ဟာ႐ွီးမားကြၽန္​း (သုိ႔) တ​ေစၧကြၽန္​း အေၾကာင္း

Posted on

ဟာရွီးမားကြ်န္းကုိ ဂန္ကန္ဂ်ီးမား (Gunkanjima) ကြ်န္းလုိ႔လည္း ေခၚေ၀ၚၾကပါတယ္။ Gunkanjima ဆုိတာ စစ္သေဘၤာကြ်န္းလုိ႔ အဓိပၸါယ္ရပါတယ္။ ဂ်ပန္ေရတပ္ရဲ႕ နာမည္ေက်ာ္စစ္သေဘၤာ Tosa ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီအမည္ကိုေပးထားျခင္း ျဖစ္ပါတယ္။

ဒီကြ်န္းဟာ ဂ်ပန္ႏုိင္ငံေတာင္ပုိင္းၿမဳိ႕ျဖစ္တဲ့ နာဂါစကီၿမဳိ႕ရဲ႕ ၉မုိင္အကြာမွာရွိၿပီး နာဂါစကီပုိင္တဲ့နယ္ထဲက လူမေနထုိင္တဲ့ ကြ်န္းေပါင္း ၅၀၀ေက်ာ္ထဲက တစ္ကြ်န္းျဖစ္ပါတယ္။

ဒီကြ်န္းရဲ႕ထူးျခားခ်က္ကေတာ့ ကြ်န္းေပၚမွာ အေဆာက္အအုံမ်ားစြာ ရွိေနၿပီး ၊ ပင္လယ္နဲ႔ ကြ်န္းၾကားမ်ား အုတ္တံတုိင္းေတြ ကာရံထားတာပါ။ ကြ်န္းရဲ႕အက်ယ္ကေတာ့ စတုရန္းေပ ၇ေသာင္း၀န္းက်င္ခန္႔ပဲ ရွိပါတယ္။ ဒီကြ်န္းမွာ လူသူကင္းမဲ့တဲ့ အေဆာက္အအုံ အပ်က္အစီးမ်ားနဲ႔ ေျခာက္ခ်ားဖြယ္ျဖစ္ေနတာေၾကာင့္ တေစၦကြ်န္းလုိ႔လည္း ေခၚေ၀ၚၾကပါတယ္။

တစ္ခ်ိန္ကေတာ့ ဒီကြ်န္းဟာ ပင္လယ္ေအာက္က ေက်ာက္မီးေသြးေတြကုိ တူးေဖာ္ထုတ္္လုပ္တဲ့ေနရာတစ္ခု ျဖစ္ခဲ့ပါတယ္။ ဒီေနရာတစ္၀ုိက္မွာ ေက်ာက္မီးေသြးေတြရွိႏုိင္တယ္ ဆုိတာကို ၁၈၁၀ခုႏွစ္တည္းက သိခဲ့ေပမယ့္ ၁၈၈၇ ခုႏွစ္တုိင္ေအာင္ စြန္႔ပစ္ကြ်န္းအေနအထားပဲ ရွိခဲ့ပါတယ္။

ေက်ာက္မီးေသြးတူးေဖာ္ေရးလုပ္ငန္းလုပ္ဖုိ႔အတြက္ ၁၈၈၇ခုႏွစ္မွာမွ ဒီကြ်န္းကုိ စတင္အေျခခ်ခဲ့ပါတယ္။ အဲဒီအခ်ိန္က ဂ်ပန္မွာ စက္မႈလုပ္ငန္းေတြ စတင္ထြန္းကားေနတဲ့ အခ်ိန္ပါ။ ၁၈၉၀ခုႏွစ္မွာေတာ့ ဒီကြ်န္းကုိ Mitsubishi ကုမၸဏီက ၀ယ္ယူခဲၿပီး ပင္လယ္ေအာက္မုိင္းတြင္းေနကေန ေက်ာက္မီးေသြးေတြကို ဆက္ထုတ္ခဲ့ပါတယ္။

