ထူးထူးခြားခြား အာကာသ သိပ္ပံ နဲ့ သဘာဝ ပုံရိပ်များ

Posted on

ဒီတစ်ခါမှာလည်း ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စားတဲ့ သုတဇုန် မိတ်ဆွေများအတွက် အာကာသ သိပ္ပံ နဲ့ သဘာဝ ဆိုင်ရာ ရှားပါးပုံရိပ်တွေကို စုစည်းမျှဝေလိုက်ပါတယ်။

ဥတ္တရ အလင်းတန်းများကို နိုင်ငံတကာ အာကာသစခန်းမှ ၂၀၁၅ခုနှစ် ၊ သြဂုတ်လ ၁၅ရက်နေ့က မြင်ရစဉ်

ဗြိတိသျှ အာကာသယာဉ်မှူး Tim Peake ကိုသယ်ဆောင်လာတဲ့ The Soyuz ဒုံးပျံ ကို နိုင်ငံတကာ အကာသစခန်းသို့ ကာဇက်စ္စတန်မှ လွှတ်တင်စဉ်

အထူးအဆန်း ငါးမန်းတစ်မျိုးဖြစ်တဲ့ hammerhead ငါးမန်းရဲ့ ဦးခေါင်းပိုင်း X-ray

hammerhead ငါးမန်း

ပင်လယ်ရေနက် ငါးတစ်မျိုးဖြစ်တဲ့ Caulophryne pelagica ရဲ့ CT Scan

အာရှဆင်ပေါက်လေး Nandita ကို အင်္ဂလန်နိုင်ငံ Chester တိရစ္ဆာန်ရုံ၌ တွေ့ရစဉ်

သစ်သီးစားလင်းနို့(Anoura geoffroyi) တစ်ကောင် အစာကို သူ့ရဲ့လျှာဖြင့် ရယူနေစဉ်

အပြာရောင်သန်းနေတဲ့ ပလူတိုဂြိုဟ်ရဲ့ အပြင်ဆုံးလွှာကို New Horizons အာကာသယာဉ်မှ ရိုက်ကူးထားစဉ်

စေတန်ဂြိုဟ်ရဲ့ ဂြိုဟ်ရံလတွေဖြစ်တဲ့ Enceladus နဲ့ Tethys တို့ကို တစ်ထပ်တည်းအနေအထားဖြင့် Cassini အကာသယာဉ်မှ ရိုက်ကူးထားစဉ်၊ 14 December 2015.

ပလူတိုဂြိုဟ်ရဲ့ အသေးစိတ်အကျဆုံး ပုံတစ်ပုံကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက New Horizons အာကာသယာဉ်မှ ရိုက်ကူးရရှိစဉ်

Corona Australis ကြယ်စင်စု အတွင်းမှ ကြယ်များကို မြင်ရစဉ်

အိုမန်နိုင်ငံ Hamra Al Drooa မြို့အနီးရှိ သဲကန္တာရတစ်ခုရဲ့အောက်မှ ရေလမ်းကြောင်းများကို နိုင်ငံတကာ အာကာသစခန်းမှ ရိုက်ကူးမိစဉ်

အရောင်မမှန်ဖြစ်နေတဲ့ မာကျူရီဂြိုဟ်ရဲ့ ပုံရိပ်တွေကို နာဆာအာကာသယာဉ် Messenger မှ ရိုက်ကူးမိစဉ်

နိုင်းမြစ်ရဲ့ပုံကို ကမ္ဘာ့လေထုကိုဖြတ်ကာ နိုင်ငံတကာ အာကာသစခန်းမှ အာကာသယာဉ်မှူး Scott Kelly က ရိုက်ကူးခဲ့စဉ်

အသံထက်ပိုမြန်တဲ့ USAF T-38C training ဂျက်လေယာဉ်ပျံသန်းစဉ် နာဆာမှ ရိုက်ကူးထားတဲ့ Shockwave ပုံ

အလင်းနှစ် ၃၁မီလီယံ အကွာအဝေးက ဆွမ်ဘရီရို ဂလက်ဆီကို Hubble အာကာသကြည့်မှန်ပြောင်းမှ မြင်ရစဉ်

နိုင်ငံတကာအကာသယာဉ်စခန်းရဲ့ အပြင်ဘက်ရောက်နေတဲ့ အာကာသယာဉ်မှူး Scott Kelly

humpback ဝေလငါးကြီးတစ်ကောင်ကို သားပေါက်လေးတစ်ကောင်နှင့်အတူ ဟာဝိုင်ယီကမ်းရိုးတန်း အနီးတွင်တွေ့ရစဉ်

သိမ်းမြစ်ဝ အနီးရွှံ့ပြင်ပေါ်မှာ အနားယူနေတဲ့ ဖျံအုပ်စုတစ်စု

ချီလီနိုင်ငံက Villarrica မီးတောင်ကို ၂၀၁၅ခုနှစ် ၊ ဧပြီလ ၂၁ရက်က မြင်ရစဉ်

ဘာလင် သဘာဝသမိုင်းပြတိုက်မှာ ပြသထားတဲ့ ဒိုင်နိုဆောအမျိုးအစားတစ်မျိုးဖြစ်တဲ့ Tyrannosaurus တစ်ကောင်ရဲ့ အရိုး

အရှားပါးဆုံးပင်လယ်ခရုတစ်မျိုးဖြစ်တဲ့ Nautilus ကို မြင်ရစဉ်

ဒိုင်နိုဆောတစ်မျိုးဖြစ်တဲ့ diplodocus ဒိုင်နိုဆောရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပုံတူကို ထိမ်းသိမ်းရေးပညာရှင်တစ်ယောက်မှ စစ်ဆေးနေစဉ် ၊ သဘာဝသမိုင်းပြတိုက် ၊ လန်ဒန်

ကြွက်တစ်ကောင်ရဲ့ ဦးနှောက်ကို မိုက်ခရိုစကုပ်ဖြင့်မြင်ရပုံ ၊ coronal view

အဆ ၁၂၀ ချဲ့ထားတဲ့ ပျားတစ်ကောင်ရဲ့ မျက်လုံး

ပယင်းထဲရောက်ရှိနေတဲ့ နှစ်ပေါင်း ၉၉သန်း သက်တမ်းရှိ ဒိုင်နိုဆောအမြီး

မားစ်ဂြိုဟ်ပေါ်က တောင်ကြားဒေသတစ်ခုကို မာစ့်ကင်းထောက်ယာဉ်မှ ရိုက်ကူးထားတဲ့ပုံရိပ်

အရောင်ပါတဲ့ သကြားကိုစားပြီးနောက် အပြာရောင်သို့ပြောင်းသွားတဲ့ ပုရွက်ဆိတ်များ

ရိုဆက်တီ နက်ဗြူလာ

HIV ဗိုင်းရပ်စ်ရဲ့ အသေးစိတ်အကျဆုံး 3D ပုံရိပ်ကို ဖန်တီးထားစဉ်

ထပ်ပြီးတော့လည်း ထူးထူးဆန်းဆန်း နဲ့ ဗဟုသုတရစေမယ့် ပိုစ့်တွေကို မျှဝေသွားပါဦးမယ်။ ဒီလိုမျိုး ထူးထူးဆန်းဆန်း ပိုစ့်လေးတွေကို အမြဲကြည့်ချင် ဖတ်ချင်ရင်တော့ သုတဇုန်ပေ့ ကို ဆီးဖက်စ် လုပ်ထားပေးပါ။

Leave a Reply