ကိုယ့္ကိုယ္ကို စမတ္က်သူျဖစ္ေအာင္ ဘယ္လိုေနမလဲ

Posted on

က်ေနာ္တို႔ ေန႔စဥ္ဘ၀မွာ၊ လုပ္ငန္းတာ၀န္ေတြ ရွင္သန္လွုပ္ရွား ေဆာင္ရြက္ၾကတဲ့ေနရာမွာ ကိုယ့္ကိုယ္ကုိယ္ စမတ္က်ေအာင္ ေနထုိင္တတ္ဖို႕ဟာ ဘ၀မွာ ေအာင္ျမင္မွဳေတြ ရရွိႏုိင္ဖုိ႕အတြက္ အလြန္အေရးပါပါတယ္။ ေန႕စဥ္ လူမွဳေရး၊ စီးပြားေရးလုပ္ငန္းေတြကို ေဆာင္ရြက္ၾကတဲ့ေနရာမွာ တစ္ေယာက္နဲ႕တစ္ေယာက္ စစေတြ႕ေတြ႕ခ်င္းမွာ ၀တ္စားဆင္ယင္မွဳ၊ ရုပ္လကၡဏာေတြနဲ႔ ဆုံးျဖတ္ေလ့ရွိၾကပါတယ္။

စမတ္က်န သပ္ရပ္မွဳဟာ လူတစ္ဦးတစ္ေယာက္စီရဲ႕ ပင္ကိုယ္ရုပ္လကၡဏာေတြနဲ႕ သိပ္ၿပီးမဆုိင္လွပါဘူး။ အဲဒါထက္ လူတစ္ဦးစီရဲ႕ ၀တ္စားဆင္ယင္မွဳ၊ ကိုယ္ဟန္အမူအရာ၊ ေျပာပုံဆုိပုံ၊ ေနပုံထုိင္ပုံေတြနဲ႔သာ မ်ားစြာသက္ဆုိင္ပါတယ္။ ကဲ… စမတ္က်နေအာင္ ေနထုိင္ျပဳမူဖို႔ ဘယ္လုိအခ်က္ေတြကို သတိျပဳရမယ္၊ ဘာေတြေဆာင္ရြက္ၾကရမယ္ဆုိတာ ၾကည့္ၾကရေအာင္။

၁။ ၀တ္စားဆင္ယင္မွဳ (Dressing Style)

အေနာက္တိုင္း၀တ္စုံပဲ၀တ္၀တ္၊ ျမန္မာ၀တ္စုံပဲ၀တ္၀တ္၊ ေခတ္ေပၚလူငယ္စတုိင္လ္ပဲ၀တ္၀တ္၊ ကိုယ္နဲ႔ Fittingက်ၿပီး သပ္သပ္ရပ္ရပ္ စမတ္က်ေအာင္ ဂရုျပဳ၀တ္ဆင္ပါ။ ဥပမာ- ကိုယ္က ၀လြန္းရင္ အကၤ်ီက သိပ္ေသးၿပီး က်ပ္ေနတာမ်ိဳး၊ ကိုယ္ကပိန္လြန္းရင္ အက်ၤ ီက သိပ္ႀကီးၿပီးပြေနတာမ်ိဳး မျဖစ္ပါေစနဲ႔။

ေနာက္ၿပီး ၀တ္ဆင္မယ့္အ၀တ္အစားကို ေရြးခ်ယ္တဲ့ေနရာမွာ ကိုယ္သြားမယ့္ေနရာ႒ာန၊ ပြဲလမ္းသဘင္နဲ႕ ကိုက္ညီတဲ့ ၀တ္စားဆင္ယင္မွဳမ်ိဳးကို ေရြးခ်ယ္၀တ္ဆင္တတ္ဖို႔လုိပါတယ္။ ေခတ္ေရွ႕ေျပးခ်င္တယ္၊ သူမ်ားထက္ထင္ေပၚခ်င္တယ္ဆုိၿပီး မဂၤလာေဆာင္လုိမ်ိဳးကို ေခတ္လြန္သရုပ္ပ်က္ ၀တ္စားဆင္ယင္မွဳမ်ိဳးနဲ႔ မတက္ေရာက္ျဖစ္ေအာင္ ဂရုျပဳရပါမယ္။

