ဘာေၾကာင့္ သင့္ရဲ႕ အရည္အခ်င္းေတြ မတိုးတက္ပဲ ရပ္တန္႔ေနရတာလဲ

Posted on

Via : Yangon Life Myanmar

လူတိုင္းမွာ မိမိရဲ႕ အရည္အခ်င္းကို အျပည့္အ၀သံုးျပီး ၾကီးက်ယ္တဲ့ဖန္တီးမႈေတြကို လုပ္ေဆာင္လိုစိတ္ ရွိၾကမွာပါပဲ။ ဒါေပမဲ့ တာ၀န္သိတတ္မႈနဲ႕ အဆက္မျပတ္ေလ့လာ ဆည္းပူးမႈတို႕ေပၚမူတည္ျပီး ေအာင္ျမင္မႈအတိုင္းအတာေတြ ကြာျခားသြားတတ္ၾကပါတယ္။ တခါတေလမွာ လူမ်ားစုဟာ အလုပ္တာ၀န္ဖိစီးမႈေၾကာင့္ျဖစ္ေစ၊ မိသားစုကိစၥ မ်ားေၾကာင့္ျဖစ္ေစ အဆက္မျပတ္ၾကိဳးစားမႈေတြ ေလ်ာ့သြားတတ္ၾကပါတယ္။ အဲဒီလိုေလ်ာ့ပါးသြားခဲ့ရင္ ခ်က္ခ်င္းသတိျပဳႏိုင္ျပီး ျပန္လည္အားတင္း ေရွ႕ဆက္ ၾကိဳးပမ္းႏိုင္ေစဖို႕ ၾကိဳးစားမႈေလ်ာ့ပါးသြားျခင္း လကၡဏာရပ္ေတြကို ေဖာ္ျပေပး လိုက္ပါတယ္။

(၁) ကၽြမ္းက်င္ျပီးသား သမ႐ိုးက်အလုပ္ကို စြဲၿမဲစြာလုပ္ေနမိျခင္း

မိမိရဲ႕အရည္အခ်င္းကို အဆက္မျပတ္အေရာင္တင္ေနသူေတြဟာ ေလ့လာဆည္းပူႏိုင္မယ့္ အခြင့္အေရးကို စြန္႕စြန္႕စားစားရယူတတ္ၾကပါတယ္။ ကိုယ့္ရဲ႕အရည္အခ်င္းဘယ္ေလာက္ရွိလဲ အစြမ္းကုန္စမ္းသပ္အသံုးခ်ႏိုင္ဖို႕အတြက္ စြန္႕စားလုပ္ကိုင္လိုစိတ္ဟာ မျဖစ္မေနလိုအပ္ပါတယ္။ ကိုယ့္ရဲ႕အရည္အခ်င္းကို အစြမ္းကုန္ထုတ္သံုးရတဲ့အခါမ်ိဳးမွာ ေအာင္ျမင္မႈနဲ႕႐ံႈးနိမ္႔မႈၾကား မေသခ်ာမႈတစ္ခုထဲမွာ ေရာက္ေနတဲ့အေျခအေနမ်ိဳးျဖစ္လို႕ စိတ္ပင္ပန္းလူပင္ပန္းျဖစ္ရပါတယ္။ ဒါကိုေရွာင္ရွားဖို႕အတြက္ သင္ဟာ မိမိကၽြမ္းက်င္ျပီးသားသမရိုးက်အလုပ္နယ္ပယ္မွာ သက္ေတာင့္သက္သာ အလုပ္လုပ္ေနတယ္ဆိုရင္ ဒါဟာ အရည္အခ်င္းတိုးတက္မႈ ရပ္တန္႕သြားျပီ ဆိုတဲ့ အဓိပၸာယ္ပါပဲ။

