တေခတ္တခါက ျပည္သူေတြခ်စ္တဲ့ ဇာတ္မင္းသားႀကီး ဂရိတ္ ဦးဘုိးစိန္ အေၾကာင္း

Posted on

ဂရိတ္ဦးဘုိးစိန္(ဦးဖုိးစိန္)ဟု ဆုိလုိက္လွ်င္ ယေန႔ေခတ္တုိင္ အမ်ားစုသိႀကဦးမည္ ၿဖစ္သည္။ သူ႔ေခတ္သူ႔အခါကေတာ့ မသိသူ မရွိေလာက္ေအာင္ နာမည္ေက်ာ္ခဲ့သည္။ ဦးဘုိးစိန္ ႏွင့္ သူ၏ဇာတ္သဘင္သည္ ၿမန္မာ့ဇာတ္သဘင္ေလာကတြင္သာမက အေနာက္ႏုိင္ငံမ်ားအထိပါ ေက်ာ္ႀကားခဲ့သည္။

ဦးဘုိးစိန္ကုိ ဇာတ္မင္းသားႀကီး ဦးဖုိးစိန္ဟု ေခၚႀကသလုိ ဘုရားဒါယကာ ဦးဘုိးစိန္ ၊ ဂရိတ္ဦးဘုိးစိန္ဟု လည္း ေခၚႀကသည္။ ဦးဘုိးစိန္တြင္ ထူးၿခားေသာ ကုိယ္ပုိင္ဟန္ ရွိသည္။ ထုိဟန္ကုိ လူႀကဳိက္မ်ားႀကသည္။ ေရွးဆုိဟန္ ဆုိနည္းတုိ႔၌ မေရာင့္ရဲဘဲ ယင္းတုိ႔ကုိ အေၿခခံ၍ ဟန္သစ္မ်ား ဖန္တီးေလ့ရွိသည္။ သီခ်င္းမ်ားကုိ ႏုိင္ငံၿခားသံ စယူ၍ သုံးစြဲသူမွာ ဦးဘုိးစိန္ပင္ ၿဖစ္သည္။ သုိ႔ရာတြင္ တုိက္ရုိက္မယူပဲ ၿမန္မာအသံ နား၀င္ခ်ဳိေအာင္ ၊ မေထာင့္ေအာင္ ၿပဳၿပင္သြင္းယူသည္။ ေရွးက သီခ်င္းဆုိရုိးရွိခဲ့ေသာ္လည္း ၆ ေပါက္သံၿဖင့္ စထြင္သီဆုိသူမွာ ဦးဘုိးစိန္ၿဖစ္သည္။

ဦးဘိုးစိန္ကို ၁၈၈၂ခုႏွစ္ (ျမန္မာသကၠရာဇ္ ၁၂၄၄ ခုႏွစ္ ကဆုန္လဆန္း ၁ ရက္ တနလၤာေန႔တြင္) ေျမာင္းျမၿမိဳ႕နယ္ လူေဂါင္းကၽြန္း ဌာနအပိုင္ ခေလာက္သိုက္႐ြာ၌ အဘဦးစံဒြန္း၊ အမိ ေဒၚေ႐ႊ႐ုပ္တို႔မွ ဖြားျမင္သည္။ ဖြားျမင္ရာ ခေလာက္သိုက္႐ြာကို အေၾကာင္းျပဳ၍ ငယ္မည္ ေမာင္သိုက္ဟု တြင္သည္။ မိခင္ေရာ ဖခင္ပါ ေျမဝိုင္းေခတ္ မင္းသမီးမင္းသားႀကီးမ်ား ျဖစ္သည္။ ဦးဘိုးစိန္၏ ေမြးခ်င္း ေမာင္ႏွမတို႔သည္ မင္းသမီး၊ မင္းသား၊ ဇာတ္သမားမ်ားပင္ ျဖစ္သည္။

သက္ ၇ ႏွစ္အ႐ြယ္မွစ၍ ေမာင္ဘိုးစိန္သည္ က်ဳံေပ်ာ္ၿမိဳ႕ ဦးနႏၵိယေက်ာင္း၌ ပညာဆည္းပူးရာ ၁၂ ႏွစ္ သားအထိ ျဖစ္သည္။ တစ္ခါတစ္ရံ အကခုန္မ်ားရွိေသာခါ ေမာင္ဘိုးစိန္ ကေလးအား သင္ၾကားျပသ၍ ပါဝင္ကျပ ေစသည္။ ပညာသင္ေနခိုက္ပင္ အစ္မျဖစ္သူ မင္းသမီးႀကီး မစိန္တုပ္ႏွင့္ ဦးရီးစမၸယ္ၫြန္႔တို႔ဇာတ္ထဲတြင္ လင္းကြင္းတီးမွအစ ဆိုင္း ေနာက္ထ အျဖစ္အထိ ဝင္ေရာက္အမႈထမ္းခဲ့ရသည္။ ညီျဖစ္သူ၏ သဘင္ဝါသနာကို ရိပ္မိေသာ အစ္ကို ကိုၾကာယုံသည္ ဘိုးစိန္ကေလးအား ေညာင္တုန္းၿမိဳ႕မွ က်ဳံေပ်ာ္ၿမိဳ႕သို႔ဇာတ္ ကရန္ ေရာက္လာ ေသာ ဆိုင္းဆရာ ဦးစံခ်ိန္ထံတြင္ ပညာသင္ရန္ အပ္ႏွံလိုက္သည္။ ထိုအခါမွစ၍ ေမာင္သိုက္ဟူေသာ ငယ္မည္မွ ေမာင္စိန္ဟူေသာ အမည္သို႔ေျပာင္းသည္။

