၂၀၂၀ခုႏွစ္မွာ ေပ်ာက္ကြယ္သြားႏုိင္ေသာ အရာမ်ား

Posted on

နည္းပညာေတြ တုိးတက္လာတာနဲ႔ အညီ အရင္က သုံးခဲ့တဲ့ ပစၥည္းေတြဟာလည္း သူ႔ထက္ျမင့္တဲ့ ထုတ္ကုန္ေတြထပ္ထပ္ေပၚလာတဲ့အတြက္ တျဖည္းျဖည္းေပ်ာက္ဆုံးလာရပါတယ္။ ဂဏန္းတြက္စက္ ၊ နာရီ ၊ ရီေကာ္ဒါ ၊ ႀကဳိးဖုန္း ၊ ကက္ဆတ္တုိ႔ေနရာမွာ ယေန႔စမတ္ဖုန္းတစ္လုံးတည္းနဲ႔ အစားထုိးႏုိင္ေနၿပီ ဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။ ဒီ ေပ်ာက္ဆုံးသြားႏုိင္တဲ့အရာေတြရဲ႕ စာရင္းကုိေတာ့ Business Insider ကေန စုစည္းေပးထားျခင္းျဖစ္ပါတယ္။

၁။ ပုံႏွိပ္ မဂၢဇင္းမ်ား

Teen Vogue နဲ႔ Nylon ကဲဲ့သုိ႔ အေမရိကန္က နာမည္ရွိၿပီးသား မဂၢဇင္းေတြဟာ ပုံႏွိပ္မဂၢဇင္းက႑ ကုိ ရပ္တန္႔လုိက္ၿပီး အြန္လုိင္းမဂၢဇင္းမ်ားအျဖစ္ ရပ္တည္လွ်က္ရွိပါတယ္။ အြန္လုိင္းသုံးစြဲသူ တျဖည္းျဖည္းမ်ားျပားလာၿပီးတဲ့ေနာက္ပုိင္း ကမာၻ႔ႏုိင္ငံအမ်ားစုက ပုံႏွိပ္ မဂၢဇင္း ဂ်ာနယ္ေတြ ဖတ္ရႈ႕သူနည္းပါးလာခဲ့ပါတယ္။ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံမွာလည္း နာမည္ရွိတဲ့ မဂၢဇင္း ဂ်ာနယ္ တခ်ဳိ႕ဖတ္ရႈ႕သူနည္းပါးမႈေၾကာင့္ ရပ္ဆုိင္းသြားရတာ အားလုံးအသိပါ။

၂။ သတင္းစာမ်ား

တခ်ိန္ကေတာ့ သတင္းစာေတြကို အထူးအားကုိးၿပီး ဖတ္ခဲ့ၾကပါတယ္။ ဒီလုိဖတ္ရဖုိ႔ နယ္ၿမဳိ႕ေတြဆုိရင္ တစ္ရက္ေနာက္က်ၿပီးမွ ရရွိၾကပါတယ္။ အခုေတာ့ သတင္းစာဖတ္သူဟာလည္း နည္း့ပါးသြားရပါၿပီ။ အေၾကာင္းကေတာ့ အြန္လုိင္းကေန သတင္းေတြကုိ ခ်က္ခ်င္းလက္ငင္း သိရွိေနၿပီ ျဖစ္လုိ႔ပါပဲ။

၃။ ဒစ္ဂ်စ္တယ္ ကင္မရာမ်ား

တခ်ိန္ကေတာ့ ပုိက္ဆံအနည္းငယ္ တတ္ႏုိင္သူတုိင္းဟာ ဓာတ္ပုံရုိက္ဖုိ႔ အတြက္ ဒစ္ဂ်စ္တယ္ ကင္မရာတစ္လုံးကိုေတာ့ ၀ယ္ထားေလ့ ရွိၾကပါတယ္။ အခုေတာ့ ေနာက္ဆုံေပၚဖုန္းေတြမွာ ဒစ္ဂ်စ္တယ္ကင္မရာ အလား ဓာတ္ပုံရုိက္လုိ႔ ရတဲ့ စနစ္ေတြ ပါ၀င္ေနၿပီ ျဖစ္တာေၾကာင့္ တကယ့္စိတ္ပါ၀င္စားသူေတြမွတပါး ဒစ္ဂ်စ္တယ္ ကင္မရာ၀ယ္ယူသုံးစြဲသူ နည္းလာခဲ့ပါၿပီ။