(၂) ေျပာပုံဆုိပုံ (Communication Style)

တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ စကားေျပာဆုိ ဆက္ဆံၾကတဲ့ေနရာမွာလည္း ကာလေဒသအလုိက္ တိုးတုိးတစ္မ်ိဳး က်ယ္က်ယ္တစ္ဖုံ ေျပာဆိုတတ္ရပါမယ္။ ကိုယ္က စကားက်ယ္က်ယ္ေအာ္ေျပာလိုက္လုိ႕ အေႏွာက္အယွက္ျဖစ္မယ့္ေနရာမ်ိဳး ဥပမာ Library လိုမ်ိဳးမွာဆိုရင္ စကားက်ယ္က်ယ္မေျပာမိေအာင္ အထူးသတိျပဳရပါမယ္။

ေနာက္တစ္ခါ စမတ္က်လိုသူတိုင္း သတိျပဳရမွာက အေခၚအေ၀ၚပါ။ လူေပါင္းစုံ အသက္အရြယ္ေပါင္းစုံနဲ႕ ဆက္ဆံေဆာင္ရြက္ၾကတဲ့ေနရာမွာ အသက္အရြယ္အဆင့္အတန္းအလုိက္ ဦးေလးတန္သည္ အစ္ကိုတန္သည္ ယဥ္ေက်းစြာေျပာဆိုဆက္ဆံ ေဆာင္ရြက္ၾကျခင္းအားျဖင့္ ပိုမိုစမတ္က်ၿပီး ကိုယ့္ရဲ႕အဆင့္အတန္း (Life Standard) ကိုပါ ျမင့္တက္ေစပါတယ္။

(၃) ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွဳရွိပါ။ (Self Confidence)

ဘယ္ေနရာပဲသြားသြား၊ ဘာပဲလုပ္လုပ္၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွဳရွိေနဖုိ႕က အေရးႀကီးပါတယ္။ ကိုယ့္ကိုယ္ကိုယ္ မယုံရဲျဖစ္ေနသူ၊ ရွက္ကိုးရွက္ကန္းျဖစ္ေနသူတစ္ေယာက္ဟာ ဘယ္လုိမွ စမတ္မက်ႏိုင္ဘူးဆုိတာကေတာ့ အေသအခ်ာပါပဲ။

(၄) အက္တစ္ကတ္မ်ားကို လုိက္နာပါ။ (Etiquette)

ေလာကမွာ လုိက္နာရမယ့္ က်င့္၀တ္ (Ethic) ေတြနဲ႕ အက္တစ္ကတ္(Etiquette) ေတြဆိုတာ ရွိပါတယ္။ Ethic ဆုိတာကေတာ့ ရွင္းပါတယ္။ ဆရာတစ္ေယာက္က ေက်ာင္းစိမ္းအကၤ်ီ၀တ္ၿပီး အရက္၊ ေဆးလိပ္မေသာက္သင့္တာမ်ိဳးပါ။ ေနာက္ မင္းသားမင္းသမီးေတြအေနနဲ႕ ဆယ္ေက်ာ္သက္ပရိသတ္ လူငယ္လူရြယ္ေတြ အတုယူအတုခုိးမွားေစႏုိင္မယ့္ အျပဳအမူေတြကို မလုပ္ျပသင့္တာမ်ိဳးပါ။
အက္တစ္ကတ္ (Etiquette) ဆိုတာကေတာ့ အက္သစ္(Ethic)ေလာက္ မျပင္းထန္ပါဘူး။