ဦးစံခ်ိန္ထံတြင္ ေရွးဦးစြာ ဝါးလက္ခုပ္တီးရ၍ မၾကာမီပင္ လင္းကြင္းႀကီးႏွင့္ ဝါးလက္ခုပ္ဖက္၍ ကိုင္ႏိုင္လာသည္။ အားလပ္သည့္အခါတြင္လည္း ေၾကးေနာင္ဝိုင္းထဲဝင္၍ တီးယင္း ဆိုင္းပါ တီးတတ္လာသည္။ ရပ္႐ြာဘုရားပြဲမ်ား ရွိသည့္အခါ အရပ္ဇာတ္မင္းသားအျဖစ္ ဝင္ေရာက္ကျပရသည္။ က်ဳံေပ်ာ္ၿမိဳ႕ ျမတ္ခ်မ္းသာ ဘုရားပြဲေတာ္တြင္ ဘုရားလူႀကီး ဦးစံဦးက ေညာင္တုန္းၿမိဳ႕မွ အၿငိမ္းမင္းသမီး မစိန္ခင္ႏွင့္ ဘိုးစိန္ကေလးအား တြဲဖက္ကေစရာ၊ နာမည္ရမင္းသမီးကိုပင္ မီေအာင္ကႏိုင္ေသာေၾကာင့္ နာမည္ပို၍ ထြက္လာသည္။ ထိုအခ်ိန္က ဘိုးစိန္ကေလးသည္ ၁၂ ႏွစ္သားသာ ရွိေသးေၾကာင္းကို လက္တစ္သစ္ကယ္မွ မႂကြားပါဘူး၊ ၁၂ ႏွစ္သားရယ္က မင္းသား ျဖစ္တယ္တဲ့ကြယ္ ဟု သူ႕သီခ်င္းထဲတြင္ ထည့္၍ ဆိုထား ေလသည္။

၁၈၉၆ ခုႏွစ္တြင္ သာမေဏ ဝတ္ၿပီးေနာက္ လူထြက္ေသာအခါ အစ္ကိုျဖစ္သူ ေထာင္ေသာ ဇာတ္အဖြဲ႕တြင္ ေမာင္ဘိုးစိန္သည္ အကူဇာတ္ဆရာျဖစ္လာသည္။ ယင္းဇာတ္ဖြဲ႕တြင္ ကံႀကီးေဒါင့္သူ မင္းသမီး မျမၫြန္႔ႏွင့္ တြဲဖက္၍ ေခါင္းေဆာင္မင္းသားအျဖစ္ ကခဲ့ရသည္။ ၁၆ ႏွစ္သားအ႐ြယ္တြင္ မင္းသမီး မျမၫြန္႔ႏွင့္ အေၾကာင္းပါသည္။ သဘင္ပညာဆက္လက္ မႀကိဳးစားႏိုင္မည္ စိုးသျဖင့္ ေဆြမ်ိဳးမ်ားက မျမၫြန္႔ႏွင့္ ခြဲသည္။ ထို႔ေနာက္ အစ္ကိုျဖစ္သူ ဦးခ်စ္စရာမ မႏၲေလးၿမိဳ႕တြင္ သဘင္ပညာဆည္းပူးရန္ေခၚသြား ရာ တြဲဖက္ကရန္ မင္းသားေကာင္း အရွာထြက္လာၾကေသာ ဆင္ျဖဴကၽြန္း ဆရာေအး၊ ေယာက္်ားမင္းသမီး ေအာင္ဗလတို႔ႏွင့္ ဘိုးစိန္တို႔အစမ္းတစ္ပြဲ တြဲဖက္ကျပေသာအခါ၊ ပရိသတ္ အလြန္ႀကိဳက္ေလသည္။ ဘိုးစိန္ႏွင့္ ေအာင္ဗလတို႔သည္ ၁၈၉၈ ခုႏွစ္မွ ၁၉၀၃ ခုႏွစ္အထိ ၅ ႏွစ္နီးနီး တြဲဖက္ကျပရာမွာ ဘိုးစိန္ ေအာင္ဗလ ဟူေသာ အမည္သည္ ေတာေရာၿမိဳ႕ပါ ထင္ရွားလာသည္။ သူတို႔၂ ဦး တြဲမိမွပင္ ဘိုးစိန္ ရန္ကုန္ေရာက္လာသည္။

၁၉၀၃ ခုႏွစ္တြင္ ဘိုးစိန္သည္ ဇာတ္ဆရာ ဦးစိႏၲာ၊ မေသာင္းတို႔၏ ဇာတ္အဖြဲ႕တြင္ မင္းသမီး ေငြစိန္၊ ေငြရီ၊ ၫိုၫိုစေသာ ညီအစ္မတစ္စုႏွင့္ တြဲဖက္ကရသည္။ ေငြစိန္ အျခားဇာတ္သို႔ ေရာက္သြားေသာအခါမွ မင္းသမီး မစိန္ဥႏွင့္ တြဲကရသည္။ ယင္းသို႔ကျပရင္း မစိန္ဥႏွင့္ အေၾကာင္းပါသည္။ တစ္ဖန္ ၁၉၀၇ ခုႏွစ္တြင္ ျမန္မာမင္းလက္ထက္ ေ႐ႊတိုက္စိုး ေတာင္ခြင္မင္းႀကီး၏ သမီး ခင္ခင္လတ္ႀကီးႏွင့္ လက္ထပ္ေလသည္။ ထိုအခ်ိန္ ကစ၍ ကိုယ္ပိုင္ ဇာတ္ဆရာႏွင့္ ဇာတ္ပိုင္ရွင္ ျဖစ္လာသည္။ ထို႔ေနာက္ လက္ေထာက္ မင္းသမီးေလး မၾကင္ယုံႏွင့္ အေၾကာင္းပါရာ ဦးဘိုးစိန္ကြယ္လြန္သည္အထိ ထင္းပုံေခါင္းခ် ေပါင္းၾကေလသည္။

