အမႈိက္ေကာက္သမား ဘဝမွ ေျမပိုင္ရွင္ သူေဌးႀကီးျဖစ္လာသူတစ္ေယာက္

Posted on

ရန္ေနာင္ထြန္း ( Popular News Journal)

လြန္ခဲ့ေသာ ႏွစ္ ၃ဝ ခန္႔က မႏၲေလး ၿမိဳ႕ ထြန္တံုးက်ဴးေက်ာ္ ရပ္ ကြက္အတြင္း ေနထိုင္ကာ ေက်ာင္းမေန ခဲ့ရဘဲ ပလတ္စတစ္မ်ား လုိက္လံေကာက္ ယူ၍ အသက္ေမြး ဝမ္းေက်ာင္းခဲ့ရသူတစ္ဦးရွိခဲ့ဖူး၏။

သူ႔အမည္က ေမာင္ထြန္းႏုိင္။

မိဘမ်ားက ခ်မ္းသာခဲ့ေသာ္လည္း ကံ ဇာတ္ဆရာ၏လွည့္ဖ်ားမႈေၾကာင့္ မႏၲေလး ၿမိဳ႕၏ အထင္အရ ၁၇ လမ္း ဦးက်ားႀကီး မီးေလာင္မႈတြင္ မိသားစုလုိက္ ဆင္းရဲ တြင္းနက္ခဲ့ရသည္။ ေမြးခ်င္း ၉ ေယာက္အနက္ ပဥၥမ ေျမာက္ သားတစ္ဦးျဖစ္ေသာ ေမာင္ထြန္း ႏုိင္သည္ မိသားစု ဆင္းရဲမႈ ဒဏ္ေၾကာင့္ အတန္းပညာကုိ လုံးဝနီးပါးသင္ၾကားျခင္း မျပဳခဲ့ရေသာ္လည္းအသက္ ၁၃ ႏွစ္အရြယ္ တြင္ ရရာအလုပ္မ်ား လုပ္ကုိင္ကာ မိသား စုကုိ ေထာက္ပံ့ေပးခဲ့ရသည္။

“ကြၽန္ေတာ္က လမ္းေဘးအမိႈက္ပံု ေတြကို ပလတ္စတစ္လိုက္ေကာက္ၿပီး ခုလုိ ကုမၸဏီပိုင္ရွင္တစ္ဦးအျဖစ္ ဘဝက ရပ္ တည္ေနတာလို႔ေျပာရင္ ဘယ္သူမွ လက္ခံ မယ္ မထင္ဘူး” ဟု ေတာက္ေျပာင္သား နားစြာ ဝတ္ဆင္ထားေသာ အသက္ ၄၂ ႏွစ္အရြယ္ ဦးထြန္းႏုိင္က တည္ၿငိမ္ ရင့္ က်က္ဟန္အျပည့္ႏွင့္ ေျပာသည္။

ေမာင္ထြန္းႏုိင္၏ ဘဝ အလွည့္အ ေျပာင္းက ေမာင္ထြန္းႏုိင္ ဖခင္ျဖစ္သူ ကြယ္လြန္ရာမွ စခဲ့သည္။ ေငြေၾကး အဆင္ ေျပရာမွ ႐ုတ္တရက္ မီးေလာင္၍ မြဲခဲ့ရသူ ေမာင္ထြန္းႏုိင္ အေဖ သည္ ေလာကကုိ စိတ္နာသည္လားမသိ၊ အရက္ကိုသာ အ ေဖာ္လုပ္ခဲ့ၿပီး က်န္းမာေရး ခ်ိဳ႕ယြင္းကာ ကြယ္လြန္ခဲ့ရသည္။ တုိက္တုိက္ဆုိင္ဆုိင္ ပင္ ကုိယ္ပုိင္ေျမမဟုတ္ေသာ က်ဴးေက်ာ္ နယ္ေျမတြင္ေနထုိင္ေနရေသာ ေမာင္ထြန္း ႏုိင္တုိ႔အတြက္ ဖခင္၏ အသုဘအခမ္းအ နားျပင္ထားေသာ အိမ္စုတ္စုတ္ေလးကုိ သက္ဆုိင္ရာက ဖ်က္သိမ္းေပး ရန္ေျပာ လာ သည္။

ေျပးစရာေျမမရွိေသာ ေမာင္ထြန္း ႏုိင္က အသုဘၿပီးေအာင္ ေစာင့္ေပးေစ လုိေၾကာင္း သက္ဆုိင္ရာကုိ ေတာင္းပန္ ခဲ့ေသာ္လည္း ေနာက္ဆုံးရလဒ္က လက္ ထိပ္ေနာက္ျပန္ခ တ္၍ ရဲစခန္းသုိ႔ ပါသြား ၍ အခ်ဳပ္ထဲအိပ္လုိက္ရျခင္းပင္ျဖစ္သည္။ ေအးေအးေဆးေဆး အိပ္စက္ရသည္မ ဟုတ္ဘဲ အထုအေထာင္း ခံခဲ့ရေသာ ေမာင္ထြန္းႏုိင္ ရဲစခန္းမွ ျပန္ ထြက္လာခ်ိန္ တြင္ လမ္းပင္မေလ်ာက္ႏုိင္ဘဲ လုိင္းကား ေပၚ တင္ေပးခံလုိက္ရျခင္းျဖစ္သည္။ ထုိ အျဖစ္အပ်က္မ်ားက ေျမပုိင္မရွိ၍ ဖခင္ အသုဘ ပင္ ေကာ င္းေကာင္း မခ်လုိက္ ရ ေလျခင္းဟူေသာ ဘဝကုိ နာၾကည္းစိတ္ ျဖစ္ေပၚလာခဲ့သည္ဟု ဦးထြန္းႏုိင္က ယင္း ၏ မိသားစုႏွင့္ ငယ္ဘဝ ခါးသီးမႈမ်ား ကုိ ျပန္ေျပာင္းေျပာျပ သည္။

