ဘယ္လိုလူေတြ တိုးတက္ၿပီး ေအာင္ျမင္ၾကသလဲ

Posted on

ေရးသားသူ – ေဒါက္တာ ခင္ေမာင္ညိဳ

တစ္ျပားတန္အေတြးေတြးတဲ့သူ ဟာ တစ္ျပားပဲရမွာပါပဲ
အုိင္းစတုိင္း

ဖတ္ႀကံေတြး

ဘယ္လုိလူေတြတုိးတက္ တာလဲဆုိတာကုိ ကြၽန္ေတာ့္ကို ေမးေလ့ရွိတယ္။ ကြၽန္ေတာ္က ေတာ့ စာဖတ္တဲ့လူေတြ တုိးတက္ တယ္လုိ႔ ေျပာေလ့ရွိတယ္။

ဒါဟာကြၽန္ေတာ္တုိ႔ စဥ္း စားလုိ႔ရတဲ့ အေၾကာင္းအရာလည္း ျဖစ္ပါတယ္။

ဦးပဂ်ီငိုအေၾကာင္းကို စာ တစ္ေစာင္ေပတဖြဲ႔ေရးခဲ့တဲ့ ဆရာ မင္းလွျမတ္ေထြးကေတာ့ ‘ဖတ္ႀကံ လုပ္’ ဆုိၿပီး ေျပာဖူးတယ္။

စာဖတ္႐ုံနဲ႔ မၿပီးေသးဘူး။

ႀကံစည္ရမယ္။

ႀကံေန႐ုံနဲ႔လည္း မရဘူး၊ လုပ္ရပါဦးမယ္။ ဒီေတာ့ အဆင့္ တုိင္းဟာ အေရးပါတယ္။

တကယ္ေတာ့ လုပ္တဲ့အ ခါ ေအာင္ျမင္ခ်င္မွေအာင္ျမင္မွာ ေပါ့။ ဒီေနရာမွာ လုပ္တဲ့အလုပ္နဲ႔ ပတ္သက္ၿပီး ေတြးစရာေတြရွိ တယ္။ လူေတြကုိ ေမးၾကည့္ပါ။ လူတုိင္းလုိလုိဟာ ဆုံး႐ႈံးဖူးတဲ့ လူ ေတြပါပဲတဲ့။ ဒါေပမယ့္ ေအာင္ ျမင္ေနတဲ့သူေတြ အမ်ားႀကီးပါပဲ။

သူတုိ႔ယေန႔ ဘာေၾကာင့္ ေအာင္ျမင္သလဲ။ ပထမမွာေတာ့ မေအာင္ျမင္ေပမယ့္ ေနာက္ဆုံး ေအာင္ျမင္သြားတဲ့အေၾကာင္းမွန္း ဆၾကည့္ႏုိင္တယ္။ သူတုိ႔ေအာင္ ျမင္တာ ဇြဲရွိ္လုိ႔ပဲေပါ့။ ဇြဲရွိတဲ့ လူ ေတြ တုိးတက္တယ္ဆုိတာကို ေတြ႔ ရေပမယ္။ ဒါေပမယ့္ မွန္ကန္တဲ့ အလုပ္ကုိေတာ့ လုပ္ဖုိ႔လုိတယ္။

ဒါဆုိရင္ ‘ဖတ္ႀကံေတြး’ ဆုိတဲ့ဆီကုိပဲ ျပန္ေရာက္သြားပါ တယ္။

မျဖစ္မေန

ကြၽန္ေတာ္ငယ္ငယ္က ေက်ာင္းကဆရာေတြနဲ႔ လက္ပြန္း တ တီးေနဖူးတယ္။ ကြၽန္ေတာ္တုိ႔ ေက်ာင္းမွာ ဆရာေလးတစ္ ေယာက္ကို ကြၽန္ေတာ္ေမးခြန္းေမး ဖူးတယ္။

”ဆရာ ျမန္မာျပည္ ေရာက္တဲ့ တ႐ုတ္ေတြအမ်ားႀကီး ဟာ ခ်မ္းသာၾကတယ္။ သူတုိ႔ တကယ္ေတာ္တယ္ေနာ္”

ဆရာေလးက ”မွန္တယ္၊ တကယ္ေတာ့ တ႐ုတ္တုိင္းမခ်မ္း သာပါဘူး။ တ႐ုတ္ဘိန္းစားလုိ႔ ေျပာသံ ၾကားဖူးတယ္မဟုတ္လား” လုိ႔ ေျပာပါတယ္။ ဆက္ၿပီးဆရာက ”သူတုိ႔ ထဲမွာလည္း အမ်ဳိးမ်ဳိးရွိပါ တယ္။ ဒါေပမယ့္ ႏုိင္ငံရပ္ျခားမွာ က်ားကုတ္က်ားခဲႀကိဳးစားရတယ္။ သူတုိ႔ အသက္ရွင္ရပ္တည္ေရးအ တြက္ ႀကိဳးစားရင္းနဲ႔ လမ္းစေတြ ေတြ႔ သြားတာပဲ”လုိ႔ ေျပာပါတယ္။

