၀ါရီရူးမင္းဆက္ကုိတည္ေထာင္သူ ၀ါရီရူးမင္း (သုိ႔) မဂဒူး

Posted on

မဂဒူးမင္းဆက္ (သို႔) ဝါရီ႐ူမင္းဆက္ေခၚ မုတၱမၿမိဳ႕၏မင္းဆက္ စတင္တည္ေထာင္သူ ဝါရီ႐ူးမင္းသည္ မင္းမ်ိဳးမင္းႏြယ္ မဟုတ္ပဲ ဆင္းရဲသားဘဝမွ ႀကံရည္၊ ဉာဏ္ရည္ႏွင့္ ဝီရိယေၾကာင့္ အထြတ္အထိပ္ မင္းအျဖစ္သို႔ ေရာက္လာေသာ မြန္ဘုရင္ျဖစ္သည္။ ဤမင္းသည္ ေအာက္ျမန္မာႏိုင္ငံရွိ မြန္ေဒသအားလုံးကို စိုးပိုင္ခဲ့ေလသည္။ ပုဂံတြင္ နရသီဟပေတ့ တ႐ုတ္ေျပးမင္းႏွင့္ သားေတာ္အငယ္ ေက်ာ္စြာတို႔ အုပ္စိုးခ်ိန္၌ ေအာက္ျမန္မာႏိုင္ငံတြင္ ဝါရီ႐ူမင္း အုပ္စိုးလ်က္ရွိသည္။ သူတည္ေထာင္ခဲ့ေသာ ႏိုင္ငံေတာ္သည္ မြန္ျပည္နယ္မွ ေအာင္ျမန္မာျပည္ တစ္ေလၽွာက္သို႔ေရာက္ၿပီး မင္းဆက္ ၁၈ ဆက္တိုင္ ရွိခဲ့သည္။

သကၠရာဇ္ ၆၁၄ တန္ခူးလဆုတ္ ၄ ရက္တြင္ဖြားျမင္ၿပီး ငယ္အမည္မွာ မဂဒူးျဖစ္ျဖစ္သည္။ ယိုးဒယားရာဇဝင္၌ မိုဂဒိုဟု ေတြ႕ရသည္။ မဂဒူးက ယခု သထုံနယ္ရွိ ေရွးအေခၚ တေကာ့ဝန္ သို႔မဟုတ္ ဝန္ၿမိဳ႕ဟုေခၚေသာ ဒုံဝန္း႐ြာ ဇာတိျဖစ္သည္။ အဖျဖစ္သူမွာ မြန္ရွမ္းအႏြယ္ျဖစ္၍ ကြမ္းကုန္သည္ သုံးက်ိပ္ႏွစ္ေယာက္တြင္ အႀကီးအမႉးျဖစ္၏။ မိဘမ်ားမွာ သာမန္လယ္လုပ္သူ ႏွင့္ ကုန္သည္မ်ားျဖစ္ၾကသည္။ ငယ္စဥ္ကေလးဘဝက မိဘမ်ား လယ္လုပ္သြားခ်ိန္တြင္ ေခၚေဆာင္သြားၿပီး ကန္သင္းေပၚ၌ ခေမာက္ရွည္ (မြန္ဘာသာျဖင့္ ဂဒူး) တစ္ခုကို ပက္လက္လွန္ထားၿပီး အိပ္စက္ေစကာ အျခားခေမာက္ရွည္တစ္ခုကို အေပၚမွ ဖုံးအုပ္ထား ခဲ့သည္။ က်ီးငွက္တစ္ေကာင္က ထိုခေမာက္ရွည္အတြင္းမွ ကေလးငယ္ကို အစာအမွတ္ႏွင့္ လာေရာက္ကိုက္ခ်ီရန္ႀကိဳးစားရာ အဖုံးျဖစ္သည့္ ခေမာက္ရွည္က ထိုက်ီးငွက္ကို လိုက္လံ ထိုးဆိတ္တိုက္ခိုက္ေလသည္။ ထိုကဲ့သို႔ထူးဆန္းသည့္ အျခင္းအရာကို ျမင္သည့္ မိဘႏွစ္ပါးကလည္း သားျဖစ္သူအား မဂဒူး(ေမာင္ခေမာက္ရွည္)ဟု အမည္ေပး လိုက္ၾကသည္။

သားဦးျဖစ္သည့္ မဂဒူး တြင္ မဂဒါ အမည္ရွိ ညီတစ္ဦးႏွင့္ ႏွမျဖစ္သူ ႏွင္းဥ႐ိုင္ တို႔ရွိၾကသည္။ ေနာင္တြင္ မိဘမ်ား လယ္အလုပ္မွ တေကာ့ဝန္း (ဒုန္ဝန္းၿမိဳ႕-ယေန႔ ဝန္ၿမိဳ႕) သို႔ေျပာင္းကာ ကုန္သည္အလုပ္ျဖင့္ စီးပြားရွာၾကသည္။ ထိုစဥ္က မဂဒူးတို႔ ေနထိုင္ရာမွ ေသာကၠတဲၿမိဳ႕သို႔ အထမ္းသမား(၃၀)ဦးျဖင့္ ကုန္မ်ားထမ္းကာ သြားေရာက္ၾကျခင္း ျဖစ္သည္။ ေနာင္ မိဘမ်ား အိုမင္းၾကေသာ္ မဂဒူး အသက္ ၂ဝ အ႐ြယ္ေရာက္၍ အဖျဖစ္သူအစား ဝင္ေရာက္ကာ ကုန္သည္အလုပ္တြင္ ဦးစီးေလသည္။

ထိုသို႔ ယိုးဒယား ဇင္းမယ္ဘက္ရွိ တေကာ့ဝန္းႏွင့္ ေသာကၠတဲ ႏွစ္ၿမိဳ႕ကို ကူးသန္းကာ ကုန္သည္ဘဝျဖင့္ က်င္လည္ေနစဥ္ တစ္ေခါက္ေသာ ေသာကၠတဲသို႔ ကုန္ပို႔ခရီးလမ္းတြင္ အထမ္းသမားတစ္ဦး နာဖ်ားသျဖင့္ ထိုသူ၏ဝန္ကို ေခါင္းေဆာင္ျဖစ္သူ မဂဒူးထမ္းရသည္။ ေတာင္ထိပ္တစ္ခုသို႔ ေရာက္လၽွင္ အခါမဟုတ္ မိုးမ်ားအုံ႔ဆိုင္းၿပီး မဂဒူး ထမ္းလာသည့္ ဝန္ထုပ္ကို မိုးႀကိဳးပစ္ခ်ေလသည္။ မဂဒူးလည္း အတန္ၾကာေမ့ေျမာသြားၿပီး ျပန္လည္သတိရ၍ မ်က္စိဖြင့္ၾကည့္ေလေသာ္ တိမ္တိုက္မ်ားၾကားမွ အေရွ႕အရပ္တြင္ အေရာင္အလ်ံေတာက္ပသည့္ နန္းျပသာဒ္တစ္ေဆာင္ကို ျမင္ရၿပီး ထိုနန္းျပသာဒ္၏ အေရာင္ေၾကာင့္ အေနာက္ဖက္တြင္လည္း နန္းျပသာဒ္တစ္ေဆာင္ကို ျမင္ရျပန္သည္။