၄။ Hard drive ၊ Thumb drive မ်ား

Hard Drive ၊ Thumb drive မ်ားရဲ႕ သုံးစြဲမႈဟာ ယခုထိေတာ့ အေရးပါေနပါေသးတယ္။ ဒါေပမယ့္ cloud သိုေလွာင္မႈ စနစ္ဟာ တုိးတက္လာၿပီျဖစ္တဲ့အတြက္ ႏွစ္အနည္းငယ္အတြင္းမွာ လူအမ်ားစုဟာ data ေတြကုိ Cloud စနစ္နဲ႔ သိမ္းဆည္းၾကမွာျဖစ္တဲ့အတြက္ Pysical Drive ေတြဟာ သုံးစြဲသူနည္းပါးသြားၿပီး တျဖည္းျဖည္းေပ်ာက္ကြယ္သြားႏုိင္ပါတယ္။

၅။ ေျမပုံစာရြက္မ်ား

တခ်ိန္ကေတာ့ ေျမပုံစာရြက္ေတြဟာ ခရီးသြားသူမ်ားအတြက္ အေဖာ္မြန္ပါပဲ။ ဒါေပမယ့္ Google Map ရဲ႕ ျဖည့္စြက္မႈတျဖည္းျဖည္းျပည့္စုံလာၿပီးတဲ့ေနာက္မွာ ေျမပုံစာရြက္ေတြကို မသုံးၾကေတာ့ ဖုန္းတုိင္းမွာပါတဲ့ Google Map ကို ပဲ သုံးစြဲေနၾကၿပီျဖစ္ပါတယ္။

၆။ CD , DVD , DVD Players

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကေတာ့ စီဒီ ဒီဗီဒီ နဲ႔ ဒီဗီဒီ စက္ေတြရဲ႕ ေခတ္တစ္ေခတ္ျဖစ္ခဲ့ပါတယ္။ သီခ်င္းပဲ နားေထာင္ခ်င္ခ်င္ ၊ ဗီဒီယုိပဲ ၾကည့္ခ်င္ခ်င္ စီဒီ ၊ ဒီဗီဒီ နဲ႔ ဒီဗီဒီ စက္ေတြကို အားကုိးရလုိ႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ လုိအပ္တဲ့ေနရာအနည္းငယ္ကလြဲလုိ႔ ဒါေတြကုိ သိပ္မသုံးၾကေတာ့ပါဘူး။ အင္တာနက္ရွိတဲ့ ဖုန္းကတစ္ဆင့္ အြန္လုိင္းမွာ ႏွစ္သက္ရာသီခ်င္း ၊ ဗီဒီယုိေတြကုိ တုိက္ရုိက္ၾကည့္ရႈ႕နားေထာင္တာပဲျဖစ္ျဖစ္ ၊ ေဒါင္းလုပ္ဆြဲၿပီး မိမိရဲ႕ ဖုန္း(သုိ႔) ကြန္ပ်ဴတာထဲကုိ ထည့္ၿပီး အခ်ိန္မေရြးျပန္ဖြင့္ႏုိင္ၿပီ ျဖစ္ပါတယ္။

၇။ ေဘစာရြက္မ်ား

မီတာေဘ ၊ ဖုန္းေဘမ်ားကို အရင္ကေတာ့ စာရြက္ေတြနဲ႔ ေပးကာ သက္ဆုိင္ရာရုံးမွာ သြားေရာက္ေဆာင္ရပါတယ္။ အခုေတာ့ ဘဏ္နဲ႔ ခ်ိတ္ထားကာ ဖုန္းထဲကေနပဲ လြယ္လြယ္ကူကူေဆာင္လုိ႔ရေနပါၿပီ။

၈။ ဂဏန္းေပါင္းစက္ ၊ ႏႈိးစက္ ၊ လက္ပတ္နာရီ

အားလုံးသိတဲ့ အတုိင္း ဒီအရာ သုံးခုစလုံးရဲ႕ လုပ္ေဆာင္ခ်က္ဟာ ဖုန္းတုိင္းမွာ ပါရွိေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းလုပ္ကုိင္တဲ့သူ ၊ သုံးရတာႏွစ္သက္လုိ႔ သီးသန္႔၀ယ္တဲ့သူ အနည္းငယ္ကလြဲလုိ႔ ဒီအရာေတြ အသုံးျပဳမႈ နည္းပါးလာပါၿပီ။

