ကမာၻ႔သမုိင္းထဲက ပထမဆုံး ကြန္ျပဴတာ ပရိုဂရမ္မာ

Posted on

ယေန႔ ကမာၻမွာ ပရုိဂရမ္ language ေပါင္းမ်ားစြာ ရွိေနၿပီ ဆိုတာ အားလုံးအသိပါ။ ဒါေပမယ့္ ပထမဆုံး ပရုိဂရမ္မာအျဖစ္ သတ္မွတ္ခံရသူ ကေတာ့ အမ်ဳိးသမီးတစ္ဦးျဖစ္ပါတယ္။ သူေရးခဲ့တဲ့ ပရုိဂရမ္ကေတာ့ ယေန႔ေခတ္လုိ Language စစ္စစ္မဟုတ္ပဲ စဦးကြန္ပ်ဴတာလုိ႔ ေခၚရမယ့္ ​ Analytical Engine ရဲ႕ Algorithm ကုိ ေရးခဲ့သူျဖစ္ပါတယ္။ ၁၈၀၀ ျပည့္ႏွစ္လြန္ကာလမွာ ေရးတဲ့အတြက္ ဒီပရုိဂရမ္ဟာ ပထမဆုံး ကြန္ပ်ဴတာ ပရုိဂရမ္လုိ႔ သတ္မွတ္ခံရသလုိ Ada Lovelace ကုိလည္း ပထမဆုံး ကြန္ပ်ဴတာ ပရုိဂရမ္မာလုိ႔ ေခၚဆုိၾကျခင္းျဖစ္ပါတယ္။

တကယ္ေတာ့ Ada ဟာ ကြန္ပ်ဴတာ ပရုိဂရမ္မာ စစ္စစ္မဟုတ္ပါဘူး။ ကြ်မ္းက်င္လြန္းတဲ့ သခၤ်ာပညာရွင္တစ္ေယာက္သာျဖစ္ပါတယ္။ Ada Lovelace ျဖစ္လာမယ့္ Ada Byron ကုိ ၁၈၁၅ခုႏွစ္ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ လန္ဒန္ၿမဳိ႕မွာေမြးဖြားခဲ့ပါတယ္။ သူမရဲ႕ဖခင္ကေတာ့ အဂၤလိပ္လူမ်ဳိး ေက်ာ္ၾကားတဲ့ ကဗ်ာဆရာ နဲ႔ ႏိုင္ငံေရးသမား Lord Byron ျဖစ္ပါတယ္။

သူမရဲ႕ မိခင္ နဲ႔ ဖခင္ဟာ အိမ္ေထာင္ေရးအဆင္မေျပပါဘူး။ ဖခင္ျဖစ္သူဟာ သူမေမြးၿပီး လအနည္းငယ္အၾကာမွာ မိခင္နဲ႔ သူမကုိ ထားၿပီး အဂၤလန္ကေန ထြက္ခြာသြားပါတယ္။ အဲဒီအခ်ိန္က စလုိ႔ သူမ ဖခင္နဲ႔ ဘယ္ေတာ့မွ ျပန္မေတြ႔ေတာ့ပါဘူး။ (သူမဖခင္ဟာ သူမ ၈ႏွစ္အရြယ္မွာ ဂရိတြင္ ေသဆုံးခဲ့ပါတယ္)။

မိခင္ျဖစ္သူဟာ ဖခင္အေပၚ စိတ္နာခဲ့ၿပီး သမီးျဖစ္သူကို ဖခင္ရဲ႕စိတ္ နဲ႔ ၀ါသနာေတြေရာက္ရွိမလာေစဖုိ႔ အပူတျပင္း ႀကဳိးစားခဲ့ပါတယ္။ ဒါကေတာ့ Ada ငယ္ရြယ္စဥ္မွာပဲ အရြယ္နဲ႔ မလုိက္တဲ့ သခၤ်ာနဲ႔ သိပၸံပညာရပ္ေတြကုိ သင္ၾကားေစခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက ဒီလုိဘာသာရပ္ေတြ သင္ၾကားဖုိ႔ဆုိတာ မိန္းကေလး တစ္ေယာက္အတြက္ တစ္ကယ့္စိန္ေခၚမႈပါပဲ။ ဒါေပမယ့္ မိိခင္ျဖစ္သူဟာ Ada ဖခင္ရဲ႕လႊမ္းမုိးမႈေတြ Ada အေပၚမသက္ေရာက္ေစခ်င္တာေၾကာင့္ Ada ကုိယ္တုိင္ ႀကီးက်ယ္ျမင့္ျမတ္သူ တစ္ေယာက္ျဖစ္လာေစဖုိ႔ အခုလုိသင္ေစခဲ့ျခင္းျဖစ္ပါတယ္။