ဒီအေၾကာင္းစဥ္းစားရာ က ရတဲ့အသိတရားတစ္ခုကုိ ေျပာလုိပါတယ္။

ေရထဲတြန္းခ်ရင္ ေရကူး တတ္လာတဲ့ သူေတြရွိသလုိ ျမဳပ္ သြားတဲ့သူလည္းရွိတယ္။

ကြၽန္ေတာ္တုိ႔ေတြ႔တဲ့ လူ ေတြက ေရကူးတတ္သြားတဲ့ သူ ေတြပါပဲ။ စုံးစံုးျမဳပ္သြားသူေတြကို ဘယ္ေမးလုိ႔ရေတာ့မွာလဲ။

ေရကူးတတ္တဲ့ လူေတြ ဒု နဲ႔ေဒးပါပဲ။

ကူးတတ္႐ုံနဲ႔ မရဘူး။ လုိ တဲ့ေနရာကို ေရာက္ေအာင္ကူးဖုိ႔ က အေရးႀကီးျပန္ေရာ။

ဇြဲသတၱိ

ပုံျပင္ေလးတစ္ပုဒ္ကို ဖတ္ ဖူးတယ္။

တစ္ခါက တိရစၧာန္႐ုံရဲ႕ ေရကန္ႀကီးနံေဘးမွာ ဝန္ထမ္းေတြ ကို ပုိင္ရွင္သူေဌးႀကီးက ေခၚၿပီး ဂုဏ္ျပဳေန႔လယ္စာ ေကြၽးသတဲ့။

အဲဒီေနာက္ေတာ့ သူတုိ႔ကုိ ေရကန္နဖူးကိုေခၚၿပီး ကန္ထဲက မိေက်ာင္းေတြအတြက္ အသား ေတြကို ေကြၽးေစတယ္။ ကန္ထဲက မိေက်ာင္းေတြက ဝမ္းသာအားရ သြားျဖဴျဖဴေတြကို ၿဖဲၿပီးစားေသာက္ ၾကတယ္။ ေရထဲမွာ ဝုန္းဒုိင္းသံေတြ ဆူညံေနတာေပါ့။

ဒီလုိ ေကြၽးေမြးေနတုန္း သူ ေဌးက ”တကယ္လုိ႔မ်ားခုအခ်ိန္ လူတစ္ေယာက္ ေရကန္ထဲကို ဆင္းၿပီး ဟုိဘက္ကိုကူးသြားရဲတယ္ ဆုိရင္ ေဒၚလာတစ္ေသာင္းဆုခ်ီး ျမႇင့္ခ်င္ပါရဲ႕”လုိ႔ ေျပာတယ္။

ဒီလုိေျပာၿပီးတဲ့ေနာက္မွာ ဝုန္းခနဲ ေရထဲခုန္ဆင္းသြားတဲ့ အ သံကုိၾကားလုိက္ရတယ္။

ေရထဲၾကည့္လုိက္ေတာ့ လူ တစ္ေယာက္ဟာ မိေက်ာင္းေတြ ၾကားကေန ဟုိဘက္ကမ္းကို တစ္ အားကူးေနတာကိုေတြ႔ၾကသတဲ့။

”ေဝး ေဝး ေဝး”

လူေတြက ေအာ္ဟစ္အား ေပးၾကတယ္။ ေနာက္ဆုံးမွာ အဲဒီ လူဟာ တစ္ဖက္ကမ္းကို ေရာက္ သြားၿပီး လြတ္ေျမာက္သြားတယ္။

ဒီေတာ့ သူေဌးလည္း မေန သာေတာ့ဘဲ အဲဒီလူကို အထူးရဲရင့္ ဆုအေနနဲ႔ ေဒၚလာေငြတစ္ေသာင္း ဆုခ်လုိက္သတဲ့။

ၿပီးေတာ့ ဒီလူကို ပရိသတ္ ေတြကို ဘာေျပာခ်င္သလဲေမး ေတာ့ သူက ”ငါ့ကို ေရထဲတြန္းခ် တဲ့ေကာင္ ဘယ္သူလဲ၊ ေတြ႔ရင္ ေတာ့ အေသပဲ”လုိ႔ ႀကိမ္းေမာင္း တာကို ၾကားရေလသတဲ့။

