ဆႏၵန္လုိဏ္ဂူ အေၾကာင္း သိေကာင္းစရာ

Posted on

ကရင္ျပည္နယ္ ဘားအံျမိဳ႕ေတာင္ဖက္ မုိ္င္-၂၀ အကြာရွိ ဇြဲကပင္ေတာင္တန္း၏ ေတာင္ဖက္အစြန္ဆုံးတြင္ ထန္႔ကမာ့ခမိုက္ – ဆဒၵန္လုိက္ဂူေတာ္ရွိသည္။ ေကာ့မူးတာေက်းရြာအုပ္စု၊ ေကာ့၀ါးဆူးရြာႏွင့္နီးသည္။ ဇြဲကပင္ေတာင္ အေရွ႕ဖက္ကားလမ္း အိႏၵဳရြာမွတစ္ဆင့္လည္းေကာင္း ဇြဲကပင္အေနာက္ဖက္ ဘားအံ ဒုံရင္းကားလမ္းမွလည္းေကာင္း မြန္ျပည္နယ္မွ လာမည္ဆိုလ်င္ ဂိ်ဳင္း (ဇာသျပင္) တံတားကိုျဖတ္ကာ ၊ ေရႊျပည္ေတာင္ အပါယ္ပိတ္ဘုရားလမ္းခြဲမွလည္းေကာင္း သြားေရာက္ႏုိင္သည္။

တန္႔ကမာ့ခမိုက္ဟုေခၚျခင္းမွာ လိုဏ္ဂူအနီးတြင္ ေရကန္ႏွင့္ ကန္႔အိတ္ပင္ရွိေသာေႀကာင့္ ထိုေနရာအရပ္ေဒသကို အစြဲျပဳ၍ ေခၚေ၀ၚျခင္း ၊ျဖစ္သည္။ ဆဒၵန္လိုဏ္ဂူဟုေခၚျခင္းမွာ လုိဏ္ဂူ၏ပတ္၀န္းက်င္တြင္ ဧက ၂၀-ခန္႔က်ယ္ေသာ အင္းအိုင္ႀကီးရွိသည္။ ထိုအင္းအိုင္ႀကီး၏ ေတာင္ဘက္တြင္ ထန္႔ဘိုင္းနာ့ေခၚ ဆင္ဟုိင္းေတာင္ႏွင့္ အင္းႀကီးရွိသည္။ ဆဒၵန္ဆင္မင္းေပ်ာ္ေမြ႕ခဲ့သည့္ ဆဒၵန္ အုိင္ဟု တင္စားႀကသည္။ ထူးဆန္းေသာ သဘာ၀ေက်ာက္တုံး၊ ေက်ာက္ေဆာင္၊ ေက်ာက္ပန္းခက္တို႔ရွိ သည္။ ထိုသဘာ၀တရားတို႔သည္ ဆဒၵန္ဆင္မင္းဇာတ္၀တၳဳႏွင့္ မ်ားစြာတူညီသည္ကို အစြဲျပဳ၍ ဆဒၵန္ဂူ ဟု ေခၚတြင္ႀကသည္။

နန္းေရႊက်င္ ႏွင့္ ဆဒၵန္ဂူ ဒ႑ာရီ

ေရွးအခါက ဒုံရင္းေနျပည္ေတာ္ သုဓမၼရာဇာမင္းႀကီးႏွင့္ အဂၢေဒ၀ီမိဖုရားတြင္ ေဒ၀ဇာဏီဟူေသာ သားေတာ္ တစ္ေယာက္ရွိသည္။ အရြယ္ေရာက္ေသာအခါ မုလအိ၊ မုလအရွိ မည္ေသာ ရေသ့ႀကီးႏွစ္ပါးထံ ပညာသင္ရာ ၁၈-ရပ္ေသာအတတ္ကို သင္ယူျပီးေျမာက္ခဲ့သည္။ ရေသ့ႀကီးတို႔၏ ဒါယကာျဖစ္သူ ဘိုးတာေပါ၏ သမီး နန္းေရႊက်င္ႏွင့္ လက္ထပ္ျပီးေနာက္ မိဘကန္႔ေတာ့ရန္ ဦးရီးေတာ္ဘိုးလုံးေတာ္ႏွင့္ အတူ ေနျပည္ေတာ္သုိ႔ ခရီးဆက္ခဲ့သည္။ နန္းေရႊက်င္၏ အကိုျဖစ္သူ တန္ပိေပ်ာ္သည္ ညီမျဖစ္သူ ဒုကၡေရာက္လ်င္ သိရန္အလို႔ငွာ ကတိသစၥာပန္း စုိက္ပ်ိဳးထားကာ ေန႔စဥ္ေရေလာင္းေတာ့သည္။

ထုိသုိ႔ခရီး ဆက္ခဲ့ရာ က်ဳံတိုးေတာင္သို႔ေရာက္ခဲ့သည္။ က်ဳံတိုးေတာင္သည္ နတ္၊၀ိဇၨာမ်ားက ေစာင့္ေရွာက္ရေသာ နတ္ဂမုန္း ေဆးပင္ေဆးဥတုိ႔ျဖင့္ ျပည့္ေနသည္။ က်ဳံတိုးေတာင္ကို ျဖတ္ေက်ာ္လ်င္ ပူေဇာ္ ပသျပီးမွ သြားရ သည္။ နန္းေရက်င္တို႔သုံးဦးသည္ မပသပဲသြားမိသျဖင့္ ဂမုန္းပင္၊ ေဆးပင္မ်ား တန္ဖိုးပ်က္္ကုန္ရာ နတ္၀ိဇၨာ တို႔ အမ်က္ထြက္သျဖင့္ အမ်ိဳးမ်ိဳးေႏွာက္ယွက္ကာ မင္းသားကို က်ိဳင္းေခ်ာင္းတြင္ ေသေအာင္သတ္၍ မိေက်ာင္းအျဖစ္ ထားေတာ့သည္။ တူ၀ရီးႏွစ္ေယာက္ကိုလည္း ဂူအတြင္းထည့္ထားကာ ဂူ၀ကို ပိတ္ထား ခဲ့သည္။ ဂူတြင္ ကိုယ္၀န္ရသျဖင့္ နန္းေရႊက်င္မွ ကယ္တင္ပါရန္ နတ္တို႔အား တိုင္တည္သျဖင့္ သိႀကားမင္း ဆင္းကယ္ေလသည္။ သားငယ္ကိုကား ေခၚယူေမြးျမဴထားသည္။

