ဆင္စြယ္ အေၾကာင္း သိေကာင္းစရာ

Posted on

ဆင္စြယ္ကို လူတို႔သည္ အလွျပပန္းပုထည္မ်ား ထုလုပ္ ရန္ ေရွးအခါကပင္ သုံးစြဲလာခဲ့ၾကသည္။ အီဂ်စ္လူမ်ိဳးမ်ား ေကာင္းစားစဥ္ေခတ္က ဆင္စြယ္ဘီး၊ ဆင္စြယ္ဆံထိုးစေသာ အသုံးအေဆာင္မ်ားကို အသုံးျပဳခဲ့ၾကေၾကာင္း မွတ္တမ္းမ်ားတြင္ ေတြ႕ရ၏။ ေဆာလမြန္ဘုရင္သည္ ဆင္စြယ္အတိၿပီးေသာ ရာဇ ပလႅင္တစ္ခုကို ထုလုပ္ခဲ့သည္ဟု အဆိုရွိသည္။ ေရွးတ႐ုတ္ လူမ်ိဳးမ်ားသည္ ဆင္စြယ္အသုံးအေဆာင္မ်ားကို အျမတ္တႏိုး အသုံးျပဳခဲ့ၾက၍၊ တ႐ုတ္မင္းမ်ား ကိုယ္တိုင္က ဆင္စြယ္လုပ္ ငန္းကို အထူးခ်ီးျမႇင့္ေျမွာက္စားခဲ့ၾကသည္။

ခရစ္ေတာ္မေပၚမီ ႏွစ္ေပါင္း ၁ဝဝဝ ေက်ာ္က နင္နိဗိၿမိဳ႕၌ အဆီးရီးယန္းလူမ်ိဳး မ်ား ထုလုပ္အသုံးျပဳခဲ့ၾကေသာ ဆင္စြယ္အသုံးအေဆာင္မ်ားကို ၿဗိတိသၽွျပတိုက္ႀကီးတြင္ ယခုတိုင္ေတြ႕ျမင္ႏိုင္သည္။ ၁၃ ရာစု ႏွစ္ႏွင့္ ၁၄ ရာစုႏွစ္မ်ားအတြင္း၌ ထြန္းကားခဲ့သည့္ ေဂါ့သ သုခုမပညာတြင္ ဆင္စြယ္ျဖင့္ထုလုပ္ခဲ့ေသာ ႐ုပ္လုံးမ်ားမွာ အလြန္လွပ၍ လက္ရာေကာင္းမြန္သည့္အတြက္ ထင္ရွားခဲ့ ေလသည္။

ဥေရာပတိုက္သို႔ တင္သြင္းၾကေသာ ဆင္စြယ္မ်ားကို အမ်ားအားျဖင့္ အာဖရိကတိုက္မွ ရရွိသည္။ ဆင္စြယ္အခ်ိဳ႕ကို အိႏၵိယျပည္မွလည္ တင္ေဆာင္ၾက၏။ အာရွတိုက္၊ အေမရိက ေျမာက္ပိုင္းႏွင့္ အထူးသျဖင့္ ဆိုက္ဗီးရီးယားနယ္ေျမာက္ပိုင္း တို႔တြင္ ေရခဲဖုံးေနေသာ ေျမေအာက္၌ ေရွးႏွစ္ေထာင္ေပါင္းမ်ား စြာကနစ္ျမဳပ္ေနသည့္ မမၼတ္ႏွင့္ မတ္စတိုဒြန္ေခၚ ေရွးဆင္႐ိုင္း အေသေကာင္မ်ားမွလည္း ဆင္စြယ္အမ်ားအစား တူးေဖၚရရွိ သည္။ သို႔ေသာ္ ယခုေခတ္ ဆင္စြယ္တို႔ေလာက္ အမ်ိဳးအစား မေကာင္းေခ်။