မိခင္နဲ႔ ဖခင္ျဖစ္သူ

သူမကုိ ပညာရပ္ေတြ သင္ၾကားေပးတဲ့သူေတြကေတာ့ William Frend လုိ႔ေခၚတဲ့ ျပဳျပင္ေျပာင္းလဲေရးသမား ၊ William King ဆုိတဲ့ မိသားစု ဆရာ၀န္ ၊ Mary Somerville ဆုိတဲ့ သခၤ်ာနဲ႔ နကၡတ္ေဗဒပညာရွင္ တုိ႔ျဖစ္ပါတယ္။ Somerville ကေတာ့ ေတာ္၀င္နကၡတ္ေဗဒအသင္းႀကီးကို ပထမဆုံး၀င္ေရာက္ခြင့္ရခဲ့တဲ့ အမ်ဳိးသမီး နကၡတ္ေဗဒပညာရွင္ျဖစ္ပါတယ္။ Ada ကုိယ္တုိင္ကလည္း ပါ၇မီပါသူျဖစ္တာေၾကာင့္ ဆယ္ေက်ာ္သက္အရြယ္မွာတင္ သခၤ်ာ နဲ႔ နကၡတ္ေဗဒ ပညာရပ္ေတြမွာ ပညာရွင္တစ္ဦးအလား ကုိယ္တုိင္ေဖာ္ျမဴလာ အသစ္ေတြတြက္ခ်က္ႏုိင္တဲ့ အဆင့္အထိေရာက္ခဲ့ပါတယ္။

သူမ အသက္ ၁၇ႏွစ္အရြယ္မွာေတာ့ Charles Babbage နဲ႔ သြားဆုံခဲ့ပါတယ္။ Charles Babbage ဆုိတာကေတာ့ သခ်ၤာပညာရွင္နဲ႔ တီထြင္သူတစ္ေယာက္ျဖစ္ၿပီး ေနာင္ ကြန္ပ်ဴတာရဲ႕ ဖခင္အျဖစ္ သတ္မွတ္ျခင္းခံရမယ့္ သူပါ။ Mary ကေန တစ္ဆင့္ သိကြ်မ္းခဲ့တာျဖစ္ၿပီး Charles Babbage တီထြင္ေနတဲ့စက္(Analytical Engine) ဒီဇုိင္းကုိ ေလ့လာခြင့္ရခဲ့ပါတယ္။ စက္က အၾကမ္းအဆင့္သာရွိေသးၿပီး လိုေနတာကေတာ့ စက္ကုိ အလုပ္လုပ္ေစမယ့္ ပရုိဂရမ္ပါ။ Ada စိတ္၀င္စားသြားၿပီး Charles Babbage ကို ကူညီခဲ့တယ္။

