ႏုိင္ငံေရးခုိလႈံရန္ေရာက္ရွိလာၿပီးမွ ရဟန္းအျဖစ္ ႏွစ္ေပါင္း ၄၀ ေက်ာ္ သီတင္းသုံးသြားခဲ့သူ အရွင္အာနႏၵာ

Posted on

Via : Irrawaddy Burmese

ကဗ်ာ ဆရာ၊ ရဟန္းႏွင့္ ႏိုင္ငံေရးအရ ျပည္ပတြင္ ေနထိုင္ရသူတဦးျဖစ္ေသာ ဖရက္ဒရစ္ လက္စ္တစ္ဂ္ (Friedrich Lusting) သည္ သူ၏ ေမြးစားႏိုင္ငံ ျမန္မာျပည္မွ ၿပိဳင္ဘက္ကင္းသည့္ အသိအျမင္ကို ႀကိဳးစားေလ့လာ ဆည္းပူးႏိုင္ခဲ့ပါသည္။ သူ႔ကို ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားသား ရဟန္းေတာ္ “အရွင္အာနႏၵာ” ဟု သိၾကသည္။

ေရႊတိဂံုေစတီေတာ္သို႔သြား၍ အသက္အရြယ္ ႀကီးရင့္ေသာ ဘုန္းေတာ္ႀကီးမ်ားကို ေမးၾကည့္လွ်င္ သူ႔ကို သိၾကပါလိမ့္မည္။ ႏိုင္ငံျခားသား ရဟန္းေတာ္ အရွင္အာနႏၵာသည္ ျမန္မာႏိုင္ငံတြင္ ႏွစ္ေပါင္း ၄၀ သီတင္းသံုးသြားခဲ့ၿပီး အာဏာရွင္ ဦးေနဝင္းက အရွင္အာနႏၵာကို ေရႊတိဂံုေစတီေတာ္တြင္ သီတင္းသံုးခြင့္ ျပဳခဲ့ျခင္းေၾကာင့္ လူသိမ်ားသူလည္း ျဖစ္ပါသည္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားကဲ့သို႔ ေဝးလံသည့္ ေနရာတြင္ပင္ ခရစ္ယာန္ဘာသာဝင္ ကက္သလစ္ ဘုန္းေတာ္ႀကီး တပါးကို Friedrich Lusting အေၾကာင္း ေမးၾကည့္သည့္အခါ “ဟုတ္တယ္။ လက္စ္တစ္ဂ္၊ သူ႔ကို ရန္ကုန္မွာ မၾကာခဏ ေတြ႕ခဲ့တယ္။ သူ႔ရဲ႕ ျမန္မာဘြဲ႕ေတာ္က အရွင္အာနႏၵာ” ဟု က်မကို ေျပာျပသည္။

ဗုဒၶဘာသာကို အလြန္ၾကည္ညိဳ ကိုင္း႐ိႈင္းသူျဖစ္ေသာ အရွင္အာနႏၵာသည္ အဂၤလိပ္စကားေျပာသည့္ ပရိသတ္မ်ားအတြက္ ျမန္မာကဗ်ာႏွင့္ ျမန္မာ့႐ိုးရာ ေတးဂီတကို ျဖန္႔ေဝႏိုင္ေရးအတြက္ အထူး အားထုတ္ခဲ့သူျဖစ္သည္။ ၁၉၈၉ ခုႏွစ္တြင္ ပ်ံလြန္ေတာ္မူသည့္အခါ သူ၏ အ႐ိုးျပာမ်ားကို သုသာန္သို႔ မေျပာင္းေရႊ႕မီအခ်ိန္တြင္ ေရႊတိဂံုေစတီေတာ္အနီးရွိ မိုးညွင္းေက်ာင္းတိုက္တြင္ သိမ္းဆည္းထားခဲ့သည္။

အရွင္အာနႏၵာသည္ ေဝးေျမရပ္ျခားသို႔ တရားဓမၼ အလင္းေရာင္ကို ရွာေဖြရန္သက္သက္အတြက္ စိတ္အား ထက္သန္စြာျဖင့္ ေရာက္ရွိလာေသာ အေနာက္တိုင္းသားတဦး မဟုတ္ပါ။ ေျပာရလွ်င္ မယံုႏိုင္စရာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါသည္။ အရွင္အာနႏၵာသည္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံေရးခိုလံႈရန္ ေရာက္ရွိလာသူ ျဖစ္ပါသည္။

၁၉၄၉ ခုႏွစ္ စက္တင္ဘာလ ၈ ရက္ေန႔တြင္ ထိုင္းႏိုင္ငံမွတဆင့္ ျမန္မာႏိုင္ငံသို႔ ဖရက္ဒရစ္ လက္စ္တစ္ဂ္ ေရာက္ရွိလာခဲ့ၿပီး ထိုစဥ္က ဝန္ႀကီးခ်ဳပ္ျဖစ္ေသာ ဦးႏုက သူ႔ကို ႏိုင္ငံေရးခိုလံႈခြင့္ ေပးခဲ့သည္။ ယင္းမတိုင္မီ ထိုင္းႏိုင္ငံတြင္ ဆယ္စုႏွစ္ ၁ ခုေက်ာ္ ေနထိုင္ခဲ့ရသည္။ သူ၏ ဇာတိႏိုင္ငံျဖစ္ေသာ အက္စ္တိုးနီးယား ႏိုင္ငံသည္ ဆိုဗီယက္ယူနီယံ လက္ေအာက္သို႔ ေရာက္ရွိသြားသည့္အတြက္ သူ၏ ႏိုင္ငံကူးလက္မွတ္က တရားမဝင္ေတာ့၍ ျဖစ္ပါသည္။

ကြန္ျမဴနစ္ဝါဒကို ျပင္းထန္စြာ ဆန္႔က်င္သူ တေယာက္ျဖစ္ေသာ ဖရက္ဒရစ္ လက္စ္တစ္ဂ္က ႐ုရွားႏိုင္ငံကူး လက္မွတ္ကို ကိုင္ေဆာင္မည့္အစား ႏိုင္ငံမဲ့ တေယာက္အျဖစ္ ခံယူရန္ ေရြးခ်ယ္ခဲ့သည္။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၏ စစ္အစိုးရ အာဏာရရွိလာသည့္အခါ ႏိုင္ငံျခားသားမ်ားကို ထြက္ခြာသြားရန္ ဖိအားေပးခဲ့ေသာ္လည္း ထူးျခားစြာပင္ အရွင္အာနႏၵာကို သီတင္းသံုးခြင့္ ျပဳခဲ့သည္။ သူ၏ ကြန္ျမဴနစ္ဆန္႔က်င္ေရး ရပ္တည္ခ်က္ကို ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းက သေဘာက်ႏွစ္ၿခိဳက္ၿပီး အဂၤလိပ္ဘာသာျဖင့္ ထုတ္ေဝသည့္ သတင္းစာမ်ားျဖစ္ေသာ The Working People’s Daily ႏွင့္ The Guardian တို႔တြင္ ကြန္ျမဴနစ္ဆန္႔က်င္ေရး ေဆာင္းပါးမ်ား ေရးသားေပးရန္ ေမတၲာရပ္ခဲ့ရာ သူကလည္း ေက်ေက်နပ္နပ္ႏွင့္ ၁၀ ႏွစ္မွ် ေရးသားေပးခဲ့သည္။

