ဇလြန္ၿပည္ေတာ္ၿပန္ဘုရား ရဲ႕ စိတ္၀င္စားဖြယ္ ေနာက္ခံၿဖစ္ရပ္မ်ား

Posted on

ဓာတ္ပုံမ်ားအတြက္ မူရင္းတင္ထားသူ မိတ္ေဆြမ်ားကို ေက်းဇူးတင္ပါတယ္

စိတ္၀င္စားဖုိ႔ေကာင္းတယ္ဆုိတာက အရင္က ဇလြန္ၿပည္ေတာ္ၿပန္ ဘုရားဆုိတာဇလြန္က တန္ခုိးႀကီးတဲ့ ၿပည္ေတာ္ၿပန္ဘုရားတစ္ဆူ ဆုိတာေလာက္ပဲ သိထားတဲ့အတြက္ပါ။ ဒီဘုရားရဲ႕ေနာက္ခံဇာတ္လမ္းကုိ ဖတ္ၿပီးတဲ့အခ်ိန္မွာေတာ့ စိတ္၀င္ စားဖုိ႔ေတာ္ေတာ္ေကာင္းတာနဲ႔ ၿပန္လည္ေ၀မွ်ေရးသားလုိက္ပါတယ္။

မဟာသကၠရာဇ္ (၁၁၃) ခုႏွစ္တြင္ သဗၺညဳတ ျမတ္စြာဘုရားသခင္ ဟာ ရခိုင္ျပည္သို႕ ၾကြေရာက္ၿပီး သရဏဂံု သီလျဖင့္ ခ်ီးျမွင့္ခဲ့တာ ေႀကာင့္ ဓည၀တီတစ္ၿပည္လုံး ဗုုဒၶဘာသာ၀င္မ်ား အၿဖစ္သုိ႔ ေရာက္ ရွိခဲ့ပါတယ္။ ၿမတ္စြာဘုရားကုိ ႀကည္ညုိလြန္းတဲ့ ရခုိင္ဘုရင္ စႏၵသူရိယမင္းက ရုပ္ထုေတာ္ေလးဆူကို သြန္းလုပ္ခဲ့ပါတယ္။

ပထမဆုံး ဘုရားရွင္ရင့္ေငြ႔ေတာ္ေပးထားတဲ့ မဟာၿမတ္မုနိ
ဒုတိယ သြန္းလုပ္ေတာ္မူေသာဘုရားကုိ ရွင္ေက်ာ္မုနိ
တတိယ သြန္းလုပ္ေတာ္မူေသာဘုရားကုိ ေရႊဘုံသာမုနိ
စတုတၱသြန္းလုပ္ေတာ္မူေသာဘုရားကုိ မာရ္ေအာင္ၿမင္ ဟူ၍ ဘြဲ႔ေတာ္မ်ားေပးခဲ့ၿပီးလွ်င္ ကုိးကြယ္ႀကည္ညဳိခဲ့ပါတယ္။ ထုိၿမတ္စြာဘုရား ၄ ဆူတုိ႔မွာ အစဥ္အတုိင္းဥာဏ္ေတာ္ငယ္ႀက၍ ေနာက္ဆုံးသြန္းလုပ္ေသာဘုရားကို မာရ္ငါးပါးေအာင္ၿမင္ေတာ္မူ ေသာ ၿမတ္စြာဘုရားရွင္၏ အမည္ကုိယူ၍ မာရ္ေအာင္ၿမင္ ၿမတ္စြာ ဘုရားဟုေခၚေ၀ၚသမုတ္ခဲ့တယ္ လုိ႔သိရပါတယ္။

မဟာၿမတ္မုနိဘု ရား၏ လက္ယာဘက္မွာရွိတဲ့အတြက္ လက္ယာရုပ္ပြားေတာ္ဟုေခၚ ၿပီး ေႀကးပိသာခ်ိန္ ၆၆၆ ပိသာ ႏွင့္ ၆ က်ပ္သား ရွိပါတယ္။ ထုိဘုရားေလးဆူကုိ စႏၵာသူရိယမင္းမွ စ၍ ရခုိင္မင္း အဆက္ဆက္ ကုိးကြယ္ခဲ့ႀကၿပီး သကၠရာဇ္ ၁၁၄၆ ခုႏွစ္မွာ ဓည၀တီဟာ ဘုိးေတာ္ ဘုရားရဲ႕သားေတာ္ အိမ္ေရွ႕ဥပရာဇာရဲ႕ သိမ္းယူၿခင္းကုိ ခံခဲ့ရပါ တယ္။ သားေတာ္အိမ္ေရွ႕မင္းဟာ စစ္ႏုိင္ပစၥည္းအၿဖစ္ မဟာၿမတ္ မုနိ၊ မာရ္ေအာင္ၿမင္ဘုရား ႏွင့္ ေရႊဘုံသာဘုရားတုိ႔ကုိ သိမ္းယူကာ ေတာင္ကုတ္လမ္းမွ ပင့္ေဆာင္ခဲ့ပါတယ္။ ေဒသခံရခုိင္မ်ားအတြက္ ရွင္ေက်ာ္ဘုရား ကုိ ထားရစ္ခဲ့ပါတယ္။

ဘုရားသုံးဆူကို ပန္းေတာင္းဆိပ္ကမ္းမွ ရတနာေရႊေဖာင္ေတာ္ႀကီး ႏွင့္ပင္ေဆာင္လာရာ ၿပည္ၿမဳိ႕သုိ႔ေရာက္ရွိခဲ့ပါတယ္။ ၿပည္ၿမဳိ႕အေရာက္ မွာ သုံ႔ပန္းအၿဖစ္ေခၚေဆာင္ၿခင္းခံခဲ့ရေသာ ရခုိင္လူမ်ဳိးတုိ႔သည္ အ ဆန္းဆန္း အသြယ္သြယ္ေသာ တူရိယာမ်ဳိးစုံတုိ႔ၿဖင့္ တီးမႈတ္ကခုန္ႀက လွ်က္ အိမ္ေရွ႕မင္းရဲ႕ေရွ႕မွာ ၀ပ္ဆင္းႀကပါေတာ့တယ္။ ယင္းသုိ႔ၿပဳလုပ္ၿခင္းကုိ အိမ္ေရွ႕မင္းသားက အထူးအဆန္းၿဖစ္ၿပီး ေမး ေတာ္မူရာ “အရွင္မင္းသား အရွင္သည္ သတၱ၀ါတုိ႔အား ရင္၀ယ္သားကဲ့သုိ႔ သနား ေတာ္မူ၍ ကုိယ္ေတာ္၏အက်ဳိး သာသနာအက်ဳိးတုိ႔ကုိ ေဆာင္ရြက္သည္ ႏွင့္ အညီ ကြ်န္ေတာ္မ်ဳိးတုိ႔ ဆည္းကပ္ကုိးကြယ္ရန္ ၿမတ္စြာဘုရား၏ ရုပ္ပြားေတာ္တစ္ဆူကုိ ႀကည္ၿဖဴစြာၿပန္၍ ေပးသနားေတာ္မူပါမည့္ အေႀကာင္းပါ ဘုရား” ဟု ေလွ်ာက္တင္ႀက၏။

ထုိအခါအိမ္ေရွ႕မင္းက- “ေမာင္မင္းတုိ႔ရခုိင္ၿပည္၌ ကုိးကြယ္ႀကရန္ တစ္ဆူတည္းေသာ ဗုဒၶ ရုပ္ပြားေတာ္ (ရွင္ေက်ာ္) ကုိထားခဲ့ၿပီးၿပီ။ ဤရုပ္ပြားေတာ္မ်ားကို ၿပန္ မေပးလုိၿပီ။ အကယ္၍ ဤအရပ္၌ အလုိရွိလွ်င္ ရုပ္ပြားေတာ္တစ္ဆူ ကို ထားခဲ့ေပအံ့။ ေမာင္မင္းမ်ား ရခုိင္တုိင္းႏုိင္ငံမွ ဖူးေမွ်ာ္လွ်င္ပင္ မ ေ၀းေသးၿပီ။ ဒါ့အၿပင္ ပတ္၀န္းက်င္က လူအမ်ားလည္း ဖူးေမွ်ာ္ကုသုိလ္ ယူႏုိင္သည္” ဟု မိန္႔ေတာ္မူရာ ေက်နပ္လက္ခံႀကသၿဖင့္ ‘ေရႊဘုံသာ ဘုရား’ ကုိ ၿပည္ၿမဳိ႕တစ္ဖက္ကမ္း၌ ထားေပးခဲ့ပါတယ္။ ယင္းအရပ္ရွိ လူအေပါင္းတုိ႔က မေနာမယ ပတၱၿမားကုိ ရသကဲ့သုိ႔ ႏွစ္သက္၀မ္း ေၿမာက္ႀကပါတယ္။ (ၿပည္ၿမဳိ႕မွ န၀ေဒးတံတားကုိၿဖတ္သန္းၿပီး လက္ယာဘက္သုိ႔ေကြ႔ လုိက္လွ်င္ လာေရာက္သူမၿပတ္ဖူးေမွ်ာ္ေလ့ရွိတဲ့ ေရႊဘုံသာမုနိဘုရား ကုိ ေတြ႔ႀကရမွာပါ)

