ဆလုံ လူမ်ဳိးတုိ႔ အေၾကာင္း သိေကာင္းစရာ

Posted on

“ပ်ဴ၊ မြန္၊ ျမန္မာ၊ သက္”ဟူေသာ ျမန္မာတိုင္းရင္းသားအစ လူမ်ိဳးႀကီး(၄)စုမွာ ဆလုံတိုင္းရင္းတို႔မွာ “သက္”လူမ်ိဳးတို႔မွတစ္ဆင့္ ဆင္းသက္ လာခဲ့သည္ဟု မွတ္သားခဲ့ဖူး ပါသည္။ ဆလုံ တိုင္းရင္းသားတို႔ကို “ေမာ္ကင္း”ဟုလည္း ေခၚၾကပါသည္။ ပင္လယ္ထဲမွာ ေပါ့ေပါ့ပါးပါး သစ္၊ ဝါး၊ ရင္ကမ္းသားတို႔ႏွင့္ ဖြဲ႕စည္း တည္ေဆာက္ ထားသည့္ ႐ိုးရာေလွကို အိမ္လိုသေဘာထားၿပီး မိသားစုႀကီး တစ္ခုလုံး ေနၾက၊ ထိုင္ၾက၊ ခ်က္ျပဳတ္စားေသာက္ၾက႐ုံ သာမက သူတို႔ဘဝ၏ အေဖာ္မြန္ဟု ေခၚေသာ ေခြးမ်ားကိုလည္း တစ္ပါတည္း သယ္ေဆာင္သြားၾကပါသည္။ ဟိန္းဇဲ၊ ဘုတ္ကၽြန္း၊ ေမာင္းမကန္၊ ရွင္မြန္၊ မလိ၊ ျပင္ႀကီး၊ မီးစိမ္း၊ ကတန္၊ ဒုံးကၽြန္း၊ ဝါးကၽြန္း၊ ပင္လယ္ေအာ္၊ လန္ပိတစ္ဝိုက္ မွာလည္း ပင္လယ္ထဲ ရာသီဥတုဆိုးခ်ိန္မွာ ယာယီ ေျခတံရွည္ တဲအိမ္ေလးမ်ား တည္ေဆာက္ၿပီး ေနထိုင္ၾကပါသည္။

ဆလုံလူမ်ိဳးသည္ ၿမိတ္ကၽြန္းစု၏ အဖိုးမျဖတ္ႏိုင္ေသာ ျပယုဒ္တစ္ခုျဖစ္သည္။ သူတို႔၏ ဓေလ့စ႐ိုက္၊ ႐ိုးသား ေျဖာင့္မတ္မႈကို တုႏႈိင္းရန္အရာ မရွိပါ။ ထို႔ေၾကာင့္ ၎လူမ်ိဳးတို႔မွာ လူသိမ်ားထင္ရွားေနျခင္းျဖစ္သည္။ ဆလုံလူမ်ိဳးတို႔သည္ ေနရာအတိအက်မရွိ၊ ပင္လယ္ျပင္တစ္ခြင္ ဝမ္းစာအတြက္ လွည့္လည္က်က္စားၾကသည္။ ေရကူး၊ ေရငုပ္ရာတြင္ ကၽြမ္းက်င္သည္။ ထို႔ေၾကာင့္ Sea Gypsy or Men of the Sea အျဖစ္ အမည္တြင္ျခင္းျဖစ္သည္။ သမိုင္းေၾကာင္းအရ ေရွးယခင္က မေလးကၽြန္းဆြယ္တြင္ ေနထိုင္ၾကၿပီး စီးႏွင္းတိုက္ခိုက္လုယက္မႈမ်ားေၾကာင့္ ၿမိတ္ကၽြန္းစုဘက္သို႔ ေ႐ႊ႕ေျပာင္းလာၾကျခင္းျဖစ္သည္။ ယေန႔အခါ ဆလုံလူမ်ိဳးမ်ားကို ေကာ့ေသာင္းၿမိဳ႕အနီး ကၽြန္းမ်ားတြင္ ျမင္ေတြ႕ႏိုင္သည္။

