ႏွစ္ေပါင္း ၆၀၀ေက်ာ္ ၾကာခဲ့ေပမယ့္ အလုပ္လုပ္ေနဆဲျဖစ္တဲ့ ေရွးေဟာင္းနာရီႀကီး

Posted on

ဒီနာရီႀကီးကေတာ့ ခ်က္ခ္ႏုိင္ငံ ရဲ႕ၿမဳိ႕ေတာ္ Prague ၿမဳိ႕မွာတည္ရွိတဲ့ နကၡတ္ေဗဒနာရီႀကီးပဲျဖစ္ပါတယ္။ အလယ္ေခတ္ ၁၄၁၀ ခုႏွစ္တည္းက တည္ေဆာက္ခဲ့တာျဖစ္တာေၾကာင့္ အခုဆုိရင္ ႏွစ္ေပါင္း ၆၀၀ ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ပါတယ္။ သူဟာ ကမာၻ႔ေရွးအက်ဆုံး နကၡတ္ေဗဒ နာရီစာရင္းမွာ တတိယေျမာက္ျဖစ္ၿပီး ယေန႔တုိင္အလုပ္လုပ္ေနဆဲ တစ္လုံးတည္းေသာ နာရီျဖစ္ပါတယ္။

လက္တင္ဘာသာစကားနဲ႔ Orloj လုိ႔ေခၚတဲ့ ဒီနကၡတ္ေဗဒနာရီႀကီးဟာ Prague ၿမဳိ႕ Old town square က ၿမဳိ႕ေတာ္ခန္းမေဟာင္းရဲ႕ နံရံမွာခ်ိတ္ဆြဲထားတာျဖစ္ပါတယ္။ ဒီနာရီႀကီးမွာ အစိတ္အပုိင္း ၃ခုပါ၀င္ပါတယ္။ နကၡတ္ေဗဒဆုိင္ရာ နာရီမ်က္ႏွာျပင္ ၊ ေနနဲ႔လ ရဲ႕ တည္ေနရာကို ကုိယ္စားျပဳတဲ့ အခ်က္ေတြကိုျပသတဲ့ အစိတ္အပုိင္း နဲ႔ နကၡတ္ေဗဒဆုိင္ရာ အခ်က္အလက္ အမ်ဳိးမ်ဳိးကုိ ေဖာ္ျပေပးတဲ့အပုိင္းတုိ႔ ျဖစ္ၾကပါတယ္။

ဒီနာရီႀကီးကို ဖန္တီးျပဳလုပ္ခဲ့သူေတြကေတာ့ နာရီပညာရွင္ Mikuláš of Kadaň နဲ႔ သခ်ၤာနဲ႔နကၡတ္ေဗဒ ပါေမာကၡ Jan Sindel တုိ႔ျဖစ္ပါတယ္။ ပထမဆုံးတပ္ဆင္ခဲ့တဲ့ အခ်ိန္ကေတာ့ ၁၄၁၀ခုႏွစ္ ေအာက္တုိဘာလ ၉ ရက္ေန႔ျဖစ္ပါတယ္။ ၁၄၄၉ခုႏွစ္မွာေတာ့ ဗိသုကာပညာေတြနဲ႔ ထပ္မံမြန္းမံခဲ့ၿပီး ေရာမပန္းပုရုပ္တုမ်ားကုိ ထည့္သြင္းခဲ့ပါတယ္။

ပုိမုိေကာင္းမြန္စြာ အလုပ္လုပ္ေစဖုိ႔ Jan Růže ဆုိသူ နာရီပညာရွင္က ၁၄၉၀ခုႏွစ္မွာ ျပင္ဖုိ႔ႀကဳိးစားခဲ့ေပမယ့္ သူဟာအမွားအယြင္းတစ္ခုလုပ္မိၿပီး ၊ မ်က္စိကန္းသြားတဲ့အတြက္ နာရီႀကီးကို ေနာက္ႏွစ္ေပါင္း ၁၀၀ ေက်ာ္အထိျပင္မယ့္သူ မရွိခဲ့ပါဘူး။ ၁၅၅၂ခုႏွစ္ေရာက္မွသာ Jan Taborský ဆုိသူ နာရီပညာရွင္က ပထမလူရဲ႕အမွားကို ျပန္လည္ျပဳျပင္ႏုိင္ခဲ့ၿပီး နာရီႀကီးကို ျပန္လည္လည္ပတ္ေစႏုိင္ခဲ့ပါတယ္။

အဲဒီေနာက္ပုိင္းမွာလည္း နာရီႀကီးဟာ အႀကိမ္ေပါင္းမ်ားစြာ ရပ္ခဲ့ေပမယ့္ ျပန္လည္ျပင္ဆင္ႏုိင္ခဲ့ပါတယ္။ ၁၆၂၉ခုႏွစ္ နဲ႔ ၁၆၅၉ခုႏွစ္အတြင္းမွာ သစ္သားရုပ္ေတြကုိ ထပ္မံျဖည့္သြင္းခဲ့ပါတယ္။ အႀကီးစားျပင္ဆင္မႈေတြကုိေတာ့ ၁၇၈၇ နဲ႔ ၁၈၆၅ ခုႏွစ္ေတြမွာ ထပ္မံျပဳလုပ္ခဲ့ၿပီး ေရႊေရာင္ရုပ္တုေတြထည့္သြင္းခဲ့တာပဲျဖစ္ပါတယ္။