ဆက္ရလွွ်င္ အိမ္ေရွ႕မင္းသားဟာ က်န္ရုပ္ပြားေတာ္ ႏွစ္ဆူကုိ ဧရာ၀တီ ၿမစ္အတုိင္း ဆန္တက္ပင့္ေဆာင္ခဲ့ၿပီး အမရပူရသုိ႔ ဆုိက္ေရာက္လွ်င္ ၿမဳိ႕ေတာ္၏ ေၿမာက္ၿပင္(ယခုမဟာၿမတ္မုနိ ရုပ္ရွင္ေတာ္ၿမတ္ႀကီးတည္ရွိ ရာ) ေနရာတြင္ မဟာၿမတ္မုနိဘုရား ကိန္း၀ပ္စံေပ်ာ္ရန္ တန္ေဆာင္းႀကီး ေဆာက္လုပ္လွ်က္ ကိုးကြယ္ခဲ့ပါတယ္။ မာရ္ေအာင္ၿမင္ဗုဒၶရုပ္ပြားတစ္ဆူကုိကား နန္းေတာ္အတြင္းသုိ႔ ပင့္ ေဆာင္ကာ နန္းေတာ္ဦး၌ ထားလွ်က္ ေရႊၿပသာဒ္ေတာ္ႀကီး ၿဖင့္တည္ ထားကုိးကြယ္ခဲ့ပါတယ္။

ဘုိးေတာ္မင္း၊ အိမ္ေရွ႕မင္း၊ ဘႀကီးေတာ္၊ ပုဂံမင္း၊ မင္းတုန္းမင္း၊ ကေနာင္မင္းတုိ႔တုိင္ေအာင္ အၿမဲမၿပတ္ ကိုးကြယ္ဆည္းကပ္ခဲ့ႀကပါတယ္။ မာရ္ေအာင္ၿမင္ ဗုဒၶရုပ္ပြားေတာ္မွာ ရခုိင္မွပင့္ေဆာင္စဥ္က ဘြဲ႔ေပး အမည္ၿဖစ္ခဲ့ေသာ္လည္း ဘုရင္အဆက္ဆက္ နန္းေတာ္ဦးတြင္တည္ ထား ကိုးကြယ္ခဲ့သၿဖင့္ မာရ္ေအာင္ၿမင္အမည္ေပ်ာက္ကာ ‘နန္းဦးဘု ရား’ ဟု အမည္တြင္ခဲ့ပါတယ္။ ကေနာင္မင္းသားႀကီးက ဤရုပ္ပြား ေတာ္အား အၿမဲမၿပတ္ကုိးကြယ္ခဲ့သၿဖင့္ ‘မင္းတပ္ဘုရား’ ဟုလည္း အမည္တြင္ခဲ့ပါေသးတယ္။ (မင္းတပ္မွာ ကေနာင္မင္းသား၏ ငယ္ နာမည္ၿဖစ္ၿပီး အႀကီးမင္းတုန္း၊ အငယ္မင္းတပ္ဟု သိမွတ္ႀကသည္)

ပုဂံမင္းလက္ထက္တြင္ တစ္ဖက္မွ အဂၤလိပ္တုိ႔ႏွင့္ စစ္ၿဖစ္ပြားေန သလုိ တစ္ဖက္ကလည္း မင္းတုန္း၊ ကေနာင္ညီေနာင္၏ ပုန္ကန္ မူကုိ ခံရသၿဖင့္ ႏုိင္ငံအေရးမွာ ရႈပ္ေထြးလ်က္ရွိပါတယ္။ ပုဂံမင္း ၏ မိဖုရား မဟာရတနာေဒ၀ီတြင္ ေမာင္တစ္ေယာက္ရွိပါတယ္။ ဦးေရႊပြင့္ဟု ေခၚၿပီး ဇလြန္ၿမဳိ႕သူႀကီး ၿဖစ္ပါတယ္။ မိဖုရားႀကီးက ခ်စ္ၿမတ္ႏုိးေတာ္မူ၍ ေမာင္ေတာ္ ဟု ခ်စ္စႏုိးနဲ႔ ေခၚေလ့ရွိပါတယ္။ မာရ္ေအာင္ၿမင္ဆင္းတုေတာ္ကုိ ဖူးၿပီးသည္မွစ၍ ဦးေရႊပြင့္မွာ အႀကံတစ္ခုေပၚလာပါတယ္။ ထုိအႀကံမွာ မိမိ၏ ဇလြန္ၿမဳိိ႕တြင္လည္း မာရ္ေအာင္ၿမင္ဘုရားကဲ့သုိ႔ ဆင္းတုေတာ္တစ္ဆူ ထုလုပ္ပူေဇာ္ရန္ ၿဖစ္ပါတယ္။

ထုိအေႀကာင္း ဇလြန္ၿပည္သူတုိ႔အား တင္ၿပရာ ေထာက္ ခံႀကၿပီး ရုပ္တုေတာ္ႀကီး သြန္းလုပ္ရန္ ေရႊ၊ ေငြ၊ ေႀကး တုိ႔အၿပင္ လက္ ၀တ္ရတနာမ်ားကုိလည္း ထည့္၀င္လွဴဒါန္းႀကပါတယ္။ ဤတြင္ၿမဳိ႕သူႀကီး ေမာင္ေရႊပြင့္သည္ ေနၿပည္ေတာ္ကုိသြားကာ ပညာရွင္ ေမာင္ေမာင္လတ္ကုိ ေႀကးဆင္းတု သြန္းလုပ္ၿခင္း အလုပ္ကုိ လုပ္ ေဆာင္ပါေတာ့တယ္။ ထုိအခ်ိန္တြင္ အဂၤလိပ္တုိ႔ႏွင့္ စစ္ၿဖစ္ေနၿပီၿဖစ္သ ၿဖင့္ ၿမဳိ႕ရြာမ်ားမွာ မၿငိမ္သက္ႀက။ မိဖုရားႀကီးက ေမာင္ေရႊပြင့္ အား ဇလြန္ သုိ႔ ၿပန္ၿပီး ေနရန္ေစလႊတ္ေသာ္လည္း “ဘုရားဆင္းတု မပင့္သြားပဲနဲ႔ ၿမဳိ႕သူၿမဳိ႕သားေတြကုိ မ်က္ႏွာဘယ္လုိၿပမလဲ” ဟူေသာစကားၿဖင့္ ေမာင္ ေရႊပြင့္က မၿပန္။ ႏုိင္ငံေရးအေၿခအေနမွာ ပုိမုိဆုိးရြားလာရာ မိဖုရားႀကီး ဟာ ေမာင္ေရႊပြင့္ကုိ အတင္းၿပန္လႊတ္ပါေတာ့တယ္။

ဤတြင္ေမာင္ေရႊပြင့္က “လက္ခ်ည္းဗလာၿပန္သြားလွ်င္ မ်က္ႏွာမလွၿဖစ္မည္။ ဒါေႀကာင့္ ကြ်န္ေတာ္မ်ဳိးသြန္းလုပ္ေနတဲ့ ဘုရားအစား နန္းဦးဘုရားကုိ ၿမဳိ႕သူၿမဳိ႕သားမ်ား ဖူးေမွ်ာ္ေစဖုိ႔ ဇလြန္သုိ႔ ခဏပင့္သြားမည္။ သြန္းလုပ္ေသာဘုရားၿပီးေသာအခါ နန္းဦးဘုရားကုိ ၿပန္လာေပးပါမည္” ဟု မိဖုရားႀကီိးအား ေလွ်ာက္ေလသည္။ မိဖုရားႀကီးက သေဘာမတူေသာ္ လည္း မူးမတ္မ်ားကပါ ေခတၱခဏပင့္ေဆာင္ၿခင္းကုိ ခြင့္ၿပဳသင့္ေႀကာင္း ပါ၀င္ေတာင္းပန္ႀကေသာေႀကာင့္ ေနာက္ဆုံးတြင္ ခြင့္ၿပဳလုိက္ရပါတယ္။ သုိ႔ၿဖင့္ နန္းဦးဘုရားသည္ ဇလြန္သုိ႔ ေရာက္သြားပါေတာ့တယ္။

ၿမဳိ႕သူၿမဳိ႕သားတုိ႔သည္ မာရ္ေအာင္ၿမင္ဆင္းတုေတာ္ကုိ ေတြ႔ႀကေသာအခါ ၀မ္းေၿမာက္၀မ္းသာ ၿဖစ္ႀကသည္။ ဦးေရႊပြင့္က ယခုဆင္းတုကား ရခုိင္မွပင့္ လာေသာ နန္းဦးဆင္းတုၿဖစ္ေႀကာင္းေၿပာေသာ္လည္း ၿပည္သူမ်ားက မယုံႀကည္ႀကေပ။ မာရ္ေအာင္ၿမင္ဘုရားႀကီးသုိ႔ လာေရာက္ဖူးေမွ်ာ္ႀကည္ညဳိႀကသည္မွာမၿပတ္စည္ကားလ်က္ ရွိသည္။ ရက္မ်ားမႀကာမီ မိဖုရားႀကီးထံမွ သြန္းေလာင္းသည့္ ဆင္းတုေတာ္ၿပီးၿပီၿဖစ္ ၍ မာရ္ေအာင္ၿမင္ဆင္းတုေတာ္ႏွင့္ လာေရာက္လဲလွယ္ရန္ အေထာက္ေတာ္ မ်ား လာေရာက္ရာ ဦးေရႊပြင့္က ဘုရားဖူးမ်ားစည္ကားေနသၿဖင့္ ေခတၱမွ် ဆုိင္းငံ့ထားပါရန္ ၿပန္ေလွ်ာက္ထားလုိက္သည္။

ထုိအခ်ိန္တြင္ ဇလြန္၌ မီးအႀကီးအက်ယ္ေလာင္ေလသည္။ ဘုရားတန္ေဆာင္း ေက်ာင္းပတ္ ၀န္းက်င္ရွိ အိမ္တုိင္းလုိလုိ မီးထဲပါသြားသည့္အၿပင္ လူတခ်ဳိ႕ ေသဆုံးခဲ့ရသည္။ သုိ႔ေသာ္နန္းဦး ဆင္းတုေတာ္ႀကီးကား မီးကြင္း၍ က်န္ရစ္ခဲ့ရပါတယ္။ သကၠရာဇ္ ၁၂၁၄ ခုႏွစ္တြင္ ေအာက္ၿမန္မာၿပည္ဟာ အဂၤလိပ္တုိရဲ႕ သိမ္းယူၿခင္းကုိ ခံခဲ့ရပါတယ္။ ေနၿပည္ေတာ္တြင္လည္း ပုဂံမင္းကုိ နန္းခ်ၿပီး မင္းတုန္းမင္းနန္းတက္သၿဖင့္ နန္းက်မိဖုရားႀကီးမွာ ႀသဇာမရွိေတာ့။ ဘုရားႀကီးကိစၥကုိ အမွာေတာ္မၿပဳပဲ လစ္လွ်ဴၿပဳထားလုိက္ေတာ့သည္။

