အသက္ ၁၀ႏွစ္မွာ ကုိယ္ပုိင္ ကုမၸဏီေထာင္ႏုိင္ခဲ့သူေလး

Posted on

အသက္ ၁၀ ႏွစ္အရြယ္မွာ ကေလးအမ်ားစုဟာ ေဆာ့ဖုိ႔ ၊ စားဖုိ႔ ၊ ကာတြန္းကားၾကည့္ဖုိ႔ စတဲ့အရာေတြနဲ႔ အလုပ္ရႈပ္ေနၾကခ်ိန္မွာ ဖိလစ္ပုိင္ Antipolo ၿမဳိ႕က Isabel Sieh ဆုိသူေလးကေတာ့ ကုိယ္ပိုင္ကုမၸဏီကို စေထာင္လုိက္ပါတယ္။

သူမဟာ ငယ္စဥ္ကတည္းက ကြန္ပ်ဴတာပရုဂရမ္ေရးတာကုိ စိတ္၀င္စားခဲ့ၿပီးေနာက္ သင္ယူခဲ့ပါတယ္။ အသက္ ၁၀ႏွစ္အရြယ္မွာေတာ့ အေတာ္ေလးကြ်မ္းက်င္လာခဲ့ပါတယ္။
“ကြ်န္မ ၁၀ႏွစ္မျပည့္ခင္မွာ ကြ်န္မဟာ သခ်ၤာဘာသာရပ္ကို အလြန္ႏွစ္သက္ေၾကာင္း ကြ်န္မဆရာသိသြားတယ္ ၊ ၿပီးေတာ့ပရုိဂရမ္ေရးဖုိ႔အႀကံေပးတယ္ ၊ Code Academy ဆုိတဲ့ ပရုိဂရမ္ေရးနည္းသင္ေပးတဲ့ ၀ဘ္ဆုိဒ္ကုိ ျပခဲ့တယ္ ၊ ဒီအခ်ိန္ကစလုိ႔ ကုဒ္ေတြကုိ စေရးခဲ့ပါတယ္” လုိ႔ Isabel က ဆုိပါတယ္။

သူမဒီလို ကြ်မ္းက်င္လာတာဟာ မိဘႏွစ္ပါး နဲ႔ ဆရာေတြရဲ႕ ပံပုိးမႈကလည္း အဓိကက်ပါတယ္။ ဆရာက သူမအတြက္ အသုံး၀င္ေစမယ့္ အခ်က္အလက္ရယူႏုိင္မယ့္ေနရာေတြကုိ ရွာေပးသလုိ ၊ မိဘေတြကလည္း နည္းျပေတြငွားရမ္းေပးခဲ့တာေၾကာင့္ျဖစ္ပါတယ္။ သူမကလည္း စိတ္၀င္တစားႀကဳိးစား သင္ယူခဲ့တာေၾကာင့္ အခ်ိန္တုိအတြင္းမွာ HTML နဲ႔ JavaScript စတဲ့ အေျခခံပရုိဂရမ္ေရးနည္းေတြကုိ ကြ်မ္းက်င္ခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ သူမကုိယ္ပိုင္ကုမၸဏီေထာင္ဖုိ႔ အႀကံရခဲ့ၿပီး ကုမၸဏီနာမည္ကုိ Girls Will Code လုိ႔ အမည္ေပးခဲ့ပါတယ္။ သူမကုမၸဏီရဲ႕ ရည္မွန္းခ်က္ကေတာ့ ေငြေၾကးအျမတ္အစြန္းထက္ ပရုိဂရမ္ေရးနည္းကုိ စိတ္၀င္စားတဲ့ မိန္းကေလးငယ္ေလးေတြကုိအေျခခံပရုိဂရမ္နဲ႔ ထိေတြ႔ၿပီး ပုိင္ႏုိင္လာေစဖုိ႔ျဖစ္ပါတယ္။ ေက်ာင္းၿပီးတာနဲ႔ ပရိုဂရမ္ေရးနည္းေတြကို တတ္ကြ်မ္းေစခ်င္တာပဲျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ သူမဟာ တစ္ဖက္က ပရုိဂရမ္ေရးနည္းေတြကုိ သင္ယူေနၿပီး တစ္ဖက္ကလည္းစိတ္ပါ၀င္စားသူ မိန္းကေလးငယ္ေတြကုိ သူမတတ္ကြ်မ္းထားတာေတြကုိ ျပန္လည္ေ၀မွ်လွ်က္ရွိပါတယ္။

