တရုတ္ႏုိင္ငံ ဖြင့္လွစ္ေတာ့မယ္ ကမာၻ႔အရွည္ဆုံး ပင္လယ္ကူးတံတားႀကီး

Posted on

တရုတ္ႏုိင္ငံဟာ ပင္လယ္ျဖတ္ ကမာၻ႔အရွည္ဆုံး တံတားႀကီး Hong Kong-Zhuhai-Macau Bridge ကုိ ေဆာက္လုပ္ၿပီး မၾကာမီမွာ ဖြင့္လွစ္ေတာ့မွာျဖစ္ပါတယ္။ ဒီတံတားႀကီးဟာ ေဟာင္ေကာင္ ၊ မကာအုိ တုိ႔ကုိ တရုတ္ျပည္မႀကီးနဲ႔ ဆက္သြယ္ေပးထားၿပီး အရွည္အားျဖင့္ ၃၄မုိင္ ရွည္ပါတယ္။

၆လမ္းသြားလမ္းျဖစ္ၿပီး လူလုပ္ကြ်န္း ၄ခု နဲ႔ ဥမင္လုိဏ္ေခါင္း ၄ ခု တုိ႔ပါ၀င္ပါတယ္။ အဲဒီအထဲက ဥမင္လုိဏ္ေခါင္းတစ္ခုဟာ ပင္လယ္ေရေအာက္မွာျဖစ္ပါတယ္။ တံတားႀကီးရဲ႕သက္တမ္းကေတာ့ ႏွစ္ေပါင္း ၁၂၀ ျဖစ္ပါတယ္။

အေမရိကန္ေဒၚလာ ၁၅ဘီလ်ံေက်ာ္ ကုန္က်ထားတဲ့ ဒီတံတားလုပ္ငန္းမွာသုံးတဲ့ သံမဏိပမာဏဟာ ျပင္သစ္က အီဖယ္တာ၀ါေဆာက္လုပ္စဥ္က သုံးခဲ့တဲ့ သံမဏိေပါင္းထက္ အဆ ၆၀ ပုိမ်ားပါတယ္။

“ဒီတံတားကုိ ယူေက ၊ အေမရိကန္ ၊ ဒိန္းမတ္ ၊ ဆြစ္ဇာလန္ ၊ ဂ်ပန္ နဲ႔ နယ္သာလန္စတဲ့ ႏုိင္ငံေပါင္း ၁၁ႏုိင္ငံက ပညာရွင္ေတြကုိ ေခၚယူေဆာက္လုပ္ခဲ့တာပါ” လုိ႔ တံတားတည္ေဆာက္ေရး အဖြဲ႔ေခါင္းေဆာင္ Gao Xinglin က ဆုိပါတယ္။

ဒီတံတားႀကီးေဆာက္လုပ္ဖုိ႔အတြက္ လြန္ခဲ့တဲ့ ၁၈ႏွစ္ကတည္းက စတင္အေကာင္အထည္ေဖာ္ခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။ ပညာရွင္ေပါင္းမ်ားစြာသုံးၿပီး ၇ႏွစ္ခန္႔ ခက္ခက္ခဲခဲ တည္ေဆာက္ခဲ့ရတာပါ။ ခုိင္ခံမႈကုိဦးစားေပးထားၿပီး ငလွ်င္ျပင္းအား ၈.၀ ၊ တုိင္ဖုန္းမႈန္တုိင္းျပင္းအား ၁၆ အထိခံႏုိင္ေအာင္ တည္ေဆာက္ထားပါတယ္။

ဒီတံတားႀကီးေၾကာင့္ ေဟာင္ေကာင္ ၊ မကာအုိ နဲ႔ တရုတ္ျပည္မႀကီး သုိ႔ ခရီးသြားခ်ိန္ဟာ ပုံမွန္ထက္ အခ်ိန္တစ္၀က္သက္သာသြားပါတယ္။ ခရီးသြားေတြဟာ ပုလဲျမစ္၀ကိုျဖတ္ၿပီး ေဟာင္ေကာင္ကေန မကာအုိကုိ တစ္နာရီနဲ႔ အေရာက္သြားႏုိင္ေတာ့မွာပါ။