ဆိုက္ဗီးရီးယားနယ္ရွိ အဆိုပါ ဆင္စြယ္မ်ားကို လြန္ခဲ့သည့္ႏွစ္ေပါင္း ၂ဝဝ ခန္႔က စတင္ တူးေဖၚခဲ့ၾကေသာ္ လည္း ယခုတိုင္ေအာင္ ကုန္ခန္းသည္ဟူ၍ မရွိေသးေပ။ ထို႔ ေၾကာင့္ ကမၻာတြင္ လူတို႔သတ္ျဖတ္သည့္အတြက္ လက္ရွိဆင္ မ်ား မ်ိဳးျပဳတ္သြားသည့္တစ္ေန႔တြင္ ထိုဆင္စြယ္မ်ားကိုပင္ အားထားၾကရေပမည္။ ကမၻာေပၚ၌ ဆင္စြယ္ကို အမ်ားဆုံး ေရာင္းဝယ္ေသာ ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕မွာ လန္ဒန္ၿမိဳ႕ႏွင့္ အန္တြပ္ၿမိဳ႕ မ်ား ျဖစ္ၾက၏။ ထိုၿမိဳ႕ႀကီးႏွစ္ၿမိဳ႕တြင္ တစ္ႏွစ္ တစ္ႏွစ္လၽွင္ ဆင္စြယ္တန္ခ်ိန္ ၁ဝဝဝ မၽွ အေရာင္းအဝယ္ျဖစ္ၾကသည္ဟု သိရေလသည္။

ဆင္စြယ္ရရွိရာ အရပ္ေဒသကိုလိုက္၍ ဆင္စြယ္အေကာင္း အညံ့ရွိသည္။ အေကာင္းဆုံးအမ်ိဳးအစားမွာ အာဖရိကတိုက္ အေရွ႕ပိုင္းမွရသည့္ ဆင္စြယ္မ်ိဳးပင္ျဖစ္၏။ အာဖရိကတိုက္မွ ရရွိေသာ ဆင္စြယ္အေကာင္းစားကို လတ္လတ္ဆတ္ဆတ္ ပိုင္းျဖတ္ၾကည့္လၽွင္ အသား အလြန္ညက္၍အလင္းထိုးေဖာက္ ဝင္ေရာက္ႏိုင္ေၾကာင္း ေတြ႕ရမည္။ အာရွတိုက္မွ ဆင္စြယ္မ်ား မွာ ပို၍ျဖဴ၏။

သို႔ေသာ္ အသားအနည္းငယ္ပြ၍၊ မၾကာမီ အဝါေရာင္ သန္းလာတတ္ၿပီးလၽွင္ အေရာင္တင္ရန္လည္း အာဖရိကဆင္စြယ္ေလာက္ မလြယ္ကူဟု ဆိုေလသည္။ညီညာ လ်က္ ပုံပန္းက်၍၊ မေကာက္လြန္း မလိမ္လြန္းေသာ ဆင္စြယ္ မ်ား၊ အေပၚယံအလႊာ ေခ်ာမႊတ္ပါးလႊာၾကည္လင္လ်က္ အလင္း ေပါက္ေသာ ဆင္စြယ္မ်ားသည္ သာမန္ဆင္စြယ္တို႔ထက္ ပို၍ ေဈးေကာင္း ရတတ္သည္။

ဆင္စြယ္တြင္ အမာႏွင့္အေပ်ာ့ ႏွစ္မ်ိဳးရွိ၏။ သို႔ေသာ္ တိတိက်က် ခြဲျခားေဖၚျပရန္မွာ မလြယ္ကူေခ်။ ေယဘုယ်အား ျဖင့္ ေျပာရေသာ္၊ ဆင္စြယ္အမာမ်ိဳးသည္ ဖန္ကဲ့သို႔ အသြင္ အျပင္ရွိ၍ အလင္းေပါက္သည္။ ခြဲစိတ္ ျဖတ္ေတာက္ရာ၌ ပိုမိုမာေက်ာသည္။ ဆင္စြယ္အေပ်ာ့စားမွာ ေရေငြ႕ပိုမိုပါရွိ၍၊ ရာသီဥတုႏွင့္ အပူ အေအး ေျပာင္းလဲမႈဒဏ္ကို ပိုမိုခံႏိုင္ရည္ ရွိၿပီးလၽွင္၊ လြယ္ကူစြာႏွင့္ ကြဲအက္ျခင္းမရွိေပ။