(၂) မိမိရသင့္တာထက္ ပိုယူေနမိျခင္း

အမွန္တကယ္မွာေတာ့ သင္ဘယ္ေလာက္ပဲ ေတာ္ေနပါေစ၊ သင့္ရဲ႕လုပ္ေဆာင္ခ်က္ေတြကို လူတိုင္းက ေက်နပ္အားရဖို႕ဆိုတာ မလြယ္ကူပါဘူး။ ဒါေပမဲ့ မိမိရသင့္တာထက္ ပိုယူေနမိျခင္း ရွိမရွိဆိုတာကိုေတာ့ သူမ်ားရဲ႕ေက်နပ္အားရမႈေပၚမတိုင္းတာပဲ မိမိဘာသာတိုင္းတာရမွာ ျဖစ္ပါတယ္။ မိမိရဲ႕စြမ္းေဆာင္ခ်က္ေတြဟာ မိမိရေနတဲ့လုပ္ခလစာ (ဒါမွမဟုတ္) တာ၀န္ယူထားတဲ့ အလုပ္တာ၀န္ပေရာဂ်က္ရဲ႕ ေအာင္ျမင္မႈပမာဏနဲ႕ ကိုက္ညီပါရဲ႕လား။ တကယ္အရည္အခ်င္းနဲ႔ ျပည့္၀သူေတြဟာ မိမိကိုေပးထားတဲ့လစာထက္ေတာင္ ပိုထိုက္တန္တဲ့ေအာင္ျမင္မႈမ်ိဳးကို ရယူစြမ္းေဆာင္ႏိုင္ၾကေလ့ရွိပါတယ္။ အေၾကာင္းရင္းကေတာ့ လုပ္ခလစာေၾကာင့္အလုပ္လုပ္တယ္ ဆိုတာထက္ မိမိရဲ႕အရည္အခ်င္းတိုးတက္မႈအတြက္ အလုပ္လုပ္ၾကတာျဖစ္လို႕ပါပဲ။

(၃) အခြင့္အလမ္းထက္ အတားအဆီးေတြကိုပဲျမင္ေနျခင္း

စိန္ေခၚမႈအသစ္တစ္ခုေပၚထြက္လာတိုင္း သင့္ရဲ႕အျမင္ကို သံုးသပ္ၾကည့္ပါ။ စိတ္လႈပ္ရွားတက္ၾကြ ဖြယ္ရာလို႕ျမင္ပါသလား၊ အခက္အခဲအတားအဆီးလို႕ျမင္ပါသလား။ မိမိရဲ႕အရည္အခ်င္းကို တိုးသထက္တိုးတက္ေစဖို႕ ၾကိဳးစားေနသူေတြဟာ စိန္ေခၚမႈေတြ၊ အခက္အခဲေတြကို မေၾကာက္တတ္တဲ့အျပင္ အဆိုးနဲ႕အေကာင္းဒြန္တြဲတတ္တဲ့သဘာ၀ကို နားလည္လက္ခံတဲ့ အေလ်ာက္ အေကာင္းဘက္ကိုပဲ အေလးေပး႐ႈျမင္ေလ့ရွိၾကပါတယ္။ စိန္ေခၚမႈေတြနဲ႕ရင္ဆိုင္ရတဲ့ အခါ အခက္အခဲေတြထက္ အခြင့္အလမ္းေတြကိုပဲ အေလးေပးၾကည့္ျမင္တတ္ျခင္းက ဘ၀မွာ ေအာင္ျမင္မႈေတြရရွိဖို႕ အေထာက္အကူအျဖစ္ဆံုးအခ်က္ပါပဲ။