ေမာင္ထြန္းႏုိင္သည္ အရြယ္ႏွင့္ မမွ် ေအာင္ အလုပ္ လုပ္ခဲ့ရသူ ျဖစ္သည္။ ကေလးအရြယ္ႏွင့္မမွ်ေအာင္ ခါးသီးသည့္ ေလာကဓံကုိ ျဖတ္ေက်ာ္ခဲ့ရသူ ျဖစ္သည္။ သူ႕ဘဝတြင္ စား စရာ မရွိ၍ ဘုန္းႀကီး ေက်ာင္းမ်ားတြင္ လွမ္းထားသည့္ ထမင္း ေျခာက္ေတာင္း၍ ဆန္ျပဳတ္သဖြယ္ ျပန္ လုပ္၍ စားေသာက္ခဲ့ဖူးသည္။

ေစ်းခ်ိဳတြင္ ပစၥည္းမ်ားထည့္ေသာ ဂုံနီအိတ္ ကုိ ၿခံဳ၍ မႏၱေလး၏အေအးဒဏ္ကုိ ခါးဆီးခံရင္း အိပ္ရာဝင္ခဲ့ရသည္။မိသားစု၏ အခက္အခဲကုိၾကည့္မေန ႏုိင္ေသာ ေမာင္ထြန္းႏုိင္အတြက္ ေငြရဖုိ႔ အတြက္ ဘာမဆုိ လုပ္မည္ ဟု ေတြးခဲ့ဖူး သည္။ သုိ႔ေသာ္ ဗုဒၶဘာသာဝင္တစ္ဦး ျဖစ္ေသာေၾကာင့္ သမၼာအာဇီဝက်ေသာ အလုပ္ကုိသာလုပ္မည္ဟု ဆုံးျဖတ္ခဲ့ ေၾကာင္း ျပန္ေျပာင္းေျပာသည္။

ပထမဆုံး စလုပ္သည့္အလုပ္က လက္ေဝွ႔ပြဲ၊ ဘုရားပြဲ မ်ားတြင္ ပလတ္စတစ္လုိက္ေကာက္ျခင္း ျဖစ္သည္။ ဒုိင္ကုိျပန္သြင္းလွ်င္ ပုိက္ဆံရ ေၾကာင္း ေမာင္ထြန္းႏုိင္သိသည္။ ထုိ႔ ေၾကာင့္ ပလတ္စတစ္မ်ား ေကာက္ယူ၍ အေဟာင္းဆုိင္မ်ားကုိ ေရာင္းသည္။ ငယ္ စဥ္ကတည္းက ေက်ာင္း မေနရေသာ ေမာင္ထြန္းႏုိင္အတြက္ ေက်ာင္းမ်ားတြင္ ဟစ္ေၾကြးေ နေသာ စာအံသံသည္ ဘယ္ ေတာ့မွမမက္ႏုိင္ေသာ အိပ္မက္သာ ျဖစ္ခဲ့ ရသည္။

’ဒီလုိ ပလတ္စတစ္ေကာက္ၿပီး ျပန္ ေရာင္းရင္ပုိက္ဆံရမွန္း ကြၽန္ေတာ္သိတယ္။ အဲ့ဒီကစၿပီး အကုန္အပ္ခ်ိတ္နဲ႔ တုတ္ ေလးနဲ႔ ခ်ည္ၿပီး လုိက္ထုိးၿပီးေကာက္တာ ပဲ” ဟု ဦးထြန္းႏုိင္က ေလာကဓံကုိ ေလွာင္ ေျပာင္ေလသည္ေလာ၊ ဘဝအေမာမ်ားကုိ ဟာသလုပ္ သည္ေ လာ ေသခ်ာမသိႏုိင္သည့္ ရယ္ေမာျခင္းျဖင့္ ရယ္၍ေျပာဆုိသည္။

ေလာကဓံဆိုး လက္သီးႏွင့္ထိုး

ထူးျခားေသာ ဘဝ၏ အမွတ္တရ တစ္ခုလည္း ရွိခဲ့ပါသည္။ မႏၱေလးၿမိဳ႕ ေလးမ်က္ႏွာဘုရားပြဲ ရပ္ကြက္ လက္ေဝွ႕ပြဲတစ္ခုတြင္ ေမာင္ထြန္း ႏုိင္ ဝင္ေရာက္ထုိးသတ္ခဲ့သည္။ လက္ေဝွ႔ ပြဲဝင္ထုိးရျခင္းကလည္း ထုိးတတ္၍မဟုတ္။ လက္ေဝွ႕ၿပိဳင္ပြဲတြင္ ထုိးသတ္မည့္ ရပ္ ကြက္ထဲမွ တစ္ေယာက္ က ေရာက္မလာ ေသာေ ၾကာင့္ ၊ ေငြငါးက်ပ္ရ မည္ဟုဆုိေသာ ေၾကာင့္သာ ဝင္ေရာက္ထုိးသတ္ခဲ့ျခင္းျဖစ္ သည္။ လက္ေဝွ႔မထုိးခင္ရသည့္ ငါးက်ပ္ကုိ သူႏွင့္အတူပါလာေသာ ညီျဖစ္သူကုိ ေပး ၍ အေမတုိ႔ ထမင္းစားဖုိ႔ ဟုဆုိကာ ေပး ခုိင္းခဲ့သည္။ ကံေကာင္းသည္။ ေမာင္ထြန္း ႏုိင္လက္ေဝွ႔ပြဲတြင္ အႏုိင္ရခဲ့သည္။ တတ္ ၍မဟုတ္ ရပ္ကြက္မ်ားတြင္း ထုိးသည့္ လက္ေဝွ႔ပြဲျဖစ္သည့္ အားေလ်ာ္စြာ ရမ္း သန္းထုိး၍ အႏုိင္ရခဲ့ျခင္း ျဖစ္သည္။