Charles Babbage က Ada ကို ပရုိဂရမ္ေရးတဲေနရာမွာ အေထာက္အကူျဖစ္ေစမယ့္ စာတမ္းတစ္ေစာင္ေပးခဲ့တယ္။ ဒါကေတာ့ အီတလီသခ်ၤာပညာရွင္ Luigi Federico Menabrea (ေနာင္အီတလီ ၀န္ႀကီးခ်ဳပ္) က ဆြစ္ဂ်ာနယ္မွာေရးခဲ့တဲ့ စာတမ္းပါ။ Ada က ဒီစာတမ္းကိုေလ့လာၿပီး မူရင္း ျပင္သစ္ဘာသာကေန အဂၤလိပ္ဘာသာကုိ ျပန္ခဲ့ရုံမက သူမရဲ႕အေတြးအေခၚ ၊ ေဖာ္ျမဴလာေတြကိုပါထည့္ေရးခဲ့တာေၾကာင့္ စာတမ္းက မူလထက္ ၃ဆေလာက္ ပုိရွည္သြားခဲ့တယ္။ Algorithm ကိုေရးသားရာမွာ အစ စာလုံးေတြကို သူမနာမည္ Augusta Ada Lovelace ရဲ႕ အတုိေကာက္ A.A.L ကုိ သုံးခဲ့တယ္။ ၁၈၄၃ခုႏွစ္မွာ သူမရဲ႕ ပထမဆုံး ပရုိဂရမ္ကို မိတ္ဆက္ျပသႏုိင္ခဲ့တယ္။ အဲဒီတုန္းက သူမရဲ႕အသက္ဟာ ၂၇ႏွစ္ပဲ ရွိပါေသးတယ္။

သူမရဲ႕ စာတမ္းမွာ စက္အတြက္ ကုဒ္ေတြကုိ ဘယ္လုိဖန္တီးၿပီး ကိန္းဂဏန္းေတြနဲ႔ သေကၤတေတြကုိ ဘယ္လုိအလုပ္လုပ္ေစေၾကာင္း ရွင္းျပထားတယ္။ သူမရဲ႕နည္းလမ္းဟာ ယေန႔ေခတ္ သုံးေနတဲ့ ကြန္ပ်ဴတာ ပရုိဂရမ္နည္းလမ္းေတြနဲ႔ ဆင္ပါတယ္။ ဒါေၾကာင့္ သူမကုိ ပထမဆုံး ကြန္ပ်ဴတာ ပရုိဂရမ္မာ လုိ႔ သတ္မွတ္ၾကျခင္းျဖစ္ပါတယ္။ Ada ရဲ႕ note ေတြဟာ စဦးကြန္ပ်ဴတာေတြအတြက္ အလြန္အေရးပါခဲ့ပါတယ္။ ဒါေပမယ့္ သူမသက္ရွိထင္ရွား ရွိေနဆဲမွာ သူမရဲ႕ လုပ္ေဆာင္မႈဟာ နာမည္မႀကီးခဲ့ပဲ ေသၿပီးမွ နာမည္ႀကီးခဲ့တာျဖစ္ပါတယ္။

သူမဟာ အျခားေငြေၾကးဆုိင္ရာ ပရုိဂရမ္အခ်ဳိ႕ကုိ ေရးသားဖုိ႔ႀကဳိးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ၁၈၃၅ခုႏွစ္မွာေတာ့ William King နဲ႔လက္ထပ္ခဲ့ၿပီးေနာက္ သာယာတဲ့အိမ္ေထာင္ေရးတစ္ခုျဖစ္ခဲ့ပါတယ္။ သားသမီး ၃ေယာက္ရခဲ့ေပမယ့္ ခင္ပြန္းျဖစ္သူရဲ႕ပံ့ပုိးအားေပးမႈေၾကာင့္ Ada ဟာ သူမရဲ႕ ပညာရပ္ေတြကုိ ဆက္လက္ေလ့လာ ႀကဳိးစားခြင့္ရခဲ့ပါတယ္။ သူမတုိ႔ ဇနီးေမာင္ႏွံမွာ ရင္းႏွီးတဲ့မိတ္ေဆြမ်ားစြာ ရွိခဲ့ၿပီး အဲဒီအထဲမွာ လွ်ပ္စစ္ရဲ႕ဖခင္တစ္ေယာက္ျဖစ္တဲ့ ပညာရွင္ႀကီး မုိက္ကယ္ဖာရာေဒး နဲ႔ စာေရးဆရာႀကီး ခ်ားလ္ဒစ္ကင္း တုိ႔လည္းပါ၀င္ပါတယ္။