(၄) အမွားလုပ္ရမွာေၾကာက္ျခင္း

ေအာင္ျမင္မႈဆီ ေလွ်ာက္လွမ္းတဲ့ျဖစ္စဥ္မွာ အမွားမွားအယြင္းယြင္းျဖစ္မႈေတြဟာ မလြဲမေသြ ပါ၀င္တဲ့ အဓိကဇာတ္ေကာင္ေတြပါပဲ။ အရည္အခ်င္းရွိတဲ့သူေတြလည္း အမွားေတြလုပ္ၾကတာပါပဲ။ ဒါေပမဲ့ အရည္အခ်င္းရွိသူေတြရဲ႕ အားသာခ်က္က အမွားကေန သင္ယူျပီး ပိုမိုေကာင္းမြန္မွန္ကန္ တဲ့ ရလာဒ္ေတြကို အေကာင္အထည္ေဖာ္ႏုိင္ၾကျခင္းပါပဲ။ လူတိုင္းမွာအရည္အခ်င္းကိုယ္စီ ရွိၾကတဲ့အတြက္ ေအာင္ျမင္သူနဲ႕မေအာင္ျမင္သူၾကား ျခားနားခ်က္ဟာ အမွားအေပၚ႐ႈျမင္တဲ့ သေဘာထားပဲျဖစ္ျပီး ဒီအခ်က္ကပဲ သင့္ကို ေအာင္ျမင္သူလည္းျဖစ္ေစႏိုင္သလို မေအာင္ျမင္သူ လည္းျဖစ္ေစႏိုင္ပါတယ္။ အမွားလုပ္မိတဲ့အခါတိုင္း ရပ္တန္႕ေနာက္ဆုတ္လိုက္မယ့္အစား ဒါဟာ ပိုမိုသင္ယူတတ္ေျမာက္ဖို႕အခြင့္အေရး အခ်ိဳးအေကြ႕ျဖစ္ေၾကာင္းသာ မွတ္ယူျပီး ေရွ႕ဆက္ဖုိ႕ပါပဲ။

(၅) လြယ္ကူတဲ့ျဖတ္လမ္းကို ပိုမိုႏွစ္သက္ျခင္း

ေဆးတစ္လံုးေသာက္လိုက္႐ံုနဲ႕ ကိုယ္အေလးခ်ိန္အမ်ားၾကီးေလ်ွာ့ခ်ႏိုင္တဲ့ အလြယ္နည္းေတြ ေပၚေပါက္လာတဲ့ ဒီလိုေခတ္ၾကီးမွာ လူတိုင္းဟာ ျဖတ္လမ္းနည္းေတြကို ရွာေဖြလာၾကပါတယ္။ ေလာကနိယာမအရ လူတစ္ေယာက္အမွန္တကယ္ ေအာင္ျမင္ေပ်ာ္ရႊင္ဖို႕ ျဖတ္လမ္းနည္းဆိုတာ မရွိပါဘူး။ မိမိရဲ႕အရည္အခ်င္းေတြ တစ္ေန႕ထက္တစ္ေန႕ တိုးပြားေနေစဖို႕ အခက္အခဲေတြကို ေက်ာ္လႊားတဲ့နည္းကလြဲျပီး တျခားနည္းလည္းမရွိပါဘူး။ ေမြးရာပါအရည္အခ်င္းကိုေတာင္ ကၽြမ္းက်င္ေစဖို႕အထပ္ထပ္ေလ့က်င့္ေပးမွသာ ဘ၀ရဲ႕မိုင္တိုင္မ်ားစြာကို တန္ဖိုးရွိရွိျဖတ္သန္း ႏိုင္မွာျဖစ္ပါတယ္။

(၆) မိမိရဲ႕အရည္အခ်င္းကို အေရာင္တင္ဖို႕ထက္ တျခားကိစၥေတြမွာ စိတ္၀င္စားေနျခင္း

မိမိရဲ႕အရည္အခ်င္းကို အာ႐ံုစူးစိုက္ျပီး အခ်ိန္ေပးေလ့က်င့္ေပးမွသာ ကၽြမ္းက်င္မႈကို ရရွိလာမွာျဖစ္ပါတယ္။ သင့္ရဲ႕အခ်ိန္ေတြကို ဘယ္လိုကိစၥေတြမွာ ကုန္လြန္ေနမိလဲ ျပန္ဆန္းစစ္ပါ။ အခ်ိန္နဲ႕ အင္အားဟာ အကန္႔အသတ္ရွိတဲ့အတြက္ မိမိအမွန္တကယ္စိတ္ပါ၀င္စားတဲ့အရာ ေပၚမွာသာ အာ႐ံုစိုက္ျပီး အစြမ္းကုန္လုပ္ေဆာင္သင့္ပါတယ္။ သင္ျမတ္ႏိုးတဲ့အလုပ္မွာ အရည္ အေသြးျမင့္တက္လာေစတဲ့ ပတ္၀န္းက်င္၊ မိတ္ေဆြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ ပိုမိုေတြ႕ဆံုေပးပါ။ မိမိရဲ႕စြမ္းအင္ေတြကို ထိုအရာေပၚမွာသာ စူးစိုက္ျမႈပ္ႏွံဖို႕ အျမဲသတိျပဳသင့္ပါတယ္။