ဒီတံတားသစ္ႀကီးကုိ ေန႔စဥ္ ေမာ္ေတာ္ယာဥ္ေပါင္း ၄ေသာင္းခန္႔ ျဖတ္သန္းသြားႏုိင္ဖုိ႔ေမွ်ာ္လင့္ထားၿပီး ဒီအထဲမွာ ၁၀မိနစ္ တစ္ခါထြက္ေလ့ရွိတဲ့ ဘတ္စ္ကားေတြလည္း ပါ၀င္မွာျဖစ္တယ္လုိ႔ သိရပါတယ္။ ေမာ္ေတာ္ယာဥ္သီးသန္႔လမ္းေၾကာင္းျဖစ္တာေၾကာင့္ လမ္းေလွ်ာက္သူမ်ား နဲ႔ ဆုိင္ကယ္သမားမ်ားကိုေတာ့ သြားခြင့္ျပဳမွာ မဟုတ္ပါဘူး။

ဒီတံတားႀကီးဟာ ဒီႏွစ္ပုိင္းမွာ ဖြင့္လွစ္မယ့္ တရုတ္ႏုိင္ငံရဲ႕ အႀကီးဆုံး ပေရာဂ်က္ႏွစ္ခု ထဲက တစ္ခုျဖစ္ပါတယ္။ အျခားပေရာဂ်က္တစ္ခုကေတာ့ ျမန္ႏႈန္းျမင့္ ရထားလမ္းေၾကာင္းျဖစ္ပါတယ္။ တရုတ္ႏုိင္ငံဟာ ကမာၻ႔လူဦးေရအမ်ားဆုံး ႏုိင္ငံျဖစ္ၿပီး တစ္ေန႔ထက္တစ္ေန႔ လူဦးေရပုိမုိမ်ားျပားလာပါတယ္။

ဒီလုိမ်ားျပားတဲ့လူေတြကုိ အဆင္ေျပစြာ သြားလာေစႏုိင္ဖုိ႔အတြက္ အခုလုိ ဧရာမတံတားႀကီးေတြ ၊ ၿမဳိ႕ေတာ္ေတြ ၊ စီမံကိန္းႀကီးေတြကုိ အလွ်င္အျမန္ အေကာင္အထည္ေဖာ္ေနရတာျဖစ္ပါတယ္။ ကမာၻ႔ အရွည္ဆုံးတားႀကီးျဖစ္လာမယ့္ ဒီတံတားႀကီး မၾကာမီဖြင့္လွစ္သြားမယ္လုိ႔ ဆုိေပမယ့္ ဖြင့္မယ့္ ရက္အတိအက်ကိုေတာ့ မသိရေသးပါဘူး။

——————————————–
တရုတ်နိုင်ငံ ဖွင့်လှစ်တော့မယ် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီး (unicode)

တရုတ်နိုင်ငံဟာ ပင်လယ်ဖြတ် ကမ္ဘာ့အရှည်ဆုံး တံတားကြီး Hong Kong-Zhuhai-Macau Bridge ကို ဆောက်လုပ်ပြီး မကြာမီမှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဒီတံတားကြီးဟာ ဟောင်ကောင် ၊ မကာအို တို့ကို တရုတ်ပြည်မကြီးနဲ့ ဆက်သွယ်ပေးထားပြီး အရှည်အားဖြင့် ၃၄မိုင် ရှည်ပါတယ်။

၆လမ်းသွားလမ်းဖြစ်ပြီး လူလုပ်ကျွန်း ၄ခု နဲ့ ဥမင်လိုဏ်ခေါင်း ၄ ခု တို့ပါဝင်ပါတယ်။ အဲဒီအထဲက ဥမင်လိုဏ်ခေါင်းတစ်ခုဟာ ပင်လယ်ရေအောက်မှာဖြစ်ပါတယ်။ တံတားကြီးရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၁၂၀ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၅ဘီလျံကျော် ကုန်ကျထားတဲ့ ဒီတံတားလုပ်ငန်းမှာသုံးတဲ့ သံမဏိပမာဏဟာ ပြင်သစ်က အီဖယ်တာဝါဆောက်လုပ်စဉ်က သုံးခဲ့တဲ့ သံမဏိပေါင်းထက် အဆ ၆၀ ပိုများပါတယ်။