ပညာထက္ျမက္လြန္းသူျဖစ္ေပမယ့္ Ada အသက္ မရွည္ခဲ့ပါဘူး။ ၁၈၃၇ခုႏွစ္မွာကတည္းက ေရာဂါတစ္ေရွာင္ေရွာင္ျဖစ္ခဲ့ပါတယ္။ အၿမဲလုိလုိ ဆရာ၀န္ေတြေပးတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြကုိ ေသာက္ခဲ့ရေပမယ့္ သူမရဲ႕ ႀကဳိးစားေလ့လာမႈကုိ မေလွ်ာ့ခဲ့ပါဘူး။ သူမ အသက္ ၃၆ႏွစ္အရြယ္ ၁၈၅၂ခုႏွစ္ ႏုိ၀င္ဘာလ ၂၇ ရက္ေန႔မွာေတာ့ သားအိမ္ကင္ဆာနဲ႔ ေသဆုံးသြားခဲ့ပါတယ္။

Ada ရဲ႕နာမည္ဟာ ၁၉၅၀ ခုႏွစ္ မတုိင္မီ အထိ ထင္ေပၚျခင္းမရွိပဲ ကြန္ပ်ဴတာသိပၸံနယ္ပယ္နဲ႔ မပတ္သတ္တဲ့ သခ်ၤာပညာရွင္တစ္ေယာက္အျဖစ္သာ သတ္မွတ္ထားျခင္းခံရပါတယ္။ ဒါေပမယ့္ ၁၉၅၃ခုႏွစ္မွာ အဂၤလိပ္သိပၸံပညာရွင္ နဲ႔ စာေရးဆရာ B.V. Bowden က Ada ရဲ႕ မွတ္စုေတြကုိ Faster Than Thought: A Symposium on Digital Computing Machines ဆုိတဲ့နာမည္နဲ႔ ျပန္လည္ေဖာ္ထုတ္ခဲ့ရာမွ လူသိမ်ားခဲ့ၿပီး ကမာၻေက်ာ္ခဲ့တာပါ။

အမ်ဳိးသမီးတစ္ေယာက္အေနနဲ႔ သူမရဲ႕ စြမ္းေဆာင္မႈအတြက္ နယ္ပယ္အသီးသီးက ခ်ီးက်ဴးမႈေတြကုိ ရရွိခဲ့ပါတယ္။ ၁၉၈၀ခုႏွစ္မွာ အေမရိကန္ ကာကြယ္ေရးဌာနက ကြန္ပ်ဴတာပရုိဂရမ္ အသစ္တစ္ခုရဲ႕ အမည္ကို Ada လုိ႔ေပးၿပီး သူမကုိ ဂုဏ္ျပဳခဲ့ပါတယ္။ သူမေသဆုံးသြားခဲ့တာ ႏွစ္ေပါင္း တစ္ရာေက်ာ္ၿပီျဖစ္ေပမယ့္ ပထမဆုံး ကြန္ပ်ဴတာ ပရိုဂရမ္မာဆိုတဲ့ သူမရဲ႕ ဂုဏ္ပုဒ္က က်န္ရစ္ေနဆဲျဖစ္ပါတယ္။

ဒီလုိမ်ဳိး ကမာၻ နဲ႔ ျမန္မာက စိတ္၀င္စားဖြယ္ ပုဂၢဳိလ္မ်ားရဲ႕ အေၾကာင္းကို အၿမဲဖတ္ခ်င္တယ္ဆုိရင္ သုတဇုန္ေပ့ ကုိ ဆီးဖက္စ္ လုပ္ထားပါ

သုတဇုန္


ကမ္ဘာ့သမိုင်းထဲက ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်မာ (unicode)