၉။ ႀကဳိးဖုန္းမ်ား ၊ ဖုန္းရုံမ်ား

အေမရိကန္မွာေတာ့ ၂၀၁၆ခုႏွစ္ဟာ အိမ္အမ်ားစုမွာ ႀကဳိးဖုန္းအသုံးမျပဳေတာ့တဲ့ ပထမဆုံးႏွစ္ျဖစ္တယ္လုိ႔ ထုတ္ျပန္ခဲ့ပါတယ္။ ကြ်န္ေတာ္တို႔ ႏုိင္ငံမွာလည္း လက္ကုိင္ဖုန္းေတြေပါလာၿပီးတဲ့ေနာက္မွာ ႀကဳိးဖုန္းကုိ သုံးေလ့မရွိေတာ့တာ အားလုံးအသိပါ။ ဌာနဆုိင္ရာရုံး ၊ ကုမၸဏီ နဲ႔ လုပ္ငန္းတခ်ဳိ႕မွာသာ ႀကဳိးဖုန္းကို အသုံးျပဳေတာ့တာေၾကာင့္ ႀကဳိးဖုန္းရဲ႕ အခန္းက႑ဟာ ေမွးမွိန္သြားၿပီျဖစ္ပါတယ္။ ဖုန္းရုံေတြလည္း အလားတူပါပဲ။ လူတုိင္းနီးပါး ကုိယ္ပုိင္ဖုန္းေတြကုိင္လာႏုိင္ၿပီးတဲ့ေနာက္မွာ ဖုန္းရုံေတြလည္း မရွိေတာ့ပါဘူး။

၁၀။ ခလုတ္ပါတဲ့ ဖုန္းမ်ား

လက္ကိုင္ဖုန္းေတြ စေပၚကာစက ကီးပတ္ဖုန္းေတြကို အသုံးျပဳခဲ့ၾကပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ကီးပတ္ဖုန္းေတြေနရာမွာ touch screen ဖုန္းေတြက အစားထုိး၀င္ေရာက္လာပါတယ္။ ပထမဆုံး Touch Screen ဖုန္းကေတာ့ ၁၉၉၃ခုႏွစ္ကတည္းကေပၚခဲ့တဲ့  IBM Simon ဖုန္းျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ ဖုန္းေပၚက ခလုတ္ဟာ ႏွစ္ခု သုံးခုသာ ရွိပါေတာ့တယ္။ အဲဒီေနာက္ေတာ့ ခလုပ္တစ္ခုသာပါရွိရာကေန အခုဆုိရင္ ဖုန္းအမ်ဳိးအစားေတာ္ေတာ္မ်ားမ်ားဟာ ခလုပ္ေတြကိုေဖ်ာက္ပစ္လုိက္ၾကပါၿပီ။ ေနာက္ပုိင္းမွာ ဖုန္းအားလုံးဟာ ခလုတ္မပါတဲ့ ဖုန္းေတြျဖစ္သြားေတာ့မွာပါ။

၁၁။ မွီျငမ္းစာအုပ္မ်ား

အြန္လုိင္းက႑ လွ်င္ျမန္စြာတုိးတက္လာၿပီးတဲ့ေနာက္မွာ စာအုပ္စာတမ္းေတြ အားလုံးနီးပါးဟာလည္း အင္တာနက္ေပၚေရာက္ေနခဲ့ၿပီ ျဖစ္ၿပီး အခ်ိန္မေရြး ရွာေဖြဖတ္ရႈ႕ႏုိင္ေနပါၿပီ။ အျပင္မွာ သြားေရာက္ရွာေဖြရတဲ့ အေျခအေနဟာ တျဖည္းျဖည္းနည္းပါးသြားၿပီး အမ်ားစုဟာ အင္တာနက္ေပၚမွာပဲ ေလ့လာ ရွာေဖြၾကပါေတာ့တယ္။

၁၂။ ေငြယူ ၊ ေငြလႊဲစနစ္ ၊ ခ်က္လက္မွတ္ စာအုပ္မ်ား

အြန္လုိင္းဘဏ္စနစ္ေတြ တုိးတက္လာၿပီးတဲ့ေနာက္မွာ လူကုိယ္တုိင္သြားရတဲ့ ေငြယူ ေငြလြဲစနစ္ေတြ ၊ ခ်က္လက္မွတ္စနစ္ေတြဟာ အသုံးျပဳမႈ နည္းပါးလာခဲ့ပါၿပီ။ ေနာက္ပုိင္းမွာ ေငြေၾကးစနစ္ဟာ ဒီဂ်စ္တစ္စနစ္ျဖစ္လာေတာ့မယ္ ဆုိတာ အေသအခ်ာပါ။