ဆလုံလူမ်ိဳးမ်ားသည္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးတို႔ျဖင့္ အသက္မေမြး ေရလုပ္ငန္း၊ ပုလဲငုပ္ျခင္းလုပ္ငန္းတို႔ျဖင့္ အသက္ေမြးၾကသည္။ ပင္လယ္ကမ္းေျခတစ္လွျောက္ ေလွေလွာ္ခတ္ရင္း တစ္ကၽြန္းမွတစ္ကၽြန္းကူးကာ ေနထိုင္ေလ့ရွိသည္။ ေလွေလးမ်ားကို ေပါ့ပါးေသာ သစ္လုံးမ်ားျဖင့္ ထြင္းယူၾကသည္။ ၎ေလွမ်ားမွာ ပင္လယ္ခရီးအတြက္ အဆင္ေျပ အသုံးဝင္လွသည္။ အသုံးအေဆာင္မ်ား၊ အစာေရစာမ်ား၊ ေခြး၊ ေၾကာင္၊ ၾကက္မ်ားကိုလည္း တစ္ပါးတည္း ေလွႏွင့္အတူ တင္ယူလာေလ့ရွိၾကသည္။ ေဆာင္း၊ေႏြရာသီမ်ားတြင္ ငါးဖမ္းျခင္း၊ ေရထြက္ပစၥည္း ေရာင္းဝယ္ျခင္းတို႔ျဖင့္ အသက္ေမြးၾကၿပီး မိုးရာသီရာသီဥတုဆိုးဝါးသည့္အခါနီးစပ္ရာကၽြန္းေပၚတြင္ ဝါးေျခတိုင္ရွည္တဲမ်ားျဖင့္လည္းေကာင္း၊ ဂူမ်ားရွာ၍လည္းေကာင္းေနထိုင္ေလ့ရွိသည္။ Sea Gypsy ဟူေသာအမည္ႏွင့္ လိုက္ေလ်ာညီေထြစြာပင္ သဘာဝပင္လယ္ေဘးအႏၲရာယ္ကိုလည္း ေရွာင္တိမ္းတတ္ၾကသည္။

ရာသီဥတုဆိုးဝါးစဥ္ေတာင္မွ မိမိေနထိုင္ရာ ကၽြန္းဆီ အျမန္ဆုံးျပန္ေရာက္ေအာင္သြားႏိုင္ၾကသည္။ ဆလုံလူမ်ိဳးတို႔၏ ေရငုပ္ပညာကၽြမ္းက်င္မႈမွာ အံ့မခန္းျဖစ္သည္။ ပင္လယ္ေရအနက္အေတာ္မ်ားမ်ားအထိေရငုပ္ႏိုင္ၿပီး ေရေအာက္တြင္ ေအာက္ဆီဂ်င္အကူအညီမပါပဲ မိနစ္ေပါင္းမ်ားစြာ ေနႏုိင္ၾကသည္။