ဒီပုံေလးက ဟာသ သက္ သက္ေပမယ့္ ေကာင္းပါတယ္။

ဇြဲသတၱိဆုိတာ ညႇစ္အား ဒါမွမဟုတ္တြန္းအား ဒါမွမဟုတ္ ဆြဲအားလုိတယ္။ မိေက်ာင္းေတြက တြန္းအားပါပဲ။

”မမေလးကိုခ်စ္တဲ့ အာ႐ုံ၊ ေရႊျမင့္မုိရ္တစ္ေတာင္လုံး တုံးမွတ္ လုိ႔ ခုန္”ဆုိတာကေတာ့ ဆြဲအား ေပါ့။

စိတ္ခြန္အား

လူအခ်ဳိ႕ကေတာ့ စိတ္ခြန္ အားကိုမယုံေပ။

ျမန္မာေတြေျပာတဲ့ ဆႏၵာဓိပတိဆုိတာကုိ သတိရၾကသင့္ တယ္။

တကယ္ေတာ့ ဒါဟာ ဗုဒၶ ဘာသာဝင္ေတြရဲ႕ စကားအျဖစ္ တစ္ကမၻာလုံးက စိတ္ပညာရွင္အ ေတာ္မ်ားမ်ား လက္ခံၾကတယ္။

မိမိလုိခ်င္တာကို ေရးထား မွတ္ထား။ ေန႔တုိင္းသတိရပါ။

ေမာ္ေတာ္ကားလုိခ်င္ရင္ ကားပုံကို ေခါင္းရင္းမွာ ေရးကပ္ ထားပါ။ ေန႔စဥ္ အိပ္ရာဝင္ အိပ္ ရာထၾကည့္ပါ။

ဒီအခါ မိမိမွန္းထားေသာ အခ်ိန္မွာ ထုိကားကုိရမယ္ဆုိတဲ့ စကားရွိတယ္။

အေနာက္တုိင္း၊ အေရွ႕ တုိင္းကလူေတြ ဒါကိုယုံၾကတယ္။

ဒါကိုစိတ္ခြန္အား သို႔မ ဟုတ္ စိတ္တန္ခုိးလုိ႔ ေခၚၾက တယ္။

စိတ္ပညာကေတာ့ မသိ စိတ္ထဲကို အသိဆႏၵေရာက္သြား တဲ့အခါ အလုိအေလ်ာက္ဆႏၵေတြ ကို ျဖည့္ဆည္းတယ္လုိ႔ ဆုိပါ တယ္။ ဘယ္လုိျဖစ္ျဖစ္ ဒါဟာ ရည္မွန္းခ်က္ဆုိတဲ့ အိပ္မက္ကို မွတ္မွတ္သားသားအေလးထားျခင္း လုိ႔ ယူဆႏုိင္ပါတယ္။ ကြၽန္ေတာ္ ကေတာ့ မသိစိတ္ကပဲျဖစ္ျဖစ္ သိ စိတ္ကပဲျဖစ္ျဖစ္ ႀကံစည္ၿပီး လုပ္ ကိုင္ေနမွသာ ေအာင္ျမင္တယ္လုိ႔ ဆုိခ်င္တယ္။

အိပ္မက္ (Dream)

ေအာင္ျမင္လုိသူတိုင္းမွာ အိပ္မက္ေတြထားတယ္။

ဒါေပမယ့္ သူတုိ႔အေနနဲ႔ ပထမ Capacity ကုိ ျမႇင့္ဖုိ႔ေတာ့ လုိတယ္လုိ႔ဆုိတယ္။

အခ်ဳိ႕ကလည္း အိပ္မက္ အရင္မက္တယ္။ အခ်ဳိ႕ကေတာ့ အရည္အေသြးျမင့္မားေအာင္ အ ရင္လုပ္တယ္။

ကြၽန္ေတာ္တုိ႔ ေက်ာင္းေန တာမ်ဳိးဟာ အရည္အေသြးျမႇင့္ တာပဲေပါ့။ ဒီအခ်ိန္မွာ အခ်ဳိ႕က ေတာ့ ရည္မွန္းခ်က္ (အိပ္မက္) ေတြရွိတာကိုေတြ႔ရမယ္။ မ်ားေသာ အားျဖင့္ ပညာသင္တာ အေမ ထားလုိ႔ ေက်ာင္းသြားတယ္။ ပညာ တတ္ရင္ အလုပ္ၾကမ္းမလုပ္ရဘူး။ လစာေကာင္းေကာင္းရမယ္ဆုိတာ မ်ဳိးကုိ လက္ခံထားၾကသူေတြမ်ား တယ္။ ဆရာဝန္ႀကီးျဖစ္ခ်င္တယ္။ အင္ဂ်င္နီယာႀကီးျဖစ္ခ်င္တယ္ဆို တဲ့ အိပ္မက္ေတြဟာလည္း ေရေရ ရာရာ အိပ္မက္ေတြ မဟုတ္ဘူး။