အရွင္အာနႏၵာ (၀ဲအစြန္)

ထို႔ေၾကာင့္ စစ္တပ္က နာဂေတာင္တန္းမ်ား ကဲ့သို႔ေသာ ကန္႔သတ္ထားသည့္ ေနရာမ်ား အပါအဝင္ မည္သည့္ေနရာသို႔မဆို သူ႔ကို သြားေရာက္ခြင့္ျပဳခဲ့သည္။ “က်ဳပ္လုပ္ခဲ့တာေတြအတြက္ ဝမ္းမနည္းဘူး။ က်ဳပ္ အားလံုးကို လိပ္ျပာသန္႔သန္႔နဲ႔ ေရးခဲ့တယ္” ဟု အရွင္ အာနႏၵာက ႏိုင္ငံျခားသား စာနယ္ဇင္းသမားတဦးကို ေနာက္ပိုင္းတြင္ ေျပာျပခဲ့သည္။

ဖရက္ဒရစ္ လက္စ္တစ္ဂ္၏ ဇာတိ ဥေရာပ ေျမာက္ပိုင္းမွ ႏိုင္ငံငယ္ေလး တခုျဖစ္ေသာ အက္စ္တိုးနီးယား၏ ကံၾကမၼာသည္ ၁၉၄၀ ခုႏွစ္တြင္ ကြန္ျမဴနစ္မ်ား၏ ဝါးမ်ိဳမႈေၾကာင့္ ဆိုးဝါးခဲ့ရၿပီး ၁ သန္းမွ်ရွိေသာ လူဦးေရ၏ ၂၅ ရာခိုင္ႏႈန္းသည္ ႏွိပ္စက္ညႇဥ္းပန္း ခံရျခင္း သို႔မဟုတ္ သတ္ျဖတ္ခံရျခင္း၊ ႐ုရွားမွ အက်ဥ္းစခန္းမ်ားသို႔ ပို႔ေဆာင္ခံရျခင္း သို႔မဟုတ္ ႏိုင္ငံရပ္ျခားသို႔ ထြက္ေျပးရျခင္းမ်ားႏွင့္ ႀကံဳေတြ႕ခဲ့ရသည္။ အဆိုပါ ကြန္ျမဴနစ္ဆန္႔က်င္ေရး ေဆာင္းပါးမ်ားကို ဖရက္ဒရစ္လက္စ္တစ္ဂ္ ေက်ေက်နပ္နပ္ ေရးသားခဲ့ျခင္း မဟုတ္လွ်င္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေရးသားခဲ့ျခင္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါသည္။

ၾကည့္ရသည္မွာ ျမန္မာႏိုင္ငံတြင္ သူ႔အတြက္ ခိုလံႈရာတခု ေတြ႕ခဲ့ပံုရပါသည္။ သူ႔ကို ေနထိုင္ခြင့္ ေပးခဲ့ျခင္းေၾကာင့္သာ မဟုတ္ဘဲ ျမန္မာႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံ၏ အလွအပကို ေလးေလးနက္နက္ ၿငိတြယ္သြားခဲ့ပါသည္။ ဗုဒၶ၏ တရားမ်ားကို အထူးၾကည္ညိဳ သက္ဝင္သူ ျဖစ္ေသာ္လည္း သူ၏ အမွန္တကယ္ စိတ္အားထက္သန္မႈမွာ ျမန္မာကဗ်ာ ျဖစ္သည္။ သူကိုယ္တိုင္လည္း ျမန္မာႏိုင္ငံတြင္ ကဗ်ာကို အျမတ္ႏိုးဆံုး ျဖစ္သည္ဟု ထုတ္ေဖာ္ ေျပာဆိုဖူးသည္။ ၁၉၆၈ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံမွ Lilac စာေပပညာရွင္ ကဗ်ာဆရာဆုကို ရရွိခဲ့သည္။

The Working People’s Daily ႏွင့္ The Guardian သတင္းစာ၊ The Guardian မဂၢဇင္းတို႔တြင္ အရွင္အာနႏၵာ ေရးသားခဲ့ေသာ ကဗ်ာမ်ားထဲမွာ လက္ေရြးစင္ကဗ်ာ ၅၀ ကို စာအုပ္အျဖစ္ ထုတ္ေဝခဲ့ရာတြင္ အရပ္ဘက္ ဝန္ထမ္းေဟာင္းတဦး ျဖစ္သည့္ ဦးခင္စိုးက “က်ေနာ္ သူ႔ကဗ်ာေတြကို ႀကိဳက္လာရတာက ကဗ်ာေတြမွာ သူက ျမန္မာႏိုင္ငံနဲ႔ ျမန္မာ့ယဥ္ေက်းမႈကို အလြန္ခ်စ္ျမတ္ႏိုးတဲ့အေၾကာင္း အၿမဲတမ္း ေဖာ္ျပေနလို႔ ျဖစ္ပါတယ္။ သူက ကဗ်ာေတြကို ဂႏၳဝင္ဟန္နဲ႔ ေရးသားၿပီးေတာ့ သူ႔ရဲ႕ ကာရန္ေတြနဲ႔ စကားလံုး၊ စာပိုဒ္ဖြဲ႕စည္းပံုေတြက ျပစ္ခ်က္ကင္းတယ္။ သူေရးတဲ့ စာေတြမွာ လူေတြ ပိုၿပီး ေကာင္းမြန္လာေစဖို႔၊ ပိုၿပီး သနားၾကင္နာဖို႔၊ ႏူးညံ့သိမ္ေမြ႕ဖို႔နဲ႔ ေတြးေတာဆင္ျခင္ဖို႔ေတြ အၿမဲတမ္း ပါပါတယ္” ဟု နိဒါန္းအမွာစာ ေရးသားခဲ့သည္။

“ငါခ်စ္တယ္ “

ဒီေျမနဲ႔ စုဖြဲ႕ေနတဲ့တိမ္ေတြ၊

ေလမွာလြင့္ေနတဲ့ အလံေတြနဲ႔

သူစိမ္းေတြကို ဝမ္းေျမာက္စြာ လက္ကမ္းတတ္တဲ့

သေဘာထားျမတ္တဲ့ သူေတြကို …”ဟု “က်ေနာ္ တို႔ခ်စ္ေသာေျမမွ” အမည္ရွိ ကဗ်ာတြင္ သူက ေရးသားခဲ့သည္။ ျမန္မာႏိုင္ငံတြင္ ေရႊတိဂံုေစတီေတာ္၊ ပုဂံေဒသႏွင့္ ဧရာဝတီျမစ္ ကဲ့သို႔ေသာ အမ်ားအာ႐ံု စိုက္ခံရသည့္ အထိမ္းအမွတ္ေနရာ အေျမာက္အျမား ရွိေသာ္လည္း အရွင္အာနႏၵာ၏ ကဗ်ာမ်ားသည္ ရဲရင့္ျခင္း၊ သူ၏ ကိုယ္ေရးကိုယ္တာ စိတ္ဆင္းရဲမႈႏွင့္ ေပ်ာ္ရႊင္မႈမ်ားကို ေရာင္ျပန္ဟပ္ျပျခင္း၊ သူႀကိဳက္ႏွစ္သက္ျခင္း မႀကိဳက္ႏွစ္သက္ျခင္းမ်ားႏွင့္ သူ၏ျပင္းထန္သည့္ စိတ္ဆႏၵမ်ားအေၾကာင္း ျဖစ္သည္။