အႏုိင္ရၿပီးေနာက္ ဆုခ်ေငြ ၁၅ က်ပ္ရရွိ ခဲ့သည္။ သဒၶါတရား ထက္သန္ေသာ ေမာင္ထြန္းႏုိင္သည္ ယင္းအႏုိင္ရေသာ ဆု ေငြမ်ားထဲမွ ၃ က်ပ္ကုိ ေလးမ်က္ႏွာဘုရား အတြက္ လွဴဒါန္းခဲ့ၿပီး ပုိလွ်ံသည့္ ေငြမ်ား ကုိ စုေဆာင္းခဲ့သည္။ ထုိ႔ေနာက္ မၾကာ မၾကာ ပုိက္ဆံလုိခ်င္၍ လက္ေဝွ႔ တက္ တက္ထုိးသည္။ ႐ႈံးသည့္အခါလည္း ႐ႈံး၊ ႏုိင္သည့္အခါလည္း ႏုိင္သည္။ ႏုိင္ရင္ ဆုေၾကးေငြရတတ္သျဖင့္ ထုိေငြမ်ားကုိ အရင္းတည္၍ ေမာင္ထြန္းႏုိင္တစ္ေယာက္ ဘဝတူ ပလတ္စ တစ္ေကာက္ သူမ်ားထံမွ အေဟာင္းမ်ား ျပန္လည္ဝယ္ယူကာ ဒုိင္ မ်ားကုိ ျပန္လည္ ေရာင္းခ်ရင္း ေငြစု ေဆာင္းခဲ့သည္။ သူ၏ေျချမန္ေတာ္ဟုေခၚ ဆုိရမည့္ စက္ဘီးကေလးကုိ ငွား၍ စီးနင္း ကာ လုိက္လံေကာက္ယူခဲ့ျခင္း ျဖစ္သည္။

”လက္ေဝွ႔ကေတာ့ မထုိးတတ္ဘူးဗ်ာ။ ထုိးခါနီးေလာက္မွာ သင္ေပးတာေပါ့။ သဲအိတ္ေတြဘာေတြလည္း ထုိးခုိင္းတာပဲ” ဟု သူ၏ ညိဳေနေသာ လက္ဆစ္ေနရာ မ်ားကုိ ကုိင္ၾကည့္ရင္း ေျပာဆုိကာ အ တိတ္ကုိ ျပန္လည္သတိရသြားပုံရသည္။ ”ဂ်ပ္စကၠဴ၊ သံတို၊ သံစဘူး အခြန္ေတြ အားလံုး ေကာက္တယ္။ ေနာက္လိုက္ ေကာက္တဲ့သူေတြ အခ်င္းခ်င္းထံက ျပန္ ေကာက္ယူတယ္။ ၿပီးေတာ့ ဒိုင္ခြဲအေနနဲ႔ လုပ္ကိုင္ခဲ့ပါတယ္” ဟုသူကျပန္ေျပာျပသည္။

ထုိသုိ႔ စုေဆာင္းရင္း ေမာင္ထြန္းႏုိင္ ၏ စုဘူးျဖစ္ေသာ ဝါးဆစ္ ဘူးထဲတြင္ ေငြ ၂ ေသာင္းခန္႔ စုမိလာခ်ိန္တြင္ ဆင္ေျခဖုံး ေနရာတစ္ခုမွ ၄ ေသာင္းတန္ေျမကြက္ တစ္ကြက္ကုိ သေဘာက်၍ ဝယ္လုိသည္။ သုိ႔ေသာ္လက္ထဲမွာ ေငြက မျပည့္ သျဖင့္ ၄ ေသာင္းတန္ ေျမကြက္အား ၂ ေသာင္း ျဖင့္ဝယ္၍ ၂ ေသာင္းကုိ ေျမအေပါင္ သေဘာျဖင့္ ေျမတစ္ကြက္ စတင္ဝယ္ယူခဲ့ သည္။ ထုိသုိ႔ဝယ္ယူၿပီးေနာက္ အေပါင္ ေၾကြးဆပ္ရန္ ေမာင္ထြန္းႏုိင္ ပုိ၍ အလုပ္ လုပ္ရသည္။ ႏွစ္ႏွစ္အတြင္း အေၾကြးေက် ခဲ့သည္။ မေက်လွ်င္လည္း ေျမပါဆုံးေတာ့ မည္ျဖစ္သည္။ ထုိသုိ႔ျဖင့္ ေမာင္ထြန္းႏုိင္ အသက္ ၁၅ ႏွစ္အရြယ္ခန္႔တြင္ ေျမကြက္ တစ္ခု ပုိင္ဆုိင္ေသာသူ ျဖစ္လာခဲ့သည္။ ထုိ႔ေနာက္ ယင္းအလုပ္လုပ္ကုိင္ရာတြင္ အ ၿမဲအတူတူရွိခဲ့ေသာ စက္ဘီးကေလးကုိ လည္း အငွားမွ အပုိင္ဝယ္ႏုိင္ခဲ့ၿပီျဖစ္သည္။