တစ္ရက္တည္း ထိုကဲ့သို႔ ေရငုပ္ျခင္းမ်ိဳး အႀကိမ္အေရအတြက္ မ်ားမ်ားလုပ္ႏိုင္သည္။ ပင္လယ္ခ႐ု၊ ကမာ (မုတ္) ေကာင္မ်ား၊ ငါးႀကီးအံဖတ္၊ ပင္လယ္ေရေမွာ္ပင္၊ ပုလဲ၊ ငွက္သိုက္၊ ပ်ားရည္၊ ပရေဆးပင္မ်ားကို ရွာေဖြစုေဆာင္းၿပီး ေရာင္းခ်ေလ့ရွိသည္။ ဆလုံလူမ်ိဳးမ်ားသည္ အျခားလူမ်ိဳးမ်ားႏွင့္ ေရာေရာေႏွာေႏွာ ေနထိုင္ေလ့မရွိေခ်။ ၎တို႔၏လူေနထိုင္မႈစနစ္မွာ ၿမိဳ႕ျပေနထိုင္မႈစနစ္ႏွင့္ ကြာျခား လြန္းလွသည္။ သို႔ေသာ္လည္း သူတို႔၏ လူေနမႈစနစ္ကို ယုံၾကည္စြာ တန္ဖိုးထား ထိန္းသိမ္းၾကသည္။ ဘာသာတရားႏွင့္ ပတ္သက္၍လည္း ၎တို႔၏ကိုယ္ပိုင္ယုံၾကည္မႈကို လက္ကိုင္ထားၾကသည္။ နတ္ေကာင္းႏွင့္ နတ္ဆိုးဟူ၍ နတ္ဘုရားကိုးကြယ္မႈ ႏွစ္ခုရွိသည္။ နတ္ဆရာသည္ ၎တို႔၏ အခရာျဖစ္သည္။ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို သာမက ဖ်ားနာသည့္အခါ၊ တစ္ဦးတစ္ေယာက္ေသဆုံးသည့္အခါတြင္ နတ္ဆရာ၏ ေျပာဆိုမႈအတိုင္း စပါး၊ ေျပာင္း၊ အရက္၊ ပ်ားရည္၊ ကြမ္း၊ ဘဲေသြးစိမ္း၊ ၾကက္၊ လင္းပိုင္၊ ပင္လယ္လိပ္တို႔ကို ယဇ္ပူေဇာ္ေလ့ရွိသည္။

ဆလုံ တိုင္းရင္သားတို႔သည္ အစစ အရာရာတြင္ နတ္ဆရာကိုသာ အားကိုးၾကသည္။ တစ္စုံတစ္ေယာက္ ေနမေကာင္းလၽွင္ သူတို႔၏ အယူအဆမွာ နတ္ဖမ္းစားသည္ဟု အမ်ားအားျဖင့္ ယူဆၾကသည္။ နတ္ဆရာႏွင့္ တိုင္ပင္၍ ပူေဇာ္ပသ၊ ကိုးကြယ္တင္ေျမႇာက္ျခင္းမ်ား ျပဳလုပ္ေလ့ ရွိၾကပါသည္။ သို႔ေသာ္လည္း ယခုခ်ိန္ခါတြင္ အခ်ိဳ႕ တိုင္းရင္းသားဆလုံတို႔မွာ ေခတ္မီလာသည္ဟု ဆိုရပါမည္။ ေနထိုင္မေကာင္း ျဖစ္ေသာ သူမ်ားကို ဆရာဝန္ႏွင့္ ေဆးခန္းသို႔ ျပသ ကုသလာၾကပါသည္။ တစ္ဖက္ကလည္း သူတို႔အစြဲျဖစ္ေနသည့္ နတ္ဆရာႏွင့္ ပူေဇာ္ပသျခင္း ကိုလည္း လုပ္ၿမဲလုပ္ၾက ပါသည္။ ဆလုံအမ်ားစုတြင္ ျဖစ္ပြားတတ္သည့္ ေရာဂါမွာ ငွက္ဖ်ား စြဲျခင္းႏွင့္ အာဟာရ ခ်ိဳ႕တဲ့ျခင္းမ်ားပင္ ျဖစ္ပါသည္။

ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားတြင္ ေတးသီခ်င္းမ်ားသီဆိုတီးမႈတ္ၿပီး မီးပုံဖိုကာ ဝိုင္းဖြဲ႕ကခုန္ၾကသည္။သူတို႔၏ဗုံတစ္မ်ိဳးမွာ ပုတ္သင္ၫိုသားေရျဖင့္ ျပဳလုပ္ထားသည္။ ဆလုံလူမ်ိဳးတို႔၏ ဂီတပင္ကိုယ္စြမ္းရည္မွာ ထက္ျမက္ ဆန္းၾကယ္လွသည္။