အဂၤလိပ္တုိ႔သည္ ေႀကးပုိက္ဆံမ်ား ၿပဳလုပ္ရန္ေႀကးဆင္းတုေတာ္မ်ားစြာ ႏွင့္ ေႀကးအုိး ၊ ေႀကးခြက္ ၊ ေႀကးစ အမ်ားအၿပားကုိအဂၤလိပ္စစ္ဗုိလ္ ‘ဆာဂြ််န္ဆပ္’ ၏ အမိန္႔ႏွင့္ သိမ္းက်ဳံးယူေဆာင္သြားႀကရာ ၁၂၁၇ ခုႏွစ္ တြင္ နန္းဦးဆင္းတုေတာ္ႀကီး မွာလည္း ေရႊခ်ိန္ အမည္ရွိေသာ သေဘၤာၿဖင့္ အိႏၵိယၿပည္ ဘုံေေဘၿမဳိ႕သုိ႔ ပါသြားခဲ့ရသည္။ ဤအေႀကာင္းကုိကေနာင္မင္းသားႀကီးသိသြားတဲ့အခါ စိတ္မေကာင္းရုံမွ လြဲ၍ ဘာမွ်မတတ္ႏုိင္ေတာ့ေခ်။ နန္းဦးဆင္းတုမွာ ဘုံေဘသုိ႔ပါသြားသၿဖင့္ ၿပန္ရဖုိ႔ ေမွ်ာ္လင့္ခ်က္ မဲ့ရေတာ့သည္။ဤသုိ႔ၿဖင့္ နန္းဦးဆင္းတုလစ္လပ္ေနေသာ ေနရာတြင္ ဦးေရႊပြင့္သြန္းလုပ္ထားေသာ ေႀကးဆင္းတုေတာ္ႀကီးကုိ ပင့္ေဆာင္တင္ထားလုိက္ေလသည္။

အဂၤလိပ္တုိ႔သည္ ရသမွ်ဆင္းတုေတာ္မ်ားႏွင့္ ေႀကးပစၥည္းမ်ားကုိ ဂုိေထာင္တစ္ခုတြင္ ထည့္ကာ တၿဖည္းၿဖည္း ဖုိက်င္းထုိး အရည္က်ဳိၿပီး ေႀကးပုိက္ဆံမ်ား အၿဖစ္ေၿပာင္းပစ္လုိက္ပါတယ္။ အၿခားဆင္းတု ႏွင့္ ပစၥည္းမ်ားကို က်ဳိရာ၌ အလြယ္တကူ အရည္ေပ်ာ္သြားႀကေသာ္လည္း နန္းဦးဆင္းတုေတာ္ႀကီးကုိ ဖို ၄ လုံး ဆုိင္ကာ ထုိး၍ က်ဳိခ်က္ႀကေသာ္လည္း အရာပင္မထင္ မူလအတုိင္းပဲ ရွိေလသည္။ထူးၿခားသည္ကား ထုိအခ်ိန္တြင္ ေကာင္းကင္သည္ ရုတ္ခ်ည္းမဲေမွာင္လာလ်က္မုိးေမွာင္ႀကီးက်ကာ မုိးသည္းေလသည္။ အရည္က်ဳိၿခင္းအလုပ္ကုိလုပ္ႀကေသာအိႏၵိယလူမ်ဳိး ၆၄ ေယာက္လည္း ေသြန္းအန္ၿပီး တၿပဳိင္တည္း ေသဆုံးသြားႀကတယ္လုိ႔သိရပါတယ္။

အဂၤလန္၌ ရာဇဘိသိက္ ခံယူၿပီးေသာ ၀ိတုိရိယ ဘုရင္မႀကီးသည္ မိမိိ၏ ကုိလုိနီနယ္သစ္ၿဖစ္ေသာ အိႏၵိယၿပည္ ေဒလီၿမဳိ႕သုိ႔ တြင္ ေခတၱလာေရာက္ စံၿမန္းေနရာၿပင္းထန္ေသာ ေခါင္းကုိက္ေ၀ဒနာကုိ ခံစားရသည္။ ေဆးပညာရွင္ ဆရာ၀န္အမ်ဳိးမ်ဳိးကုိ ကုသေစေသာ္လည္း သက္သာၿခင္းမရွိ။ တစ္ညတြင္ ဘုရင္မႀကီးသည္ထူးဆန္းေသာ အိပ္မက္တစ္ခုကို မက္ေလသည္။ အိပ္မက္ထဲ၌ ၀တ္ၿဖဴစင္ႀကယ္ႏွင့္ သူေတာ္စင္တစ္ဦးက ဘုရင္မႀကီးအား-

“ဘုရင္မႀကီး…ဘုရင္မႀကီးရဲ႕ ေခါင္းကိုက္ေ၀ဒနာကုိ ေသခ်ာစြာ ေပ်ာက္ကင္းလုိလွ်င္ ၿမန္မာၿပည္မွ ယူေဆာင္ခဲ့ေသာ နန္းဦးဆင္းတုကုိ မူလအရပ္သုိ႔ ၿပန္၍ ပုိ႔ရမည္။ မပုိ႔ပါက ဘုရင္မႀကီးအသက္ အႏၱရာယ္ၿဖစ္ပါလိမ့္မည္” ဟု ေၿပာသြား၏။

ဘုရင္မႀကီး အိပ္မက္မွႏုိးလွ်င္ ႀကက္သီးေမႊးညွင္းမ်ားထကာ ထိတ္လန္႔ တုန္လႈပ္ေႀကာက္ရြံ႕ကာ အမႈထမ္းမ်ားကုိ ေခၚလွ်က္ အေႀကာင္းၿဖစ္အင္ကုိ ေၿပာ၍ နန္းဦးဆင္းတုေတာ္ ဆုိသည့္ အရာကုိ ေႀကးဂုိေထာင္ထဲတြင္ သြားေရာက္ရွာေဖြေစပါတယ္။ အမႈထမ္းမ်ားမွာ ဘုရင္မႀကီးရွာခုိင္းလုိ႔သာ ရွာခုိင္းေသာ္လည္း နန္းဦးဘုရားဆုိတာ ဘာမွန္းေသခ်ာမသိပါေခ်။ ဂုိေထာင္ထဲရွိ ဆင္းတုေတာ္မ်ဳိးစုံ နဲ႔ အၿခားပစၥည္းမ်ားမွာ ေမွာက္ခုံ ပက္လက္ ေဘးေစာင္း စသည္ ရွိေနႀကေသာ္လည္း တစ္ဆူတည္းေသာ ဘုရားမွာမႈ အေရွ႕ဘက္သုိ႔မ်က္ႏွာမူလ်က္ တင့္တယ္စြာစံပါယ္ေနေႀကာင္း အမႈထမ္းမ်ားေတြ႔ရွိလုိက္ရသည္။ ထူးၿခားသည္ကားထုိဘုရားသည္ ေနမင္းအေရာင္ကဲ့သုိ႔၀င္းေၿပာင္လ်က္ ေရာင္ၿခည္ေတာ္မ်ားတဖ်ပ္ဖ်ပ္လက္ေနၿခင္းပင္။

ဤကဲ့သုိ႔ထူးၿခားေသာ ဘုရားသည္ ဘုရင္မႀကီးၿမင္မက္သည့္ အိပ္မက္ ထဲက ဘုရားၿဖစ္လိမ့္မည္။ ဤသုိ႔ၿဖင့္ ဘုရင္မႀကီးသည္ နန္းဦးဆင္းတုေတာ္အား ၿမန္မာၿပည္၏ မူလေနရာသုိ႔ အၿမန္ဆုံးသြားေရာက္ၿပန္ထားရန္ အမႈထမ္းမ်ားအား လႊတ္လုိက္ပါေတာ့တယ္။ နန္းဦးဆင္းတုအား သေဘၤာထက္တြင္တင္၍ သေဘၤာစထြက္သည္ႏွင့္ ဘုရင္မႀကီး၏ ခံစားေနရေသာေခါင္းကုိက္ေ၀ဒနာမွာ ယူပစ္လုိက္သကဲ့သုိ႔ ကင္းရွင္းစြာေပ်ာက္ကင္းသြားရာ ဘုရင္မႀကီးလည္း အထူးပင္ ယုံႀကည္သြားေတာ့သည္။

ဘုရင္မႀကီး အမိန္႔ ေတာ္အတုိင္း ဆင္းတုေတာ္အား ၿမန္မာႏုိင္ငံသုိ႔ ၿပန္ပုိ႔ခဲ့ႀကပါတယ္။ သုိ႔ေသာ္ၿမဳိ႕မွားပုိ႔မိ၍ ဇလြန္အစား ဟသၤာတသုိ႔ ေရာက္သြား၏။ ဟသၤာတၿမဳိ႕အနီးေသာင္စပ္တြင္ထားပစ္ခဲ့ကာ သေဘၤာသည္ အိႏၵိယသုိ႔ၿပန္သြား၏။ ေသာင္စပ္တြင္ထီးထီးမားမား ၿဖစ္ေနေသာ ဆင္းတုေတာ္ႀကီးကုိ တံငါးသမားတုိ႔ၿမင္ရလွ်င္ ၀မ္းေၿမာက္၀မ္းသာၿဖစ္လွ်က္ လူအမ်ား ကုိဟစ္ေအာင္စုရုံးႀကၿပီး ကမ္းနဖူးေပၚရွိ ငါးမ်က္ႏွာတန္ေဆာင္းအတြင္းသုိ႔ ေခတၱထား၍ ပူေဇာ္ႀကပါတယ္။ ခ်က္ခ်င္းပင္ ေပၚေတာ္မူဘုရားဟုနာမည္ႀကီး သြားကာ ၿမဳိ႕ေရာေတာပါ မက်န္ ရဟန္းရွင္လူအမ်ား စည္ကားစြာလာေရာက္ဖူးေမွ်ာ္ႀကပါတယ္။