၁၃။ Password မ်ား

ယခုတုိင္ေတာ့ Password မ်ားကို မွတ္သား သုံးစြဲေနၾကရဆဲပါ။ ဒါေပမယ့္ အခုေနာက္ပုိင္းမွာ လက္ေဗြစနစ္ နဲ႔ Face ID စနစ္ေတြကုိ စတင္စမ္းသပ္ေနၿပီျဖစ္တဲ့ အတြက္ ေနာက္ပုိင္းမွာ ဒီစနစ္ေတြ တိက်ေသခ်ာလာခဲ့ရင္ Password ေတြကို သုံးစြဲၾကေတာ့မွာ မဟုတ္ပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ ဖုန္းအမ်ားစုဟာ လက္ေဗြစနစ္ကို သုံးစြဲေနၿပီျဖစ္ပါတယ္။

၁၄။ ရီမုဒ္ကြန္ထရုိးမ်ား

အသံနဲ႔ ေစခုိင္းမႈ စနစ္ ၊ စမတ္ဖုန္းေတြနဲ႔ ကြန္ထရုိးလုပ္ႏုိင္တဲ့ စနစ္ေတြကို တျဖည္းျဖည္း ထြန္းကားလာၿပီးတဲ့ေနာက္မွာ ရီမုဒ္ကြန္ထရုိးေတြကို အသုံးျပဳၾကေတာ့မွာ မဟုတ္ဘူး။ လုိအပ္တဲ့ စက္အမ်ဳိးအစားရဲ႕ ေဆာ့၀ဲကုိ ဖုန္းမွာထည့္လုိက္တာနဲ႔ ဖုန္းဟာ ရီမုဒ္ကြန္ထရိုး အျဖစ္ေျပာင္းလဲသြားမွာ ျဖစ္ၿပီး ေနာက္ပိုင္းမွာ ဒီစနစ္ကိုေျပာင္းလဲသြားမွာပါ။

၁၅။ ႀကဳိးပါတဲ့ နားၾကပ္မ်ား ၊ အားသြင္းႀကဳိးမ်ား

wireless စနစ္ေတြ လည္း တုိးတက္လာၿပီးတဲ့ေနာက္မွာ ေနာက္ပုိင္းမွာ ႀကဳိးပါတဲ့ နားၾကပ္ေတြ ၊ အားသြင္းႀကဳိးေတြေပ်ာက္ကြယ္သြားၿပီး ႀကဳိးမဲ့စနစ္ကုိ အသုံးျပဳၾကေတာ့မွာ ျဖစ္ပါတယ္။ ယခုလည္း ႀကဳိးမဲ့အားသြင္းႀကဳိးေတြ ၊ နားၾကပ္ေတြ စထြက္ေနၿပီျဖစ္ပါတယ္။

၁၆။ ကားေသာ့မ်ား

BMW ကား အမ်ဳိးအစားမွာ ေသာ့မလုိပဲ တံခါးဖြင့္လုိ႔ရတဲ့ App တစ္မ်ဳိးရွိပါတယ္။ ဒါအျပင္ ကားေသာ့ေတြေနရာကုိ ေနာက္ပုိင္းမွာ ဖုန္း app နဲ႔ အစားထုိးေတာ့မယ့္ အေၾကာင္းကုိ စက္တင္ဘာလမွာ ေၾကျငာခဲ့ပါတယ္။

၁၇။ ခရီးသြားေအဂ်င္စီမ်ား

၂၀၀၀ ခုႏွစ္က အေမရိကန္မွာ ခရီးသြားေအဂ်င္စီ ကုမၸဏီေပါင္း ၁၂၄၀၀၀ ရွိခဲ့ရာမွာ ၂၀၁၄ခုႏွစ္မွာေတာ့ ၇၄၀၀၀ သာ က်န္ပါေတာ့တယ္။ ဒီလုိျဖစ္ရျခင္း အေၾကာင္းကေတာ့ ခရီးသြားေတြဟာ တစ္ေန႔ထက္တစ္ေန႔မ်ားျပားလာၾကေပမယ့္ ခရီးသြားေအဂ်င္စီေတြနဲ႔ မသြားၾကေတာ့ပဲ ကုိယ့္အစီအစဥ္နဲ႔ ကုိယ္သြားလာသူေတြ မ်ားျပားလာလုိ႔ ျဖစ္ပါတယ္။ အင္တာနက္က ခရီးသြားရီဗ်ဴးေတြကုိဖတ္ၿပီး ကုိယ့္ဘာသာ သြားလာျခင္းဟာ ခရီးသြားေအဂ်င္စီေတြနဲ႔ သြားလာရတာထက္ စရိတ္စက အလြန္သက္သာတယ္လုိ႔ သိိရပါတယ္။

