Posted on
ရေးသားသူ – ရောခ့်ကာ
Angkor Wat, Cambodia
Leptis Magna, Libya
Palenque, Mexico
Sukhothai, Thailand
Calakmul, Mexico
Babylon, Iraq
Hattusa, Turkey
Persepolis, Iran
hatra, Iraq
Sanchi, India
Troy, Turkey
ရောခ့်ကာ
——————————————————————————-
ကမ္ဘာ့သမိုင်းထဲက ထင်ရှား ကျော်ကြား ရှေးဟောင်း မြို့များ (unicode)
ရေးသားသူ – ရောခ့်ကာ
ဒီတစ်ခါတော့ သမိုင်းသုတ အနေနဲ့ ရှေးဟောင်းမြို့တော်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ဒီ မြို့တော်တွေဟာ ဒီနေ့အချိန်အထိ ကမ္ဘာပေါ်မှာ တည်ရှိနေပြီးတော့ ယဉ်ကျေးမှုအမွေနှစ် နေရာတွေအဖြစ် ခရီးသွားအများအပြားကို ဆွဲဆောင်ထားနိုင်တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်သမိုင်းသုတ အနေနဲ့ကော ၊ လည်ပတ်စရာနေရာ အနေနဲ့ပါ ဗဟုသုတပိုင်းအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။
Angkor Wat, Cambodia
ဒီ မြို့တော်ဟောင်းကတော့ အာရှသား တတော်များများ နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ ကောင်းကောင်းကြားဖူး ကြပါလိမ့်မယ်။ အန်ကောဝပ် မြို့တော်ဟောင်းဟာ ကမ်ဘောဒီးယား နိုင်ငံမှာ တည်ရှိပါတယ်။ ဒီမြို့တော်ဟောင်းက အေဒီ ၉ ရာစု ကနေ ၁၅ ရာစု အထိ ရှင်သန်ခဲ့ပြီး ယဉ်ကျေးမှုထွန်းကားတဲ့ ကြီးမားတဲ့ လူမျိုးစုကြီး အဖြစ် ရပ်တည်ခဲ့ပါတယ်။ ထို မြို့တော်မှာ ရှိတဲ့ အန်ကောဝပ် ဘုရားကျောင်းဟာလည်း ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားလျက် ရှိနေပြီး ကမ္ဘာ့လှည့်ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်မှုအပြည့်၀ ပေးထားနိုင်ပါတယ်။
ထိုခေတ် ထိုအချိန်က ထို မြို့တော်ဟောင်းမှာ နေထိုင်ခဲ့ကြတဲ့ လူမျိုးတွေဟာ Hinduism တွေကနေ ဆင်းသက် ခဲ့ကြပြီးတော့ Buddhism အဖြစ် ရပ်တည်ခဲ့ကြတယ်လို့လည်း သမိုင်းပညာရှင်တွေက ဖော်ပြကြ ပါတယ်။ ၁၄၃၁ ခုနှစ် မှာတော့ အိမ်နီးချင်း အယုဒ္ဒယပြည် ရဲ့ တိုက်ခိုက်ဖျက်ဆီးကို ခံခဲ့ရ ပါတယ်။ သို့ပေမယ့် အန်ကောဝပ်မြို့တော်ဟောင်း နဲ့ အန်ကောဝပ် ဘုရားကျောင်းတို့ဟာ ယနေ့အချိန်အထိ တည်ရှိနေပြီးတော့ ကမ္ဘောဒီးယား နိုင်ငံ အတွက် ဂုဏ်ယူစရာ တစ်ခုအဖြစ် တည်ရှိနေပါတယ်။
Leptis Magna, Libya
ဒီမြို့တော်ဟောင်းကတော့ လစ်ဗျားနိုင်ငံမှာ တည်ရှိပြီးတော့ ရိုမန်အင်ပါယာ လို့ ခေါ်တဲ့ ရောမအင်ပါကြီးရဲ့ အရေးပါလှတဲ့ မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပုံထဲမှာ မြင်တွေ့ရတဲ့ အတိုင်း ပင်လယ်ကမ်းစပ် မြို့တော် တစ်ခုဖြစ်တာကြောင့် ရောမ ခေတ်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုရဲ့ အဓိကကျတဲ့ မြို့တော်တစ်ခု ဖြစ်ခဲ့ပြီး