သူမ်ားေယာင္လုိ႔ ေယာင္ ရတာမ်ဳိးပါပဲ။

ဒါေပမယ့္ တစ္စုံတစ္ ေယာက္ကို အားက်ၿပီးမက္တဲ့ အိပ္မက္ကေတာ့ ေရရာတယ္လုိ႔ ဆုိႏုိင္ပါတယ္။

ဒါဆိုရင္ ဘာကို ေရရာတဲ့ အိပ္မက္လုိ႔ ေခၚတာလဲ။

”ေရရာတဲ့ အိပ္မက္ဆုိ တာ အေကာင္အထည္ျမင္ရတာ ကို ေခၚတယ္”လုိ႔ ေျပာႏုိင္တယ္။

အေကာင္အထည္ကို အနီးအနားမွာ မျမင္မေတြ႔ရရင္ေတာ့ ဓာတ္ပုံပန္းခ်ီ သုိ႔မဟုတ္ ကိုယ္ တုိင္ေရးဆြဲၿပီး ထင္ျမင္ လာေအာင္ ျမင္ မက္ဖုိ႔လုိသတဲ့။ ဒါမွ အဲဒီအိပ္ မက္ဟာ ေသခ်ာတယ္။

”ဒါေၾကာင့္ ကြၽန္ေတာ္တုိ႔ ဟာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းလုိ ေခါင္းေဆာင္ေတြရဲ႕ပုံကို ခ်ိတ္ဆြဲ ထားတာပဲ”လုိ႔ မိတ္ေဆြစိတ္ပညာ ရွင္တစ္ဦးက ေျပာျပတယ္။

ဒါေပမယ့္ ပုံေတြခ်ိတ္ထား တာ အားလုံးဟာ အိပ္မက္ေတြ ေတာ့မဟုတ္ပါဘူး။ ကိုယ္တုိင္ ၾကည္ညိဳေလးစားၿပီး သူ႔လုိျဖစ္ခ်င္ မွ အိပ္မက္ဟာ အေကာင္အထည္ ေပၚလာႏုိင္ပါတယ္။

နိဂုံး

တစ္ခါက ပရင္စတန္ တကၠသိုလ္ အေနာက္နား ျမင္ခင္း မွာရွိတဲ့ ခုံတန္းလ်ားေလးတစ္ခုမွာ လူတစ္ေယာက္ထုိင္ေနတယ္။

အဲဒီရက္က ေက်ာင္းပိတ္ ရက္ျဖစ္ေတာ့ လူအေတာ္နည္း တာေပါ့။

အဲဒီ ထုိင္ေနသူအနားကို ေနာက္ေက်ာင္းသားေလးတစ္ ေယာက္က ဝင္ထုိင္တယ္။

ၿပီးေတာ့ ေက်ာင္းသား ေလးက ထုိင္ေနသူကို ”ခင္ဗ်ားကို သိပါတယ္။ ခင္ဗ်ားဟာ ႐ူပေဗဒ ပညာရွင္ႀကီး အုိင္းစတုိင္းမဟုတ္ လား”လုိ႔ ေမးတယ္။

အုိင္းစတုိင္းဟာ လူငယ္ ေလးကုိ ဘာမွမေျပာဘူး။ သူ႔ေရွ႕ က ဘာမွမေရးထားတဲ့ စာရြက္ကို ပဲ ေငးၾကည့္ေနတယ္တဲ့။

ဒီေတာ့ လူငယ္ေလးက ”ခင္ဗ်ားအေတြးအတြက္ တစ္ျပား ေပးမယ္ (A penny for your thought) လုိ႔ လွမ္းေျပာလုိက္ တယ္။ ဒါဟာ အဂၤလိပ္စကားမွာ ေျပာေလ့ရွိတဲ့ စကားပါ။ ေနာက္ ေျပာင္တဲ့ Idiom ပါပဲ။

ဒီအခါမွာ အုိင္းစတုိင္းက လူငယ္ေလးကိုၾကည့္လုိက္တယ္။ ၿပီးေတာ့ ေမးတယ္။

”မင္း ဒီေက်ာင္းက Ph.D ေက်ာင္းသားမဟုတ္လား”