အေဆာက္အအုံေတြ တံတုိင္းေတြကုိလည္း ေဆာက္လုပ္ခဲ့ပါတယ္။ ပထမဆုံး ေဆာက္လုပ္တဲ့ အႀကီးဆုံး အေဆာက္အအုံက ၇ထပ္ရွိတဲ့ တုိက္ခန္းတြဲႀကီးျဖစ္ပါတယ္။ တူးေဖာ္ေရး၀န္ထမ္းေတြကို အဆင့္အလုိက္ ဒီအေဆာက္အဦးမွာေနထုိင္ေစဖုိ႔ ျဖစ္ပါတယ္။ အဲဒီကစလုိ႔ ေနာက္ႏွစ္ေပါင္း ၅၅ႏွစ္အထိ အေဆာက္အအုံမ်ားကုိ တစ္လုံးၿပီးတစ္လုံးေဆာက္ခဲ့ပါတယ္။

အဲဒီအထဲမွာ ေက်ာင္း ၊ ေဆးရုံ ၊ ၿမဳိ႕ခန္းမ ၊ ေပါင္းဆုံေရးစင္တာတစ္ခု သာမက ရုပ္ရွင္ရုံ ၊ မူႀကဳိ ၊ ေရကူးကန္ ၊ ေခါင္မုိးဥယ်ာဥ္ ၊ ေစ်းဆုိင္ နဲ႔ ဂိမ္းဆုိင္ေတြေတာင္ ပါ၀င္ပါသတဲ့။ ပင္လယ္ထဲမွာ ရွိတာေၾကာင့္ အေဆာက္အဦးေတြကို တုိက္ဖြန္းမုန္တုိင္းခံႏုိင္တဲ့အထိ ခုိင္ခံစြာေဆာက္လုပ္ခဲ့ပါတယ္။

ဒီကြ်န္းမွာ အလုပ္လုပ္ရတဲ့သူ အမ်ားစုကေတာ့ စစ္မႈမထမ္းမေနရစနစ္နဲ႔ ေရာက္ရွိလာတဲ့ ကုိရီးယားလူမ်ဳိးေတြ နဲ႔ တရုတ္စစ္သုံ႔ပန္းေတြျဖစ္ပါတယ္။ တျဖည္းျဖည္း ေနထုိင္သူ မ်ားျပားလာခဲ့ၿပီး ၁၉၅၉ခုႏွစ္မွာေတာ့ ေနထုိင္သူေပါင္း ၅၂၅၉ဦး အထိ ရွိလာၿပီး အလြန္စည္ကားခဲ့တဲ့ ကြ်န္းျဖစ္ခဲ့ပါတယ္။ လူဦးေရသိပ္သည္းမႈဟာ ဂ်ပန္ႏုိင္ငံထက္ေတာင္ ၉ဆပုိၿပီး ကမာၻ႔လူဦးေရအထူထပ္ဆုံးေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ကုမၸဏီအရာရွိေတြရဲ႕ မတရားခုိင္းေစမႈေတြအျပင္ အမ်ဳိးမ်ဳိးေသာ အႏၱရာယ္ေတြေၾကာင့္ လုပ္သားေပါင္း ၁၃၀၀ ၀န္းက်င္ခန္႔ ေသဆုံးခဲ့ရပါတယ္။ အလုပ္သမားေတြ ဘယ္ေလာက္ဒုကၡခံခဲ့ရသလဲ ဆုိတဲ့အေၾကာင္းကို ကုိရီးယားက The Battleship Island ဆုိတဲ့ ျဖစ္ရပ္မွန္ဇာတ္လမ္းကို ျပန္လည္ရုိက္ကူးထားတာရွိပါတယ္။

၁၉၆၀၀န္းက်င္မွာ ေက်ာက္မီးေသြးအစား ေရနံေတြကုိ စတင္အသုံးျပဳလာၾကပါတယ္။ ဒါ့အျပင္ ၁၉၇၄ခုႏွစ္မွာေတာ့ ကြ်န္းက ေက်ာက္မီးေသြးထုတ္လုပ္ႏုိင္စြမ္းကလည္း အလြန္နည္းပါးလာခဲ့တာေၾကာင့္ မၾကာမီမွာပဲ ေက်ာက္မီးေသြးတြင္းေတြကို ပိတ္လုိက္ၿပီး ေနထုိင္သူအားလုံးလည္း ကြ်န္းကုိ စြန္႔ပစ္သြားၾကပါေတာ့တယ္။ ၁၈၉၁ခုႏွစ္ကေန ၁၉၇၄ခုႏွစ္အထိ ဒီကြ်န္းကေန ေက်ာက္မီးေသြးတန္ခ်ိန္ေပါင္း ၁၅.၇ သန္း ကုိ ထုတ္လုပ္ႏုိင္ခဲ့ပါတယ္။