အာဖရိကတိုက္ တြင္ ဆင္စြယ္အေပ်ာ့မ်ိဳးကို အေရွ႕ပိုင္းမွ၎၊ အမာမ်ိဳးကို အေနာက္ပိုင္းမွ၎ ရရွိတတ္သည္။ ဆင္စြယ္မ်ားကို ကန္႔လန္႔ ျဖတ္ၾကည့္လၽွင္ အေရာင္အမ်ိဳးမ်ိဳးသန္း၍၊ အရက္အရစ္ျဖစ္ေန ေသာ စက္ဝိုင္းပုံအစင္းေၾကာင္းမ်ားကို ေတြ႕ႏိုင္၏။ ဤအမွတ္ အသားမ်ိဳး ပါမပါကို ၾကည့္ျခင္းျဖင့္ ဆင္စြယ္အတုႏွင့္ အစစ္ ကို အလြယ္တကူပင္ ခြဲျခားသိရွိႏိုင္ေပသည္။

ဆင္စြယ္ပင္မဟုတ္ေသာ္လည္း ဆင္စြယ္ကဲ့သို႔ အသုံးျပဳ ႏိုင္ေသာ ဆင္စြယ္အတုမ်ားကို ေရျမင္း၊ ေတာဝက္၊ ဝါးလရပ္ ဖ်ံ၊ နာဝွာလင္းပိုင္၊ စပမ္းေဝလငါးတို႔၏ အစြယ္မ်ားမွရရွိသည္။ သို႔ေသာ္ ယင္းတို႔အားလုံးပင္ ဆင္စြယ္အစစ္ကို မမီၾကေပ။ တိရစၧာန္မ်ားမွရရွိသည့္ ဆင္စြယ္တုမ်ားအျပင္ အပင္မွရရွိေသာ ဆင္စြယ္တုႏွင့္ ဓာတ္ပစၥည္းမ်ားျဖင့္ခ်က္လုပ္ယူေသာ ဆင္စြယ္ တုမ်ားလည္း ရွိေသးသည္။ ဆင္စြယ္တုရရွိ ေသာအပင္မ်ားမွာ ေတာင္အေမရိကတိုက္ အပူပိုင္းေဒသတြင္ ေပါက္ေရာက္တတ္ ေသာ ဖိုက္တီလီဖတ္ေခၚ အပင္ႏွင့္ အေမရိကတိုက္အလယ္ပိုင္း မွ အက္ေတးလီယာေခၚ အပင္တို႔ျဖစ္ၾက၏။

ထိုအပင္မ်ားမွာ ထန္းမ်ိဳး တြင္ပါဝင္၍ လူဦးေခါင္းအ႐ြယ္ခန္႔ရွိေသာ အသီးမ်ား သီးေလ့ရွိသည္။ အသီးတစ္လုံးတစ္လုံးတြင္ အေစ့ သို႔မဟုတ္ အဆန္မ်ားစြာပါရွိ၍ ရင့္မွည့္ေသာအခါ ဆင္စြယ္တမၽွ မာေက်ာ လာသည္။ ယင္းတို႔ကို ၾကယ္သီး၊ ထီးလက္ကိုင္စေသာ အသုံး အေဆာင္မ်ား ျပဳလုပ္ႏိုင္ေလသည္။ ဓာတ္ပစၥည္းမ်ားမွ ခ်က္ယူ ရရွိေသာ ဆင္စြယ္တုမ်ားတြင္ ဆဲလ်ဴလြိဳက္မွ ရရွိေသာ ဗြန္ဇို လင္ႏွင့္ ႏို႔မွရရွိေသာ ဂလာလစ္တို႔မွာ အထင္ရွားဆုံးျဖစ္ၾက၏။

ဆင္စြယ္သည္ အဖိုးတန္သည္ႏွင့္အမၽွ မည္သည့္အစိတ္ အပိုင္းကိုမၽွ စြန္႔ပစ္ရသည္မရွိေအာင္ အသုံးဝင္သည္။ဆင္စြယ္ ကို အထူးသျဖင့္ ဗိလယက္ေဘာလုံး၊၊ စႏၵရားခလုတ္၊စာအုပ္ တန္းထိန္း၊ ထီး႐ိုး၊ ဓား႐ိုး၊ စာအိတ္ဖြင့္ဓား၊ စီးကရက္ေသာက္ တံစသည့္ လူသုံးပစၥည္းမ်ားအျပင္ ႐ုပ္လုံးစသည့္ အလွအပ အသုံးအေဆာင္မ်ား ျပဳလုပ္ၾကသည္။ ဘိလိယက္ေဘာလုံး လုပ္ ေသာဆင္စြယ္မွာ အေကာင္းဆုံးအစားျဖစ္၍၊ အာဖရိကဆင္စြယ္ အေပ်ာ့စားမ်ိဳးျဖစ္၏။

