ျမန္မာ့သုိင္း အေၾကာင္း သိေကာင္းစရာ

Posted on

ျမန္မာႏိုင္ငံတြင္ အစျပဳ ထြန္းကားေသာ ကိုယ္ခံပညာရပ္ မ်ားအားလုံးကို ျမန္မာသိုင္း ဟုေခၚသည္။ ျမန္မာသိုင္းဟု ဆိုရာတြင္ ဗမာလူမ်ိဳးမ်ား၏ ကိုယ္ခံပညာရပ္မ်ားသာမက အျခားေသာ တိုင္းရင္းသား ေပါင္းစုံတို႔၏ ႐ိုးရာ ကိုယ္ခံပညာရပ္ မ်ားပါ ပါဝင္ၿပီး ေဒသ၊ ေက်ာင္း အစရွိသည္ တို႔ေပၚ မူတည္၍ အမ်ိဳးမ်ိဳး ကြဲျပား ၾကသည္။ ထင္ရွားေသာ သိုင္းအခ်ိဳ႕မွာ ဗန္တို၊ ဗန္ရွည္၊ နန္းတြင္းသိုင္း၊ ရွမ္းသိုင္း၊ ဘုန္းႀကီးသိုင္း၊ မင္းဇင္၊ သိုင္းေျပာင္းျပန္ အစရွိသည္တို႔ ျဖစ္သည္။

သိုင္း၏အနက္ အဓိပၸယ္မွာ “သ” ျပဳျပင္ျခင္း ျခယ္သျခင္း၊ “သိ” သိျမင္ျခင္း နားလည္ျခင္း၊ “သို” သိမ္းဆည္းျခင္း သိုမွီးျခင္း သိုဝွက္ျခင္း၊ “သိုင္း” သိုင္းဝန္းျခင္း ၿခဳံလႊမ္းျခင္း ရစ္သိုင္းျခင္း ဟူ၍ျဖစ္သည္။ ေရွးျမန္မာဘုရင္မ်ား လက္ထက္ မင္းခန္း မင္းနား မ်ားတြင္ သိုင္းတုတ္ကိုင္ ကာ ေစာင့္ေရွာက္ ေပးရၿပီး ေရွ႕မွ ေစာင့္ေရွာက္ ေပးရသူကို ေရွ႕သိုင္းေစာင့္၊ ေနာက္မွ ေစာင့္ေရွာက္ ေပးရသူကို ေနာက္သိုင္းေစာင့္ ဟုေခၚသည္။သိုင္းဆိုသည္မွာ ေက်ာ္လႊားျခင္းဟုလည္း နားလည္ရေပမည္။

ဆရာဂ်ပ္ဆင္၏ ျမန္မာ အဂၤလိပ္ အဘိဓာန္၌ သိုင္းကို မင္းသုံးနန္းသုံး အေဆာင္အေယာင္တုတ္ဟု အဓိပၸာယ္ေပးထားၿပီး။ သိုင္းက၊ သိုင္းကစား၊ သိုင္းကြက္၊ သိုင္းတက္၊ သိုင္း႐ိုက္ကို ရန္ကိုရွင္းလင္းျခင္း၊ ရန္ကို ခုခံကာကြယ္ တိုက္ခိုက္ျခင္းအတတ္ပညာႏွင့္ဆိုင္ေသာ လႈပ္ရွားမႈမ်ားဟု အဓိပၸာယ္ေပးထားေပသည္။

ျမန္မာ့သိုင္းပညာသမိုင္း

ျမန္မာသိုင္းပညာ၏ သက္တမ္းသည္အလြန္ရွည္ၾကာခဲ့ၿပီျဖစ္သည့္အေလ်ာက္ နည္းနိသၽွည္းႏွင့္ နည္းပရိယာယ္မ်ား၊ ႂကြယ္ဝမ်ားျပား လွသည္။ ေရွးေခတ္က ျမန္မာ ဘုရင္ မိဖုရားမ်ား၊ အိမ္ေရွ႕စံမင္းသား မင္းသမီးမ်ား အခမ္းအနား အေဆာင္အေယာင္ႏွင့္ ထြက္ႂကြ ျမန္းခ်ီသည့္အခါမ်ားတြင္ ေရွ႕မွတုတ္ကိုင္၍ ေစာင့္ေရွာက္လမ္းရွင္းေပးရသူ၊ ေနာက္မွတုတ္ကိုင္၍ အကာအ ကြယ္ေပးရသူမ်ား လိုက္ပါၾကရသည္။ ထိုသူမ်ားကို သိုင္းကိုင္မ်ားဟု ေခၚသည္။ ေရွ႕မွတုတ္ကိုင္ အေစာင့္အေရွာက္မ်ားပါသည္ ကို ေရွ႕သိုင္း ဟုေခၚသည္။ ေနာက္မွတုတ္ကိုင္ အေစာင့္အေရွာက္မ်ားပါသည္ကို ေနာက္သိုင္း ဟုေခၚသည္။

ဘုရင္၊ မိဖုရား၊ မင္းသား၊ မင္းသမီးတို႔ ထြက္ခ်ီႂကြျမန္းလာသည့္အခမ္းအနားမ်ားတြင္သာမက ဘုရင္မင္းျမတ္ အသုံးျပဳရန္ ေရခတ္လာသည့္အခါ ျဖစ္ေစ ေရွ႕သိုင္း ေနာက္သိုင္း ဝန္းရံ ယူေဆာင္လာ တတ္ေၾကာင္း စာေပ အေထာက္အထားမ်ား၌ ေတြ႕ရေလသည္။