အဲဒီအခ်ိန္က စလုိ႔ ဒီကြ်န္းဟာ ၁၀စုႏွစ္ ၃ခုေလာက္ လူသူအေရာက္အေပါက္မရွိတဲ့ ကြ်န္းျဖစ္ခဲ့ပါတယ္။ ၂၀၀၀ ျပည့္ႏွစ္၀န္းက်င္မွာေတာ့ ဒီကြ်န္းရဲ႕ အေဆာက္အဦး အပ်က္အစီး ဓာတ္ပုံေတြကို ေတြ႔ၾကရာက တစ္ဆင့္ ဒီီကြ်န္းကို ျပန္လည္စိတ္၀င္စားလာၾကပါတယ္။ ဒီလုိ စိတ္၀င္စားမႈကေန ဟာရွီးမားကြ်န္းဟာ ခရီးသြားေတြကို ဆြဲေဆာင္ႏုိင္တဲ့ ေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။

အေဆာက္အဦးေတြ နဲ႔ တံတုိင္းေတြကို ထိမ္းသိမ္းဖုိ႔ ခဏပိတ္ထားၿပီး ၂၀၀၉ခုႏွစ္မွာေတာ့ ခရီးသြားေတြအတြက္ ျပန္လည္ဖြင့္လွစ္ေပးခဲ့ပါတယ္။ ၂၀၁၅ခုႏွစ္ ဇူလုိင္မွာေတာ့ ဒီကြ်န္းဟာ ဂ်ပန္ Meiji စက္မႈေတာ္လွန္ေရးရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ UNESCO ရဲ႕ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခု အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

ယေန႔မွာေတာ့ ခရီးသြားေတြ မၾကာခဏသြားေလ့ရွိတဲ့ေနရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ ခရီးသြားကုမၸဏီ အနည္းငယ္က ျမန္ႏႈန္းျမင့္ သေဘၤာေတြနဲ႔ ၀န္ေဆာင္မႈေပးေနၿပီး သေဘၤာေတြကေတာ့ နာဂါစကီဆိပ္ကမ္းကေန ထြက္ခြာပါတယ္။ ဒါေပမယ့္ ဒီအတုိင္းသြားလည္လုိ႔ မရပဲ ၊ ဂုိက္ေတြနဲ႔ သြားလည္မွ အဆင္ေျပမွာပါ။

အေဆာက္အအုံေတြရဲ႕ ခုိင္ခံ့မႈဟာ အားနည္းေနၿပီျဖစ္တဲ့အတြက္ ေရွာင္ရွားသြားႏုိင္ဖုိ႔လုိအပ္လုိ႔ ျဖစ္ပါတယ္။ ငယ္ရြယ္လြန္းတဲ့ ကေလးေတြနဲ႔ အခ်စ္ေတာ္တိရစာၦန္ေလးေတြကိုလည္း ေခၚသြားလုိ႔မရပါဘူး။ သြားလည္မယ့္သူဟာလည္း ကုိယ္ခံအားေကာင္းဖုိ႔ လုိတယ္လုိ႔ သိရပါတယ္။

VIDEO


ဟာရှီးမားကျွန်​း (သို့) တ​စ္ဆေကျွန်​း အကြောင်း (unicode)

ဟာရှီးမားကျွန်းကို ဂန်ကန်ဂျီးမား (Gunkanjima) ကျွန်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။ Gunkanjima ဆိုတာ စစ်သင်္ဘောကျွန်းလို့ အဓိပ္ပါယ်ရပါတယ်။ ဂျပန်ရေတပ်ရဲ့ နာမည်ကျော်စစ်သင်္ဘော Tosa ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီအမည်ကိုပေးထားခြင်း ဖြစ်ပါတယ်။ ဒီကျွန်းဟာ ဂျပန်နိုင်ငံတောင်ပိုင်းမြို့ဖြစ်တဲ့ နာဂါစကီမြို့ရဲ့ ၉မိုင်အကွာမှာရှိပြီး နာဂါစကီပိုင်တဲ့နယ်ထဲက လူမနေထိုင်တဲ့ ကျွန်းပေါင်း ၅၀၀ကျော်ထဲက တစ်ကျွန်းဖြစ်ပါတယ်။