ထိုအခါ မဂဒူးလည္း ထူးျခားသည့္နိမိတ္ကို မွတ္သား၍ အနီးရွိ႐ြာသို႔ေရာက္လၽွင္ ထို႐ြာမွ နိမိတ္ဖတ္ဆရာအား သြားေရာက္ေမးေလသည္။ နိမိတ္ဖတ္ဆရာလည္း ႀကီးက်ယ္ေသာ နိမိတ္ျဖစ္သျဖင့္ မဂဒူးအရပ္ႏွင့္ညီသည့္ ေငြကိုပူေဇာ္မွသာ ဖတ္ႏိုင္မည္ဟုဆိုသျဖင့္ မဂဒူးသည္အနီးရွိ မိမိအရပ္ႏွင့္ မကြာလွေသာ ျခေတာင္ပို႔ေပၚတြင္ ေငြျပား ၃၀ ကိုတင္ကာပူေဇာ္ၿပီး နိမိတ္ဖတ္ေစသည္။ ထိုအခါနိမိတ္ဖတ္ဆရာလည္း မဂဒူး၏ ဉာဏ္စြမ္းကို အသိအမွတ္ျပဳ၍ အေရွ႕ဖက္တြင္ရွိသည့္ အႀကီးဆုံးသတၱဝါကို ခစားရန္ ႏွင့္ ထိုအေရွ႕ဖက္ရွိ ဘုန္းႀကီးသည့္ မင္း၏အကူအညီေၾကာင့္ အေနာက္အရပ္တြင္ မင္းျဖစ္ရမည္ဟု ဆိုေလသည္။

သို႔ျဖင့္ မဂဒူးသည္ အေရွ႕ဖက္ရွိ အႀကီးဆုံး သတၱဝါဆိုသည့္အတိုင္း ေသာကၠတဲမင္း၏ ဆင္တင္းကုတ္တြင္ ဝင္ေရာက္အမႈထမ္းေလသည္။ ေသာကၠတဲမင္း ျဗေရာင္လည္း မဂဒူး၏ အရည္အခ်င္းကို သေဘာက်သည့္ အတြက္ ဆင္တင္းကုတ္မွ ေခၚယူၿပီး မိမိထံတြင္ ခစားေစရာမွ မဂဒူး၏ အရည္အခ်င္းေၾကာင့္ နန္းေတာ္အတြင္းအျပင္ကို ေစာင့္က်ပ္ရသည့္ ဝင္းမႈးျဖစ္လာေတာ့သည္။ ထိုဝင္းမႉးအရာ၌ အစီအမံ အေဆာင္အ႐ြက္ အရည္အခ်င္း ထူးလွေသာေၾကာင့္ “ေစာဋိဋံရည္”ဟူေသာဘြဲ႕ကိုလည္းေပးသည္။ ‘ေစာလီလပ္ရွဲ’ ဟုလည္း အခ်ိဳ႕ရာဇဝင္တို႔၌ ဆိုၾကသည္။ ယိုးဒယားရာဇဝင္၌မူ ‘ေက်ာက္ဖ႐ူအာ’ ဟုေတြ႕ရသည္။

မၾကာမွီ ေသာကၠတဲမင္း ျဗေရာင္သည္ မိမိႏိုင္ငံနယ္စပ္မ်ားကို ကုလားဇဝါမင္းက က်ဴးေက်ာ္သည့္အတြက္ စစ္ျပဳရန္ ခ်ီတက္သြား၏။ မဂဒူးလည္း နန္းေတာ္ေစာင့္အျဖစ္ က်န္ရစ္ရာ ေသာကၠတဲမင္း ၏သမီးေတာ္ “မည္းႏွင္းသြယ္ဒါ”ႏွင့္ ၿငိစြန္းရည္ငံ မိၾကေလသည္။ ေသာကၠတဲမင္းသိလၽွင္ ေသဒဏ္မွတစ္ပါး မရွိေၾကာင္းနားလည္၍ မင္းသမီးကို စည္း႐ုံးကာ ရတနာမ်ားႏွင့္တကြ ဆင္ထက္တင္ၿပီးလၽွင္ ေနာက္လိုက္ရွမ္း ၇၀ ေက်ာ္ (အခ်ိဳ႕က ၁၀၀ ေက်ာ္) ကိုေခၚေဆာင္ကာ မိမိေနရပ္ျဖစ္သည့္ တေကာ့ဝန္းသို႔ ျပန္ေျပးေလသည္။ ေနာက္ တေကာ့ဝန္းသို႔ ေရာက္လၽွင္ ၿမိဳ႕တည္လ်က္ မင္းျပဳေနသည္။

မုတၱမကိုသိမ္းယူျခင္း

မဂဒူး တေကာ့ဝန္းတြင္ နန္းစံေနစဥ္ မုတၱမတြင္ မင္းျပဳေနသူမွာ ပုဂံ မွခန္႔အပ္ထားသည့္ အလိမ္မာမင္းျဖစ္သည္။ ပုဂံအုပ္ခ်ဳပ္မႈေလ်ာ့ရဲလာ၍ မုတၱမတြင္ တစ္ထီးတစ္နန္းေထာင္ေနသူျဖစ္သည္။ မဂဒူးလည္း အလိမ္မာမင္းအား မိမိႏွမျဖစ္သူ ႏွင္းဥ႐ြန္အား ဆက္သကာ မဟာမိတ္ျပဳမည့္အေၾကာင္း ပရိယာရ္ျဖင့္ ဖိတ္ေခၚကာ လုပ္ႀကံၿပီး မုတၱမ သို႔ေျပာင္းေ႐ြ႕သိမ္းပိုက္၍မင္းျပဳေလသည္။ မုတၱမကိုရလၽွင္ အမတ္ႀကီး ျဗပုန္ကို မိမိေယာကၡမေတာ္သည့္ ေသာကၠတဲမင္းထံသို႔ သံတမန္အျဖစ္ေစလႊတ္ကာ မိမိ မုတၱမတြင္ မင္းျပဳႏိုင္ရန္ ဘြဲ႕အမည္ႏွင့္ ၊ မင္းေျမာက္တန္ဆာ ငါးပါးတို႔ကို ေပးသနားရန္ ေလၽွာက္ထားသည္။