ဒါေတြကေတာ့ ၂၀၂၀ခုႏွစ္မွာ ေပ်ာက္ကြယ္သြားႏုိင္တယ္လုိ႔ Business Insider ၀ဘ္ဆုိဒ္က ခန္႔မွန္းထားတဲ့ အရာေတြပါ။ မိတ္ေဆြတုိ႔ အျမင္လည္း သိခ်င္ပါတယ္။ ဒီလုိ စိတ္၀င္စားစရာ ပုိစ့္ေလးေတြကုိ အၿမဲဖတ္ခ်င္ရင္ေတာ့ သုတဇုန္ေပ့ ကုိ ဆီးဖက္စ္လုပ္ထားလုိက္ပါ 

သုတဇုန္

Ref:
30 things that might be obsolete by 2020 By Talia Lakritz (Business Insider)


၂၀၂ဝခုနှစ်မှာ ပျောက်ကွယ်သွားနိုင်သော အရာများ (unicode)

နည်းပညာတွေ တိုးတက်လာတာနဲ့ အညီ အရင်က သုံးခဲ့တဲ့ ပစ္စည်းတွေဟာလည်း သူ့ထက်မြင့်တဲ့ ထုတ်ကုန်တွေထပ်ထပ်ပေါ်လာတဲ့အတွက် တဖြည်းဖြည်းပျောက်ဆုံးလာရပါတယ်။ ဂဏန်းတွက်စက် ၊ နာရီ ၊ ရီကော်ဒါ ၊ ကြိုးဖုန်း ၊ ကက်ဆတ်တို့နေရာမှာ ယနေ့စမတ်ဖုန်းတစ်လုံးတည်းနဲ့ အစားထိုးနိုင်နေပြီ ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီ ပျောက်ဆုံးသွားနိုင်တဲ့အရာတွေရဲ့ စာရင်းကိုတော့ Business Insider ကနေ စုစည်းပေးထားခြင်းဖြစ်ပါတယ်။

၁။ ပုံနှိပ် မဂ္ဂဇင်းများ
Teen Vogue နဲ့ Nylon ကဲ့သို့ အမေရိကန်က နာမည်ရှိပြီးသား မဂ္ဂဇင်းတွေဟာ ပုံနှိပ်မဂ္ဂဇင်းကဏ္ဍ ကို ရပ်တန့်လိုက်ပြီး အွန်လိုင်းမဂ္ဂဇင်းများအဖြစ် ရပ်တည်လျှက်ရှိပါတယ်။ အွန်လိုင်းသုံးစွဲသူ တဖြည်းဖြည်းများပြားလာပြီးတဲ့နောက်ပိုင်း ကမ္ဘာ့နိုင်ငံအများစုက ပုံနှိပ် မဂ္ဂဇင်း ဂျာနယ်တွေ ဖတ်ရှု့သူနည်းပါးလာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း နာမည်ရှိတဲ့ မဂ္ဂဇင်း ဂျာနယ် တချို့ဖတ်ရှု့သူနည်းပါးမှုကြောင့် ရပ်ဆိုင်းသွားရတာ အားလုံးအသိပါ။

၂။ သတင်းစာများ
တချိန်ကတော့ သတင်းစာတွေကို အထူးအားကိုးပြီး ဖတ်ခဲ့ကြပါတယ်။ ဒီလိုဖတ်ရဖို့ နယ်မြို့တွေဆိုရင် တစ်ရက်နောက်ကျပြီးမှ ရရှိကြပါတယ်။ အခုတော့ သတင်းစာဖတ်သူဟာလည်း နည့်းပါးသွားရပါပြီ။ အကြောင်းကတော့ အွန်လိုင်းကနေ သတင်းတွေကို ချက်ချင်းလက်ငင်း သိရှိနေပြီ ဖြစ်လို့ပါပဲ။