သာမန္ဆင္စြယ္တစ္ေခ်ာင္းမွ ဘိလိယက္ ေဘာလုံး သုံးလုံးသာ ျပဳလုပ္ႏိုင္သည္ဟုဆိုသည္။ ဆင္စြယ္ကို တိုက္ျဖတ္ရာ၌ရရွိေသာ အမႈန္႔မ်ားကို အေရာင္တင္ေဆးမႈန္႔ အျဖစ္ အသုံးခ်၍၊ မင္တစ္မ်ိဳးကိုလည္း ျပဳလုပ္ႏိုင္သည္။ အစ အနမ်ားကိုမူ အျခားပစၥည္းမ်ားတြင္ ျမႇဳပ္ႏွံ၍ အကြက္ေဖၚရန္ ႏွင့္ အျခားအလွသုံးပစၥည္းအေသးစားမ်ား ျပဳလုပ္ရာ၌ အသုံး ခ်ရေလသည္။

ျမန္မာႏိုင္ငံ၌ ဆင္စြယ္ကို အဖ်ားမွ အရင္းအထိ ပန္းခက္ ပန္းႏြယ္မ်ား၊ ႐ုပ္လုံးမ်ားကို စြယ္စုံပန္းပုထု၍ ဘုရားေက်ာင္း ေဆာင္မ်ား၌ လႉဒါန္းျခင္း၊ အိမ္မ်ား၌ အလွအပထားျခင္းဓေလ့ ရွိခဲ့ေပသည္။ ဆင္စြယ္႐ုပ္လုံးမ်ား၊ ေလွ၊ လွည္းသဏၭာန္မ်ားကို အလွအပ ပစၥည္းငယ္မ်ားအျဖစ္ျဖင့္လည္း ပန္းပုထုၾကသည္။ လူသုံး ပစၥည္းအျဖစ္ျဖင့္ ဆင္စြယ္ဘီး၊ ဆင္စြယ္ၾကယ္သီး၊ ဆင္စြယ္ဆံထိုး၊ ဆင္စြယ္ပုတီးမ်ား ျပဳလုပ္၍လည္း သုံးစြဲၾက သည္။

ဆင္စြယ္နက္

ျမန္မာႏုိင္ငံ ဖားကန္႔ၿမဳိ႕ကံဆီးေဒသတြင္ လြန္ခဲ့ေသာႏွစ္ ၁၀၀ ခန္႔က ဆင္စြယ္နက္ေပၚခဲ့ဖူးသည္။ အလ်ား ၆ ေပ၊ အနံ ၇ လက္မ ရွိသည့္ ဆင္စြယ္နက္အစံုကို မုဆိုးေတြက ကံဆီးေစာ္ဘြားထံ ဆက္သခဲ့ျခင္းျဖစ္သည္။ လြတ္လပ္ေရးရၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ဦးႏုက ယင္းဆင္စြယ္နက္ကို ကံဆီးဒူဝါ ဆင္ဝါးေနာင္ထံမွာ သံုးႏွစ္ငွားရမ္းခဲ့ၿပီး ရန္ကုန္မွာ အမ်ားျပည္သူ ၾကည့္႐ႈဖို႔ ျပသထားခဲ့ဖူးသည္။  ျမန္မာသကၠရာဇ္ ၁၃၁၇ မွာေတာ့ ဆင္ဝါးေနာင္က ျပန္လည္ သိမ္းယူ သြားခဲ့သည္။ ယခုအခ်ိန္တြင္ေတာ့ အဆိုပါ ဆင္စြယ္နက္သည္ မည္သူ႔ထံေရာက္ေနၿပီဆုိတာ အတိအက်မသိၾကေတာ့ပဲ ေပ်ာက္ကြယ္ခဲ့ၿပီျဖစ္သည္။

ျမန္မာ့စြယ္စုံက်မ္း ၊ အတြဲ ၄


ဆင်စွယ်များ အကြောင်း သိကောင်းစရာ (unicode)