ဦးဘုိးစိန္ႏွင့္ ေဒၚၾကင္ယုံတို႔တြင္ သားသမီး ၇ ေယာက္ရွိသည့္အနက္ သားမ်ားျဖစ္ေသာ ကနက္စိန္၊ ကိုစန္ႀကိဳင္ႏွင့္ တသက္စိန္တို႔သည္ ဘခင္၏ သဘင္ပညာ မတိမ္ေကာေစရန္ စိန္မဟာ သဘင္အဖြဲ႕ႀကီးကို ဆက္လက္ ကျပေနၾကသည္။ ဦးဘိုးစိန္ သည္ ၁၉၅၄ခုႏွစ္ ဇန္န၀ါရီ ၁၁ ရက္ေန႔တြင္ အသက္ ၇၁ ႏွစ္အ႐ြယ္၌ ရန္ကုန္ၿမိဳ႕ေနအိမ္တြင္ ကြယ္လြန္ သည္။ မကြယ္လြန္မီ၊ လြတ္လပ္ေရးရၿပီး ေနာက္တစ္ႏွစ္တြင္ ျပည္ေထာင္စု ျမန္မာႏိုင္ငံအစိုးရက ဦးဘိုးစိန္အား ဝဏၰေက်ာ္ထင္ဘြဲ႕ျဖင့္ ခ်ီးျမႇင့္သည္။ ၿဗိတိသၽွ အစိုးရလက္ထက္ ပထမ ကမၻာစစ္ႀကီးတြင္းကလည္း ၾကက္ေျခနီ သူနာျပဳတပ္ ရန္ပုံေငြအတြက္ ကျပကူညီသည္ကို ဂုဏ္ျပဳေသာအားျဖင့္ တီ၊ ပီ၊ အက္ (စ) ေခၚ တိုင္းက်ိဳးျပည္ျပဳ က်ိဳးေဆာင္ဘြဲ႕ခ်ီးျမႇင့္ျခင္း ခံခဲ့ရေလသည္။

အဆုိပုိင္ရုံသာမက အသံလည္းသာသည္။ အသံကုိ စိတ္ေနသဘာ၀အလုိက္ သူ႔ေနရာႏွင့္သူ သြင္းသြားတတ္သူ ၿဖစ္သည္။ ပုိးခန္း ပန္းခန္း၌ ေထ့သံ ၊ ေငါ့သံ ၊ ညဳသံ ၊ ေဆြးသံမ်ား သြင္းႏဳိင္သည္။ အသံေကာင္းရုံသာမက အေၿပာလည္း ပုိင္သူ ၿဖစ္သည္။ ဇ၀နဥာဏ္ထက္သူ ၿဖစ္ရာ ခဏခ်င္း လုိရာကုိ စီကာပတ္ကုံးေၿပာႏုိင္သည္။ နာရီ၀က္ ၄၅ မိနစ္ အမွ်င္မၿပတ္ေအာင္ေၿပာၿပီးေနာက္မွ သီခ်င္ကုိ ၿဖတ္ထားေသာေနရာမွ ၿပန္ေကာက္ဆုိႏုိင္သူ ၿဖစ္သည္။ အေၿပာတြင္ ဦးဘုိးစိန္ကုိ မီသူ ယေန႔ထိမေပၚေသးဟု ေၿပာစမွတ္ၿပဳႀကသည္။

အဆုိ အေၿပာတင္ မဟုတ္ အက၌လည္း ထြင္သူ ၿဖစ္သည္။ မင္းသမီး ၂ လက္ ၃ လက္ ႏွင့္ တြဲကသည္မွာ ဦးဘုိးစိန္အစၿဖစ္သည္။ ေရွးၿမန္မာအကသည္ လက္ကုိသာ အသုံးၿပဳေႀကာင္း ဦးဘုိးစိန္သုံးသပ္မိေသာအခါ ၿမန္မာႏုိင္ငံေရာက္ ကပၸလီလူမ်ဳိးတစ္ဦးထံမွ ေၿခက(Tap dance) ကုိ သင္ယူၿပီး ၿမန္မာ့ေၿခအၿဖစ္ ၿပဳၿပင္ကာ ၿပန္လည္ထြင္ခဲ့သည္။ တီးလုံးႏွင့္ အကုိက္ အစြမ္းကုန္ကေနရင္း သီခ်င္းသံတစ္ခ်က္ မတိမ္ေအာင္ဆုိႏုိင္သူ ၿဖစ္သည္။ အကတင္မဟုတ္ အၿပတြင္လည္း ဦးဘုိးစိန္က ထိပ္ပင္။ သူ႔လက္ထက္က်မွ ဇာတ္ခုံေပၚတြင္ အေဆာင္အေယာင္ ဟိတ္ဟန္ဆန္းၿပားလာသည္။ မူလက ေရနံဆီမီးတုိင္ထြန္းကရာမွ လသာမွအိမ္ ၊ လွ်ပ္စစ္ဓာတ္မီး စသည္ၿဖင့္ စ၍ ထြန္း ကခဲ့သူမွာ ဦးဘုိးစိန္ ၿဖစ္သည္။ ဘုိးစိန္တုိ႔ကေတာ့ ဖန္သီးကေတာင္ မီးထေအာင္လုပ္ႏုိင္သေဟ့ ဟု အံႀသရသည္ အထိၿဖစ္သည္။