သားေတာ္အရြယ္ေရာက္ေသာ အခါ မယ္ေတာ္ႏွင့္ ဦးရီးေတာ္တို႔ကို ကယ္တင္ျပီး ဒုံရင္းေနျပည္ေတာ္သို႔ သြားရန္ သိႀကားမင္းထံခြင့္ပန္သည္။ သိႀကားမင္းမွ အကယ္၍သြားမည္ဆိုလ်င္ လမ္းခရီးတြင္ ေရႊေယာင္ယဘုရားကို ေတြ႔ပါက ရွိမခုိးပါႏွင့္ အေႀကာင္းမွာ သင့္ဘုိးေတာ္ ဒုံရင္းဘုရင္သည္ ေစတီတည္ရာ ထီးမတင္မီ ငါတည္ေသာဘုရားကို ထီးေတာ္ မတင္ရေသးပဲလ်က္ ရွိခုိးပါက ေယာက်္ားျဖစ္က က်ားကိုက္ေစ၊ မိန္းမျဖစ္က ေျမြနဂါးပတ္ ၍ ေသေစ-ဟု အဓိ႒ာန္ျပဳခဲ့သည္။ ထီးတင္၍မျပီးမီ နတ္ရြာစံခဲ့သည္။ ထို႔ေႀကာင့္ ရွိမခိုးပါႏွင့္-ဟုေျပာကာ သြားခြင့္ျပဳသည္။

သိႀကားမင္းသည္ အျခားသူမဟုတ္ တစ္ခ်ိန္က ဒုံရင္းေနျပည္ေတာ္၏ဘုရင္ သုဓမၼရာဇာ ၊ ျဖစ္သည္။ မင္းသားသည္ မယ္ေတာ္ကိုကယ္တင္၍သြားရာ လြန္းညေတာင္ေျခအေရာက္တြင္ မိခင္ကို သင့္ေတာ္ရာထား၍ ဦးရီးေတာ္ႏွင့္အတူ ေရရွာထြက္ခဲ့သည္။ အျပန္တြင္ ေစတီေတာ္ကိုျမင္၍ ႀကည္ညိဳ လြန္းသျဖင့္ ရွိခုိးရာ က်ားတို႔က အလိုလိုထြက္ကာ ကိုက္ႀကသည္။ ဦးရီးေတာ္သည္ နန္းေရႊက်င္ကို အေႀကာင္းခ်င္းရာအစုံ ေျပာျပရာ နန္းေရႊက်င္သည္ ရူးမတတ္ခံစားလ်က္ ဆက္လက္ထြက္ခြာလာရာ ဆဒၵန္ဂူကိုေတြ႕ရသျဖင့္ ထုိဂူတြင္ ရေသ့မ,၀တ္ကာ ဦးရီးေတာ္ကား ကပၸိယအျဖစ္ျဖင့္ ေနထုိင္ေလသည္။

Photo : Aye Thet

မုလအိ မုလအ ေတာင္ရွိ အစ္ကုိျဖစ္သူ တန္ပိေပ်ာ္၏ သစၥာပန္းသည္ ေန႔စဥ္ေရေလာင္းေသာ္လည္း ညိႈး သထက္ညိႈးလာရာ ညီမေတာ္ဒုကၡေရာက္ေနသည္ကို သိလိုက္ရသည္။ ထို႔ေႀကာင့္ လုိက္လာရာ လမ္းခရီး တြင္ ရေသ့ႀကီးတို႔ ေပးလုိက္ေသာ ေဆးလုံးတန္ခိုးေႀကာင့္ အႏၱရာယ္ကင္းခဲ့သည္။ ၀ိဇၨာနတ္မ်ားကို ေမးျမန္းရာ သိႀကားမင္း သယ္ေဆာင္သည္မွစကာ အေႀကာင္းစုံရွင္းျပသည္။ တန္ပိေပ်ာ္ သည္ ေဆးလုံးျဖင့္ မိေက်ာင္းကို ပစ္ေပါက္ရာ မိေက်ာင္းသည္ ေဒ၀ဇာဏီမင္းသား အသြင္ကိုရရွိသည္။ ဆဒၵန္ဂူ သို႔ေရာက္ေသာအခါ ရေသ့တို႔ကလည္း စ်ာန္ျဖင့္ ေရာက္လာသျဖင့္ နန္းေရႊက်င္ကို လူ၀တ္လဲေစ လ်က္ ျပန္လည္ လက္ဆက္ေပးခဲ့သည္။ ဤကား နန္းေရႊက်င္ႏွင့္ ဆဒၵန္ဂူတို႔ဇာတ္လမ္းတည္း။

ေလးသည္ ေက်ာ္လစြဲ ႏွင့္ ဆဒၵန္ဂူ

ထန္႔ကမာ့ခမိုက္-ဆဒၵန္ဂူသည္ ေနရာက်ယ္၍ တိုးလ်ိဳးေပါက္ရွိသည္။ ေျမျပင္အထက္ ေပ-၂၀ခန္႔တြင္ တည္ရွိသည္။ အခါတစ္ပါး ကရကၠကတိုင္းဘုရင္ တိႆသကၠသည္ ယြန္းသူပုန္တို႔ကို ႏွိမ္ႏွင္းရာ ႏုိင္ငံ အစြန္အဖ်ား ဒုိဟန(ေဒါန) ေတာင္တန္းေဒသသို႔ ေရာက္ခဲ့ရာ ဤေနရာသည္ ရန္ေပါင္းေအာင္ရာ အရပ္ျဖစ္၏-ဟု ဆိုကာ ေဇယ်ျမိဳ႕ကို တည္ေထာင္ကာ ခုနစ္လတုိင္တိုင ္ေနထုိင္သည္။ ထိုသို႔ေနစဥ္အတြင္း ဇြဲကပင္ေတာင္ေျခ ဆဒၵန္ဂူတြင္ စခန္းခ်လ်က္ ရပ္ရြာကိုေစာင့္ေလွ်ာက္ေသာ ေလးသည္ေက်ာ္လစြဲ သည္ လက္ေဆာင္ပဏၰာႏွင့္အတူ ဘုရင့္အားလာေရာက္ ဂါရ၀ျပဳသည္။ ဘုရင္သည္ လစြဲအား လုဒၶေယာဓဘြဲ႔ အပ္ႏွင္း၍ ကရင္၊ လ၀၊ ပအို၀့္၊ ရွမ္း၊ မြန္တို႔ ေနထုိင္ေသာ ပအာ၀နေဒသကုိ ဘုရင့္ကုိယ္စား လႊဲအပ္အုပ္ခ်ဳပ္ေစသည္။