၃။ ဒစ်ဂျစ်တယ် ကင်မရာများ
တချိန်ကတော့ ပိုက်ဆံအနည်းငယ် တတ်နိုင်သူတိုင်းဟာ ဓာတ်ပုံရိုက်ဖို့ အတွက် ဒစ်ဂျစ်တယ် ကင်မရာတစ်လုံးကိုတော့ ဝယ်ထားလေ့ ရှိကြပါတယ်။ အခုတော့ နောက်ဆုံပေါ်ဖုန်းတွေမှာ ဒစ်ဂျစ်တယ်ကင်မရာ အလား ဓာတ်ပုံရိုက်လို့ ရတဲ့ စနစ်တွေ ပါဝင်နေပြီ ဖြစ်တာကြောင့် တကယ့်စိတ်ပါဝင်စားသူတွေမှတပါး ဒစ်ဂျစ်တယ် ကင်မရာဝယ်ယူသုံးစွဲသူ နည်းလာခဲ့ပါပြီ။

၄။ Hard drive ၊ Thumb drive များ
Hard Drive ၊ Thumb drive များရဲ့ သုံးစွဲမှုဟာ ယခုထိတော့ အရေးပါနေပါသေးတယ်။ ဒါပေမယ့် cloud သိုလှောင်မှု စနစ်ဟာ တိုးတက်လာပြီဖြစ်တဲ့အတွက် နှစ်အနည်းငယ်အတွင်းမှာ လူအများစုဟာ data တွေကို Cloud စနစ်နဲ့ သိမ်းဆည်းကြမှာဖြစ်တဲ့အတွက် Pysical Drive တွေဟာ သုံးစွဲသူနည်းပါးသွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ပါတယ်။

၅။ မြေပုံစာရွက်များ
တချိန်ကတော့ မြေပုံစာရွက်တွေဟာ ခရီးသွားသူများအတွက် အဖော်မွန်ပါပဲ။ ဒါပေမယ့် Google Map ရဲ့ ဖြည့်စွက်မှုတဖြည်းဖြည်းပြည့်စုံလာပြီးတဲ့နောက်မှာ မြေပုံစာရွက်တွေကို မသုံးကြတော့ ဖုန်းတိုင်းမှာပါတဲ့ Google Map ကို ပဲ သုံးစွဲနေကြပြီဖြစ်ပါတယ်။

၆။ CD , DVD , DVD Players
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ စီဒီ ဒီဗီဒီ နဲ့ ဒီဗီဒီ စက်တွေရဲ့ ခေတ်တစ်ခေတ်ဖြစ်ခဲ့ပါတယ်။ သီချင်းပဲ နားထောင်ချင်ချင် ၊ ဗီဒီယိုပဲ ကြည့်ချင်ချင် စီဒီ ၊ ဒီဗီဒီ နဲ့ ဒီဗီဒီ စက်တွေကို အားကိုးရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ လိုအပ်တဲ့နေရာအနည်းငယ်ကလွဲလို့ ဒါတွေကို သိပ်မသုံးကြတော့ပါဘူး။ အင်တာနက်ရှိတဲ့ ဖုန်းကတစ်ဆင့် အွန်လိုင်းမှာ နှစ်သက်ရာသီချင်း ၊ ဗီဒီယိုတွေကို တိုက်ရိုက်ကြည့်ရှု့နားထောင်တာပဲဖြစ်ဖြစ် ၊ ဒေါင်းလုပ်ဆွဲပြီး မိမိရဲ့ ဖုန်း(သို့) ကွန်ပျူတာထဲကို ထည့်ပြီး အချိန်မရွေးပြန်ဖွင့်နိုင်ပြီ ဖြစ်ပါတယ်။

၇။ ဘေစာရွက်များ
မီတာဘေ ၊ ဖုန်းဘေများကို အရင်ကတော့ စာရွက်တွေနဲ့ ပေးကာ သက်ဆိုင်ရာရုံးမှာ သွားရောက်ဆောင်ရပါတယ်။ အခုတော့ ဘဏ်နဲ့ ချိတ်ထားကာ ဖုန်းထဲကနေပဲ လွယ်လွယ်ကူကူဆောင်လို့ရနေပါပြီ။

၈။ ဂဏန်းပေါင်းစက် ၊ နှိုးစက် ၊ လက်ပတ်နာရီ
အားလုံးသိတဲ့ အတိုင်း ဒီအရာ သုံးခုစလုံးရဲ့ လုပ်ဆောင်ချက်ဟာ ဖုန်းတိုင်းမှာ ပါရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းလုပ်ကိုင်တဲ့သူ ၊ သုံးရတာနှစ်သက်လို့ သီးသန့်ဝယ်တဲ့သူ အနည်းငယ်ကလွဲလို့ ဒီအရာတွေ အသုံးပြုမှု နည်းပါးလာပါပြီ။