ဥပမာ- ထမင္းစားပြဲ၀ိုင္းမွာ ေခ်ာင္းမဆိုးသင့္တာမ်ိဳး၊ ညစာစားပြဲမွာ လက္ဆုံစားရင္ ဇြန္းသံခက္ရင္းသံ က်ယ္က်ယ္ေလာင္ေလာင္ မထြက္သင့္တာမ်ိဳးပါ။ ဒါေၾကာင့္မို႕ English Dictionary က Etiquette ဆိုတဲ့စကားလုံးကို ‘ The Code of ethical behavior regarding professional practice or action ’ “ လူႀကီးလူေကာင္း ပေရာ္ဖက္ရွင္နယ္မ်ား လုိက္နာရန္ လူမွဳစည္းမ်ဥ္းမ်ား ” လို႕ ဖြင့္ဆုိထားျခင္းပါ။ စမတ္က်လုိသူတုိင္း သက္ဆုိင္ရာ လူအဖြဲ႕အစည္းရဲ႕ Ethic and Etiquette စည္းမ်ဥ္းမ်ားကို လုိက္နာၾကရပါမယ္။

(၅) နားေထာင္တတ္ေအာင္ သင္ယူပါ။ (Learn for Listening)

စမတ္က်လုိသူေတြဟာ ေနရာတကာမွာ သူတို႔ခ်ည္းပဲ စကားကို လုေျပာေလ့မရွိပါဘူး။ သူတစ္ပါးေျပာဆိုေနတာကို စိတ္၀င္တစားနားေထာင္တတ္ျခင္းဟာလည္း စမတ္က်နျခင္းရဲ႕ ၀ိေသသလကၡဏာတစ္ရပ္ပါ။ ကမၻာေက်ာ္ စကားေျပာအေကာင္းဆုံးဆိုတဲ့ ပုဂၢိဳလ္ေတြဟာ တစ္ခ်ိန္တည္းမွာပဲ နားအေထာင္ဆုံးပုဂၢိဳလ္ေတြ ျဖစ္တယ္ဆုိတာကိုလည္း သတိျပဳသင့္ပါတယ္။ သင္လည္း စမတ္က်ေအာင္ နားေထာင္ၾကည့္လိုက္ပါ။

(၆) လမ္းေလွ်ာက္ရင္ မတ္မတ္ေလွ်ာက္ပါ။ (Walking Style)

စမတ္က်တဲ့သူေတြဟာ ကုတ္ေခ်ာင္းကုတ္ေခ်ာင္း ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွဳမရွိတဲ့ပုံစံနဲ႕ ဘယ္ေတာ့မွ လမ္းမေလွ်ာက္ၾကပါဘူး။ ဒါေပမယ့္ စမတ္က်က် လမ္းေလွ်ာက္ၾကတဲ့ေနရာမွာ ေဆာင့္ၾကြားေဆာင့္ၾကြားပုံစံမ်ိဳး ျဖစ္မေနေအာင္လည္း အထူးသတိျပဳသင့္ပါတယ္။ ကိုယ့္ရဲ႕ ေျခလွမ္းတုိင္းဟာ ကိုယ့္ရဲ႕ယုံၾကည္မႈနဲ႔ Personality ကို ေဖာ္ျပေနတယ္ဆိုတာကို အၿမဲ သတိရပါ။

(၇) တစ္ကိုယ္ရည္ သန္႔ရွင္းမႈရွိပါ။ (Personal Hygiene)

တစ္ကိုယ္ရည္ က်န္းမာသန္႕ရွင္းမွဳကလည္း စမတ္က်ဖုိ႕အတြက္ မ်ားစြာ အေရးပါပါတယ္။ ေျခသည္းလက္သည္း၊ မုတ္ဆိတ္ေမႊး ႏွုတ္ခမ္းေမႊးကအစ စမတ္က်က် သန္႔ရွင္းေနဖို႔ လုိအပ္ပါတယ္။ ေနာက္အေရးႀကီးတာက ခံတြင္းနံ႔ပါ။ ဥပမာ ကိုယ္က ေကာ္ဖီလုိမ်ိဳး ခံတြင္းနံ႔ဆုိးေစတဲ့ အစားအစာမ်ိဳးေတြကို ႀကိဳက္ႏွစ္သက္တယ္ဆုိရင္ ပီေက၊ ငုံေဆး စကားမ်ိဳးေတြကို ေဆာင္ထားသင့္ပါတယ္။