အကကသည့္ေနရာ၌လည္း သဏၭာန္လုပ္လွ်င္ သရုပ္ေဆာင္တတ္၏။ ပဋိကၡရားဇာတ္၌ သရုပ္ေဆာင္ရာတြင္ ေရႊဦးထုတ္ ၊ စူရတီေ၀့စ္ကုတ္ ၊ ေရႊၿခည္ထုိး စူရတီေဘာင္းဘီရွည္ ၊ ဖိနပ္ၿပဳိးၿပဳိးေၿပာင္ေၿပာင္မ်ားကုိ ၀တ္ဆင္၍ ကသည္။ ထုိဇာတ္ကၿပီးေသာ အခါ က်ားမ မေရြး စူရတီလုံခ်ည္မ်ား၀တ္ႀကသည္မွာ ေနရာအႏွံ႔ပင္ ၿဖစ္သည္ ဟု ဆုိႀကသည္။ ဦးဘုိးစိန္ပြဲႀကည့္ရလွ်င္ ဂုဏ္ရွိသည္။ ၎ႏွင့္ စကားေၿပာခြင့္ရလွ်င္ ၀မ္းေၿမာက္မဆုံး။ ေႀကးရတတ္မ်ား ႏွင့္ ရာထူးရာခံရွိသူမ်ားသည္ ပြဲထုိင္သြားသကဲ့သုိ႔ပင္ ၀တ္ေကာင္းစားလွႏွင့္ စိန္ေရႊရတနာမ်ား ၀တ္ကာ ဦးဘုိးစိန္ပြဲကုိ သြားႀကည့္ႀကသည္ဟု ဆုိသည္။ ဦးဘုိးစိန္ကုိ ၿမန္မာတုိ႔သာမက တရုတ္ ၊ ကုလား ၊ ပသွ်ဴး ၊ အဂၤလိပ္မ်က္ႏွာၿဖဴမ်ားကပါ ခ်စ္ခင္ႀကသည္။ အမ်ဳိးသမီးအခ်ဳိ႕ဆိုလွ်င္ ခ်စ္ခင္စြဲလမ္းလြန္းသၿဖင့္ ေရႊဒဂၤါးမ်ားကုိ လက္ေဆာင္ပစၥည္းမ်ားႀကားတြင္ ညွပ္ေပးႀကသည္။

ဤကဲ့သုိ႔ လူတုိင္းဦးဘုိးစိန္ကုိ ခ်စ္ခင္ႀကသည္မွာ တစ္ဦးေမတၱာတစ္ဦးမွာ ဆုိသကဲ့သုိ႔ ဦးဘုိးစိန္ကုိယ္တုိင္ကလည္း ပရိသတ္အေပၚ အထူးခ်စ္ခင္ေလးစားေသာေႀကာင့္ ၿဖစ္သည္။ ငါႏုိင္ငံေက်ာ္ဇာတ္မင္းသားဟု မည္သည့္အခါမွ မထီမဲ့ၿမင္မၿပဳ ၊ သူ႔ကုိယ္သူ မပုိင္ ၊ ပရိသတ္ကသာ သူ႔ကုိပုိင္သည္ ဟု ခံယူထားသူၿဖစ္သည္။

ဦးဘုိးစိန္သည္ ေပါက္က်ဳိင္း ၊ ဖာတစ္လုံးေခါင္းက်ား စသည့္ ဒ႑ာရီ ရာဇ၀င္ မ်ားအၿပင္ ဇာတ္နိပါတ္မ်ားစြာကိုပါ ကၿပခဲ့သည္။ ကသည့္ဇာတ္ထုပ္တုိင္း ပီၿပင္လြန္းသည့္အတြက္ နာမည္ေက်ာ္သည္။ ပီၿပင္လြန္းသည့္အတြက္ ထိလပ္-ပုိးဥ မည္ေသာ ကိုယ္ေပ်ာက္အတတ္ရရန္ ဇနီးသည္၏ဗုိက္ကုိခြဲ ၀မ္းထဲမွ ကေလးကုိ အရွင္လတ္လတ္မီးကင္စားေသာ ဇာတ္ကုိ ဦးဘုိးစိန္ကၿပခဲ့ရာ ေမွာ္အင္းရြာတရြာမွ လူတစ္ေယာက္သည္ ထုိကဲ့သုိ႔လက္ေတြ႔ၿပဳလုပ္ေသာေႀကာင့္ ေထာင္က်သြားခဲ့သည္။ ထုိအခ်ိန္မွစ၍ ဦးဘုိးစိန္သည္ ထိလပ္-ပုိးဥ ဇာတ္ကုိ မကေတာ့ေခ်။