ေရွးအခါက ဘုရင္မင္းျမတ္အားဆက္သရန္ သန္႔စင္ပန္းကိုပင္ သိုင္းအၿခံ အရံ ႏွင့္သယ္လာရေၾကာင္းကို ရာမရကန္အခန္း၁၄ သဇင္ပန္းခ်ီး တိုင္းျပည္ျပန္ေတာခန္း၌ ပၸပါရမီဂုဏ္၊သင့္ယုံဟုတ္ဘူး၊ကံထူးသည့္ပန္း၊လမ္းခ်ဲ႕ခ်ဴ႕၊မခ်ဲ႕ခ်ဲ႕ ဆုတ္ဟဲ့ဘဲဆိုဆို၊ မဆိုဘဲလာလာသူမို႔ပါလၽွင္ ေ႐ႊအာဏာေခါင္၊ သိုင္းေျပာင္ေျပာင္ႏွင့္၊ ေရွာင္ရသည္၊ လႊဲရသည္၊ ပန္းမ်ားဘုရင္ကို ဟူ ၍၎ ထိုျပင္ နန္းတြင္းသူကေလး အေဆာင္အေယာင္ႏွင့္ ထြက္ခ်ီလာပုံကို ဓေ႐ႊနန္းေတာ္သူ၊ ေနမပူ ေလမလၽွပ္၊ ထူးျမတ္သည့္ပါရမီ၊ ေက်ာက္စီယာဥ္စီး၊ ေ႐ႊထီးဆာင္းမ်ိဳး၊ ႐ိုးဆင့္႐ြက္ဆင့္၊ မိုးေလာက္ ျမင့္၊ သိုင္းႏွင့္ က်ိဳင္းႏွင့္လာသကိုဓဟူ၍၎ စပ္ဆိုခဲ့ေပသည္။

ယင္းအေထာက္အထားမ်ားအရ လမ္းရွင္းလင္းျခင္းႏွင့္ ေဘးရန္ရွင္းလင္းကာကြယ္ တိုက္ခိုက္ ျခင္းမ်ားအတြက္ အသုံးျပဳသည့္ ထီးသုံးနန္းသုံး အေဆာင္အေယာင္အခမ္းအနားတုတ္ကို ေရွးအခါက သိုင္းဟု ေခၚဆိုၾကေၾကာင္း သိသာေလသည္။

ယခုမ်က္ေမွာက္ေခတ္၌ပင္ ဘာသာေရး၊ သာသနာေရး၊ မင္းခန္းမင္းနန္းမ်ားတြင္ သိုင္း၊ က်ိဳင္း ဟူေသာအေဆာင္အေယာင္ပစၥည္းမ်ားကို ေတြ႕ရွိၾကရသည့္အနက္ ေတာက္ေျပာင္သည့္ အဖိုးတန္ ပိုးဖဲစမ်ားအထိပ္၌ ခ်ည္ထားေသာ မွန္စီေ႐ႊခ်တုတ္ကို ဓသိုင္းဟုဓ ေခၚေဝၚၾကသည္ဟု သိရွိရေလသည္။ သိုင္းကိုင္သည္ တုတ္ကိုင္နည္း၊ အသုံးျပဳနည္းမ်ားကို ကၽြမ္းက်င္သူျဖစ္ၾကရသည္။ အရွင္သခင္ အတြက္ေပၚေပါက္လာေသာရန္သူကို ထိုသိုင္း(တုတ္)ႏွင့္ ေကာင္းစြာအကာအကြယ္ေပးႏိုင္သူလည္း ျဖစ္ၾကရသည္။ ထိုသည္ကိုအစြဲျပဳ၍ သိုင္း(တုတ္)ကိုင္နည္း အသုံးျပဳနည္းမ်ား ကၽြမ္းက်င္စြာတတ္ေျမာက္ သူကို သိုင္းကိုင္ဟူ၍၎၊ သိုင္းသမားဟူ၍၎၊ သိုင္းတတ္သည္ဟူ၍၎ ေျပာ႐ိုးျပဳၾကသည္။

ထိုကဲ့သို႔၊ ရန္ကို ကာကြယ္ရွင္းလင္းျခင္း အတြက္၊ အသုံးျပဳသည့္တုတ္ကို သိုင္းဟုေခၚဆိုၾကသည္ကိုအေၾကာင္းျပဳ၍ ဓါးျဖင့္ ရန္ကိုကာကြယ္ရွင္းလင္းျခင္းအတတ္ကို ဓါးသိုင္း၊ လွံျဖင့္ ရန္ကိုကာ ကြယ္ရွင္းလင္းျခင္း အတတ္ကို လွံသိုင္း၊ လက္ျဖင့္ ရန္ကိုကာကြယ္ရွင္းလင္းျခင္း အတတ္ကိုလက္ သိုင္းဟုအစဥ္အဆက္ ေခၚေဝၚလာၾကျခင္းျဖစ္သည္ဟု သိရွိရ၏။

၁၈၂၄ ခုႏွစ္မွစ၍ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားခဲ့သည့္ က်ဴးေက်ာ္စစ္ (၃)ႀကိမ္ေၾကာင့္ ဓါး၊ လွံ၊ လက္နက္စြဲကိုင္ ေတာ္လွန္ရင္းမွ တိမ္ျမဳပ္ေပ်ာက္ကြယ္လုနီးနီး ျဖစ္ခဲ့ရေသာျမန္မာ့ သိုင္းပညာရပ္သည္ ၁၉၂၀ ျပည့္ႏွစ္ ဂ်ီစီ ဘီေအအေဆာက္အဦး၏ အမ်ိဳးသားလႈပ္ရွားမႈမ်ားတြင္ သိုင္းပညာရွင္ ရွမ္းတ႐ုတ္ ဦးဘရင္၊ ဦးဘသြင္၊ ဦးေမဓါ တို႔က တစ္ဖက္တစ္လမ္းမွပါဝင္ရင္း သိုင္းပညာရပ္မ်ား ျပန္႔ပြားျခင္းျဖင့္လုပ္ငန္းမ်ား ျပန္လည္စတင္ႏိုင္ခဲ့ပါသည္။