ဒီအခ်က္ေတြထဲက အခ်က္တစ္ခုခုနဲ႕ျဖစ္ေစ အမ်ားစုနဲ႕ျဖစ္ေစ ကိုက္ညီေနခဲ့ရင္ မိမိဟာ ကိုယ္ပိုင္အရည္အခ်င္းေတြကို မတိုးတက္ေစပဲျဖဳန္းတီးေနမိေၾကာင္း သတိျပဳမိျပီး ျပန္လည္အားတင္းေရွ႕ဆက္ကာ သူမတူတဲ့ေအာင္ျမင္မႈေတြကို လွမ္းကိုင္ႏိုင္ၾကပါေစလို႕ ဆႏၵျပဳလုိက္ပါတယ္။

Source : 6 Warning Signs You’ve Stopped Growing Your Talent


ဘာကြောင့် သင့်ရဲ့ အရည်အချင်းတွေ မတိုးတက်ပဲ ရပ်တန့်နေရတာလဲ (unicode)

Via : Yangon Life Myanmar

လူတိုင်းမှာ မိမိရဲ့ အရည်အချင်းကို အပြည့်အဝသုံးပြီး ကြီးကျယ်တဲ့ဖန်တီးမှုတွေကို လုပ်ဆောင်လိုစိတ် ရှိကြမှာပါပဲ။ ဒါပေမဲ့ တာဝန်သိတတ်မှုနဲ့ အဆက်မပြတ်လေ့လာ ဆည်းပူးမှုတို့ပေါ်မူတည်ပြီး အောင်မြင်မှုအတိုင်းအတာတွေ ကွာခြားသွားတတ်ကြပါတယ်။ တခါတလေမှာ လူများစုဟာ အလုပ်တာဝန်ဖိစီးမှုကြောင့်ဖြစ်စေ၊ မိသားစုကိစ္စ များကြောင့်ဖြစ်စေ အဆက်မပြတ်ကြိုးစားမှုတွေ လျော့သွားတတ်ကြပါတယ်။ အဲဒီလိုလျော့ပါးသွားခဲ့ရင် ချက်ချင်းသတိပြုနိုင်ပြီး ပြန်လည်အားတင်း ရှေ့ဆက် ကြိုးပမ်းနိုင်စေဖို့ ကြိုးစားမှုလျော့ပါးသွားခြင်း လက္ခဏာရပ်တွေကို ဖော်ပြပေး လိုက်ပါတယ်။

(၁) ကျွမ်းကျင်ပြီးသား သမရိုးကျအလုပ်ကို စွဲမြဲစွာလုပ်နေမိခြင်း

မိမိရဲ့အရည်အချင်းကို အဆက်မပြတ်အရောင်တင်နေသူတွေဟာ လေ့လာဆည်းပူနိုင်မယ့် အခွင့်အရေးကို စွန့်စွန့်စားစားရယူတတ်ကြပါတယ်။ ကိုယ့်ရဲ့အရည်အချင်းဘယ်လောက်ရှိလဲ အစွမ်းကုန်စမ်းသပ်အသုံးချနိုင်ဖို့အတွက် စွန့်စားလုပ်ကိုင်လိုစိတ်ဟာ မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို အစွမ်းကုန်ထုတ်သုံးရတဲ့အခါမျိုးမှာ အောင်မြင်မှုနဲ့ရှုံးနိမ့်မှုကြား မသေချာမှုတစ်ခုထဲမှာ ရောက်နေတဲ့အခြေအနေမျိုးဖြစ်လို့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရပါတယ်။ ဒါကိုရှောင်ရှားဖို့အတွက် သင်ဟာ မိမိကျွမ်းကျင်ပြီးသားသမရိုးကျအလုပ်နယ်ပယ်မှာ သက်တောင့်သက်သာ အလုပ်လုပ်နေတယ်ဆိုရင် ဒါဟာ အရည်အချင်းတိုးတက်မှု ရပ်တန့်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