ၿမန္မာ့ဇာတ္သဘင္ေလာကတြင္ ဦးဘုိးစိန္၏ လႈပ္ရွားမႈ ၊ အဆုိအက ၊ အၿပင္အဆင္ တီထြင္မႈမ်ားေႀကာင့္ ဦးဘုိးစိန္အား သဘင့္ဥေသွ်ာင္အၿဖစ္ ဥဒါန္းတြင္ေစခဲ့သည္။ ထုိအခ်ိန္က နာမည္ေက်ာ္ဇာတ္မင္းသားႀကီးမ်ားၿဖစ္ေသာ ဦးစိန္အုပ္ ၊ အီေနာင္ဦးစံတုပ္ ၊ ဦးစိန္ကတုံးတုိ႔ႏွင့္ အၿပဳိင္ကရသည့္ ႀကားထဲမွ နာမည္မေသသြားပဲ ထုိးထြက္ကာ ထိပ္ဆုံးအထိေရာက္ခဲ့သည္မွာ ဦးဖုိးစိန္၏ ပရိတ္သတ္အေပၚထားရွိသည့္ ေစတနာႏွင့္ ႀကဳိးစားအားထုတ္မႈေႀကာင့္ပင္ ၿဖစ္သည္။ သူေနထုိင္ခဲ့ရာ တာေမြလမ္းကုိ ဘုိးစိန္လမ္းအၿဖစ္ ေခၚတြင္ခဲ့ႀကသည္။ ဘုရားဒါယကာႀကီး ဦးဘုိးစိန္ဟု ေခၚႀကၿခင္းမွာ ဦးဘုိးစိန္သည္ ဘုရားေစတီေပါင္း ၆၈ ဆူ တည္ခဲ့ေသာေႀကာင့္ ပင္ ၿဖစ္သည္။

ပထမျမန္မာမ်ား – မင္းယုေ၀
ျမန္မာ့စြယ္စုံက်မ္း အတြဲ ၈


တခေတ်တခါက ပြည်သူတွေချစ်တဲ့ ဇာတ်မင်းသားကြီး ဂရိတ် ဦးဘိုးစိန် အကြောင်း (unicode)

ဂရိတ်ဦးဘိုးစိန်(ဦးဖိုးစိန်)ဟု ဆိုလိုက်လျှင် ယနေ့ခေတ်တိုင် အများစုသိကြဦးမည် ဖြစ်သည်။ သူ့ခေတ်သူ့အခါကတော့ မသိသူ မရှိလောက်အောင် နာမည်ကျော်ခဲ့သည်။ ဦးဘိုးစိန် နှင့် သူ၏ဇာတ်သဘင်သည် မြန်မာ့ဇာတ်သဘင်လောကတွင်သာမက အနောက်နိုင်ငံများအထိပါ ကျော်ကြားခဲ့သည်။

ဦးဘိုးစိန်ကို ဇာတ်မင်းသားကြီး ဦးဖိုးစိန်ဟု ခေါ်ကြသလို ဘုရားဒါယကာ ဦးဘိုးစိန် ၊ ဂရိတ်ဦးဘိုးစိန်ဟု လည်း ခေါ်ကြသည်။ ဦးဘိုးစိန်တွင် ထူးခြားသော ကိုယ်ပိုင်ဟန် ရှိသည်။ ထိုဟန်ကို လူကြိုက်များကြသည်။ ရှေးဆိုဟန် ဆိုနည်းတို့၌ မရောင့်ရဲဘဲ ယင်းတို့ကို အခြေခံ၍ ဟန်သစ်များ ဖန်တီးလေ့ရှိသည်။ သီချင်းများကို နိုင်ငံခြားသံ စယူ၍ သုံးစွဲသူမှာ ဦးဘိုးစိန်ပင် ဖြစ်သည်။ သို့ရာတွင် တိုက်ရိုက်မယူပဲ မြန်မာအသံ နားဝင်ချိုအောင် ၊ မထောင့်အောင် ပြုပြင်သွင်းယူသည်။ ရှေးက သီချင်းဆိုရိုးရှိခဲ့သော်လည်း ၆ ပေါက်သံဖြင့် စထွင်သီဆိုသူမှာ ဦးဘိုးစိန်ဖြစ်သည်။

ဦးဘိုးစိန်ကို ၁၈၈၂ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၁ ရက် တနင်္လာနေ့တွင်) မြောင်းမြမြို့နယ် လူဂေါင်းကျွန်း ဌာနအပိုင် ခလောက်သိုက်ရွာ၌ အဘဦးစံဒွန်း၊ အမိ ဒေါ်ရွှေရုပ်တို့မှ ဖွားမြင်သည်။ ဖွားမြင်ရာ ခလောက်သိုက်ရွာကို အကြောင်းပြု၍ ငယ်မည် မောင်သိုက်ဟု တွင်သည်။ မိခင်ရော ဖခင်ပါ မြေဝိုင်းခေတ် မင်းသမီးမင်းသားကြီးများ ဖြစ်သည်။ ဦးဘိုးစိန်၏ မွေးချင်း မောင်နှမတို့သည် မင်းသမီး၊ မင်းသား၊ ဇာတ်သမားများပင် ဖြစ်သည်။