(၁၉၆၄)ခုႏွစ္က မွတ္သား ေတြ႕ရွိခ်က္မ်ားအရ ဆလုံတိုင္းရင္းသား တို႔သည္ စတင္ေမြးဖြားသည့္ ကေလးငယ္မ်ားကို ခ်က္ႀကိဳး ျဖတ္ၿပီးသည္ႏွင့္ ေရထဲသို႔ ႏွစ္စကၠန္႔ခန္႔ ေရထဲျမႇပ္လိုက္၊ ႏွစ္လိုက္။ ေပၚလိုက္ သုံးႀကိမ္ခန္႔ ျပဳလုပ္ပါသည္။ သူတို႔ အယူအဆမွာ ေမြးစကေလးငယ္ ေရကို ကၽြမ္းက်င္ေစရန္၊ မေၾကာက္ေစရန္ ျဖစ္သည္ဟု ဆို၏။ ထိုသို႔ လြဲမွားေသာအယူအဆေၾကာင့္ တစ္ခ်ိဳ႕ ကေလးငယ္မ်ားမွာ ေမြးစကပင္ ေသဆုံးသြားၾကပါသည္။ ဤကား ယခင္ကအျဖစ္အပ်က္။ ယခုအခ်ိန္တြင္မူ ဆလုံတိုင္းရင္းသားတို႔ ေခတ္မီလာသည္ဟု ဆိုရပါမည္။ ေမြးစကေလးငယ္ကို ေရထဲတြင္ မႏွစ္ၾကေတာ့။ ကိုယ္ဝန္ေဆာင္ကို ေမြးဖြားေပးသည့္ လက္သည္မွာ သူတို႔ဆလုံအမ်ိဳးသမီး အခ်င္းခ်င္းပင္ ျဖစ္ပါသည္။ သို႔ေသာ္လည္း ယခုအခါ ခက္ခဲသည့္ ေမြးဖြားမႈမ်ားကို သူနာျပဳဆရာမႏွင့္ ေမြးေလ့ ေမြးထ ရွိလာၾကပါၿပီ။

ဆလုံတို႔သည္ ပင္လယ္ထဲတြင္ အတည္တက် မေနဘဲ ေရၾကည္ရာ ျမက္ႏုရာသို႔ သြားလာ လုပ္ကိုင္ ေနထိုင္ၾကသည့္ အေလ်ာက္ ပင္လယ္ေပ်ာ္မ်ား ျဖစ္သည့္အားေလ်ာ္စြာ သူတို႔စားေသာက္ၾကသည္မွာ မ်ားေသာအားျဖင့္ ပင္လယ္အစားအစာမ်ား ျဖစ္ပါသည္။ ပင္လယ္ကၽြန္းစု၊ ေက်ာက္ေဆာင္ မ်ားတြင္ တြယ္ကပ္လ်က္ ရွိေသာ ဂုံး(ခ႐ုတစ္မ်ိဳး အထဲတြင္ရွိသည္)ဟု ေခၚသည့္ တငို ကိုခြာ၍ အထဲမွ ခ႐ုသဖြယ္ အရာကို ခ်က္ျပဳတ္ စားေသာက္ၾက ပါသည္။ ပင္လယ္ ေက်ာက္ေဆာင္ ဂူထဲတြင္ရွိေသာ လင္းႏို႔၊ လင္းဆြဲမ်ားကို တုတ္ရွည္ျဖင့္ ႐ိုက္ခ်ကာ ခုတ္ထစ္ ျဖတ္ေတာက္ ၍လည္း ခ်က္ျပဳတ္ သုံးေဆာင္ၾက ပါသည္။ သူတို႔သည္ စားသုံးဆီသုံးစြဲမႈ နည္းသူမ်ားျဖစ္သည့္ အေလၽွာက္ တစ္လလုံးတြင္ မိသားစု(၆) ေယာက္အတြက္ ဆီ(၂၀)က်ပ္သားခန္႔သာ ကုန္ပါသည္။ ထို႔ေၾကာင့္ ဆလုံအမ်ားစုတြင္ ေသြးတိုးေရာဂါ မရွိၾကပါ။