နယ္ခ်ဲ႕ၿဗိတိသၽွ ႏွင့္ ဖက္ဆစ္ဂ်ပန္မ်ား အုပ္စိုးစဥ္အခါက သိုင္းပညာ သင္ၾကားသူ လူငယ္မ်ားႏွင့္ သိုင္းပညာရွင္မ်ားကို ၎တို႔အား ေတာ္လွန္ပုန္ကန္မည့္ အေရးေတြးေၾကာက္ကာ ျမန္မာ့သိုင္းပညာမျပန္႔ပြားေစေရး အတြက္ လက္နက္ ဥပေဒမ်ား ျပဌာန္းကာ နည္းလမ္းမ်ားျဖင့္ တားဆီးပိတ္ပင္ျခင္း၊ အေရးယူ ဖမ္းဆီး အျပစ္ေပးျခင္း၊ ၎တို႔အား စိုးရိမ္ ေၾကာက္လန္႔ေအာင္ျပဳမႈျခင္း စသည္ျဖင့္ အမ်ိဳးမ်ိဳးတားဆီး ခ်ိဳးႏွိမ္ခဲ့ၾကပါသည္။

နယ္ခ်ဲ႕က်ဴးေက်ာ္သူတို႔၏ အမ်ိဳးမ်ိဳးေသာ ဖိႏွိပ္မႈမ်ားအၾကားမွ မ်ိဳးခ်စ္စိတ္ဓါတ္ထက္သန္ေသာ သိုင္းပညာရွင္မ်ားႏွင့္ လူငယ္မ်ားသည္ နယ္ခ်ဲ႕သမားမ်ားမသိမျမင္ႏိုင္ သည့္ လူသူ ကင္းေဝးလွေသာ ေတာေတာင္မ်ားတြင္လည္းေကာင္း ေျမက်င္းမ်ားတူး၍ ညအခ်ိန္ လူေျခတိတ္ဆိတ္ခ်ိန္မ်ားတြင္လည္းေကာင္း လၽွိဳ႕ဝွက္စြာ ဆင့္ပြားသင္ယူၾက ရင္းျဖင့္ ျမန္မာတို႔၏ ကိုယ္ပိုင္႐ိုးရာအေမြအႏွစ္ျဖစ္ေသာ ျမန္မာ့႐ိုးရာသိုင္းပညာကို မေပ်ာက္ကြယ္ေအာင္ ထိန္းသိမ္းခဲ့ၾကပါသည္။

၁၃၀ဝ ျပည့္ႏွစ္ ေတာင္သူလယ္သမား အေရးေတာ္ပုံမွစ၍ သိုင္းပညာရွင္မ်ား၏ ပါဝင္ႀကိဳးစားမႈေၾကာင့္ ဇာတိမာန္ထက္သန္ေသာ ျပည္သူမ်ားအၾကားတြင္ သိုင္းပညာ ရပ္မ်ား ျပန္လည္ ထင္ရွားလာခဲ့ပါသည္။

ေရွးရုိးရာျမန္မာ့သုိင္းတြင္ ဗန္တုိ၊ ဗန္ရွည္ဟုမေခၚခဲ့ပါ။ နန္းတြင္းသုိင္း၊ အင္းသုိင္း၊ ယြန္သုိင္း၊ ရာမညသုိင္း၊ ပြဲေက်ာင္းသုိင္း အစရွိသည္ ျဖင့္ ေခၚဆုိခဲ့သည္။ ျမန္မာႏုိင္ငံကုိ အဂၤလိပ္မ်ားသိမ္းပုိက္ျပီး သုိင္းမ်ားမသင္ဟု ျပဌာန္းခဲ့သည္။ ထုိ႔အတြက္ေၾကာင့္ ၁၉၃၀ ျပည့္ႏွစ္ေနာက္ပုိင္း အာရွလူငယ္ အစည္းအရုံမွ အသင္းဥကၠဌ ဦးဘဂ်မ္း၊ ဥာဏဗလ တာ၀န္ခံ ဦးဘရွင္(ဗိုလ္မွဴးဘရွင္)၊ ဆရာဦးျပည္သိမ္းတုိ႔မွ ျမန္မာ့သုိင္းအစား ဗန္တုိ၊ ဗန္ရွည္ဟု အမည္ေပးကာ သင္ေပးခဲ့ၾကသည္။

ျမန္မာ့ရုိးရာသုိင္းပညာရပ္မ်ားတြင္ သုိင္းကြက္မ်ား၊ ဓါး၊ လွံ၊ ေလး၊ ျမွား အစရွိေသာ ပညာရပ္မ်ိဳးစုံပါ၀င္ေသာေၾကာင့္ သင္ပါက အနည္းဆုံး ၅ ႏွစ္ေက်ာ္ၾကာျမင့္ပါသည္။ ထုိ႔အတြက္ေၾကာင့္ ဆရာၾကီးမ်ားက ထုိ သုိင္း ပညာရပ္မ်ားထဲမွ တခ်က္လြတ္ တုိက္ခုိက္နည္းမ်ားကုိ စုစည္း၍ လက္နက္မဲ့ တုိက္ခုိက္ နည္း ဗန္တုိ၊ လက္နက္ႏွင့္ တုိက္ခုိက္နည္း ဗန္ရွည္ဟု အမည္ေပး၍ သင္ေပး ခဲ့ၾကသည္။ ထုိ႔အတြက္ ဗန္တုိ၊ ဗန္ရွည္တတ္ေသာ ျမန္မာလူငယ္မ်ားကုိ အခ်ိန္တုိအတြင္း ေမြးဖြား ႏုိင္ခဲ့သည္။