တစ္ေန႔ တစ္လံႏွင့္ ကိုယ္သည္သာ ကံဇာတ္ဆရာ၊ ထုိ႔ေနာက္မႏၲေလးၿမိဳ႕ပုံႏိွပ္ စက္မ်ားရွိသတင္းစာအေဟာင္းမ်ား၊ စကၠဴ ျဖတ္စမ်ား လုိက္လံဝယ္ယူ၍ ဒုိင္မ်ားကုိ ျပန္သြင္းကာ ပုိက္ဆံစုခဲ့သည္။ မၾကာမီ တစ္ႏွစ္အတြင္း တစ္သိန္းႏွစ္ေသာင္းတန္ ေၾကးရွိေသာ ေျမတစ္ကြက္ကုိ စုေဆာင္း ေငြထဲမွ ထပ္မံဝယ္ယူလုိက္ျပန္သည္။ ထုိသုိ႔ စုေဆာင္း ရင္း ေျမ ဝယ္ရင္းျဖင့္ ၁၉၉၇ ခုႏွစ္အေရာက္တြင္ ေျမေစ်းမ်ား တက္ လာသည္တြင္ ယင္းအေနျဖင့္ ေျမမ်ား ၆ ကြက္အထိ ပုိင္ဆုိင္ေနၿပီး ေျမကြက္အ ေရာင္းအဝယ္မ်ား စတင္ လုပ္ကုိင္ ခဲ့သည္။

ဘာသာတရားကုိင္း႐ႈိင္း၍ ငယ္စဥ္ ဘဝကပင္ အလွဴရက္ေရာေသာ ဦးထြန္း ႏုိင္သည္ ယင္းအသက္ ၂ဝ ခန္႔အရြယ္မွစ၍ ဘုရားမ်ား ျပဳျပင္ျခင္း၊ ဘုရားမ်ား တည္ ျခင္း မ်ားကုိ ျပဳလုပ္ခဲ့သည္မွာ ၂ဝ၁၆ ခုႏွစ္ ၾသဂုတ္လ၊ ယင္းအသက္ ၄၂ ႏွစ္အရြယ္တြင္ ဘုရား အဆူေပါင္း ၁ဝ၁ ဆူတိတိ ျပဳျပင္ ျခင္း၊ ဘုရားအသစ္ မ်ားတည္ျခင္းတုိ႔ ကုိ ျပဳလုပ္ လွဴဒါန္းခဲ့သည္။

”ကြၽန္ေတာ္အၿမဲ လွဴဒါန္းခ်င္တယ္။ ဘုရားေတြလည္းတည္တယ္။ ၿပိဳပ်က္ေန တာ ေတြေတြ႔ရင္လည္း ျပန္ျပင္ပါတယ္။ ကြၽန္ေတာ့္ စိတ္ထဲ အဲ့ဒီလုိ ဘုရားတည္ ေနရင္ ကြၽန္ေတာ့္ စီးပြားေရးလည္း တက္ တယ္လုိ႔ထင္တယ္” ဟု ဦးထြန္းႏုိင္က သူ႔ယုံၾကည္မႈကုိ ဖြင့္ဟသည္။

အတန္းပညာ မေနခဲ့ရ၍ ငယ္စဥ္က တည္းက လူမ်ား၏ လိမ္လည္လွည့္ဖ်ား ျခင္းကုိ မၾကာခဏ ခံရေသာ္လည္း ယင္း၏ ကြၽမ္းက်င္ရာ နယ္ပယ္ျဖစ္ေသာ ေျမ ေရာင္းဝယ္ေရးတြင္ ယွဥ္ႏုိင္ရန္ခဲယွဥ္းမည္ ျဖစ္သည္။ ယခုဆုိလွ်င္ မႏၲေလး အနီးအ နားႏွင့္ စစ္ကုိင္း တြင္ ေျမဧက ရာႏွင့္ခ်ီ ပုိင္ဆုိင္ေနၿပီး မႏၲေလးၿမိဳ႕တြင္ အလုပ္ သမား ၅ဝ ခန္႔ရွိေသာ အထင္ကရ အိမ္ ၿခံေျမကုမၸဏီႀကီးတစ္ခုကုိ အုပ္ခ်ဳပ္စီမံေန သည္။ မိခင္ျဖစ္သူႏွင့္ ညီအစ္ ကုိ ေမာင္ႏွမ မ်ားကုိလည္း ေကာင္းမြန္စြာထားႏုိင္ေသာ အေနအထားထိေရာက္ခဲ့ရသည္။

သုိ႔ေသာ္ လည္း
”တစ္ခါတစ္ခါ ဒီပုိင္ဆုိင္မႈေတြနဲ႔ ေနရတာကုိ စိတ္ပ်က္မိတယ္။ အရင္ တုန္း ကလုိ ေစ်းခ်ိဳနားမွာ ဂုံနီအိတ္ေတြနဲ႔ ၿခံဳၿပီး အိပ္ရတဲ့ ဘဝကေတာင္ ပုိေကာင္းဦးမယ္ လုိ႔ ေတြးမိတယ္” ဟု စိတ္ပ်က္လက္ပ်က္ ညည္းညဴသည္ငယ္ဘဝ အလုပ္ပင္ပန္းစြာ လုပ္ကုိင္ခဲ့ရသည္ကုိ ကုိယ္ခ်င္းစာ၍လားပင္မသိ။ ယင္း၏ ၿခံထဲတြင္ အလုပ္သမားမ်ားကုိ ဘန္ဂလုိေလးမ်ား ေဆာက္၍ ေနထုိင္ခြင့္ ေပးထားသည့္အျပင္ အလုပ္သမား မ်ား ပင္ပန္းပါက အနားယူႏုိင္ရန္ ကာရာအုိ ေကခန္းမ်ားပင္ ထည့္သြင္း တည္ေဆာက္ ေပးလုိက္ေသးသည္။