သက် ၇ နှစ်အရွယ်မှစ၍ မောင်ဘိုးစိန်သည် ကျုံပျော်မြို့ ဦးနန္ဒိယကျောင်း၌ ပညာဆည်းပူးရာ ၁၂ နှစ် သားအထိ ဖြစ်သည်။ တစ်ခါတစ်ရံ အကခုန်များရှိသောခါ မောင်ဘိုးစိန် ကလေးအား သင်ကြားပြသ၍ ပါဝင်ကပြ စေသည်။ ပညာသင်နေခိုက်ပင် အစ်မဖြစ်သူ မင်းသမီးကြီး မစိန်တုပ်နှင့် ဦးရီးစမ္ပယ်ညွန့်တို့ဇာတ်ထဲတွင် လင်းကွင်းတီးမှအစ ဆိုင်း နောက်ထ အဖြစ်အထိ ဝင်ရောက်အမှုထမ်းခဲ့ရသည်။ ညီဖြစ်သူ၏ သဘင်ဝါသနာကို ရိပ်မိသော အစ်ကို ကိုကြာယုံသည် ဘိုးစိန်ကလေးအား ညောင်တုန်းမြို့မှ ကျုံပျော်မြို့သို့ဇာတ် ကရန် ရောက်လာ သော ဆိုင်းဆရာ ဦးစံချိန်ထံတွင် ပညာသင်ရန် အပ်နှံလိုက်သည်။ ထိုအခါမှစ၍ မောင်သိုက်ဟူသော ငယ်မည်မှ မောင်စိန်ဟူသော အမည်သို့ပြောင်းသည်။

ဦးစံချိန်ထံတွင် ရှေးဦးစွာ ဝါးလက်ခုပ်တီးရ၍ မကြာမီပင် လင်းကွင်းကြီးနှင့် ဝါးလက်ခုပ်ဖက်၍ ကိုင်နိုင်လာသည်။ အားလပ်သည့်အခါတွင်လည်း ကြေးနောင်ဝိုင်းထဲဝင်၍ တီးယင်း ဆိုင်းပါ တီးတတ်လာသည်။ ရပ်ရွာဘုရားပွဲများ ရှိသည့်အခါ အရပ်ဇာတ်မင်းသားအဖြစ် ဝင်ရောက်ကပြရသည်။ ကျုံပျော်မြို့ မြတ်ချမ်းသာ ဘုရားပွဲတော်တွင် ဘုရားလူကြီး ဦးစံဦးက ညောင်တုန်းမြို့မှ အငြိမ်းမင်းသမီး မစိန်ခင်နှင့် ဘိုးစိန်ကလေးအား တွဲဖက်ကစေရာ၊ နာမည်ရမင်းသမီးကိုပင် မီအောင်ကနိုင်သောကြောင့် နာမည်ပို၍ ထွက်လာသည်။ ထိုအချိန်က ဘိုးစိန်ကလေးသည် ၁၂ နှစ်သားသာ ရှိသေးကြောင်းကို လက်တစ်သစ်ကယ်မှ မကြွားပါဘူး၊ ၁၂ နှစ်သားရယ်က မင်းသား ဖြစ်တယ်တဲ့ကွယ် ဟု သူ့သီချင်းထဲတွင် ထည့်၍ ဆိုထား လေသည်။

၁၈၉၆ ခုနှစ်တွင် သာမဏေ ဝတ်ပြီးနောက် လူထွက်သောအခါ အစ်ကိုဖြစ်သူ ထောင်သော ဇာတ်အဖွဲ့တွင် မောင်ဘိုးစိန်သည် အကူဇာတ်ဆရာဖြစ်လာသည်။ ယင်းဇာတ်ဖွဲ့တွင် ကံကြီးဒေါင့်သူ မင်းသမီး မမြညွန့်နှင့် တွဲဖက်၍ ခေါင်းဆောင်မင်းသားအဖြစ် ကခဲ့ရသည်။ ၁၆ နှစ်သားအရွယ်တွင် မင်းသမီး မမြညွန့်နှင့် အကြောင်းပါသည်။ သဘင်ပညာဆက်လက် မကြိုးစားနိုင်မည် စိုးသဖြင့် ဆွေမျိုးများက မမြညွန့်နှင့် ခွဲသည်။ ထို့နောက် အစ်ကိုဖြစ်သူ ဦးချစ်စရာမ မန္တလေးမြို့တွင် သဘင်ပညာဆည်းပူးရန်ခေါ်သွား ရာ တွဲဖက်ကရန် မင်းသားကောင်း အရှာထွက်လာကြသော ဆင်ဖြူကျွန်း ဆရာအေး၊ ယောက်ျားမင်းသမီး အောင်ဗလတို့နှင့် ဘိုးစိန်တို့အစမ်းတစ်ပွဲ တွဲဖက်ကပြသောအခါ၊ ပရိသတ် အလွန်ကြိုက်လေသည်။ ဘိုးစိန်နှင့် အောင်ဗလတို့သည် ၁၈၉၈ ခုနှစ်မှ ၁၉၀၃ ခုနှစ်အထိ ၅ နှစ်နီးနီး တွဲဖက်ကပြရာမှာ ဘိုးစိန် အောင်ဗလ ဟူသော အမည်သည် တောရောမြို့ပါ ထင်ရှားလာသည်။ သူတို့၂ ဦး တွဲမိမှပင် ဘိုးစိန် ရန်ကုန်ရောက်လာသည်။

၁၉၀၃ ခုနှစ်တွင် ဘိုးစိန်သည် ဇာတ်ဆရာ ဦးစိန္တာ၊ မသောင်းတို့၏ ဇာတ်အဖွဲ့တွင် မင်းသမီး ငွေစိန်၊ ငွေရီ၊ ညိုညိုစသော ညီအစ်မတစ်စုနှင့် တွဲဖက်ကရသည်။ ငွေစိန် အခြားဇာတ်သို့ ရောက်သွားသောအခါမှ မင်းသမီး မစိန်ဥနှင့် တွဲကရသည်။ ယင်းသို့ကပြရင်း မစိန်ဥနှင့် အကြောင်းပါသည်။ တစ်ဖန် ၁၉၀၇ ခုနှစ်တွင် မြန်မာမင်းလက်ထက် ရွှေတိုက်စိုး တောင်ခွင်မင်းကြီး၏ သမီး ခင်ခင်လတ်ကြီးနှင့် လက်ထပ်လေသည်။ ထိုအချိန် ကစ၍ ကိုယ်ပိုင် ဇာတ်ဆရာနှင့် ဇာတ်ပိုင်ရှင် ဖြစ်လာသည်။ ထို့နောက် လက်ထောက် မင်းသမီးလေး မကြင်ယုံနှင့် အကြောင်းပါရာ ဦးဘိုးစိန်ကွယ်လွန်သည်အထိ ထင်းပုံခေါင်းချ ပေါင်းကြလေသည်။

