ခုႏွစ္ အေစာပိုင္း ကာလေတြမွာ Indira Gandhi အင္ဒီရာဂႏၵီ အစိုးရလက္ထက္မွာ Sikh ဆစ္ခ္​ ဘာသာ၀င္ေတြနဲ႔ Hindu ဟိႏၵဴဘာသာ၀င္ေတြၾကားမွာ ႀကီးမားတဲ့ ပဋိပကၡေတြ ရွိခဲ့ပါတယ္။

Jarnail Singh Bhindranwale ဂ်ာေနးဆင္း ဘင္ဒရန္၀ါလီ ဦးေဆာင္တဲ့ Sikh ဆစ္ခ္​ ဘာသာ၀င္ လက္နက္ကိုင္ အုပ္စုတစ္စုဟာ India အိႏၵိယႏိုင္ငံကေန ခြဲထြက္ၿပီး Khalistan ခါလစ္စတန္ ဆိုတဲ့ Sikh ဆစ္ခ္​ ဘာသာ၀င္မ်ား ေနထိုင္ရာ ႏိုင္ငံနယ္ေျမ အသစ္တစ္ခု ခြဲထြက္ထူေထာင္ဖို႔ ႀကိဳးပမ္းျခင္းေၾကာင့္ ထိုအခ်ိန္က အိႏၵိယ ဗဟိုအစိုးရနဲ႔ Sikh ဆစ္ခ္​ ဘာသာ၀င္ေတြၾကားမွာ တင္းမာမႈ ပဋိပကၡေတြ ျဖစ္ေပၚခဲ့ရျခင္းလည္း ျဖစ္ပါတယ္။

ထိုအခ်ိန္ကာလအတြင္းမွာ Sikh ဆစ္ခ္​ လက္နက္ကိုင္ အုပ္စုေတြဟာ Golden Temple ေရႊဘုရားေက်ာင္းႀကီးမွာ ေျခကုပ္စခန္းယူထားတာေၾကာင့္ စစ္တပ္က Golden Temple ေရႊဘုရားေက်ာင္းႀကီးကို အေျမွာက္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ၿပီး ၀င္ေရာက္ဖ်က္ဆီး ေခ်မႈန္းခဲ့ရပါတယ္။

၁၉၈၄ ခုႏွစ္မွာေတာ့ ထိုေရႊဘုရားေက်ာင္းႀကီးကို ျပန္လည္တည္ေဆာက္ ျပဳျပင္ခဲ့ရျပန္ပါတယ္။ ၁၉၈၀ – ၁၉၈၄ ခုႏွစ္အတြင္းမွာ အိႏၵိယမွာ Hindu ဟိႏၵဴ ဘာသာ၀င္မ်ားႏွင့္ Sikh ဆစ္ခ္​ ဘာသာ၀င္မ်ားၾကား ပဋိပကၡ အၾကမ္းဖက္ သတ္ျဖတ္မႈမ်ား ႏိုင္ငံအႏွံ႔ျဖစ္ပြားခဲ့ၿပီး Sikh ဆစ္ခ္​ ဘာသာ၀င္ေပါင္း ေသာင္းခ်ီ သတ္ျဖတ္ျခင္းခံခဲ့ရတယ္လို႔ သိရပါတယ္။

၁၉၈၄ ခုႏွစ္ တစ္ႏွစ္တည္းမွာတင္ India အိႏၵိယႏိုင္ငံတစ္၀ွမ္းတြင္ Sikh ဆစ္ခ္​ ဘာသာ၀င္ကို လမ္းေပၚေတြ႕ရင္ လမ္းေပၚတြင္ သတ္ျဖတ္ျခင္း၊ ရထားေပၚေတြ႕ရင္ ရထားေပၚတြင္ သတ္ျဖတ္ျခင္းမ်ားေၾကာင့္ ထိုတစ္ႏွစ္တည္းတြင္ Sikh ဆစ္ခ္​ ဘာသာ၀င္ေပါင္း ၈ ေထာင္နီးပါး ေသဆံုးခဲ့ရပါတယ္။

ထိုေခတ္ကာလက အစိုးရ၏ တရား၀င္ထုတ္ျပန္ခ်က္ေတြမွာေတာ့ ၁၉၈၄ ခုႏွစ္မွာ Sikh ဆစ္ခ္​ ဘာသာ၀င္ေတြ ၂,၈၀၀ ဦးသာ ေသဆံုးခဲ့တယ္လို႔ ေၾကညာေပမယ့္ Sikh ဆစ္ခ္​ ဘာသာ၀င္ အဖြဲ႕အစည္းေတြကေတာ့ ၈ ေထာင္ေက်ာ္ ေသဆံုးတယ္လို႔ မွတ္တမ္းမ်ားအရ ေျပာၾကပါတယ္။

