ဗုိလ္ခ်ဳပ္ေအာင္ဆန္းအရင္ ျပည္သူ႔အခ်စ္ေတာ္ တစ္ေယာက္ (သုိ႔) ဦးထြန္းရွိန္

Posted on

တစ္ခါက ေက်ာင္းသား ၄-၅ ေယာက္သည္ ေက်ာင္းစည္းကမ္းကုိ ခြင့္မလႊတ္ႏုိင္ေအာင္ ေဖာက္ဖ်က္သျဖင့္ မလႊဲမေရွာင္သာပဲ ေက်ာင္းထုတ္ပစ္လုိက္ရပါတယ္။ ထုိအခါ ေက်ာင္းထုတ္ခံရေသာ ေက်ာင္းသားမ်ားက စိတ္အလြန္ဆုိးၿပီး ခဲ ႏွင့္ ၀ိုင္းေပါက္ၾကတယ္။ မွန္အခ်ဳိ႕ကြဲသလုိ အခ်ဳိ႕ေနရာမ်ားတြင္ ခဲအရာမ်ား က်န္ေနတဲ့အတြက္ အမႈထမ္းမ်ားက ျပင္ဆင္မည္ျပဳရာ ေက်ာင္းအုပ္ဆရာႀကီးက လက္မခံ ဒီအတုိင္းထားရမည္ဟု ေျပာပါတယ္။ မွန္ကန္စြာ စီရင္မႈအတြက္ ခဲေပါက္ခံရျခင္းသည္ ဂုဏ္ပင္ ရွိေသးသည္ဟု ဆုိခဲ့ပါတယ္။ ထုိေက်ာင္းအုပ္ဆရာႀကီး၏အမည္မွာ ဦးထြန္းရွိန္ ျဖစ္ပါတယ္။

ဦးထြန္းရွိန္ ဟု ဆုိလုိက္လွ်င္ ေဖ-ပု-ရွိန္ ဟူ၍ အားလုံးသိၿပီးျဖစ္မွာပါ။ သုိ႔ေသာ ေဖ-ပု-ရွိန္ မွလြဲ၍ ဦးထြန္းရွိန္အေၾကာင္းကုိ မ်ားမ်ားစားစား သိေလ့မရွိၾကပါ။ ဦးထြန္းရွိန္သည္ ပုသိမ္ဇာတိျဖစ္ပါတယ္။ ေမြးစက တစ္ကိုယ္လုံး ေဆးဆုိးထားသလုိ နီေနတဲ့အတြက္ ေမာင္တာရဲ လုိ႔အမည္ေပးၾကပါတယ္။ အလြန္ရဲသလုိ ၊ အေဆာ့လည္း သန္ပါတယ္။ သူ႔ဖခင္က “တာရဲ နာမည္နဲ႔လုိက္ေအာင္ တာေပၚမွာေလွ်ာက္ၿပီး ရဲေနေတာ့မယ္ ၊ နာမည္ေျပာင္းမွသင့္မယ္” ဟုဆုိကာ တာရဲ အမည္ကုိေဖ်ာက္ကာ ေမာင္ထြန္းရွိန္ လုိ႔ေျပာင္းလုိက္ပါတယ္။

ငယ္စဥ္ကလည္းက သတၱိအလြန္ေကာင္းသလုိ ကတိလည္းအလြန္တည္သူျဖစ္ပါတယ္။ ဥာဏ္လည္းေကာင္းသည့္ အေလွ်ာက္ အတန္းတုိင္းတြင္ ထိပ္ဆုံးမွ ေအာင္ျမင္ခဲ့ပါတယ္။ ေကာလိပ္ေက်ာင္းသားဘ၀ကပင္ ရန္ကုန္ၿမဳိ႕အေပ်ာ္တမ္းလက္နက္ကုိင္စစ္တပ္(Rangoon Volunteer Rifles) သုိ႔ ၀င္ခဲ့ပါတယ္။ ဥေရာပတုိက္သားမ်ားသာ၀င္လုိ႔ရသာျဖစ္တာေၾကာင့္ တီအိုရွိန္း (T.O’ Shane) ဟူ ေသာ နာမည္ေျပာင္းကာ ၀င္ေရာက္ခဲ့ပါတယ္။ အားကစားအလြန္လုိက္စားသူ ျဖစ္ၿပီး ေျပး ၊ ခုန္ ၊ ပစ္ ႏွင့္ လက္ေ၀ွ႔တုိ႔တြင္ ထူးခြ်န္ခဲ့ပါတယ္။ ေငြေၾကးမျပည့္စုံေသာ္လည္း ရွိသမွ်ကုိ ရက္ေရာစြာေပးကမ္းေလ့ရွိပါတယ္။ လုိအပ္ရင္ သူ၏အကၤ်ီကုိခြ်တ္၍ ေပးဖုိ႔၀န္မေလးသူလည္း ျဖစ္ပါတယ္။

