ကမၻာတစ္လႊား အႏၱရာယ္အမ်ားဆုံးေသာ ကမ္းေျခမ်ား

Posted on

ေရးသားသူ – TMK(သမန္းက်ား)
ရတနာပုံ

ကမ္းေျခေဟ့လို ့ေျပာလိုက္တာနဲ ့ လူေတြရဲ ့ရင္ထဲမွာ လြတ္လပ္ေပ်ာ္ရႊင္မႈ၊ ဆန္းသစ္လွပမႈ၊ စိတ္လက္ အပန္းေျပမႈေတြနဲ ့ ျပည့္သြားေလ့ရွိပါတယ္။ ဒါေပမယ့္ ကမ္းေျခေတြဟာ အျမင္မွာလွသေလာက္ အႏၱရာယ္ ေပးနိုင္တဲ့အခ်ိန္ေတြ ရွိနုိင္ေသးတယ္ဆိုတာ ဂရုစိုက္ရပါမယ္။

 Hanakapiai ကမ္းေျခ၊ ဟာ၀ိုင္အီ

ကမ္းေျခအရွည္ ၂ မိုင္ရွိပါတယ္။ ေရကလည္း စိမ္းၾကည္ေနတာပါပဲ။ ဒါေပမယ့္ အဲဒီပင္လယ္ေရဟာ Rip Current လို ့ေခၚတဲ့ ဆြဲလွိဳင္းေတြ အားအလြန္ျပင္းပါတယ္။ ဆြဲလွိဳင္း ဆိုတာ ဒီေရအတက္နဲ ့အက်မွာ သာမန္လွိဳင္းေတြထဲမွာပဲရွိေနျပီး သာမန္လွိဳင္းေတြလိုမဟုတ္ဘဲ လူကို ေရနက္ပိုင္းထိေရာက္ေအာင္ တမုဟုတ္ျခင္း ဆြဲသြားနုိင္တဲ့လွိဳင္းေတြ ျဖစ္ပါတယ္။ ကမ္းေျခပတ္၀န္းက်င္ မွာ ေရစီးကိုတားဖို ့သႏၱာေက်ာက္တန္းေတြကလည္းမရွိေတာ့ ဆြဲလွိဳင္းဟာ လူကို ပင္လယ္ထဲထိ တစ္ခါ ထဲ ဆြဲသြားနုိင္လို ့ လူအေသအေပ်ာက္မ်ားလွပါတယ္။ ကမ္းေျခေတြမွာ သတ္မွတ္ထားတဲ့ေနရာေတြမွာပဲ ေရကစားျခင္း၊ ေရနက္ပိုင္းအထိမသြားဘဲေနျခင္းတို ့နဲ ့ မိမိကိုယ္ကိုယ္ ကာကြယ္ပါ။

New Smyrna ကမ္းေျခ၊ ဖေလာ္ရီဒါ

ကမၻာေပၚမွာ ငါးမန္းအကိုက္ဆံုးကမ္းေျခအျဖစ္ နာမည္ၾကီးပါတယ္။ ၂၀၁၇ တစ္နွစ္ထဲမွာ ငါးမန္းကိုက္ခံရတာ ၉ ၾကိမ္ ျဖစ္ပြားခဲ့ပါတယ္။ ၂၀၁၈ တုန္းက ၁၅ ၾကိမ္ေတာင္မွပါ။ ကမၻာေပၚမွာ ကမ္းေျခမွာေရဆင္းကစားတုန္း ငါးမန္းအကိုက္ခံရနိုင္ေျခ အျမင့္ဆံုးရွိတဲ့ New Smyrna ကမ္းေျခ ျဖစ္ပါတယ္။