ျမန္မာ့ရာဇဝင္သမိုင္းရွည္လ်ားၾကာျမင့္သည္ႏွင့္ အညီ ျမန္မာ့သိုင္းပညာသည္လည္း ရွည္လ်ား က်ယ္ျပန္႔ေပလိမ့္မည္။ ေရွးမင္းအဆက္ဆက္ တစ္ေခတ္ၿပီးတစ္ေခတ္ လက္ဆင့္ကမ္း ဆင္းသက္လာေသာ အဖိုးတန္ ျမန္မာသိုင္းပညာမ်ားကို ယခုအခ်ိန္၌ တစ္ေနရာတည္းတြင္ တစ္ေပါင္းတည္းတစ္စုတည္း မေတြ႕ ႏိုင္ၾကေသာ္လည္း ယင္းပညာေကာင္း၊ ပညာမြန္မ်ားမွ ေပါက္ဖြါး ပ်ံ႕ႏွံ႔ႀကီးထြားေနေသာ အႏြယ္အပြါး သိုင္းပညာမ်ားကို ျပည္ေထာင္စု ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ ေတြ႕ရွိႏိုင္ေပသည္။ထိုကဲ့သို႔ျပည္ေထာင္စု ေနရာအႏွံ႔အျပား၌ ႀကီးထြားရင့္သန္လၽွက္ရွိေသာ သိုင္းပညာမ်ားသည္ ေအာက္ပါအခ်က္အျခာ ပင္မသိုင္းပညာေၾကာ႐ိုး ႀကီးသုံးခုမွဆင္းသက္လာၾကျခင္းျဖစ္သည္။

အင္းသိုင္း။ ျမန္မာမင္းေနျပည္ေတာ္ အင္းဝဘက္မွ ဆင္းသက္လာေသာ ပညာအႏြယ္အပြါး။
ကေမၺာဇသိုင္း။ ရွမ္းျပည္ဘက္မွဆင္းသက္လာေသာ ပညာအႏြယ္အပြါး။
ရာမညသိုင္း။ ေအာက္ျမန္မာျပည္ မြန္မင္းဆက္မွဆင္းသက္လာေသာ ပညာအႏြယ္အပြါး။

ဤထက္ပါ သိုင္းပညာႀကီးသုံးရပ္မွဆင္းသက္ လာေသာ ပညာမ်ားသည္ ႏွစ္ေပါင္းမ်ားစြာၾကာရွိလာၿပီျဖစ္ေသာ ယခုအခါတြင္ အလြန္ခိုင္ခန္႔ေသာ ပိုးပိုက္ကြန္ကဲ့သို႔ ပညာတစ္ခုႏွင့္တစ္ခု ေရာယွက္တိုး ဝင္ေနၾကၿပီ ျဖစ္ေလသည္။ ပညာတခုအေပၚတခု လိမ္ယွက္ေရာေထြးကာ အျပန္အလွန္ အမွီသဟဲ ျပဳၿပီးလၽွင္ အက်ိဳးျပဳေနၾကသျဖင့္ ျပည္ေထာင္စုျမန္မာႏိုင္ငံရွိ သိုင္းပညာအဆင့္အတန္း သည္ အလြန္ခိုင္ခန္႔ ေကာင္းမြန္သည့္ အဆင့္အတန္းတြင္ ရွိေနၿပီျဖစ္ေပသည္။

ဗန္တိုဗန္ရွည္

ျမန္မာ့သိုင္း ဟုေခၚေသာဗန္တို၊ ဗန္ရွည္ အတတ္ပညာသည္ ျမန္မာတို႕၏ ယဥ္ေက်းမႈအေမြအႏွစ္ ကိုယ္ခံပညာတစ္ခု ျဖစ္ပါသည္။ ေရွးျမန္မာတို႕က ကာယႏွင့္ စိတ္ဓါတ္ၾကံခိုင္ေရးအတြက္ အဓိကထားျပီး စစ္ပြဲမ်ားတြင္ လက္နက္မဲ့၊ လက္နက္ကိုင္ႏွစ္မ်ိဳးခြဲကာ အသံုးျပဳ တိုက္ပြဲ၀င္သည့္ ရိုးရာကိုယ္ခံပညာျဖစ္သည္။ ၄င္းဗန္တိုဗန္ရွည္ပညာရပ္မ်ားကို အထူးလွ်ိဳ႕ဝွက္ သင္ၾကားေပးခဲ့ၾကသည္။ သားစဥ္ေျမးဆက္၊ ေဆြစဥ္မ်ိဳးဆက္ ေသြးရင္းသားရင္းမ်ားသာ လူမသိေအာင္ တိတ္တဆိတ္သက္ၾကားေပးေလ့ရွိသည္။

ျမန္မာတို႕၏ အေမြျဖစ္ေသာ ဗန္တိုသိုင္းပညာသည္ သေရခတၱရာ သာသနာႏွစ္ (အစ) ဘီစီၤ (၄၅၅) ကတည္းကတည္ရွိခိုင္ခံေနျပီး ဒီထက္ေစာေသာ မွတ္တမ္းမ်ားလည္းရွိခဲ့ၾကသည္။ သေရခတၱရာ၊ ဗိႆႏိုး၊ ဟန္လင္း၊ ပုဂံ၊ ပင္းယ၊ အင္းဝ၊ ကုန္းေဘာင္ေခတ္ သမိုင္းတေလွ်ာက္ ႏိုင္ငံေတာ္ကာကြယ္ေရး အတြက္ အသံုးျပဳခဲ့ရာမွ ျမန္မာ့သိုင္း ဟူ၍ယေန႕ေခၚေ၀ၚထားၾကျပီျဖစ္သည္။ လက္နက္မဲ့ ဗန္တိုႏွင့္ လက္နက္ကိုင္ ဗန္ရွည္ ဟူ၍ေခၚတြင္ခဲ့သည္။ အမာဗန္တို၊ အေပ်ာ့ဗန္တိုႏွစ္မ်ိဳးခြဲကာ ျမန္မာ့လက္ေဝွ႕ကဲ့သို႕ အကြဲအျပဲ မတြန္႕မဆုတ္ရင္ဆိုင္ေသာနည္းကို ဗန္တို (အမာ) ဟုေခၚျပီး မိမိအားအထိမခံဘဲ ေရွာင္တိမ္းကာတုန္႕ျပန္ေသာနည္းကို ဗန္တို (အေပ်ာ့) ဟုေခၚသည္။