(၂) မိမိရသင့်တာထက် ပိုယူနေမိခြင်း

အမှန်တကယ်မှာတော့ သင်ဘယ်လောက်ပဲ တော်နေပါစေ၊ သင့်ရဲ့လုပ်ဆောင်ချက်တွေကို လူတိုင်းက ကျေနပ်အားရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ မိမိရသင့်တာထက် ပိုယူနေမိခြင်း ရှိမရှိဆိုတာကိုတော့ သူများရဲ့ကျေနပ်အားရမှုပေါ်မတိုင်းတာပဲ မိမိဘာသာတိုင်းတာရမှာ ဖြစ်ပါတယ်။ မိမိရဲ့စွမ်းဆောင်ချက်တွေဟာ မိမိရနေတဲ့လုပ်ခလစာ (ဒါမှမဟုတ်) တာဝန်ယူထားတဲ့ အလုပ်တာဝန်ပရောဂျက်ရဲ့ အောင်မြင်မှုပမာဏနဲ့ ကိုက်ညီပါရဲ့လား။ တကယ်အရည်အချင်းနဲ့ ပြည့်ဝသူတွေဟာ မိမိကိုပေးထားတဲ့လစာထက်တောင် ပိုထိုက်တန်တဲ့အောင်မြင်မှုမျိုးကို ရယူစွမ်းဆောင်နိုင်ကြလေ့ရှိပါတယ်။ အကြောင်းရင်းကတော့ လုပ်ခလစာကြောင့်အလုပ်လုပ်တယ် ဆိုတာထက် မိမိရဲ့အရည်အချင်းတိုးတက်မှုအတွက် အလုပ်လုပ်ကြတာဖြစ်လို့ပါပဲ။

(၃) အခွင့်အလမ်းထက် အတားအဆီးတွေကိုပဲမြင်နေခြင်း

စိန်ခေါ်မှုအသစ်တစ်ခုပေါ်ထွက်လာတိုင်း သင့်ရဲ့အမြင်ကို သုံးသပ်ကြည့်ပါ။ စိတ်လှုပ်ရှားတက်ကြွ ဖွယ်ရာလို့မြင်ပါသလား၊ အခက်အခဲအတားအဆီးလို့မြင်ပါသလား။ မိမိရဲ့အရည်အချင်းကို တိုးသထက်တိုးတက်စေဖို့ ကြိုးစားနေသူတွေဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို မကြောက်တတ်တဲ့အပြင် အဆိုးနဲ့အကောင်းဒွန်တွဲတတ်တဲ့သဘာဝကို နားလည်လက်ခံတဲ့ အလျောက် အကောင်းဘက်ကိုပဲ အလေးပေးရှုမြင်လေ့ရှိကြပါတယ်။ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့ အခါ အခက်အခဲတွေထက် အခွင့်အလမ်းတွေကိုပဲ အလေးပေးကြည့်မြင်တတ်ခြင်းက ဘဝမှာ အောင်မြင်မှုတွေရရှိဖို့ အထောက်အကူအဖြစ်ဆုံးအချက်ပါပဲ။

(၄) အမှားလုပ်ရမှာကြောက်ခြင်း

အောင်မြင်မှုဆီ လျှောက်လှမ်းတဲ့ဖြစ်စဉ်မှာ အမှားမှားအယွင်းယွင်းဖြစ်မှုတွေဟာ မလွဲမသွေ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေပါပဲ။ အရည်အချင်းရှိတဲ့သူတွေလည်း အမှားတွေလုပ်ကြတာပါပဲ။ ဒါပေမဲ့ အရည်အချင်းရှိသူတွေရဲ့ အားသာချက်က အမှားကနေ သင်ယူပြီး ပိုမိုကောင်းမွန်မှန်ကန် တဲ့ ရလာဒ်တွေကို အကောင်အထည်ဖော်နိုင်ကြခြင်းပါပဲ။ လူတိုင်းမှာအရည်အချင်းကိုယ်စီ ရှိကြတဲ့အတွက် အောင်မြင်သူနဲ့မအောင်မြင်သူကြား ခြားနားချက်ဟာ အမှားအပေါ်ရှုမြင်တဲ့ သဘောထားပဲဖြစ်ပြီး ဒီအချက်ကပဲ သင့်ကို အောင်မြင်သူလည်းဖြစ်စေနိုင်သလို မအောင်မြင်သူ လည်းဖြစ်စေနိုင်ပါတယ်။ အမှားလုပ်မိတဲ့အခါတိုင်း ရပ်တန့်နောက်ဆုတ်လိုက်မယ့်အစား ဒါဟာ ပိုမိုသင်ယူတတ်မြောက်ဖို့အခွင့်အရေး အချိုးအကွေ့ဖြစ်ကြောင်းသာ မှတ်ယူပြီး ရှေ့ဆက်ဖို့ပါပဲ။