Gansbaai ကမ္းေျခ၊ ေတာင္အာဖရိက

တည္ရွိေနတဲ့ကမ္းရိုးတန္းကို ငါးမန္းေခ်ာင္လို ့ေခၚသတဲ့။ ငါးမန္း ေတြကလည္း တကယ္ေပါပါတယ္။ ဧည့္သည္ေတြက ေလွာင္အိမ္ေလးထဲ၀င္ျပီးေတာ့ ေရေအာက္ထဲဆင္းျပီး ငါးမန္းကိုအနီးကပ္ၾကည့္ၾကတာေပါ့။ အသည္းယားစရာၾကီးပါ။ ငါးမန္းေတြအဲဒီလိုမ်ားမ်ားလာေအာင္ လည္း ေလွသမားေတြက ပင္လယ္ေရထဲကို ေသြးေတြ၊ အက်ိအခၽြဲေတြ အလြန္အကၽြံသြန္ခ်ၾကလို ့ ကမ္းေျခၾကီးတစ္ခုလံုးလည္း ညစ္ပတ္ပ်က္စီးေနပါျပီ။

Tribulation အငူ၊ ၾသစေၾတးလ်

ေရဆင္းကူးမယ္ဆိုရင္ ဂ်ယ္လီငါးေတြကိုက္တာခံနိုင္ရည္ရွိမယ့္ အထူး၀တ္စံု ၀တ္ဖို ့လိုပါတယ္။ ေရငံမိေခ်ာင္းေတြလည္း ေပါမွေပါ။ ျမစ္၀မွာေရမကူးဖို ့ဧည့္သည္ေတြကို အျမဲ တားေနရတယ္။ ဒါ့အျပင္ Cassowary လို ့ေခၚတဲ့ မပ်ံနုိင္တဲ့ငွက္ၾကီးေတြရွိတယ္။ ေျခသည္းေတြက ဓါးေျမွာင္ေတြအတိုင္းပဲ။ တစ္ခ်က္ကုတ္လုိက္ရင္ ဗိုက္ပြင့္ျပီးအူေတြအေခြလိုက္ထြက္သြားနိုင္တယ္။ အဲဒါတင္မက သစ္ပင္ေတြနားသြားရင္ သတိထားရဦးမွာ။ အရြက္ေတြက အထစ္အထစ္ေတြနဲ ့ လႊသြားလို ထက္တယ္။ ပြတ္မိတာနဲ ့ရွျပီးသားပဲ။ ဒါလည္း လူေတြ လာၾကတာပဲ။

Playa Zipolite ကမ္းေျခ၊ မကၠဆီကို

ေသမင္းတမန္ကမ္းေျခလို ့လည္း ေခၚၾကတယ္။ ေရကၾကည့္လိုက္ရင္စိမ္းၾကည္ေနေပမယ့္ undercurrent လို ့ေခၚတဲ့ ျမင္ေနရတဲ့ေရစီးေၾကာင္းအတိုင္းမဟုတ္ဘဲ ေျပာင္းျပန္ စီးေနတဲ့ ေရေအာက္စီးေၾကာင္းေတြရွိတယ္။ ဒီေတာ့ အျမင္မွာ ေရက ကိုယ့္ဆီလာေနေပမယ့္ ေအာက္ကေန ေစြ ့ခနဲဆြဲေခၚသြားနုိင္တယ္။ ကမ္းေျခေစာင့္အဖြဲ ့က အျမဲေစာင့္က်ပ္ေပးေနရတယ္။

Morecambe ပင္လယ္ေအာ္၊ UK

ဒီမွာ quick sand လို ့ေခၚတဲ့ သဲရွင္၊သဲဗြက္ေတြရွိတယ္။ ေရေၾကာင္းကလည္း အျမဲေျပာင္းေနတယ္။ ျမစ္ေရစီးေၾကာင္းကလည္း ေတာက္ေလွ်ာက္စီး၀င္ေနေလေတာ့ ေရျပင္ဟာ ဘယ္ဘက္ကိုစီးေနတယ္၊ ဘယ္လိုလွဳပ္ရွားေနတယ္ဆိုတာ ခန္ ့မွန္းဖို ့အေတာ့္ကိုခက္တယ္။ သဲရွင္ ဆိုတာကလည္း စက္ယႏၱရားၾကီးေတြကိုပါ စုပ္ယူျမဳပ္ပစ္လိုက္တာ၊ ဘယ္ေတာ့မွျပန္မေတြ ့ေတာ့ဘူး။ ကမ္းေျခေပၚမွာ ျမင္းလွည္းေတြေလာက္ပဲ ျဖတ္ရဲတယ္။ ဒါလည္း လူေတြ လာၾကတာပဲ။