ဆလုံ တိုင္းရင္းသားတို႔သည္ ပ်ားအုံဖြတ္ရာ တြင္လည္း အလြန္ ကၽြမ္းက်င္သူမ်ားပင္ ျဖစ္သည္။ သစ္ပင္ အျမင့္ေပၚတြင္ စြဲကပ္ေနေသာပ်ားအုံကို အုန္းလက္ မီးတုတ္ျဖင့္ ႐ိုက္ခ်ကာ ပ်ားအုံမွ ပ်ားရည္ကို ခံယူၾကပါသည္။ ပ်ားသလက္ႏွင့္ ပ်ားေပါက္စတို႔ကိုလည္း ခ်က္ခ်င္းပင္ လတ္လတ္ ဆတ္ဆတ္ စားသုံးၾက ပါသည္။ ဆလုံတို႔၏ သဘာဝမွာ စားေသာက္ရာတြင္လည္း သူတို႔ ႐ိုးရာေလွေပၚတြင္ မိသားစု အားလုံး သိုက္သိုက္ဝန္းဝန္း ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ ခ်က္ျပဳတ္ စားေသာက္ၾက ပါသည္။ ဆလုံ တိုင္းရင္းသားတို႔ စားသုံးသည့္ အ႐ြက္မ်ား ျဖစ္ေသာ ဆလုံမုန္လာ၊ ဆလုံမုန္ညင္း၊ ဆလုံကန္စြန္းတို႔မွာ အ႐ြက္အသားထူသည္မွ လြဲ၍ ေျမျပန္႔က မုန္လာ ၊ မုန္ညင္း၊ ကန္စြန္းတို႔ႏွင့္ အေတာ္ ဆင္တူပါသည္။ ထိုအ႐ြက္တို႔မွာလည္း ဆလုံေဒသ ေတာေတာင္ထဲတြင္ အေလ့က် ေပါက္ေနၾကျခင္းပင္။ ကၽြန္ေတာ္ ေတြ႕ဖူးသည့္ ဆလုံကြမ္း( ကြမ္းယာ အတြက္ လိုအပ္ေသာ ကြမ္း) မွာလည္း အ႐ြက္အသား ပိုထူကာ အေလ့က် ေပါက္ေနျခင္းပင္ ျဖစ္ပါသည္။ ဆလုံတစ္ခ်ိဳ႕လည္း ကြမ္းစားတတ္ၾကသည္ကို ကၽြန္ေတာ္ ေတြ႕ဖူးပါသည္။

တေစၧႀကီးပြဲ

တေစၧႀကီးပြဲ ဆိုသည္မွာ အျခားမဟုတ္ပါ။ ေသဆုံးသူမ်ားကို ေကၽြးေမြးသည့္ပြဲပင္ ျဖစ္ပါသည္။ ဆလုံ တိုင္းရင္းသားတို႔၏ အယူအဆမွာ ေသဆုံးသြားသူတို႔သည္ ေကာင္းရာ မြန္ရာေရာက္သူ ရွိသကဲ့သို႔ တစ္ခ်ိဳ႕မွာ တေစၧ၊ သရဲျဖစ္ေနသည္ဟု ယုံၾကည္ၾကသည္။ ထိုတေစၧ၊ သရဲမ်ား၊ စားရမဲ့၊ ေသာက္ရမဲ့ ျဖစ္ေနသည္ကို မလိုလားသျဖင့္ တစ္ႏွစ္တစ္ခါ သူတို႔ရွိရာ သခ်ႋဳင္းသို႔သြား၍ သူတို႔ကိုပင့္ဖိတ္ကာ ေကၽြးေမြးျခင္းပင္ ျဖစ္သည္။ ဆလုံတို႔သည္ ေသဆုံးသူမ်ားကို ကၽြန္းတစ္ကၽြန္းတြင္ ျမႇပ္ႏွံ သၿဂႋဳဟ္ေလ့ ရွိပါသည္။ ထိုသခ်ႋဳင္းတြင္ တစ္ႏွစ္တစ္ခါ( ႏွစ္စဥ္ ဇန္နဝါရီလ ) က်င္းပေသာ တေစၧပြဲႀကီးတြင္ ထုံးစံအတိုင္း မပါမျဖစ္သည္မွာ ႐ိုးရာ နတ္ဆရာႏွင့္ နတ္ပြဲပင္ျဖစ္ပါသည္။