သိပ္မႀကာမီ ဇလြန္ၿမဳိ႕ပုိင္သည္ အေရးပုိင္မင္းႏွင့္ေတြ႔ဆုံရန္အတြက္ ဟသၤာတသုိ႔ေရာက္လာခဲ့ပါတယ္။ လူအမ်ားအုတ္ေအာ္ေသာင္းနင္း ၿဖစ္ေနတဲ့အေႀကာင္းကုိ စုံစမ္းရာမွ ေပၚေတာ္မူဘုရားႀကီးေႀကာင့္ဆုိတာ သိသြားၿပီး မိမိလည္းဖူးေမွ်ာ္ဦးမွ ဆုိ၍ သြားေရာက္ဖူးေမွ်ာ္ခဲ့ပါတယ္။ ဘုရားႀကီးကုိ ၿမင္လုိက္စဥ္မွာပင္ မိမိတုိ႔ဇလြန္မွ အဂၤလိပ္တုိ႔သိမ္းယူေသာ ဘုရားႏွင့္ အလြန္တူေႀကာင္းေတြ႔သြားပါေတာ့တယ္။ ဒါနဲ႔ ယင္းကိစၥကို မည္သူကုိမွ် မဟခဲ့ပဲ မိမိကိစၥၿပီးသည္ႏွင့္ ဇလြန္သုိ႔ အၿမန္ဆုံးၿပန္ခဲ့ပါေတာ့တယ္။ ဇလြန္သုိ႔ေရာက္လွ်င္ ဇလြန္ရွိဆရာေတာ္ဦးၿဖဴအား ဘုရားႀကီးကုိ ထုိသုိ႔ေတြ႔ခဲ့ေႀကာင္းေလွ်ာက္တဲ့အခါဆရာေတာ္ဦးၿဖဴလည္း ေလွတစ္ ဆယ့္ႏွစ္စင္း ႏွင့္ တကာတကာမမ်ားကုိ စုရုံးေခၚကာ ေပၚေတာ္မႈဘုရား ႀကီးအား ဖူးရန္ ခ်က္ခ်င္းပင္ ဟသၤာတကုိ ႀကြသြားခဲ့ပါတယ္။

ဘုရားသုိ ႔ေရာက္ေသာ္ မိမိအၿမဲဖူးေနေသာ မာရ္ေအာင္ၿမင္ဆင္းတုေတာ္မွန္း ဆရာေတာ္ဦးၿဖဴ အတပ္သိလုိက္၏။ အေရးပုိင္မင္းထံသုိ႔သြားကာ မိမိတုိ႔ဇလြန္မွ ဘုရားႀကီးၿဖစ္ေႀကာင္း အက်ဳိးအေႀကာင္းေၿပာၿပပါတယ္။ ၿမဳိ႕ပုိင္မင္းလည္း ရပ္မိရပ္ဖမ်ား ႏွင့္ သံဃာမ်ားကိုေခၚကာ ဤအေရးသည္ သာသနာအေရးၿဖစ္ေသာေႀကာင့္ သံဃာမ်ားႏွင့္သာ သက္ဆုိင္ပါေႀကာင္း၊ သုိ႔ၿဖစ္၍ လူႀကီးမင္းတုိ႔ႏွစ္သက္ေသာ ဆရာေတာ္တစ္ပါးကုိပင့္၍ ဇလြန္ၿမဳိ႕မွဆရာေတာ္ဦးၿဖဴ ႏွင့္ ညွိႏႈိင္းပါေစဟု ဆုံးၿဖတ္လုိက္ပါတယ္။

ဟသၤာတဘက္မွ လူႀကီးမ်ားလည္း ဆရာေတာ္ဦးၿဖဴထက္ အသက္သိကၡာ ၀ါေတာ္ႀကီးေသာ ေႀကးကန္ဆရာေတာ္ကုိ ပင့္၍ ဆရာေတာ္ဦးၿဖဴႏွင့္ ညွိႏႈိင္းေစပါတယ္။ ေႀကးကန္ဆရာေတာ္က- “အရွင္ဘုရားတုိ႔ ဇလြန္ၿမဳိ႕မွ ဘုရားဆင္းတုၿဖစ္ေႀကာင္း ဘာအေထာက္အထားရွိ၍ ဤသုိ႔ေၿပာႏုိင္ပါသလဲ” ဟုေမးရာ ဆရာေတာ္ဦးၿဖဴက- “ဓမၼခဏ္ေတာ္က စာပါေသာေႀကာင့္ တပည့္ေတာ္သိရပါသည္ဘုရား” ဟု ၿပန္လည္ေၿဖ၏။ “ဤစာကုိ ဆရာေတာ္ရြတ္ၿပႏုိင္ပါသလား” ဟု ဆုိေသာ္ ဆရာေတာ္ဦးၿဖဴကလည္း မိမိရႊတ္ၿပႏုိင္ပါေႀကာင္း ၿပန္လည္ေၿဖ၏။ (ျမန္မာႏိုင္ငံတြင္ သမၺဳေဒၶေစတီေတာ္ႀကီးႏွင့္ သမၺဳေဒၶဂါထာ တန္ခိုးႀကီးသကဲ့သို႔ပင္ မာရ္ေအာင္ျမင္ ျပည္ေတာ္ျပန္ဘုရားႀကီးႏွင့္ စမၼခဏ္ဂါထာ တန္ခိုးႀကီးသည္ဟု ယံုၾကည္ၾကပါသည္။ စမၼခဏ္ဂါထာ အျပင္ သင္းက်စ္ေတာ္ ဂါထာ၊ လက္၀ဲလက္ရံုးဂါထာ၊ လက္ယာလက္ရံုး ဂါထာေတာ္မ်ားလည္း ရွိပါသည္။ )

သုိ႔ၿဖင့္ အနီးရွိရဟန္းတစ္ပါးအား ေႀကးကန္ဆရာေတာ္က ဆင္းတုေတာ္မွ ဓမၼခဏ္မွာရွိေသာ ဂါထာေတာ္ကုိ ေရးကူးခုိင္းၿပီး ဆရာေတာ္ဦးၿဖဴ အလြတ္ၿပန္ဆုိသည္ႏွင့္ တုိက္ႀကည့္ရာ တစ္ထပ္တည္းက်ေႀကာင္း ေတြ႔ရပါတယ္။ ဆရာေတာ္ဦးၿဖဴေၿပာသည္မွာ မွန္ကန္ေႀကာင္း၊ ထုိ႔ေႀကာင့္ ဇလြန္မွ ဆင္းတုေတာ္ၿဖစ္သည္မွာ မွန္ကန္ေႀကာင္း ထင္ရွားသြားၿပီး ဇလြန္သုိ႔ၿပန္ေပးဖုိ႔ဆုံးၿဖတ္လုိက္ပါတယ္။ ဤတြင္ ဟသၤာတၿမဳိ႕သူၿမဳိ႕သားမ်ားက လက္မခံႀက၊ ကန္႔ကြက္ႀကသည္။ မိမိတုိ႔ႏွင့္ထုိက္၍ မိမိတုိ႔ဆီေရာက္လာတာ မိမိတုိ႔ဘုရားဟု ဆုိကာ သူတုိ႔သာကုိးကြယ္ထုိက္သည္။ မေပးႏုိင္ဟု တစ္ညီတစ္ညြတ္တည္း ၿငင္းဆုိႀကရာ အေရးပုိင္မင္းက နည္းလမ္းတစ္ခုၿဖင့္ ၿဖန္ေၿဖေစပါတယ္။

ထုိနည္းလမ္းမွာကား ဆင္းတုေတာ္အား ဟသၤာတၿမစ္လယ္ရွိ ေဖာင္ႀကီး တစ္ေဖာင္ေပၚတြင္တင္ထားက တစ္ဖက္တြင္ ဟသၤာတၿမဳိ႕မွေလွမ်ားကုိ ဆြဲေစၿပီး၊ တစ္ဖက္တြင္ ဇလြန္ၿမဳိ႕မွေလွမ်ားကုိ ဆြဲေစတဲ့ နည္းၿဖစ္ပါတယ္။ ဆင္းတုေတာ္ပါေအာင္ဆြဲႏုိင္တဲ့ ၿမဳိ႕က ကုိးကြယ္ႀကဟု ဆုိရာ အားလုံးေက်နပ္ႀကပါတယ္။ သုိ႔ၿဖင့္ ႀကီးမားေသာေဖာင္ေတာ္ႀကီးကုိ တစ္မုဟုတ္ခ်င္းစီစဥ္၍ ထုိေဖာင္ ေတာ္တြင္ ဆင္းတုေတာ္ႀကီးကုိ စံၿမန္းေစပါတယ္။ အေရးပုိင္မင္းႏွင့္ ဆရာေတာ္ဦးၿဖဴကိုလည္း ထုိေဖာင္ေပၚမွာ ေနေစၿပီး အၿပဳိင္ဆြဲႀကပါ ေတာ့တယ္။