သူမဟာ ကေလးေတြအတြက္ Scratch Jr လုိ႔ေခၚတဲ့ ရုိးရွင္းတဲ့ ပရုိဂရမ္တစ္ခုကုိ သုံးၿပီး ကုိယ္ပုိင္ဇာတ္လမ္းေတြဂိမ္းေတြဖန္တီးႏုိင္ေအာင္ ကူညီခဲ့ပါတယ္။ အခုဆုိရင္သူမ အသက္ ၁၄ႏွစ္ရွိသြားၿပီျဖစ္ပါတယ္။ ၿမဳိ႕ေတာ္တစ္၀န္းက ေက်ာင္းေပါင္းမ်ားစြာကို လွည့္လည္ၿပီး သူမရဲ႕အျမင္နဲ႔ အေတြ႔အႀကဳံေတြ ကို အျခားကေလးငယ္ေတြ စိတ္အားထက္သန္လာေစဖုိ႔ ေ၀မွ်ေနပါတယ္။ ဒါအျပင္ သူမတည္ေထာင္ထားတဲ့ Girls Will Code ကုမၸဏီကို နည္းပညာကုမၸဏီႀကီး Google က အကူအညီေတြေပးတာေၾကာင့္ တျဖည္းျဖည္း လူသိမ်ားလာခဲ့ၿပီျဖစ္ပါတယ္။

အတတ္ပညာတစ္ခု သင္ယူဖုိ႔ငယ္လြန္းတယ္ဆုိတာ မရွိဘူး ၊ ပရုိဂရမ္ေရးျခင္းဟာ ေယာက်ၤားေလးေတြပဲ တတ္ႏုိင္တဲ့အရာမဟုတ္ဘူး လုိ႔ Isabel က သက္ေသျပလုိက္တာပဲ ျဖစ္ပါတယ္။

VIDEO


အသက် ၁၀နှစ်မှာ ကိုယ်ပိုင် ကုမ္ပဏီထောင်နိုင်ခဲ့သူလေး (unicode)

အသက် ၁၀ နှစ်အရွယ်မှာ ကလေးအများစုဟာ ဆော့ဖို့ ၊ စားဖို့ ၊ ကာတွန်းကားကြည့်ဖို့ စတဲ့အရာတွေနဲ့ အလုပ်ရှုပ်နေကြချိန်မှာ ဖိလစ်ပိုင် Antipolo မြို့က Isabel Sieh ဆိုသူလေးကတော့ ကိုယ်ပိုင်ကုမ္ပဏီကို စထောင်လိုက်ပါတယ်။

သူမဟာ ငယ်စဉ်ကတည်းက ကွန်ပျူတာပရုဂရမ်ရေးတာကို စိတ်ဝင်စားခဲ့ပြီးနောက် သင်ယူခဲ့ပါတယ်။ အသက် ၁၀နှစ်အရွယ်မှာတော့ အတော်လေးကျွမ်းကျင်လာခဲ့ပါတယ်။
“ကျွန်မ ၁၀နှစ်မပြည့်ခင်မှာ ကျွန်မဟာ သင်္ချာဘာသာရပ်ကို အလွန်နှစ်သက်ကြောင်း ကျွန်မဆရာသိသွားတယ် ၊ ပြီးတော့ပရိုဂရမ်ရေးဖို့အကြံပေးတယ် ၊ Code Academy ဆိုတဲ့ ပရိုဂရမ်ရေးနည်းသင်ပေးတဲ့ ဝဘ်ဆိုဒ်ကို ပြခဲ့တယ် ၊ ဒီအချိန်ကစလို့ ကုဒ်တွေကို စရေးခဲ့ပါတယ်” လို့ Isabel က ဆိုပါတယ်။