အတိတ္သည္ဖက္တြယ္ တမ္းတစရာ ေတာ့ မဟုတ္။ သို႔ေသာ္ ဘဝမေမ့ေအာက္ ေျခ မလြတ္ျခင္းကလည္း တိုးတက္ႀကီးပြား ျခင္း၏ အေၾကာင္းရင္း တစ္ခ်က္ျဖစ္ပါ မည္။ ငါ ဘာလုပ္ခဲ့သည္ ဆိုျခင္းကို ျပန္ ေတြး၍ တစိမ့္စိမ့္အရသာခံရန္ မဟုတ္ ေသာ္လည္း မိမိဘဝကို အက်ိဳးျပဳခဲ့သည္ တို႔ကို ကတညဳတ ကတေဝဒီ ဟူေသာ မဂၤ လာ တရားေတာ္ႏွင့္ အညီအထူးတလည္ တန္ဖိုးထားျခင္းကေကာင္းေသာ အက်င့္ ျဖစ္ပါသည္။ ဤသည္ကပင္ ဦးထြန္းႏိုင္ ေအာင္ျမင္ခဲ့ျခင္း၏ လွ်ိဳ႕ဝွက္ခ်က္ လည္း ျဖစ္ႏိုင္ပါသည္။

အဘယ့္ေၾကာင့္ ဆိုေသာ္ ဦးထြန္းႏုိင္ ႏွင့္အတူအလုပ္မ်ား စတင္လုပ္ကုိင္စဥ္ ကတည္းက အတူတူရွိခဲ့ေသာ စက္ဘီး ကေလးမွာ ဦးထြန္းႏုိင္၏ ႀကီးမားလွေသာ ဘုရားခန္း အတြင္း ေနရာ ယူထား သည္မွာ ထုိအခ်က္ကုိ ေဖာ္ျပေနသေယာင္ပင္ မဟုတ္ပါလား။

ရန္ေနာင္ထြန္း
( Popular News Journal)


အမှိုက်ကောက်သမား ဘဝမှ မြေပိုင်ရှင် သူဌေးကြီးဖြစ်လာသူတစ်ယောက် (unicode)

ရန်နောင်ထွန်း ( Popular News Journal)

လွန်ခဲ့သော နှစ် ၃ဝ ခန့်က မန္တလေး မြို့ ထွန်တုံးကျူးကျော် ရပ် ကွက်အတွင်း နေထိုင်ကာ ကျောင်းမနေ ခဲ့ရဘဲ ပလတ်စတစ်များ လိုက်လံကောက် ယူ၍ အသက်မွေး ဝမ်းကျောင်းခဲ့ရသူတစ်ဦးရှိခဲ့ဖူး၏။

သူ့အမည်က မောင်ထွန်းနိုင်။

မိဘများက ချမ်းသာခဲ့သော်လည်း ကံ ဇာတ်ဆရာ၏လှည့်ဖျားမှုကြောင့် မန္တလေး မြို့၏ အထင်အရ ၁၇ လမ်း ဦးကျားကြီး မီးလောင်မှုတွင် မိသားစုလိုက် ဆင်းရဲ တွင်းနက်ခဲ့ရသည်။ မွေးချင်း ၉ ယောက်အနက် ပဥ္စမ မြောက် သားတစ်ဦးဖြစ်သော မောင်ထွန်း နိုင်သည် မိသားစု ဆင်းရဲမှု ဒဏ်ကြောင့် အတန်းပညာကို လုံးဝနီးပါးသင်ကြားခြင်း မပြုခဲ့ရသော်လည်းအသက် ၁၃ နှစ်အရွယ် တွင် ရရာအလုပ်များ လုပ်ကိုင်ကာ မိသား စုကို ထောက်ပံ့ပေးခဲ့ရသည်။

”ကျွန်တော်က လမ်းဘေးအမှိုက်ပုံ တွေကို ပလတ်စတစ်လိုက်ကောက်ပြီး ခုလို ကုမ္ပဏီပိုင်ရှင်တစ်ဦးအဖြစ် ဘဝက ရပ် တည်နေတာလို့ပြောရင် ဘယ်သူမှ လက်ခံ မယ် မထင်ဘူး” ဟု တောက်ပြောင်သား နားစွာ ဝတ်ဆင်ထားသော အသက် ၄၂ နှစ်အရွယ် ဦးထွန်းနိုင်က တည်ငြိမ် ရင့် ကျက်ဟန်အပြည့်နှင့် ပြောသည်။

မောင်ထွန်းနိုင်၏ ဘဝ အလှည့်အ ပြောင်းက မောင်ထွန်းနိုင် ဖခင်ဖြစ်သူ ကွယ်လွန်ရာမှ စခဲ့သည်။ ငွေကြေး အဆင် ပြေရာမှ ရုတ်တရက် မီးလောင်၍ မွဲခဲ့ရသူ မောင်ထွန်းနိုင် အဖေ သည် လောကကို စိတ်နာသည်လားမသိ၊ အရက်ကိုသာ အ ဖော်လုပ်ခဲ့ပြီး ကျန်းမာရေး ချို့ယွင်းကာ ကွယ်လွန်ခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင် ပင် ကိုယ်ပိုင်မြေမဟုတ်သော ကျူးကျော် နယ်မြေတွင်နေထိုင်နေရသော မောင်ထွန်း နိုင်တို့အတွက် ဖခင်၏ အသုဘအခမ်းအ နားပြင်ထားသော အိမ်စုတ်စုတ်လေးကို သက်ဆိုင်ရာက ဖျက်သိမ်းပေး ရန်ပြော လာ သည်။