“ဒီအဇၩတၲ လံႈ႔ေဆာ္မႈ”၊ “ႏွစ္သက္ျခင္းမ်ားႏွင့္ မႏွစ္သက္ျခင္းမ်ား”၊ “အသစ္မ်ားကို လက္ခံလိုစိတ္” ႏွင့္ “အတက္ႏွင့္ အက်မ်ား” အစရွိသည့္ သူ၏ ကဗ်ာတခ်ိဳ႕မွ ေခါင္းစဥ္မ်ားက ယင္းအခ်က္ကို ေဖာ္ျပေနၾကသည္။”အလိုဆႏၵကို ျပက္ရယ္ျပဳျခင္း” အမည္ရွိ ကဗ်ာတြင္ သူက –

“အတြင္းသေဘာက ယိမ္းယိုင္ႏိုင္တယ္။

နားေထာင္သူတိုင္း အမွန္ကိုမၾကားဘူး။

အကယ္၍ တေယာက္က ၿခိဳးၿခံတင္းက်ပ္စြာ ေနထိုင္ဖို႔ ဆႏၵရွိရင္ခြန္အား ၿမဲၿမံခိုင္မာေအာင္ ႀကိဳးစားမွျဖစ္မယ္” ဟု ေရးသားခဲ့သည္။

ေလာကီႏွင့္ သက္ဆိုင္ေသာ စိတ္ခံစားမႈမ်ား ပိုင္ဆိုင္ထားရျခင္းအတြက္ ရွက္စရာအေၾကာင္း မရွိဟု သူကျမင္သည္။ ဗုဒၶဘာသာ၏ လမ္းစဥ္အတိုင္း ခိုင္ခိုင္မာမာ ရပ္တည္ႏိုင္လွ်င္ ထိုအေတြ႕အႀကံဳက ပိုမို ခြန္အားရွိလာေအာင္ ျပဳလုပ္ေပးလိမ့္မည္ ဆိုသည္မွာ သူေပးခ်င္သည့္ သတင္းစကားျဖစ္သည္။ အေရးအႀကီးဆံုး အရာမ်ားမွာ တရား႐ႈမွတ္ျခင္း၊ ေန႔စဥ္ဘဝတြင္ ကပ္ၿငိျခင္းမွ ေရွာင္ရွားျခင္းႏွင့္ ဗုဒၶဘုရား၏ အဆံုးအမမ်ားအတိုင္း လိုက္နာျခင္းတို႔ ျဖစ္သည္ဟု သူကယူဆသည္။

အရွင္အာနႏၵာ ျဖစ္လာမည့္ ဖရက္ဒရစ္ လက္စ္တစ္ဂ္ကို ၁၉၁၂ ခုႏွစ္က အက္စ္တိုးနီးယား ႏိုင္ငံတြင္ ေမြးဖြားခဲ့သည္။ ငယ္ရြယ္စဥ္က စႏၵရားတီးရာတြင္ ပါရမီေကာင္းၿပီး ထူးခြ်န္သည့္အတြက္ အံ့ဩစရာ ကေလးငယ္ တေယာက္အျဖစ္ အမ်ားက သတ္မွတ္ျခင္းခံခဲ့ရသည္။ ခ်ိဳပင္ (Chopin)၊ လစ္ဇ္ (Liszt) ႏွင့္ ရစ္ခ်မန္နင္ေနာ့ဖ္ (Rachmaninoff) တို႔ကဲ့သို႔ေသာ ေက်ာ္ၾကားသည့္ ေတးေရးဆရာႀကီးမ်ား၏ ခက္ခဲေသာ ေတးသြားမ်ားကိုပင္ တီးႏိုင္ခဲ့သည္။ သူ၏ ဇာတိၿမိဳ႕ျဖစ္သည့္ နာရ္ဗာ (Narva) မွ အေကာင္းဆံုး ႐ုပ္ရွင္႐ံုတြင္ စႏၵရားတီးေပးျခင္းျဖင့္ သူ၏ပညာေရးအတြက္ သံုးစြဲရန္ ေငြရွာႏိုင္ခဲ့သည္။

ထိုစဥ္က အသံတိတ္ ႐ုပ္ရွင္ေခတ္ ျဖစ္သည္။ ပိတ္ကားေပၚတြင္ ေပၚလာသည့္ ဇာတ္ဝင္ခန္းကိုလိုက္၍ မည္သည့္ေတးသြားကို တီးခတ္ေပးရမည္ ဆိုသည္ကို သူလ်င္ျမန္စြာ ဆံုးျဖတ္ရသည္။ “ကြ်ႏု္ပ္ဘဝရဲ႕ အဲဒီအခ်ိန္ပိုင္းက ကြ်ႏု္ပ္အတြက္ အရမ္းအသံုးဝင္ခဲ့တယ္ဆိုတာကို ေနာက္ပိုင္းႏွစ္ေတြမွာ သတိထားမိခဲ့တယ္။ ကြ်ႏု္ပ္ရဲ႕ စိတ္ကူးဉာဏ္ေတြကို ၾကြယ္ဝေစခဲ့သလို ကဗ်ာေကာင္းေတြ ေရးႏိုင္ဖို႔လည္း အားေပးခဲ့တယ္”ဟု သူ၏ “Brief Sketch of My Life” စာအုပ္တြင္ အရွင္အာနႏၵာက ေရးသားခဲ့သည္။

ဗုဒၶဘာသာကို စာအုပ္တအုပ္မွတဆင့္ ဖရက္ဒရစ္ လက္စ္တစ္ဂ္ ရွာေဖြေတြ႕ရွိခဲ့သည္။ ထို႔ေနာက္ တိဘက္မွ ဒလိုင္လားမားထံသို႔ သူက စာေရးသားေပးပို႔ခဲ့ရာ ဒလိုင္လားမားက လတ္ဗီးယား (Latvia) ႏိုင္ငံမွ ဆရာတဦး ျဖစ္သည့္ ကာလစ္တင္နီဆင္ (Karlis Tennisons) ႏွင့္ ဆက္သြယ္ရန္ အႀကံျပဳခဲ့သည္။ အက္စ္တိုးနီးယား ႏိုင္ငံကို ႐ုရွားက မသိမ္းပိုက္မီ ၁၉၃၀ ခုႏွစ္တြင္ အက္စ္တိုးနီးယား ႏိုင္ငံသို႔ ဧည့္သည္ေတာ္အျဖစ္ လာေရာက္လည္ပတ္ခဲ့ေသာ ထိုင္းမင္းသား အဓိၾတ ဒိဗ်ာ အဗၻ (Aditya Dibya Abbha) က ၄င္းတို႔ ႏွစ္ေယာက္ကို ေဘာလ္တစ္ေဒသ ဗုဒၶဘာသာ အသိုင္းအဝိုင္း၏ ကိုယ္စားလွယ္မ်ားအျဖစ္ ထိုင္းႏိုင္ငံသို႔လာရန္ ဖိတ္ၾကားခဲ့သည္။