Myrtle ကမ္းေျခ၊ ေတာင္ပိုင္းကာရိုလိုင္းနား

အေမရိကားမွာ တတိယအႏၱရာယ္အမ်ားဆံုးကမ္းေျခပါ။ သူ ကေတာ့ ကမ္းေျခေၾကာင့္ အႏၱရာယ္မ်ားတာမဟုတ္ဘဲ လူေတြေၾကာင့္ေပါ့။ ျပစ္မႈျဖစ္ပြားမႈ အလြန္မ်ားတယ္လို ့ သိရပါတယ္။

ေခ်ာင္ပတီကမ္းေျခ၊ မြန္ဘိုင္း

သူကေတာ့ ညစ္ပတ္တာေပါ့။ လူေတြမ်ားလြန္းျပီး အမိႈက္ေတြစြန္ ့ပစ္လြန္းၾကေတာ့ ကမ္းေျခၾကီးတစ္ခုလံုးက အမိႈက္ပံုၾကီးနဲ ့တူေနပါတယ္။ ပိုဆိုးတာက ၂၀၁၁ တုန္းက ေက်ာက္ မီးေသြးတင္သေဘၤာ ကမ္းေျခမွာပဲျမဳပ္သြားေတာ့ ေက်ာက္မီးေသြး မက္ထရစ္တန္ ၆၀၀၀၀ ထက္မနည္း ေရထဲေရာက္သြားျပီး ေရအေရာင္ၾကီးကလည္း မဲညစ္ေနပါတယ္။ လူေတြကလည္း ေရကစားဖို ့မလာၾက ပါဘူး။ အေပါ့အပါးသြားမယ္၊ အမိႈက္စြန္ ့မယ္၊ အိမ္ေျခမဲ့ေတြေနမယ္နဲ ့ တကယ့္ပ်က္စီးေနတဲ့ကမ္းေျချဖစ္ ပါတယ္။

ကမ္းေျခေတြဆိုတာ အပန္းေျဖခရီးသြားလာသူမ်ား နွစ္သက္ၾကတဲ့ေနရာေတြျဖစ္ေပမယ့္ ေမွ်ာ္လင့္မထား တဲ့အႏၱရာယ္ေတြနဲ ့ ၾကံဳရနုိင္ပါေၾကာင္း ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။

TMK(သမန္းက်ား)
ရတနာပုံ

—————-

ကမ္ဘာတစ်လွှား အန္တရာယ်အများဆုံးသော ကမ်းခြေများ (unicode)

ရေးသားသူ – TMK(သမန်းကျား)
ရတနာပုံ

ကမ်းခြေဟေ့လို့ပြောလိုက်တာနဲ့ လူတွေရဲ့ရင်ထဲမှာ လွတ်လပ်ပျော်ရွှင်မှု၊ ဆန်းသစ်လှပမှု၊ စိတ်လက် အပန်းပြေမှုတွေနဲ့ ပြည့်သွားလေ့ရှိပါတယ်။ ဒါပေမယ့် ကမ်းခြေတွေဟာ အမြင်မှာလှသလောက် အန္တရာယ် ပေးနိုင်တဲ့အချိန်တွေ ရှိနိုင်သေးတယ်ဆိုတာ ဂရုစိုက်ရပါမယ်။