ရွမ္းသုိင္း

ရွမ္းသုိင္းပညာရပ္တြင္လည္း ရွမ္းၾကီး၊ ရွမ္းတရုပ္သုိင္း၊ ရွမ္းေလးသုိင္း၊ အင္းသုိင္း၊ ပေလာင္သုိင္း အစရွိေသာ ပညာရပ္မ်ားစြာရွိပါသည္။ ထုိသုိင္းမ်ားတြင္လဲ လက္သုိင္း၊ ဓါးသုိင္း၊ ၾကိဳသုိင္း၊ ခဲပစ္၊ လွံသုိင္း၊ တုတ္သုိင္း အစရွိေသာ ပညာရပ္မ်ား မ်ားစြာရွိသည္။

ရွမ္းၾကီးသုိင္းသည္ အကြက္က်ဲသည္။ ေျခကြက္မွာ လဲ ၄ ကြက္၊ ၆ ကြက္၊ ၈ ကြက္၊ ၁၂ ကြက္ ျဖင့္ကစားသည္။

ရွမ္းေလးသုိင္း (ခူခါခ်န္႔၊ ယေန႔အေခၚ သုိင္းေျပာင္ျပန္) သည္ အကြက္စိတ္သည္။ ေျခကြက္မွာလဲ ၄ကြက္၊ ၇ကြက္၊ ၉ ကြက္၊ ၁၂ ကြက္ ရွိသည္။ သုိင္းေျပာင္ျပန္ဟု ေခၚသည္မွာ ရွမ္းၾကီးသုိင္း၏ ေျခကြက္မ်ားႏွင့္မတူ ေျပာင္းျပန္သေဘာရွိေသာေၾကာင့္ သုိင္းေျပာင္းျပန္ဟုေခၚသည္။

ရာမညသုိင္း

ရာမညသုိင္းသည္ မြန္ရုိးရာသုိင္းကုိေခၚပါသည္။ မြန္ရုိးရာသုိင္းတြင္လဲ လက္ေ၀ွ႔၊ လက္သုိင္း၊ ဓါးသုိင္း၊ လွံသုိင္းအစရွိေသာ ပညာရပ္မ်ားပါ၀င္သည္။ ထုိ႔အျပင္ ကရင္ရုိးရာ လက္သုိင္း၊ ဓါးသုိင္း၊ ဒူးေလးပစ္၊ ျမွားပစ္ အစရွိေသာပညာရပ္မ်ား ႏွင့္အတူ ရုိးရာသုိင္းမ်ား၊ မ်ိဳးႏြယ္စုသုိင္းမ်ားလဲ ရွိသည္။

VIDEO

အလင္းေစတမန္
Myanmar Wikipedia


မြန်မာ့သိုင်း အကြောင်း သိကောင်းစရာ (unicode)

မြန်မာနိုင်ငံတွင် အစပြု ထွန်းကားသော ကိုယ်ခံပညာရပ် များအားလုံးကို မြန်မာသိုင်း ဟုခေါ်သည်။ မြန်မာသိုင်းဟု ဆိုရာတွင် ဗမာလူမျိုးများ၏ ကိုယ်ခံပညာရပ်များသာမက အခြားသော တိုင်းရင်းသား ပေါင်းစုံတို့၏ ရိုးရာ ကိုယ်ခံပညာရပ် များပါ ပါဝင်ပြီး ဒေသ၊ ကျောင်း အစရှိသည် တို့ပေါ် မူတည်၍ အမျိုးမျိုး ကွဲပြား ကြသည်။ ထင်ရှားသော သိုင်းအချို့မှာ ဗန်တို၊ ဗန်ရှည်၊ နန်းတွင်းသိုင်း၊ ရှမ်းသိုင်း၊ ဘုန်းကြီးသိုင်း၊ မင်းဇင်၊ သိုင်းပြောင်းပြန် အစရှိသည်တို့ ဖြစ်သည်။

သိုင်း၏အနက် အဓိပ္ပယ်မှာ “သ” ပြုပြင်ခြင်း ခြယ်သခြင်း၊ “သိ” သိမြင်ခြင်း နားလည်ခြင်း၊ “သို” သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ “သိုင်း” သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကို ရှေ့သိုင်းစောင့်၊ နောက်မှ စောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။သိုင်းဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။

ဆရာဂျပ်ဆင်၏ မြန်မာ အင်္ဂလိပ် အဘိဓာန်၌ သိုင်းကို မင်းသုံးနန်းသုံး အဆောင်အယောင်တုတ်ဟု အဓိပ္ပာယ်ပေးထားပြီး။ သိုင်းက၊ သိုင်းကစား၊ သိုင်းကွက်၊ သိုင်းတက်၊ သိုင်းရိုက်ကို ရန်ကိုရှင်းလင်းခြင်း၊ ရန်ကို ခုခံကာကွယ် တိုက်ခိုက်ခြင်းအတတ်ပညာနှင့်ဆိုင်သော လှုပ်ရှားမှုများဟု အဓိပ္ပာယ်ပေးထားပေသည်။