ေနာက္ ၂ ႏွစ္ၾကာသည့္ အခါ ဖရက္ဒရစ္ လက္စ္တစ္ဂ္ ရဟန္းဘဝကို ခံယူခဲ့သည္။ ဥေရာပမွ ထြက္ခြာၿပီး ထိုင္းႏိုင္ငံသို႔ မသြားေရာက္မီ အရွင္အာနႏၵာက သကၠတ၊ တိဘက္ႏွင့္ တ႐ုတ္ဘာသာ စကားမ်ားကို ပါရီတကၠသိုလ္တြင္ သင္ၾကားခဲ့သည္။ ထိုေနာက္ သူ၏ဆရာျဖစ္သူ ကာလစ္ တင္နီဆင္ႏွင့္အတူ ျပင္သစ္သေဘၤာ Desirade ျဖင့္ စင္ကာပူသို႔ သြားေရာက္ခဲ့ၿပီး ထိုမွတဆင့္ ထိုင္းႏိုင္ငံသို႔ ခရီးဆက္ခဲ့ၾကသည္။

“ကြ်ႏု္ပ္ရဲ႕ ဆရာနဲ႔ ကြ်ႏု္ပ္ကို အလြန္ေကာင္းမြန္စြာ ဆက္ဆံခဲ့ၾကပါတယ္၊ ဘုရင့္နန္းေတာ္နားက Wat Phra Chetuphon ေက်ာင္း အပါအဝင္ ေတာ္ဝင္ဘုန္းေတာ္ႀကီးေက်ာင္း အေျမာက္အျမားမွာ ကြ်ႏု္ပ္တို႔ ေနခဲ့ၾကတယ္” ဟု အရွင္ အာနႏၵာက “Brief Sketch of My Life” စာအုပ္တြင္ ေရးသားခဲ့သည္။

၁၉၃၅ ႏွင့္ ၃၆ ႏွစ္မ်ား အတြင္းတြင္ တ႐ုတ္ႏိုင္ငံတြင္ သူရွိေနခဲ့ၿပီး ေက်ာ္ၾကားသည့္ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားသို႔ သြားေရာက္ လည္ပတ္ခဲ့ကာ ဒုတိယကမၻာစစ္ ျဖစ္ပြားလာသည့္အတြက္ ထိုင္းႏိုင္ငံသို႔ ျပန္လာခဲ့သည္။ “Brief Sketch of My Life” စာအုပ္တြင္ သူမည္သည့္အတြက္ ထိုင္းႏိုင္ငံမွ ထြက္ခြာလာရသည္ ဆိုျခင္းကို ရည္ၫႊန္းေဖာ္ျပျခင္း မရွိေသာ္လည္း ေနာက္ ႏွစ္ေပါင္း ၄၀ ခန္႔ ၾကာသည့္အခါ ႏိုင္ငံျခားသား သတင္းေထာက္ တေယာက္ကို ထုတ္ေဖာ္မိန္႔ၾကားခဲ့သည္။

သူက “McDonald လို႔ေခၚတဲ့ လူတေယာက္က Bangkok Post ဆိုတဲ့ သတင္းစာတေစာင္ စထုတ္တယ္။ ကြ်ႏု္ပ္ရဲ႕ဆရာနဲ႔ ကြ်ႏု္ပ္နဲ႔လည္း ေဆာင္းပါးေတြ အခါအားေလ်ာ္စြာ ဝင္ေရးျဖစ္တယ္” ဟု ၁၉၈၇ ခုႏွစ္တြင္ ျပန္ေျပာျပခဲ့သည္။ သူတို႔ ေရးသားခဲ့သည့္ “ပုလဲဆိပ္ကမ္းမတိုင္မီ ၆ နာရီ (Six Hours Before Pearl Harbor)” အမည္ရွိေသာ ေဆာင္းပါးေၾကာင့္ ဂ်ပန္တို႔ အေမရိကန္ကို တိုက္ခိုက္မည့္ အေၾကာင္းကို ၆ နာရီ ႀကိဳတင္၍ သိေနခဲ့သည္ဟု ထိုင္းအစိုးရအေပၚ စြပ္စြဲခံခဲ့ရသည္။

စြပ္စြဲမႈေၾကာင့္ ထိုင္းႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ျပင္းထန္စြာ ေဒါသထြက္ခဲ့ၿပီး အလြတ္တန္း စာနယ္ဇင္းသမား ရဟန္း ၂ ပါးကို ထိုင္းစစ္သား ၃၀ အေစာင့္အၾကပ္ျဖင့္ ထိုင္း-ျမန္မာနယ္စပ္သို႔ ထြက္ခြာခိုင္းခဲ့သည္။

“အဲဒါ ၁၉၄၉ ခုႏွစ္ စက္တက္ဘာလ ၇ ရက္ေန႔မွာပါ။ ကြ်ႏု္ပ္တို႔ ရွမ္းျပည္နယ္ထဲကို ဝင္ေရာက္ခဲ့ၿပီး အဲဒီမွာ ၄ လေလာက္ ေနထိုင္ခဲ့ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအခ်ိန္က ရန္ကုန္အစိုးရကို ဆန္႔က်င္တဲ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြက ဝိုင္းရံထားလို႔ ျဖစ္ပါတယ္” ဟု ႏိုင္ငံျခား သတင္းေထာက္ကို အရွင္ အာနႏၵာက မိန္႔ခဲ့သည္။

ဂီတအေပၚ ခ်စ္ျမတ္ႏိုးမႈကို အရွင္အာနႏၵာ ဘယ္ေတာ့မွ် မစြန္႔လႊတ္ခဲ့ပါ။ ယိုးဒယား၊ ေဘာလယ္၊ ပတ္ပ်ိဳး စသည့္ ျမန္မာ့ ဂႏၳဝင္ေတးသီခ်င္း အေျမာက္အျမားကို ႏိုင္ငံတကာ ဂီတသေကၤတမ်ားျဖင့္ ျပန္လည္ေရးသား မွတ္တမ္းတင္ခဲ့သည္။ ၄င္းတို႔ကို ၁၉၅၂ ခုႏွစ္တြင္ အစိုးရက “ျမန္မာ့ ဂႏၴဝင္ ဂီတ” အမည္ျဖင့္ ထုတ္ေဝျဖန္႔ခ်ိခဲ့ပါသည္။

သူခ်စ္ေသာ ျမန္မာႏိုင္ငံအတြက္ သူ၏ အႀကီးမားဆံုး အားထုတ္မႈမွာ ၁၅ ရာစုႏွစ္မွ စတင္၍ ယခုအခ်ိန္အထိ ေပၚေပါက္ခဲ့ေသာ ျမန္မာကဗ်ာမ်ားကို အဂၤလိပ္ဘာသာသို႔ ျပန္ဆိုေပးခဲ့ျခင္း ျဖစ္သည္။ ၄င္းတို႔ထဲမွ အမ်ားအျပားမွာ ျမန္မာမ်ားသည္ပင္ နားလည္ရန္ ခက္ခဲသည့္ ကဗ်ာမ်ားျဖစ္ပါသည္။ သူ၏ ဘာသာျပန္ ကဗ်ာမ်ားမွာ ရန္ကုန္ႏွင့္ ႏိုင္ငံတကာမွ အထင္ႀကီးေလးစားမႈမ်ား ရရွိခဲ့သည္။