သူမဒီလို ကျွမ်းကျင်လာတာဟာ မိဘနှစ်ပါး နဲ့ ဆရာတွေရဲ့ ပံပိုးမှုကလည်း အဓိကကျပါတယ်။ ဆရာက သူမအတွက် အသုံးဝင်စေမယ့် အချက်အလက်ရယူနိုင်မယ့်နေရာတွေကို ရှာပေးသလို ၊ မိဘတွေကလည်း နည်းပြတွေငှားရမ်းပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ သူမကလည်း စိတ်ဝင်တစားကြိုးစား သင်ယူခဲ့တာကြောင့် အချိန်တိုအတွင်းမှာ HTML နဲ့ JavaScript စတဲ့ အခြေခံပရိုဂရမ်ရေးနည်းတွေကို ကျွမ်းကျင်ခဲ့ပါတယ်။

အဲဒီနောက်တော့ သူမကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ အကြံရခဲ့ပြီး ကုမ္ပဏီနာမည်ကို Girls Will Code လို့ အမည်ပေးခဲ့ပါတယ်။ သူမကုမ္ပဏီရဲ့ ရည်မှန်းချက်ကတော့ ငွေကြေးအမြတ်အစွန်းထက် ပရိုဂရမ်ရေးနည်းကို စိတ်ဝင်စားတဲ့ မိန်းကလေးငယ်လေးတွေကိုအခြေခံပရိုဂရမ်နဲ့ ထိတွေ့ပြီး ပိုင်နိုင်လာစေဖို့ဖြစ်ပါတယ်။ ကျောင်းပြီးတာနဲ့ ပရိုဂရမ်ရေးနည်းတွေကို တတ်ကျွမ်းစေချင်တာပဲဖြစ်ပါတယ်။ အဲဒီနောက်တော့ သူမဟာ တစ်ဖက်က ပရိုဂရမ်ရေးနည်းတွေကို သင်ယူနေပြီး တစ်ဖက်ကလည်းစိတ်ပါဝင်စားသူ မိန်းကလေးငယ်တွေကို သူမတတ်ကျွမ်းထားတာတွေကို ပြန်လည်ဝေမျှလျှက်ရှိပါတယ်။

သူမဟာ ကလေးတွေအတွက် Scratch Jr လို့ခေါ်တဲ့ ရိုးရှင်းတဲ့ ပရိုဂရမ်တစ်ခုကို သုံးပြီး ကိုယ်ပိုင်ဇာတ်လမ်းတွေဂိမ်းတွေဖန်တီးနိုင်အောင် ကူညီခဲ့ပါတယ်။ အခုဆိုရင်သူမ အသက် ၁၄နှစ်ရှိသွားပြီဖြစ်ပါတယ်။ မြို့တော်တစ်ဝန်းက ကျောင်းပေါင်းများစွာကို လှည့်လည်ပြီး သူမရဲ့အမြင်နဲ့ အတွေ့အကြုံတွေ ကို အခြားကလေးငယ်တွေ စိတ်အားထက်သန်လာစေဖို့ ဝေမျှနေပါတယ်။ ဒါအပြင် သူမတည်ထောင်ထားတဲ့ Girls Will Code ကုမ္ပဏီကို နည်းပညာကုမ္ပဏီကြီး Google က အကူအညီတွေပေးတာကြောင့် တဖြည်းဖြည်း လူသိများလာခဲ့ပြီဖြစ်ပါတယ်။

အတတ်ပညာတစ်ခု သင်ယူဖို့ငယ်လွန်းတယ်ဆိုတာ မရှိဘူး ၊ ပရိုဂရမ်ရေးခြင်းဟာ ယောင်္ကျားလေးတွေပဲ တတ်နိုင်တဲ့အရာမဟုတ်ဘူး လို့ Isabel က သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

Leave a Reply