၀ိဇၨာေနာက္ဆုံးတန္းတြင္ ႏုိင္ငံေရးကုိ စတင္လုိက္စားခဲ့ပါတယ္။ ၂၁ ႏွစ္တြင္ ဘီေအေအာင္ၿပီးေနာက္ ၂၂ ႏွစ္တြင္ ဗုဒၶသာသနာ့နဂၢဟေက်ာင္း၏ ေက်ာင္းအုပ္ႀကီးျဖစ္လာခဲ့ပါတယ္။ ၂၂ ႏွစ္ ဟူေသာ အရြယ္မွာ ယေန႔ေခတ္လူငယ္မ်ားအတြက္ေတာ့ ေလလုိ႔ ေကာင္းတုန္းအခ်ိန္ပဲ ရွိပါေသးတယ္။ အသက္ငယ္ေသာ္လည္း ေက်ာင္းအား မ်ားစြာဖြံၿဖိဳးတုိးတက္ေအာင္ ေဆာင္ရြက္ႏုိင္ခဲ့ပါတယ္။ ဦးထြန္းရွိန္ေရာက္စ က ေက်ာင္းမွာ အလယ္ေဆာင္ တစ္ေဆာင္သာ ရွိေသာ္လည္း ေနာက္ႏွစ္ႏွစ္ အၾကာမွာ ေနာက္ထပ္ ၂ ေဆာင္ကုိ ေဆာက္ႏုိင္ခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

ထုိစဥ္က ဦးထြန္းရွိန္ဟာ အလုပ္လုပ္ခ်ိန္မွာ ည ၁ခ်က္တီး ၂ခ်က္တီး အထိမနားတမ္း အလုပ္ကုိ လုပ္ႏုိင္သူျဖစ္ပါတယ္။ ေက်ာင္းအုပ္တာ၀န္ထမ္းေနစဥ္ အတြင္းမွာပင္ အျခားအဖြဲ႔မ်ားစြာတြင္လည္း အတြင္းေရးမွဴး ၊ ဒုတိယဥကၠဌမ်ားအျဖစ္ ထမ္းေဆာင္ေနသူျဖစ္ရာ လူငယ္ျဖစ္ေသာ္လည္း ဦးထြန္းရွိန္အတြက္ ကုိယ္ပုိင္အခ်ိန္ဆုိတာ မရွိခဲ့ပါ။ မ်ဳိးခ်စ္စိထန္ ျပင္းထန္သည္ႏွင့္ အမွ် အမ်ားအက်ဳိးကုိ မနားမေနေဆာင္ရြက္တတ္ခဲ့သူ ျဖစ္ပါတယ္။

၁၉၁၈ ခုႏွစ္မွာ အဂၤလိပ္တုိ႔ ျမန္မာျပည္အတြက္ ေရးဆြဲခဲ့ေသာ စီမံကိ္န္းမ်ားကုိ ျပည္သူမ်ား မႏွစ္သက္ၾကသျဖင့္ တစ္ႏုိင္ငံလုံး ဆူပူကန္႔ကြက္ခဲ့ၾကပါတယ္။ ဒီအတြက္ ၀ုိင္အမ္ဘီေအ အသင္းႀကီးက ကုိယ္စားလွယ္သုံးဦးကုိ လႊတ္ရာ ဦးပု၊ ဦးဘေဘ ၊ ဦးထြန္းရွိန္ တုိ႔ကုိ ေရြးခ်ယ္ခဲ့ပါတယ္။ ျမန္မာျပည္ရွိ ပညာမင္းႀကီး မတ္ဟန္းတားက ႏုိင္ငံေရး ကိစၥကုိ စြန္႔လွ်င္စြန္႔ ၊ မစြန္႔လွ်င္ ေက်ာင္းအုပ္ ရာထူးကုိ စြန္႔ဟု ဦးထြန္းရွိန္အား အေၾကာင္းၾကားခဲ့ပါတယ္။ ဦးထြန္းရွိန္က ေတြေ၀မႈမရွိပဲ ခ်က္ခ်င္းပင္ ေက်ာင္းအုပ္ရာထူးမွ ႏုတ္ထြက္လုိက္ပါတယ္။