ထုိသုိ႔ဆြဲရာတြင္ အင္အားကေတာ့မမွ်ပါ။ ဟသၤာတဘက္တြင္ ေလွေပါင္း ၃၈ စီး ရွိေသာ္လည္း ဇလြန္ဘက္မွာကား ၁၂ စီးပင္ ရွိပါတယ္။ ဤသုိ႔ၿဖင့္ အားၿပဳိင္ဆြဲႀကရာ ဆင္းတုေတာ္သည္ ဇလြန္ဘက္သုိ႔ပါေလ၏။ သုိ႔ေသာ္ ဟသၤာတသားမ်ားက မေက်နပ္ႀကေသး။ ဇလြန္ဘက္က ေရစုန္ၿဖစ္၍ မိမိတို႔က ေရဆန္ၿဖစ္ေသာေႀကာင့္ ဇလြန္ဘက္သုိ႔ပါသြား တာၿဖစ္ေႀကာင္း ၿငင္းဆန္သၿဖင့္ ဘက္ေၿပာင္း၍ ဆြဲေစပါတယ္။ ထုိသုိ႔ဆြဲေစေသာ္လည္း ဆင္းတုေတာ္သည္ ဇလြန္ၿမဳိ႕ဖက္သုိ႔သာ ပါ၏။ ဘယ္လုိၿပဳိင္ၿပဳိင္မႏုိင္သၿဖင့္ ကံတရားကုိဥာဏ္မ်ားလုိ႔မရမွန္း ဟသၤာတသားတုိ႔သိသြား၏။ အရႈံးကုိ၀န္ခံလုိက္ႀက၏။ သုိ႔ၿဖင့္ “ကုိယ္ေတာ္ဘုရား…ငါးပိရည္ႏွင့္ ခ်ဥ္ရည္ဟင္းဘုန္းေပးရေအာင္ ႀကြေတာ္မူေပေရာ့ ဘုရား” ဟု ဇလြန္သားတုိ႔ မခံခ်င္ေအာင္ေစာင္းခ်ိတ္ ေၿပာဆုိလ်က္ ႀကဳိးကုိလႊတ္လုိက္ရပါေတာ့တယ္။

ဇလြန္သားတုိ႔သည္ အႏုိင္ရေလလွ်င္ ၿမစ္စဥ္တေလွ်ာက္ အကအခုန္ အတီးအမႈတ္မ်ားၿဖင့္ ဧရာ၀တီၿမစ္ကုိစုန္ဆင္းကာ ဘုရားႀကီး၏ မူလေနရာၿဖစ္ေသာ ဇလြန္ၿမဳိ႕သုိ႔ ၿပန္လည္ပင့္ေဆာင္လာပါေတာ့တယ္။ ဤသုိ႔ၿဖင့္ ဇလြန္ၿပည္ေတာ္ၿပန္ဘုရားႀကီးသည္ စႏၵာသူရိယမင္း သြန္း လုပ္ခဲ့ေသာ မာရ္ေအာင္ၿမင္ဘုရားၿဖစ္ေႀကာင္း၊ အမရပူရနန္းဦးတြင္ စံၿမန္းခဲ့ေႀကာင္း ၊ အဂၤလိပ္တုိ႔လက္သုိ႔ပါၿပီးေနာက္ ဟသၤာ တၿမဳိ႕သုိ႔ လည္းေရာက္ခဲ့ေသးေႀကာင္း ၊ ၿပီးမွသာ ဇလြန္သုိ႔ၿပန္ေရာက္ လာၿခင္းၿဖစ္ေႀကာင္း ဗဟုသုတအေနႏွင့္ ေရးသားတင္ၿပလုိက္ပါတယ္။

ကုိးကား

က်ိန္စာသင့္တဲ့သမုိင္းပုံရိပ္မ်ား-သန္းထြန္း(လွည္းကူး)
ဇလြန္ျမိဳ႔ မာရ္ေအာင္ျမင္ ျပည္ေတာ္ျပန္ ျမတ္စြာဘုရားႀကီး – ဘသန္းတင္
ၿမန္မာ့စြယ္စုံက်မ္း


ဇလွန်ပြည်တော်ပြန်ဘုရား ရဲ့ စိတ်ဝင်စားဖွယ် နောက်ခံဖြစ်ရပ်များ (unicode)

စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာက အရင်က ဇလွန်ပြည်တော်ပြန် ဘုရားဆိုတာဇလွန်က တန်ခိုးကြီးတဲ့ ပြည်တော်ပြန်ဘုရားတစ်ဆူ ဆိုတာလောက်ပဲ သိထားတဲ့အတွက်ပါ။ ဒီဘုရားရဲ့နောက်ခံဇာတ်လမ်းကို ဖတ်ပြီးတဲ့အချိန်မှာတော့ စိတ်ဝင် စားဖို့တော်တော်ကောင်းတာနဲ့ ပြန်လည်ဝေမျှရေးသားလိုက်ပါတယ်။

မဟာသက္ကရာဇ် (၁၁၃) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသခင် ဟာ ရခိုင်ပြည်သို့ ကြွရောက်ပြီး သရဏဂုံ သီလဖြင့် ချီးမြှင့်ခဲ့တာ ကြောင့် ဓညဝတီတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ ရောက် ရှိခဲ့ပါတယ်။ မြတ်စွာဘုရားကို ကြည်ညိုလွန်းတဲ့ ရခိုင်ဘုရင် စန္ဒသူရိယမင်းက ရုပ်ထုတော်လေးဆူကို သွန်းလုပ်ခဲ့ပါတယ်။

ပထမဆုံး ဘုရားရှင်ရင့်ငွေ့တော်ပေးထားတဲ့ မဟာမြတ်မုနိ
ဒုတိယ သွန်းလုပ်တော်မူသောဘုရားကို ရှင်ကျော်မုနိ
တတိယ သွန်းလုပ်တော်မူသောဘုရားကို ရွှေဘုံသာမုနိ
စတုတ္တသွန်းလုပ်တော်မူသောဘုရားကို မာရ်အောင်မြင် ဟူ၍ ဘွဲ့တော်များပေးခဲ့ပြီးလျှင် ကိုးကွယ်ကြည်ညိုခဲ့ပါတယ်။ ထိုမြတ်စွာဘုရား ၄ ဆူတို့မှာ အစဉ်အတိုင်းဥာဏ်တော်ငယ်ကြ၍ နောက်ဆုံးသွန်းလုပ်သောဘုရားကို မာရ်ငါးပါးအောင်မြင်တော်မူ သော မြတ်စွာဘုရားရှင်၏ အမည်ကိုယူ၍ မာရ်အောင်မြင် မြတ်စွာ ဘုရားဟုခေါ်ဝေါ်သမုတ်ခဲ့တယ် လို့သိရပါတယ်။

မဟာမြတ်မုနိဘု ရား၏ လက်ယာဘက်မှာရှိတဲ့အတွက် လက်ယာရုပ်ပွားတော်ဟုခေါ် ပြီး ကြေးပိသာချိန် ၆၆၆ ပိသာ နှင့် ၆ ကျပ်သား ရှိပါတယ်။ ထိုဘုရားလေးဆူကို စန္ဒာသူရိယမင်းမှ စ၍ ရခိုင်မင်း အဆက်ဆက် ကိုးကွယ်ခဲ့ကြပြီး သက္ကရာဇ် ၁၁၄၆ ခုနှစ်မှာ ဓညဝတီဟာ ဘိုးတော် ဘုရားရဲ့သားတော် အိမ်ရှေ့ဥပရာဇာရဲ့ သိမ်းယူခြင်းကို ခံခဲ့ရပါ တယ်။ သားတော်အိမ်ရှေ့မင်းဟာ စစ်နိုင်ပစ္စည်းအဖြစ် မဟာမြတ် မုနိ၊ မာရ်အောင်မြင်ဘုရား နှင့် ရွှေဘုံသာဘုရားတို့ကို သိမ်းယူကာ တောင်ကုတ်လမ်းမှ ပင့်ဆောင်ခဲ့ပါတယ်။ ဒေသခံရခိုင်များအတွက် ရှင်ကျော်ဘုရား ကို ထားရစ်ခဲ့ပါတယ်။

ဘုရားသုံးဆူကို ပန်းတောင်းဆိပ်ကမ်းမှ ရတနာရွှေဖောင်တော်ကြီး နှင့်ပင်ဆောင်လာရာ ပြည်မြို့သို့ရောက်ရှိခဲ့ပါတယ်။ ပြည်မြို့အရောက် မှာ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းခံခဲ့ရသော ရခိုင်လူမျိုးတို့သည် အ ဆန်းဆန်း အသွယ်သွယ်သော တူရိယာမျိုးစုံတို့ဖြင့် တီးမှုတ်ကခုန်ကြ လျှက် အိမ်ရှေ့မင်းရဲ့ရှေ့မှာ ဝပ်ဆင်းကြပါတော့တယ်။ ယင်းသို့ပြုလုပ်ခြင်းကို အိမ်ရှေ့မင်းသားက အထူးအဆန်းဖြစ်ပြီး မေး တော်မူရာ “အရှင်မင်းသား အရှင်သည် သတ္တဝါတို့အား ရင်ဝယ်သားကဲ့သို့ သနား တော်မူ၍ ကိုယ်တော်၏အကျိုး သာသနာအကျိုးတို့ကို ဆောင်ရွက်သည် နှင့် အညီ ကျွန်တော်မျိုးတို့ ဆည်းကပ်ကိုးကွယ်ရန် မြတ်စွာဘုရား၏ ရုပ်ပွားတော်တစ်ဆူကို ကြည်ဖြူစွာပြန်၍ ပေးသနားတော်မူပါမည့် အကြောင်းပါ ဘုရား” ဟု လျှောက်တင်ကြ၏။