Photo : Zayar Htwe
Photo : Phyo Maung Maung

လုဒၶယုဓ္မင္းသည္ ပအာ၀နေတာအုပ္ကို ျမိဳ႕ျပတည္ေထာင္သည္။ ပအာ၀နေတာႀကီးႏွင့္ ဇြဲကပင္ေတာင္ေျခ ပတ္၀န္းက်င္တို႔ကို ပအာ၀နေနျပည္ေတာ္အျဖစ္ ေပးသနားေတာ္မူသည္။ တိႆသကၠ မင္းလက္ေအာက္တြင္ ၂၁-ႏွစ္တိုင္ေအာင္ ထီးရံနန္းရံမင္းအျဖစ္ ေနခဲ့ျပီး ေကာဇာ ၁၁၀-တြင္ တိႆသကၠ မင္းနတ္ရြာစံသျဖင့္ သီးျခားမင္းျပဳသည္။ ဘိုးေတာ္မင္းလက္ထက္ ၁၁၄၉-ခု၊ မြန္ရာဇ၀င္မွ ျမန္မာဘာသာ သို႔ ျပန္ဆိုေသာ က်မ္းတြင္ ေဂါတမဘုရားရွင္မပြင့္မီ ၁၄-ႏွစ္မွစ၍ ပရိနိဗၺာန္စံျပီး သာသနာသကၠရာဇ္ ၁၆၀၁-တြင္ သု၀ဏၰဘူမိတုိင္း သုဓမၼ၀တီ သထုံျပည္တြင္ မႏုဟာမင္းလက္ထက္တိုင္ ပအာ၀နျမိဳ႕ ရွိခဲ့ေႀကာင္း ဆိုထားသည္။

ဆဒၵန္ဂူ၏ အံ့ဖြယ္ေနရာမ်ား

၁။ ေက်ာက္ေသြးတြင္း = စီးပြားျဖစ္လုပ္စဥ္က မထြက္ပဲ ကုသိုလ္ျဖစ္ေ၀ငွေသာအခါ ပုံမွန္ျပန္ထြက္ေသာ ၊ ေက်ာက္ေသြးတြင္းျဖစ္သည္။ ကိုယ္တြင္းေရာဂါမ်ားေပ်ာက္သည္ ဟု ယုံၾကည္ၾကသည္။

၂။ ၾကယ္ေရာင္ေတာက္ေသာ စိန္ေတာင္ႀကီး = ဂူတြင္းတြင္ ထိုသို႔အေရာင္ေတာက္ေသာ္လည္း ဖဲ့ယူ၍ အျပင္ေရာက္ေသာအခါ အေရာင္ေတာက္မႈမရွိေတာ့ေပ။ သာမန္အျဖဴေရာင္သာထြက္ေတာ့သည္။

၃။ လႊသ႑ာန္ႏွင့္တူေသာ သဘာ၀ေက်ာက္ေတာင္ႀကီး = ဆဒၵန္ဆင္မင္းအစြယ္ကို မုဆိုးႀကီးျဖတ္စဥ္က လႊသ႑ာန္ျဖစ္ေနသည္။

၄။ မုဆိုးျမားေပါက္ = ထိုေတာင္၏ အေပါက္မွာ ၀ုိင္းေန၍ လြန္ႏွင့္ေဖါက္ထားသကဲ့သို႔ျဖစ္ေနသည္။

Photo : Phyo Maung Maung
Photo : A Mie Htoon

၅။ သမီးေတာ္စံျမန္းေသာဂူ = အေမွာင္တြင္ အေရာင္တစ္မ်ိဳး အလင္းတြင္ အေရာင္တစ္မ်ိဳးျဖစ္ေနသည္။ လုံလုံျခဳံျခဳံရွိ၍ ၀င္ရခက္သည္။ ဆဒၵန္ဆင္မင္းက သူ၏သမီးကို အျပင္သြားလ်င္ ဖြက္ထားခဲ့သည့္ေနရာ ဟုဆိုသည္။

၆။ ေက်ာက္အူေခြ = ေက်ာက္ေႀကာရွည္ရွည္ေမွ်ာေမွ်ာမ်ားက ဆဒၵန္ဆင္မင္း၏အူေခြအလား ထင္မွတ္ ရသည္။

၇။ စပါးက်ီေတာင္ = စပါးေစ့ႏွင့္တူေသာ ဂ၀ံေက်ာက္ျဖဳန္းမ်ားရွိသည္။

၈။ ေက်ာက္ကမ္းပါးယံ = လင္းႏို႔မ်ားစြာတို႔ ရွိေနႀကသည္။

၉။ ေက်ာက္ရုိးပုံတုိင္ႀကီး = ဆင္ႀကီးတစ္ေကာင္ ႏွာေမာင္းေထာင္ေနပုံသ႑ာန္ရွိသည္။

၁၀။ မုဆုိးခေမာက္ = ေက်ာက္ေခ်ာတုံးႀကီးသည္ ခေမာက္တစ္ခ်ပ္ႏွင့္ ပုံသ႑ာန္ရွိေနသည္။

၁၁။ အံသြားေႀကြက်ရာ = ေက်ာက္ဆိုင္ခဲမ်ား ေျမတြင္စုိက္၀င္ေနသည္မွာ ဆဒၵန္ဆင္မင္းကို အစြယ္ျဖတ္စဥ္ အံသြားတို႔ ေႀကြေနဟန္ျဖစ္သည္။