၉။ ကြိုးဖုန်းများ ၊ ဖုန်းရုံများ
အမေရိကန်မှာတော့ ၂၀၁၆ခုနှစ်ဟာ အိမ်အများစုမှာ ကြိုးဖုန်းအသုံးမပြုတော့တဲ့ ပထမဆုံးနှစ်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း လက်ကိုင်ဖုန်းတွေပေါလာပြီးတဲ့နောက်မှာ ကြိုးဖုန်းကို သုံးလေ့မရှိတော့တာ အားလုံးအသိပါ။ ဌာနဆိုင်ရာရုံး ၊ ကုမ္ပဏီ နဲ့ လုပ်ငန်းတချို့မှာသာ ကြိုးဖုန်းကို အသုံးပြုတော့တာကြောင့် ကြိုးဖုန်းရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားပြီဖြစ်ပါတယ်။ ဖုန်းရုံတွေလည်း အလားတူပါပဲ။ လူတိုင်းနီးပါး ကိုယ်ပိုင်ဖုန်းတွေကိုင်လာနိုင်ပြီးတဲ့နောက်မှာ ဖုန်းရုံတွေလည်း မရှိတော့ပါဘူး။

၁၀။ ခလုတ်ပါတဲ့ ဖုန်းများ
လက်ကိုင်ဖုန်းတွေ စပေါ်ကာစက ကီးပတ်ဖုန်းတွေကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကီးပတ်ဖုန်းတွေနေရာမှာ touch screen ဖုန်းတွေက အစားထိုးဝင်ရောက်လာပါတယ်။ ပထမဆုံး Touch Screen ဖုန်းကတော့ ၁၉၉၃ခုနှစ်ကတည်းကပေါ်ခဲ့တဲ့  IBM Simon ဖုန်းဖြစ်ပါတယ်။ အဲဒီနောက်တော့ တဖြည်းဖြည်းနဲ့ ဖုန်းပေါ်က ခလုတ်ဟာ နှစ်ခု သုံးခုသာ ရှိပါတော့တယ်။ အဲဒီနောက်တော့ ခလုပ်တစ်ခုသာပါရှိရာကနေ အခုဆိုရင် ဖုန်းအမျိုးအစားတော်တော်များများဟာ ခလုပ်တွေကိုဖျောက်ပစ်လိုက်ကြပါပြီ။ နောက်ပိုင်းမှာ ဖုန်းအားလုံးဟာ ခလုတ်မပါတဲ့ ဖုန်းတွေဖြစ်သွားတော့မှာပါ။

၁၁။ မှီငြမ်းစာအုပ်များ
အွန်လိုင်းကဏ္ဍ လျှင်မြန်စွာတိုးတက်လာပြီးတဲ့နောက်မှာ စာအုပ်စာတမ်းတွေ အားလုံးနီးပါးဟာလည်း အင်တာနက်ပေါ်ရောက်နေခဲ့ပြီ ဖြစ်ပြီး အချိန်မရွေး ရှာဖွေဖတ်ရှု့နိုင်နေပါပြီ။ အပြင်မှာ သွားရောက်ရှာဖွေရတဲ့ အခြေအနေဟာ တဖြည်းဖြည်းနည်းပါးသွားပြီး အများစုဟာ အင်တာနက်ပေါ်မှာပဲ လေ့လာ ရှာဖွေကြပါတော့တယ်။

၁၂။ ငွေယူ ၊ ငွေလွှဲစနစ် ၊ ချက်လက်မှတ် စာအုပ်များ
အွန်လိုင်းဘဏ်စနစ်တွေ တိုးတက်လာပြီးတဲ့နောက်မှာ လူကိုယ်တိုင်သွားရတဲ့ ငွေယူ ငွေလွဲစနစ်တွေ ၊ ချက်လက်မှတ်စနစ်တွေဟာ အသုံးပြုမှု နည်းပါးလာခဲ့ပါပြီ။ နောက်ပိုင်းမှာ ငွေကြေးစနစ်ဟာ ဒီဂျစ်တစ်စနစ်ဖြစ်လာတော့မယ် ဆိုတာ အသေအချာပါ။