”ဟုတ္ပါတယ္၊ ကြၽန္ေတာ္ ႐ူပေဗဒက Ph.D ေက်ာင္းသားပါ။ ဆရာႀကီး လက္ခ်ာတက္ဖူးတယ္” လုိ႔ ေျဖတယ္တဲ့။

”ေအး၊ မွန္တာေျပာရရင္ ငါဘယ္ေတာ့မွ တစ္ျပားတန္အေတြးမေတြးဘူး။ မင္းလည္းပရင္စတန္က ေက်ာင္းသားအေနနဲ႔ တစ္ျပား တန္ အေတြး ဘယ္ေတာ့မွ မေတြးေလနဲ႔၊ အေတြးဆုိတာ တန္ ဖုိးႀကီးေလေလ ေကာင္းေလေလပဲ” တဲ့။

ဆရာႀကီးက သူ႔စာရြက္ကို ၾကည့္ၿပီး ပုံေဖာ္ေနရင္း ဆက္ေျပာ လုိက္တယ္။

တစ္ျပားတန္အေတြးေတြး တဲ့ သူဟာ တစ္ျပားပဲရမွာပါပဲတဲ့။

ေဒါက္တာ ခင္ေမာင္ညိဳ


ဘယ်လိုလူတွေ တိုးတက်ပြီး အောင်မြင်ကြသလဲ (unicode)

ရေးသားသူ – ဒေါက်တာ ခင်မောင်ညို

တစ်ပြားတန်အတွေးတွေးတဲ့သူ ဟာ တစ်ပြားပဲရမှာပါပဲ
အိုင်းစတိုင်း

ဖတ်ကြံတွေး

ဘယ်လိုလူတွေတိုးတက် တာလဲဆိုတာကို ကျွန်တော့်ကို မေးလေ့ရှိတယ်။ ကျွန်တော်က တော့ စာဖတ်တဲ့လူတွေ တိုးတက် တယ်လို့ ပြောလေ့ရှိတယ်။

ဒါဟာကျွန်တော်တို့ စဉ်း စားလို့ရတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။

ဦးပဂျီငိုအကြောင်းကို စာ တစ်စောင်ပေတဖွဲ့ရေးခဲ့တဲ့ ဆရာ မင်းလှမြတ်ထွေးကတော့ ‘ဖတ်ကြံ လုပ်’ ဆိုပြီး ပြောဖူးတယ်။

စာဖတ်ရုံနဲ့ မပြီးသေးဘူး။

ကြံစည်ရမယ်။

ကြံနေရုံနဲ့လည်း မရဘူး၊ လုပ်ရပါဦးမယ်။ ဒီတော့ အဆင့် တိုင်းဟာ အရေးပါတယ်။

တကယ်တော့ လုပ်တဲ့အ ခါ အောင်မြင်ချင်မှအောင်မြင်မှာ ပေါ့။ ဒီနေရာမှာ လုပ်တဲ့အလုပ်နဲ့ ပတ်သက်ပြီး တွေးစရာတွေရှိ တယ်။ လူတွေကို မေးကြည့်ပါ။ လူတိုင်းလိုလိုဟာ ဆုံးရှုံးဖူးတဲ့ လူ တွေပါပဲတဲ့။ ဒါပေမယ့် အောင် မြင်နေတဲ့သူတွေ အများကြီးပါပဲ။

သူတို့ယနေ့ ဘာကြောင့် အောင်မြင်သလဲ။ ပထမမှာတော့ မအောင်မြင်ပေမယ့် နောက်ဆုံး အောင်မြင်သွားတဲ့အကြောင်းမှန်း ဆကြည့်နိုင်တယ်။ သူတို့အောင် မြင်တာ ဇွဲရှိ်လို့ပဲပေါ့။ ဇွဲရှိတဲ့ လူ တွေ တိုးတက်တယ်ဆိုတာကို တွေ့ ရပေမယ်။ ဒါပေမယ့် မှန်ကန်တဲ့ အလုပ်ကိုတော့ လုပ်ဖို့လိုတယ်။

ဒါဆိုရင် ‘ဖတ်ကြံတွေး’ ဆိုတဲ့ဆီကိုပဲ ပြန်ရောက်သွားပါ တယ်။

မဖြစ်မနေ

ကျွန်တော်ငယ်ငယ်က ကျောင်းကဆရာတွေနဲ့ လက်ပွန်း တ တီးနေဖူးတယ်။ ကျွန်တော်တို့ ကျောင်းမှာ ဆရာလေးတစ် ယောက်ကို ကျွန်တော်မေးခွန်းမေး ဖူးတယ်။