၁၉၆၇ ခုႏွစ္တြင္ ဗီယက္နမ္ သမၼတႏိုင္ငံ (ေတာင္ဗီယက္နမ္) မွ ဒုတိယဝန္ႀကီးခ်ဳပ္ Dr.Nguyen Luu Vien က “ကိုယ္ေတာ္ရဲ႕ စာအုပ္ကို ဖတ္ရတဲ့အတြက္ အလြန္ႏွစ္ၿခိဳက္ ပီတိျဖစ္မိပါတယ္။ ျမန္မာႏိုင္ငံနဲ႔ တျခား ကမၻာ့ျပည္သူေတြၾကားမွာ ပိုမိုေကာင္းမြန္တဲ့ နားလည္မႈေတြကို ဖန္တီးႏိုင္ဖို႔ တန္ဖိုးရွိတဲ့ နည္းလမ္းျဖစ္တဲ့ ဘာသာျပန္ လက္ရာေတြကို ပိုၿပီးေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္” ဟု ဆိုင္ဂံုၿမိဳ႕မွေန၍ စာေရးသားေပးပို႔ခဲ့သည္။

အရွင္အာနႏၵာ သို႔မဟုတ္ ဖရက္ဒရစ္ လက္စ္တစ္ဂ္သည္ သူ၏ ဇာတိႏိုင္ငံ လြတ္ေျမာက္ေရး ရရွိသည္ကို ျမင္ေတြ႕မသြားႏိုင္ခဲ့ပါ။ အက္စ္တိုးနီးယားႏိုင္ငံ ႐ုရွားလက္ေအာက္မွ မလြတ္ေျမာက္မီတြင္ သူ ပ်ံလြန္ေတာ္မူခဲ့ပါသည္။ သူသည္ ႐ုရွားက သိမ္းပိုက္ထားခဲ့ေသာ ႏွစ္ ၅၀ လံုးလံုး အက္စ္တိုးနီးယား ႏိုင္ငံကူးလက္မွတ္ အစစ္အမွန္ကို ကိုင္ေဆာင္ထားခဲ့သည့္၊ တျခားေသာ ႏိုင္ငံကူးလက္မွတ္ ေျပာင္းလဲကိုင္ေဆာင္ျခင္း မျပဳခဲ့သည့္ တဦးတည္းေသာ အက္စ္တိုးနီးယားလူမ်ိဳး ျဖစ္ေကာင္း ျဖစ္ႏိုင္ပါသည္။ ဒီအတြက္ အက္စ္တိုးနီးယား ျပည္သူမ်ား ဂုဏ္ယူရမည္ ျဖစ္ပါသည္။

ဧရာ၀တီ
(The Irrawaddy အဂၤလိပ္ပိုင္းတြင္ ေဖာ္ျပခဲ့ေသာ Karin Dean ၏ The Refugee Who Fled To Burma ကို ဘာသာျပန္ဆိုသည္။)


နိုင်ငံရေးခိုလှုံရန်ရောက်ရှိလာပြီးမှ ရဟန်းအဖြစ် နှစ်ပေါင်း ၄၀ ကျော် သီတင်းသုံးသွားခဲ့သူ အရှင်အာနန္ဒာ (unicode)

Via : Irrawaddy Burmese

ကဗျာ ဆရာ၊ ရဟန်းနှင့် နိုင်ငံရေးအရ ပြည်ပတွင် နေထိုင်ရသူတဦးဖြစ်သော ဖရက်ဒရစ် လက်စ်တစ်ဂ် (Friedrich Lusting) သည် သူ၏ မွေးစားနိုင်ငံ မြန်မာပြည်မှ ပြိုင်ဘက်ကင်းသည့် အသိအမြင်ကို ကြိုးစားလေ့လာ ဆည်းပူးနိုင်ခဲ့ပါသည်။ သူ့ကို မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရဟန်းတော် “အရှင်အာနန္ဒာ” ဟု သိကြသည်။

ရွှေတိဂုံစေတီတော်သို့သွား၍ အသက်အရွယ် ကြီးရင့်သော ဘုန်းတော်ကြီးများကို မေးကြည့်လျှင် သူ့ကို သိကြပါလိမ့်မည်။ နိုင်ငံခြားသား ရဟန်းတော် အရှင်အာနန္ဒာသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ သီတင်းသုံးသွားခဲ့ပြီး အာဏာရှင် ဦးနေဝင်းက အရှင်အာနန္ဒာကို ရွှေတိဂုံစေတီတော်တွင် သီတင်းသုံးခွင့် ပြုခဲ့ခြင်းကြောင့် လူသိများသူလည်း ဖြစ်ပါသည်။

ကချင်ပြည်နယ် မြစ်ကြီးနားကဲ့သို့ ဝေးလံသည့် နေရာတွင်ပင် ခရစ်ယာန်ဘာသာဝင် ကက်သလစ် ဘုန်းတော်ကြီး တပါးကို Friedrich Lusting အကြောင်း မေးကြည့်သည့်အခါ “ဟုတ်တယ်။ လက်စ်တစ်ဂ်၊ သူ့ကို ရန်ကုန်မှာ မကြာခဏ တွေ့ခဲ့တယ်။ သူ့ရဲ့ မြန်မာဘွဲ့တော်က အရှင်အာနန္ဒာ” ဟု ကျမကို ပြောပြသည်။

ဗုဒ္ဓဘာသာကို အလွန်ကြည်ညို ကိုင်းရှိုင်းသူဖြစ်သော အရှင်အာနန္ဒာသည် အင်္ဂလိပ်စကားပြောသည့် ပရိသတ်များအတွက် မြန်မာကဗျာနှင့် မြန်မာ့ရိုးရာ တေးဂီတကို ဖြန့်ဝေနိုင်ရေးအတွက် အထူး အားထုတ်ခဲ့သူဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ပျံလွန်တော်မူသည့်အခါ သူ၏ အရိုးပြာများကို သုသာန်သို့ မပြောင်းရွှေ့မီအချိန်တွင် ရွှေတိဂုံစေတီတော်အနီးရှိ မိုးညှင်းကျောင်းတိုက်တွင် သိမ်းဆည်းထားခဲ့သည်။

အရှင်အာနန္ဒာသည် ဝေးမြေရပ်ခြားသို့ တရားဓမ္မ အလင်းရောင်ကို ရှာဖွေရန်သက်သက်အတွက် စိတ်အား ထက်သန်စွာဖြင့် ရောက်ရှိလာသော အနောက်တိုင်းသားတဦး မဟုတ်ပါ။ ပြောရလျှင် မယုံနိုင်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အရှင်အာနန္ဒာသည် မြန်မာနိုင်ငံသို့ နိုင်ငံရေးခိုလှုံရန် ရောက်ရှိလာသူ ဖြစ်ပါသည်။

၁၉၄၉ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ဖရက်ဒရစ် လက်စ်တစ်ဂ် ရောက်ရှိလာခဲ့ပြီး ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သော ဦးနုက သူ့ကို နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့သည်။ ယင်းမတိုင်မီ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် ၁ ခုကျော် နေထိုင်ခဲ့ရသည်။ သူ၏ ဇာတိနိုင်ငံဖြစ်သော အက်စ်တိုးနီးယား နိုင်ငံသည် ဆိုဗီယက်ယူနီယံ လက်အောက်သို့ ရောက်ရှိသွားသည့်အတွက် သူ၏ နိုင်ငံကူးလက်မှတ်က တရားမဝင်တော့၍ ဖြစ်ပါသည်။