(၈) ၾကင္နာတတ္တဲ့ ႏွလုံးသားကို ေမြးျမဴပါ။ (Kind Heart)

စမတ္က်ၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွဳရွိတဲ့သူေတြဟာ ၾကင္နာတတ္တဲ့ ႏွလုံးသားေတြကိုလည္း ပိုင္ဆုိင္ၾကပါတယ္။ ေန႔သစ္တစ္ခု အစျပဳလာတာနဲ႕ တတ္ႏိုင္သေလာက္ ကိုယ္နဲ႔ဆက္ဆံရမယ့္သူေတြအေပၚ ၾကင္နာပါ။ ေမတၱာထားပါ။ သြားရင္းလာရင္း သက္ႀကီးရြယ္အုိ၊ မသန္စြမ္းသူေတြကိုေတြ႕ရင္ တတ္အားသမွ် ကူညီရုိင္းပင္းပါ။ ၾကင္နာတတ္တဲ့ ႏွလုံးသားေတြဟာ Personality နဲ႔ စမတ္က်နမႈ ေတြကို ေဆာင္းၾကဥ္းေပးႏုိင္တယ္ဆိုတာ သင္ ေတြ႕လာရပါလိမ့္မယ္။

( လင္းသုိက္ညြန္႔(ျမန္မာ့ေျမ) ေရးသားေသာ ျမန္မာေတြေအာင္ျမင္ဖုိ႕ စာအုပ္မွ ထုတ္ႏွုတ္သည္။)
Your‬ Life Success


ကိုယ့်ကိုယ်ကို စမတ်ကျသူဖြစ်အောင် ဘယ်လိုနေမလဲ (unicode)

ကျနော်တို့ နေ့စဉ်ဘဝမှာ၊ လုပ်ငန်းတာဝန်တွေ ရှင်သန်လှုပ်ရှား ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင် နေထိုင်တတ်ဖို့ဟာ ဘဝမှာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။ နေ့စဉ် လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် စစတွေ့တွေ့ချင်းမှာ ဝတ်စားဆင်ယင်မှု၊ ရုပ်လက္ခဏာတွေနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။

စမတ်ကျန သပ်ရပ်မှုဟာ လူတစ်ဦးတစ်ယောက်စီရဲ့ ပင်ကိုယ်ရုပ်လက္ခဏာတွေနဲ့ သိပ်ပြီးမဆိုင်လှပါဘူး။ အဲဒါထက် လူတစ်ဦးစီရဲ့ ဝတ်စားဆင်ယင်မှု၊ ကိုယ်ဟန်အမူအရာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေနဲ့သာ များစွာသက်ဆိုင်ပါတယ်။ ကဲ… စမတ်ကျနအောင် နေထိုင်ပြုမူဖို့ ဘယ်လိုအချက်တွေကို သတိပြုရမယ်၊ ဘာတွေဆောင်ရွက်ကြရမယ်ဆိုတာ ကြည့်ကြရအောင်။

၁။ ဝတ်စားဆင်ယင်မှု (Dressing Style)

အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ်၊ မြန်မာဝတ်စုံပဲဝတ်ဝတ်၊ ခေတ်ပေါ်လူငယ်စတိုင်လ်ပဲဝတ်ဝတ်၊ ကိုယ်နဲ့ Fittingကျပြီး သပ်သပ်ရပ်ရပ် စမတ်ကျအောင် ဂရုပြုဝတ်ဆင်ပါ။ ဥပမာ- ကိုယ်က ဝလွန်းရင် အင်္ကျီက သိပ်သေးပြီး ကျပ်နေတာမျိုး၊ ကိုယ်ကပိန်လွန်းရင် အင်္ကျ ီက သိပ်ကြီးပြီးပွနေတာမျိုး မဖြစ်ပါစေနဲ့။