ထိုအခါအိမ်ရှေ့မင်းက- “မောင်မင်းတို့ရခိုင်ပြည်၌ ကိုးကွယ်ကြရန် တစ်ဆူတည်းသော ဗုဒ္ဓ ရုပ်ပွားတော် (ရှင်ကျော်) ကိုထားခဲ့ပြီးပြီ။ ဤရုပ်ပွားတော်များကို ပြန် မပေးလိုပြီ။ အကယ်၍ ဤအရပ်၌ အလိုရှိလျှင် ရုပ်ပွားတော်တစ်ဆူ ကို ထားခဲ့ပေအံ့။ မောင်မင်းများ ရခိုင်တိုင်းနိုင်ငံမှ ဖူးမျှော်လျှင်ပင် မ ဝေးသေးပြီ။ ဒါ့အပြင် ပတ်ဝန်းကျင်က လူအများလည်း ဖူးမျှော်ကုသိုလ် ယူနိုင်သည်” ဟု မိန့်တော်မူရာ ကျေနပ်လက်ခံကြသဖြင့် ‘ရွှေဘုံသာ ဘုရား’ ကို ပြည်မြို့တစ်ဖက်ကမ်း၌ ထားပေးခဲ့ပါတယ်။ ယင်းအရပ်ရှိ လူအပေါင်းတို့က မနောမယ ပတ္တမြားကို ရသကဲ့သို့ နှစ်သက်ဝမ်း မြောက်ကြပါတယ်။ (ပြည်မြို့မှ န၀ဒေးတံတားကိုဖြတ်သန်းပြီး လက်ယာဘက်သို့ကွေ့ လိုက်လျှင် လာရောက်သူမပြတ်ဖူးမျှော်လေ့ရှိတဲ့ ရွှေဘုံသာမုနိဘုရား ကို တွေ့ကြရမှာပါ)

ဆက်ရလျှင် အိမ်ရှေ့မင်းသားဟာ ကျန်ရုပ်ပွားတော် နှစ်ဆူကို ဧရာဝတီ မြစ်အတိုင်း ဆန်တက်ပင့်ဆောင်ခဲ့ပြီး အမရပူရသို့ ဆိုက်ရောက်လျှင် မြို့တော်၏ မြောက်ပြင်(ယခုမဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးတည်ရှိ ရာ) နေရာတွင် မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပျော်ရန် တန်ဆောင်းကြီး ဆောက်လုပ်လျှက် ကိုးကွယ်ခဲ့ပါတယ်။ မာရ်အောင်မြင်ဗုဒ္ဓရုပ်ပွားတစ်ဆူကိုကား နန်းတော်အတွင်းသို့ ပင့် ဆောင်ကာ နန်းတော်ဦး၌ ထားလျှက် ရွှေပြသာဒ်တော်ကြီး ဖြင့်တည် ထားကိုးကွယ်ခဲ့ပါတယ်။

ဘိုးတော်မင်း၊ အိမ်ရှေ့မင်း၊ ဘကြီးတော်၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ ကနောင်မင်းတို့တိုင်အောင် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခဲ့ကြပါတယ်။ မာရ်အောင်မြင် ဗုဒ္ဓရုပ်ပွားတော်မှာ ရခိုင်မှပင့်ဆောင်စဉ်က ဘွဲ့ပေး အမည်ဖြစ်ခဲ့သော်လည်း ဘုရင်အဆက်ဆက် နန်းတော်ဦးတွင်တည် ထား ကိုးကွယ်ခဲ့သဖြင့် မာရ်အောင်မြင်အမည်ပျောက်ကာ ‘နန်းဦးဘု ရား’ ဟု အမည်တွင်ခဲ့ပါတယ်။ ကနောင်မင်းသားကြီးက ဤရုပ်ပွား တော်အား အမြဲမပြတ်ကိုးကွယ်ခဲ့သဖြင့် ‘မင်းတပ်ဘုရား’ ဟုလည်း အမည်တွင်ခဲ့ပါသေးတယ်။ (မင်းတပ်မှာ ကနောင်မင်းသား၏ ငယ် နာမည်ဖြစ်ပြီး အကြီးမင်းတုန်း၊ အငယ်မင်းတပ်ဟု သိမှတ်ကြသည်)

ပုဂံမင်းလက်ထက်တွင် တစ်ဖက်မှ အင်္ဂလိပ်တို့နှင့် စစ်ဖြစ်ပွားနေ သလို တစ်ဖက်ကလည်း မင်းတုန်း၊ ကနောင်ညီနောင်၏ ပုန်ကန် မူကို ခံရသဖြင့် နိုင်ငံအရေးမှာ ရှုပ်ထွေးလျက်ရှိပါတယ်။ ပုဂံမင်း ၏ မိဖုရား မဟာရတနာဒေဝီတွင် မောင်တစ်ယောက်ရှိပါတယ်။ ဦးရွှေပွင့်ဟု ခေါ်ပြီး ဇလွန်မြို့သူကြီး ဖြစ်ပါတယ်။ မိဖုရားကြီးက ချစ်မြတ်နိုးတော်မူ၍ မောင်တော် ဟု ချစ်စနိုးနဲ့ ခေါ်လေ့ရှိပါတယ်။ မာရ်အောင်မြင်ဆင်းတုတော်ကို ဖူးပြီးသည်မှစ၍ ဦးရွှေပွင့်မှာ အကြံတစ်ခုပေါ်လာပါတယ်။ ထိုအကြံမှာ မိမိ၏ ဇလွန်မြို့တွင်လည်း မာရ်အောင်မြင်ဘုရားကဲ့သို့ ဆင်းတုတော်တစ်ဆူ ထုလုပ်ပူဇော်ရန် ဖြစ်ပါတယ်။

ထိုအကြောင်း ဇလွန်ပြည်သူတို့အား တင်ပြရာ ထောက် ခံကြပြီး ရုပ်တုတော်ကြီး သွန်းလုပ်ရန် ရွှေ၊ ငွေ၊ ကြေး တို့အပြင် လက် ဝတ်ရတနာများကိုလည်း ထည့်ဝင်လှူဒါန်းကြပါတယ်။ ဤတွင်မြို့သူကြီး မောင်ရွှေပွင့်သည် နေပြည်တော်ကိုသွားကာ ပညာရှင် မောင်မောင်လတ်ကို ကြေးဆင်းတု သွန်းလုပ်ခြင်း အလုပ်ကို လုပ် ဆောင်ပါတော့တယ်။ ထိုအချိန်တွင် အင်္ဂလိပ်တို့နှင့် စစ်ဖြစ်နေပြီဖြစ်သ ဖြင့် မြို့ရွာများမှာ မငြိမ်သက်ကြ။ မိဖုရားကြီးက မောင်ရွှေပွင့် အား ဇလွန် သို့ ပြန်ပြီး နေရန်စေလွှတ်သော်လည်း “ဘုရားဆင်းတု မပင့်သွားပဲနဲ့ မြို့သူမြို့သားတွေကို မျက်နှာဘယ်လိုပြမလဲ” ဟူသောစကားဖြင့် မောင် ရွှေပွင့်က မပြန်။ နိုင်ငံရေးအခြေအနေမှာ ပိုမိုဆိုးရွားလာရာ မိဖုရားကြီး ဟာ မောင်ရွှေပွင့်ကို အတင်းပြန်လွှတ်ပါတော့တယ်။

ဤတွင်မောင်ရွှေပွင့်က “လက်ချည်းဗလာပြန်သွားလျှင် မျက်နှာမလှဖြစ်မည်။ ဒါကြောင့် ကျွန်တော်မျိုးသွန်းလုပ်နေတဲ့ ဘုရားအစား နန်းဦးဘုရားကို မြို့သူမြို့သားများ ဖူးမျှော်စေဖို့ ဇလွန်သို့ ခဏပင့်သွားမည်။ သွန်းလုပ်သောဘုရားပြီးသောအခါ နန်းဦးဘုရားကို ပြန်လာပေးပါမည်” ဟု မိဖုရားကြိးအား လျှောက်လေသည်။ မိဖုရားကြီးက သဘောမတူသော် လည်း မူးမတ်များကပါ ခေတ္တခဏပင့်ဆောင်ခြင်းကို ခွင့်ပြုသင့်ကြောင်း ပါဝင်တောင်းပန်ကြသောကြောင့် နောက်ဆုံးတွင် ခွင့်ပြုလိုက်ရပါတယ်။ သို့ဖြင့် နန်းဦးဘုရားသည် ဇလွန်သို့ ရောက်သွားပါတော့တယ်။

မြို့သူမြို့သားတို့သည် မာရ်အောင်မြင်ဆင်းတုတော်ကို တွေ့ကြသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ ဦးရွှေပွင့်က ယခုဆင်းတုကား ရခိုင်မှပင့် လာသော နန်းဦးဆင်းတုဖြစ်ကြောင်းပြောသော်လည်း ပြည်သူများက မယုံကြည်ကြပေ။ မာရ်အောင်မြင်ဘုရားကြီးသို့ လာရောက်ဖူးမျှော်ကြည်ညိုကြသည်မှာမပြတ်စည်ကားလျက် ရှိသည်။ ရက်များမကြာမီ မိဖုရားကြီးထံမှ သွန်းလောင်းသည့် ဆင်းတုတော်ပြီးပြီဖြစ် ၍ မာရ်အောင်မြင်ဆင်းတုတော်နှင့် လာရောက်လဲလှယ်ရန် အထောက်တော် များ လာရောက်ရာ ဦးရွှေပွင့်က ဘုရားဖူးများစည်ကားနေသဖြင့် ခေတ္တမျှ ဆိုင်းငံ့ထားပါရန် ပြန်လျှောက်ထားလိုက်သည်။