ကွန်မြူနစ်ဝါဒကို ပြင်းထန်စွာ ဆန့်ကျင်သူ တယောက်ဖြစ်သော ဖရက်ဒရစ် လက်စ်တစ်ဂ်က ရုရှားနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်မည့်အစား နိုင်ငံမဲ့ တယောက်အဖြစ် ခံယူရန် ရွေးချယ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အစိုးရ အာဏာရရှိလာသည့်အခါ နိုင်ငံခြားသားများကို ထွက်ခွာသွားရန် ဖိအားပေးခဲ့သော်လည်း ထူးခြားစွာပင် အရှင်အာနန္ဒာကို သီတင်းသုံးခွင့် ပြုခဲ့သည်။ သူ၏ ကွန်မြူနစ်ဆန့်ကျင်ရေး ရပ်တည်ချက်ကို ဗိုလ်ချုပ်ကြီး နေဝင်းက သဘောကျနှစ်ခြိုက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများဖြစ်သော The Working People’s Daily နှင့် The Guardian တို့တွင် ကွန်မြူနစ်ဆန့်ကျင်ရေး ဆောင်းပါးများ ရေးသားပေးရန် မေတ္တာရပ်ခဲ့ရာ သူကလည်း ကျေကျေနပ်နပ်နှင့် ၁၀ နှစ်မျှ ရေးသားပေးခဲ့သည်။

ထို့ကြောင့် စစ်တပ်က နာဂတောင်တန်းများ ကဲ့သို့သော ကန့်သတ်ထားသည့် နေရာများ အပါအဝင် မည်သည့်နေရာသို့မဆို သူ့ကို သွားရောက်ခွင့်ပြုခဲ့သည်။ “ကျုပ်လုပ်ခဲ့တာတွေအတွက် ဝမ်းမနည်းဘူး။ ကျုပ် အားလုံးကို လိပ်ပြာသန့်သန့်နဲ့ ရေးခဲ့တယ်” ဟု အရှင် အာနန္ဒာက နိုင်ငံခြားသား စာနယ်ဇင်းသမားတဦးကို နောက်ပိုင်းတွင် ပြောပြခဲ့သည်။

ဖရက်ဒရစ် လက်စ်တစ်ဂ်၏ ဇာတိ ဥရောပ မြောက်ပိုင်းမှ နိုင်ငံငယ်လေး တခုဖြစ်သော အက်စ်တိုးနီးယား၏ ကံကြမ္မာသည် ၁၉၄၀ ခုနှစ်တွင် ကွန်မြူနစ်များ၏ ဝါးမျိုမှုကြောင့် ဆိုးဝါးခဲ့ရပြီး ၁ သန်းမျှရှိသော လူဦးရေ၏ ၂၅ ရာခိုင်နှုန်းသည် နှိပ်စက်ညှဉ်းပန်း ခံရခြင်း သို့မဟုတ် သတ်ဖြတ်ခံရခြင်း၊ ရုရှားမှ အကျဉ်းစခန်းများသို့ ပို့ဆောင်ခံရခြင်း သို့မဟုတ် နိုင်ငံရပ်ခြားသို့ ထွက်ပြေးရခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ကွန်မြူနစ်ဆန့်ကျင်ရေး ဆောင်းပါးများကို ဖရက်ဒရစ်လက်စ်တစ်ဂ် ကျေကျေနပ်နပ် ရေးသားခဲ့ခြင်း မဟုတ်လျှင် ပျော်ပျော်ရွှင်ရွှင် ရေးသားခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ကြည့်ရသည်မှာ မြန်မာနိုင်ငံတွင် သူ့အတွက် ခိုလှုံရာတခု တွေ့ခဲ့ပုံရပါသည်။ သူ့ကို နေထိုင်ခွင့် ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အလှအပကို လေးလေးနက်နက် ငြိတွယ်သွားခဲ့ပါသည်။ ဗုဒ္ဓ၏ တရားများကို အထူးကြည်ညို သက်ဝင်သူ ဖြစ်သော်လည်း သူ၏ အမှန်တကယ် စိတ်အားထက်သန်မှုမှာ မြန်မာကဗျာ ဖြစ်သည်။ သူကိုယ်တိုင်လည်း မြန်မာနိုင်ငံတွင် ကဗျာကို အမြတ်နိုးဆုံး ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုဖူးသည်။ ၁၉၆၈ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ Lilac စာပေပညာရှင် ကဗျာဆရာဆုကို ရရှိခဲ့သည်။

The Working People’s Daily နှင့် The Guardian သတင်းစာ၊ The Guardian မဂ္ဂဇင်းတို့တွင် အရှင်အာနန္ဒာ ရေးသားခဲ့သော ကဗျာများထဲမှာ လက်ရွေးစင်ကဗျာ ၅၀ ကို စာအုပ်အဖြစ် ထုတ်ဝေခဲ့ရာတွင် အရပ်ဘက် ဝန်ထမ်းဟောင်းတဦး ဖြစ်သည့် ဦးခင်စိုးက “ကျနော် သူ့ကဗျာတွေကို ကြိုက်လာရတာက ကဗျာတွေမှာ သူက မြန်မာနိုင်ငံနဲ့ မြန်မာ့ယဉ်ကျေးမှုကို အလွန်ချစ်မြတ်နိုးတဲ့အကြောင်း အမြဲတမ်း ဖော်ပြနေလို့ ဖြစ်ပါတယ်။ သူက ကဗျာတွေကို ဂန္ထဝင်ဟန်နဲ့ ရေးသားပြီးတော့ သူ့ရဲ့ ကာရန်တွေနဲ့ စကားလုံး၊ စာပိုဒ်ဖွဲ့စည်းပုံတွေက ပြစ်ချက်ကင်းတယ်။ သူရေးတဲ့ စာတွေမှာ လူတွေ ပိုပြီး ကောင်းမွန်လာစေဖို့၊ ပိုပြီး သနားကြင်နာဖို့၊ နူးညံ့သိမ်မွေ့ဖို့နဲ့ တွေးတောဆင်ခြင်ဖို့တွေ အမြဲတမ်း ပါပါတယ်” ဟု နိဒါန်းအမှာစာ ရေးသားခဲ့သည်။

“ငါချစ်တယ် “

ဒီမြေနဲ့ စုဖွဲ့နေတဲ့တိမ်တွေ၊

လေမှာလွင့်နေတဲ့ အလံတွေနဲ့

သူစိမ်းတွေကို ဝမ်းမြောက်စွာ လက်ကမ်းတတ်တဲ့

သဘောထားမြတ်တဲ့ သူတွေကို …”ဟု “ကျနော် တို့ချစ်သောမြေမှ” အမည်ရှိ ကဗျာတွင် သူက ရေးသားခဲ့သည်။ မြန်မာနိုင်ငံတွင် ရွှေတိဂုံစေတီတော်၊ ပုဂံဒေသနှင့် ဧရာဝတီမြစ် ကဲ့သို့သော အများအာရုံ စိုက်ခံရသည့် အထိမ်းအမှတ်နေရာ အမြောက်အမြား ရှိသော်လည်း အရှင်အာနန္ဒာ၏ ကဗျာများသည် ရဲရင့်ခြင်း၊ သူ၏ ကိုယ်ရေးကိုယ်တာ စိတ်ဆင်းရဲမှုနှင့် ပျော်ရွှင်မှုများကို ရောင်ပြန်ဟပ်ပြခြင်း၊ သူကြိုက်နှစ်သက်ခြင်း မကြိုက်နှစ်သက်ခြင်းများနှင့် သူ၏ပြင်းထန်သည့် စိတ်ဆန္ဒများအကြောင်း ဖြစ်သည်။