ပြေးစရာမြေမရှိသော မောင်ထွန်း နိုင်က အသုဘပြီးအောင် စောင့်ပေးစေ လိုကြောင်း သက်ဆိုင်ရာကို တောင်းပန် ခဲ့သော်လည်း နောက်ဆုံးရလဒ်က လက် ထိပ်နောက်ပြန်ခ တ်၍ ရဲစခန်းသို့ ပါသွား ၍ အချုပ်ထဲအိပ်လိုက်ရခြင်းပင်ဖြစ်သည်။ အေးအေးဆေးဆေး အိပ်စက်ရသည်မ ဟုတ်ဘဲ အထုအထောင်း ခံခဲ့ရသော မောင်ထွန်းနိုင် ရဲစခန်းမှ ပြန် ထွက်လာချိန် တွင် လမ်းပင်မလျောက်နိုင်ဘဲ လိုင်းကား ပေါ် တင်ပေးခံလိုက်ရခြင်းဖြစ်သည်။ ထို အဖြစ်အပျက်များက မြေပိုင်မရှိ၍ ဖခင် အသုဘ ပင် ကော င်းကောင်း မချလိုက် ရ လေခြင်းဟူသော ဘဝကို နာကြည်းစိတ် ဖြစ်ပေါ်လာခဲ့သည်ဟု ဦးထွန်းနိုင်က ယင်း ၏ မိသားစုနှင့် ငယ်ဘဝ ခါးသီးမှုများ ကို ပြန်ပြောင်းပြောပြ သည်။

မောင်ထွန်းနိုင်သည် အရွယ်နှင့် မမျှ အောင် အလုပ် လုပ်ခဲ့ရသူ ဖြစ်သည်။ ကလေးအရွယ်နှင့်မမျှအောင် ခါးသီးသည့် လောကဓံကို ဖြတ်ကျော်ခဲ့ရသူ ဖြစ်သည်။ သူ့ဘဝတွင် စား စရာ မရှိ၍ ဘုန်းကြီး ကျောင်းများတွင် လှမ်းထားသည့် ထမင်း ခြောက်တောင်း၍ ဆန်ပြုတ်သဖွယ် ပြန် လုပ်၍ စားသောက်ခဲ့ဖူးသည်။

ဈေးချိုတွင် ပစ္စည်းများထည့်သော ဂုံနီအိတ် ကို ခြုံ၍ မန္တလေး၏အအေးဒဏ်ကို ခါးဆီးခံရင်း အိပ်ရာဝင်ခဲ့ရသည်။မိသားစု၏ အခက်အခဲကိုကြည့်မနေ နိုင်သော မောင်ထွန်းနိုင်အတွက် ငွေရဖို့ အတွက် ဘာမဆို လုပ်မည် ဟု တွေးခဲ့ဖူး သည်။ သို့သော် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သောကြောင့် သမ္မာအာဇီဝကျသော အလုပ်ကိုသာလုပ်မည်ဟု ဆုံးဖြတ်ခဲ့ ကြောင်း ပြန်ပြောင်းပြောသည်။

ပထမဆုံး စလုပ်သည့်အလုပ်က လက်ဝှေ့ပွဲ၊ ဘုရားပွဲ များတွင် ပလတ်စတစ်လိုက်ကောက်ခြင်း ဖြစ်သည်။ ဒိုင်ကိုပြန်သွင်းလျှင် ပိုက်ဆံရ ကြောင်း မောင်ထွန်းနိုင်သိသည်။ ထို့ ကြောင့် ပလတ်စတစ်များ ကောက်ယူ၍ အဟောင်းဆိုင်များကို ရောင်းသည်။ ငယ် စဉ်ကတည်းက ကျောင်း မနေရသော မောင်ထွန်းနိုင်အတွက် ကျောင်းများတွင် ဟစ်ကြွေးေ နသော စာအံသံသည် ဘယ် တော့မှမမက်နိုင်သော အိပ်မက်သာ ဖြစ်ခဲ့ ရသည်။

’ဒီလို ပလတ်စတစ်ကောက်ပြီး ပြန် ရောင်းရင်ပိုက်ဆံရမှန်း ကျွန်တော်သိတယ်။ အဲ့ဒီကစပြီး အကုန်အပ်ချိတ်နဲ့ တုတ် လေးနဲ့ ချည်ပြီး လိုက်ထိုးပြီးကောက်တာ ပဲ” ဟု ဦးထွန်းနိုင်က လောကဓံကို လှောင် ပြောင်လေသည်လော၊ ဘဝအမောများကို ဟာသလုပ် သည်ေ လာ သေချာမသိနိုင်သည့် ရယ်မောခြင်းဖြင့် ရယ်၍ပြောဆိုသည်။