”ဆရာ မြန်မာပြည် ရောက်တဲ့ တရုတ်တွေအများကြီး ဟာ ချမ်းသာကြတယ်။ သူတို့ တကယ်တော်တယ်နော်”

ဆရာလေးက ”မှန်တယ်၊ တကယ်တော့ တရုတ်တိုင်းမချမ်း သာပါဘူး။ တရုတ်ဘိန်းစားလို့ ပြောသံ ကြားဖူးတယ်မဟုတ်လား” လို့ ပြောပါတယ်။ ဆက်ပြီးဆရာက ”သူတို့ ထဲမှာလည်း အမျိုးမျိုးရှိပါ တယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားမှာ ကျားကုတ်ကျားခဲကြိုးစားရတယ်။ သူတို့ အသက်ရှင်ရပ်တည်ရေးအ တွက် ကြိုးစားရင်းနဲ့ လမ်းစတွေ တွေ့ သွားတာပဲ”လို့ ပြောပါတယ်။

ဒီအကြောင်းစဉ်းစားရာ က ရတဲ့အသိတရားတစ်ခုကို ပြောလိုပါတယ်။

ရေထဲတွန်းချရင် ရေကူး တတ်လာတဲ့ သူတွေရှိသလို မြုပ် သွားတဲ့သူလည်းရှိတယ်။

ကျွန်တော်တို့တွေ့တဲ့ လူ တွေက ရေကူးတတ်သွားတဲ့ သူ တွေပါပဲ။ စုံးစုံးမြုပ်သွားသူတွေကို ဘယ်မေးလို့ရတော့မှာလဲ။

ရေကူးတတ်တဲ့ လူတွေ ဒု နဲ့ဒေးပါပဲ။

ကူးတတ်ရုံနဲ့ မရဘူး။ လို တဲ့နေရာကို ရောက်အောင်ကူးဖို့ က အရေးကြီးပြန်ရော။

ဇွဲသတ္တိ

ပုံပြင်လေးတစ်ပုဒ်ကို ဖတ် ဖူးတယ်။

တစ်ခါက တိရစ္ဆာန်ရုံရဲ့ ရေကန်ကြီးနံဘေးမှာ ဝန်ထမ်းတွေ ကို ပိုင်ရှင်သူဌေးကြီးက ခေါ်ပြီး ဂုဏ်ပြုနေ့လယ်စာ ကျွေးသတဲ့။

အဲဒီနောက်တော့ သူတို့ကို ရေကန်နဖူးကိုခေါ်ပြီး ကန်ထဲက မိကျောင်းတွေအတွက် အသား တွေကို ကျွေးစေတယ်။ ကန်ထဲက မိကျောင်းတွေက ဝမ်းသာအားရ သွားဖြူဖြူတွေကို ဖြဲပြီးစားသောက် ကြတယ်။ ရေထဲမှာ ဝုန်းဒိုင်းသံတွေ ဆူညံနေတာပေါ့။

ဒီလို ကျွေးမွေးနေတုန်း သူ ဌေးက ”တကယ်လို့များခုအချိန် လူတစ်ယောက် ရေကန်ထဲကို ဆင်းပြီး ဟိုဘက်ကိုကူးသွားရဲတယ် ဆိုရင် ဒေါ်လာတစ်သောင်းဆုချီး မြှင့်ချင်ပါရဲ့”လို့ ပြောတယ်။

ဒီလိုပြောပြီးတဲ့နောက်မှာ ဝုန်းခနဲ ရေထဲခုန်ဆင်းသွားတဲ့ အ သံကိုကြားလိုက်ရတယ်။

ရေထဲကြည့်လိုက်တော့ လူ တစ်ယောက်ဟာ မိကျောင်းတွေ ကြားကနေ ဟိုဘက်ကမ်းကို တစ် အားကူးနေတာကိုတွေ့ကြသတဲ့။

”ဝေး ဝေး ဝေး”

လူတွေက အော်ဟစ်အား ပေးကြတယ်။ နောက်ဆုံးမှာ အဲဒီ လူဟာ တစ်ဖက်ကမ်းကို ရောက် သွားပြီး လွတ်မြောက်သွားတယ်။

ဒီတော့ သူဌေးလည်း မနေ သာတော့ဘဲ အဲဒီလူကို အထူးရဲရင့် ဆုအနေနဲ့ ဒေါ်လာငွေတစ်သောင်း ဆုချလိုက်သတဲ့။

ပြီးတော့ ဒီလူကို ပရိသတ် တွေကို ဘာပြောချင်သလဲမေး တော့ သူက ”ငါ့ကို ရေထဲတွန်းချ တဲ့ကောင် ဘယ်သူလဲ၊ တွေ့ရင် တော့ အသေပဲ”လို့ ကြိမ်းမောင်း တာကို ကြားရလေသတဲ့။