ထိုအချိန်တွင် ဇလွန်၌ မီးအကြီးအကျယ်လောင်လေသည်။ ဘုရားတန်ဆောင်း ကျောင်းပတ် ဝန်းကျင်ရှိ အိမ်တိုင်းလိုလို မီးထဲပါသွားသည့်အပြင် လူတချို့ သေဆုံးခဲ့ရသည်။ သို့သော်နန်းဦး ဆင်းတုတော်ကြီးကား မီးကွင်း၍ ကျန်ရစ်ခဲ့ရပါတယ်။ သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အောက်မြန်မာပြည်ဟာ အင်္ဂလိပ်တိုရဲ့ သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။ နေပြည်တော်တွင်လည်း ပုဂံမင်းကို နန်းချပြီး မင်းတုန်းမင်းနန်းတက်သဖြင့် နန်းကျမိဖုရားကြီးမှာ ဩဇာမရှိတော့။ ဘုရားကြီးကိစ္စကို အမှာတော်မပြုပဲ လစ်လျှူပြုထားလိုက်တော့သည်။

အင်္ဂလိပ်တို့သည် ကြေးပိုက်ဆံများ ပြုလုပ်ရန်ကြေးဆင်းတုတော်များစွာ နှင့် ကြေးအိုး ၊ ကြေးခွက် ၊ ကြေးစ အများအပြားကိုအင်္ဂလိပ်စစ်ဗိုလ် ‘ဆာဂျွ်န်ဆပ်’ ၏ အမိန့်နှင့် သိမ်းကျုံးယူဆောင်သွားကြရာ ၁၂၁၇ ခုနှစ် တွင် နန်းဦးဆင်းတုတော်ကြီး မှာလည်း ရွှေချိန် အမည်ရှိသော သင်္ဘောဖြင့် အိန္ဒိယပြည် ဘုံေဘေမြို့သို့ ပါသွားခဲ့ရသည်။ ဤအကြောင်းကိုကနောင်မင်းသားကြီးသိသွားတဲ့အခါ စိတ်မကောင်းရုံမှ လွဲ၍ ဘာမျှမတတ်နိုင်တော့ချေ။ နန်းဦးဆင်းတုမှာ ဘုံဘေသို့ပါသွားသဖြင့် ပြန်ရဖို့ မျှော်လင့်ချက် မဲ့ရတော့သည်။ဤသို့ဖြင့် နန်းဦးဆင်းတုလစ်လပ်နေသော နေရာတွင် ဦးရွှေပွင့်သွန်းလုပ်ထားသော ကြေးဆင်းတုတော်ကြီးကို ပင့်ဆောင်တင်ထားလိုက်လေသည်။

အင်္ဂလိပ်တို့သည် ရသမျှဆင်းတုတော်များနှင့် ကြေးပစ္စည်းများကို ဂိုထောင်တစ်ခုတွင် ထည့်ကာ တဖြည်းဖြည်း ဖိုကျင်းထိုး အရည်ကျိုပြီး ကြေးပိုက်ဆံများ အဖြစ်ပြောင်းပစ်လိုက်ပါတယ်။ အခြားဆင်းတု နှင့် ပစ္စည်းများကို ကျိုရာ၌ အလွယ်တကူ အရည်ပျော်သွားကြသော်လည်း နန်းဦးဆင်းတုတော်ကြီးကို ဖို ၄ လုံး ဆိုင်ကာ ထိုး၍ ကျိုချက်ကြသော်လည်း အရာပင်မထင် မူလအတိုင်းပဲ ရှိလေသည်။ထူးခြားသည်ကား ထိုအချိန်တွင် ကောင်းကင်သည် ရုတ်ချည်းမဲမှောင်လာလျက်မိုးမှောင်ကြီးကျကာ မိုးသည်းလေသည်။ အရည်ကျိုခြင်းအလုပ်ကိုလုပ်ကြသောအိန္ဒိယလူမျိုး ၆၄ ယောက်လည်း သွေန်းအန်ပြီး တပြိုင်တည်း သေဆုံးသွားကြတယ်လို့သိရပါတယ်။

အင်္ဂလန်၌ ရာဇဘိသိက် ခံယူပြီးသော ဝိတိုရိယ ဘုရင်မကြီးသည် မိမိ၏ ကိုလိုနီနယ်သစ်ဖြစ်သော အိန္ဒိယပြည် ဒေလီမြို့သို့ တွင် ခေတ္တလာရောက် စံမြန်းနေရာပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားရသည်။ ဆေးပညာရှင် ဆရာဝန်အမျိုးမျိုးကို ကုသစေသော်လည်း သက်သာခြင်းမရှိ။ တစ်ညတွင် ဘုရင်မကြီးသည်ထူးဆန်းသော အိပ်မက်တစ်ခုကို မက်လေသည်။ အိပ်မက်ထဲ၌ ဝတ်ဖြူစင်ကြယ်နှင့် သူတော်စင်တစ်ဦးက ဘုရင်မကြီးအား-

“ဘုရင်မကြီး…ဘုရင်မကြီးရဲ့ ခေါင်းကိုက်ဝေဒနာကို သေချာစွာ ပျောက်ကင်းလိုလျှင် မြန်မာပြည်မှ ယူဆောင်ခဲ့သော နန်းဦးဆင်းတုကို မူလအရပ်သို့ ပြန်၍ ပို့ရမည်။ မပို့ပါက ဘုရင်မကြီးအသက် အန္တရာယ်ဖြစ်ပါလိမ့်မည်” ဟု ပြောသွား၏။

ဘုရင်မကြီး အိပ်မက်မှနိုးလျှင် ကြက်သီးမွှေးညှင်းများထကာ ထိတ်လန့် တုန်လှုပ်ကြောက်ရွံ့ကာ အမှုထမ်းများကို ခေါ်လျှက် အကြောင်းဖြစ်အင်ကို ပြော၍ နန်းဦးဆင်းတုတော် ဆိုသည့် အရာကို ကြေးဂိုထောင်ထဲတွင် သွားရောက်ရှာဖွေစေပါတယ်။ အမှုထမ်းများမှာ ဘုရင်မကြီးရှာခိုင်းလို့သာ ရှာခိုင်းသော်လည်း နန်းဦးဘုရားဆိုတာ ဘာမှန်းသေချာမသိပါချေ။ ဂိုထောင်ထဲရှိ ဆင်းတုတော်မျိုးစုံ နဲ့ အခြားပစ္စည်းများမှာ မှောက်ခုံ ပက်လက် ဘေးစောင်း စသည် ရှိနေကြသော်လည်း တစ်ဆူတည်းသော ဘုရားမှာမှု အရှေ့ဘက်သို့မျက်နှာမူလျက် တင့်တယ်စွာစံပါယ်နေကြောင်း အမှုထမ်းများတွေ့ရှိလိုက်ရသည်။ ထူးခြားသည်ကားထိုဘုရားသည် နေမင်းအရောင်ကဲ့သို့ဝင်းပြောင်လျက် ရောင်ခြည်တော်များတဖျပ်ဖျပ်လက်နေခြင်းပင်။

ဤကဲ့သို့ထူးခြားသော ဘုရားသည် ဘုရင်မကြီးမြင်မက်သည့် အိပ်မက် ထဲက ဘုရားဖြစ်လိမ့်မည်။ ဤသို့ဖြင့် ဘုရင်မကြီးသည် နန်းဦးဆင်းတုတော်အား မြန်မာပြည်၏ မူလနေရာသို့ အမြန်ဆုံးသွားရောက်ပြန်ထားရန် အမှုထမ်းများအား လွှတ်လိုက်ပါတော့တယ်။ နန်းဦးဆင်းတုအား သင်္ဘောထက်တွင်တင်၍ သင်္ဘောစထွက်သည်နှင့် ဘုရင်မကြီး၏ ခံစားနေရသောခေါင်းကိုက်ဝေဒနာမှာ ယူပစ်လိုက်သကဲ့သို့ ကင်းရှင်းစွာပျောက်ကင်းသွားရာ ဘုရင်မကြီးလည်း အထူးပင် ယုံကြည်သွားတော့သည်။

ဘုရင်မကြီး အမိန့် တော်အတိုင်း ဆင်းတုတော်အား မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြပါတယ်။ သို့သော်မြို့မှားပို့မိ၍ ဇလွန်အစား ဟင်္သာတသို့ ရောက်သွား၏။ ဟင်္သာတမြို့အနီးသောင်စပ်တွင်ထားပစ်ခဲ့ကာ သင်္ဘောသည် အိန္ဒိယသို့ပြန်သွား၏။ သောင်စပ်တွင်ထီးထီးမားမား ဖြစ်နေသော ဆင်းတုတော်ကြီးကို တံငါးသမားတို့မြင်ရလျှင် ဝမ်းမြောက်ဝမ်းသာဖြစ်လျှက် လူအများ ကိုဟစ်အောင်စုရုံးကြပြီး ကမ်းနဖူးပေါ်ရှိ ငါးမျက်နှာတန်ဆောင်းအတွင်းသို့ ခေတ္တထား၍ ပူဇော်ကြပါတယ်။ ချက်ချင်းပင် ပေါ်တော်မူဘုရားဟုနာမည်ကြီး သွားကာ မြို့ရောတောပါ မကျန် ရဟန်းရှင်လူအများ စည်ကားစွာလာရောက်ဖူးမျှော်ကြပါတယ်။

သိပ်မကြာမီ ဇလွန်မြို့ပိုင်သည် အရေးပိုင်မင်းနှင့်တွေ့ဆုံရန်အတွက် ဟင်္သာတသို့ရောက်လာခဲ့ပါတယ်။ လူအများအုတ်အော်သောင်းနင်း ဖြစ်နေတဲ့အကြောင်းကို စုံစမ်းရာမှ ပေါ်တော်မူဘုရားကြီးကြောင့်ဆိုတာ သိသွားပြီး မိမိလည်းဖူးမျှော်ဦးမှ ဆို၍ သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ ဘုရားကြီးကို မြင်လိုက်စဉ်မှာပင် မိမိတို့ဇလွန်မှ အင်္ဂလိပ်တို့သိမ်းယူသော ဘုရားနှင့် အလွန်တူကြောင်းတွေ့သွားပါတော့တယ်။ ဒါနဲ့ ယင်းကိစ္စကို မည်သူကိုမျှ မဟခဲ့ပဲ မိမိကိစ္စပြီးသည်နှင့် ဇလွန်သို့ အမြန်ဆုံးပြန်ခဲ့ပါတော့တယ်။ ဇလွန်သို့ရောက်လျှင် ဇလွန်ရှိဆရာတော်ဦးဖြူအား ဘုရားကြီးကို ထိုသို့တွေ့ခဲ့ကြောင်းလျှောက်တဲ့အခါဆရာတော်ဦးဖြူလည်း လှေတစ် ဆယ့်နှစ်စင်း နှင့် တကာတကာမများကို စုရုံးခေါ်ကာ ပေါ်တော်မှုဘုရား ကြီးအား ဖူးရန် ချက်ချင်းပင် ဟင်္သာတကို ကြွသွားခဲ့ပါတယ်။