နတ္ဆရာက ႐ိုးရာနတ္ကို ပင့္ဖိတ္ၿပီးလၽွင္ အစားအေသာက္မ်ားႏွင့္ ပူေဇာ္ပသေလသည္။ ေသဆုံးသူမ်ား ကိုလည္း ပင့္ဖိတ္ ေကၽြးေမြးေလသည္။ ၿပီးေနာက္ နတ္ဆရာက တုန္တုန္ ယင္ယင္ႏွင့္ ေကြးေနေအာင္ ကပါေတာ့သည္။ ပရိသတ္မ်ား ကလည္း ဗုံတီးၿပီး ကၾကပါသည္။ သူတို႔အကမွာ အာဖရိက လူ႐ိုင္းအကမ်ားႏွင့္ အေတာ္ပင္ ဆင္တူပါသည္။ အရက္ေသာက္ထားၿပီး ေသြးႂကြ ေနတာလည္း ပါပါလိမ့္မည္။ ကၽြန္း ကမ္းေျခ၊ ပင္လယ္ေသာင္စပ္မွပင္ ကေနၾကသူ အမ်ားသား။ မည္သို႔ပင္ဆိုေစ ဆလုံ တိုင္းရင္းသားတို႔၏ ဤဓေလ့မွာလည္း ခ်စ္စရာပင္ မဟုတ္ပါေလာ။

ဆလုံ႐ိုးရာေလွကို လြန္းတင္ျခင္း

ဆလုံ တိုင္းရင္းသားတို႔သည္ သူတို႔၏ သစ္ထြင္းေလွႏွင့္ စက္တပ္ေလွမ်ားကို တစ္ႏွစ္တစ္ခါ မွန္မွန္ လြန္းတင္ေလ့ ရွိပါသည္။ ပင္လယ္သဲေသာင္ျပင္ဝယ္ လြန္းတင္ရန္ျပင္ဆင္ထားသည့္ ႐ိုးရာေလွမွ ေပါက္ၿပဲေနသည့္ ေနရာမ်ားကို မီးတုတ္ျဖင့္ ႐ႈိ႕လိုက္ေသာအခါ မေကာင္းသည့္ ပုန္းညက္မ်ား ကြာက်လာ ပါသည္။ မီးတုတ္မွာ အုန္းလက္ျဖင့္ မီး႐ႈိ႕ထားျခင္းျဖစ္ပါသည္။ ေပါက္ၿပဲ ယိုစိမ့္က်ေနသည့္ ပုန္းညက္ အေဟာင္း ေနရာတြင္ ပုန္းညက္အသစ္ျဖင့္ ဖာေထးပါသည္။ သူတို႔သည္ ေလွကို လြန္းတင္ရာတြင္ စုေပါင္း လုပ္ေဆာင္ၾကသျဖင့္ မည္မၽွပင္ ႀကီးသည့္ေလွ ျဖစ္ေစကာမူ အမ်ားဆုံး လုပ္ရပါလၽွင္ ငါးရက္ခန္႔သာ ၾကာျမင့္ပါသည္။ ရင္ကမ္းေလွကို လြန္းတင္ရာတြင္ အျခားေလွႏွင့္စာလၽွင္ သက္သာပါသည္။ လိုအပ္ေသာ ေနရတြင္ ပုန္းညက္အသစ္ျဖင့္ ဖာေထးျခင္းပင္ ျဖစ္ပါသည္။