Hanakapiai ကမ်းခြေ၊ ဟာဝိုင်အီ

ကမ်းခြေအရှည် ၂ မိုင်ရှိပါတယ်။ ရေကလည်း စိမ်းကြည်နေတာပါပဲ။ ဒါပေမယ့် အဲဒီပင်လယ်ရေဟာ Rip Current လို့ခေါ်တဲ့ ဆွဲလှိုင်းတွေ အားအလွန်ပြင်းပါတယ်။ ဆွဲလှိုင်း ဆိုတာ ဒီရေအတက်နဲ့အကျမှာ သာမန်လှိုင်းတွေထဲမှာပဲရှိနေပြီး သာမန်လှိုင်းတွေလိုမဟုတ်ဘဲ လူကို ရေနက်ပိုင်းထိရောက်အောင် တမုဟုတ်ခြင်း ဆွဲသွားနိုင်တဲ့လှိုင်းတွေ ဖြစ်ပါတယ်။ ကမ်းခြေပတ်ဝန်းကျင် မှာ ရေစီးကိုတားဖို့သန္တာကျောက်တန်းတွေကလည်းမရှိတော့ ဆွဲလှိုင်းဟာ လူကို ပင်လယ်ထဲထိ တစ်ခါ ထဲ ဆွဲသွားနိုင်လို့ လူအသေအပျောက်များလှပါတယ်။ ကမ်းခြေတွေမှာ သတ်မှတ်ထားတဲ့နေရာတွေမှာပဲ ရေကစားခြင်း၊ ရေနက်ပိုင်းအထိမသွားဘဲနေခြင်းတို့နဲ့ မိမိကိုယ်ကိုယ် ကာကွယ်ပါ။

New Smyrna ကမ်းခြေ၊ ဖလော်ရီဒါ

ကမ္ဘာပေါ်မှာ ငါးမန်းအကိုက်ဆုံးကမ်းခြေအဖြစ် နာမည်ကြီးပါတယ်။ ၂၀၁၇ တစ်နှစ်ထဲမှာ ငါးမန်းကိုက်ခံရတာ ၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ တုန်းက ၁၅ ကြိမ်တောင်မှပါ။ ကမ္ဘာပေါ်မှာ ကမ်းခြေမှာရေဆင်းကစားတုန်း ငါးမန်းအကိုက်ခံရနိုင်ခြေ အမြင့်ဆုံးရှိတဲ့ New Smyrna ကမ်းခြေ ဖြစ်ပါတယ်။

Gansbaai ကမ်းခြေ၊ တောင်အာဖရိက

တည်ရှိနေတဲ့ကမ်းရိုးတန်းကို ငါးမန်းချောင်လို့ခေါ်သတဲ့။ ငါးမန်း တွေကလည်း တကယ်ပေါပါတယ်။ ဧည့်သည်တွေက လှောင်အိမ်လေးထဲဝင်ပြီးတော့ ရေအောက်ထဲဆင်းပြီး ငါးမန်းကိုအနီးကပ်ကြည့်ကြတာပေါ့။ အသည်းယားစရာကြီးပါ။ ငါးမန်းတွေအဲဒီလိုများများလာအောင် လည်း လှေသမားတွေက ပင်လယ်ရေထဲကို သွေးတွေ၊ အကျိအချွဲတွေ အလွန်အကျွံသွန်ချကြလို့ ကမ်းခြေကြီးတစ်ခုလုံးလည်း ညစ်ပတ်ပျက်စီးနေပါပြီ။

Tribulation အငူ၊ ဩစတြေးလျ

ရေဆင်းကူးမယ်ဆိုရင် ဂျယ်လီငါးတွေကိုက်တာခံနိုင်ရည်ရှိမယ့် အထူးဝတ်စုံ ဝတ်ဖို့လိုပါတယ်။ ရေငံမိချောင်းတွေလည်း ပေါမှပေါ။ မြစ်ဝမှာရေမကူးဖို့ဧည့်သည်တွေကို အမြဲ တားနေရတယ်။ ဒါ့အပြင် Cassowary လို့ခေါ်တဲ့ မပျံနိုင်တဲ့ငှက်ကြီးတွေရှိတယ်။ ခြေသည်းတွေက ဓါးမြှောင်တွေအတိုင်းပဲ။ တစ်ချက်ကုတ်လိုက်ရင် ဗိုက်ပွင့်ပြီးအူတွေအခွေလိုက်ထွက်သွားနိုင်တယ်။ အဲဒါတင်မက သစ်ပင်တွေနားသွားရင် သတိထားရဦးမှာ။ အရွက်တွေက အထစ်အထစ်တွေနဲ့ လွှသွားလို ထက်တယ်။ ပွတ်မိတာနဲ့ရှပြီးသားပဲ။ ဒါလည်း လူတွေ လာကြတာပဲ။