လောကဓံဆိုး လက်သီးနှင့်ထိုး

ထူးခြားသော ဘဝ၏ အမှတ်တရ တစ်ခုလည်း ရှိခဲ့ပါသည်။ မန္တလေးမြို့ လေးမျက်နှာဘုရားပွဲ ရပ်ကွက် လက်ဝှေ့ပွဲတစ်ခုတွင် မောင်ထွန်း နိုင် ဝင်ရောက်ထိုးသတ်ခဲ့သည်။ လက်ဝှေ့ ပွဲဝင်ထိုးရခြင်းကလည်း ထိုးတတ်၍မဟုတ်။ လက်ဝှေ့ပြိုင်ပွဲတွင် ထိုးသတ်မည့် ရပ် ကွက်ထဲမှ တစ်ယောက် က ရောက်မလာ သောေ ကြာင့် ၊ ငွေငါးကျပ်ရ မည်ဟုဆိုသော ကြောင့်သာ ဝင်ရောက်ထိုးသတ်ခဲ့ခြင်းဖြစ် သည်။ လက်ဝှေ့မထိုးခင်ရသည့် ငါးကျပ်ကို သူနှင့်အတူပါလာသော ညီဖြစ်သူကို ပေး ၍ အမေတို့ ထမင်းစားဖို့ ဟုဆိုကာ ပေး ခိုင်းခဲ့သည်။ ကံကောင်းသည်။ မောင်ထွန်း နိုင်လက်ဝှေ့ပွဲတွင် အနိုင်ရခဲ့သည်။ တတ် ၍မဟုတ် ရပ်ကွက်များတွင်း ထိုးသည့် လက်ဝှေ့ပွဲဖြစ်သည့် အားလျော်စွာ ရမ်း သန်းထိုး၍ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အနိုင်ရပြီးနောက် ဆုချငွေ ၁၅ ကျပ်ရရှိ ခဲ့သည်။ သဒ္ဓါတရား ထက်သန်သော မောင်ထွန်းနိုင်သည် ယင်းအနိုင်ရသော ဆု ငွေများထဲမှ ၃ ကျပ်ကို လေးမျက်နှာဘုရား အတွက် လှူဒါန်းခဲ့ပြီး ပိုလျှံသည့် ငွေများ ကို စုဆောင်းခဲ့သည်။ ထို့နောက် မကြာ မကြာ ပိုက်ဆံလိုချင်၍ လက်ဝှေ့ တက် တက်ထိုးသည်။ ရှုံးသည့်အခါလည်း ရှုံး၊ နိုင်သည့်အခါလည်း နိုင်သည်။ နိုင်ရင် ဆုကြေးငွေရတတ်သဖြင့် ထိုငွေများကို အရင်းတည်၍ မောင်ထွန်းနိုင်တစ်ယောက် ဘဝတူ ပလတ်စ တစ်ကောက် သူများထံမှ အဟောင်းများ ပြန်လည်ဝယ်ယူကာ ဒိုင် များကို ပြန်လည် ရောင်းချရင်း ငွေစု ဆောင်းခဲ့သည်။ သူ၏ခြေမြန်တော်ဟုခေါ် ဆိုရမည့် စက်ဘီးကလေးကို ငှား၍ စီးနင်း ကာ လိုက်လံကောက်ယူခဲ့ခြင်း ဖြစ်သည်။

”လက်ဝှေ့ကတော့ မထိုးတတ်ဘူးဗျာ။ ထိုးခါနီးလောက်မှာ သင်ပေးတာပေါ့။ သဲအိတ်တွေဘာတွေလည်း ထိုးခိုင်းတာပဲ” ဟု သူ၏ ညိုနေသော လက်ဆစ်နေရာ များကို ကိုင်ကြည့်ရင်း ပြောဆိုကာ အ တိတ်ကို ပြန်လည်သတိရသွားပုံရသည်။ ”ဂျပ်စက္ကူ၊ သံတို၊ သံစဘူး အခွန်တွေ အားလုံး ကောက်တယ်။ နောက်လိုက် ကောက်တဲ့သူတွေ အချင်းချင်းထံက ပြန် ကောက်ယူတယ်။ ပြီးတော့ ဒိုင်ခွဲအနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်” ဟုသူကပြန်ပြောပြသည်။

ထိုသို့ စုဆောင်းရင်း မောင်ထွန်းနိုင် ၏ စုဘူးဖြစ်သော ဝါးဆစ် ဘူးထဲတွင် ငွေ ၂ သောင်းခန့် စုမိလာချိန်တွင် ဆင်ခြေဖုံး နေရာတစ်ခုမှ ၄ သောင်းတန်မြေကွက် တစ်ကွက်ကို သဘောကျ၍ ဝယ်လိုသည်။ သို့သော်လက်ထဲမှာ ငွေက မပြည့် သဖြင့် ၄ သောင်းတန် မြေကွက်အား ၂ သောင်း ဖြင့်ဝယ်၍ ၂ သောင်းကို မြေအပေါင် သဘောဖြင့် မြေတစ်ကွက် စတင်ဝယ်ယူခဲ့ သည်။ ထိုသို့ဝယ်ယူပြီးနောက် အပေါင် ကြေးြ ဆပ်ရန် မောင်ထွန်းနိုင် ပို၍ အလုပ် လုပ်ရသည်။ နှစ်နှစ်အတွင်း အကြွေးကျေ ခဲ့သည်။ မကျေလျှင်လည်း မြေပါဆုံးတော့ မည်ဖြစ်သည်။ ထိုသို့ဖြင့် မောင်ထွန်းနိုင် အသက် ၁၅ နှစ်အရွယ်ခန့်တွင် မြေကွက် တစ်ခု ပိုင်ဆိုင်သောသူ ဖြစ်လာခဲ့သည်။ ထို့နောက် ယင်းအလုပ်လုပ်ကိုင်ရာတွင် အ မြဲအတူတူရှိခဲ့သော စက်ဘီးကလေးကို လည်း အငှားမှ အပိုင်ဝယ်နိုင်ခဲ့ပြီဖြစ်သည်။

တစ်နေ့ တစ်လံနှင့် ကိုယ်သည်သာ ကံဇာတ်ဆရာ၊ ထို့နောက်မန္တလေးမြို့ပုံနှိပ် စက်များရှိသတင်းစာအဟောင်းများ၊ စက္ကူ ဖြတ်စများ လိုက်လံဝယ်ယူ၍ ဒိုင်များကို ပြန်သွင်းကာ ပိုက်ဆံစုခဲ့သည်။ မကြာမီ တစ်နှစ်အတွင်း တစ်သိန်းနှစ်သောင်းတန် ကြေးရှိသော မြေတစ်ကွက်ကို စုဆောင်း ငွေထဲမှ ထပ်မံဝယ်ယူလိုက်ပြန်သည်။ ထိုသို့ စုဆောင်း ရင်း မြေ ဝယ်ရင်းဖြင့် ၁၉၉၇ ခုနှစ်အရောက်တွင် မြေဈေးများ တက် လာသည်တွင် ယင်းအနေဖြင့် မြေများ ၆ ကွက်အထိ ပိုင်ဆိုင်နေပြီး မြေကွက်အ ရောင်းအဝယ်များ စတင် လုပ်ကိုင် ခဲ့သည်။