ေသာကၠတဲမင္းလည္း အားရဝမ္းသာလြန္းသျဖင့္ မိမိသားမက္အား “ဗညားဝါ႐ူး” ဟူ၍ဘြဲ႕ေပးကာ မင္းေျမာက္တန္ဆာ ငါးပါးကိုလည္း ခ်ီးျမႇင့္ေပးေလသည္။ သို႔ေသာ္မြန္တို႔က ထိုဘြဲ႕ထက္ မြန္အသံထြက္အတိုင္း ဝါရီ႐ူး ဟုသာ ေခၚၾကသည္။ မုတၱမ တြင္ နန္းသစ္တည္ရန္ ၾကဌာန္းတိုင္ ထူရာ ကိုယ္ဝန္သည္မိန္းမတစ္ဦးသည္ လင္ျဖစ္သူႏွင့္ ရန္မ်ားကာ စကားျမည္တြန္ဆူပူလ်က္ ထိုၾကဌာန္းတိုင္ထူမည့္ေနရာသို႔ ေရာက္လာေသာ္ အခါေပးဆရာတို႔က အခ်ိန္က်ၿပီ ဟုဆိုကာ ထိုကိုယ္ဝန္သည္မိန္းမကို တြင္းထဲသို႔တြန္းခ်ကာ ၾကဌာန္းတိုင္ ထူၾကသည္။ မိန္းမကိုယ္ဝန္ကြဲကာ ေသြးတို႔စင္တက္လာရာ ေႁမြ ၈ ေကာင္လည္း ပါလာသည္။ ၇ ေကာင္မွာေနရာတြင္ပင္ေသၾကၿပီး ၁ ေကာင္မွာ အေနာက္အရပ္သို႔သြားၿပီးမွ ေသသည္။

ထိုအရာကိုျမင္ေသာ္ နိမိတ္ဆရာတို႔က ဤၿမိဳ႕သည္ ရန္စစ္အနည္းငယ္ရွိမည္၊ မင္း ၈ ဆက္နန္းစံသည့္အနက္ ၇ ဆက္မွာ ဤၿမိဳ႕၌ပင္လြန္ၿပီး ၈ ဆက္ေျမာက္မင္းမွာမူ အေနာက္ဖက္သို႔သြားကာ လြန္မည္ဟု နိမိတ္ဖတ္ၾကသည္။ မုတၱမ ႏွင့္ မေဝးေသာ ကဗၺလာနီမင္း ဆင္ရံထြက္သည့္သတင္းကိုၾကားလၽွင္ ေနာက္လိုက္မ်ားေခၚေဆာင္ကာ ထိုၿမိဳ႕ရွိ လူသူလက္နက္၊ စည္းစိမ္မ်ားႏွင့္ သမီးေတာ္ကိုပါ မုတၱမသို႔ ေခၚေဆာင္လာသည္။ ထိုကဗၺလာနီမင္း ျပန္ေရာက္၍ သိေသာ္အမ်က္ျပင္းစြာထြက္သည့္အတြက္ အင္အားရသေလာက္စုစည္းကာ မုတၱမသို႔ခ်ီတက္လာသည္။ မဂဒူးလည္း ကဗၺလာနီမင္းအား သမီးေတာ္အား မိဖုရားႀကီးအျဖစ္ တင္ေျမာက္မည့္အေၾကာင္း၊ မိမိတို႔ေဆြမ်ိဳးရင့္ျဖစ္သည့္အတြက္ မိမိသိမ္းယူလာသည့္ လူသူလက္နက္၊ စည္းစိမ္ အားလုံးကို ျပန္အပ္မည့္အေၾကာင္း ယုံၾကည္ေလာက္ေအာင္ လွည့္ဖ်ားၿပီး အဆိပ္ခပ္ကာလုပ္ႀကံေသာ္ ကဗၺလာနီမင္း ေသသည္။ သို႔ျဖင့္ အေရွ႕ဖက္ မုတၱမ တစ္လႊားတြင္ မဂဒူးမင္း သည္ၿပိဳင္ဖက္မရွိ အုပ္စိုးေနႏိုင္ခဲ့သည္။

ထိုစဥ္ကပဲခူးမွာပုဂံလက္ေအာက္ခံသာရွိေနေသးသည္။ သို႔ေသာ္ ပဲခူးသား အခမမန္း သည္ပုဂံမင္းအား ယုံၾကည္ေလာက္ေအာင္ ခစားၿပီး ပဲခူးတြင္အခြန္ေကာက္အရာရွိျဖစ္လာလၽွင္ ပုဂံ၏အာဏာကို ပယ္လွန္ရန္ႀကိဳးပမ္းေတာ့သည္။ ထိုအခါ ပုဂံမင္း(တ႐ုတ္ေျပးမင္း)က သားမက္ေတာ္ ေစတသူႀကီး အားႏွိမ္ႏွင္းေစသည္။ သို႔ေသာ္ ပရိယာရ္မ်ားသည့္ အခမမန္းက မိမိေယာကၡမျဖစ္သူ မတေယွာက္ အားေက်ာကြဲေအာင္ ႀကိမ္ျဖင့္႐ိုက္၍ ေစတသူႀကီးထံလႊတ္ကာ လမ္းမွားမွေခၚေဆာင္ေစၿပီး ပုဂံတပ္တို႔ကို ပင္ပန္းေစသည္။ ပုဂံတပ္မ်ား ပဲခူးသို႔ေရာက္လၽွင္ အခမမန္း ကမိမိမွာ ပုန္ကန္ဝံ့သူမဟုတ္ေၾကာင္းေလၽွာက္တင္ၿပီး အသင့္ထုလုပ္ထားသည့္ ေစတသူႀကီး႐ုပ္ကို ၿမိဳ႕ထိပ္တြင္တင္ကာ သက္ေသအျဖစ္ျပေလသည္။