Playa Zipolite ကမ်းခြေ၊ မက်ဆီကို

သေမင်းတမန်ကမ်းခြေလို့လည်း ခေါ်ကြတယ်။ ရေကကြည့်လိုက်ရင်စိမ်းကြည်နေပေမယ့် undercurrent လို့ခေါ်တဲ့ မြင်နေရတဲ့ရေစီးကြောင်းအတိုင်းမဟုတ်ဘဲ ပြောင်းပြန် စီးနေတဲ့ ရေအောက်စီးကြောင်းတွေရှိတယ်။ ဒီတော့ အမြင်မှာ ရေက ကိုယ့်ဆီလာနေပေမယ့် အောက်ကနေ စွေ့ခနဲဆွဲခေါ်သွားနိုင်တယ်။ ကမ်းခြေစောင့်အဖွဲ့က အမြဲစောင့်ကျပ်ပေးနေရတယ်။

Morecambe ပင်လယ်အော်၊ UK

ဒီမှာ quick sand လို့ခေါ်တဲ့ သဲရှင်၊သဲဗွက်တွေရှိတယ်။ ရေကြောင်းကလည်း အမြဲပြောင်းနေတယ်။ မြစ်ရေစီးကြောင်းကလည်း တောက်လျှောက်စီးဝင်နေလေတော့ ရေပြင်ဟာ ဘယ်ဘက်ကိုစီးနေတယ်၊ ဘယ်လိုလှုပ်ရှားနေတယ်ဆိုတာ ခန့်မှန်းဖို့အတော့်ကိုခက်တယ်။ သဲရှင် ဆိုတာကလည်း စက်ယန္တရားကြီးတွေကိုပါ စုပ်ယူမြုပ်ပစ်လိုက်တာ၊ ဘယ်တော့မှပြန်မတွေ့တော့ဘူး။ ကမ်းခြေပေါ်မှာ မြင်းလှည်းတွေလောက်ပဲ ဖြတ်ရဲတယ်။ ဒါလည်း လူတွေ လာကြတာပဲ။

Myrtle ကမ်းခြေ၊ တောင်ပိုင်းကာရိုလိုင်းနား

အမေရိကားမှာ တတိယအန္တရာယ်အများဆုံးကမ်းခြေပါ။ သူ ကတော့ ကမ်းခြေကြောင့် အန္တရာယ်များတာမဟုတ်ဘဲ လူတွေကြောင့်ပေါ့။ ပြစ်မှုဖြစ်ပွားမှု အလွန်များတယ်လို့ သိရပါတယ်။

ချောင်ပတီကမ်းခြေ၊ မွန်ဘိုင်း

သူကတော့ ညစ်ပတ်တာပေါ့။ လူတွေများလွန်းပြီး အမှိုက်တွေစွန့်ပစ်လွန်းကြတော့ ကမ်းခြေကြီးတစ်ခုလုံးက အမှိုက်ပုံကြီးနဲ့တူနေပါတယ်။ ပိုဆိုးတာက ၂၀၁၁ တုန်းက ကျောက် မီးသွေးတင်သင်္ဘော ကမ်းခြေမှာပဲမြုပ်သွားတော့ ကျောက်မီးသွေး မက်ထရစ်တန် ၆၀၀၀၀ ထက်မနည်း ရေထဲရောက်သွားပြီး ရေအရောင်ကြီးကလည်း မဲညစ်နေပါတယ်။ လူတွေကလည်း ရေကစားဖို့မလာကြ ပါဘူး။ အပေါ့အပါးသွားမယ်၊ အမှိုက်စွန့်မယ်၊ အိမ်ခြေမဲ့တွေနေမယ်နဲ့ တကယ့်ပျက်စီးနေတဲ့ကမ်းခြေဖြစ် ပါတယ်။

ကမ်းခြေတွေဆိုတာ အပန်းဖြေခရီးသွားလာသူများ နှစ်သက်ကြတဲ့နေရာတွေဖြစ်ပေမယ့် မျှော်လင့်မထား တဲ့အန္တရာယ်တွေနဲ့ ကြုံရနိုင်ပါကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

TMK(သမန်းကျား)
ရတနာပုံ

Leave a Reply