ယခုအခါတြင္ ဆလုံလူမ်ဳိးမ်ား တျဖည္းျဖည္းေလ်ာ့နည္းလာၿပီး ၁၀၀၀ ေက်ာ္ေက်ာ္သာ က်န္ေတာ့သည္ဟု သိရသည္။

Myanmar Wikipedia


ဆလုံ လူမျိုးတို့ အကြောင်း သိကောင်းစရာ (unicode)

“ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူး ပါသည်။ ဆလုံ တိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ဝါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံ သာမက သူတို့ဘဝ၏ အဖော်မွန်ဟု ခေါ်သော ခွေးများကိုလည်း တစ်ပါတည်း သယ်ဆောင်သွားကြပါသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ဝါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက်ပြီး နေထိုင်ကြပါသည်။

ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့်မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှုများကြောင့် မြိတ်ကျွန်းစုဘက်သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့နိုင်သည်။

ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ ပင်လယ်ကမ်းခြေတစ်လှျောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှတစ်ကျွန်းကူးကာ နေထိုင်လေ့ရှိသည်။ လှေလေးများကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။ ၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာများ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေထွက်ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင် ဝါးခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။ Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တရာယ်ကိုလည်း ရှောင်တိမ်းတတ်ကြသည်။

ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံးပြန်ရောက်အောင်သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ်ရေအနက်အတော်များများအထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင်အကူအညီမပါပဲ မိနစ်ပေါင်းများစွာ နေနိုင်ကြသည်။

တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိသည်။ ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့် ရောရောနှောနှော နေထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြနေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။ သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။ နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦးတစ်ယောက်သေဆုံးသည့်အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။

ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြ ပါသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။

ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများသီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ဝိုင်းဖွဲ့ကခုန်ကြသည်။သူတို့၏ဗုံတစ်မျိုးမှာ ပုတ်သင်ညိုသားရေဖြင့် ပြုလုပ်ထားသည်။ ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။

(၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့် ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိုးသမီး အချင်းချင်းပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။

ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်)ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြ ပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆) ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။

ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြ ပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။

တစ္ဆေကြီးပွဲ

တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာ မွန်ရာရောက်သူ ရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်နဝါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။

နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများသား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။

ဆလုံရိုးရာလှေကို လွန်းတင်ခြင်း

ဆလုံ တိုင်းရင်းသားတို့သည် သူတို့၏ သစ်ထွင်းလှေနှင့် စက်တပ်လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ ရှိပါသည်။ ပင်လယ်သဲသောင်ပြင်ဝယ် လွန်းတင်ရန်ပြင်ဆင်ထားသည့် ရိုးရာလှေမှ ပေါက်ပြဲနေသည့် နေရာများကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပုန်းညက်များ ကွာကျလာ ပါသည်။ မီးတုတ်မှာ အုန်းလက်ဖြင့် မီးရှို့ထားခြင်းဖြစ်ပါသည်။ ပေါက်ပြဲ ယိုစိမ့်ကျနေသည့် ပုန်းညက် အဟောင်း နေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးပါသည်။ သူတို့သည် လှေကို လွန်းတင်ရာတွင် စုပေါင်း လုပ်ဆောင်ကြသဖြင့် မည်မျှပင် ကြီးသည့်လှေ ဖြစ်စေကာမူ အများဆုံး လုပ်ရပါလျှင် ငါးရက်ခန့်သာ ကြာမြင့်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေနှင့်စာလျှင် သက်သာပါသည်။ လိုအပ်သော နေရတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်ပါသည်။

Myanmar Wikipedia

Leave a Reply