“ဒီအဇ္ဈတ္တ လှုံ့ဆော်မှု”၊ “နှစ်သက်ခြင်းများနှင့် မနှစ်သက်ခြင်းများ”၊ “အသစ်များကို လက်ခံလိုစိတ်” နှင့် “အတက်နှင့် အကျများ” အစရှိသည့် သူ၏ ကဗျာတချို့မှ ခေါင်းစဉ်များက ယင်းအချက်ကို ဖော်ပြနေကြသည်။”အလိုဆန္ဒကို ပြက်ရယ်ပြုခြင်း” အမည်ရှိ ကဗျာတွင် သူက –

“အတွင်းသဘောက ယိမ်းယိုင်နိုင်တယ်။

နားထောင်သူတိုင်း အမှန်ကိုမကြားဘူး။

အကယ်၍ တယောက်က ခြိုးခြံတင်းကျပ်စွာ နေထိုင်ဖို့ ဆန္ဒရှိရင်ခွန်အား မြဲမြံခိုင်မာအောင် ကြိုးစားမှဖြစ်မယ်” ဟု ရေးသားခဲ့သည်။

လောကီနှင့် သက်ဆိုင်သော စိတ်ခံစားမှုများ ပိုင်ဆိုင်ထားရခြင်းအတွက် ရှက်စရာအကြောင်း မရှိဟု သူကမြင်သည်။ ဗုဒ္ဓဘာသာ၏ လမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်လျှင် ထိုအတွေ့အကြုံက ပိုမို ခွန်အားရှိလာအောင် ပြုလုပ်ပေးလိမ့်မည် ဆိုသည်မှာ သူပေးချင်သည့် သတင်းစကားဖြစ်သည်။ အရေးအကြီးဆုံး အရာများမှာ တရားရှုမှတ်ခြင်း၊ နေ့စဉ်ဘဝတွင် ကပ်ငြိခြင်းမှ ရှောင်ရှားခြင်းနှင့် ဗုဒ္ဓဘုရား၏ အဆုံးအမများအတိုင်း လိုက်နာခြင်းတို့ ဖြစ်သည်ဟု သူကယူဆသည်။

အရှင်အာနန္ဒာ ဖြစ်လာမည့် ဖရက်ဒရစ် လက်စ်တစ်ဂ်ကို ၁၉၁၂ ခုနှစ်က အက်စ်တိုးနီးယား နိုင်ငံတွင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်က စန္ဒရားတီးရာတွင် ပါရမီကောင်းပြီး ထူးချွန်သည့်အတွက် အံ့ဩစရာ ကလေးငယ် တယောက်အဖြစ် အများက သတ်မှတ်ခြင်းခံခဲ့ရသည်။ ချိုပင် (Chopin)၊ လစ်ဇ် (Liszt) နှင့် ရစ်ချမန်နင်နော့ဖ် (Rachmaninoff) တို့ကဲ့သို့သော ကျော်ကြားသည့် တေးရေးဆရာကြီးများ၏ ခက်ခဲသော တေးသွားများကိုပင် တီးနိုင်ခဲ့သည်။ သူ၏ ဇာတိမြို့ဖြစ်သည့် နာရ်ဗာ (Narva) မှ အကောင်းဆုံး ရုပ်ရှင်ရုံတွင် စန္ဒရားတီးပေးခြင်းဖြင့် သူ၏ပညာရေးအတွက် သုံးစွဲရန် ငွေရှာနိုင်ခဲ့သည်။

ထိုစဉ်က အသံတိတ် ရုပ်ရှင်ခေတ် ဖြစ်သည်။ ပိတ်ကားပေါ်တွင် ပေါ်လာသည့် ဇာတ်ဝင်ခန်းကိုလိုက်၍ မည်သည့်တေးသွားကို တီးခတ်ပေးရမည် ဆိုသည်ကို သူလျင်မြန်စွာ ဆုံးဖြတ်ရသည်။ “ကျွန်ုပ်ဘဝရဲ့ အဲဒီအချိန်ပိုင်းက ကျွန်ုပ်အတွက် အရမ်းအသုံးဝင်ခဲ့တယ်ဆိုတာကို နောက်ပိုင်းနှစ်တွေမှာ သတိထားမိခဲ့တယ်။ ကျွန်ုပ်ရဲ့ စိတ်ကူးဉာဏ်တွေကို ကြွယ်ဝစေခဲ့သလို ကဗျာကောင်းတွေ ရေးနိုင်ဖို့လည်း အားပေးခဲ့တယ်”ဟု သူ၏ “Brief Sketch of My Life” စာအုပ်တွင် အရှင်အာနန္ဒာက ရေးသားခဲ့သည်။

ဗုဒ္ဓဘာသာကို စာအုပ်တအုပ်မှတဆင့် ဖရက်ဒရစ် လက်စ်တစ်ဂ် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် တိဘက်မှ ဒလိုင်လားမားထံသို့ သူက စာရေးသားပေးပို့ခဲ့ရာ ဒလိုင်လားမားက လတ်ဗီးယား (Latvia) နိုင်ငံမှ ဆရာတဦး ဖြစ်သည့် ကာလစ်တင်နီဆင် (Karlis Tennisons) နှင့် ဆက်သွယ်ရန် အကြံပြုခဲ့သည်။ အက်စ်တိုးနီးယား နိုင်ငံကို ရုရှားက မသိမ်းပိုက်မီ ၁၉၃၀ ခုနှစ်တွင် အက်စ်တိုးနီးယား နိုင်ငံသို့ ဧည့်သည်တော်အဖြစ် လာရောက်လည်ပတ်ခဲ့သော ထိုင်းမင်းသား အဓိတြ ဒိဗျာ အဗ္ဘ (Aditya Dibya Abbha) က ၎င်းတို့ နှစ်ယောက်ကို ဘောလ်တစ်ဒေသ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း၏ ကိုယ်စားလှယ်များအဖြစ် ထိုင်းနိုင်ငံသို့လာရန် ဖိတ်ကြားခဲ့သည်။

နောက် ၂ နှစ်ကြာသည့် အခါ ဖရက်ဒရစ် လက်စ်တစ်ဂ် ရဟန်းဘဝကို ခံယူခဲ့သည်။ ဥရောပမှ ထွက်ခွာပြီး ထိုင်းနိုင်ငံသို့ မသွားရောက်မီ အရှင်အာနန္ဒာက သက္ကတ၊ တိဘက်နှင့် တရုတ်ဘာသာ စကားများကို ပါရီတက္ကသိုလ်တွင် သင်ကြားခဲ့သည်။ ထိုနောက် သူ၏ဆရာဖြစ်သူ ကာလစ် တင်နီဆင်နှင့်အတူ ပြင်သစ်သင်္ဘော Desirade ဖြင့် စင်ကာပူသို့ သွားရောက်ခဲ့ပြီး ထိုမှတဆင့် ထိုင်းနိုင်ငံသို့ ခရီးဆက်ခဲ့ကြသည်။