ဆာဟာရဒေသ နဲ့ ရောမပိုင် အာရပ် နယ်မြေတွေကို ပေါင်းကူးပေးတဲ့ မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ ပါတယ်။ ဒီ မြို့တော်ဟောင်းဟာ ရောမ အင်ပါယာကြီးအတွက် များစွာ အကျိုးပြုပေးခဲ့တဲ့မြို့တော် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ရောမအင်ပါယာ ရဲ့ဘုရင် Septimios Sever (193-211p.Ch.) လက်ထက်မှာ ဒီ မြို့ကိုမြို့တော်ကြီးတစ်ခုအဖြစ် ရောက်ရှိအောင် အဆင့်မြှင့်တင်ပေးခဲ့ ပါတယ်။ ထိုသို့ဖြင့် နောက်ထပ် တစ်ရာစု ကြာတဲ့ အချိန်မှာတော့ ဒီမြို့တော်က လူတွေဟာ အသိပညာ ၊ အတက်ပညာတွေကို တိုးတက်လာခဲ့ပြီး ရောမ တွေကို တွန်းလှန် နိုင်ခဲ့ကြပါတယ်။
Skara Brae, United Kingdom
ဒါလေးကတော့ ယူကေနိုင်ငံမှာ ရှိတဲ့ ကျောက်ခေတ်က ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ ဒီ ရွာလေးကို ကျောက်တုံးကျောက်သားတွေ နဲ့ ပဲ တည်ဆောက်ထားတာ ဖြစ်ပြီး အားလုံးသော ကျောက်တုံးတွေဟာ သဲကျောက်များဖြစ်ကြပြီး လက်မှုပညာရပ် နဲ့ ပဲ တည်ဆောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရွာလေးကို ၁၈၅၀ ခုနှစ်မှာ ရှာဖွေ တွေ့ရှိခဲ့တာပါ။ ဒီ ရွာလေးကို ဘီစီ ၃၁၈၀ မှ ၂၅၀၀ အထိ လူတွေနေထိုင်ခဲ့တာကို မှတ်သားတွေ့ရှိရပါတယ်။ ဒီ ရွာလေးမှာ တစ်ခု ထူးခြားတာက အိမ်တိုင်းအိမ်တိုင်းမှာ ရှိတဲ့ အသုံးဆောင်တွေ အားလုံးကို ကျောက်သားတွေနဲ့ပဲ ပြုလုပ်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။
Palenque, Mexico
ဒီ မြို့လေးကတော့ မေယန်း လူမျိုးစုလေးတစ်ခု ရဲ့ မြို့တော်ဟောင်းတစ်ခု ဖြစ်ပြီး မက်ဆီကို နိုင်ငံမှာ တည်ရှိပါတယ်။ ဒီ မြို့လေးမှာ နေထိုင်ခဲ့ကြတဲ့ လူမျိုးစုတွေဟာ စိုက်ပျိုးရေးကို အဓိက အခြေခံကာ ရှင်သန် နေထိုင်ခဲ့ကြတယ်လို့လည်း မှတ်သားရပါတယ်။ ဒီ မြို့လေးက ထိုဒေသမှာ ဘီစီ ၈ရာစု ခန့် အချိန်က ယဉ်ကျေးမှုအထွန်းကား ဆုံး နေရာ တစ်ခုဖြစ်ခဲ့တယ် လို့လည်း ဆိုကြပါတယ်။ ဒီ မြို့လေးက လယ်သမား လူတန်းစားများကနေတဆင့်ပြီးတဆင့် တိုးတက်လာကာ မြို့ပြ နိုင်ငံငယ် တစ်ခု အဖြစ် ရပ်တည်ခဲ့တာကလည်း တွေ့ရပါတယ်။
Sukhothai, Thailand
ဒီ မြို့လေးကတော့ ထိုင်းနိုင်ငံ မှာ တည်ရှိပြီးတော့ ထိုင်းနိုင်ငံအတွက် ရှေးအကျဆုံး နဲ့ အရေးကြီးဆုံး မြို့တော် တစ်ခု လည်း ဖြစ်ပါတယ်။ ၁၃ ရာစုမှာ ဒီမြို့တော်ဟာ လွတ်လပ်စွာနဲ့ နိုင်ငံငယ်တစ်ခု အဖြစ် တည်ထောင်ခဲ့ပြီး ထိုင်းနယ်မြေတွေ အတွက် ပထမဦးဆုံး နိုင်ငံ တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ထိုအချိန်က အဲ့ဒီ မြို့ပြ နိုင်ငံမှာ လူဦးရေ အနည်းဆုံး ၈ သောင်းခန့် ရှိတယ်လို့လည်း ခန့်မှန်းကြပါတယ်။ သို့ပေမယ့် ၁၃၅၁ ခုနှစ်မှာ ထိုင်းဒေသ၏ မြို့ပြနိုင်ငံငယ်တွေထဲမှာ အယုဒ္ဒယနိုင်ငံက အင်အားအလွန်ကြီးမားလာတာကြောင့် ဒီမြို့မှာ ရှိတဲ့ ပညာရှင်တွေဟာ အယုဒ္ဒမြို့ဆီကို ကူးပြောင်းသွားကြပါတယ်။