ဒီကျွန်းရဲ့ထူးခြားချက်ကတော့ ကျွန်းပေါ်မှာ အဆောက်အအုံများစွာ ရှိနေပြီး ၊ ပင်လယ်နဲ့ ကျွန်းကြားများ အုတ်တံတိုင်းတွေ ကာရံထားတာပါ။ ကျွန်းရဲ့အကျယ်ကတော့ စတုရန်းပေ ၇သောင်းဝန်းကျင်ခန့်ပဲ ရှိပါတယ်။ ဒီကျွန်းမှာ လူသူကင်းမဲ့တဲ့ အဆောက်အအုံ အပျက်အစီးများနဲ့ ခြောက်ချားဖွယ်ဖြစ်နေတာကြောင့် တစ္ဆေကျွန်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။

တစ်ချိန်ကတော့ ဒီကျွန်းဟာ ပင်လယ်အောက်က ကျောက်မီးသွေးတွေကို တူးဖော်ထုတ်လုပ်တဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေရာတစ်ဝိုက်မှာ ကျောက်မီးသွေးတွေရှိနိုင်တယ် ဆိုတာကို ၁၈၁ဝခုနှစ်တည်းက သိခဲ့ပေမယ့် ၁၈၈၇ ခုနှစ်တိုင်အောင် စွန့်ပစ်ကျွန်းအနေအထားပဲ ရှိခဲ့ပါတယ်။ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းလုပ်ဖို့အတွက် ၁၈၈၇ခုနှစ်မှာမှ ဒီကျွန်းကို စတင်အခြေချခဲ့ပါတယ်။ အဲဒီအချိန်က ဂျပန်မှာ စက်မှုလုပ်ငန်းတွေ စတင်ထွန်းကားနေတဲ့ အချိန်ပါ။ ၁၈၉ဝခုနှစ်မှာတော့ ဒီကျွန်းကို Mitsubishi ကုမ္ပဏီက ဝယ်ယူခဲပြီး ပင်လယ်အောက်မိုင်းတွင်းနေကနေ ကျောက်မီးသွေးတွေကို ဆက်ထုတ်ခဲ့ပါတယ်။

အဆောက်အအုံတွေ တံတိုင်းတွေကိုလည်း ဆောက်လုပ်ခဲ့ပါတယ်။ ပထမဆုံး ဆောက်လုပ်တဲ့ အကြီးဆုံး အဆောက်အအုံက ၇ထပ်ရှိတဲ့ တိုက်ခန်းတွဲကြီးဖြစ်ပါတယ်။ တူးဖော်ရေးဝန်ထမ်းတွေကို အဆင့်အလိုက် ဒီအဆောက်အဦးမှာနေထိုင်စေဖို့ ဖြစ်ပါတယ်။ အဲဒီကစလို့ နောက်နှစ်ပေါင်း ၅၅နှစ်အထိ အဆောက်အအုံများကို တစ်လုံးပြီးတစ်လုံးဆောက်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကျောင်း ၊ ဆေးရုံ ၊ မြို့ခန်းမ ၊ ပေါင်းဆုံရေးစင်တာတစ်ခု သာမက ရုပ်ရှင်ရုံ ၊ မူကြို ၊ ရေကူးကန် ၊ ခေါင်မိုးဥယျာဉ် ၊ ဈေးဆိုင် နဲ့ ဂိမ်းဆိုင်တွေတောင် ပါဝင်ပါသတဲ့။ ပင်လယ်ထဲမှာ ရှိတာကြောင့် အဆောက်အဦးတွေကို တိုက်ဖွန်းမုန်တိုင်းခံနိုင်တဲ့အထိ ခိုင်ခံစွာဆောက်လုပ်ခဲ့ပါတယ်။