ဆင်စွယ်ကို လူတို့သည် အလှပြပန်းပုထည်များ ထုလုပ် ရန် ရှေးအခါကပင် သုံးစွဲလာခဲ့ကြသည်။ အီဂျစ်လူမျိုးများ ကောင်းစားစဉ်ခေတ်က ဆင်စွယ်ဘီး၊ ဆင်စွယ်ဆံထိုးစသော အသုံးအဆောင်များကို အသုံးပြုခဲ့ကြကြောင်း မှတ်တမ်းများတွင် တွေ့ရ၏။ ဆောလမွန်ဘုရင်သည် ဆင်စွယ်အတိပြီးသော ရာဇ ပလ္လင်တစ်ခုကို ထုလုပ်ခဲ့သည်ဟု အဆိုရှိသည်။ ရှေးတရုတ် လူမျိုးများသည် ဆင်စွယ်အသုံးအဆောင်များကို အမြတ်တနိုး အသုံးပြုခဲ့ကြ၍၊ တရုတ်မင်းများ ကိုယ်တိုင်က ဆင်စွယ်လုပ် ငန်းကို အထူးချီးမြှင့်မြှောက်စားခဲ့ကြသည်။

ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ကျော်က နင်နိဗိမြို့၌ အဆီးရီးယန်းလူမျိုး များ ထုလုပ်အသုံးပြုခဲ့ကြသော ဆင်စွယ်အသုံးအဆောင်များကို ဗြိတိသျှပြတိုက်ကြီးတွင် ယခုတိုင်တွေ့မြင်နိုင်သည်။ ၁၃ ရာစု နှစ်နှင့် ၁၄ ရာစုနှစ်များအတွင်း၌ ထွန်းကားခဲ့သည့် ဂေါ့သ သုခုမပညာတွင် ဆင်စွယ်ဖြင့်ထုလုပ်ခဲ့သော ရုပ်လုံးများမှာ အလွန်လှပ၍ လက်ရာကောင်းမွန်သည့်အတွက် ထင်ရှားခဲ့ လေသည်။

ဥရောပတိုက်သို့ တင်သွင်းကြသော ဆင်စွယ်များကို အများအားဖြင့် အာဖရိကတိုက်မှ ရရှိသည်။ ဆင်စွယ်အချို့ကို အိန္ဒိယပြည်မှလည် တင်ဆောင်ကြ၏။ အာရှတိုက်၊ အမေရိက မြောက်ပိုင်းနှင့် အထူးသဖြင့် ဆိုက်ဗီးရီးယားနယ်မြောက်ပိုင်း တို့တွင် ရေခဲဖုံးနေသော မြေအောက်၌ ရှေးနှစ်ထောင်ပေါင်းများ စွာကနစ်မြုပ်နေသည့် မမ္မတ်နှင့် မတ်စတိုဒွန်ခေါ် ရှေးဆင်ရိုင်း အသေကောင်များမှလည်း ဆင်စွယ်အများအစား တူးဖေါ်ရရှိ သည်။ သို့သော် ယခုခေတ် ဆင်စွယ်တို့လောက် အမျိုးအစား မကောင်းချေ။

ဆိုက်ဗီးရီးယားနယ်ရှိ အဆိုပါ ဆင်စွယ်များကို လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝဝ ခန့်က စတင် တူးဖေါ်ခဲ့ကြသော် လည်း ယခုတိုင်အောင် ကုန်ခန်းသည်ဟူ၍ မရှိသေးပေ။ ထို့ ကြောင့် ကမ္ဘာတွင် လူတို့သတ်ဖြတ်သည့်အတွက် လက်ရှိဆင် များ မျိုးပြုတ်သွားသည့်တစ်နေ့တွင် ထိုဆင်စွယ်များကိုပင် အားထားကြရပေမည်။ ကမ္ဘာပေါ်၌ ဆင်စွယ်ကို အများဆုံး ရောင်းဝယ်သော မြို့ကြီးနှစ်မြို့မှာ လန်ဒန်မြို့နှင့် အန်တွပ်မြို့ များ ဖြစ်ကြ၏။ ထိုမြို့ကြီးနှစ်မြို့တွင် တစ်နှစ် တစ်နှစ်လျှင် ဆင်စွယ်တန်ချိန် ၁ဝဝဝ မျှ အရောင်းအဝယ်ဖြစ်ကြသည်ဟု သိရလေသည်။