ေဖ ၊ ပု ၊ ရွိန္ တုိ႔ဟာ အဂၤလန္ရွိ အာဏာပုိင္မ်ားအား အေရးဆုိေနစဥ္ အတြင္း အဂၤလန္ရွိအသင္းအဖြဲ႔မ်ားအား ျမန္မာျပည္အေၾကာင္း သိေစဖုိ႔ လုိက္လံေဟာေျပာခဲ့ပါတယ္။ ထုိအထဲတြင္ အဂၤလိပ္စကားေျပာ အလြန္ေကာင္းလွေသာ ဦးထြန္းရွိန္အား အဂၤလန္ျပည္သူျပည္သားမ်ားက သူတုိ႔နန္းရင္း၀န္ေဟာင္း ကဲ့သုိ႔ပင္ စကားေျပာေကာင္းလွသည္ ဟု ခ်ီးမြမ္းၾကပါတယ္။ ထုိ႔ေနာက္ျမန္မာျပည္သုိ႔ ျပန္လာရာ ျမန္မာျပည္သူမ်ား အားရ၀မ္းသာ ႀကဳိဆုိခဲ့ၾကပါတယ္။

ဦးထြန္းရွိန္သည္ ဇြဲလံု႔လေကာင္း၏။ အလုပ္တခုကို ျဖစ္ေျမာက္ၿပီးျပတ္ေအာင္ လုပ္လိုေသာသေဘာရွိသည္။ စကားေျပာလည္း ေကာင္း၏။ မည္သည့္အရာမဆုိ ပြင့္လင္းရိုးသားစြာ ေျပာတတ္သည္။ သူတပါး၏ အတင္းအဖ်င္းတို႔ကိုလည္း မေျပာ၊ နားလည္းေထာင္ေလ့မရွိေခ်။ သဒၶါတရားထက္သန္၍ ေပါင္းသင္းဆက္ဆံ ေရးဆံ့သည့္။ ေရွ႕ေဆာင္ေရွ႕ရြက္ျပဳကာ စီမံခန္႔ခြဲပိုင္ေသာ အရည္အေသြးလည္းရွိသည္။ သခင္ကုိယ္ေတာ္မႈိင္းႏွင့္ အျခားလူႀကီးမ်ား ျပည္သူမ်ားက ဦးထြန္းရွိန္အေပၚ အလြန္အားထားၾကပါတယ္။ အားထားမယ္ ဆုိလည္း အားထားစရာပါ။

အသက္ ၃၀ မျပည့္ေသးတဲ့ ဦးထြန္းရွိန္ဟာ ၅လအတြင္း ၿမဳိ႕ေပါင္း ၆၀ နီးပါးကုိ ေဟာေျပာႏုိင္ခဲ့ပါတယ္။ ဦးထြန္းရွိန္ရဲ႕ အေျပာအေဟာမ်ားဟာ ျမန္မာျပည္သူမ်ား မ်ဳိးခ်စ္စိတ္မ်ား ရွင္သန္လာေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ မီးခဲျပာဖုံးျဖစ္ေနတဲ့ ဇာတိမာန္ နဲ႔ ႏုိင္ငံခ်စ္စိတ္တုိ႔ရဲရဲေတာက္လာၾကကာ ဖိႏွိပ္ခံဘ၀ေခါင္းငုံခံေနရာမွ ေခါင္းေထာင္ထလာၾကပါတယ္။ တစ္တုိင္းျပည္လုံး၏ အားကုိးခ်စ္ခင္ျခင္းကုိ ခံခဲ့ရပါတယ္။ သခင္ကုိယ္ေတာ္မႈိင္းကုိယ္တုိင္ကလည္း”ျမန္မာျပည္တြင္ အာဇာနည္ေယာက်ၤားတစ္ေယာက္ ထြန္းေပါက္လာၿပီ” ဟု ခံယူပါတယ္။