၁၂။ ဆင္တုိင္ = အလြန္ႀကီးမားေသာ ေက်ာက္မိုးေမွ်ာ္တုိင္ႀကီးျဖစ္သည္။

၁၃။ ဂူ၀လြမ္းေစတီ = ကိုးေတာင္ျပည့္ေစတီျဖစ္သည္။

၁၄။ ေဘးမဲ့ေရအိုင္ = ဧက ၂၀-ခန္႔က်ယ္ေသာ အုိင္ႀကီးျဖစ္သည္။

၁၅။ ဆင္ဟိုင္းဂူ = ေပအျမင့္ ၃၀-ခန္႔ရွိ၍ ေရွးအခါက ဆဒၵန္ဂူတြင္ ဆင္ျဖဴမ်ားေန၍ ဤဂူတြင္ ဆင္မည္းမ်ား ေနသည္ဟု ဆုိသည္။

၁၆။ တြန္ထြန္႔ဖန္ေခၚ ေရေက်ာ္ကန္ = ထိုကန္နံေဘးတြင္ ေရကန္တစ္ကန္ရွိသည္။ ထုိကန္မွတစ္ဆင့္ ဇြဲကပင္ေတာင္စြယ္၊ လြန္းညေတာင္၊ လကၡဏာေတာင္၊ နတ္ထိပ္ေတာင္တို႔ကို ျမင္ႏုိင္သည္။

၁၇။ လက္ေရးစင္းအုတ္ခ်ပ္မ်ား = ဤဂူတြင္ေတြ႕ရေသာ အုပ္ခ်ပ္မ်ားသည္ ေကာ့ဂြန္း၊ရေသ့ပ်ံ၊ ဖားကပ္၊ ဘုရင္ညီေနာင္၊ ဓာတ္က်ိဳက္၊ ရဲသာေနာင္ခရုိင္ ဂူမ်ားရွိ လက္ေရးစင္းအုတ္ခ်ပ္မ်ားႏွင့္တူညီသည္။ လက္ေရး စင္း အမ်ိဳးအစား ၂၂-မ်ိဳးတြင္ ပါ၀င္သည္။

၁၈။ ေက်ာက္ကမ္းပါးံမွ ေက်ာက္ကပ္အုပ္ခြက္ဘုရားမ်ား = ေရွးအခါက ေမွာင္ခိုသမား၊သူခိုးတို႔က တားဆီး မည့္သူ မရွိသျဖင့္ ေအးေအးေဆးေဆး ခြာယူႀကသည္။ အခ်ိဳ႕က လက္နက္အေစာင့္ထား၍ပင္ ခြာယူႀက သည္ဟုဆိုသည္။ က်ည္မထြက္သည္အထိ စြမ္းသည္ဟူေသာစကားေႀကာင့္ ခြာယူေရာင္းခ်ႀကသည္။ ယခုကား အုတ္ခြက္ေနရာေပါင္း ေထာင္ေပါင္းမ်ားစြာကိုသာေတြ႔ရျပီး ေက်ာက္ကမ္းပါးအျမင့္ဆုံးေနရာ ရွိ ေလး၊ငါးဆူမွအပ မရွိေတာ့ေခ်။

၁၉။ ေရွးေဟာင္းေစတီေတာ္ = ဂူအတြင္း ေပ-၁၀၀ခန္႔တြင္ ကိုးေတာင္ျပည့္ေစတီတစ္ဆူရွိသည္။ ရွမ္းတို႔က တည္သည္ ဟုလည္းေကာင္း မြန္တို႔က တည္သည္ဟုလည္းေကာင္း ဆိုႀကသည္။ အေထာက္ထားကား မေတြ႕ရေသးေခ်။ ထူးျခားမႈမွာ ရေသ့ပ်ံဂူရွိေစတီႏွင့္ ဥာဏ္ေတာ္အနိမ့္အျမင့္မွတပါး ပုံစံတူညီသည္။

Photo : Thet Phue Myint Aung
Sadan Cave | by @RobCollins

၂၀။ ဆဒၵန္ဂူေက်ာင္းရွိ ေရွးေဟာင္းရုပ္ပြားေတာ္ = ေရွးက မသမာသူတို႔ ယူေဆာင္ရာမွ လက္က်န္ျဖစ္ ဟန္တူသည္။ အက်ိဳးအပဲ့မ်ားသာ ရွိေတာ့သည္။ ကိုးဆူရွိသည္။

၂၁။ တုိက္ေက်ာင္းႀကီးအေပၚထပ္ရွိ ဘီရိုႏွစ္လုံး = ၁၂၉၀-တြင္ ျပာသိုလကြယ္ ေကာ့မူးတာရြာ ဦးေဖာ္လဲတို႔ မွ ဆင္းတုခန္းလွဴသည္ဟူေသာ စာကိုေတြ႕ရွိရသည္။ ဤစာအရ ယခင္က ဆင္းတုတစ္ဆူရွိရမည္။

၂၂။ ေရွးေဟာင္းေလ်ာင္းေတာ္မူဘုရား = ရွမ္းတို႔က တည္သည္ဟုဆိုသည္။ သို႔ေသာ္ ရွမ္းတို႔၏လက္ရာ မေတြ႕ရ၊ အျခားအဆုိတစ္ရပ္မွာ မုတၱမ မြန္မင္းဆက္(၀ါရီရုမင္းဆက္)လက္ထက္တြင္ တည္သည္ဟု ဆိုသည္။ ေရွးကမြန္တို႔သည္ ႏွစ္စဥ္ ၀ါေခါင္လျပည့္ေက်ာ္ ၁-ရက္တြင္ လာေရာက္ေလ့ရွိႀကေသာ္လဲ ယေန႔ေခတ္တြင္ အေ၀းမွမလာႏိုင္ႀကေတာ့ပဲ ရပ္နီးမွမြန္တို႔သာ လာႀကသည္။ ဆဒၵန္ဂူတြင္ အႀကီးဆုံးႏွင့္ အထင္ရွားဆုံး ေရွးေဟာင္းပစၥည္းျဖစ္သည္။