ဆင်စွယ်ရရှိရာ အရပ်ဒေသကိုလိုက်၍ ဆင်စွယ်အကောင်း အညံ့ရှိသည်။ အကောင်းဆုံးအမျိုးအစားမှာ အာဖရိကတိုက် အရှေ့ပိုင်းမှရသည့် ဆင်စွယ်မျိုးပင်ဖြစ်၏။ အာဖရိကတိုက်မှ ရရှိသော ဆင်စွယ်အကောင်းစားကို လတ်လတ်ဆတ်ဆတ် ပိုင်းဖြတ်ကြည့်လျှင် အသား အလွန်ညက်၍အလင်းထိုးဖောက် ဝင်ရောက်နိုင်ကြောင်း တွေ့ရမည်။ အာရှတိုက်မှ ဆင်စွယ်များ မှာ ပို၍ဖြူ၏။

သို့သော် အသားအနည်းငယ်ပွ၍၊ မကြာမီ အဝါရောင် သန်းလာတတ်ပြီးလျှင် အရောင်တင်ရန်လည်း အာဖရိကဆင်စွယ်လောက် မလွယ်ကူဟု ဆိုလေသည်။ညီညာ လျက် ပုံပန်းကျ၍၊ မကောက်လွန်း မလိမ်လွန်းသော ဆင်စွယ် များ၊ အပေါ်ယံအလွှာ ချောမွှတ်ပါးလွှာကြည်လင်လျက် အလင်း ပေါက်သော ဆင်စွယ်များသည် သာမန်ဆင်စွယ်တို့ထက် ပို၍ ဈေးကောင်း ရတတ်သည်။

ဆင်စွယ်တွင် အမာနှင့်အပျော့ နှစ်မျိုးရှိ၏။ သို့သော် တိတိကျကျ ခွဲခြားဖေါ်ပြရန်မှာ မလွယ်ကူချေ။ ယေဘုယျအား ဖြင့် ပြောရသော်၊ ဆင်စွယ်အမာမျိုးသည် ဖန်ကဲ့သို့ အသွင် အပြင်ရှိ၍ အလင်းပေါက်သည်။ ခွဲစိတ် ဖြတ်တောက်ရာ၌ ပိုမိုမာကျောသည်။ ဆင်စွယ်အပျော့စားမှာ ရေငွေ့ပိုမိုပါရှိ၍၊ ရာသီဥတုနှင့် အပူ အအေး ပြောင်းလဲမှုဒဏ်ကို ပိုမိုခံနိုင်ရည် ရှိပြီးလျှင်၊ လွယ်ကူစွာနှင့် ကွဲအက်ခြင်းမရှိပေ။ အာဖရိကတိုက် တွင် ဆင်စွယ်အပျော့မျိုးကို အရှေ့ပိုင်းမှ၎င်း၊ အမာမျိုးကို အနောက်ပိုင်းမှ၎င်း ရရှိတတ်သည်။ ဆင်စွယ်များကို ကန့်လန့် ဖြတ်ကြည့်လျှင် အရောင်အမျိုးမျိုးသန်း၍၊ အရက်အရစ်ဖြစ်နေ သော စက်ဝိုင်းပုံအစင်းကြောင်းများကို တွေ့နိုင်၏။ ဤအမှတ် အသားမျိုး ပါမပါကို ကြည့်ခြင်းဖြင့် ဆင်စွယ်အတုနှင့် အစစ် ကို အလွယ်တကူပင် ခွဲခြားသိရှိနိုင်ပေသည်။

ဆင်စွယ်ပင်မဟုတ်သော်လည်း ဆင်စွယ်ကဲ့သို့ အသုံးပြု နိုင်သော ဆင်စွယ်အတုများကို ရေမြင်း၊ တောဝက်၊ ဝါးလရပ် ဖျံ၊ နာဝှာလင်းပိုင်၊ စပမ်းဝေလငါးတို့၏ အစွယ်များမှရရှိသည်။ သို့သော် ယင်းတို့အားလုံးပင် ဆင်စွယ်အစစ်ကို မမီကြပေ။ တိရစ္ဆာန်များမှရရှိသည့် ဆင်စွယ်တုများအပြင် အပင်မှရရှိသော ဆင်စွယ်တုနှင့် ဓာတ်ပစ္စည်းများဖြင့်ချက်လုပ်ယူသော ဆင်စွယ် တုများလည်း ရှိသေးသည်။ ဆင်စွယ်တုရရှိ သောအပင်များမှာ တောင်အမေရိကတိုက် အပူပိုင်းဒေသတွင် ပေါက်ရောက်တတ် သော ဖိုက်တီလီဖတ်ခေါ် အပင်နှင့် အမေရိကတိုက်အလယ်ပိုင်း မှ အက်တေးလီယာခေါ် အပင်တို့ဖြစ်ကြ၏။