သုိ႔ေသာ္ ဦးထြန္းရွိန္ဟာ ႏုိင္ငံအတြက္ သူလုပ္ေပးခ်င္သမွ်ကုိ လုပ္မသြားႏုိင္ခဲ့ပဲ အျပင္းဖ်ားကာ ကြယ္လြန္သြားခဲ့ပါတယ္။ ၁၉၂၀ ေမလ ၂၂ ရက္ေန႔မွာ ကညြတ္ကြင္းၿမဳိ႕မွာ ဖ်ားနာလ်က္ႏွင့္ မနားပဲ တရားေဟာခဲ့ပါတယ္။ ထုိတရားပြဲမွာ သူ၏ ေနာက္ဆုံးတရားပြဲ ျဖစ္ခဲ့ပါတယ္။ ေမလ ၂၃ ရက္ေန႔ အျပင္းဖ်ားရာမွ ေဆးတုိက္သုိ႔ တင္၍ ကုသပါေသာ္လည္း မရေတာ့ပဲ ကြယ္လြန္သြားခဲ့ရရွာပါတယ္။ ထိုစဥ္က သူ၏ အသက္မွာ ၂၉ႏွစ္ သာ ရွိေသးတဲ့အတြက္ တစ္တုိင္းျပည္လုံး ယူႀကဳံးမရျဖစ္ခဲ့ရပါတယ္။ျပည္သူ႔အခ်စ္ေတာ္ ဦးထြန္းရွိန္၏ စ်ာပနဟာ ျမန္မာျပည္၏ အႀကီးမားဆုံး စ်ာပန သုံးခုထဲက တစ္ခုျဖစ္ခဲ့ပါတယ္။(က်န္တဲ့ ႏွစ္ခုမွာ ဗုိလ္ေအာင္ေက်ာ္စ်ာပန ႏွင့္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား စ်ာပန ပင္ျဖစ္ပါတယ္)။ လုိက္လံ ပုိ႔ေဆာင္သူေပါင္း ၁သိန္းခန္႔ရွိခဲ့ပါတယ္။ စ်ာပန အခမ္းအနားကုိ ဦးအုန္းေမာင္က ရုပ္ရွင္အျဖစ္ရုိက္ကူးရာမွ ျမန္မာ့ပထမဆုံး သတင္းရုပ္ရွင္ကားျဖစ္ခဲ့ပါတယ္။

ထိုစဥ္က ဝိုင္အမ္ဘီေအအသင္းမွ ျဖန္႔ခ်ိေသာ ဦးထြန္းရွိန္၏အသုဘဖိတ္ၾကားစာတြင္ “ဘိလပ္ျပန္ ျမန္မာကိုယ္စားလွယ္ႀကီး အသက္ ၂၉ ႏွစ္အရြယ္ရွိ ဦးထြန္းရွိန္သည္ အထက္ျမန္မာျပည္ ၿမိဳ႕ရြာေပါင္း ၄၀ ေက်ာ္တို႔ကို လွည့္လည္ေဟာေျပာ၍ တိုင္းက်ဳိးျပည္က်ဳိး သာသနာေတာ္၏ အက်ဳိးကို ေန႔ေရာညပါ သယ္ပိုးေဆာင္ရြက္ရာတြင္ အပင္ပန္းလြန္းသျဖင့္ ေသြးေလေခ်ာက္ခ်ားဓါတ္ေဖာက္ျပားလ်က္ အပန္းေရာက္ဂါ ကပ္ ေရာက္လာေသာေၾကာင့္” ဟု ေဖၚျပထားပါတယ္။

အရြယ္ငယ္ငယ္ႏွင့္ ဆုံးပါးသြားရွာတဲ့ ဦးထြန္းရွိန္အတြက္ ဆရာႀကီးသခင္ကုိယ္ေတာ္မႈိင္းက ယူက်ဳံးမရျဖစ္ကာ ေအာက္ပါ ေလးခ်ဳိးႀကီးကုိ ဖြဲ႔ဆုိတမ္းတခဲ့ပါတယ္။

ေဒါင္းအေမ ေဆြတမိမွာျဖင့္
မေကာင္းေစ ေျဖမခ်ိႏုိင္ဘူး
ေနမထိ ထုိင္မသာ။
သားတစ္ေယာက္ကယ္ႏွင့္

တအားေျမာက္ၿပီလုိ႔
ခါးေထာက္ကာ ဟန္ပန္ယူသမုိ႔
ျမန္ဇဗၺဴ ေမ့ဘက္ေတာ္သားေတြႏွင့္
အလွ်ံတလူလူ အေရွ႕ဘက္ေနာ္