ဦးဘိုးစိန်နှင့် ဒေါ်ကြင်ယုံတို့တွင် သားသမီး ၇ ယောက်ရှိသည့်အနက် သားများဖြစ်သော ကနက်စိန်၊ ကိုစန်ကြိုင်နှင့် တသက်စိန်တို့သည် ဘခင်၏ သဘင်ပညာ မတိမ်ကောစေရန် စိန်မဟာ သဘင်အဖွဲ့ကြီးကို ဆက်လက် ကပြနေကြသည်။ ဦးဘိုးစိန် သည် ၁၉၅၄ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် အသက် ၇၁ နှစ်အရွယ်၌ ရန်ကုန်မြို့နေအိမ်တွင် ကွယ်လွန် သည်။ မကွယ်လွန်မီ၊ လွတ်လပ်ရေးရပြီး နောက်တစ်နှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက ဦးဘိုးစိန်အား ဝဏ္ဏကျော်ထင်ဘွဲ့ဖြင့် ချီးမြှင့်သည်။ ဗြိတိသျှ အစိုးရလက်ထက် ပထမ ကမ္ဘာစစ်ကြီးတွင်းကလည်း ကြက်ခြေနီ သူနာပြုတပ် ရန်ပုံငွေအတွက် ကပြကူညီသည်ကို ဂုဏ်ပြုသောအားဖြင့် တီ၊ ပီ၊ အက် (စ) ခေါ် တိုင်းကျိုးပြည်ပြု ကျိုးဆောင်ဘွဲ့ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။

အဆိုပိုင်ရုံသာမက အသံလည်းသာသည်။ အသံကို စိတ်နေသဘာဝအလိုက် သူ့နေရာနှင့်သူ သွင်းသွားတတ်သူ ဖြစ်သည်။ ပိုးခန်း ပန်းခန်း၌ ထေ့သံ ၊ ငေါ့သံ ၊ ညုသံ ၊ ဆွေးသံများ သွင်းနိုင်သည်။ အသံကောင်းရုံသာမက အပြောလည်း ပိုင်သူ ဖြစ်သည်။ ဇဝနဥာဏ်ထက်သူ ဖြစ်ရာ ခဏချင်း လိုရာကို စီကာပတ်ကုံးပြောနိုင်သည်။ နာရီဝက် ၄၅ မိနစ် အမျှင်မပြတ်အောင်ပြောပြီးနောက်မှ သီချင်ကို ဖြတ်ထားသောနေရာမှ ပြန်ကောက်ဆိုနိုင်သူ ဖြစ်သည်။ အပြောတွင် ဦးဘိုးစိန်ကို မီသူ ယနေ့ထိမပေါ်သေးဟု ပြောစမှတ်ပြုကြသည်။

အဆို အပြောတင် မဟုတ် အက၌လည်း ထွင်သူ ဖြစ်သည်။ မင်းသမီး ၂ လက် ၃ လက် နှင့် တွဲကသည်မှာ ဦးဘိုးစိန်အစဖြစ်သည်။ ရှေးမြန်မာအကသည် လက်ကိုသာ အသုံးပြုကြောင်း ဦးဘိုးစိန်သုံးသပ်မိသောအခါ မြန်မာနိုင်ငံရောက် ကပ္ပလီလူမျိုးတစ်ဦးထံမှ ခြေက(Tap dance) ကို သင်ယူပြီး မြန်မာ့ခြေအဖြစ် ပြုပြင်ကာ ပြန်လည်ထွင်ခဲ့သည်။ တီးလုံးနှင့် အကိုက် အစွမ်းကုန်ကနေရင်း သီချင်းသံတစ်ချက် မတိမ်အောင်ဆိုနိုင်သူ ဖြစ်သည်။ အကတင်မဟုတ် အပြတွင်လည်း ဦးဘိုးစိန်က ထိပ်ပင်။ သူ့လက်ထက်ကျမှ ဇာတ်ခုံပေါ်တွင် အဆောင်အယောင် ဟိတ်ဟန်ဆန်းပြားလာသည်။ မူလက ရေနံဆီမီးတိုင်ထွန်းကရာမှ လသာမှအိမ် ၊ လျှပ်စစ်ဓာတ်မီး စသည်ဖြင့် စ၍ ထွန်း ကခဲ့သူမှာ ဦးဘိုးစိန် ဖြစ်သည်။ ဘိုးစိန်တို့ကတော့ ဖန်သီးကတောင် မီးထအောင်လုပ်နိုင်သဟေ့ ဟု အံဩရသည် အထိဖြစ်သည်။