ဒါကြောင့် ဒီ မြို့ပြနိုင်ငံငယ်လေးဟာ ၁၄၃၈ ခုနှစ်မှာ အယုဒ္ဒယ နိုင်ငံ နဲ့ နှစ်ပြည်ထောင် သွေးစည်းကာ ပူးပေါင်းလိုက်ကြပြီး ဘုရင်နိုင်ငံတော်ကို စတင်ထူ ထောင်ခဲ့ကြပါတယ်။ ထိုသို့ဖြင့် ၁၅ရာစု နှင့် ၁၆ ရာစု အစောပိုင်းကာလတွေမှာ မြို့ပြနိုင်ငံငယ်တွေ အားလုံး ပူးပေါင်းမိကြပြီး ကြီးမားတဲ့ အယုဒ္ဒယဘုရင့်နိုင်ငံတော် ပေါ်ထွန်းလာပါတော့တယ်။
Calakmul, Mexico
ဒီ မြို့တော်ကတော့ မေယန်းလူမျိုးတွေရဲ့ အကြီးမားဆုံး မြို့တော်တစ်ခုဖြစ်ပြီး မက်ဆီကို နိုင်ငံတွင်းမှ တည်ရှိ ပါတယ်။ ဒီ မြို့တော်ဟာ Tikal မြစ် နားမှာ တည်ရှိခဲ့ပြီး အိမ်နီးချင်း တခြား မေယန်းလူမျိုးတွေနဲ့ ကြီးမား ကျယ်ပြန့်တဲ့ သံတမန် ဆက်ဆံရေး မျိုးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီ မြို့ပြနိုင်ငံဟာ ၆ ရာစု တဝက် ကနေပြီးတော့ ၈ ရာစု နှစ်အထိ တည်တံ့ခဲ့ပြီး နောက်ဆုံးမှာတော့ ပျက်ဆီးခြင်းသို့ ဆိုက်ရောက်ခဲ့ပါတယ်။
Babylon, Iraq
ဒီ မြို့တော်ကတော့ သမိုင်းကို လေ့လာလိုက်စားဖူးတဲ့ သူတိုင်း ရင်းနှီးတဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။ ဒီ မြို့တော်က Euphrates မြစ်ကမ်းဘေးမှာ တည်ရှိပြီးတော့ မက်ဆိုပိုတေးမီးယား မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ မြို့တော်ကြီးဟာ ထိုခေတ်ထိုအခါက ယဉ်ကျေးမှုကို ဦးဆောင်ထားကြသူများလည်း ဖြစ်ခဲ့ပါတယ်။ ဒီ မြို့တော်ကနေ အင်ပါယာအဖြစ်တည်ထောင်ခဲ့သူများထဲမှ ထင်ရှားကျော်ကြားခဲ့သူကတော့ Nebuchadnezzar (ဘီစီ ၆၀၄ ကနေ ဘီစီ ၅၆၂)ဖြစ်ပြီး သူရဲ့ လက်ထက်မှာ အလွန်ကြီးမားလှတဲ့ ဥယျာဉ်ကြီးတစ်ခုကိုလည်း တည်ဆောက်ခဲ့ ပါသေးတယ်။
Chatousa, Turkey
ဒီ မြို့တော်ကတော့ ဟစ်တစ် အင်ပါယာကြီးရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ ဒီ မြို့တော်က ၁၇ရာစု ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဟစ်တစ် ယဉ်ကျေးမှု ခေတ်ကို ဦးဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ထို မြို့တော်ကြီးက လူပေါင်း ၅ သောင်းခန့် နဲ့ စတင်တည်ထောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ထို မြို့တော်ကြီးရဲ့ နန်းတော် အဆောက်အအုံတွေ နဲ့ ဘုရားကျောင်းအဆောက်အအုံတွေကို ကျောက်သားတွေ နဲ့ တည်ဆောက်ထား ကြပြီး လူနေအိမ်များကိုတော့ သစ် နှင့် နေလှန်းအုတ်တွေကို အသုံးပြုကာ တည်ဆောက်ထားခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီ မြို့တော်ကြီးဟာ အေဒီ ၁၂၀၀ပြည့်နှစ် လောက်မှာ ပျက်စီးသွားခဲ့တယ်လို့ပညာရှင်တွေက ဆိုကြပါတယ်။