ၾကြားမဟဲ့လုိ႔
ထားမိစိတ္မွာ။
ျဗဟၼာစုိရ္ တကယ္ရြယ္ရည္
ဟိတ္ေတြေၾကာင့္

ကုိယ္စားလွယ္ ‘ဒယ္လီဂိတ္တယ္’ လုိ႔
နတ္ျပည္မိတ္တကြ ၾကည္သာတယ္
သမၼတ တည္ပါတဲ့ ဇာနည္ဖြား။
ေတြးၾကည့္လွ်င္

ေမြးမိခင္ ငါ့အေမမွာျဖင့္
ၾကာေလေလစိတ္မေကာင္းေအာင္လုိ႔
ခပ္ျမန္ျမ၀န္ နတ္ဌာန္
ေျပာင္းေရာ့သေလာ့

ေသမင္းတမန္ကုိ အေမခြင့္ပန္လုိ႔
ေတာင္းခ်င္ရဲ႕
ေဒါင္းတေျမ႕ေျပ ဖြားေပေပါ့
ေကာင္းေပ့ေမ့သား။

(သတ္ပုံ မူရင္းအတုိင္း ျဖစ္ပါတယ္)

ကုိးကား
သမိုင္းတေကြ႕မွ ဝံသာႏုေခါင္းေဆာင္ႀကီး ဦးထြန္းရွိန္ – သန္း၀င္းလႈိင္
ဗုိလ္ခ်ဳပ္ေအာင္ဆန္း နဲ႔ ျမန္မာပုဂၢဳိလ္ေက်ာ္ ၂၀ – မင္းယုေ၀


ဗိုလ်ချုပ်အောင်ဆန်းအရင် ပြည်သူ့အချစ်တော် တစ်ယောက်အကြောင်း (unicode)

တစ်ခါက ကျောင်းသား ၄-၅ ယောက်သည် ကျောင်းစည်းကမ်းကို ခွင့်မလွှတ်နိုင်အောင် ဖောက်ဖျက်သဖြင့် မလွှဲမရှောင်သာပဲ ကျောင်းထုတ်ပစ်လိုက်ရပါတယ်။ ထိုအခါ ကျောင်းထုတ်ခံရသော ကျောင်းသားများက စိတ်အလွန်ဆိုးပြီး ခဲ နှင့် ဝိုင်းပေါက်ကြတယ်။ မှန်အချို့ကွဲသလို အချို့နေရာများတွင် ခဲအရာများ ကျန်နေတဲ့အတွက် အမှုထမ်းများက ပြင်ဆင်မည်ပြုရာ ကျောင်းအုပ်ဆရာကြီးက လက်မခံ ဒီအတိုင်းထားရမည်ဟု ပြောပါတယ်။ မှန်ကန်စွာ စီရင်မှုအတွက် ခဲပေါက်ခံရခြင်းသည် ဂုဏ်ပင် ရှိသေးသည်ဟု ဆိုခဲ့ပါတယ်။ ထိုကျောင်းအုပ်ဆရာကြီး၏အမည်မှာ ဦးထွန်းရှိန် ဖြစ်ပါတယ်။

ဦးထွန်းရှိန် ဟု ဆိုလိုက်လျှင် ဖေ-ပု-ရှိန် ဟူ၍ အားလုံးသိပြီးဖြစ်မှာပါ။ သို့သော ဖေ-ပု-ရှိန် မှလွဲ၍ ဦးထွန်းရှိန်အကြောင်းကို များများစားစား သိလေ့မရှိကြပါ။ ဦးထွန်းရှိန်သည် ပုသိမ်ဇာတိဖြစ်ပါတယ်။ မွေးစက တစ်ကိုယ်လုံး ဆေးဆိုးထားသလို နီနေတဲ့အတွက် မောင်တာရဲ လို့အမည်ပေးကြပါတယ်။ အလွန်ရဲသလို ၊ အဆော့လည်း သန်ပါတယ်။ သူ့ဖခင်က “တာရဲ နာမည်နဲ့လိုက်အောင် တာပေါ်မှာလျှောက်ပြီး ရဲနေတော့မယ် ၊ နာမည်ပြောင်းမှသင့်မယ်” ဟုဆိုကာ တာရဲ အမည်ကိုဖျောက်ကာ မောင်ထွန်းရှိန် လို့ပြောင်းလိုက်ပါတယ်။