၁၉၄၅ခုႏွစ္ ေမလ ၇ ရက္ေန႔မွာ နာရီႀကီး ပ်က္စီးမလုိျဖစ္ခဲ့ပါတယ္။ ၿမဳိ႕ကုိသိမ္းခဲ့တဲ့ ဂ်ာမဏီနာဇီတပ္ေတြဟာ တင့္ကားေတြနဲ႔ တစ္ၿမဳိ႕လုံးကုိဖ်က္စီးခဲ့တယ္။ ၿမဳိ႕လယ္အေဆာက္အအုံတခ်ဳိ႕ကိုဖ်က္စီးခံခဲ့ရလုိ႔ နာရီႀကီးနဲ႔ ျပကၡဒိန္ေပၚက ရုပ္တုေတြမီးေလာင္ခဲ့ရေပမယ့္ တစ္ခုလုံးေတာ့ ပ်က္စီးမသြားခဲ့ပါဘူး။ ခ်က္ခ္ဗိသုကာပညာရွင္ Vojtěch Sucharda က မူလအတုိင္းျပန္လည္ျပဳျပင္ႏုိင္ခဲ့ပါတယ္။ ၂၀၀၅ခုႏွစ္မွာေတာ့ ရုပ္တုေတြကို ခုိေတြက အသုိက္လုပ္ခဲ့လုိ႔ အကာကြယ္ေတြျပဳလုပ္ရပါေသးတယ္။ ၂၀၁၇ခုႏွစ္ ဇူလုိင္မွာလည္း ထပ္မံ ထိမ္းသိမ္းမြမ္းမံမႈေတြကုိ ျပဳလုပ္ခဲ့ပါေသးတယ္။

Orloj နာရီႀကီးရဲ႕ အႏွစ္ ၆၀၀ျပည့္ ေမြးေန႔ကုိ ေအာက္တုိဘာ ၉ရက္ ၊ ၂၀၁၀မွာ ျပဳလုပ္ခဲ့ၿပီး ၊ အႏွစ္ ၆၀၅ႏွစ္ေျမာက္ေမြးေန႔ကုိေတာ့ ၿပီးခဲ့တဲ့ ၂၀၁၅ခုႏွစ္ ေအာက္တုိဘာ ၉ရက္ေန႔မွာ ျပဳလုပ္ခဲ့ပါတယ္။ နာရီႀကီး Orloj ဟာ Prague ၿမဳိ႕ရဲ႕သမုိင္း၀င္ အေမႊအႏွစ္ပစၥည္းအျဖစ္ ထိမ္းသိမ္းထားျခင္းခံရၿပီး ယခုထက္တုိင္ အလုပ္လုပ္လွ်က္ရွိေနဆဲ ျဖစ္ပါတယ္။

VIDEO

Ref:
wikipedia


နှစ်ပေါင်း ၆၀၀ကျော် ကြာခဲ့ပေမယ့် အလုပ်လုပ်နေဆဲဖြစ်တဲ့ ရှေးဟောင်းနာရီကြီး (unicode)

ဒီနာရီကြီးကတော့ ချက်ခ်နိုင်ငံ ရဲ့မြို့တော် Prague မြို့မှာတည်ရှိတဲ့ နက္ခတ်ဗေဒနာရီကြီးပဲဖြစ်ပါတယ်။ အလယ်ခေတ် ၁၄၁၀ ခုနှစ်တည်းက တည်ဆောက်ခဲ့တာဖြစ်တာကြောင့် အခုဆိုရင် နှစ်ပေါင်း ၆၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ရှေးအကျဆုံး နက္ခတ်ဗေဒ နာရီစာရင်းမှာ တတိယမြောက်ဖြစ်ပြီး ယနေ့တိုင်အလုပ်လုပ်နေဆဲ တစ်လုံးတည်းသော နာရီဖြစ်ပါတယ်။

လက်တင်ဘာသာစကားနဲ့ Orloj လို့ခေါ်တဲ့ ဒီနက္ခတ်ဗေဒနာရီကြီးဟာ Prague မြို့ Old town square က မြို့တော်ခန်းမဟောင်းရဲ့ နံရံမှာချိတ်ဆွဲထားတာဖြစ်ပါတယ်။ ဒီနာရီကြီးမှာ အစိတ်အပိုင်း ၃ခုပါဝင်ပါတယ်။ နက္ခတ်ဗေဒဆိုင်ရာ နာရီမျက်နှာပြင် ၊ နေနဲ့လ ရဲ့ တည်နေရာကို ကိုယ်စားပြုတဲ့ အချက်တွေကိုပြသတဲ့ အစိတ်အပိုင်း နဲ့ နက္ခတ်ဗေဒဆိုင်ရာ အချက်အလက် အမျိုးမျိုးကို ဖော်ပြပေးတဲ့အပိုင်းတို့ ဖြစ်ကြပါတယ်။