၁၉၈၀ မွ ၁၉၉၀ ခုႏွစ္ၾကား ထိုေခတ္ကာလတစ္ေလွ်ာက္မွာ India အိႏိၵယႏိုင္ငံမွာ Sikh ဆစ္ခ္​ ဘာသာ၀င္ေတြ ၆ ေသာင္းနီးပါး လူမ်ိဴးတံုး သတ္ျဖတ္ျခင္း ခံခဲ့ရတယ္လို႔ Sikh ဆစ္ခ္​ အသိုင္းအ၀ိုင္းက ထုတ္ျပန္ထားေၾကာင္းႏွင့္ ထိုဆယ္စုႏွစ္တာ ကာလကို The Sikh Holocaust of 1980s and 90s in India ဆိုတဲ့ အထိမ္းအမွတ္အေနနဲ႔ Sikh ဆစ္ခ္​ ဘာသာ၀င္တိုင္းရဲ႕ စိတ္ထဲမွာ ေအာက္ေမ့ သတိရေနၾကၿမဲ ျဖစ္တယ္လို႔ သိရပါတယ္။

VIDEO

Ref_Sikhi Wiki & Wikipedia
Aung Zaw Htet


ပန်ဂျပ်ပြည်က ရွှေကျောင်းတော်ကြီး (unicode)

ရေးသားသူ – Aung Zaw Htet

အိန္ဒိယနိုင်ငံ (Punjab)ပန်ဂျပ်ပြည်နယ် Amritsar အမ်ရစ်ဆာမြို့ရှိ “Sri Harmandir Sahib” ဟုခေါ်သော Golden Temple ရွှေဘုရားကျောင်းကြီးဟာ “Sikhism” ဆစ်ခ်ဘာသာဝင်များ၏ ဘုရားကျောင်းကြီးဖြစ်ပါတယ်။ ဘုရားကျောင်းကြီးထဲတွင် ကမ္ဘာ့အကြီးဆုံး အခမဲ့စားသောက်ခန်းကြီးကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး တစ်ရက်လျှင် လူပေါင်း ၃ သိန်းခန့် ကျွေးမွေးနိုင်ပါတယ်။

၁၆ ရာစုက အဆောက်အအုံကြီးဖြစ်ပြီး ၁၆၁၄ စတုရန်းပေ အရွယ်အစားရှိသော ရေကန်ကြီးကို “Amritsar” အမ်ရစ်ဆာဟု ခေါ်ဆိုရာမှ ရေကန်ပတ်ပတ်လည်တွင် တည်သော မြို့ကို Amritsar အမ်ရစ်ဆာဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပါတယ်။ ရေကန်ထဲတွင် ရေချိုးသူတိုင်း ဘာသာရေး အကျိူးထူးများနှင့် လောကီအကျိူးစီးပွားများ ရရှိလေ့ရှိသည်ဟု ယုံကြည်ကြပါတယ်။ မူလက ဘုရားကျောင်းကို ကုန်းမြေတွင် ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ဝတ်ပြုသူများအနေဖြင့် ဘုရားကျောင်းထဲသို့ ဝင်ရာတွင် အောက်ဘက်သို့ ဆင်းစေရန် ရည်ရွယ်၍ ရေကန်ထဲတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

၁၆၀၄ ခုနှစ်တွင် ဆောက်လုပ်မှု ပြီးစီးခဲ့ပါတယ်။ ၆၇ စတုရန်းပေ အကျယ်ရှိသည့် အောက်ခံပြားပေါ်တွင် တည်ဆောက်ထားပြီး ၁၉၇ ပေ ရှည်သည့် တာရိုးလမ်းမှ ဝင်ရောက်နိုင်ပါတယ်။ တာရိုးလမ်းအစရှိ မုခ်ဦးသည် ၂၀ ဒသမ ၃ ပေ မြင့်ပြီး ပေ ၂၀ အကျယ်ရှိပါတယ်။ Golden Temple ရွှေဘုရားကျောင်းကြီးသည် ၃ ထပ် အဆောက်အအုံကြီးဖြစ်ပြီး ဘုရားကျောင်းကြီး၏ အရပ်လေးမျက်နှာတွင် ဝင်ပေါက် ၄ ပေါက် ပြုလုပ်ထားပါတယ်။

Afghanistan အာဖဂန်နစ္စတန်မှ Mughal Empire မဂို အင်ပါယာ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး ၁၇၆၀ ပြည့်နှစ်မှာ ဘုရားကျောင်းကို ပြုပြင်မှုများ ပြုလုပ်ခဲ့ရပါတယ်။ ၁၉ ရာစု အစောပိုင်းမှာ Maharaja Ranjit Singh က Punjab ပန်ဂျပ်ပြည်နယ်ကို သိမ်းယူကာ Sikh Empire ဆစ်ခ်​ အင်ပါယာကို တည်ထောင်ပြီး ၁၈၀၉ ခုနှစ်မှာ ဘုရားကျောင်းကို ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့ပါတယ်။ ဘုရားကျောင်း အပြင်ဘက်နံရံကို ရွှေချိန်ပေါင် ၁၆၅၃ အသုံးပြုကာ ရွှေချခဲ့သောကြောင့် ဘုရားကျောင်းကြီးသည် ကွဲပြားခြားနားသည့် အသွင်သဏ္ဌာန် ရ​ွိခဲ့ပါတယ်။ ၁၈၃၀ ပြည့်နှစ်တွင် ရွှေချခြင်းလုပ်ငန်း ပြီးစီးခဲ့သည်ဟု သိရပါတယ်။ ၁၉၈၀ ခုနှစ် အစောပိုင်း ကာလတွေမှာ Indira Gandhi အင်ဒီရာဂန္ဒီ အစိုးရလက်ထက်မှာ Sikh ဆစ်ခ်​ ဘာသာဝင်တွေနဲ့ Hindu ဟိန္ဒူဘာသာဝင်တွေကြားမှာ ကြီးမားတဲ့ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။