အကကသည့်နေရာ၌လည်း သဏ္ဌာန်လုပ်လျှင် သရုပ်ဆောင်တတ်၏။ ပဋိက္ခရားဇာတ်၌ သရုပ်ဆောင်ရာတွင် ရွှေဦးထုတ် ၊ စူရတီဝေ့စ်ကုတ် ၊ ရွှေခြည်ထိုး စူရတီဘောင်းဘီရှည် ၊ ဖိနပ်ပြိုးပြိုးပြောင်ပြောင်များကို ဝတ်ဆင်၍ ကသည်။ ထိုဇာတ်ကပြီးသော အခါ ကျားမ မရွေး စူရတီလုံချည်များဝတ်ကြသည်မှာ နေရာအနှံ့ပင် ဖြစ်သည် ဟု ဆိုကြသည်။ ဦးဘိုးစိန်ပွဲကြည့်ရလျှင် ဂုဏ်ရှိသည်။ ၎င်းနှင့် စကားပြောခွင့်ရလျှင် ဝမ်းမြောက်မဆုံး။ ကြေးရတတ်များ နှင့် ရာထူးရာခံရှိသူများသည် ပွဲထိုင်သွားသကဲ့သို့ပင် ဝတ်ကောင်းစားလှနှင့် စိန်ရွှေရတနာများ ဝတ်ကာ ဦးဘိုးစိန်ပွဲကို သွားကြည့်ကြသည်ဟု ဆိုသည်။ ဦးဘိုးစိန်ကို မြန်မာတို့သာမက တရုတ် ၊ ကုလား ၊ ပသျှူး ၊ အင်္ဂလိပ်မျက်နှာဖြူများကပါ ချစ်ခင်ကြသည်။ အမျိုးသမီးအချို့ဆိုလျှင် ချစ်ခင်စွဲလမ်းလွန်းသဖြင့် ရွှေဒင်္ဂါးများကို လက်ဆောင်ပစ္စည်းများကြားတွင် ညှပ်ပေးကြသည်။

ဤကဲ့သို့ လူတိုင်းဦးဘိုးစိန်ကို ချစ်ခင်ကြသည်မှာ တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုသကဲ့သို့ ဦးဘိုးစိန်ကိုယ်တိုင်ကလည်း ပရိသတ်အပေါ် အထူးချစ်ခင်လေးစားသောကြောင့် ဖြစ်သည်။ ငါနိုင်ငံကျော်ဇာတ်မင်းသားဟု မည်သည့်အခါမှ မထီမဲ့မြင်မပြု ၊ သူ့ကိုယ်သူ မပိုင် ၊ ပရိသတ်ကသာ သူ့ကိုပိုင်သည် ဟု ခံယူထားသူဖြစ်သည်။

ဦးဘိုးစိန်သည် ပေါက်ကျိုင်း ၊ ဖာတစ်လုံးခေါင်းကျား စသည့် ဒဏ္ဍာရီ ရာဇဝင် များအပြင် ဇာတ်နိပါတ်များစွာကိုပါ ကပြခဲ့သည်။ ကသည့်ဇာတ်ထုပ်တိုင်း ပီပြင်လွန်းသည့်အတွက် နာမည်ကျော်သည်။ ပီပြင်လွန်းသည့်အတွက် ထိလပ်-ပိုးဥ မည်သော ကိုယ်ပျောက်အတတ်ရရန် ဇနီးသည်၏ဗိုက်ကိုခွဲ ဝမ်းထဲမှ ကလေးကို အရှင်လတ်လတ်မီးကင်စားသော ဇာတ်ကို ဦးဘိုးစိန်ကပြခဲ့ရာ မှော်အင်းရွာတရွာမှ လူတစ်ယောက်သည် ထိုကဲ့သို့လက်တွေ့ပြုလုပ်သောကြောင့် ထောင်ကျသွားခဲ့သည်။ ထိုအချိန်မှစ၍ ဦးဘိုးစိန်သည် ထိလပ်-ပိုးဥ ဇာတ်ကို မကတော့ချေ။

မြန်မာ့ဇာတ်သဘင်လောကတွင် ဦးဘိုးစိန်၏ လှုပ်ရှားမှု ၊ အဆိုအက ၊ အပြင်အဆင် တီထွင်မှုများကြောင့် ဦးဘိုးစိန်အား သဘင့်ဥသျှောင်အဖြစ် ဥဒါန်းတွင်စေခဲ့သည်။ ထိုအချိန်က နာမည်ကျော်ဇာတ်မင်းသားကြီးများဖြစ်သော ဦးစိန်အုပ် ၊ အီနောင်ဦးစံတုပ် ၊ ဦးစိန်ကတုံးတို့နှင့် အပြိုင်ကရသည့် ကြားထဲမှ နာမည်မသေသွားပဲ ထိုးထွက်ကာ ထိပ်ဆုံးအထိရောက်ခဲ့သည်မှာ ဦးဖိုးစိန်၏ ပရိတ်သတ်အပေါ်ထားရှိသည့် စေတနာနှင့် ကြိုးစားအားထုတ်မှုကြောင့်ပင် ဖြစ်သည်။ သူနေထိုင်ခဲ့ရာ တာမွေလမ်းကို ဘိုးစိန်လမ်းအဖြစ် ခေါ်တွင်ခဲ့ကြသည်။ ဘုရားဒါယကာကြီး ဦးဘိုးစိန်ဟု ခေါ်ကြခြင်းမှာ ဦးဘိုးစိန်သည် ဘုရားစေတီပေါင်း ၆၈ ဆူ တည်ခဲ့သောကြောင့် ပင် ဖြစ်သည်။

ပထမမြန်မာများ – မင်းယုဝေ
မြန်မာ့စွယ်စုံကျမ်း အတွဲ ၈

Leave a Reply