ေစတသူႀကီးလည္း ယုံမွတ္ကာ ၎အဆိပ္ခပ္ၿပီး ဆက္သလာသည့္ အမဲဟင္းလ်ာ တို႔ကိုစားေသာက္ရာ ေစတသူႀကီး ေသၿပီးပုဂံတပ္မ်ားလည္းဆုတ္ေလသည္။ ထိုသို႔အခမမန္း ပဲခူးတြင္ နန္းစံေနစဥ္ ေယာက္ဖ ျဖစ္သူ လကၡယာဗ်ဴ ကလုပ္ႀကံၿပီး မင္းျပဳျပန္သည္။ အမတ္ႀကီးျဖစ္သူက မင္းက်င့္တရားႏွင့္မညီဟုဆိုကာ သားမက္ျဖစ္သူ အခ်ဲမြန္ အားေခၚယူကာ လကၡယာဗ်ဴ နန္းသက္ ၇ ရက္တြင္ လုပ္ႀကံနန္းခ်ၿပီး အခ်ဲမြန္ နန္းတက္သည္။ နန္းတက္လၽွင္ တရဖ်ား(တရဗညား)ဘြဲ႕ခံသည္။ ထိုသို႔ တရဖ်ား ပဲခူးတြင္ မင္းျပဳခ်ိန္မွာ မုတၱမ၌ မဂဒူး (ေခၚ) ဝါရီ႐ူး မင္းျပဳခ်ိန္ႏွင့္တစ္ခ်ိန္တည္းတြင္ျဖစ္သည္။သို႔ျဖင့္ ထိုမြန္မင္း ႏွစ္ပါးလည္း မဟာမိတ္ဖြဲ႕ၿပီး သမီးေတာ္ခ်င္း အလဲအထပ္ျပဳကာ အျပန္အလွန္ ေယာကၡမ၊သားမက္ေတာ္စပ္ၾကသည္။ မဂဒူး၏ သမီးေတာ္ ေမႏွင္းသိန္ျဒာကို တရဖ်ားအားဆက္ၿပီး တရဖ်ားသမီးေတာ္ ရွင္ေစာလွကို မဂဒူးမင္းအားဆက္သသည္။

တရဖ်ား နန္းတက္သည္ၾကားလၽွင္ ပုဂံမွ တ႐ုတ္ေျပးမင္း က ရာဇသႀကၤန္အား တပ္မင္းခန္႔ကာ စစ္တပ္စီရင္၍ ပဲခူးကိုႏွိမ္ႏွင္းရန္ ေစလႊတ္ေလသည္။ တရဖ်ားလည္း မိမိအင္အားတစ္ရပ္တည္းျဖင့္ မခံႏိုင္သည္ကိုေတြးကာ မုတၱမရွိ မဂဒူးအား စစ္ကူရန္အေၾကာင္းၾကားရာ မဂဒူးလည္း အင္အားအလုံးအရင္းျဖင့္ ပဲခူးသို႔စစ္ကူရန္ခ်ီတက္ေလသည္။ ပဲခူးေရာက္လၽွင္ ပုဂံမွ ရာဇသႀကၤန္ တပ္ကိုသာမက ဟသၤာတ၊ျဖဴး၊ ကၽြန္းသတို အစရွိသည့္ ျမန္မာတို႔အုပ္ခ်ဳပ္သည့္ မြန္ေက်းနယ္ပယ္အားလုံးကို တိုက္ယူေတာ့သည္။ တိုက္ပြဲမ်ားေအာင္ျမင္၍ ပဲခူးသို႔ျပန္ရာ ေမြ႕ေခါင္အင္းလ်ားသို႔ေရာက္ေသာ္ အေကာက္ႀကံလိုေသာ တရဖ်ားက မဂဒူးအား ေအာင္ပြဲႀကီးခံရန္ မိမိၿမိဳ႕အတြင္းသို႔လ်င္ဝင္ၿပီးစီစဥ္မည့္အေၾကာင္း၊ မဂဒူးအား ၿမိဳ႕ျပင္တြင္စခန္းခ်ေနထိုင္ခဲ့ရန္ ေျပာဆိုၿပီး ပဲခူးသို႔ဝင္ေလသည္။

ေနာက္ၿမိဳ႕တြင္းမွ စစ္သည္အင္အားမ်ားကိုေခၚယူၿပီး မဂဒူးတပ္ခ်သည့္ေနရာသို႔တိုက္ရန္ထြက္ေလသည္။ ထိုအခါမွ တရဖ်ားအႀကံကိုသိသည့္ မဂဒူး လည္းမိမိအင္အားရွိသ၍ ျပန္တိုက္ရာ အႏိုင္ရၿပီး တရဖ်ားအားလက္ရမိသည္။ သို႔ျဖင့္ မဂဒူးသည္ မြန္တို႔၏ တစ္ဦးတည္းေသာေခါင္းေဆာင္ အျဖစ္သို႔ေရာက္ရွိၿပီး မိမိနန္းစံရာ မုတၱမ မွအေနာက္ဖက္ ပဲခူး၊ ဒဂုံ၊ ပုသိမ္၊ ေျမာင္းျမ၊ ဒလ အစရွိသည့္ေဒသမ်ားကိုပါ လႊမ္းမိုးထားႏိုင္ခဲ့သည္။ မူလက ဆရာေတာ္သံဃာေတာ္မ်ားေတာင္းပန္မႈေၾကာင့္ တရဖ်ားအားမသတ္ပဲ မုတၱမတြင္ အက်ယ္ခ်ဳပ္ျဖင့္ေနေစသည္။ သို႔ေသာ္ တရဖ်ားက လုပ္ႀကံရန္ထပ္မံႀကိဳးစားေသာေၾကာင့္ သတ္ရသည္။ တရဖ်ားႏွင့္ မဂဒူး၏ သမီးေတာ္တို႔သင့္ျမတ္၍ ေျမးေတာ္ ႏွစ္ပါးက်န္ရစ္သည္။ ရွင္ႀကီး ႏွင့္ ရွင္ငယ္ ဟုေခၚတြင္ၿပီး ခ်စ္ခင္လွသျဖင့္ အနားတြင္ ကြမ္းဆက္ ၊ေရဆက္မ်ားအျဖစ္ အၿမဲခစားေစသည္။

ဆင္ျဖဴေတာ္ေရာက္ျခင္း

မ်ားမၾကာမွီတြင္ မဂဒူး၏ ေယာကၡမျဖစ္သူ ေသာကၠတဲမင္း ျဗေရာင္သည္ ထူးဆန္းသည့္အိမ္မက္ကိုမက္ျမင္သည္။ ထိုအိမ္မက္တြင္ မိမိပိုင္ ဆင္ျဖဴေတာ္သည္ ေသာကၠတဲတြင္ မေနလို၊ေနပါက မင္းႀကီးအတြက္ ရန္ရွိသည္။ ထို႔ေၾကာင့္ အျခားတိုင္းျပည္သို႔ သြားေရာက္ေနလိုေၾကာင္းျဖစ္သည္။ မိုးေသာက္ေသာ္ ျဗေရာင္မင္းလည္း အမတ္မ်ားကို မိန္႔ၾကားၿပီး ဆင္ျဖဴေတာ္သြားလိုသည့္အရပ္ကို သိႏိုင္ရန္ မုတၱမ၊ လင္ဇင္း၊ အယုဒၶယ၊ လဒယာဗန္နီ ဟူ၍ျမက္ထုံးမ်ားျပဳလုပ္ၿပီး ဆင္ျဖဴအားေ႐ြးေစရာ ဆင္ျဖဴက မုတၱမျမက္ထုံးကို ေ႐ြးသည္။ ျဗေရာင္လည္း မိမိသားမက္ထံဆင္ျဖဴသြားလိုသည္ ဟူ၍ ဝမ္းသာကာ ဆင္ျဖဴအားမုတၱမသို႔ပို႔ေလသည္။ မဂဒူးမင္းသည္ လိုက္ဂီအမတ္အား အႀကိဳလြတ္ကာ ဆင္ကိုႀကိဳဆိုၿပီး မုတၱမ သို႔ေခၚေဆာင္လာေစသည္။သို႔ျဖင့္ ဆင္ျဖဴရွင္အျဖစ္သို႔ေရာက္ေလသည္။