ဒီနာရီကြီးကို ဖန်တီးပြုလုပ်ခဲ့သူတွေကတော့ နာရီပညာရှင် Mikuláš of Kadaň နဲ့ သင်္ချာနဲ့နက္ခတ်ဗေဒ ပါမောက္ခ Jan Sindel တို့ဖြစ်ပါတယ်။ ပထမဆုံးတပ်ဆင်ခဲ့တဲ့ အချိန်ကတော့ ၁၄၁ဝခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ဖြစ်ပါတယ်။ ၁၄၄၉ခုနှစ်မှာတော့ ဗိသုကာပညာတွေနဲ့ ထပ်မံမွန်းမံခဲ့ပြီး ရောမပန်းပုရုပ်တုများကို ထည့်သွင်းခဲ့ပါတယ်။

ပိုမိုကောင်းမွန်စွာ အလုပ်လုပ်စေဖို့ Jan Růže ဆိုသူ နာရီပညာရှင်က ၁၄၉ဝခုနှစ်မှာ ပြင်ဖို့ကြိုးစားခဲ့ပေမယ့် သူဟာအမှားအယွင်းတစ်ခုလုပ်မိပြီး ၊ မျက်စိကန်းသွားတဲ့အတွက် နာရီကြီးကို နောက်နှစ်ပေါင်း ၁၀၀ ကျော်အထိပြင်မယ့်သူ မရှိခဲ့ပါဘူး။ ၁၅၅၂ခုနှစ်ရောက်မှသာ Jan Taborský ဆိုသူ နာရီပညာရှင်က ပထမလူရဲ့အမှားကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး နာရီကြီးကို ပြန်လည်လည်ပတ်စေနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း နာရီကြီးဟာ အကြိမ်ပေါင်းများစွာ ရပ်ခဲ့ပေမယ့် ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ၁၆၂၉ခုနှစ် နဲ့ ၁၆၅၉ခုနှစ်အတွင်းမှာ သစ်သားရုပ်တွေကို ထပ်မံဖြည့်သွင်းခဲ့ပါတယ်။ အကြီးစားပြင်ဆင်မှုတွေကိုတော့ ၁၇၈၇ နဲ့ ၁၈၆၅ ခုနှစ်တွေမှာ ထပ်မံပြုလုပ်ခဲ့ပြီး ရွှေရောင်ရုပ်တုတွေထည့်သွင်းခဲ့တာပဲဖြစ်ပါတယ်။

၁၉၄၅ခုနှစ် မေလ ၇ ရက်နေ့မှာ နာရီကြီး ပျက်စီးမလိုဖြစ်ခဲ့ပါတယ်။ မြို့ကိုသိမ်းခဲ့တဲ့ ဂျာမဏီနာဇီတပ်တွေဟာ တင့်ကားတွေနဲ့ တစ်မြို့လုံးကိုဖျက်စီးခဲ့တယ်။ မြို့လယ်အဆောက်အအုံတချို့ကိုဖျက်စီးခံခဲ့ရလို့ နာရီကြီးနဲ့ ပြက္ခဒိန်ပေါ်က ရုပ်တုတွေမီးလောင်ခဲ့ရပေမယ့် တစ်ခုလုံးတော့ ပျက်စီးမသွားခဲ့ပါဘူး။ ချက်ခ်ဗိသုကာပညာရှင် Vojtěch Sucharda က မူလအတိုင်းပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ်မှာတော့ ရုပ်တုတွေကို ခိုတွေက အသိုက်လုပ်ခဲ့လို့ အကာကွယ်တွေပြုလုပ်ရပါသေးတယ်။ ၂၀၁၇ခုနှစ် ဇူလိုင်မှာလည်း ထပ်မံ ထိမ်းသိမ်းမွမ်းမံမှုတွေကို ပြုလုပ်ခဲ့ပါသေးတယ်။

Orloj နာရီကြီးရဲ့ အနှစ် ၆၀၀ပြည့် မွေးနေ့ကို အောက်တိုဘာ ၉ရက် ၊ ၂၀၁ဝမှာ ပြုလုပ်ခဲ့ပြီး ၊ အနှစ် ၆၀၅နှစ်မြောက်မွေးနေ့ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အောက်တိုဘာ ၉ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ နာရီကြီး Orloj ဟာ Prague မြို့ရဲ့သမိုင်းဝင် အမွှေအနှစ်ပစ္စည်းအဖြစ် ထိမ်းသိမ်းထားခြင်းခံရပြီး ယခုထက်တိုင် အလုပ်လုပ်လျှက်ရှိနေဆဲ ဖြစ်ပါတယ်။

Ref:
wikipedia

Leave a Reply