ငယ်စဉ်ကလည်းက သတ္တိအလွန်ကောင်းသလို ကတိလည်းအလွန်တည်သူဖြစ်ပါတယ်။ ဥာဏ်လည်းကောင်းသည့် အလျှောက် အတန်းတိုင်းတွင် ထိပ်ဆုံးမှ အောင်မြင်ခဲ့ပါတယ်။ ကောလိပ်ကျောင်းသားဘဝကပင် ရန်ကုန်မြို့အပျော်တမ်းလက်နက်ကိုင်စစ်တပ်(Rangoon Volunteer Rifles) သို့ ဝင်ခဲ့ပါတယ်။ ဥရောပတိုက်သားများသာဝင်လို့ရသာဖြစ်တာကြောင့် တီအိုရှိန်း (T.O’ Shane) ဟူ သော နာမည်ပြောင်းကာ ဝင်ရောက်ခဲ့ပါတယ်။ အားကစားအလွန်လိုက်စားသူ ဖြစ်ပြီး ပြေး ၊ ခုန် ၊ ပစ် နှင့် လက်ဝှေ့တို့တွင် ထူးချွန်ခဲ့ပါတယ်။ ငွေကြေးမပြည့်စုံသော်လည်း ရှိသမျှကို ရက်ရောစွာပေးကမ်းလေ့ရှိပါတယ်။ လိုအပ်ရင် သူ၏အင်္ကျီကိုချွတ်၍ ပေးဖို့ဝန်မလေးသူလည်း ဖြစ်ပါတယ်။

ဝိဇ္ဇာနောက်ဆုံးတန်းတွင် နိုင်ငံရေးကို စတင်လိုက်စားခဲ့ပါတယ်။ ၂၁ နှစ်တွင် ဘီအေအောင်ပြီးနောက် ၂၂ နှစ်တွင် ဗုဒ္ဓသာသနာ့နဂ္ဂဟကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်လာခဲ့ပါတယ်။ ၂၂ နှစ် ဟူသော အရွယ်မှာ ယနေ့ခေတ်လူငယ်များအတွက်တော့ လေလို့ ကောင်းတုန်းအချိန်ပဲ ရှိပါသေးတယ်။ အသက်ငယ်သော်လည်း ကျောင်းအား များစွာဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဦးထွန်းရှိန်ရောက်စ က ကျောင်းမှာ အလယ်ဆောင် တစ်ဆောင်သာ ရှိသော်လည်း နောက်နှစ်နှစ် အကြာမှာ နောက်ထပ် ၂ ဆောင်ကို ဆောက်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ထိုစဉ်က ဦးထွန်းရှိန်ဟာ အလုပ်လုပ်ချိန်မှာ ည ၁ချက်တီး ၂ချက်တီး အထိမနားတမ်း အလုပ်ကို လုပ်နိုင်သူဖြစ်ပါတယ်။ ကျောင်းအုပ်တာဝန်ထမ်းနေစဉ် အတွင်းမှာပင် အခြားအဖွဲ့များစွာတွင်လည်း အတွင်းရေးမှူး ၊ ဒုတိယဥက္ကဌများအဖြစ် ထမ်းဆောင်နေသူဖြစ်ရာ လူငယ်ဖြစ်သော်လည်း ဦးထွန်းရှိန်အတွက် ကိုယ်ပိုင်အချိန်ဆိုတာ မရှိခဲ့ပါ။ မျိုးချစ်စိထန် ပြင်းထန်သည်နှင့် အမျှ အများအကျိုးကို မနားမနေဆောင်ရွက်တတ်ခဲ့သူ ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ်မှာ အင်္ဂလိပ်တို့ မြန်မာပြည်အတွက် ရေးဆွဲခဲ့သော စီမံကိ်န်းများကို ပြည်သူများ မနှစ်သက်ကြသဖြင့် တစ်နိုင်ငံလုံး ဆူပူကန့်ကွက်ခဲ့ကြပါတယ်။ ဒီအတွက် ဝိုင်အမ်ဘီအေ အသင်းကြီးက ကိုယ်စားလှယ်သုံးဦးကို လွှတ်ရာ ဦးပု၊ ဦးဘဘေ ၊ ဦးထွန်းရှိန် တို့ကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာပြည်ရှိ ပညာမင်းကြီး မတ်ဟန်းတားက နိုင်ငံရေး ကိစ္စကို စွန့်လျှင်စွန့် ၊ မစွန့်လျှင် ကျောင်းအုပ် ရာထူးကို စွန့်ဟု ဦးထွန်းရှိန်အား အကြောင်းကြားခဲ့ပါတယ်။ ဦးထွန်းရှိန်က တွေဝေမှုမရှိပဲ ချက်ချင်းပင် ကျောင်းအုပ်ရာထူးမှ နုတ်ထွက်လိုက်ပါတယ်။