၂၃။ ထူးေသာေက်ာက္တုံးႀကီး = ၁၃၂၀-ခု၊ ဆရာေတာ္ဦး၀ါရိႏၵလက္ထက္ လုိဏ္အတြင္း ေစတီႏွင့္ ၊ ေလ်ာင္းေတာ္မူ အႀကား ေက်ာက္တုံးတစ္တုံးက်လာသည္။ ဆရာေတာ္ေရႊ႕ခုိင္းသျဖင့္ ေရႊ႕ႀကေသာ္လည္း မေရြ႕ေခ်။ ဤအတုိင္းဆုိလ်င္ ခက္ေခ်ျပီ။ သို႔ေသာ္ သႀကၤန္က်ရန္ ၂-ရက္အလို ညသန္းေခါင္တြင္ ဂူအနီးမွ လူသံကဲ့သို႔အသံမ်ားႀကားရျပီး ေက်ာက္တုံးႀကီးအနီးတြင္ မီးအလင္းေရာင္ျမင္ရ၍ ေပၚလုိက္ေပ်ာက္ လုိက္ျဖစ္ေနကာ မုိးေသာက္ေသာအခါ ေက်ာက္တုံးသည္ ေက်ာက္ကမ္းပါးဂူေျခ၌ တစ္ဖက္တြင္ မွီကပ္ေန သည္။ ယေန႔တုိင္ ၄၅-ဒီဂရီေစာင္းလ်က္ တည္ရွိေနသည္။

ဆဒၵန္လိုဏ္ဂူ၏ ႏွစ္စဥ္ပြဲေတာ္မ်ား

၁။ဆဒၵန္လိႈဏ္ဂူပြဲေတာ္ = ႏွစ္စဥ္သႀကၤန္အတက္ေန႔တြင္ ပုံမွန္က်င္းပသည္။
၂။တန္ခူးလဘုရားပြဲေတာ္ ရဟန္းခံရွင္ျပဳပြဲ။
၃။ကဆုန္လေညာင္ေရသြန္းပြဲ။
၄။၀ါေခါင္လခ်ည္ျဖဴဖြဲ႔မဂၤလာ။ = ၀ါေခါင္လဆန္း ၁-ရက္မွ ၁၅-ရက္ထိ သင့္ေသာရက္တြင္ က်င္းပသည္။

၅။၀ါေခါင္လဆုတ္ ၁-ရက္ေန႔ မြန္အမ်ိဳးသားပြဲ။
၆ေတာ္သလင္းဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ။
၇။သီတင္းကၽြတ္ တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္။

ဆရာမန္းသင့္ေနာင္ ေရးသည့္ ဆဒၵန္လိုဏ္ဂူေတာ္-ဟူေသာ စာအုပ္ မွ


ဆန္ဒန်လိုဏ်ဂူ အကြောင်း သိကောင်းစရာ (unicode)

ကရင်ပြည်နယ် ဘားအံမြို့တောင်ဖက် မ်ိုင်-၂၀ အကွာရှိ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင် ထန့်ကမာ့ခမိုက် – ဆဒ္ဒန်လိုက်ဂူတော်ရှိသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်နီးသည်။ ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုရွာမှတစ်ဆင့်လည်းကောင်း ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှလည်းကောင်း မွန်ပြည်နယ်မှ လာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်) တံတားကိုဖြတ်ကာ ၊ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှလည်းကောင်း သွားရောက်နိုင်သည်။

တန့်ကမာ့ခမိုက်ဟုခေါ်ခြင်းမှာ လိုဏ်ဂူအနီးတွင် ရေကန်နှင့် ကန့်အိတ်ပင်ရှိသောကြောင့် ထိုနေရာအရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ၊ဖြစ်သည်။ ဆဒ္ဒန်လိုဏ်ဂူဟုခေါ်ခြင်းမှာ လိုဏ်ဂူ၏ပတ်ဝန်းကျင်တွင် ဧက ၂၀-ခန့်ကျယ်သော အင်းအိုင်ကြီးရှိသည်။ ထိုအင်းအိုင်ကြီး၏ တောင်ဘက်တွင် ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင်နှင့် အင်းကြီးရှိသည်။ ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန် အိုင်ဟု တင်စားကြသည်။ ထူးဆန်းသော သဘာ၀ကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့ရှိ သည်။ ထိုသဘာဝတရားတို့သည် ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနှင့် များစွာတူညီသည်ကို အစွဲပြု၍ ဆဒ္ဒန်ဂူ ဟု ခေါ်တွင်ကြသည်။

နန်းရွှေကျင် နှင့် ဆဒ္ဒန်ဂူ ဒဏ္ဍာရီ

ရှေးအခါက ဒုံရင်းနေပြည်တော် သုဓမ္မရာဇာမင်းကြီးနှင့် အဂ္ဂဒေဝီမိဖုရားတွင် ဒေဝဇာဏီဟူသော သားတော် တစ်ယောက်ရှိသည်။ အရွယ်ရောက်သောအခါ မုလအိ၊ မုလအရှိ မည်သော ရသေ့ကြီးနှစ်ပါးထံ ပညာသင်ရာ ၁၈-ရပ်သောအတတ်ကို သင်ယူပြီးမြောက်ခဲ့သည်။ ရသေ့ကြီးတို့၏ ဒါယကာဖြစ်သူ ဘိုးတာပေါ၏ သမီး နန်းရွှေကျင်နှင့် လက်ထပ်ပြီးနောက် မိဘကန့်တော့ရန် ဦးရီးတော်ဘိုးလုံးတော်နှင့် အတူ နေပြည်တော်သို့ ခရီးဆက်ခဲ့သည်။ နန်းရွှေကျင်၏ အကိုဖြစ်သူ တန်ပိပျော်သည် ညီမဖြစ်သူ ဒုက္ခရောက်လျင် သိရန်အလို့ငှာ ကတိသစ္စာပန်း စိုက်ပျိုးထားကာ နေ့စဉ်ရေလောင်းတော့သည်။

ထိုသို့ခရီး ဆက်ခဲ့ရာ ကျုံတိုးတောင်သို့ရောက်ခဲ့သည်။ ကျုံတိုးတောင်သည် နတ်၊ဝိဇ္ဇာများက စောင့်ရှောက်ရသော နတ်ဂမုန်း ဆေးပင်ဆေးဥတို့ဖြင့် ပြည့်နေသည်။ ကျုံတိုးတောင်ကို ဖြတ်ကျော်လျင် ပူဇော် ပသပြီးမှ သွားရ သည်။ နန်းရေကျင်တို့သုံးဦးသည် မပသပဲသွားမိသဖြင့် ဂမုန်းပင်၊ ဆေးပင်များ တန်ဖိုးပျက်ကုန်ရာ နတ်ဝိဇ္ဇာ တို့ အမျက်ထွက်သဖြင့် အမျိုးမျိုးနှောက်ယှက်ကာ မင်းသားကို ကျိုင်းချောင်းတွင် သေအောင်သတ်၍ မိကျောင်းအဖြစ် ထားတော့သည်။ တူဝရီးနှစ်ယောက်ကိုလည်း ဂူအတွင်းထည့်ထားကာ ဂူဝကို ပိတ်ထား ခဲ့သည်။ ဂူတွင် ကိုယ်ဝန်ရသဖြင့် နန်းရွှေကျင်မှ ကယ်တင်ပါရန် နတ်တို့အား တိုင်တည်သဖြင့် သိကြားမင်း ဆင်းကယ်လေသည်။ သားငယ်ကိုကား ခေါ်ယူမွေးမြူထားသည်။