မြန်မာ့သိုင်းပညာသမိုင်း

မြန်မာသိုင်းပညာ၏ သက်တမ်းသည်အလွန်ရှည်ကြာခဲ့ပြီဖြစ်သည့်အလျောက် နည်းနိသျှည်းနှင့် နည်းပရိယာယ်များ၊ ကြွယ်ဝများပြား လှသည်။ ရှေးခေတ်က မြန်မာ ဘုရင် မိဖုရားများ၊ အိမ်ရှေ့စံမင်းသား မင်းသမီးများ အခမ်းအနား အဆောင်အယောင်နှင့် ထွက်ကြွ မြန်းချီသည့်အခါများတွင် ရှေ့မှတုတ်ကိုင်၍ စောင့်ရှောက်လမ်းရှင်းပေးရသူ၊ နောက်မှတုတ်ကိုင်၍ အကာအ ကွယ်ပေးရသူများ လိုက်ပါကြရသည်။ ထိုသူများကို သိုင်းကိုင်များဟု ခေါ်သည်။ ရှေ့မှတုတ်ကိုင် အစောင့်အရှောက်များပါသည် ကို ရှေ့သိုင်း ဟုခေါ်သည်။ နောက်မှတုတ်ကိုင် အစောင့်အရှောက်များပါသည်ကို နောက်သိုင်း ဟုခေါ်သည်။

ဘုရင်၊ မိဖုရား၊ မင်းသား၊ မင်းသမီးတို့ ထွက်ချီကြွမြန်းလာသည့်အခမ်းအနားများတွင်သာမက ဘုရင်မင်းမြတ် အသုံးပြုရန် ရေခတ်လာသည့်အခါ ဖြစ်စေ ရှေ့သိုင်း နောက်သိုင်း ဝန်းရံ ယူဆောင်လာ တတ်ကြောင်း စာပေ အထောက်အထားများ၌ တွေ့ရလေသည်။

ရှေးအခါက ဘုရင်မင်းမြတ်အားဆက်သရန် သန့်စင်ပန်းကိုပင် သိုင်းအခြံ အရံ နှင့်သယ်လာရကြောင်းကို ရာမရကန်အခန်း၁၄ သဇင်ပန်းချီး တိုင်းပြည်ပြန်တောခန်း၌ ပ္ပပါရမီဂုဏ်၊သင့်ယုံဟုတ်ဘူး၊ကံထူးသည့်ပန်း၊လမ်းချဲ့ချူ့၊မချဲ့ချဲ့ ဆုတ်ဟဲ့ဘဲဆိုဆို၊ မဆိုဘဲလာလာသူမို့ပါလျှင် ရွှေအာဏာခေါင်၊ သိုင်းပြောင်ပြောင်နှင့်၊ ရှောင်ရသည်၊ လွှဲရသည်၊ ပန်းများဘုရင်ကို ဟူ ၍၎င်း ထိုပြင် နန်းတွင်းသူကလေး အဆောင်အယောင်နှင့် ထွက်ချီလာပုံကို ဓရွှေနန်းတော်သူ၊ နေမပူ လေမလျှပ်၊ ထူးမြတ်သည့်ပါရမီ၊ ကျောက်စီယာဉ်စီး၊ ရွှေထီးဆာင်းမျိုး၊ ရိုးဆင့်ရွက်ဆင့်၊ မိုးလောက် မြင့်၊ သိုင်းနှင့် ကျိုင်းနှင့်လာသကိုဓဟူ၍၎င်း စပ်ဆိုခဲ့ပေသည်။

ယင်းအထောက်အထားများအရ လမ်းရှင်းလင်းခြင်းနှင့် ဘေးရန်ရှင်းလင်းကာကွယ် တိုက်ခိုက် ခြင်းများအတွက် အသုံးပြုသည့် ထီးသုံးနန်းသုံး အဆောင်အယောင်အခမ်းအနားတုတ်ကို ရှေးအခါက သိုင်းဟု ခေါ်ဆိုကြကြောင်း သိသာလေသည်။

ယခုမျက်မှောက်ခေတ်၌ပင် ဘာသာရေး၊ သာသနာရေး၊ မင်းခန်းမင်းနန်းများတွင် သိုင်း၊ ကျိုင်း ဟူသောအဆောင်အယောင်ပစ္စည်းများကို တွေ့ရှိကြရသည့်အနက် တောက်ပြောင်သည့် အဖိုးတန် ပိုးဖဲစများအထိပ်၌ ချည်ထားသော မှန်စီရွှေချတုတ်ကို ဓသိုင်းဟုဓ ခေါ်ဝေါ်ကြသည်ဟု သိရှိရလေသည်။ သိုင်းကိုင်သည် တုတ်ကိုင်နည်း၊ အသုံးပြုနည်းများကို ကျွမ်းကျင်သူဖြစ်ကြရသည်။ အရှင်သခင် အတွက်ပေါ်ပေါက်လာသောရန်သူကို ထိုသိုင်း(တုတ်)နှင့် ကောင်းစွာအကာအကွယ်ပေးနိုင်သူလည်း ဖြစ်ကြရသည်။ ထိုသည်ကိုအစွဲပြု၍ သိုင်း(တုတ်)ကိုင်နည်း အသုံးပြုနည်းများ ကျွမ်းကျင်စွာတတ်မြောက် သူကို သိုင်းကိုင်ဟူ၍၎င်း၊ သိုင်းသမားဟူ၍၎င်း၊ သိုင်းတတ်သည်ဟူ၍၎င်း ပြောရိုးပြုကြသည်။

ထိုကဲ့သို့၊ ရန်ကို ကာကွယ်ရှင်းလင်းခြင်း အတွက်၊ အသုံးပြုသည့်တုတ်ကို သိုင်းဟုခေါ်ဆိုကြသည်ကိုအကြောင်းပြု၍ ဓါးဖြင့် ရန်ကိုကာကွယ်ရှင်းလင်းခြင်းအတတ်ကို ဓါးသိုင်း၊ လှံဖြင့် ရန်ကိုကာ ကွယ်ရှင်းလင်းခြင်း အတတ်ကို လှံသိုင်း၊ လက်ဖြင့် ရန်ကိုကာကွယ်ရှင်းလင်းခြင်း အတတ်ကိုလက် သိုင်းဟုအစဉ်အဆက် ခေါ်ဝေါ်လာကြခြင်းဖြစ်သည်ဟု သိရှိရ၏။