ထိုအပင်များမှာ ထန်းမျိုး တွင်ပါဝင်၍ လူဦးခေါင်းအရွယ်ခန့်ရှိသော အသီးများ သီးလေ့ရှိသည်။ အသီးတစ်လုံးတစ်လုံးတွင် အစေ့ သို့မဟုတ် အဆန်များစွာပါရှိ၍ ရင့်မှည့်သောအခါ ဆင်စွယ်တမျှ မာကျော လာသည်။ ယင်းတို့ကို ကြယ်သီး၊ ထီးလက်ကိုင်စသော အသုံး အဆောင်များ ပြုလုပ်နိုင်လေသည်။ ဓာတ်ပစ္စည်းများမှ ချက်ယူ ရရှိသော ဆင်စွယ်တုများတွင် ဆဲလျူလွိုက်မှ ရရှိသော ဗွန်ဇို လင်နှင့် နို့မှရရှိသော ဂလာလစ်တို့မှာ အထင်ရှားဆုံးဖြစ်ကြ၏။

ဆင်စွယ်သည် အဖိုးတန်သည်နှင့်အမျှ မည်သည့်အစိတ် အပိုင်းကိုမျှ စွန့်ပစ်ရသည်မရှိအောင် အသုံးဝင်သည်။ဆင်စွယ် ကို အထူးသဖြင့် ဗိလယက်ဘောလုံး၊၊ စန္ဒရားခလုတ်၊စာအုပ် တန်းထိန်း၊ ထီးရိုး၊ ဓားရိုး၊ စာအိတ်ဖွင့်ဓား၊ စီးကရက်သောက် တံစသည့် လူသုံးပစ္စည်းများအပြင် ရုပ်လုံးစသည့် အလှအပ အသုံးအဆောင်များ ပြုလုပ်ကြသည်။ ဗိလိယက်ဘောလုံး လုပ် သောဆင်စွယ်မှာ အကောင်းဆုံးအစားဖြစ်၍၊ အာဖရိကဆင်စွယ် အပျော့စားမျိုးဖြစ်၏။

သာမန်ဆင်စွယ်တစ်ချောင်းမှ ဗိလိယက် ဘောလုံး သုံးလုံးသာ ပြုလုပ်နိုင်သည်ဟုဆိုသည်။ ဆင်စွယ်ကို တိုက်ဖြတ်ရာ၌ရရှိသော အမှုန်းများကို အရောင်တင်ဆေးမှုန့် အဖြစ် အသုံးချ၍၊ မင်တစ်မျိုးကိုလည်း ပြုလုပ်နိုင်သည်။ အစ အနများကိုမူ အခြားပစ္စည်းများတွင် မြှုပ်နှံ၍ အကွက်ဖေါ်ရန် နှင့် အခြားအလှသုံးပစ္စည်းအသေးစားများ ပြုလုပ်ရာ၌ အသုံး ချရလေသည်။

မြန်မာနိုင်ငံ၌ ဆင်စွယ်ကို အဖျားမှ အရင်းအထိ ပန်းခက် ပန်းနွယ်များ၊ ရုပ်လုံးများကို စွယ်စုံပန်းပုထု၍ ဘုရားကျောင်း ဆောင်များ၌ လှူဒါန်းခြင်း၊ အိမ်များ၌ အလှအပထားခြင်းဓလေ့ ရှိခဲ့ပေသည်။ ဆင်စွယ်ရုပ်လုံးများ၊ လှေ၊ လှည်းသဏ္ဌာန်များကို အလှအပ ပစ္စည်းငယ်များအဖြစ်ဖြင့်လည်း ပန်းပုထုကြသည်။ လူသုံး ပစ္စည်းအဖြစ်ဖြင့် ဆင်စွယ်ဘီး၊ ဆင်စွယ်ကြယ်သီး၊ ဆင်စွယ်ဆံထိုး၊ ဆင်စွယ်ပုတီးများ ပြုလုပ်၍လည်း သုံးစွဲကြ သည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၄

Leave a Reply