ဘာသာတရားကိုင်းရှိုင်း၍ ငယ်စဉ် ဘဝကပင် အလှူရက်ရောသော ဦးထွန်း နိုင်သည် ယင်းအသက် ၂ဝ ခန့်အရွယ်မှစ၍ ဘုရားများ ပြုပြင်ခြင်း၊ ဘုရားများ တည် ခြင်း များကို ပြုလုပ်ခဲ့သည်မှာ ၂ဝ၁၆ ခုနှစ် ဩဂုတ်လ၊ ယင်းအသက် ၄၂ နှစ်အရွယ်တွင် ဘုရား အဆူပေါင်း ၁ဝ၁ ဆူတိတိ ပြုပြင် ခြင်း၊ ဘုရားအသစ် များတည်ခြင်းတို့ ကို ပြုလုပ် လှူဒါန်းခဲ့သည်။

”ကျွန်တော်အမြဲ လှူဒါန်းချင်တယ်။ ဘုရားတွေလည်းတည်တယ်။ ပြိုပျက်နေ တာ တွေတွေ့ရင်လည်း ပြန်ပြင်ပါတယ်။ ကျွန်တော့် စိတ်ထဲ အဲ့ဒီလို ဘုရားတည် နေရင် ကျွန်တော့် စီးပွားရေးလည်း တက် တယ်လို့ထင်တယ်” ဟု ဦးထွန်းနိုင်က သူ့ယုံကြည်မှုကို ဖွင့်ဟသည်။

အတန်းပညာ မနေခဲ့ရ၍ ငယ်စဉ်က တည်းက လူများ၏ လိမ်လည်လှည့်ဖျား ခြင်းကို မကြာခဏ ခံရသော်လည်း ယင်း၏ ကျွမ်းကျင်ရာ နယ်ပယ်ဖြစ်သော မြေ ရောင်းဝယ်ရေးတွင် ယှဉ်နိုင်ရန်ခဲယှဉ်းမည် ဖြစ်သည်။ ယခုဆိုလျှင် မန္တလေး အနီးအ နားနှင့် စစ်ကိုင်း တွင် မြေဧက ရာနှင့်ချီ ပိုင်ဆိုင်နေပြီး မန္တလေးမြို့တွင် အလုပ် သမား ၅ဝ ခန့်ရှိသော အထင်ကရ အိမ် ခြံမြေကုမ္ပဏီကြီးတစ်ခုကို အုပ်ချုပ်စီမံနေ သည်။ မိခင်ဖြစ်သူနှင့် ညီအစ် ကို မောင်နှမ များကိုလည်း ကောင်းမွန်စွာထားနိုင်သော အနေအထားထိရောက်ခဲ့ရသည်။

သို့သော် လည်း
”တစ်ခါတစ်ခါ ဒီပိုင်ဆိုင်မှုတွေနဲ့ နေရတာကို စိတ်ပျက်မိတယ်။ အရင် တုန်း ကလို ဈေးချိုနားမှာ ဂုံနီအိတ်တွေနဲ့ ခြုံပြီး အိပ်ရတဲ့ ဘဝကတောင် ပိုကောင်းဦးမယ် လို့ တွေးမိတယ်” ဟု စိတ်ပျက်လက်ပျက် ညည်းညူသည်ငယ်ဘဝ အလုပ်ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရသည်ကို ကိုယ်ချင်းစာ၍လားပင်မသိ။ ယင်း၏ ခြံထဲတွင် အလုပ်သမားများကို ဘန်ဂလိုလေးများ ဆောက်၍ နေထိုင်ခွင့် ပေးထားသည့်အပြင် အလုပ်သမား များ ပင်ပန်းပါက အနားယူနိုင်ရန် ကာရာအို ကေခန်းများပင် ထည့်သွင်း တည်ဆောက် ပေးလိုက်သေးသည်။

အတိတ်သည်ဖက်တွယ် တမ်းတစရာ တော့ မဟုတ်။ သို့သော် ဘဝမမေ့အောက် ခြေ မလွတ်ခြင်းကလည်း တိုးတက်ကြီးပွား ခြင်း၏ အကြောင်းရင်း တစ်ချက်ဖြစ်ပါ မည်။ ငါ ဘာလုပ်ခဲ့သည် ဆိုခြင်းကို ပြန် တွေး၍ တစိမ့်စိမ့်အရသာခံရန် မဟုတ် သော်လည်း မိမိဘဝကို အကျိုးပြုခဲ့သည် တို့ကို ကတညုတ ကတဝေဒီ ဟူသော မင်္ဂ လာ တရားတော်နှင့် အညီအထူးတလည် တန်ဖိုးထားခြင်းကကောင်းသော အကျင့် ဖြစ်ပါသည်။ ဤသည်ကပင် ဦးထွန်းနိုင် အောင်မြင်ခဲ့ခြင်း၏ လျှို့ဝှက်ချက် လည်း ဖြစ်နိုင်ပါသည်။

အဘယ့်ကြောင့် ဆိုသော် ဦးထွန်းနိုင် နှင့်အတူအလုပ်များ စတင်လုပ်ကိုင်စဉ် ကတည်းက အတူတူရှိခဲ့သော စက်ဘီး ကလေးမှာ ဦးထွန်းနိုင်၏ ကြီးမားလှသော ဘုရားခန်း အတွင်း နေရာ ယူထား သည်မှာ ထိုအချက်ကို ဖော်ပြနေသယောင်ပင် မဟုတ်ပါလား။

ရန်နောင်ထွန်း
( Popular News Journal)

Leave a Reply