သားတော်အရွယ်ရောက်သော အခါ မယ်တော်နှင့် ဦးရီးတော်တို့ကို ကယ်တင်ပြီး ဒုံရင်းနေပြည်တော်သို့ သွားရန် သိကြားမင်းထံခွင့်ပန်သည်။ သိကြားမင်းမှ အကယ်၍သွားမည်ဆိုလျင် လမ်းခရီးတွင် ရွှေယောင်ယဘုရားကို တွေ့ပါက ရှိမခိုးပါနှင့် အကြောင်းမှာ သင့်ဘိုးတော် ဒုံရင်းဘုရင်သည် စေတီတည်ရာ ထီးမတင်မီ ငါတည်သောဘုရားကို ထီးတော် မတင်ရသေးပဲလျက် ရှိခိုးပါက ယောက်ျားဖြစ်က ကျားကိုက်စေ၊ မိန်းမဖြစ်က မြွေနဂါးပတ် ၍ သေစေ-ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ထီးတင်၍မပြီးမီ နတ်ရွာစံခဲ့သည်။ ထို့ကြောင့် ရှိမခိုးပါနှင့်-ဟုပြောကာ သွားခွင့်ပြုသည်။

သိကြားမင်းသည် အခြားသူမဟုတ် တစ်ချိန်က ဒုံရင်းနေပြည်တော်၏ဘုရင် သုဓမ္မရာဇာ ၊ ဖြစ်သည်။ မင်းသားသည် မယ်တော်ကိုကယ်တင်၍သွားရာ လွန်းညတောင်ခြေအရောက်တွင် မိခင်ကို သင့်တော်ရာထား၍ ဦးရီးတော်နှင့်အတူ ရေရှာထွက်ခဲ့သည်။ အပြန်တွင် စေတီတော်ကိုမြင်၍ ကြည်ညို လွန်းသဖြင့် ရှိခိုးရာ ကျားတို့က အလိုလိုထွက်ကာ ကိုက်ကြသည်။ ဦးရီးတော်သည် နန်းရွှေကျင်ကို အကြောင်းချင်းရာအစုံ ပြောပြရာ နန်းရွှေကျင်သည် ရူးမတတ်ခံစားလျက် ဆက်လက်ထွက်ခွာလာရာ ဆဒ္ဒန်ဂူကိုတွေ့ရသဖြင့် ထိုဂူတွင် ရသေ့မ,ဝတ်ကာ ဦးရီးတော်ကား ကပ္ပိယအဖြစ်ဖြင့် နေထိုင်လေသည်။

မုလအိ မုလအ တောင်ရှိ အစ်ကိုဖြစ်သူ တန်ပိပျော်၏ သစ္စာပန်းသည် နေ့စဉ်ရေလောင်းသော်လည်း ညှိုး သထက်ညှိုးလာရာ ညီမတော်ဒုက္ခရောက်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် လိုက်လာရာ လမ်းခရီး တွင် ရသေ့ကြီးတို့ ပေးလိုက်သော ဆေးလုံးတန်ခိုးကြောင့် အန္တရာယ်ကင်းခဲ့သည်။ ဝိဇ္ဇာနတ်များကို မေးမြန်းရာ သိကြားမင်း သယ်ဆောင်သည်မှစကာ အကြောင်းစုံရှင်းပြသည်။ တန်ပိပျော် သည် ဆေးလုံးဖြင့် မိကျောင်းကို ပစ်ပေါက်ရာ မိကျောင်းသည် ဒေဝဇာဏီမင်းသား အသွင်ကိုရရှိသည်။ ဆဒ္ဒန်ဂူ သို့ရောက်သောအခါ ရသေ့တို့ကလည်း ဈာန်ဖြင့် ရောက်လာသဖြင့် နန်းရွှေကျင်ကို လူဝတ်လဲစေ လျက် ပြန်လည် လက်ဆက်ပေးခဲ့သည်။ ဤကား နန်းရွှေကျင်နှင့် ဆဒ္ဒန်ဂူတို့ဇာတ်လမ်းတည်း။

လေးသည် ကျော်လစွဲ နှင့် ဆဒ္ဒန်ဂူ

ထန့်ကမာ့ခမိုက်-ဆဒ္ဒန်ဂူသည် နေရာကျယ်၍ တိုးလျိုးပေါက်ရှိသည်။ မြေပြင်အထက် ပေ-၂ဝခန့်တွင် တည်ရှိသည်။ အခါတစ်ပါး ကရက္ကကတိုင်းဘုရင် တိဿသက္ကသည် ယွန်းသူပုန်တို့ကို နှိမ်နှင်းရာ နိုင်ငံ အစွန်အဖျား ဒိုဟန(ဒေါန) တောင်တန်းဒေသသို့ ရောက်ခဲ့ရာ ဤနေရာသည် ရန်ပေါင်းအောင်ရာ အရပ်ဖြစ်၏-ဟု ဆိုကာ ဇေယျမြို့ကို တည်ထောင်ကာ ခုနစ်လတိုင်တိုင ္နေထိုင်သည်။ ထိုသို့နေစဉ်အတွင်း ဇွဲကပင်တောင်ခြေ ဆဒ္ဒန်ဂူတွင် စခန်းချလျက် ရပ်ရွာကိုစောင့်လျှောက်သော လေးသည်ကျော်လစွဲ သည် လက်ဆောင်ပဏ္ဏာနှင့်အတူ ဘုရင့်အားလာရောက် ဂါရ၀ပြုသည်။ ဘုရင်သည် လစွဲအား လုဒ္ဓယောဓဘွဲ့ အပ်နှင်း၍ ကရင်၊ လ၀၊ ပအိုဝ့်၊ ရှမ်း၊ မွန်တို့ နေထိုင်သော ပအာဝနဒေသကို ဘုရင့်ကိုယ်စား လွှဲအပ်အုပ်ချုပ်စေသည်။