“ကျွန်ုပ်ရဲ့ ဆရာနဲ့ ကျွန်ုပ်ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြပါတယ်၊ ဘုရင့်နန်းတော်နားက Wat Phra Chetuphon ကျောင်း အပါအဝင် တော်ဝင်ဘုန်းတော်ကြီးကျောင်း အမြောက်အမြားမှာ ကျွန်ုပ်တို့ နေခဲ့ကြတယ်” ဟု အရှင် အာနန္ဒာက “Brief Sketch of My Life” စာအုပ်တွင် ရေးသားခဲ့သည်။

၁၉၃၅ နှင့် ၃၆ နှစ်များ အတွင်းတွင် တရုတ်နိုင်ငံတွင် သူရှိနေခဲ့ပြီး ကျော်ကြားသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက် လည်ပတ်ခဲ့ကာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသည့်အတွက် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။ “Brief Sketch of My Life” စာအုပ်တွင် သူမည်သည့်အတွက် ထိုင်းနိုင်ငံမှ ထွက်ခွာလာရသည် ဆိုခြင်းကို ရည်ညွှန်းဖော်ပြခြင်း မရှိသော်လည်း နောက် နှစ်ပေါင်း ၄၀ ခန့် ကြာသည့်အခါ နိုင်ငံခြားသား သတင်းထောက် တယောက်ကို ထုတ်ဖော်မိန့်ကြားခဲ့သည်။

သူက “McDonald လို့ခေါ်တဲ့ လူတယောက်က Bangkok Post ဆိုတဲ့ သတင်းစာတစောင် စထုတ်တယ်။ ကျွန်ုပ်ရဲ့ဆရာနဲ့ ကျွန်ုပ်နဲ့လည်း ဆောင်းပါးတွေ အခါအားလျော်စွာ ဝင်ရေးဖြစ်တယ်” ဟု ၁၉၈၇ ခုနှစ်တွင် ပြန်ပြောပြခဲ့သည်။ သူတို့ ရေးသားခဲ့သည့် “ပုလဲဆိပ်ကမ်းမတိုင်မီ ၆ နာရီ (Six Hours Before Pearl Harbor)” အမည်ရှိသော ဆောင်းပါးကြောင့် ဂျပန်တို့ အမေရိကန်ကို တိုက်ခိုက်မည့် အကြောင်းကို ၆ နာရီ ကြိုတင်၍ သိနေခဲ့သည်ဟု ထိုင်းအစိုးရအပေါ် စွပ်စွဲခံခဲ့ရသည်။

စွပ်စွဲမှုကြောင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပြင်းထန်စွာ ဒေါသထွက်ခဲ့ပြီး အလွတ်တန်း စာနယ်ဇင်းသမား ရဟန်း ၂ ပါးကို ထိုင်းစစ်သား ၃၀ အစောင့်အကြပ်ဖြင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာခိုင်းခဲ့သည်။

“အဲဒါ ၁၉၄၉ ခုနှစ် စက်တက်ဘာလ ၇ ရက်နေ့မှာပါ။ ကျွန်ုပ်တို့ ရှမ်းပြည်နယ်ထဲကို ဝင်ရောက်ခဲ့ပြီး အဲဒီမှာ ၄ လလောက် နေထိုင်ခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က ရန်ကုန်အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ဝိုင်းရံထားလို့ ဖြစ်ပါတယ်” ဟု နိုင်ငံခြား သတင်းထောက်ကို အရှင် အာနန္ဒာက မိန့်ခဲ့သည်။

ဂီတအပေါ် ချစ်မြတ်နိုးမှုကို အရှင်အာနန္ဒာ ဘယ်တော့မျှ မစွန့်လွှတ်ခဲ့ပါ။ ယိုးဒယား၊ ဘောလယ်၊ ပတ်ပျိုး စသည့် မြန်မာ့ ဂန္ထဝင်တေးသီချင်း အမြောက်အမြားကို နိုင်ငံတကာ ဂီတသင်္ကေတများဖြင့် ပြန်လည်ရေးသား မှတ်တမ်းတင်ခဲ့သည်။ ၎င်းတို့ကို ၁၉၅၂ ခုနှစ်တွင် အစိုးရက “မြန်မာ့ ဂန္ထဝင် ဂီတ” အမည်ဖြင့် ထုတ်ဝေဖြန့်ချိခဲ့ပါသည်။

သူချစ်သော မြန်မာနိုင်ငံအတွက် သူ၏ အကြီးမားဆုံး အားထုတ်မှုမှာ ၁၅ ရာစုနှစ်မှ စတင်၍ ယခုအချိန်အထိ ပေါ်ပေါက်ခဲ့သော မြန်မာကဗျာများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ထဲမှ အများအပြားမှာ မြန်မာများသည်ပင် နားလည်ရန် ခက်ခဲသည့် ကဗျာများဖြစ်ပါသည်။ သူ၏ ဘာသာပြန် ကဗျာများမှာ ရန်ကုန်နှင့် နိုင်ငံတကာမှ အထင်ကြီးလေးစားမှုများ ရရှိခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ဗီယက်နမ် သမ္မတနိုင်ငံ (တောင်ဗီယက်နမ်) မှ ဒုတိယဝန်ကြီးချုပ် Dr.Nguyen Luu Vien က “ကိုယ်တော်ရဲ့ စာအုပ်ကို ဖတ်ရတဲ့အတွက် အလွန်နှစ်ခြိုက် ပီတိဖြစ်မိပါတယ်။ မြန်မာနိုင်ငံနဲ့ တခြား ကမ္ဘာ့ပြည်သူတွေကြားမှာ ပိုမိုကောင်းမွန်တဲ့ နားလည်မှုတွေကို ဖန်တီးနိုင်ဖို့ တန်ဖိုးရှိတဲ့ နည်းလမ်းဖြစ်တဲ့ ဘာသာပြန် လက်ရာတွေကို ပိုပြီးတွေ့ရဖို့ မျှော်လင့်ပါတယ်” ဟု ဆိုင်ဂုံမြို့မှနေ၍ စာရေးသားပေးပို့ခဲ့သည်။

အရှင်အာနန္ဒာ သို့မဟုတ် ဖရက်ဒရစ် လက်စ်တစ်ဂ်သည် သူ၏ ဇာတိနိုင်ငံ လွတ်မြောက်ရေး ရရှိသည်ကို မြင်တွေ့မသွားနိုင်ခဲ့ပါ။ အက်စ်တိုးနီးယားနိုင်ငံ ရုရှားလက်အောက်မှ မလွတ်မြောက်မီတွင် သူ ပျံလွန်တော်မူခဲ့ပါသည်။ သူသည် ရုရှားက သိမ်းပိုက်ထားခဲ့သော နှစ် ၅၀ လုံးလုံး အက်စ်တိုးနီးယား နိုင်ငံကူးလက်မှတ် အစစ်အမှန်ကို ကိုင်ဆောင်ထားခဲ့သည့်၊ တခြားသော နိုင်ငံကူးလက်မှတ် ပြောင်းလဲကိုင်ဆောင်ခြင်း မပြုခဲ့သည့် တဦးတည်းသော အက်စ်တိုးနီးယားလူမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ဒီအတွက် အက်စ်တိုးနီးယား ပြည်သူများ ဂုဏ်ယူရမည် ဖြစ်ပါသည်။

ဧရာဝတီ
(The Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Karin Dean ၏ The Refugee Who Fled To Burma ကို ဘာသာပြန်ဆိုသည်။)

Leave a Reply