ဘုရားသို့ရောက်သော် မိမိအမြဲဖူးနေသော မာရ်အောင်မြင်ဆင်းတုတော်မှန်း ဆရာတော်ဦးဖြူ အတပ်သိလိုက်၏။ အရေးပိုင်မင်းထံသို့သွားကာ မိမိတို့ဇလွန်မှ ဘုရားကြီးဖြစ်ကြောင်း အကျိုးအကြောင်းပြောပြပါတယ်။ မြို့ပိုင်မင်းလည်း ရပ်မိရပ်ဖများ နှင့် သံဃာများကိုခေါ်ကာ ဤအရေးသည် သာသနာအရေးဖြစ်သောကြောင့် သံဃာများနှင့်သာ သက်ဆိုင်ပါကြောင်း၊ သို့ဖြစ်၍ လူကြီးမင်းတို့နှစ်သက်သော ဆရာတော်တစ်ပါးကိုပင့်၍ ဇလွန်မြို့မှဆရာတော်ဦးဖြူ နှင့် ညှိနှိုင်းပါစေဟု ဆုံးဖြတ်လိုက်ပါတယ်။

ဟင်္သာတဘက်မှ လူကြီးများလည်း ဆရာတော်ဦးဖြူထက် အသက်သိက္ခာ ဝါတော်ကြီးသော ကြေးကန်ဆရာတော်ကို ပင့်၍ ဆရာတော်ဦးဖြူနှင့် ညှိနှိုင်းစေပါတယ်။ ကြေးကန်ဆရာတော်က- “အရှင်ဘုရားတို့ ဇလွန်မြို့မှ ဘုရားဆင်းတုဖြစ်ကြောင်း ဘာအထောက်အထားရှိ၍ ဤသို့ပြောနိုင်ပါသလဲ” ဟုမေးရာ ဆရာတော်ဦးဖြူက- “ဓမ္မခဏ်တော်က စာပါသောကြောင့် တပည့်တော်သိရပါသည်ဘုရား” ဟု ပြန်လည်ဖြေ၏။ “ဤစာကို ဆရာတော်ရွတ်ပြနိုင်ပါသလား” ဟု ဆိုသော် ဆရာတော်ဦးဖြူကလည်း မိမိရွှတ်ပြနိုင်ပါကြောင်း ပြန်လည်ဖြေ၏။ (မြန်မာနိုင်ငံတွင် သမ္ဗုဒ္ဓေစေတီတော်ကြီးနှင့် သမ္ဗုဒ္ဓေဂါထာ တန်ခိုးကြီးသကဲ့သို့ပင် မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးနှင့် စမ္မခဏ်ဂါထာ တန်ခိုးကြီးသည်ဟု ယုံကြည်ကြပါသည်။ စမ္မခဏ်ဂါထာ အပြင် သင်းကျစ်တော် ဂါထာ၊ လက်ဝဲလက်ရုံးဂါထာ၊ လက်ယာလက်ရုံး ဂါထာတော်များလည်း ရှိပါသည်။ )

သို့ဖြင့် အနီးရှိရဟန်းတစ်ပါးအား ကြေးကန်ဆရာတော်က ဆင်းတုတော်မှ ဓမ္မခဏ်မှာရှိသော ဂါထာတော်ကို ရေးကူးခိုင်းပြီး ဆရာတော်ဦးဖြူ အလွတ်ပြန်ဆိုသည်နှင့် တိုက်ကြည့်ရာ တစ်ထပ်တည်းကျကြောင်း တွေ့ရပါတယ်။ ဆရာတော်ဦးဖြူပြောသည်မှာ မှန်ကန်ကြောင်း၊ ထို့ကြောင့် ဇလွန်မှ ဆင်းတုတော်ဖြစ်သည်မှာ မှန်ကန်ကြောင်း ထင်ရှားသွားပြီး ဇလွန်သို့ပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဤတွင် ဟင်္သာတမြို့သူမြို့သားများက လက်မခံကြ၊ ကန့်ကွက်ကြသည်။ မိမိတို့နှင့်ထိုက်၍ မိမိတို့ဆီရောက်လာတာ မိမိတို့ဘုရားဟု ဆိုကာ သူတို့သာကိုးကွယ်ထိုက်သည်။ မပေးနိုင်ဟု တစ်ညီတစ်ညွတ်တည်း ငြင်းဆိုကြရာ အရေးပိုင်မင်းက နည်းလမ်းတစ်ခုဖြင့် ဖြန်ဖြေစေပါတယ်။

ထိုနည်းလမ်းမှာကား ဆင်းတုတော်အား ဟင်္သာတမြစ်လယ်ရှိ ဖောင်ကြီး တစ်ဖောင်ပေါ်တွင်တင်ထားက တစ်ဖက်တွင် ဟင်္သာတမြို့မှလှေများကို ဆွဲစေပြီး၊ တစ်ဖက်တွင် ဇလွန်မြို့မှလှေများကို ဆွဲစေတဲ့ နည်းဖြစ်ပါတယ်။ ဆင်းတုတော်ပါအောင်ဆွဲနိုင်တဲ့ မြို့က ကိုးကွယ်ကြဟု ဆိုရာ အားလုံးကျေနပ်ကြပါတယ်။ သို့ဖြင့် ကြီးမားသောဖောင်တော်ကြီးကို တစ်မုဟုတ်ချင်းစီစဉ်၍ ထိုဖောင် တော်တွင် ဆင်းတုတော်ကြီးကို စံမြန်းစေပါတယ်။ အရေးပိုင်မင်းနှင့် ဆရာတော်ဦးဖြူကိုလည်း ထိုဖောင်ပေါ်မှာ နေစေပြီး အပြိုင်ဆွဲကြပါ တော့တယ်။

ထိုသို့ဆွဲရာတွင် အင်အားကတော့မမျှပါ။ ဟင်္သာတဘက်တွင် လှေပေါင်း ၃၈ စီး ရှိသော်လည်း ဇလွန်ဘက်မှာကား ၁၂ စီးပင် ရှိပါတယ်။ ဤသို့ဖြင့် အားပြိုင်ဆွဲကြရာ ဆင်းတုတော်သည် ဇလွန်ဘက်သို့ပါလေ၏။ သို့သော် ဟင်္သာတသားများက မကျေနပ်ကြသေး။ ဇလွန်ဘက်က ရေစုန်ဖြစ်၍ မိမိတို့က ရေဆန်ဖြစ်သောကြောင့် ဇလွန်ဘက်သို့ပါသွား တာဖြစ်ကြောင်း ငြင်းဆန်သဖြင့် ဘက်ပြောင်း၍ ဆွဲစေပါတယ်။ ထိုသို့ဆွဲစေသော်လည်း ဆင်းတုတော်သည် ဇလွန်မြို့ဖက်သို့သာ ပါ၏။ ဘယ်လိုပြိုင်ပြိုင်မနိုင်သဖြင့် ကံတရားကိုဥာဏ်များလို့မရမှန်း ဟင်္သာတသားတို့သိသွား၏။ အရှုံးကိုဝန်ခံလိုက်ကြ၏။ သို့ဖြင့် “ကိုယ်တော်ဘုရား…ငါးပိရည်နှင့် ချဉ်ရည်ဟင်းဘုန်းပေးရအောင် ကြွတော်မူပေရော့ ဘုရား” ဟု ဇလွန်သားတို့ မခံချင်အောင်စောင်းချိတ် ပြောဆိုလျက် ကြိုးကိုလွှတ်လိုက်ရပါတော့တယ်။

ဇလွန်သားတို့သည် အနိုင်ရလေလျှင် မြစ်စဉ်တလျှောက် အကအခုန် အတီးအမှုတ်များဖြင့် ဧရာဝတီမြစ်ကိုစုန်ဆင်းကာ ဘုရားကြီး၏ မူလနေရာဖြစ်သော ဇလွန်မြို့သို့ ပြန်လည်ပင့်ဆောင်လာပါတော့တယ်။ ဤသို့ဖြင့် ဇလွန်ပြည်တော်ပြန်ဘုရားကြီးသည် စန္ဒာသူရိယမင်း သွန်း လုပ်ခဲ့သော မာရ်အောင်မြင်ဘုရားဖြစ်ကြောင်း၊ အမရပူရနန်းဦးတွင် စံမြန်းခဲ့ကြောင်း ၊ အင်္ဂလိပ်တို့လက်သို့ပါပြီးနောက် ဟင်္သာ တမြို့သို့ လည်းရောက်ခဲ့သေးကြောင်း ၊ ပြီးမှသာ ဇလွန်သို့ပြန်ရောက် လာခြင်းဖြစ်ကြောင်း ဗဟုသုတအနေနှင့် ရေးသားတင်ပြလိုက်ပါတယ်။

ကိုးကား

ကျိန်စာသင့်တဲ့သမိုင်းပုံရိပ်များ-သန်းထွန်း(လှည်းကူး)
ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး – ဘသန်းတင်
မြန်မာ့စွယ်စုံကျမ်း

Leave a Reply