မဂဒူးမင္းဘဝဇာတ္သိမ္း

ထိုသို႔ဩဇာႀကီးလွသည့္ မဂဒူးမင္းသည္ နန္းသက္ ၁၉ ႏွစ္အေရာက္တြင္ အ႐ြယ္ေရာက္ၿပီျဖစ္သည့္ ေျမးေတာ္ႏွစ္ပါးက ဤသို႔ေတြးေလ၏။ “ငါတို႔အဘိုးသည္ ငါတို႔အဖ (တရဖ်ား) ကိုပင္ သတ္ေသးသည္။ ငါတို႔ကိုလည္း အခ်ိန္မေ႐ြးစိတ္ကြက္ပါက လြတ္ေပးမည္မဟုတ္။” ထိုသို႔ဆိုၿပီးလၽွင္ မဂဒူးမင္း ေရအိမ္အဝင္တြင္ ညီေနာင္ႏွစ္ေယာက္ ဓါးျဖင့္ဝိုင္းထိုးရာ မဂဒူးမင္း နတ္႐ြာစံေလသည္။ မဂဒူးလြန္လၽွင္ ညီျဖစ္သူ မဂဒါ (ေခၚ) ခြန္ေလာ က ေစာရမ္းပရကြပ္ ဘြဲ႕ျဖင့္ မင္းျပဳသည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ


ဝါရီရူးမင်းဆက်ကိုတည်ထောင်သူ ဝါရီရူးမင်း (သို့) မဂဒူး (unicode)

မဂဒူးမင်းဆက် (သို့) ဝါရီရူမင်းဆက်ခေါ် မုတ္တမမြို့၏မင်းဆက် စတင်တည်ထောင်သူ ဝါရီရူးမင်းသည် မင်းမျိုးမင်းနွယ် မဟုတ်ပဲ ဆင်းရဲသားဘဝမှ ကြံရည်၊ ဉာဏ်ရည်နှင့် ဝီရိယကြောင့် အထွတ်အထိပ် မင်းအဖြစ်သို့ ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ ဤမင်းသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသအားလုံးကို စိုးပိုင်ခဲ့လေသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော်အငယ် ကျော်စွာတို့ အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ဝါရီရူမင်း အုပ်စိုးလျက်ရှိသည်။ သူတည်ထောင်ခဲ့သော နိုင်ငံတော်သည် မွန်ပြည်နယ်မှ အောင်မြန်မာပြည် တစ်လျှောက်သို့ရောက်ပြီး မင်းဆက် ၁၈ ဆက်တိုင် ရှိခဲ့သည်။

သက္ကရာဇ် ၆၁၄ တန်ခူးလဆုတ် ၄ ရက်တွင်ဖွားမြင်ပြီး ငယ်အမည်မှာ မဂဒူးဖြစ်ဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟု တွေ့ရသည်။ မဂဒူးက ယခု သထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် သို့မဟုတ် ဝန်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးကျိပ်နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မိဘများမှာ သာမန်လယ်လုပ်သူ နှင့် ကုန်သည်များဖြစ်ကြသည်။ ငယ်စဉ်ကလေးဘဝက မိဘများ လယ်လုပ်သွားချိန်တွင် ခေါ်ဆောင်သွားပြီး ကန်သင်းပေါ်၌ ခမောက်ရှည် (မွန်ဘာသာဖြင့် ဂဒူး) တစ်ခုကို ပက်လက်လှန်ထားပြီး အိပ်စက်စေကာ အခြားခမောက်ရှည်တစ်ခုကို အပေါ်မှ ဖုံးအုပ်ထား ခဲ့သည်။ ကျီးငှက်တစ်ကောင်က ထိုခမောက်ရှည်အတွင်းမှ ကလေးငယ်ကို အစာအမှတ်နှင့် လာရောက်ကိုက်ချီရန်ကြိုးစားရာ အဖုံးဖြစ်သည့် ခမောက်ရှည်က ထိုကျီးငှက်ကို လိုက်လံ ထိုးဆိတ်တိုက်ခိုက်လေသည်။ ထိုကဲ့သို့ထူးဆန်းသည့် အခြင်းအရာကို မြင်သည့် မိဘနှစ်ပါးကလည်း သားဖြစ်သူအား မဂဒူး(မောင်ခမောက်ရှည်)ဟု အမည်ပေး လိုက်ကြသည်။

သားဦးဖြစ်သည့် မဂဒူး တွင် မဂဒါ အမည်ရှိ ညီတစ်ဦးနှင့် နှမဖြစ်သူ နှင်းဥရိုင် တို့ရှိကြသည်။ နောင်တွင် မိဘများ လယ်အလုပ်မှ တကော့ဝန်း (ဒုန်ဝန်းမြို့-ယနေ့ ဝန်မြို့) သို့ပြောင်းကာ ကုန်သည်အလုပ်ဖြင့် စီးပွားရှာကြသည်။ ထိုစဉ်က မဂဒူးတို့ နေထိုင်ရာမှ သောက္ကတဲမြို့သို့ အထမ်းသမား(၃၀)ဦးဖြင့် ကုန်များထမ်းကာ သွားရောက်ကြခြင်း ဖြစ်သည်။ နောင် မိဘများ အိုမင်းကြသော် မဂဒူး အသက် ၂ဝ အရွယ်ရောက်၍ အဖဖြစ်သူအစား ဝင်ရောက်ကာ ကုန်သည်အလုပ်တွင် ဦးစီးလေသည်။