Jarnail Singh Bhindranwale ဂျာနေးဆင်း ဘင်ဒရန်ဝါလီ ဦးဆောင်တဲ့ Sikh ဆစ်ခ်​ ဘာသာဝင် လက်နက်ကိုင် အုပ်စုတစ်စုဟာ India အိန္ဒိယနိုင်ငံကနေ ခွဲထွက်ပြီး Khalistan ခါလစ်စတန် ဆိုတဲ့ Sikh ဆစ်ခ်​ ဘာသာဝင်များ နေထိုင်ရာ နိုင်ငံနယ်မြေ အသစ်တစ်ခု ခွဲထွက်ထူထောင်ဖို့ ကြိုးပမ်းခြင်းကြောင့် ထိုအချိန်က အိန္ဒိယ ဗဟိုအစိုးရနဲ့ Sikh ဆစ်ခ်​ ဘာသာဝင်တွေကြားမှာ တင်းမာမှု ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။ ထိုအချိန်ကာလအတွင်းမှာ Sikh ဆစ်ခ်​ လက်နက်ကိုင် အုပ်စုတွေဟာ Golden Temple ရွှေဘုရားကျောင်းကြီးမှာ ခြေကုပ်စခန်းယူထားတာကြောင့် စစ်တပ်က Golden Temple ရွှေဘုရားကျောင်းကြီးကို အမြှောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်ဖျက်ဆီး ချေမှုန်းခဲ့ရပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ ထိုရွှေဘုရားကျောင်းကြီးကို ပြန်လည်တည်ဆောက် ပြုပြင်ခဲ့ရပြန်ပါတယ်။ ၁၉၈၀ – ၁၉၈၄ ခုနှစ်အတွင်းမှာ အိန္ဒိယမှာ Hindu ဟိန္ဒူ ဘာသာဝင်များနှင့် Sikh ဆစ်ခ်​ ဘာသာဝင်များကြား ပဋိပက္ခ အကြမ်းဖက် သတ်ဖြတ်မှုများ နိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး Sikh ဆစ်ခ်​ ဘာသာဝင်ပေါင်း သောင်းချီ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ၁၉၈၄ ခုနှစ် တစ်နှစ်တည်းမှာတင် India အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် Sikh ဆစ်ခ်​ ဘာသာဝင်ကို လမ်းပေါ်တွေ့ရင် လမ်းပေါ်တွင် သတ်ဖြတ်ခြင်း၊ ရထားပေါ်တွေ့ရင် ရထားပေါ်တွင် သတ်ဖြတ်ခြင်းများကြောင့် ထိုတစ်နှစ်တည်းတွင် Sikh ဆစ်ခ်​ ဘာသာဝင်ပေါင်း ၈ ထောင်နီးပါး သေဆုံးခဲ့ရပါတယ်။

ထိုခေတ်ကာလက အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွေမှာတော့ ၁၉၈၄ ခုနှစ်မှာ Sikh ဆစ်ခ်​ ဘာသာဝင်တွေ ၂,၈၀၀ ဦးသာ သေဆုံးခဲ့တယ်လို့ ကြေညာပေမယ့် Sikh ဆစ်ခ်​ ဘာသာဝင် အဖွဲ့အစည်းတွေကတော့ ၈ ထောင်ကျော် သေဆုံးတယ်လို့ မှတ်တမ်းများအရ ပြောကြပါတယ်။ ၁၉၈၀ မှ ၁၉၉၀ ခုနှစ်ကြား ထိုခေတ်ကာလတစ်လျှောက်မှာ India အိန္ဒိယနိုင်ငံမှာ Sikh ဆစ်ခ်​ ဘာသာဝင်တွေ ၆ သောင်းနီးပါး လူမျိူးတုံး သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ Sikh ဆစ်ခ်​ အသိုင်းအဝိုင်းက ထုတ်ပြန်ထားကြောင်းနှင့် ထိုဆယ်စုနှစ်တာ ကာလကို The Sikh Holocaust of 1980s and 90s in India ဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ Sikh ဆစ်ခ်​ ဘာသာဝင်တိုင်းရဲ့ စိတ်ထဲမှာ အောက်မေ့ သတိရနေကြမြဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref_Sikhi Wiki & Wikipedia
Aung Zaw Htet

Leave a Reply