ယနေ့ ကမ္ဘာမှာ ပရိုဂရမ် language ပေါင်းများစွာ ရှိနေပြီ ဆိုတာ အားလုံးအသိပါ။ ဒါပေမယ့် ပထမဆုံး ပရိုဂရမ်မာ ကတော့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူရေးခဲ့တဲ့ ပရိုဂရမ်ကတော့ ယနေ့ခေတ်လို Language စစ်စစ်မဟုတ်ပဲ စဦးကွန်ပျူတာလို့ ခေါ်ရမယ့် ​ Analytical Engine ရဲ့ Algorithm ကို ရေးခဲ့သူဖြစ်ပါတယ်။ ၁၈၀၀ ပြည့်နှစ်လွန်ကာလမှာ ရေးတဲ့အတွက် ဒီပရိုဂရမ်ဟာ ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်လို့ သတ်မှတ်ခံရသလို Ada Lovelace ကိုလည်း ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်မာလို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။

တကယ်တော့ Ada ဟာ ကွန်ပျူတာ ပရိုဂရမ်မာ စစ်စစ်မဟုတ်ပါဘူး။ ကျွမ်းကျင်လွန်းတဲ့ သင်္ချာပညာရှင်တစ်ယောက်သာဖြစ်ပါတယ်။ Ada Lovelace ဖြစ်လာမယ့် Ada Byron ကို ၁၈၁၅ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လန်ဒန်မြို့မှာမွေးဖွားခဲ့ပါတယ်။ သူမရဲ့ဖခင်ကတော့ အင်္ဂလိပ်လူမျိုး ကျော်ကြားတဲ့ ကဗျာဆရာ နဲ့ နိုင်ငံရေးသမား Lord Byron ဖြစ်ပါတယ်။

သူမရဲ့ မိခင် နဲ့ ဖခင်ဟာ အိမ်ထောင်ရေးအဆင်မပြေပါဘူး။ ဖခင်ဖြစ်သူဟာ သူမမွေးပြီး လအနည်းငယ်အကြာမှာ မိခင်နဲ့ သူမကို ထားပြီး အင်္ဂလန်ကနေ ထွက်ခွာသွားပါတယ်။ အဲဒီအချိန်က စလို့ သူမ ဖခင်နဲ့ ဘယ်တော့မှ ပြန်မတွေ့တော့ပါဘူး။ (သူမဖခင်ဟာ သူမ ၈နှစ်အရွယ်မှာ ဂရိတွင် သေဆုံးခဲ့ပါတယ်)။

မိခင်ဖြစ်သူဟာ ဖခင်အပေါ် စိတ်နာခဲ့ပြီး သမီးဖြစ်သူကို ဖခင်ရဲ့စိတ် နဲ့ ဝါသနာတွေရောက်ရှိမလာစေဖို့ အပူတပြင်း ကြိုးစားခဲ့ပါတယ်။ ဒါကတော့ Ada ငယ်ရွယ်စဉ်မှာပဲ အရွယ်နဲ့ မလိုက်တဲ့ သင်္ချာနဲ့ သိပ္ပံပညာရပ်တွေကို သင်ကြားစေခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီလိုဘာသာရပ်တွေ သင်ကြားဖို့ဆိုတာ မိန်းကလေး တစ်ယောက်အတွက် တစ်ကယ့်စိန်ခေါ်မှုပါပဲ။ ဒါပေမယ့် မိခင်ဖြစ်သူဟာ Ada ဖခင်ရဲ့လွှမ်းမိုးမှုတွေ Ada အပေါ်မသက်ရောက်စေချင်တာကြောင့် Ada ကိုယ်တိုင် ကြီးကျယ်မြင့်မြတ်သူ တစ်ယောက်ဖြစ်လာစေဖို့ အခုလိုသင်စေခဲ့ခြင်းဖြစ်ပါတယ်။

သူမကို ပညာရပ်တွေ သင်ကြားပေးတဲ့သူတွေကတော့ William Frend လို့ခေါ်တဲ့ ပြုပြင်ပြောင်းလဲရေးသမား ၊ William King ဆိုတဲ့ မိသားစု ဆရာဝန် ၊ Mary Somerville ဆိုတဲ့ သင်္ချာနဲ့ နက္ခတ်ဗေဒပညာရှင် တို့ဖြစ်ပါတယ်။ Somerville ကတော့ တော်ဝင်နက္ခတ်ဗေဒအသင်းကြီးကို ပထမဆုံးဝင်ရောက်ခွင့်ရခဲ့တဲ့ အမျိုးသမီး နက္ခတ်ဗေဒပညာရှင်ဖြစ်ပါတယ်။ Ada ကိုယ်တိုင်ကလည်း ပါ၇မီပါသူဖြစ်တာကြောင့် ဆယ်ကျော်သက်အရွယ်မှာတင် သင်္ချာ နဲ့ နက္ခတ်ဗေဒ ပညာရပ်တွေမှာ ပညာရှင်တစ်ဦးအလား ကိုယ်တိုင်ဖော်မြူလာ အသစ်တွေတွက်ချက်နိုင်တဲ့ အဆင့်အထိရောက်ခဲ့ပါတယ်။