ဒီပုံလေးက ဟာသ သက် သက်ပေမယ့် ကောင်းပါတယ်။

ဇွဲသတ္တိဆိုတာ ညှစ်အား ဒါမှမဟုတ်တွန်းအား ဒါမှမဟုတ် ဆွဲအားလိုတယ်။ မိကျောင်းတွေက တွန်းအားပါပဲ။

”မမလေးကိုချစ်တဲ့ အာရုံ၊ ရွှေမြင့်မိုရ်တစ်တောင်လုံး တုံးမှတ် လို့ ခုန်”ဆိုတာကတော့ ဆွဲအား ပေါ့။

စိတ်ခွန်အား

လူအချို့ကတော့ စိတ်ခွန် အားကိုမယုံပေ။

မြန်မာတွေပြောတဲ့ ဆန္ဒာဓိပတိဆိုတာကို သတိရကြသင့် တယ်။

တကယ်တော့ ဒါဟာ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ စကားအဖြစ် တစ်ကမ္ဘာလုံးက စိတ်ပညာရှင်အ တော်များများ လက်ခံကြတယ်။

မိမိလိုချင်တာကို ရေးထား မှတ်ထား။ နေ့တိုင်းသတိရပါ။

မော်တော်ကားလိုချင်ရင် ကားပုံကို ခေါင်းရင်းမှာ ရေးကပ် ထားပါ။ နေ့စဉ် အိပ်ရာဝင် အိပ် ရာထကြည့်ပါ။

ဒီအခါ မိမိမှန်းထားသော အချိန်မှာ ထိုကားကိုရမယ်ဆိုတဲ့ စကားရှိတယ်။

အနောက်တိုင်း၊ အရှေ့ တိုင်းကလူတွေ ဒါကိုယုံကြတယ်။

ဒါကိုစိတ်ခွန်အား သို့မ ဟုတ် စိတ်တန်ခိုးလို့ ခေါ်ကြ တယ်။

စိတ်ပညာကတော့ မသိ စိတ်ထဲကို အသိဆန္ဒရောက်သွား တဲ့အခါ အလိုအလျောက်ဆန္ဒတွေ ကို ဖြည့်ဆည်းတယ်လို့ ဆိုပါ တယ်။ ဘယ်လိုဖြစ်ဖြစ် ဒါဟာ ရည်မှန်းချက်ဆိုတဲ့ အိပ်မက်ကို မှတ်မှတ်သားသားအလေးထားခြင်း လို့ ယူဆနိုင်ပါတယ်။ ကျွန်တော် ကတော့ မသိစိတ်ကပဲဖြစ်ဖြစ် သိ စိတ်ကပဲဖြစ်ဖြစ် ကြံစည်ပြီး လုပ် ကိုင်နေမှသာ အောင်မြင်တယ်လို့ ဆိုချင်တယ်။

အိပ်မက် (Dream)

အောင်မြင်လိုသူတိုင်းမှာ အိပ်မက်တွေထားတယ်။

ဒါပေမယ့် သူတို့အနေနဲ့ ပထမ Capacity ကို မြှင့်ဖို့တော့ လိုတယ်လို့ဆိုတယ်။

အချို့ကလည်း အိပ်မက် အရင်မက်တယ်။ အချို့ကတော့ အရည်အသွေးမြင့်မားအောင် အ ရင်လုပ်တယ်။

ကျွန်တော်တို့ ကျောင်းနေ တာမျိုးဟာ အရည်အသွေးမြှင့် တာပဲပေါ့။ ဒီအချိန်မှာ အချို့က တော့ ရည်မှန်းချက် (အိပ်မက်) တွေရှိတာကိုတွေ့ရမယ်။ များသော အားဖြင့် ပညာသင်တာ အမေ ထားလို့ ကျောင်းသွားတယ်။ ပညာ တတ်ရင် အလုပ်ကြမ်းမလုပ်ရဘူး။ လစာကောင်းကောင်းရမယ်ဆိုတာ မျိုးကို လက်ခံထားကြသူတွေများ တယ်။ ဆရာဝန်ကြီးဖြစ်ချင်တယ်။ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်ဆို တဲ့ အိပ်မက်တွေဟာလည်း ရေရေ ရာရာ အိပ်မက်တွေ မဟုတ်ဘူး။

သူများယောင်လို့ ယောင် ရတာမျိုးပါပဲ။

ဒါပေမယ့် တစ်စုံတစ် ယောက်ကို အားကျပြီးမက်တဲ့ အိပ်မက်ကတော့ ရေရာတယ်လို့ ဆိုနိုင်ပါတယ်။