ဖေ ၊ ပု ၊ ရှိန် တို့ဟာ အင်္ဂလန်ရှိ အာဏာပိုင်များအား အရေးဆိုနေစဉ် အတွင်း အင်္ဂလန်ရှိအသင်းအဖွဲ့များအား မြန်မာပြည်အကြောင်း သိစေဖို့ လိုက်လံဟောပြောခဲ့ပါတယ်။ ထိုအထဲတွင် အင်္ဂလိပ်စကားပြော အလွန်ကောင်းလှသော ဦးထွန်းရှိန်အား အင်္ဂလန်ပြည်သူပြည်သားများက သူတို့နန်းရင်းဝန်ဟောင်း ကဲ့သို့ပင် စကားပြောကောင်းလှသည် ဟု ချီးမွမ်းကြပါတယ်။ ထို့နောက်မြန်မာပြည်သို့ ပြန်လာရာ မြန်မာပြည်သူများ အားရဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။

ဦးထွန်းရှိန်သည် ဇွဲလုံ့လကောင်း၏။ အလုပ်တခုကို ဖြစ်မြောက်ပြီးပြတ်အောင် လုပ်လိုသောသဘောရှိသည်။ စကားပြောလည်း ကောင်း၏။ မည်သည့်အရာမဆို ပွင့်လင်းရိုးသားစွာ ပြောတတ်သည်။ သူတပါး၏ အတင်းအဖျင်းတို့ကိုလည်း မပြော၊ နားလည်းထောင်လေ့မရှိချေ။ သဒ္ဓါတရားထက်သန်၍ ပေါင်းသင်းဆက်ဆံ ရေးဆံ့သည့်။ ရှေ့ဆောင်ရှေ့ရွက်ပြုကာ စီမံခန့်ခွဲပိုင်သော အရည်အသွေးလည်းရှိသည်။
သခင်ကိုယ်တော်မှိုင်းနှင့် အခြားလူကြီးများ ပြည်သူများက ဦးထွန်းရှိန်အပေါ် အလွန်အားထားကြပါတယ်။ အားထားမယ် ဆိုလည်း အားထားစရာပါ။

အသက် ၃၀ မပြည့်သေးတဲ့ ဦးထွန်းရှိန်ဟာ ၅လအတွင်း မြို့ပေါင်း ၆၀ နီးပါးကို ဟောပြောနိုင်ခဲ့ပါတယ်။ ဦးထွန်းရှိန်ရဲ့ အပြောအဟောများဟာ မြန်မာပြည်သူများ မျိုးချစ်စိတ်များ ရှင်သန်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မီးခဲပြာဖုံးဖြစ်နေတဲ့ ဇာတိမာန် နဲ့ နိုင်ငံချစ်စိတ်တို့ရဲရဲတောက်လာကြကာ ဖိနှိပ်ခံဘ၀ခေါင်းငုံခံနေရာမှ ခေါင်းထောင်ထလာကြပါတယ်။ တစ်တိုင်းပြည်လုံး၏ အားကိုးချစ်ခင်ခြင်းကို ခံခဲ့ရပါတယ်။ သခင်ကိုယ်တော်မှိုင်းကိုယ်တိုင်ကလည်း”မြန်မာပြည်တွင် အာဇာနည်ယောင်္ကျားတစ်ယောက် ထွန်းပေါက်လာပြီ” ဟု ခံယူပါတယ်။