(၅) လွယ်ကူတဲ့ဖြတ်လမ်းကို ပိုမိုနှစ်သက်ခြင်း

ဆေးတစ်လုံးသောက်လိုက်ရုံနဲ့ ကိုယ်အလေးချိန်အများကြီးလျှော့ချနိုင်တဲ့ အလွယ်နည်းတွေ ပေါ်ပေါက်လာတဲ့ ဒီလိုခေတ်ကြီးမှာ လူတိုင်းဟာ ဖြတ်လမ်းနည်းတွေကို ရှာဖွေလာကြပါတယ်။ လောကနိယာမအရ လူတစ်ယောက်အမှန်တကယ် အောင်မြင်ပျော်ရွှင်ဖို့ ဖြတ်လမ်းနည်းဆိုတာ မရှိပါဘူး။ မိမိရဲ့အရည်အချင်းတွေ တစ်နေ့ထက်တစ်နေ့ တိုးပွားနေစေဖို့ အခက်အခဲတွေကို ကျော်လွှားတဲ့နည်းကလွဲပြီး တခြားနည်းလည်းမရှိပါဘူး။ မွေးရာပါအရည်အချင်းကိုတောင် ကျွမ်းကျင်စေဖို့အထပ်ထပ်လေ့ကျင့်ပေးမှသာ ဘဝရဲ့မိုင်တိုင်များစွာကို တန်ဖိုးရှိရှိဖြတ်သန်း နိုင်မှာဖြစ်ပါတယ်။

(၆) မိမိရဲ့အရည်အချင်းကို အရောင်တင်ဖို့ထက် တခြားကိစ္စတွေမှာ စိတ်ဝင်စားနေခြင်း

မိမိရဲ့အရည်အချင်းကို အာရုံစူးစိုက်ပြီး အချိန်ပေးလေ့ကျင့်ပေးမှသာ ကျွမ်းကျင်မှုကို ရရှိလာမှာဖြစ်ပါတယ်။ သင့်ရဲ့အချိန်တွေကို ဘယ်လိုကိစ္စတွေမှာ ကုန်လွန်နေမိလဲ ပြန်ဆန်းစစ်ပါ။ အချိန်နဲ့ အင်အားဟာ အကန့်အသတ်ရှိတဲ့အတွက် မိမိအမှန်တကယ်စိတ်ပါဝင်စားတဲ့အရာ ပေါ်မှာသာ အာရုံစိုက်ပြီး အစွမ်းကုန်လုပ်ဆောင်သင့်ပါတယ်။ သင်မြတ်နိုးတဲ့အလုပ်မှာ အရည် အသွေးမြင့်တက်လာစေတဲ့ ပတ်ဝန်းကျင်၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုမိုတွေ့ဆုံပေးပါ။ မိမိရဲ့စွမ်းအင်တွေကို ထိုအရာပေါ်မှာသာ စူးစိုက်မြှုပ်နှံဖို့ အမြဲသတိပြုသင့်ပါတယ်။

ဒီအချက်တွေထဲက အချက်တစ်ခုခုနဲ့ဖြစ်စေ အများစုနဲ့ဖြစ်စေ ကိုက်ညီနေခဲ့ရင် မိမိဟာ ကိုယ်ပိုင်အရည်အချင်းတွေကို မတိုးတက်စေပဲဖြုန်းတီးနေမိကြောင်း သတိပြုမိပြီး ပြန်လည်အားတင်းရှေ့ဆက်ကာ သူမတူတဲ့အောင်မြင်မှုတွေကို လှမ်းကိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Source : 6 Warning Signs You’ve Stopped Growing Your Talent

Leave a Reply