လုဒ္ဓယုဓ်မင်းသည် ပအာဝနတောအုပ်ကို မြို့ပြတည်ထောင်သည်။ ပအာဝနတောကြီးနှင့် ဇွဲကပင်တောင်ခြေ ပတ်ဝန်းကျင်တို့ကို ပအာဝနနေပြည်တော်အဖြစ် ပေးသနားတော်မူသည်။ တိဿသက္က မင်းလက်အောက်တွင် ၂၁-နှစ်တိုင်အောင် ထီးရံနန်းရံမင်းအဖြစ် နေခဲ့ပြီး ကောဇာ ၁၁၀-တွင် တိဿသက္က မင်းနတ်ရွာစံသဖြင့် သီးခြားမင်းပြုသည်။ ဘိုးတော်မင်းလက်ထက် ၁၁၄၉-ခု၊ မွန်ရာဇဝင်မှ မြန်မာဘာသာ သို့ ပြန်ဆိုသော ကျမ်းတွင် ဂေါတမဘုရားရှင်မပွင့်မီ ၁၄-နှစ်မှစ၍ ပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ် ၁၆၀၁-တွင် သုဝဏ္ဏဘူမိတိုင်း သုဓမ္မဝတီ သထုံပြည်တွင် မနုဟာမင်းလက်ထက်တိုင် ပအာဝနမြို့ ရှိခဲ့ကြောင်း ဆိုထားသည်။

ဆဒ္ဒန်ဂူ၏ အံ့ဖွယ်နေရာများ

၁။ ကျောက်သွေးတွင်း = စီးပွားဖြစ်လုပ်စဉ်က မထွက်ပဲ ကုသိုလ်ဖြစ်ဝေငှသောအခါ ပုံမှန်ပြန်ထွက်သော ၊ ကျောက်သွေးတွင်းဖြစ်သည်။ ကိုယ်တွင်းရောဂါများပျောက်သည် ဟု ယုံကြည်ကြသည်။

၂။ ကြယ်ရောင်တောက်သော စိန်တောင်ကြီး = ဂူတွင်းတွင် ထိုသို့အရောင်တောက်သော်လည်း ဖဲ့ယူ၍ အပြင်ရောက်သောအခါ အရောင်တောက်မှုမရှိတော့ပေ။ သာမန်အဖြူရောင်သာထွက်တော့သည်။

၃။ လွှသဏ္ဍာန်နှင့်တူသော သဘာ၀ကျောက်တောင်ကြီး = ဆဒ္ဒန်ဆင်မင်းအစွယ်ကို မုဆိုးကြီးဖြတ်စဉ်က လွှသဏ္ဍာန်ဖြစ်နေသည်။

၄။ မုဆိုးမြားပေါက် = ထိုတောင်၏ အပေါက်မှာ ဝိုင်းနေ၍ လွန်နှင့်ဖေါက်ထားသကဲ့သို့ဖြစ်နေသည်။

၅။ သမီးတော်စံမြန်းသောဂူ = အမှောင်တွင် အရောင်တစ်မျိုး အလင်းတွင် အရောင်တစ်မျိုးဖြစ်နေသည်။ လုံလုံခြုံခြုံရှိ၍ ဝင်ရခက်သည်။ ဆဒ္ဒန်ဆင်မင်းက သူ၏သမီးကို အပြင်သွားလျင် ဖွက်ထားခဲ့သည့်နေရာ ဟုဆိုသည်။

၆။ ကျောက်အူခွေ = ကျောက်ကြောရှည်ရှည်မျှောမျှောများက ဆဒ္ဒန်ဆင်မင်း၏အူခွေအလား ထင်မှတ် ရသည်။

၇။ စပါးကျီတောင် = စပါးစေ့နှင့်တူသော ဂဝံကျောက်ဖြုန်းများရှိသည်။

၈။ ကျောက်ကမ်းပါးယံ = လင်းနို့များစွာတို့ ရှိနေကြသည်။

၉။ ကျောက်ရိုးပုံတိုင်ကြီး = ဆင်ကြီးတစ်ကောင် နှာမောင်းထောင်နေပုံသဏ္ဍာန်ရှိသည်။

၁၀။ မုဆိုးခမောက် = ကျောက်ချောတုံးကြီးသည် ခမောက်တစ်ချပ်နှင့် ပုံသဏ္ဍာန်ရှိနေသည်။

၁၁။ အံသွားကြွေကျရာ = ကျောက်ဆိုင်ခဲများ မြေတွင်စိုက်ဝင်နေသည်မှာ ဆဒ္ဒန်ဆင်မင်းကို အစွယ်ဖြတ်စဉ် အံသွားတို့ ကြွေနေဟန်ဖြစ်သည်။

၁၂။ ဆင်တိုင် = အလွန်ကြီးမားသော ကျောက်မိုးမျှော်တိုင်ကြီးဖြစ်သည်။

၁၃။ ဂူဝလွမ်းစေတီ = ကိုးတောင်ပြည့်စေတီဖြစ်သည်။

၁၄။ ဘေးမဲ့ရေအိုင် = ဧက ၂၀-ခန့်ကျယ်သော အိုင်ကြီးဖြစ်သည်။

၁၅။ ဆင်ဟိုင်းဂူ = ပေအမြင့် ၃၀-ခန့်ရှိ၍ ရှေးအခါက ဆဒ္ဒန်ဂူတွင် ဆင်ဖြူများနေ၍ ဤဂူတွင် ဆင်မည်းများ နေသည်ဟု ဆိုသည်။

၁၆။ တွန်ထွန့်ဖန်ခေါ် ရေကျော်ကန် = ထိုကန်နံဘေးတွင် ရေကန်တစ်ကန်ရှိသည်။ ထိုကန်မှတစ်ဆင့် ဇွဲကပင်တောင်စွယ်၊ လွန်းညတောင်၊ လက္ခဏာတောင်၊ နတ်ထိပ်တောင်တို့ကို မြင်နိုင်သည်။