နောက်ပြီး ဝတ်ဆင်မယ့်အဝတ်အစားကို ရွေးချယ်တဲ့နေရာမှာ ကိုယ်သွားမယ့်နေရာဋ္ဌာန၊ ပွဲလမ်းသဘင်နဲ့ ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ ခေတ်ရှေ့ပြေးချင်တယ်၊ သူများထက်ထင်ပေါ်ချင်တယ်ဆိုပြီး မင်္ဂလာဆောင်လိုမျိုးကို ခေတ်လွန်သရုပ်ပျက် ဝတ်စားဆင်ယင်မှုမျိုးနဲ့ မတက်ရောက်ဖြစ်အောင် ဂရုပြုရပါမယ်။

(၂) ပြောပုံဆိုပုံ (Communication Style)

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားပြောဆို ဆက်ဆံကြတဲ့နေရာမှာလည်း ကာလဒေသအလိုက် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပြောဆိုတတ်ရပါမယ်။ ကိုယ်က စကားကျယ်ကျယ်အော်ပြောလိုက်လို့ အနှောက်အယှက်ဖြစ်မယ့်နေရာမျိုး ဥပမာ Library လိုမျိုးမှာဆိုရင် စကားကျယ်ကျယ်မပြောမိအောင် အထူးသတိပြုရပါမယ်။

နောက်တစ်ခါ စမတ်ကျလိုသူတိုင်း သတိပြုရမှာက အခေါ်အဝေါ်ပါ။ လူပေါင်းစုံ အသက်အရွယ်ပေါင်းစုံနဲ့ ဆက်ဆံဆောင်ရွက်ကြတဲ့နေရာမှာ အသက်အရွယ်အဆင့်အတန်းအလိုက် ဦးလေးတန်သည် အစ်ကိုတန်သည် ယဉ်ကျေးစွာပြောဆိုဆက်ဆံ ဆောင်ရွက်ကြခြင်းအားဖြင့် ပိုမိုစမတ်ကျပြီး ကိုယ့်ရဲ့အဆင့်အတန်း (Life Standard) ကိုပါ မြင့်တက်စေပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ (Self Confidence)

ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်လုပ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံရဲဖြစ်နေသူ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသူတစ်ယောက်ဟာ ဘယ်လိုမှ စမတ်မကျနိုင်ဘူးဆိုတာကတော့ အသေအချာပါပဲ။

(၄) အက်တစ်ကတ်များကို လိုက်နာပါ။ (Etiquette)

လောကမှာ လိုက်နာရမယ့် ကျင့်ဝတ် (Ethic) တွေနဲ့ အက်တစ်ကတ်(Etiquette) တွေဆိုတာ ရှိပါတယ်။ Ethic ဆိုတာကတော့ ရှင်းပါတယ်။ ဆရာတစ်ယောက်က ကျောင်းစိမ်းအင်္ကျီဝတ်ပြီး အရက်၊ ဆေးလိပ်မသောက်သင့်တာမျိုးပါ။ နောက် မင်းသားမင်းသမီးတွေအနေနဲ့ ဆယ်ကျော်သက်ပရိသတ် လူငယ်လူရွယ်တွေ အတုယူအတုခိုးမှားစေနိုင်မယ့် အပြုအမူတွေကို မလုပ်ပြသင့်တာမျိုးပါ။
အက်တစ်ကတ် (Etiquette) ဆိုတာကတော့ အက်သစ်(Ethic)လောက် မပြင်းထန်ပါဘူး။

ဥပမာ- ထမင်းစားပွဲဝိုင်းမှာ ချောင်းမဆိုးသင့်တာမျိုး၊ ညစာစားပွဲမှာ လက်ဆုံစားရင် ဇွန်းသံခက်ရင်းသံ ကျယ်ကျယ်လောင်လောင် မထွက်သင့်တာမျိုးပါ။ ဒါကြောင့်မို့ English Dictionary က Etiquette ဆိုတဲ့စကားလုံးကို ‘ The Code of ethical behavior regarding professional practice or action ’ “ လူကြီးလူကောင်း ပရော်ဖက်ရှင်နယ်များ လိုက်နာရန် လူမှုစည်းမျဉ်းများ ” လို့ ဖွင့်ဆိုထားခြင်းပါ။ စမတ်ကျလိုသူတိုင်း သက်ဆိုင်ရာ လူအဖွဲ့အစည်းရဲ့ Ethic and Etiquette စည်းမျဉ်းများကို လိုက်နာကြရပါမယ်။