ထိုသို့ ယိုးဒယား ဇင်းမယ်ဘက်ရှိ တကော့ဝန်းနှင့် သောက္ကတဲ နှစ်မြို့ကို ကူးသန်းကာ ကုန်သည်ဘဝဖြင့် ကျင်လည်နေစဉ် တစ်ခေါက်သော သောက္ကတဲသို့ ကုန်ပို့ခရီးလမ်းတွင် အထမ်းသမားတစ်ဦး နာဖျားသဖြင့် ထိုသူ၏ဝန်ကို ခေါင်းဆောင်ဖြစ်သူ မဂဒူးထမ်းရသည်။ တောင်ထိပ်တစ်ခုသို့ ရောက်လျှင် အခါမဟုတ် မိုးများအုံ့ဆိုင်းပြီး မဂဒူး ထမ်းလာသည့် ဝန်ထုပ်ကို မိုးကြိုးပစ်ချလေသည်။ မဂဒူးလည်း အတန်ကြာမေ့မြောသွားပြီး ပြန်လည်သတိရ၍ မျက်စိဖွင့်ကြည့်လေသော် တိမ်တိုက်များကြားမှ အရှေ့အရပ်တွင် အရောင်အလျံတောက်ပသည့် နန်းပြသာဒ်တစ်ဆောင်ကို မြင်ရပြီး ထိုနန်းပြသာဒ်၏ အရောင်ကြောင့် အနောက်ဖက်တွင်လည်း နန်းပြသာဒ်တစ်ဆောင်ကို မြင်ရပြန်သည်။

ထိုအခါ မဂဒူးလည်း ထူးခြားသည့်နိမိတ်ကို မှတ်သား၍ အနီးရှိရွာသို့ရောက်လျှင် ထိုရွာမှ နိမိတ်ဖတ်ဆရာအား သွားရောက်မေးလေသည်။ နိမိတ်ဖတ်ဆရာလည်း ကြီးကျယ်သော နိမိတ်ဖြစ်သဖြင့် မဂဒူးအရပ်နှင့်ညီသည့် ငွေကိုပူဇော်မှသာ ဖတ်နိုင်မည်ဟုဆိုသဖြင့် မဂဒူးသည်အနီးရှိ မိမိအရပ်နှင့် မကွာလှသော ခြတောင်ပို့ပေါ်တွင် ငွေပြား ၃၀ ကိုတင်ကာပူဇော်ပြီး နိမိတ်ဖတ်စေသည်။ ထိုအခါနိမိတ်ဖတ်ဆရာလည်း မဂဒူး၏ ဉာဏ်စွမ်းကို အသိအမှတ်ပြု၍ အရှေ့ဖက်တွင်ရှိသည့် အကြီးဆုံးသတ္တဝါကို ခစားရန် နှင့် ထိုအရှေ့ဖက်ရှိ ဘုန်းကြီးသည့် မင်း၏အကူအညီကြောင့် အနောက်အရပ်တွင် မင်းဖြစ်ရမည်ဟု ဆိုလေသည်။

သို့ဖြင့် မဂဒူးသည် အရှေ့ဖက်ရှိ အကြီးဆုံး သတ္တဝါဆိုသည့်အတိုင်း သောက္ကတဲမင်း၏ ဆင်တင်းကုတ်တွင် ဝင်ရောက်အမှုထမ်းလေသည်။ သောက္ကတဲမင်း ဗြရောင်လည်း မဂဒူး၏ အရည်အချင်းကို သဘောကျသည့် အတွက် ဆင်တင်းကုတ်မှ ခေါ်ယူပြီး မိမိထံတွင် ခစားစေရာမှ မဂဒူး၏ အရည်အချင်းကြောင့် နန်းတော်အတွင်းအပြင်ကို စောင့်ကျပ်ရသည့် ဝင်းမှုးဖြစ်လာတော့သည်။ ထိုဝင်းမှူးအရာ၌ အစီအမံ အဆောင်အရွက် အရည်အချင်း ထူးလှသောကြောင့် “စောဋိဋံရည်”ဟူသောဘွဲ့ကိုလည်းပေးသည်။ ‘စောလီလပ်ရှဲ’ ဟုလည်း အချို့ရာဇဝင်တို့၌ ဆိုကြသည်။ ယိုးဒယားရာဇဝင်၌မူ ‘ကျောက်ဖရူအာ’ ဟုတွေ့ရသည်။

မကြာမှီ သောက္ကတဲမင်း ဗြရောင်သည် မိမိနိုင်ငံနယ်စပ်များကို ကုလားဇဝါမင်းက ကျူးကျော်သည့်အတွက် စစ်ပြုရန် ချီတက်သွား၏။ မဂဒူးလည်း နန်းတော်စောင့်အဖြစ် ကျန်ရစ်ရာ သောက္ကတဲမင်း ၏သမီးတော် “မည်းနှင်းသွယ်ဒါ”နှင့် ငြိစွန်းရည်ငံ မိကြလေသည်။ သောက္ကတဲမင်းသိလျှင် သေဒဏ်မှတစ်ပါး မရှိကြောင်းနားလည်၍ မင်းသမီးကို စည်းရုံးကာ ရတနာများနှင့်တကွ ဆင်ထက်တင်ပြီးလျှင် နောက်လိုက်ရှမ်း ၇၀ ကျော် (အချို့က ၁၀၀ ကျော်) ကိုခေါ်ဆောင်ကာ မိမိနေရပ်ဖြစ်သည့် တကော့ဝန်းသို့ ပြန်ပြေးလေသည်။ နောက် တကော့ဝန်းသို့ ရောက်လျှင် မြို့တည်လျက် မင်းပြုနေသည်။

မုတ္တမကိုသိမ်းယူခြင်း

မဂဒူး တကော့ဝန်းတွင် နန်းစံနေစဉ် မုတ္တမတွင် မင်းပြုနေသူမှာ ပုဂံ မှခန့်အပ်ထားသည့် အလိမ်မာမင်းဖြစ်သည်။ ပုဂံအုပ်ချုပ်မှုလျော့ရဲလာ၍ မုတ္တမတွင် တစ်ထီးတစ်နန်းထောင်နေသူဖြစ်သည်။ မဂဒူးလည်း အလိမ်မာမင်းအား မိမိနှမဖြစ်သူ နှင်းဥရွန်အား ဆက်သကာ မဟာမိတ်ပြုမည့်အကြောင်း ပရိယာရ်ဖြင့် ဖိတ်ခေါ်ကာ လုပ်ကြံပြီး မုတ္တမ သို့ပြောင်းရွေ့သိမ်းပိုက်၍မင်းပြုလေသည်။ မုတ္တမကိုရလျှင် အမတ်ကြီး ဗြပုန်ကို မိမိယောက္ခမတော်သည့် သောက္ကတဲမင်းထံသို့ သံတမန်အဖြစ်စေလွှတ်ကာ မိမိ မုတ္တမတွင် မင်းပြုနိုင်ရန် ဘွဲ့အမည်နှင့် ၊ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ပေးသနားရန် လျှောက်ထားသည်။