Persepolis, Iran
ဒီ မြို့တော်ဟောင်းကတော့ ပါရှန်းအင်ပါယာရဲ့ အလည်မှာတည်ရှိပြီး ရုံးစိုက်ရာ မြို့တော် အဖြစ် တည်ရှိခဲ့တာပါ။ ဘီစီ ၃၃၁ မှာ ဂရိခေါင်းဆောင် မဟာအလက်ဇန်းဒါး က တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။ ဒီ မြို့တော်ဟာ ပါရှန်းတွေ ခေတ်ကောင်းခဲ့စဉ် အချိန်က အလွန်ထင်ရှား ကျော်ကြားခဲ့ပါတယ်။ သူတို့ဟာ ထို ဒေသကြီးရဲ့ ယဉ်ကျေးမှုကို ဦးဆောင် ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြပါတယ်။
hatra, Iraq
ဒီ မြို့တော်ဟောင်းကတော့ အာရပ်တွေရဲ့ ပထမဆုံး ဘုရင့်နိုင်ငံတော် တစ်ခုရဲ့ မြို့တော် လို့လည်း ဆိုကြပါတယ်။ ဒီ မြို့တော်ဟာ အေဒီ ၂၄၁ခုနှစ် မှာ ရောမ အင်ပါယာ နဲ့ အကြိမ်ကြိမ် စစ်ပွဲတွေ ဆင်နွှဲပြီးမှ ပျက်စီးသွားခဲ့ရတာပါ။ ဒီ မြို့တော်ကြီးရဲ့ တည်ဆောက်ခြင်းနည်းပညာ လက်ရာတွေဟာ ဂရိ နဲ့ ရောမ လက်ရာတွေနဲ့ ဆင်တူပြီး အရှေ့ အလယ်ပိုင်းဒေသ ရဲ့ ကြီးမားတဲ့ လူမျိုးစုတွေ ရှင်သန်နေထိုင် ခဲ့ကြတယ်ဆိုတာကို သက်သေခံလျက် ရှိနေပါတယ်။
Sanchi, India
ဒီ နေရာကိုတော့ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော် မှတ်တမ်းတစ်ခုအရ ဘီစီ ၃ရာစု မှာ တည်ထောင်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ ဒီ မြို့ဟောင်းမှာ ဗုဒ္ဓဘုရားကျောင်းဆောင်တွေ နဲ့ ဘုန်းကြီးကျောင်းတွေကိုတော့ အေဒီ ၁ဝရာစု နဲ့ ၁၁ရာစုအတွင်း တည်ဆောက်ထားခဲ့ ကြပါတယ်။ ၁၃ ရာစု အေဒီ မှာတော့ အိန္ဒိယ မှာဗုဒ္ဓ အယူဝါဒ ဟာ အားပျော့လာပြီး ဒီမြို့ဟောင်းသည်လည်း ပျောက်ကွယ်ခဲ့ရ ပါတယ်။ ၁၈၁၈ ခုနှစ်မှာတော့ဗြိတိသျှ အရာရှိတွေဟာ ဒီမြို့တော်ဟောင်းကိုပြန်လည် တွေ့ရှိခဲ့ကြပြီး ယနေ့ အချိန်မှာတော့ ခရီသွားကမ္ဘာလှည့်ဧည့်သည်တွေအတွက် အလွန်စွဲဆောင်မှုရှိတဲ့ နေရာတစ်ခု အဖြစ်သို့ ရောက်ရှိလာပါတယ်။
Troy, Turkey
ဒီ မြို့ကတော့ တော်တော်များများ ရင်းနှီးဖူးပြီးသား မြို့တော်ဟောင်းတစ်ခု ဖြစ်ပါတယ်။ ဒီ မြို့တော်ဟောင်းဟာ တူရကီနိုင်ငံ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။ ဒီ မြို့တော်ဟောင်းကို ဘီစီ ၁၃ရာစု မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ မြို့ဟာ ရှေးခေတ် ဂရိ စာဆိုတော်ကြီး Homer ကြောင့်လည်း ထင်ရှား ခဲ့ပါတယ်။ နောက်ပိုင်းမှာ Trojan War ကြောင့်လည်း နာမည် ထပ်ပြီး ကျော်ကြားခဲ့ ပြန်ပါသေးတယ်။ ဒီ မြို့တော်ဟောင်းဟာ တည်ဆောက်ခဲ့တဲ့ ဗိသုကာ လက်ရာတွေကြောင့် ယနေ့ချိန်အထိ ကျော်ကြားနေသေးကာ ခရီးသွားဧည့်သည် တွေအတွက် လည်ပတ်စရာ နေရာတစ်ခုလည်း ဖြစ်နေပါသေးတယ်။
ရောခ့်ကာ
Leave a Reply