၁၇။ လက်ရေးစင်းအုတ်ချပ်များ = ဤဂူတွင်တွေ့ရသော အုပ်ချပ်များသည် ကော့ဂွန်း၊ရသေ့ပျံ၊ ဖားကပ်၊ ဘုရင်ညီနောင်၊ ဓာတ်ကျိုက်၊ ရဲသာနောင်ခရိုင် ဂူများရှိ လက်ရေးစင်းအုတ်ချပ်များနှင့်တူညီသည်။ လက်ရေး စင်း အမျိုးအစား ၂၂-မျိုးတွင် ပါဝင်သည်။

၁၈။ ကျောက်ကမ်းပါးံမှ ကျောက်ကပ်အုပ်ခွက်ဘုရားများ = ရှေးအခါက မှောင်ခိုသမား၊သူခိုးတို့က တားဆီး မည့်သူ မရှိသဖြင့် အေးအေးဆေးဆေး ခွာယူကြသည်။ အချို့က လက်နက်အစောင့်ထား၍ပင် ခွာယူကြ သည်ဟုဆိုသည်။ ကျည်မထွက်သည်အထိ စွမ်းသည်ဟူသောစကားကြောင့် ခွာယူရောင်းချကြသည်။ ယခုကား အုတ်ခွက်နေရာပေါင်း ထောင်ပေါင်းများစွာကိုသာတွေ့ရပြီး ကျောက်ကမ်းပါးအမြင့်ဆုံးနေရာ ရှိ လေး၊ငါးဆူမှအပ မရှိတော့ချေ။

၁၉။ ရှေးဟောင်းစေတီတော် = ဂူအတွင်း ပေ-၁၀ဝခန့်တွင် ကိုးတောင်ပြည့်စေတီတစ်ဆူရှိသည်။ ရှမ်းတို့က တည်သည် ဟုလည်းကောင်း မွန်တို့က တည်သည်ဟုလည်းကောင်း ဆိုကြသည်။ အထောက်ထားကား မတွေ့ရသေးချေ။ ထူးခြားမှုမှာ ရသေ့ပျံဂူရှိစေတီနှင့် ဥာဏ်တော်အနိမ့်အမြင့်မှတပါး ပုံစံတူညီသည်။

၂၀။ ဆဒ္ဒန်ဂူကျောင်းရှိ ရှေးဟောင်းရုပ်ပွားတော် = ရှေးက မသမာသူတို့ ယူဆောင်ရာမှ လက်ကျန်ဖြစ် ဟန်တူသည်။ အကျိုးအပဲ့များသာ ရှိတော့သည်။ ကိုးဆူရှိသည်။

၂၁။ တိုက်ကျောင်းကြီးအပေါ်ထပ်ရှိ ဘီရိုနှစ်လုံး = ၁၂၉၀-တွင် ပြာသိုလကွယ် ကော့မူးတာရွာ ဦးဖော်လဲတို့ မှ ဆင်းတုခန်းလှူသည်ဟူသော စာကိုတွေ့ရှိရသည်။ ဤစာအရ ယခင်က ဆင်းတုတစ်ဆူရှိရမည်။

၂၂။ ရှေးဟောင်းလျောင်းတော်မူဘုရား = ရှမ်းတို့က တည်သည်ဟုဆိုသည်။ သို့သော် ရှမ်းတို့၏လက်ရာ မတွေ့ရ၊ အခြားအဆိုတစ်ရပ်မှာ မုတ္တမ မွန်မင်းဆက်(ဝါရီရုမင်းဆက်)လက်ထက်တွင် တည်သည်ဟု ဆိုသည်။ ရှေးကမွန်တို့သည် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင် လာရောက်လေ့ရှိကြသော်လဲ ယနေ့ခေတ်တွင် အဝေးမှမလာနိုင်ကြတော့ပဲ ရပ်နီးမှမွန်တို့သာ လာကြသည်။ ဆဒ္ဒန်ဂူတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး ရှေးဟောင်းပစ္စည်းဖြစ်သည်။

၂၃။ ထူးသောကျောက်တုံးကြီး = ၁၃၂၀-ခု၊ ဆရာတော်ဦးဝါရိန္ဒလက်ထက် လိုဏ်အတွင်း စေတီနှင့် ၊ လျောင်းတော်မူ အကြား ကျောက်တုံးတစ်တုံးကျလာသည်။ ဆရာတော်ရွှေ့ခိုင်းသဖြင့် ရွှေ့ကြသော်လည်း မရွေ့ချေ။ ဤအတိုင်းဆိုလျင် ခက်ချေပြီ။ သို့သော် သင်္ကြန်ကျရန် ၂-ရက်အလို ညသန်းခေါင်တွင် ဂူအနီးမှ လူသံကဲ့သို့အသံများကြားရပြီး ကျောက်တုံးကြီးအနီးတွင် မီးအလင်းရောင်မြင်ရ၍ ပေါ်လိုက်ပျောက် လိုက်ဖြစ်နေကာ မိုးသောက်သောအခါ ကျောက်တုံးသည် ကျောက်ကမ်းပါးဂူခြေ၌ တစ်ဖက်တွင် မှီကပ်နေ သည်။ ယနေ့တိုင် ၄၅-ဒီဂရီစောင်းလျက် တည်ရှိနေသည်။

ဆဒ္ဒန်လိုဏ်ဂူ၏ နှစ်စဉ်ပွဲတော်များ

၁။ဆဒ္ဒန်လှိုဏ်ဂူပွဲတော် = နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ပုံမှန်ကျင်းပသည်။
၂။တန်ခူးလဘုရားပွဲတော် ရဟန်းခံရှင်ပြုပွဲ။
၃။ကဆုန်လညောင်ရေသွန်းပွဲ။
၄။ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ။ = ဝါခေါင်လဆန်း ၁-ရက်မှ ၁၅-ရက်ထိ သင့်သောရက်တွင် ကျင်းပသည်။

၅။ဝါခေါင်လဆုတ် ၁-ရက်နေ့ မွန်အမျိုးသားပွဲ။
၆တော်သလင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ။
၇။သီတင်းကျွတ် တန်ဆောင်တိုင်မီးထွန်းပွဲတော်။

ဆရာမန်းသင့်နောင် ရေးသည့် ဆဒ္ဒန်လိုဏ်ဂူတော်-ဟူသော စာအုပ် မှ

Leave a Reply