သောက္ကတဲမင်းလည်း အားရဝမ်းသာလွန်းသဖြင့် မိမိသားမက်အား “ဗညားဝါရူး” ဟူ၍ဘွဲ့ပေးကာ မင်းမြောက်တန်ဆာ ငါးပါးကိုလည်း ချီးမြှင့်ပေးလေသည်။ သို့သော်မွန်တို့က ထိုဘွဲ့ထက် မွန်အသံထွက်အတိုင်း ဝါရီရူး ဟုသာ ခေါ်ကြသည်။ မုတ္တမ တွင် နန်းသစ်တည်ရန် ကြဌာန်းတိုင် ထူရာ ကိုယ်ဝန်သည်မိန်းမတစ်ဦးသည် လင်ဖြစ်သူနှင့် ရန်များကာ စကားမြည်တွန်ဆူပူလျက် ထိုကြဌာန်းတိုင်ထူမည့်နေရာသို့ ရောက်လာသော် အခါပေးဆရာတို့က အချိန်ကျပြီ ဟုဆိုကာ ထိုကိုယ်ဝန်သည်မိန်းမကို တွင်းထဲသို့တွန်းချကာ ကြဌာန်းတိုင် ထူကြသည်။ မိန်းမကိုယ်ဝန်ကွဲကာ သွေးတို့စင်တက်လာရာ မြွေ ၈ ကောင်လည်း ပါလာသည်။ ၇ ကောင်မှာနေရာတွင်ပင်သေကြပြီး ၁ ကောင်မှာ အနောက်အရပ်သို့သွားပြီးမှ သေသည်။
ထိုအရာကိုမြင်သော် နိမိတ်ဆရာတို့က ဤမြို့သည် ရန်စစ်အနည်းငယ်ရှိမည်၊ မင်း ၈ ဆက်နန်းစံသည့်အနက် ၇ ဆက်မှာ ဤမြို့၌ပင်လွန်ပြီး ၈ ဆက်မြောက်မင်းမှာမူ အနောက်ဖက်သို့သွားကာ လွန်မည်ဟု နိမိတ်ဖတ်ကြသည်။ မုတ္တမ နှင့် မဝေးသော ကဗ္ဗလာနီမင်း ဆင်ရံထွက်သည့်သတင်းကိုကြားလျှင် နောက်လိုက်များခေါ်ဆောင်ကာ ထိုမြို့ရှိ လူသူလက်နက်၊ စည်းစိမ်များနှင့် သမီးတော်ကိုပါ မုတ္တမသို့ ခေါ်ဆောင်လာသည်။ ထိုကဗ္ဗလာနီမင်း ပြန်ရောက်၍ သိသော်အမျက်ပြင်းစွာထွက်သည့်အတွက် အင်အားရသလောက်စုစည်းကာ မုတ္တမသို့ချီတက်လာသည်။ မဂဒူးလည်း ကဗ္ဗလာနီမင်းအား သမီးတော်အား မိဖုရားကြီးအဖြစ် တင်မြောက်မည့်အကြောင်း၊ မိမိတို့ဆွေမျိုးရင့်ဖြစ်သည့်အတွက် မိမိသိမ်းယူလာသည့် လူသူလက်နက်၊ စည်းစိမ် အားလုံးကို ပြန်အပ်မည့်အကြောင်း ယုံကြည်လောက်အောင် လှည့်ဖျားပြီး အဆိပ်ခပ်ကာလုပ်ကြံသော် ကဗ္ဗလာနီမင်း သေသည်။ သို့ဖြင့် အရှေ့ဖက် မုတ္တမ တစ်လွှားတွင် မဂဒူးမင်း သည်ပြိုင်ဖက်မရှိ အုပ်စိုးနေနိုင်ခဲ့သည်။

ထိုစဉ်ကပဲခူးမှာပုဂံလက်အောက်ခံသာရှိနေသေးသည်။ သို့သော် ပဲခူးသား အခမမန်း သည်ပုဂံမင်းအား ယုံကြည်လောက်အောင် ခစားပြီး ပဲခူးတွင်အခွန်ကောက်အရာရှိဖြစ်လာလျှင် ပုဂံ၏အာဏာကို ပယ်လှန်ရန်ကြိုးပမ်းတော့သည်။ ထိုအခါ ပုဂံမင်း(တရုတ်ပြေးမင်း)က သားမက်တော် စေတသူကြီး အားနှိမ်နှင်းစေသည်။ သို့သော် ပရိယာရ်များသည့် အခမမန်းက မိမိယောက္ခမဖြစ်သူ မတယှောက် အားကျောကွဲအောင် ကြိမ်ဖြင့်ရိုက်၍ စေတသူကြီးထံလွှတ်ကာ လမ်းမှားမှခေါ်ဆောင်စေပြီး ပုဂံတပ်တို့ကို ပင်ပန်းစေသည်။ ပုဂံတပ်များ ပဲခူးသို့ရောက်လျှင် အခမမန်း ကမိမိမှာ ပုန်ကန်ဝံ့သူမဟုတ်ကြောင်းလျှောက်တင်ပြီး အသင့်ထုလုပ်ထားသည့် စေတသူကြီးရုပ်ကို မြို့ထိပ်တွင်တင်ကာ သက်သေအဖြစ်ပြလေသည်။