(၅) နားထောင်တတ်အောင် သင်ယူပါ။ (Learn for Listening)

စမတ်ကျလိုသူတွေဟာ နေရာတကာမှာ သူတို့ချည်းပဲ စကားကို လုပြောလေ့မရှိပါဘူး။ သူတစ်ပါးပြောဆိုနေတာကို စိတ်ဝင်တစားနားထောင်တတ်ခြင်းဟာလည်း စမတ်ကျနခြင်းရဲ့ ဝိသေသလက္ခဏာတစ်ရပ်ပါ။ ကမ္ဘာကျော် စကားပြောအကောင်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ချိန်တည်းမှာပဲ နားအထောင်ဆုံးပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ သင်လည်း စမတ်ကျအောင် နားထောင်ကြည့်လိုက်ပါ။

(၆) လမ်းလျှောက်ရင် မတ်မတ်လျှောက်ပါ။ (Walking Style)

စမတ်ကျတဲ့သူတွေဟာ ကုတ်ချောင်းကုတ်ချောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ပုံစံနဲ့ ဘယ်တော့မှ လမ်းမလျှောက်ကြပါဘူး။ ဒါပေမယ့် စမတ်ကျကျ လမ်းလျှောက်ကြတဲ့နေရာမှာ ဆောင့်ကြွားဆောင့်ကြွားပုံစံမျိုး ဖြစ်မနေအောင်လည်း အထူးသတိပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ခြေလှမ်းတိုင်းဟာ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ Personality ကို ဖော်ပြနေတယ်ဆိုတာကို အမြဲ သတိရပါ။

(၇) တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါ။ (Personal Hygiene)

တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုကလည်း စမတ်ကျဖို့အတွက် များစွာ အရေးပါပါတယ်။ ခြေသည်းလက်သည်း၊ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးကအစ စမတ်ကျကျ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ နောက်အရေးကြီးတာက ခံတွင်းနံ့ပါ။ ဥပမာ ကိုယ်က ကော်ဖီလိုမျိုး ခံတွင်းနံ့ဆိုးစေတဲ့ အစားအစာမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ပီကေ၊ ငုံဆေး စကားမျိုးတွေကို ဆောင်ထားသင့်ပါတယ်။

(၈) ကြင်နာတတ်တဲ့ နှလုံးသားကို မွေးမြူပါ။ (Kind Heart)

စမတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေဟာ ကြင်နာတတ်တဲ့ နှလုံးသားတွေကိုလည်း ပိုင်ဆိုင်ကြပါတယ်။ နေ့သစ်တစ်ခု အစပြုလာတာနဲ့ တတ်နိုင်သလောက် ကိုယ်နဲ့ဆက်ဆံရမယ့်သူတွေအပေါ် ကြင်နာပါ။ မေတ္တာထားပါ။ သွားရင်းလာရင်း သက်ကြီးရွယ်အို၊ မသန်စွမ်းသူတွေကိုတွေ့ရင် တတ်အားသမျှ ကူညီရိုင်းပင်းပါ။ ကြင်နာတတ်တဲ့ နှလုံးသားတွေဟာ Personality နဲ့ စမတ်ကျနမှု တွေကို ဆောင်းကြဉ်းပေးနိုင်တယ်ဆိုတာ သင် တွေ့လာရပါလိမ့်မယ်။

( လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသော မြန်မာတွေအောင်မြင်ဖို့ စာအုပ်မှ ထုတ်နှုတ်သည်။)
Your‬ Life Success

Leave a Reply