၁၈၂၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျူးကျော်စစ် (၃)ကြိမ်ကြောင့် ဓါး၊ လှံ၊ လက်နက်စွဲကိုင် တော်လှန်ရင်းမှ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်ခဲ့ရသောမြန်မာ့ သိုင်းပညာရပ်သည် ၁၉၂၀ ပြည့်နှစ် ဂျီစီ ဘီအေအဆောက်အဦး၏ အမျိုးသားလှုပ်ရှားမှုများတွင် သိုင်းပညာရှင် ရှမ်းတရုတ် ဦးဘရင်၊ ဦးဘသွင်၊ ဦးမေဓါ တို့က တစ်ဖက်တစ်လမ်းမှပါဝင်ရင်း သိုင်းပညာရပ်များ ပြန့်ပွားခြင်းဖြင့်လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပါသည်။

နယ်ချဲ့ဗြိတိသျှ နှင့် ဖက်ဆစ်ဂျပန်များ အုပ်စိုးစဉ်အခါက သိုင်းပညာ သင်ကြားသူ လူငယ်များနှင့် သိုင်းပညာရှင်များကို ၎င်းတို့အား တော်လှန်ပုန်ကန်မည့် အရေးတွေးကြောက်ကာ မြန်မာ့သိုင်းပညာမပြန့်ပွားစေရေး အတွက် လက်နက် ဥပဒေများ ပြဌာန်းကာ နည်းလမ်းများဖြင့် တားဆီးပိတ်ပင်ခြင်း၊ အရေးယူ ဖမ်းဆီး အပြစ်ပေးခြင်း၊ ၎င်းတို့အား စိုးရိမ် ကြောက်လန့်အောင်ပြုမှုခြင်း စသည်ဖြင့် အမျိုးမျိုးတားဆီး ချိုးနှိမ်ခဲ့ကြပါသည်။

နယ်ချဲ့ကျူးကျော်သူတို့၏ အမျိုးမျိုးသော ဖိနှိပ်မှုများအကြားမှ မျိုးချစ်စိတ်ဓါတ်ထက်သန်သော သိုင်းပညာရှင်များနှင့် လူငယ်များသည် နယ်ချဲ့သမားများမသိမမြင်နိုင် သည့် လူသူ ကင်းဝေးလှသော တောတောင်များတွင်လည်းကောင်း မြေကျင်းများတူး၍ ညအချိန် လူခြေတိတ်ဆိတ်ချိန်များတွင်လည်းကောင်း လျှို့ဝှက်စွာ ဆင့်ပွားသင်ယူကြ ရင်းဖြင့် မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာအမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာသိုင်းပညာကို မပျောက်ကွယ်အောင် ထိန်းသိမ်းခဲ့ကြပါသည်။

၁၃ဝဝ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံမှစ၍ သိုင်းပညာရှင်များ၏ ပါဝင်ကြိုးစားမှုကြောင့် ဇာတိမာန်ထက်သန်သော ပြည်သူများအကြားတွင် သိုင်းပညာ ရပ်များ ပြန်လည် ထင်ရှားလာခဲ့ပါသည်။

ရှေးရိုးရာမြန်မာ့သိုင်းတွင် ဗန်တို၊ ဗန်ရှည်ဟုမခေါ်ခဲ့ပါ။ နန်းတွင်းသိုင်း၊ အင်းသိုင်း၊ ယွန်သိုင်း၊ ရာမညသိုင်း၊ ပွဲကျောင်းသိုင်း အစရှိသည် ဖြင့် ခေါ်ဆိုခဲ့သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များသိမ်းပိုက်ပြီး သိုင်းများမသင်ဟု ပြဌာန်းခဲ့သည်။ ထို့အတွက်ကြောင့် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း အာရှလူငယ် အစည်းအရုံမှ အသင်းဥက္ကဌ ဦးဘဂျမ်း၊ ဥာဏဗလ တာဝန်ခံ ဦးဘရှင်(ဗိုလ်မှူးဘရှင်)၊ ဆရာဦးပြည်သိမ်းတို့မှ မြန်မာ့သိုင်းအစား ဗန်တို၊ ဗန်ရှည်ဟု အမည်ပေးကာ သင်ပေးခဲ့ကြသည်။

မြန်မာ့ရိုးရာသိုင်းပညာရပ်များတွင် သိုင်းကွက်များ၊ ဓါး၊ လှံ၊ လေး၊ မြှား အစရှိသော ပညာရပ်မျိုးစုံပါဝင်သောကြောင့် သင်ပါက အနည်းဆုံး ၅ နှစ်ကျော်ကြာမြင့်ပါသည်။ ထို့အတွက်ကြောင့် ဆရာကြီးများက ထို သိုင်း ပညာရပ်များထဲမှ တချက်လွတ် တိုက်ခိုက်နည်းများကို စုစည်း၍ လက်နက်မဲ့ တိုက်ခိုက် နည်း ဗန်တို၊ လက်နက်နှင့် တိုက်ခိုက်နည်း ဗန်ရှည်ဟု အမည်ပေး၍ သင်ပေး ခဲ့ကြသည်။ ထို့အတွက် ဗန်တို၊ ဗန်ရှည်တတ်သော မြန်မာလူငယ်များကို အချိန်တိုအတွင်း မွေးဖွား နိုင်ခဲ့သည်။