ဒါဆိုရင် ဘာကို ရေရာတဲ့ အိပ်မက်လို့ ခေါ်တာလဲ။

”ရေရာတဲ့ အိပ်မက်ဆို တာ အကောင်အထည်မြင်ရတာ ကို ခေါ်တယ်”လို့ ပြောနိုင်တယ်။

အကောင်အထည်ကို အနီးအနားမှာ မမြင်မတွေ့ရရင်တော့ ဓာတ်ပုံပန်းချီ သို့မဟုတ် ကိုယ် တိုင်ရေးဆွဲပြီး ထင်မြင် လာအောင် မြင် မက်ဖို့လိုသတဲ့။ ဒါမှ အဲဒီအိပ် မက်ဟာ သေချာတယ်။

”ဒါကြောင့် ကျွန်တော်တို့ ဟာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်တွေရဲ့ပုံကို ချိတ်ဆွဲ ထားတာပဲ”လို့ မိတ်ဆွေစိတ်ပညာ ရှင်တစ်ဦးက ပြောပြတယ်။

ဒါပေမယ့် ပုံတွေချိတ်ထား တာ အားလုံးဟာ အိပ်မက်တွေ တော့မဟုတ်ပါဘူး။ ကိုယ်တိုင် ကြည်ညိုလေးစားပြီး သူ့လိုဖြစ်ချင် မှ အိပ်မက်ဟာ အကောင်အထည် ပေါ်လာနိုင်ပါတယ်။

နိဂုံး

တစ်ခါက ပရင်စတန် တက္ကသိုလ် အနောက်နား မြင်ခင်း မှာရှိတဲ့ ခုံတန်းလျားလေးတစ်ခုမှာ လူတစ်ယောက်ထိုင်နေတယ်။

အဲဒီရက်က ကျောင်းပိတ် ရက်ဖြစ်တော့ လူအတော်နည်း တာပေါ့။

အဲဒီ ထိုင်နေသူအနားကို နောက်ကျောင်းသားလေးတစ် ယောက်က ဝင်ထိုင်တယ်။

ပြီးတော့ ကျောင်းသား လေးက ထိုင်နေသူကို ”ခင်ဗျားကို သိပါတယ်။ ခင်ဗျားဟာ ရူပဗေဒ ပညာရှင်ကြီး အိုင်းစတိုင်းမဟုတ် လား”လို့ မေးတယ်။

အိုင်းစတိုင်းဟာ လူငယ် လေးကို ဘာမှမပြောဘူး။ သူ့ရှေ့ က ဘာမှမရေးထားတဲ့ စာရွက်ကို ပဲ ငေးကြည့်နေတယ်တဲ့။

ဒီတော့ လူငယ်လေးက ”ခင်ဗျားအတွေးအတွက် တစ်ပြား ပေးမယ် (A penny for your thought) လို့ လှမ်းပြောလိုက် တယ်။ ဒါဟာ အင်္ဂလိပ်စကားမှာ ပြောလေ့ရှိတဲ့ စကားပါ။ နောက် ပြောင်တဲ့ Idiom ပါပဲ။

ဒီအခါမှာ အိုင်းစတိုင်းက လူငယ်လေးကိုကြည့်လိုက်တယ်။ ပြီးတော့ မေးတယ်။

”မင်း ဒီကျောင်းက Ph.D ကျောင်းသားမဟုတ်လား”

”ဟုတ်ပါတယ်၊ ကျွန်တော် ရူပဗေဒက Ph.D ကျောင်းသားပါ။ ဆရာကြီး လက်ချာတက်ဖူးတယ်” လို့ ဖြေတယ်တဲ့။

”အေး၊ မှန်တာပြောရရင် ငါဘယ်တော့မှ တစ်ပြားတန်အတွေးမတွေးဘူး။ မင်းလည်းပရင်စတန်က ကျောင်းသားအနေနဲ့ တစ်ပြား တန် အတွေး ဘယ်တော့မှ မတွေးလေနဲ့၊ အတွေးဆိုတာ တန် ဖိုးကြီးလေလေ ကောင်းလေလေပဲ” တဲ့။

ဆရာကြီးက သူ့စာရွက်ကို ကြည့်ပြီး ပုံဖော်နေရင်း ဆက်ပြော လိုက်တယ်။

တစ်ပြားတန်အတွေးတွေး တဲ့ သူဟာ တစ်ပြားပဲရမှာပါပဲတဲ့။

ဒေါက်တာ ခင်မောင်ညို

Leave a Reply