သို့သော် ဦးထွန်းရှိန်ဟာ နိုင်ငံအတွက် သူလုပ်ပေးချင်သမျှကို လုပ်မသွားနိုင်ခဲ့ပဲ အပြင်းဖျားကာ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၉၂၀ မေလ ၂၂ ရက်နေ့မှာ ကညွတ်ကွင်းမြို့မှာ ဖျားနာလျက်နှင့် မနားပဲ တရားဟောခဲ့ပါတယ်။ ထိုတရားပွဲမှာ သူ၏ နောက်ဆုံးတရားပွဲ ဖြစ်ခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့ အပြင်းဖျားရာမှ ဆေးတိုက်သို့ တင်၍ ကုသပါသော်လည်း မရတော့ပဲ ကွယ်လွန်သွားခဲ့ရရှာပါတယ်။ ထိုစဉ်က သူ၏ အသက်မှာ ၂၉နှစ် သာ ရှိသေးတဲ့အတွက် တစ်တိုင်းပြည်လုံး ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ပြည်သူ့အချစ်တော် ဦးထွန်းရှိန်၏ ဈာပနဟာ မြန်မာပြည်၏ အကြီးမားဆုံး ဈာပန သုံးခုထဲက တစ်ခုဖြစ်ခဲ့ပါတယ်။(ကျန်တဲ့ နှစ်ခုမှာ ဗိုလ်အောင်ကျော်ဈာပန နှင့် ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ဈာပန ပင်ဖြစ်ပါတယ်)။ လိုက်လံ ပို့ဆောင်သူပေါင်း ၁သိန်းခန့်ရှိခဲ့ပါတယ်။ ဈာပန အခမ်းအနားကို ဦးအုန်းမောင်က ရုပ်ရှင်အဖြစ်ရိုက်ကူးရာမှ မြန်မာ့ပထမဆုံး သတင်းရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်။

ထိုစဉ်က ဝိုင်အမ်ဘီအေအသင်းမှ ဖြန့်ချိသော ဦးထွန်းရှိန်၏အသုဘဖိတ်ကြားစာတွင် “ဘိလပ်ပြန် မြန်မာကိုယ်စားလှယ်ကြီး အသက် ၂၉ နှစ်အရွယ်ရှိ ဦးထွန်းရှိန်သည် အထက်မြန်မာပြည် မြို့ရွာပေါင်း ၄၀ ကျော်တို့ကို လှည့်လည်ဟောပြော၍ တိုင်းကျိုးပြည်ကျိုး သာသနာတော်၏ အကျိုးကို နေ့ရောညပါ သယ်ပိုးဆောင်ရွက်ရာတွင် အပင်ပန်းလွန်းသဖြင့် သွေးလေချောက်ချားဓါတ်ဖောက်ပြားလျက် အပန်းရောက်ဂါ ကပ် ရောက်လာသောကြောင့်” ဟု ဖေါ်ပြထားပါတယ်။

အရွယ်ငယ်ငယ်နှင့် ဆုံးပါးသွားရှာတဲ့ ဦးထွန်းရှိန်အတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ယူကျုံးမရဖြစ်ကာ အောက်ပါ လေးချိုးကြီးကို ဖွဲ့ဆိုတမ်းတခဲ့ပါတယ်။

ဒေါင်းအမေ ဆွေတမိမှာဖြင့်
မကောင်းစေ ဖြေမချိနိုင်ဘူး
နေမထိ ထိုင်မသာ။
သားတစ်ယောက်ကယ်နှင့်

တအားမြောက်ပြီလို့
ခါးထောက်ကာ ဟန်ပန်ယူသမို့
မြန်ဇဗ္ဗူ မေ့ဘက်တော်သားတွေနှင့်
အလျှံတလူလူ အရှေ့ဘက်နော်

ကြွားမဟဲ့လို့
ထားမိစိတ်မှာ။
ဗြဟ္မာစိုရ် တကယ်ရွယ်ရည်
ဟိတ်တွေကြောင့်

ကိုယ်စားလှယ် ‘ဒယ်လီဂိတ်တယ်’ လို့
နတ်ပြည်မိတ်တကွ ကြည်သာတယ်
သမ္မတ တည်ပါတဲ့ ဇာနည်ဖွား။
တွေးကြည့်လျှင်

မွေးမိခင် ငါ့အမေမှာဖြင့်
ကြာလေလေစိတ်မကောင်းအောင်လို့
ခပ်မြန်မြဝန် နတ်ဌာန်
ပြောင်းရော့သလော့

သေမင်းတမန်ကို အမေခွင့်ပန်လို့
တောင်းချင်ရဲ့
ဒေါင်းတမြေ့ပြေ ဖွားပေပေါ့
ကောင်းပေ့မေ့သား။

(သတ်ပုံ မူရင်းအတိုင်း ဖြစ်ပါတယ်)

ကိုးကား
သမိုင်းတကွေ့မှ ဝံသာနုခေါင်းဆောင်ကြီး ဦးထွန်းရှိန် – သန်းဝင်းလှိုင်
ဗိုလ်ချုပ်အောင်ဆန်း နဲ့ မြန်မာပုဂ္ဂိုလ်ကျော် ၂၀ – မင်းယုဝေ

Leave a Reply