စေတသူကြီးလည်း ယုံမှတ်ကာ ၎င်းအဆိပ်ခပ်ပြီး ဆက်သလာသည့် အမဲဟင်းလျာ တို့ကိုစားသောက်ရာ စေတသူကြီး သေပြီးပုဂံတပ်များလည်းဆုတ်လေသည်။ ထိုသို့အခမမန်း ပဲခူးတွင် နန်းစံနေစဉ် ယောက်ဖ ဖြစ်သူ လက္ခယာဗျူ ကလုပ်ကြံပြီး မင်းပြုပြန်သည်။ အမတ်ကြီးဖြစ်သူက မင်းကျင့်တရားနှင့်မညီဟုဆိုကာ သားမက်ဖြစ်သူ အချဲမွန် အားခေါ်ယူကာ လက္ခယာဗျူ နန်းသက် ၇ ရက်တွင် လုပ်ကြံနန်းချပြီး အချဲမွန် နန်းတက်သည်။ နန်းတက်လျှင် တရဖျား(တရဗညား)ဘွဲ့ခံသည်။ ထိုသို့ တရဖျား ပဲခူးတွင် မင်းပြုချိန်မှာ မုတ္တမ၌ မဂဒူး (ခေါ်) ဝါရီရူး မင်းပြုချိန်နှင့်တစ်ချိန်တည်းတွင်ဖြစ်သည်။သို့ဖြင့် ထိုမွန်မင်း နှစ်ပါးလည်း မဟာမိတ်ဖွဲ့ပြီး သမီးတော်ချင်း အလဲအထပ်ပြုကာ အပြန်အလှန် ယောက္ခမ၊သားမက်တော်စပ်ကြသည်။ မဂဒူး၏ သမီးတော် မေနှင်းသိန်ဒြာကို တရဖျားအားဆက်ပြီး တရဖျားသမီးတော် ရှင်စောလှကို မဂဒူးမင်းအားဆက်သသည်။
တရဖျား နန်းတက်သည်ကြားလျှင် ပုဂံမှ တရုတ်ပြေးမင်း က ရာဇသင်္ကြန်အား တပ်မင်းခန့်ကာ စစ်တပ်စီရင်၍ ပဲခူးကိုနှိမ်နှင်းရန် စေလွှတ်လေသည်။ တရဖျားလည်း မိမိအင်အားတစ်ရပ်တည်းဖြင့် မခံနိုင်သည်ကိုတွေးကာ မုတ္တမရှိ မဂဒူးအား စစ်ကူရန်အကြောင်းကြားရာ မဂဒူးလည်း အင်အားအလုံးအရင်းဖြင့် ပဲခူးသို့စစ်ကူရန်ချီတက်လေသည်။ ပဲခူးရောက်လျှင် ပုဂံမှ ရာဇသင်္ကြန် တပ်ကိုသာမက ဟင်္သာတ၊ဖြူး၊ ကျွန်းသတို အစရှိသည့် မြန်မာတို့အုပ်ချုပ်သည့် မွန်ကျေးနယ်ပယ်အားလုံးကို တိုက်ယူတော့သည်။ တိုက်ပွဲများအောင်မြင်၍ ပဲခူးသို့ပြန်ရာ မွေ့ခေါင်အင်းလျားသို့ရောက်သော် အကောက်ကြံလိုသော တရဖျားက မဂဒူးအား အောင်ပွဲကြီးခံရန် မိမိမြို့အတွင်းသို့လျင်ဝင်ပြီးစီစဉ်မည့်အကြောင်း၊ မဂဒူးအား မြို့ပြင်တွင်စခန်းချနေထိုင်ခဲ့ရန် ပြောဆိုပြီး ပဲခူးသို့ဝင်လေသည်။

နောက်မြို့တွင်းမှ စစ်သည်အင်အားများကိုခေါ်ယူပြီး မဂဒူးတပ်ချသည့်နေရာသို့တိုက်ရန်ထွက်လေသည်။ ထိုအခါမှ တရဖျားအကြံကိုသိသည့် မဂဒူး လည်းမိမိအင်အားရှိသ၍ ပြန်တိုက်ရာ အနိုင်ရပြီး တရဖျားအားလက်ရမိသည်။ သို့ဖြင့် မဂဒူးသည် မွန်တို့၏ တစ်ဦးတည်းသောခေါင်းဆောင် အဖြစ်သို့ရောက်ရှိပြီး မိမိနန်းစံရာ မုတ္တမ မှအနောက်ဖက် ပဲခူး၊ ဒဂုံ၊ ပုသိမ်၊ မြောင်းမြ၊ ဒလ အစရှိသည့်ဒေသများကိုပါ လွှမ်းမိုးထားနိုင်ခဲ့သည်။ မူလက ဆရာတော်သံဃာတော်များတောင်းပန်မှုကြောင့် တရဖျားအားမသတ်ပဲ မုတ္တမတွင် အကျယ်ချုပ်ဖြင့်နေစေသည်။ သို့သော် တရဖျားက လုပ်ကြံရန်ထပ်မံကြိုးစားသောကြောင့် သတ်ရသည်။ တရဖျားနှင့် မဂဒူး၏ သမီးတော်တို့သင့်မြတ်၍ မြေးတော် နှစ်ပါးကျန်ရစ်သည်။ ရှင်ကြီး နှင့် ရှင်ငယ် ဟုခေါ်တွင်ပြီး ချစ်ခင်လှသဖြင့် အနားတွင် ကွမ်းဆက် ၊ရေဆက်များအဖြစ် အမြဲခစားစေသည်။

ဆင်ဖြူတော်ရောက်ခြင်း

များမကြာမှီတွင် မဂဒူး၏ ယောက္ခမဖြစ်သူ သောက္ကတဲမင်း ဗြရောင်သည် ထူးဆန်းသည့်အိမ်မက်ကိုမက်မြင်သည်။ ထိုအိမ်မက်တွင် မိမိပိုင် ဆင်ဖြူတော်သည် သောက္ကတဲတွင် မနေလို၊နေပါက မင်းကြီးအတွက် ရန်ရှိသည်။ ထို့ကြောင့် အခြားတိုင်းပြည်သို့ သွားရောက်နေလိုကြောင်းဖြစ်သည်။ မိုးသောက်သော် ဗြရောင်မင်းလည်း အမတ်များကို မိန့်ကြားပြီး ဆင်ဖြူတော်သွားလိုသည့်အရပ်ကို သိနိုင်ရန် မုတ္တမ၊ လင်ဇင်း၊ အယုဒ္ဓယ၊ လဒယာဗန်နီ ဟူ၍မြက်ထုံးများပြုလုပ်ပြီး ဆင်ဖြူအားရွေးစေရာ ဆင်ဖြူက မုတ္တမမြက်ထုံးကို ရွေးသည်။ ဗြရောင်လည်း မိမိသားမက်ထံဆင်ဖြူသွားလိုသည် ဟူ၍ ဝမ်းသာကာ ဆင်ဖြူအားမုတ္တမသို့ပို့လေသည်။ မဂဒူးမင်းသည် လိုက်ဂီအမတ်အား အကြိုလွတ်ကာ ဆင်ကိုကြိုဆိုပြီး မုတ္တမ သို့ခေါ်ဆောင်လာစေသည်။သို့ဖြင့် ဆင်ဖြူရှင်အဖြစ်သို့ရောက်လေသည်။

မဂဒူးမင်းဘဝဇာတ်သိမ်း

ထိုသို့ဩဇာကြီးလှသည့် မဂဒူးမင်းသည် နန်းသက် ၁၉ နှစ်အရောက်တွင် အရွယ်ရောက်ပြီဖြစ်သည့် မြေးတော်နှစ်ပါးက ဤသို့တွေးလေ၏။ “ငါတို့အဘိုးသည် ငါတို့အဖ (တရဖျား) ကိုပင် သတ်သေးသည်။ ငါတို့ကိုလည်း အချိန်မရွေးစိတ်ကွက်ပါက လွတ်ပေးမည်မဟုတ်။” ထိုသို့ဆိုပြီးလျှင် မဂဒူးမင်း ရေအိမ်အဝင်တွင် ညီနောင်နှစ်ယောက် ဓါးဖြင့်ဝိုင်းထိုးရာ မဂဒူးမင်း နတ်ရွာစံလေသည်။ မဂဒူးလွန်လျှင် ညီဖြစ်သူ မဂဒါ (ခေါ်) ခွန်လော က စောရမ်းပရကွပ် ဘွဲ့ဖြင့် မင်းပြုသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ

Leave a Reply