မြန်မာ့ရာဇဝင်သမိုင်းရှည်လျားကြာမြင့်သည်နှင့် အညီ မြန်မာ့သိုင်းပညာသည်လည်း ရှည်လျား ကျယ်ပြန့်ပေလိမ့်မည်။ ရှေးမင်းအဆက်ဆက် တစ်ခေတ်ပြီးတစ်ခေတ် လက်ဆင့်ကမ်း ဆင်းသက်လာသော အဖိုးတန် မြန်မာသိုင်းပညာများကို ယခုအချိန်၌ တစ်နေရာတည်းတွင် တစ်ပေါင်းတည်းတစ်စုတည်း မတွေ့ နိုင်ကြသော်လည်း ယင်းပညာကောင်း၊ ပညာမွန်များမှ ပေါက်ဖွါး ပျံ့နှံ့ကြီးထွားနေသော အနွယ်အပွါး သိုင်းပညာများကို ပြည်ထောင်စု မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရှိနိုင်ပေသည်။ထိုကဲ့သို့ပြည်ထောင်စု နေရာအနှံ့အပြား၌ ကြီးထွားရင့်သန်လျှက်ရှိသော သိုင်းပညာများသည် အောက်ပါအချက်အခြာ ပင်မသိုင်းပညာကြောရိုး ကြီးသုံးခုမှဆင်းသက်လာကြခြင်းဖြစ်သည်။

အင်းသိုင်း။ မြန်မာမင်းနေပြည်တော် အင်းဝဘက်မှ ဆင်းသက်လာသော ပညာအနွယ်အပွါး။
ကမ္ဗောဇသိုင်း။ ရှမ်းပြည်ဘက်မှဆင်းသက်လာသော ပညာအနွယ်အပွါး။
ရာမညသိုင်း။ အောက်မြန်မာပြည် မွန်မင်းဆက်မှဆင်းသက်လာသော ပညာအနွယ်အပွါး။

ဤထက်ပါ သိုင်းပညာကြီးသုံးရပ်မှဆင်းသက် လာသော ပညာများသည် နှစ်ပေါင်းများစွာကြာရှိလာပြီဖြစ်သော ယခုအခါတွင် အလွန်ခိုင်ခန့်သော ပိုးပိုက်ကွန်ကဲ့သို့ ပညာတစ်ခုနှင့်တစ်ခု ရောယှက်တိုး ဝင်နေကြပြီ ဖြစ်လေသည်။ ပညာတခုအပေါ်တခု လိမ်ယှက်ရောထွေးကာ အပြန်အလှန် အမှီသဟဲ ပြုပြီးလျှင် အကျိုးပြုနေကြသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံရှိ သိုင်းပညာအဆင့်အတန်း သည် အလွန်ခိုင်ခန့် ကောင်းမွန်သည့် အဆင့်အတန်းတွင် ရှိနေပြီဖြစ်ပေသည်။

ဗန်တိုဗန်ရှည်

မြန်မာ့သိုင်း ဟုခေါ်သောဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်ပါသည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓါတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။ ၎င်းဗန်တိုဗန်ရှည်ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်းသားရင်းများသာ လူမသိအောင် တိတ်တဆိတ်သက်ကြားပေးလေ့ရှိသည်။

မြန်မာတို့၏ အမွေဖြစ်သော ဗန်တိုသိုင်းပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီင်္စီ (၄၅၅) ကတည်းကတည်ရှိခိုင်ခံနေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်။ သရေခတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ် သမိုင်းတလျှောက် နိုင်ငံတော်ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။ လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ အမာဗန်တို၊ အပျော့ဗန်တိုနှစ်မျိုးခွဲကာ မြန်မာ့လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ်ရင်ဆိုင်သောနည်းကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအားအထိမခံဘဲ ရှောင်တိမ်းကာတုန့်ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။

ရှမ်းသိုင်း

ရှမ်းသိုင်းပညာရပ်တွင်လည်း ရှမ်းကြီး၊ ရှမ်းတရုပ်သိုင်း၊ ရှမ်းလေးသိုင်း၊ အင်းသိုင်း၊ ပလောင်သိုင်း အစရှိသော ပညာရပ်များစွာရှိပါသည်။ ထိုသိုင်းများတွင်လဲ လက်သိုင်း၊ ဓါးသိုင်း၊ ကြိုသိုင်း၊ ခဲပစ်၊ လှံသိုင်း၊ တုတ်သိုင်း အစရှိသော ပညာရပ်များ များစွာရှိသည်။

ရှမ်းကြီးသိုင်းသည် အကွက်ကျဲသည်။ ခြေကွက်မှာ လဲ ၄ ကွက်၊ ၆ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ဖြင့်ကစားသည်။

ရှမ်းလေးသိုင်း (ခူခါချန့်၊ ယနေ့အခေါ် သိုင်းပြောင်ပြန်) သည် အကွက်စိတ်သည်။ ခြေကွက်မှာလဲ ၄ကွက်၊ ၇ကွက်၊ ၉ ကွက်၊ ၁၂ ကွက် ရှိသည်။ သိုင်းပြောင်ပြန်ဟု ခေါ်သည်မှာ ရှမ်းကြီးသိုင်း၏ ခြေကွက်များနှင့်မတူ ပြောင်းပြန်သဘောရှိသောကြောင့် သိုင်းပြောင်းပြန်ဟုခေါ်သည်။

ရာမညသိုင်း

ရာမညသိုင်းသည် မွန်ရိုးရာသိုင်းကိုခေါ်ပါသည်။ မွန်ရိုးရာသိုင်းတွင်လဲ လက်ဝှေ့၊ လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်းအစရှိသော ပညာရပ်များပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာ လက်သိုင်း၊ ဓါးသိုင်း၊ ဒူးလေးပစ်၊ မြှားပစ် အစရှိသောပညာရပ်များ နှင့်အတူ ရိုးရာသိုင်းများ၊ မျိုးနွယ်စုသိုင်းများလဲ ရှိသည်။

အလင်းစေတမန်
Myanmar Wikipedia

Leave a Reply