သူမ အသက် ၁၇နှစ်အရွယ်မှာတော့ Charles Babbage နဲ့ သွားဆုံခဲ့ပါတယ်။ Charles Babbage ဆိုတာကတော့ သင်္ချာပညာရှင်နဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး နောင် ကွန်ပျူတာရဲ့ ဖခင်အဖြစ် သတ်မှတ်ခြင်းခံရမယ့် သူပါ။ Mary ကနေ တစ်ဆင့် သိကျွမ်းခဲ့တာဖြစ်ပြီး Charles Babbage တီထွင်နေတဲ့စက်(Analytical Engine) ဒီဇိုင်းကို လေ့လာခွင့်ရခဲ့ပါတယ်။ စက်က အကြမ်းအဆင့်သာရှိသေးပြီး လိုနေတာကတော့ စက်ကို အလုပ်လုပ်စေမယ့် ပရိုဂရမ်ပါ။ Ada စိတ်ဝင်စားသွားပြီး Charles Babbage ကို ကူညီခဲ့တယ်။

Charles Babbage က Ada ကို ပရိုဂရမ်ရေးတဲနေရာမှာ အထောက်အကူဖြစ်စေမယ့် စာတမ်းတစ်စောင်ပေးခဲ့တယ်။ ဒါကတော့ အီတလီသင်္ချာပညာရှင် Luigi Federico Menabrea (နောင်အီတလီ ဝန်ကြီးချုပ်) က ဆွစ်ဂျာနယ်မှာရေးခဲ့တဲ့ စာတမ်းပါ။ Ada က ဒီစာတမ်းကိုလေ့လာပြီး မူရင်း ပြင်သစ်ဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ခဲ့ရုံမက သူမရဲ့အတွေးအခေါ် ၊ ဖော်မြူလာတွေကိုပါထည့်ရေးခဲ့တာကြောင့် စာတမ်းက မူလထက် ၃ဆလောက် ပိုရှည်သွားခဲ့တယ်။ Algorithm ကိုရေးသားရာမှာ အစ စာလုံးတွေကို သူမနာမည် Augusta Ada Lovelace ရဲ့ အတိုကောက် A.A.L ကို သုံးခဲ့တယ်။ ၁၈၄၃ခုနှစ်မှာ သူမရဲ့ ပထမဆုံး ပရိုဂရမ်ကို မိတ်ဆက်ပြသနိုင်ခဲ့တယ်။ အဲဒီတုန်းက သူမရဲ့အသက်ဟာ ၂၇နှစ်ပဲ ရှိပါသေးတယ်။

သူမရဲ့ စာတမ်းမှာ စက်အတွက် ကုဒ်တွေကို ဘယ်လိုဖန်တီးပြီး ကိန်းဂဏန်းတွေနဲ့ သင်္ကေတတွေကို ဘယ်လိုအလုပ်လုပ်စေကြောင်း ရှင်းပြထားတယ်။ သူမရဲ့နည်းလမ်းဟာ ယနေ့ခေတ် သုံးနေတဲ့ ကွန်ပျူတာ ပရိုဂရမ်နည်းလမ်းတွေနဲ့ ဆင်ပါတယ်။ ဒါကြောင့် သူမကို ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်မာ လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ Ada ရဲ့ note တွေဟာ စဦးကွန်ပျူတာတွေအတွက် အလွန်အရေးပါခဲ့ပါတယ်။ ဒါပေမယ့် သူမသက်ရှိထင်ရှား ရှိနေဆဲမှာ သူမရဲ့ လုပ်ဆောင်မှုဟာ နာမည်မကြီးခဲ့ပဲ သေပြီးမှ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