“ဒီတံတားကို ယူကေ ၊ အမေရိကန် ၊ ဒိန်းမတ် ၊ ဆွစ်ဇာလန် ၊ ဂျပန် နဲ့ နယ်သာလန်စတဲ့ နိုင်ငံပေါင်း ၁၁နိုင်ငံက ပညာရှင်တွေကို ခေါ်ယူဆောက်လုပ်ခဲ့တာပါ” လို့ တံတားတည်ဆောက်ရေး အဖွဲ့ခေါင်းဆောင် Gao Xinglin က ဆိုပါတယ်။

ဒီတံတားကြီးဆောက်လုပ်ဖို့အတွက် လွန်ခဲ့တဲ့ ၁၈နှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပညာရှင်ပေါင်းများစွာသုံးပြီး ၇နှစ်ခန့် ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတာပါ။ ခိုင်ခံမှုကိုဦးစားပေးထားပြီး ငလျှင်ပြင်းအား ၈.၀ ၊ တိုင်ဖုန်းမှုန်တိုင်းပြင်းအား ၁၆ အထိခံနိုင်အောင် တည်ဆောက်ထားပါတယ်။

ဒီတံတားကြီးကြောင့် ဟောင်ကောင် ၊ မကာအို နဲ့ တရုတ်ပြည်မကြီး သို့ ခရီးသွားချိန်ဟာ ပုံမှန်ထက် အချိန်တစ်ဝက်သက်သာသွားပါတယ်။ ခရီးသွားတွေဟာ ပုလဲမြစ်ဝကိုဖြတ်ပြီး ဟောင်ကောင်ကနေ မကာအိုကို တစ်နာရီနဲ့ အရောက်သွားနိုင်တော့မှာပါ။

ဒီတံတားသစ်ကြီးကို နေ့စဉ် မော်တော်ယာဉ်ပေါင်း ၄သောင်းခန့် ဖြတ်သန်းသွားနိုင်ဖို့မျှော်လင့်ထားပြီး ဒီအထဲမှာ ၁ဝမိနစ် တစ်ခါထွက်လေ့ရှိတဲ့ ဘတ်စ်ကားတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ မော်တော်ယာဉ်သီးသန့်လမ်းကြောင်းဖြစ်တာကြောင့် လမ်းလျှောက်သူများ နဲ့ ဆိုင်ကယ်သမားများကိုတော့ သွားခွင့်ပြုမှာ မဟုတ်ပါဘူး။

ဒီတံတားကြီးဟာ ဒီနှစ်ပိုင်းမှာ ဖွင့်လှစ်မယ့် တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပရောဂျက်နှစ်ခု ထဲက တစ်ခုဖြစ်ပါတယ်။ အခြားပရောဂျက်တစ်ခုကတော့ မြန်နှုန်းမြင့် ရထားလမ်းကြောင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ လူဦးရေပိုမိုများပြားလာပါတယ်။

ဒီလိုများပြားတဲ့လူတွေကို အဆင်ပြေစွာ သွားလာစေနိုင်ဖို့အတွက် အခုလို ဧရာမတံတားကြီးတွေ ၊ မြို့တော်တွေ ၊ စီမံကိန်းကြီးတွေကို အလျှင်အမြန် အကောင်အထည်ဖော်နေရတာဖြစ်ပါတယ်။ ကမ္ဘာ့ အရှည်ဆုံးတားကြီးဖြစ်လာမယ့် ဒီတံတားကြီး မကြာမီဖွင့်လှစ်သွားမယ်လို့ ဆိုပေမယ့် ဖွင့်မယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

Leave a Reply