ဒီကျွန်းမှာ အလုပ်လုပ်ရတဲ့သူ အများစုကတော့ စစ်မှုမထမ်းမနေရစနစ်နဲ့ ရောက်ရှိလာတဲ့ ကိုရီးယားလူမျိုးတွေ နဲ့ တရုတ်စစ်သုံ့ပန်းတွေဖြစ်ပါတယ်။ တဖြည်းဖြည်း နေထိုင်သူ များပြားလာခဲ့ပြီး ၁၉၅၉ခုနှစ်မှာတော့ နေထိုင်သူပေါင်း ၅၂၅၉ဦး အထိ ရှိလာပြီး အလွန်စည်ကားခဲ့တဲ့ ကျွန်းဖြစ်ခဲ့ပါတယ်။ လူဦးရေသိပ်သည်းမှုဟာ ဂျပန်နိုင်ငံထက်တောင် ၉ဆပိုပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအရာရှိတွေရဲ့ မတရားခိုင်းစေမှုတွေအပြင် အမျိုးမျိုးသော အန္တရာယ်တွေကြောင့် လုပ်သားပေါင်း ၁၃၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့ရပါတယ်။ အလုပ်သမားတွေ ဘယ်လောက်ဒုက္ခခံခဲ့ရသလဲ ဆိုတဲ့အကြောင်းကို ကိုရီးယားက The Battleship Island ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာရှိပါတယ်။

၁၉၆၀ဝန်းကျင်မှာ ကျောက်မီးသွေးအစား ရေနံတွေကို စတင်အသုံးပြုလာကြပါတယ်။ ဒါ့အပြင် ၁၉၇၄ခုနှစ်မှာတော့ ကျွန်းက ကျောက်မီးသွေးထုတ်လုပ်နိုင်စွမ်းကလည်း အလွန်နည်းပါးလာခဲ့တာကြောင့် မကြာမီမှာပဲ ကျောက်မီးသွေးတွင်းတွေကို ပိတ်လိုက်ပြီး နေထိုင်သူအားလုံးလည်း ကျွန်းကို စွန့်ပစ်သွားကြပါတော့တယ်။ ၁၈၉၁ခုနှစ်ကနေ ၁၉၇၄ခုနှစ်အထိ ဒီကျွန်းကနေ ကျောက်မီးသွေးတန်ချိန်ပေါင်း ၁၅.၇ သန်း ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်က စလို့ ဒီကျွန်းဟာ ၁ဝစုနှစ် ၃ခုလောက် လူသူအရောက်အပေါက်မရှိတဲ့ ကျွန်းဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာတော့ ဒီကျွန်းရဲ့ အဆောက်အဦး အပျက်အစီး ဓာတ်ပုံတွေကို တွေ့ကြရာက တစ်ဆင့် ဒီကျွန်းကို ပြန်လည်စိတ်ဝင်စားလာကြပါတယ်။ ဒီလို စိတ်ဝင်စားမှုကနေ ဟာရှီးမားကျွန်းဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဆောက်အဦးတွေ နဲ့ တံတိုင်းတွေကို ထိမ်းသိမ်းဖို့ ခဏပိတ်ထားပြီး ၂၀၀၉ခုနှစ်မှာတော့ ခရီးသွားတွေအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ၂၀၁၅ခုနှစ် ဇူလိုင်မှာတော့ ဒီကျွန်းဟာ ဂျပန် Meiji စက်မှုတော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ယနေ့မှာတော့ ခရီးသွားတွေ မကြာခဏသွားလေ့ရှိတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ခရီးသွားကုမ္ပဏီ အနည်းငယ်က မြန်နှုန်းမြင့် သင်္ဘောတွေနဲ့ ဝန်ဆောင်မှုပေးနေပြီး သင်္ဘောတွေကတော့ နာဂါစကီဆိပ်ကမ်းကနေ ထွက်ခွာပါတယ်။ ဒါပေမယ့် ဒီအတိုင်းသွားလည်လို့ မရပဲ ၊ ဂိုက်တွေနဲ့ သွားလည်မှ အဆင်ပြေမှာပါ။ အဆောက်အအုံတွေရဲ့ ခိုင်ခံ့မှုဟာ အားနည်းနေပြီဖြစ်တဲ့အတွက် ရှောင်ရှားသွားနိုင်ဖို့လိုအပ်လို့ ဖြစ်ပါတယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးတွေနဲ့ အချစ်တော်တိရစ္ဆာန်လေးတွေကိုလည်း ခေါ်သွားလို့မရပါဘူး။ သွားလည်မယ့်သူဟာလည်း ကိုယ်ခံအားကောင်းဖို့ လိုတယ်လို့ သိရပါတယ်။

Leave a Reply