သူမဟာ အခြားငွေကြေးဆိုင်ရာ ပရိုဂရမ်အချို့ကို ရေးသားဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၈၃၅ခုနှစ်မှာတော့ William King နဲ့လက်ထပ်ခဲ့ပြီးနောက် သာယာတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။ သားသမီး ၃ယောက်ရခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ပံ့ပိုးအားပေးမှုကြောင့် Ada ဟာ သူမရဲ့ ပညာရပ်တွေကို ဆက်လက်လေ့လာ ကြိုးစားခွင့်ရခဲ့ပါတယ်။ သူမတို့ ဇနီးမောင်နှံမှာ ရင်းနှီးတဲ့မိတ်ဆွေများစွာ ရှိခဲ့ပြီး အဲဒီအထဲမှာ လျှပ်စစ်ရဲ့ဖခင်တစ်ယောက်ဖြစ်တဲ့ ပညာရှင်ကြီး မိုက်ကယ်ဖာရာဒေး နဲ့ စာရေးဆရာကြီး ချားလ်ဒစ်ကင်း တို့လည်းပါဝင်ပါတယ်။

ပညာထက်မြက်လွန်းသူဖြစ်ပေမယ့် Ada အသက် မရှည်ခဲ့ပါဘူး။ ၁၈၃၇ခုနှစ်မှာကတည်းက ရောဂါတစ်ရှောင်ရှောင်ဖြစ်ခဲ့ပါတယ်။ အမြဲလိုလို ဆရာဝန်တွေပေးတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်ခဲ့ရပေမယ့် သူမရဲ့ ကြိုးစားလေ့လာမှုကို မလျှော့ခဲ့ပါဘူး။ သူမ အသက် ၃၆နှစ်အရွယ် ၁၈၅၂ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ သားအိမ်ကင်ဆာနဲ့ သေဆုံးသွားခဲ့ပါတယ်။

Ada ရဲ့နာမည်ဟာ ၁၉၅၀ ခုနှစ် မတိုင်မီ အထိ ထင်ပေါ်ခြင်းမရှိပဲ ကွန်ပျူတာသိပ္ပံနယ်ပယ်နဲ့ မပတ်သတ်တဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ်သာ သတ်မှတ်ထားခြင်းခံရပါတယ်။ ဒါပေမယ့် ၁၉၅၃ခုနှစ်မှာ အင်္ဂလိပ်သိပ္ပံပညာရှင် နဲ့ စာရေးဆရာ B.V. Bowden က Ada ရဲ့ မှတ်စုတွေကို Faster Than Thought: A Symposium on Digital Computing Machines ဆိုတဲ့နာမည်နဲ့ ပြန်လည်ဖော်ထုတ်ခဲ့ရာမှ လူသိများခဲ့ပြီး ကမ္ဘာကျော်ခဲ့တာပါ။

အမျိုးသမီးတစ်ယောက်အနေနဲ့ သူမရဲ့ စွမ်းဆောင်မှုအတွက် နယ်ပယ်အသီးသီးက ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ ၁၉၈ဝခုနှစ်မှာ အမေရိကန် ကာကွယ်ရေးဌာနက ကွန်ပျူတာပရိုဂရမ် အသစ်တစ်ခုရဲ့ အမည်ကို Ada လို့ပေးပြီး သူမကို ဂုဏ်ပြုခဲ့ပါတယ်။ သူမသေဆုံးသွားခဲ့တာ နှစ်ပေါင်း တစ်ရာကျော်ပြီဖြစ်ပေမယ့် ပထမဆုံး ကွန်ပျူတာ ပရိုဂရမ်မာဆိုတဲ့ သူမရဲ့ ဂုဏ်ပုဒ်က ကျန်ရစ်နေဆဲဖြစ်ပါတယ်။

သုတဇုန်

Leave a Reply