၁၃။ Password များ
ယခုတိုင်တော့ Password များကို မှတ်သား သုံးစွဲနေကြရဆဲပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လက်ဗွေစနစ် နဲ့ Face ID စနစ်တွေကို စတင်စမ်းသပ်နေပြီဖြစ်တဲ့ အတွက် နောက်ပိုင်းမှာ ဒီစနစ်တွေ တိကျသေချာလာခဲ့ရင် Password တွေကို သုံးစွဲကြတော့မှာ မဟုတ်ပါဘူး။လက်ရှိအချိန်မှာတော့ ဖုန်းအများစုဟာ လက်ဗွေစနစ်ကို သုံးစွဲနေပြီဖြစ်ပါတယ်။

၁၄။ ရီမုဒ်ကွန်ထရိုးများ
အသံနဲ့ စေခိုင်းမှု စနစ် ၊ စမတ်ဖုန်းတွေနဲ့ ကွန်ထရိုးလုပ်နိုင်တဲ့ စနစ်တွေကို တဖြည်းဖြည်း ထွန်းကားလာပြီးတဲ့နောက်မှာ ရီမုဒ်ကွန်ထရိုးတွေကို အသုံးပြုကြတော့မှာ မဟုတ်ဘူး။ လိုအပ်တဲ့ စက်အမျိုးအစားရဲ့ ဆော့ဝဲကို ဖုန်းမှာထည့်လိုက်တာနဲ့ ဖုန်းဟာ ရီမုဒ်ကွန်ထရိုး အဖြစ်ပြောင်းလဲသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ဒီစနစ်ကိုပြောင်းလဲသွားမှာပါ။

၁၅။ ကြိုးပါတဲ့ နားကြပ်များ ၊ အားသွင်းကြိုးများ
wireless စနစ်တွေ လည်း တိုးတက်လာပြီးတဲ့နောက်မှာ နောက်ပိုင်းမှာ ကြိုးပါတဲ့ နားကြပ်တွေ ၊ အားသွင်းကြိုးတွေပျောက်ကွယ်သွားပြီး ကြိုးမဲ့စနစ်ကို အသုံးပြုကြတော့မှာ ဖြစ်ပါတယ်။ ယခုလည်း ကြိုးမဲ့အားသွင်းကြိုးတွေ ၊ နားကြပ်တွေ စထွက်နေပြီဖြစ်ပါတယ်။

၁၆။ ကားသော့များ
BMW ကား အမျိုးအစားမှာ သော့မလိုပဲ တံခါးဖွင့်လို့ရတဲ့ App တစ်မျိုးရှိပါတယ်။ ဒါအပြင် ကားသော့တွေနေရာကို နောက်ပိုင်းမှာ ဖုန်း app နဲ့ အစားထိုးတော့မယ့် အကြောင်းကို စက်တင်ဘာလမှာ ကြေငြာခဲ့ပါတယ်။

၁၇။ ခရီးသွားအေဂျင်စီများ
၂၀၀၀ ခုနှစ်က အမေရိကန်မှာ ခရီးသွားအေဂျင်စီ ကုမ္ပဏီပေါင်း ၁၂၄၀၀၀ ရှိခဲ့ရာမှာ ၂၀၁၄ခုနှစ်မှာတော့ ၇၄၀၀၀ သာ ကျန်ပါတော့တယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းကတော့ ခရီးသွားတွေဟာ တစ်နေ့ထက်တစ်နေ့များပြားလာကြပေမယ့် ခရီးသွားအေဂျင်စီတွေနဲ့ မသွားကြတော့ပဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားလာသူတွေ များပြားလာလို့ ဖြစ်ပါတယ်။ အင်တာနက်က ခရီးသွားရီဗျူးတွေကိုဖတ်ပြီး ကိုယ့်ဘာသာ သွားလာခြင်းဟာ ခရီးသွားအေဂျင်စီတွေနဲ့ သွားလာရတာထက် စရိတ်စက အလွန်သက်သာတယ်လို့ သိရပါတယ်။

ဒါတွေကတော့ ၂၀၂ဝခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တယ်လို့ Business Insider ဝဘ်ဆိုဒ်က ခန့်မှန်းထားတဲ့ အရာတွေပါ။ မိတ်ဆွေတို့ အမြင်လည်း သိချင်ပါတယ်။

သုတဇုန်

Ref:
30 things that might be obsolete by 2020 By Talia Lakritz (Business Insider)

Leave a Reply